← Chapters

နောက်ကွယ်က အင်အားများ။

Vol. 34 Ch. 470

နောက်ကွယ်က အင်အားများ။

Vol. 34 Ch. 470

“ ပြည်သူ တွေရဲ့ အသက်ကို၊ အရေး မစိုက် ဖူးဆိုရင် … ၊ တော်ဝင် ခမည်းတော်က ထီးနန်းကို ဆက်ခံ နေစရာ မလိုတော့ ပါဘူး။ ”

ရုတ်တရက် အေးစက် သိမ်မွေ့သော၊ အသံ တစ်သံ ထွက်ပေါ် လာလေသည်။

သခင် ဆယ့်သုံး၏ သည်းမခံ နိုင်သော အသံနှင့် နှိုင်းယှဉ် ပါက၊ ဤအသံသည် ပို၍ နူးညံ့ ငြင်သာ ပေသည်။

ထိုအသံအား ပြိုင်ပွဲ၌ အကြိမ်ပေါင်း များစွာ ကြားထား ပေရာ၊ လူတိုင်းက စိတ်လှုပ်ရှား ကုန်၏။ သဘာဝ အတိုင်း ဖီးနစ် ပန်းကလေး ဖြစ်ပေသည်။

ဖီးနစ် ပန်းကလေးက၊ ဧကရာဇ်ကို ဟန့်တား လာလိမ့် မည်ဟု မည်သူမျှ မမျှော်လင့် ထားသောကြောင့်၊ လူတိုင်း အံသြ သွား သည်မှာ၊ သဘာဝ ပေပင်။

“ မင်း ဘာပြော လိုက်တာလဲ။ ”

ဧကရာဇ် ချင်က ဖီးနစ် ပန်းကလေးကို လှည့်ကာ မေးလိုက်သည်။ ဖီးနစ် ပန်းကလေးက ကြောက်ရွံ့မှု မရှိဘဲ၊

“ ဘာများ မှားနေ လို့လဲ၊ နတ်ဘုရား အစောင့် တွေက၊ အမိန့်ကို မလွန်ဆန် ဝံ့ပေမယ့်၊ သူတို့က ချင်ယု အတွက် လက်စား ချေချင် တယ်လို့ ထင်လား၊ ခမည်းတော် အနေနဲ့ သူတို့ရဲ့ ဆန္ဒကို မေးကြည့် ဖူးလား၊ သူတို့ အသက်က တန်ဖိုး မရှိ ဖူးလား၊ ဒီလိုသာ ဆက်လုပ် နေမယ်ဆို အားလုံးက ဘယ်လို ထင်ကြ မလဲ။

သူမ၏ ကျိုးကြောင်း ဆက်စပ် ပြမှုကြောင့်၊ ရင်ပြင် တစ်ခုလုံး တိတ်ဆိတ် သွား၏။ နတ်ဘုရား အစောင့် တပ်သား များစွာ၏ မျက်လုံး များတွင်၊ ထူးဆန်းသော အလင်းများ မှိန်ပျပျ လင်းလက် လာလေသည်။

တော်ဝင် မိသားစုကို သစ္စာ စောင့်သိ ရမည် ဖြစ်သော ကြောင့်၊ သူတို့ အနေဖြင့် သေဆုံးသွား လျှင်ပင်၊ အမိန့်ကို လိုက်နာ ရမည် ဖြစ်၏။

သို့သော် သူတို့ ဆန္ဒကို ထုတ်ဖော် ခွင့်သာ ရပါက၊ ဤနေရာတွင် မည်သူမျှ မိုက်မဲခြင်း မရှိ ခဲ့ဘဲ၊ ချင်ယုနှင့် ထိုက်တန် သည်ဟု လူတိုင်းက ပြောနိုင်သည်။

ပြိုင်ပွဲ ပြီးဆုံး သွားပြီ ဖြစ် သော်လည်း၊ ရူးမိုက်စွာ ငြင်းဆန် နေခဲ့သည်။ သေဆုံး ရသော အကြောင်း အရင်းမှာ၊ သူ့ဒေါသ အလျောက် ရမ်းကားခြင်း ကြောင့်သာ ဖြစ်၏။ ကလေး တစ်ယောက်ပင်၊ ဖြစ်ပျက် သမျှကို နားလည် နိုင်သည်။

ဧကရာဇ် ချင်၏ လက်စားချေ လိုမှု အတွက်၊ သူတို့ အသက်ကို စွန့်ခြင်းမှာ၊ ထိုက်တန် သည်ဟု မည်သူမျှ မထင် ကြပေ။

လူအုပ်ကြီး မှာမူ၊ ဧကရာဇ် ချင်အား ခွန့်တုန့် ပြန်ရန်၊ မဝံ့ သော်လည်း လင်းယွန်၏ အံ့ဖွယ် အရည် အချင်း များကို၊ အသိ အမှတ်ပြု မိသည်။

လူတိုင်း၏ အမြင်တွင် နှစ်သက်ဖွယ် ကောင်းသော အထင်ကြီး မှုကို ရရှိ ခဲ့သည်။

ထို့ကြောင့် ဧကရာဇ် ချင်က ဆက်လက် လုပ်ဆောင်ရန် အမိန့်ပေး လာပါက၊ သူ၏ အမည်ကို ပျက်စီး စေမည် ဖြစ်သည်။

ပြည်သူ နှင့် မင်း၊ အပြန် အလှန် လေးစား မှုများ မရှိတော့ ပါလျှင်၊ အင်ပါယာ အတွက် ပျက်စီးကိန်း ကြုံလာ နိုင်လေသည်။

ပတ်ဝန်း ကျင်မှ အကြည့် များကို၊ ဧကရာဇ်ချင်က သတိပြု မိသွား၏၊ ဖီးနစ် ပန်းကလေမှာ၊ လူအများ အင်အားဖြင့်၊ သူ့အပေါ် နှိမ်နှင်း လိုကြောင်း၊ နားလည် သွားမိကာ၊ မျက်လုံး များအား မှိတ်ချ လိုက်ရသည်။

'' ဘယ်လိုတောင် စိတ်ဝင် စားစရာ ကောင်းလိုက်တဲ့ ပွဲလဲ။ ''

ကျယ်လောင်သော အသံ တစ်ခု ကောင်းကင်မှ ပဲ့တင် ထပ်ပြီး၊ ပုံရိပ် နှစ်ရိပ် ပျံသန်း ရောက်ရှိ လာသည်။

စကားသံ ပိုင်ရှင်မှာ၊ ခရမ်းရောင် ဝတ်ရုံကို ၀တ်ဆင် ထားသော၊ လူ လတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဖြစ်၏။

သူ့ ညာဘက်တွင် ခရမ်းရောင် နန်းတော် နယ်မြေ၌ ရှိသော လူငယ် တစ်ဦး လိုက်ပါ လာသည်။ သူတို့ နှစ်ဦး၏ အသွင် အပြင် အရ၊ ဆရာ တပည့် ဆက်ဆံ ရေးမျိုး ဖြစ်နိုင်၏။

“ ဂိုဏ်းတူ ဦးလေး ....”

ဂျီယန်က ဝမ်းသာ အားရ နှုတ်ဆက် လိုက်သည်။ ယင်းကြောင့် ဓားနန်းတော် အဖွဲ့သား များ၏ မျက်နှာများ၊ ချက်ချင်း ပြောင်းလဲ သွားကုန်သည်။

ဤ သူမှာ ချင်ယု၏ ဆရာ သခင် ဖြစ်သော ဟွာယွမ်ဇူ ဖြစ်၏။ ဂျီယန် ကဲ့သို့ မဟုတ်ဘဲ၊ ယန် နန်းတော်မှ ကြီးမြတ်သော ပုဂ္ဂိုလ် ဖြစ်သည်။

“ မင်္ဂလာပါ အကြီး အကဲဟွာ ... ။ ”

ဦးညွှတ် နှုတ်ဆက် လာသော ဧကရာဇ် ချင်ကို၊ ဟွာယွမ်ဇူက ခေါင်းညိတ် အသိ အမှတ် ပြုလိုက်ပြီး၊ သခင် ဆယ်သုံးဘက် လှည့်ကာ၊

“ ဂျင်ရှီစံ ... ငါတို့ မတွေ့တာ ကြာပြီနော်၊ နည်းနည်းလေး အိုမင်း လာရုံက လွဲပြီး၊ မင်းရဲ့ မောက်မာမှု တွေက ...၊ အရင် အတိုင်း ပါပဲလား၊ ငါရဲ့ ယန် နန်းတော်က သင်းထောက် တစ်ဦးကို၊ မင်း ဆန္ဒရှိ သလို ဒူးထောက် ခိုင်းဝံ့ တယ်ပေါ့ .... ဟမ့်။ "

စကားဆုံး သည်နှင့် မည်သည့် အရိပ် အယောင်မျှ မရှိဘဲ၊ သခင် ဆယ့်သုံးနှင့် ဓားနန်းတော် အဖွဲ့သား များထံ၊ သူ့ လက်ဖဝါးကို တွန်းထုတ် လိုက်သည်။

သခင် ဆယ့်သုံးက ‘ဟွန့်ခနဲ’ အသံပြု လိုက်ပြီး၊ သူ့ဓား ရည်ရွယ် ချက်ကို ထုတ်လွှတ် လိုက်၏။

ပြီးနောက် ဓားဖြင့် ပြန်လည် ခုတ်ပိုင်း လိုက်ရာ၊ ဓားရောင် ခြည်များ ဖြာထွက် လာပြီး၊ လေထု ထဲရှိ မီးတောက် နေသော လက်ဖဝါးနှင့် ထိမှန် သွားသည်။

ဤအခိုက် အတန့်တွင် လူတိုင်း ခံစား ရသည့် ထိတ်လန့် ခြင်းမှာ၊ စကားလုံး များဖြင့် ဖော်ပြ နိုင်သော အရာ မဟုတ် တော့ပေ။

ဧကရာဇ် ချင် အပြင်၊ နောက်ထပ် ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ် သိုင်းသမားကြီး နှစ်ဦး ထပ်မံ ရောက်ရှိ လာ ခဲ့သည်။

ပုံမှန် အခြေ အနေ များ၌ ကောင်းကင်ဘုံ ဝိညာဉ်ရှိ ကျွမ်းကျင်သူ များမှာ၊ ဒဏ္ဍာ ရီလာ ပုဂ္ဂိုလ်များ ဖြစ်သော ကြောင့်၊ ၎င်းတို့ကို ဆယ်စုနှစ် တစ်ခု အတွင်း၊ တစ်ကြိမ် မျှပင် မတွေ့ နိုင်ပေ။

" ဟွာယွမ်ဇူ၊ ဂျူနီယာတွေ ကြားထဲမှာ၊ မင်း ... လက်ဝင် လျိုချင် တာလား။ ''

သခင် ဆယ့်သုံးက အေးစက်စွာ မေးခွန်း ထုတ်လိုက်သည်။

“ ဒီ လို သာဆို ငါက မင်းထက်၊ ကျင့်ဝတ် တွေကို လိုက်နာ တက်တယ် ဆိုတာ မင်း သိထားပါ၊…. ”

“ … ချင်ယုက ငါ့ တပည့်တွေ ထဲမှာ၊ ထိပ်တန်း ငါးဦး အဆင့် ဝင်တယ်၊ သူ ချန်ပီယံ ဖြစ်တဲ့ အခါ ဂုဏ်ပြုဖို့၊ ငါ … ဒီပွဲကို လာခဲ့တာ၊ ဒါပေမယ့် ဒီလို စိတ်ဝင် စားစရာ ကောင်းတဲ့ အရာ တွေနဲ့၊ စောင့်ကြိုနေ လိမ့်မယ်လို့ မမျှော် လင့်ထား မိတာတော့ အမှန်ပဲ။ ”

ဟွာယွမ်ဇူက လှောင်ပြောင် ရယ်မော လိုက်၏။

“ ကြည့်ပါဦး … ပထမ အဖေနဲ့ သမီးကြား ပဋိပက္ခ၊ ပြီးတော့ ချင် အင်ပါယာရဲ့ တစ်ချိန်က ခွေးဆိုးကြီး ဂျင်ရှီစံ … ဟား ဟား ဟား၊ တမန်တော်က သူ့ကိုယ်သူ မပြ သေးတာ အံ့သြ စရာတော့ မဟုတ် ပါဘူး၊ …”

“ … တကယ်လို့ ငါသာ သူ့ နေရာမှာ ဆိုရင်၊ ဒီလောက် စိတ်ဝင်စား စရာ ကောင်းတဲ့ ပွဲကို၊ ဘယ်အဆုံး သတ်ချင်မှာ လဲ။ ”

သူ့ လက်ကို ဝှေ့ယမ်းပြီး ဂျီယန် ကို ဆွဲတင် လိုက်ကာ၊ အေးစက်သော အကြည့်ဖြင့်၊

“ ပြောစမ်း၊ ငါ့တပည့် ဘယ်လို သေရ တာလဲ။ ”

ဂျီယန်၏ မျက်နှာမှာ ဖြူဖျော့ သွား၏။

ထိုမေးခွန်း ကြောင့် ဓားနန်းတော် အဖွဲ့သားမှာ၊ လေးနက်သော အမူ အရာများ ပြသ လာသည်။ ဟွာယွမ်ဇူမှာ အားနည်းသူ မဟုတ်ကြောင်း သူတို့ သိသည်။

ဧကရာဇ်ချင် ပါဝင်ခြင်း မရှိ လျှင်ပင်၊ သခင် ဆယ့်သုံး အနေဖြင့်၊ ဟွာယွမ်ဇူကို မတား ဆီးနိုင်။ ထို့ကြောင့် ဟွာယွမ်ဇူက လင်းယွန်ကို ဖမ်းရန် ကြိုးစား လာခဲ့သော် ခက်ပေမည်။

“ ဟမ့် …. ”

မထီ မဲ့မြင် နိုင်သော ‘ဟန့်သံ’ ပြုလိုက်ပြီး၊ ဟွာယွမ်ဇူက ရုတ်တရက် လှည့်ကြည့် လိုက်ရာ၊ လင်းယွန်၏ သွေးလည် ပတ်မှုများ၊ တုန့်ခနဲ ရပ်သွား လေသည်။

အကြည့် တစ်ချက် ဖြင့်ပင်၊ လင်းယွန် တစ်ယောက် စိတ်မသက် မသာ ဖြစ်သွား ရ၏။

" သိုင်းဝိညာဉ် နှစ်ခုလား၊ ဒါက … ရှားပါး လွန်းတယ်၊ ချင်ယုကို အနိုင်ယူ နိုင်ခဲ့တာ … အံ့သြ စရာတော့ မဟုတ် ပါဘူး၊ နည်းနည်းလောက် ကြည့်ရအောင် …. ”

ဟွာယွမ်ဇူက ပြုံးပြီး၊ ရပ်နေရာမှ ပျောက်သွား သည်ကြောင့်၊ သခင် ဆယ့်သုံးက မျက်မှောင် ကြုတ်ကာ၊ ဓားကို အမြန် ထုတ်ပစ် လိုက်ရ၏။

ဓားချက်မှ တုန်လှုပ် ချောက်ချား ဖွယ်၊ ဓားရည်ရွယ်ချက်များ ထွက်ပေါ် လာသော်လည်း၊ ဟွာယွမ်ဇူက လင်းယွန် ရှေ့တွင် မီးခိုး ငွေ့များ ကဲ့သို့ ပြန်ပေါ် လာခဲ့သည်။

ဆိုလို သည်မှာ သခင် ဆယ့်သုံး၏ ဟန့်တား မှုကို ပြိုင်ဘက်က ဖြတ်ကျော် သွားနိုင်၏။ ယင်းကြောင့် သခင် ဆယ့်သုံး အနေဖြင့်၊ ထိတ်လန့် ရမည် ဖြစ်သော်လည်း၊ ဆန့်ကျင်ဘက် အဖြစ် တည်ငြိမ်စွာ ရပ်ကြည့် နေခဲ့သည်။

“ ဟား ဟား ဟား၊ ကောင်လေး … ဒီကိုလာ။ ”

ဟွာယွမ်ဇူက သူ့လှုပ်ရှားမှု အပေါ် ကြေနပ် သွားဟန်ဖြင့်၊ ရယ်မောကာ လင်းယွန်ကို လှမ်းဆွဲ လိုက်၏။

သူ့အား ဖုံးအုပ် ထားသော အရှိန် အဝါ ဖိအားကြောင့်၊ အနည်း ငယ်ပင် မလှုပ်ရှား နိုင်တော့ဘဲ၊ ဖမ်းဆီး ခံရတော့ မည်ဟု ထင်လိုက်ကာ၊ မျက်လုံးများ မှိတ်ချမည့် ချိန်တွင်၊ လင်းယွန် ရှေ့ရှိ လေဟာ နယ်မှာ၊ ရုတ်တရတ် ပျက်ယွင်း လာတော့သည်။

ထိုလေဟာနယ် အတွင်း၌၊ ပုံရိပ် တစ်ရိပ် ထွက်ပေါ် လာ၏။ ထို့နောက် နှစ်ယောက်သား လက်နှစ်ဖက်ကို မြှောက်လိုက်ကာ ၊ အချင်းချင်း ရိုက်ချ လိုက်လေသည်။

ပေါက်ကွဲ သံများ နှင့်အတူ စွမ်းအင် လှိုင်းများ၊ အဘက် ဘက်သို့ ပျံ့နှံ့ လာလေရာ၊ သခင် ဆယ့်သုံးက ဓားနန်းတော် အဖွဲ့သား များကို ကာကွယ်ရန်၊ စွမ်းအင် အလွှာ ကြီးအား ဖန်တီး လိုက်ရသည်။

ဧကရာဇ်ချင် သည်လည်း နောက်မကျ ခဲ့ပေ။ တော်ဝင် မိသားစု အပေါ် ဖုံးအုပ် ကာကွယ် လိုက်၏။

“ ဂျင် ရွှမ်း ဟီ။ ”

ဟွာယွမ်ဇူက မျက်မှောင်ကြုတ် လိုက်သည်။ သို့သော် ထို့ထက် ပို၍ မတွေး နိုင်မီ၊ သခင် ဆယ့်သုံးက ဓား ရောင်ခြည်ဖြင့် ပစ်ခတ် လာ သောကြောင့်၊ နောက်ဆုတ် လိုက်ရ တော့၏။

“ ဟွာယွမ်ဇူ၊ မင်း သူ့ကို ခေါ်သွားလို့ မရဘူး။ ”

နန်းတော် သခင်က အေးစက်စွာ ဆိုသည်။

အခြားသော ကောင်းကင်ဘုံ ဝိညာဉ် ကျွမ်းကျင်သူ တစ်ယောက် ထပ်မံ ရောက်ရှိ လာ သောကြောင့်၊ လူတိုင်း ထိတ်လန့် သွားကြသည်။

“ ဒါဆိုလည်း မင်း သဘော ပါပဲ၊ သွေးစွန်းသော ဧည့်ခံ ပွဲမှာ ဘယ်လောက် အထိ၊ သွားနိုင် မလဲ ဆိုတာ ကြည့်ရ အောင်၊ ဒါပေမယ့် ငါ့ရဲ့ တပည့်က သူ့ကြောင့် သေသွားတဲ့ အတွက်၊ သင်ခန်းစာ တစ်ခု တော့ သင်ပေး ခဲ့ရ လိမ့်မယ်။ ”

စကားဆုံး သည်နှင့်၊ ဟွာယွမ်ဇူက အားယူ လိုက်မိ သော်လည်း၊ ကြောက်စရာ ကောင်းသော အအေး ဓါတ်များ၊ ရုတ်တရက် သူ့အပေါ် ကျဆင်း လာသည်ကို၊ ခံစား လိုက်ရသည်။

မသက် မသာ ဖြစ်စေသော ခံစား ချက်များ ဝင်ရောက်လာ သောကြောင့် တုန့်ခနဲ ရပ်လိုက်ကာ၊၊ ထိုခံစားချက် ထွက်ပေါ် လာသည့် ဦးတည် ရာထံ၊ ခေါင်းကို မော့ကြည့် လိုက်၏။

( ဟမ် …. သူလား …။ )

ဖီးနစ် ပန်းကလေးက ကြယ်တာရာ နှစ်စင်းလို၊ တောက်ပ နေသော မျက်ဝန်း တစ်စုံဖြင့်၊ သူ့အား စိုက်ကြည့် နေပေသည်။ ယင်းကြောင့် ဟွာယွမ်ဇူမှာ အံ့သြ သွား၏။

ဓားနန်းတော်တွင် ကောင်းကင်ဘုံ ဝိညာဉ်နယ်ပယ်၊ ကျွမ်းကျင်သူ နှစ်ဦး ရှိသည့် အပြင်၊ သူ မမြင် နိုင်သော အမျိုးသမီး တစ်ဦးလည်း ရှိနေ ပေသည်။

အဆိုပါ အမျိုး သမီး၏ မျက်လုံး များတွင်၊ ကြောက်စရာ ကောင်းသော စွမ်းအား များကို ချိပ်ပိတ် ထားသည့်၊ တံဆိပ် တစ်ခု ရှိနေပြီး၊ ယင်းမှာ 'ထို' ရှေးဟောင်း မြင့်မြတ် နယ်မြေနှင့်၊ ဆက်စပ် နေပုံ ရကြောင်း သူပြော နိုင်၏။

အဆုံးတွင် ဟွာယွမ်ဇူက ပြတ်သားသော လေသံဖြင့်၊‘သွားကြ ရအောင်’ ဟုဆိုကာ၊ မည်သူမျှ မတုံ့ပြန် နိုင်ခင် မှာပင်၊ ရိပ်ခနဲ ပြန်လည် ထွက်ခွာ သွားလေသည်။

“ လွယ်လွယ်နဲ့ လက်လျော့ သွား တာလား။ ”

သခင် ဆယ့်သုံးနှင့်၊ နန်းတော် သခင် တို့မှာ အံ့သြ သွားသည်။ ဟွာယွမ်ဇူသည် သူ့ တပည့်များ အပေါ်၊ အလွန် အမင်း အကာ အကွယ်ပေး တက်သူ ဖြစ်ကြောင်း၊ သူတို့ သိသည်။

လင်းယွန်ကို ဒုက္ခ မပေးခဲ့ လျှင်ပင်၊ အနည်းဆုံး တစ်နှစ် ခွဲခန့် အိပ်ယာပေါ်လှဲရအောင် ပြုမူ သွားမည်မှာ သေချာသည်။ သို့သော် လှည့် မကြည့်တမ်း ထွက်သွား ခဲ့၏။

“ သူ့ အတွက် စိတ်ရှုပ် မနေ ပါနဲ့တော့၊ ဒီအရှုပ် အထွေးတွေ ရှင်းဖို့ အချိန် တန်ပြီ၊ … ”

ဂျင်ရွှမ်းဟီ၏ မျက်လုံးများ ထဲတွင် ဒေါသ အမျက်များ တဖျပ်ဖျပ် ခတ်လာပြီး၊ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ၊

“ ဒီပွဲက ပြီးဖို့ အချိန် တန်ပြီ၊ ဘာလို့ ထွက်မလာ ရသေး တာလဲ၊ ဘယ်လောက် အထိ ဆက်စေချင် လို့လဲ။ ”

“ မင်း … ဘယ်သူ့ကို ပြောနေ တာလဲ၊ ငါ တချိန်လုံး ဒီမှာ ရှိနေ ပါတယ်။ ”

နန်းတော် သခင်၏ မေးခွန်းကို၊ ပြန်ဖြေ လာသော အသံ တစ်သံ၊ ရင်ပြင် အထက် လေထု ထဲ၌၊ ပဲ့တင် ထပ်လာ၏။

ထိုအသံ ရှင်မှာ ‘သွေးစွန်းသော ဧည့်ခံပွဲ’ ၏ တမန်တော် ဖြစ်ပြီး၊ သဘာ၀ အတိုင်း သူ့ အသွင် အပြင်ကို ထုတ်ဖော်ရန် ဆန္ဒ မရှိ ခဲ့ပေ။

“ ပန်းသင်္ချိုင်း ဓားသမား လင်းယွန်၊ မင်းက ချန်ပီယံ ဖြစ်လာတဲ့ အတွက်၊ အခွင့် အရေး တစ်ခု တောင်းဆို နိုင်ပါတယ်၊ အကြောင်း ပြချက် ရှိနေ သရွေ့၊ ငါ ဖြည့်ဆည်း ပေးမယ်၊ ဒါပေမယ့် မင်းမှာ တစ်ကြိမ်ပဲ အခွင့် အရေး ရှိတယ် ဆိုတာ သတိ ရပါ။ ”

တမန်တော်၏ အသံက ထပ်ထွက်လာ ပြန်သည်။ ဤ တစ်ကြိမ်တွင် အားလုံးက လင်းယွန်ကို လေးလေး နက်နက် ပြန်ကြည့် လာတော့၏။

ချန်ပီယံ အခွင့် အရေးကို တောင်းဆို ခွင့်ပြု လိုက်သော ကြောင့်၊ နဂါး တံခါး ပြိုင်ပွဲမှာ နောက်ဆုံးတွင် ပြီးဆုံး သွားပြီ ဖြစ်ကြောင်း၊ လူတိုင်း သိလိုက် ကြသည်။

“ ကောင်လေး မင်းအတွေး တွေကို ရပ်ပြီး၊ အခွင့် အရေးကို တောင်းဆို လိုက်ပါ … ။ ”

သခင် ဆယ့်သုံးက သူ့ မုတ်ဆိတ် မွေးကို လက်ဖြင့်၊ ဟန်ပါပါ သပ်ယူ လျက်ဖြင့်၊ ပြုံးကာ ဆိုသည်။

သတိပေး သံကြောင့်၊ များစွာသော အဖြစ် အပျက်များ ထဲမှ၊ လင်းယွန် တစ်ယောက် လန့်နိုး လာပြီး၊ ရှင်းယန်ထံ တစ်ချက် ကြည့်ကာ၊

“ တမန်တော် … ငါ … တစ်ခုပဲ ဆန္ဒ ရှိပါတယ်၊ စီနီယာ အစ်မ ရီရဲ့ မျိုးရိုးကို ပြန်လို ချင်ပါတယ်၊ ရီမျိုးနွယ် စုကို ကျွန်မျိုးနွယ် အဖြစ်မှ ပြန်လည် လွတ်မြောက်ခွင့် ပြုပါ။ ”

ဤမျှ ရိုးရှင်းသော တောင်းဆို ချက်ကြောင့်၊ လူအုပ် ကြီးမှာ ရုတ်တရက် ငြိမ်သက် သွား၏။ မည်သူမျှ မယုံ ကြည်နိုင် သကဲ့သို့၊ မှင်တက် ကုန်ကြ လေပြီ။

တမန်တော် မှာမူ ဆိုဖွယ် မရှိ တော့ပေ။

***

All Chapters