← Chapters

ဖီးနစ် ပန်းကလေး။

Vol. 34 Ch. 471

ဖီးနစ် ပန်းကလေး။

Vol. 34 Ch. 471

ရှင်းယန်ကို မျိုးရိုး အမည် အသုံး ပြုခွင့် ပြန်ပေးကာ၊ ရီမျိုး နွယ်အား ကျွန် အဖြစ်မှ၊ လွတ်လပ်ခွင့် ပြန်လည် တောင်းဆို လိုက်၏။

လင်းယွန်၏ တောင်းဆို ချက်မှာ ဤမျှ ရိုးရှင်း လိမ့်မည်ဟု မမျှော်လင့် ထားကြပေ။

လူအများ စုမှာ အာဏာ သို့မဟုတ်၊ အရင်း အမြစ်များ ကဲ့သို့သော အရာများ အတွက်၊ တောင်းဆို တက်ကြသည်။

အချို့ လူများက ဤအခွင့် အရေးကို လက်စားချ ရန်ပင် အသုံး ပြု၏။

“ ဒီတောင်းဆို ချက်က နည်းနည်း ရိုးရှင်း လွန်းတယ်၊ အဲ့ဒါကို ရယူ လိုတာ သေချာလား။ ”

အချိန် အတော်ကြာ ငြိမ်သက် ပြီးနောက်၊ တမန်တော်၏ အသံက ပြန်လည် ထွက်ပေါ် လာ၏။

“ သေ ချာ ပါ တယ်။ ”

“ ကောင်းပြီ၊ ဧကရာဇ် ချင်၊ အခု ဘာလုပ် ရမှန်း မင်း သိလား။ ”

တမန်တော်၏ စကား များက ဧကရာဇ် ချင် အပေါ်၊ ရည်ရွယ် လိုက်သည်။

ရှင်းယန်၏ ဖခင်မှာ မဟာချင် အင်ပါယာ အတွက်၊ အောင်မြင်မှု များစွာကို၊ ရယူ ပေးနိုင် ခဲ့သော နဂါး ဗိုလ်ချုပ် ဖြစ်ကြောင်း၊ ဧကရာဇ် ချင် သိသည်။

ထို့ကြောင့်ပင် သူပုန် အဖြစ် သူကိုယ်တိုင် သတ်မှတ် ပစ်လိုက်ခြင်း ဖြစ်၏။

ရှင်းဂျူနှင့် ရှင်းယန်ကို ကျွန်အဖြစ် လျှော့ချ ခြင်း မခံ ရအောင်၊ ဓားနန်းတော် မှ အကာ အကွယ် ပေးထား သော်လည်း၊ အခြားသော ‘ရီ’မျိုးနွယ် ဝင် များမှာ ကျွန်များ အဖြစ် သတ်မှတ် ခံထား ရပြီး၊ ခါးသီးသော ဘဝ များဖြင့် နေထိုင် ခဲ့ ရသည်။

ယင်းကြောင့် ရီမျိုးစု၏ လွတ်လပ် မှုကို ပြန်လည် ရယူ လိုရာ ၊ ရှင်းဂျူက နဂါး တံခါး ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်လို ခဲ့ခြင်း ဖြစ်သည်။

ယခုမူ ထိုတာဝန်မှာ လင်းယွန်၏ ပခုံး ပေါ်သို့ ကျရောက် သွားသည်။ သဘာဝ အတိုင်း သူ့ ကတိကို တည်ရန်၊ လင်းယွန်က ကြိုးစား ပေးခဲ့၏။

သို့သော် ဧကရာဇ် ချင် အနေဖြင့်၊ လွန်ခဲ့သော ဆယ်နှစ်က သူ့ စကားကို ပြန်လည် ပြင်ဆင် ရပေမည်။

‘မင်း’ တို့ မည်သည် ဆိုခဲ မြဲစေကာ၊ ထွက်ပြီး ဆင်စွယ် ပြန်ဝင်ရိုး ထုံးစံ မရှိပေ။

၎င်းအား လက်ခံ ခြင်းဖြင့် ဧကရာဇ် မင်းတစ်ပါး အတွက်၊ အရှက်ရ စေသည့် မျက်နှာကို ဖြတ်ရိုက်ခြင်း မည်၏။

ထို့ကြောင့် ဧကရာဇ် ချင် မျက်နှာမှာ၊ မည်းမှောင် နေပြီး၊ အနည်းငယ် တုန်ယင် နေသည်။ ဆုံးဖြတ်ချက် တစ်ခု ချရန် ရုန်းကန် နေပုံ ရ၏။

မျက်လုံး များကို မှိတ်ချ ထားသော၊ ထိုစက္ကန့် ပိုင်း အတွင်း၊ ပို၍ အသက် ကြီးရင့် လာပုံ ပေါ်သည်။ အချိန် အတော်ကြာ ငြိမ်သက် နေပြီး နောက်တွင်၊

“ ဒီနေ့က စပြီး၊ ရီမျိုးနွယ်က သူတို့ရဲ့ လွတ်လပ် မှုကို ပြန်လည် ရရှိ သွားပြီ၊ ကျွန် မျိုးနွယ် မဟုတ် တော့ဘူး၊ တမန်တော် ငါ့ စကားကို မင်းယုံ ကြည်နိုင် ပါတယ်။ ”

ထိုကြေညာ ချက်ကြောင့် စင်မြင့် ပေါ်ရှိ ၊ အနှီး လူငယ်ကို လှမ်းကြည့်ကာ၊ မျက်နှာ တစ်ပြင်လုံး နီရဲ လာသည် အထိ၊ ရှင်းယန် တစ်ယောက် ပြုံးရယ် လိုက်မိ တော့သည်။

သူ တကယ် လုပ်နိုင် ခဲ့ ပေ၏။ လူတိုင်းအား အနိုင် ယူကာ၊ ချန်ပီယံ အဖြစ် တက်လှမ်း နိုင်ခဲ့ပြီး၊‘ရီ’မျိုးနွယ် စုကို ကယ်တင် ပေးလာသည်။

“ မင်းရဲ့ စကား အပေါ်၊ မင်း တန်ဖိုး ထားလိမ့် မယ်လို့ ငါ ယုံကြည်တယ်၊ ဒီလိုမှ မဟုတ်ရင် ငါ့ရဲ့ ယုံကြည် မှုကို ချိုးဖျက်ခြင်း အတွက်၊ အကျိုးဆက် တွေကို မင်း သိမှာပါ၊ … ”

“ … နဂါး တံခါး ပြိုင်ပွဲက ဒီမှာပဲ၊ ပြီးဆုံး သွားပါပြီ၊ လူတိုင်းရဲ့ ဆုကြေးကို သုံးရက် အကြာမှာ၊ ငါ ပေးအပ်မယ်၊ ပျံသန်း နေသော ငှက်မွှေး သေဆုံး သွားတဲ့ အတွက်၊ ဒီနှစ် မင်းတို့ ခုနစ် ဦးပဲ ရှိလိမ့်မယ်၊ သူ့ နေရာကို အစား မထိုးဘူး။ ”

ပျက်ယွင်း နေသော ဧကရာဇ် ချင် မျက်နှာကို လျစ်လျူရှုကာ၊ တမန်တော်က ဆိုလိုက်သည်။

ချင်ယု သေဆုံး သွားသော ကြောင့်၊ နေရာလွတ် တစ်ခု ရရှိ နိုင်မည်ဟု၊ မျှော်လင့် ထားသော လူ အချို့ မှာလည်း၊ စိတ်ပျက် သွားကြ သည်။

တစ်ချိန် တည်းမှာပင်၊ ယင်းမှာ နောက် သုံးနှစ် အတွင်း၊ ချင် အင်ပါယာတွင် ပါရမီရှင် ခုနစ် ပါးသာ ရှိမည်ဟု ဆိုလိုသည်။

ဧကရာဇ် ချင်၏ မျက်နှာမှာ၊ မည်းမှောင် သွား၏။ ထိုသုံးနှစ် လုံးလုံး ရလဒ် များနှင့် တွဲကာ၊ လူတိုင်းက သူ့အား လှောင်ရယ် ကြပေ ဦးမည်။

ချင်ယု ချန်ပီယံ ဖြစ်ပြီးနောက် အောင်ပွံ ခံရန်၊ ပြင်ဆင် ထားမိ သော်လည်း၊ ဓားကျွန် တစ်ယောက် ကြောင့်၊ အကုန် ပျက်စီး သွားရသည်။

ယခု သူ ခံစား နေရသော ဒေါသကို၊ ဖော်နိုင် စရာ စကား လုံးများ မရှိ တော့ပေ။

ထို့အပြင် တမန်တော် ကြောင့်၊ လွန်ခဲ့သော ဆယ်နှစ်က သူ့ စကား များကို၊ ပြန်လည် ပြင်ဆင် ခဲ့ရသည်။

ဖီးနစ် ပန်းကလေး ဘေးမှ ဖြတ်လျှောက် လိုက်ချိန်တွင်၊ ဧကရာဇ် ချင်က ခြေလှမ်းကို အနည်းငယ် နှေးချ လိုက်ကာ၊

“ မင်းက မင်း အမေနဲ့ တူတယ်၊ ငါ့ကို ခုထိ ခွင့်မလွှတ် နိုင်သေးဘူး…။ ”

ဟုဆို လိုက်လေသည်။

ဖီးနစ် ပန်းကလေးက လှည့်ပင် မကြည့် ခဲ့ဘဲ၊ ရှေ့ တူရှုသို့ ငေးစိုက် ခြင်းဖြင့်၊ တုန့်ပြန် လာခဲ့ ၏။

ထို့ကြောင့် ဧကရာဇ် ချင်က နွမ်းလျသော အပြုံးဖြင့် ထွက်ခွာ သွားတော့သည်။

လူအုပ် ကြီးက အချိန် တိုလေး အတွင်း မှာပင်၊ အိုမင်း ရင့်လျော် သွားသော ဧကရာဇ် ချင် ၏ နောက်ကျော ကို၊ တိတ်ဆိတ်စွာ ငေးကြည့် နေမိ ကြ၏။

နဂါး တံခါး ပြိုင်ပွဲ ပြီးဆုံး သွားပြီ ဖြစ်ရာ၊ အခြားသော ဂိုဏ်းငယ် အသီးသီး သည်လည်း၊ ထွက်ခွာ ကုန်ကြသည်။

သူတို့ အားလုံးက မထွက် ခွာခင်၊ လင်းယွန် အပေါ် ရှုပ်ထွေးသော အကြည့်ဖြင့် လည်ပြန် ကြည့်သွား လေသည်။

လင်းယွန် တစ်ယောက် အမှန် တကယ် ချန်ပီယံ ဖြစ်လာ လိမ့်မည်ဟု၊ သူတို့ မမျှော်လင့် ထားခဲ့ ကြပေ။

သို့သော်လည်း လင်းယွန်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသူ များက၊ ချီးကျူး ဂုဏ်ပြုရန် စင်မြင့်ပေါ် တက်သွား ကြသည်။

နောက်ဆုံး တိုက်ပွဲနှင့် ရလာဒ်မှာ၊ လူများ စွာကို အိမ်မက် တစ်ခုလို ခံစား နေရဆဲ ပေပင်။

ဂုဏ်ပြုရန် တက်ရောက် လာသော လူအုပ်ကို ကြည့်ကာ၊ လင်းယွန်က ငြိမ်သက် သွားသည်။

သူ့ အာရုံမှာ လက်ရှိ ကာလနှင့်၊ အနည်းငယ် ကင်းကွာ သွားလေပြီ။ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင်သူ များ၏ ခွန်အားမှာ၊ သူ့အား အလွန် ထိတ်လန့်စေ ခဲ့သည်။

ချင်ယုသည် ဟွာယွမ်ဇူ၏ တပည့်များ ကြားတွင်၊ ထိပ်တန်း ငါးဦး တွင်သာ အဆင့် သတ်မှတ် ခံခဲ့ ရသည်။

၎င်းအား အနိုင်ယူ နိုင်ခဲ့သည့် အတွက်၊ သူ၏ စွမ်းရည်မှာ ချင်ယုထက် အနည်းဆုံး သာလွန် နိုင်၏။

ထို့ပြင် သူ့ အသက်မှာ ဆယ့်ရှစ် နှစ်သာ ရှိသေးပြီး၊ လူများ စွာ၏ အိပ်မက် ဆိုသော အရာ တစ်ခုကို၊ ပြီးမြောက်အောင် စွမ်းနိုင် ခဲ့သည်။

“ ဂုဏ်ယူ ပါတယ် … သခင်လေး ပန်းသင်္ချိုင်း၊ ငါတို့ အချိန် ရရင် အတူတူ သောက်ရအောင်။ ”

စီရွှယ်ယီက စင်ပေါ် တက်ရောက် လာပြီး၊ ဂုဏ်ပြု စကား ဆိုသည်။ သူ ရှုံးနိမ့် သွား သော်လည်း၊ လင်းယွန် အပေါ် အာဃာတ မထား ခဲ့ပေ။

“ မင်းရဲ့ သိုင်းဝိညာဉ် အဆင် ပြေလား။ ”

လင်းယွန်က ပြန်မေး လိုက်သည်။

“ ရက် အနည်းငယ် ကြာရင် အဆင်ပြေ သွားမှာပါ၊ သဘာ၀ ဖြစ်စဉ် တွေကို ဆင့်ခေါ် နိုင်တဲ့ သိုင်းဝိညာဉ်က၊ မင်း ထင်ထား တာထက် ပိုသန် မာတယ်၊ မဟုတ်ရင် ငါဘယ်သုံး မလဲ။ ”

စီရွှယ်ယီက ပြုံးကာ ပြန်ဖြေ လိုက်သည်။

“ မင်းက ချင်ယုရဲ့ မင်္ဂလာ ပွဲကို၊ တားလိုက် တဲ့ လုပ်ရက်က၊ တကယ်ကို ဂုဏ်ယူ စရာ ပါပဲ။ ”

လရောင် ရေစင်က ရှင်းယန်ကို လှည့်ကြည့်ကာ၊ ပြုံးလိုက်သည်။ သူမ အကြည့် ကြောင့်၊ ရှင်းယန် မှာ ချက်ချင်းပင်၊ မျက်ရည်များ စီးကျ သွား၏။

တစ်ဖက်တွင်၊ ဓားနန်းတော်ရှိ လူတိုင်းက သိနား လည်သော အပြုံးများ ထုတ်ဖော် ပြသလာ လေသည်။

လင်းယွန် သည်ပင် ရှက်ရွံ့စွာ ပြုံးလိုက် မိ၏။ သို့သော် အကြောင်း အရာကို ပြန်လည် ဖြေရှင်း ခြင်း မပြု ခဲ့ပေ။

သူ့ အကြည့် များက ဖီးနစ် ပန်းကလေးထံ၊ ကျရောက် သွားသည်။ ဖီးနစ် ပန်းကလေးက အနည်းငယ် စိတ်ပျက် နေပုံ ရ၏။

နောက်ဆုံးတွင် ပြိုင်ပွဲ ပြီးဆုံး သွားသော်လည်း၊ ဂုဏ်ပြုရန် စင်ပေါ် တက်မလာ ခဲ့ပေ။ အားလုံး ထွက်ခွာသွား ပြီးနောက် ရှင်းယန်က၊

“ လင်းယွန်၊ ငါ့ အစ်ကို ကြီးနဲ့ တွေ့ဖို့ ဓား သင်္ချိုင်း တောအုပ်ကို သွားချင်တယ်။ ”

“ ကောင်းပြီ၊ အတူတူ သွားကြ ရအောင်၊ သခင် ဆယ့်သုံးက၊ ငါတို့ကို ခေါ်သွား မှာပါ။ ”

“ မင်းတို့ နှစ်ယောက် ရှေ့က သွားနှင့်ပါ၊ ခဏ နေမှ ငါလာ ခဲ့မယ်။ ”

သခင် ဆယ့်သုံးက သူ့ မုတ်ဆိတ် မွှေးကို ၊ ဟန်ပါပါ ပွတ်သပ် နေလျက်ဖြင့်၊ ပြုံးကာ ဆိုလိုက်သည်။

ရှင်းယန်ကို နဂါးသွေး မြင်းပေါ်ပွေ့တင်ကာ၊ သခင် ဆယ့်သုံးအား နှုတ်ဆက် ပြီးနောက်၊ ဓား သင်္ချိုင်း တောအုပ်ထံ ဦးတည် လိုက်၏။

ပြိုင်ပွဲ ပြီးဆုံး သွားသော ကြောင့်၊ တိမ်ပျံ ခန်းမတွင်၊ လူ အများနှင့် စည်ကားလျက် ရှိသည်။

သဘာဝ အတိုင်း သူတို့၏ နိုင်ကြေး များကို လာရောက် ထုတ်ယူ သူများ ဖြစ်၏။

လီဝူယုမှာ ထုံးစံ အတိုင်း လူအုပ် ကြား ထဲတွင်၊ ဟောင်ဖွာ ဟောင်ဖွာဖြင့်၊ ရှိနေ ပေသည်။ သို့သော် ချန်ပီယံ လောင်းကြေး မတင် ထားမိ သည့် အတွက်၊ နှမျော နေမိသည်။

အခြားသော လူများ သည်လည်း၊ ခွေးဆိုး တစ်ကောင် ဖြစ်သော လင်းယွန် အပေါ်၊ လွဲမှားစွာ တွက်ချက် ထားခဲ့သည်။

တစ်ဦး တည်းသော မှန်ကန် သူမှာ လွင့်မျော နေသော ရေခွက်လေး ဖြစ်၏။

လင်းယွန် အတွက် တတိယတန်း ဝိညာဉ် ကျောက်စိမ်းဖြင့်၊ ချန်ပီယံ ဖြစ်လာရန် လောင်းကြေး ထပ်ထား သောကြောင့် ၊ လျော်ကြေးမှာ ကြောက်စရာ ကောင်းသော ပမာဏ ဖြစ်ပေသည်။

နှုန်းထားက (၁:၁၀) ဖြစ်ပြီး၊ လွင့်မျော နေသော ရေခွက် ကဲ့သို့ လောင်းကြေး ချသင့် သည်ဟု၊ သက်ပြင်း ချကာ လူတိုင်း တွေးတော လာကုန် ကြသည်။

နောက်ဆုံးတွင်၊ ဝိညာဉ် ကျောက်စိမ်း (၁၀,၀၀၀) သုံးရုံဖြင့်၊ လျော်ကြေးငွေ ဝိညာဉ် ကျောက်စိမ်း (၁၀၀,၀၀၀) ရရှိ နိုင်ပေမည်။ အတွေး နှင့်ပင် ရူးသွပ် သွား နိုင်၏။

သို့သော် ဤလောက ကြီးတွင် ‘အကယ်၍’ ဆိုသည်မှာ မရှိပေ။

ထို့ကြောင့် ရဲရင့်သော ရေခွက် ကလေးက၊ တိမ်ပျံ ခန်းမ၏ တတိယ အလွှာ တစ်ခု လုံးကို ငွေပေး ချေကာ၊ တစ်ဦးတည်း သောက်စား နေခဲ့သည်။

အသေချာ အကဲခတ် ကြည့်သော်၊ တစ်စုံ တစ်ဦးကို စောင့်ဆိုင်း နေ သကဲ့သို့၊ ထင်မြင် လာစေသည်။

သို့သော် ၎င်းကို ဖုံးကွယ်ရန်၊ ပြတင်း ပေါက်မှ နေ၍၊ လမ်းမပေါ် ငေးကြည့် ကာ၊ သောက်နေခြင်း ဖြစ်သည်။

“ မင်း … တော်တော်လေး အနိုင်ရ ထားတယ် လို့ ငါကြားတယ်။ ”

ရုတ်တရက် ဖီးနစ် ပန်းကလေး အသံ ထွက်ပေါ် လာသည်။ တစ်စုံ တစ်ဦး သည်သာ ဤနေရာ၌ ရှိနေ ပါက၊ အံ့သြ သွား မည်မှာ သေချာသည်။

လွင့်မျော နေသော ရေခွက်က၊ ခပ်ဖျော့ဖျော့ အပြုံးဖြင့်၊ သူ့ခွက်ကို ချလိုက်ပြီး၊

“ မင်းက ပို ပျော်သင့်တယ် မဟုတ်လား၊ မင်း ငါ့ကို ကျား-နဂါး လက်သီး အပြည့် အစုံ၊ သူ့ဆီ မပေး ခိုင်းရင် ဘယ်လို လုပ်ပြီး၊ ဒီအထိ သူ ရောက်လာ နိုင်မှာလဲ။ ”

ကျား-နဂါး လက်သီးသည် လင်းယွန် ချန်ပီယံ ဖြစ်ရန် အတွက်၊ အရေး ကြီးသော အခန်း ကဏ္ဍမှ ပါရှိကြောင်း၊ သံသယ ဖြစ်စရာ မလိုပေ။

၎င်းမရှိ ပါလျှင် လင်းယွန် တစ်ယောက် ဓား နန်းတော်၌၊ သည်မျှ မြန်မြန် ထမြောက် နိုင်မည် မဟုတ် ကြောင်း၊ သူပြော နိုင်သည်။

သို့သော် လင်းယွန်၏ ကြိုးစားမှု ကြောင့်လည်း၊ ဖြစ်သည်။ သူ့တွင် အရည် အချင်း မပြည့် မီပါက၊ ကျားနဂါး လက်သီးကို ရှိလျှင်ပင်၊ အချည်းနှီး ဖြစ်ပေမည်။

“ … ဖြစ် နိုင်ပါ တယ်။ ”

ဖီးနစ် ပန်းကလေးက၊ ၎င်းကို ဝန်ခံခြင်း မရှိ သလို၊ ငြင်းဆို ခြင်းလည်း မရှိပေ။

ဤသည်မှာ လွင့်မျော နေသော ရေခွက်ကို၊ ပို၍ပင် သံသယ ဖြစ်လာ စေခဲ့သည်။

“ နောက် တစ်လခွဲ နေရင်၊ ငါထီးနန်း တက်မယ်၊ သူရောက် လာရင် တားဖို့၊ မင်းကို ငါ လိုတယ်။ ”

ဖီးနစ် ပန်းကလေးက လေးနက်စွာ ဆိုသည်။ ဤအခိုက် အတန့်တွင် သူမ ထံမှ၊ ကြီးမြတ် သာလွန်သော ခံစား ချက်များ ပေးစွမ်း လာလေသည်။

အနားတွင် ရှိနေ သော်လည်း၊ မိုင်ပေါင်း များစွာ ဝေးကွာ နေသ ကဲ့သို့ ၊ ထင်မြင် လာစေသည်။

လွင့်မျော နေသော ရေခွက်က၊ မျက်ခုံးပင့် လိုက်၏။

“ လင်း ယွန် လား ။ ”

“ ဟုတ် တယ် ။ ”

***

All Chapters