← Chapters

ငါသေရမယ် ဆိုရင်တောင်၊ မျက်တောင် တစ်ချက် မခတ်ဘူး။

Vol. 34 Ch. 472

ငါသေရမယ် ဆိုရင်တောင်၊ မျက်တောင် တစ်ချက် မခတ်ဘူး။

Vol. 34 Ch. 472

“ မင်းတို့ နှစ်ယောက် ရှေ့က သွားနှင့်ပါ၊ ခဏ နေမှ ငါလာ ခဲ့မယ်။ ”

သခင် ဆယ့်သုံးက သူ့ မုတ်ဆိတ် မွှေးကို ၊ ဟန်ပါပါ ပွတ်သပ် နေလျက်ဖြင့်၊ ပြုံးကာ ဆိုလိုက်သည်။

ရှင်းယန်ကို နဂါးသွေး မြင်းပေါ်ပွေ့တင်ကာ၊ သခင် ဆယ့်သုံးအား နှုတ်ဆက် ပြီးနောက်၊ ဓား သင်္ချိုင်း တောအုပ်ထံ ဦးတည် လိုက်၏။

ဓား သင်္ချိုင်း တောအုပ်သို့ ရောက်သည်နှင့်၊ လင်းယွန်က ရှင်းယန်ကို ဦးဆောင် လိုက်သည်။

အနီး နားရှိ ကျောက်တုံးကြီး တစ်တုံး ပေါ်တွင် ရှင်းဂျူက လဲလျောင်း နေသည်။ သူ့ ပတ်ဝန်း ကျင်၌ အေးစိမ့်သော လေများ ရစ်သိုင်း ထား၏။

ထို့ကြောင်ပင် ရှင်းဂျူမှာ၊ အလောင်း ကောင်နှင့် မတူဘဲ၊ ရိုးရိုး ရှင်းရှင်း အိပ်ပျော် နေ သကဲ့သို့ ထင်ရ ပေသည်။

“ အစ်ကိုကြီး .... ”

ရှင်းဂျူ အလောင်းကို မြင်သော အခါတွင်၊ ရှင်းယန်က မျက်ရည်များ မထိန်း နိုင်တော့ပေ။ ရှင်းဂျူ သေဆုံး ပြီးနောက်၊ ပထမဆုံး အကြိမ် ပြန်လည် မြင်ဖူးခြင်း ဖြစ်သည်။

သူမ နှလုံးသား ထဲရှိ အကြောက် တရားကို၊ ရှောင်ရန် ကြိုးစား ခဲ့ပြီး၊ လင်းယွန်က ချန်ပီယံ ဖြစ်သွားမှ သာလျှင်၊ ရှင်းဂျူအား ရင်ဆိုင်ရဲ ခဲ့သည်။

သူမ အစ်ကို ကြီးမှာ မကြား နိုင်တော့ သော်လည်း၊ ပြောပြ ချင်သော စကား များစွာ ရှိပေသည်။

ရှင်းဂျူ၏ အလောင်းထံ၊ ကြည့်လိုက် မိသော လင်းယွန်မှာ၊ သူ့အား ကယ်တင်ရန် ကြိုးစား ရာမှ၊ သေဆုံး ရခြင်း ဖြစ်သည်ကို သတိရ သွားသည်။

သူ့ စိတ်ထဲ၌ မှတ်ဉာဏ် အချို့ ၊ အနှေး ပြကွက် တစ်ခုလို ထွက်ပေါ် လာ၏။

“ အနာဂတ်မှာ ပို သတိထား ရမယ်။ ”

ရှင်းဂျူက ပြုံးပြီး သူ့ လက်ကို ဆုပ်ကိုင် အားပေး လိုက်သည်။ သို့သော် လင်းယွန်က ရှင်းဂျူ ဘာကြောင့်၊ ထိုသို့ ပြောသည်ကို နားမလည် ခဲ့ပေ။

“ နဂါး တံခါး ပြိုင်ပွဲမှာ တစ်ယောက် ယောက်က၊ ငါ့ကို မတွေ့ စေချင် သလိုပဲ၊ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် ဂျူနီယာ ညီလေး ... မင်းက ပြိုင်ပွဲကို တက်ရမှာ မဟုတ်လား။ ”

ရှင်းဂျူက ပေါ့ပေါ့ ပါးပါး ပြုံးပြကာ ဆိုလိုက်သည်။

“ အင်း ငါ လုပ်မယ်၊ နဂါး တံခါး ပြိုင်ပွဲကို သေချာပေါက် တက်ရောက် မှာပါ။ ”

-ဟု လင်းယွန်က ပြန်လည် ဖြေကြား ခဲ့သည်။

“ အစ်ကိုကြီး၊ မင်း နဖူးမှာ တစ်ခုခု ရှိနေတယ်။ ”

ရှင်းဂျူကို ကြည့်ပြီး၊ ရှင်းယန်က ပြုံးကာ ဝင်ရောက် သတိ ပေးလိုက်သည်။

“ ငါ့ကို ရှင်းပေး ပါလား။ ”

“ မင်းကိုယ် မင်း ဂရု မစိုက် နိုင်လောက်အောင်၊ အသက် အရမ်းကြီး နေလို့လား၊ မရှက် ဖူးလား ... ကောင်းပြီ ဒီ တစ်ကြိမ်ပဲ လုပ်ပေးမယ် ငြိမ်ငြိမ်နေ။ ”

ရှင်းယန်က သူ့ကို နောက်ပြောင်ပြီး၊ သန့်ရှင်းရေး လုပ်ဖို့ရန်၊ ခြေလှမ်း ပြင် လိုက်သည်။ သို့သော် များကြာမီ သူမ၏ အပြုံးမှာ၊ အေးခဲ သွား၏။

“ ဂျူနီယာ မောင်လေး၊ အစ်ကို ကြီးနဲ့ ငါ့ကို ခဏ လောက် အချိန် ပေးပါ။ ”

ရှင်းယန်က လှည့်ကြည့်ကာ၊ ဆိုသည်။ အတွေးထဲ နစ်မျော နေသော လင်းယွန်က လန့်နိုး လာပြီး၊ ခေါင်းညိတ် ပြ လိုက်သည်။

ဝမ်းနည်း ပူဆွေး မှုများ နှင့်အတူ၊ ရှင်းယန်ကို ထားခဲ့ကာ၊ ရေကန်ထံ လျှောက်သွား လိုက်၏။ ကန်ရေ ပြင်ကို ငေးကြည့် မိပြီး၊ သူ့ စိတ်များ နစ်မွန်း သွားသည်။ ထို့နောက် မျက်လုံး မှိတ်ချ လိုက်၏။

( ချန်ပီယံ ဖြစ်လာ တော့ရော ဘာထူးလဲ၊ ငါချစ်တဲ့ သူတွေ ကိုတောင် မကာကွယ် နိုင်ရင်၊ ချန်ပီယံ ဆိုတာ အလကား ပါပဲ။ )

သူ့ အသက်ကို ကယ်တင် ခဲ့သော ရှင်းဂျူမှာ၊ ချန်ပီယံ မဖြစ်ခဲ့ သော်လည်း၊ ဤဂုဏ် အသရဖြင့်၊ ပြည့်စုံသည်။

ထို့ကြောင့် သူက ရှင်းဂျူကို ကူညီရန်၊ ‘ရီ’မျိုးနွယ် စုအား ကယ်တင် ပေးခဲ့သည်။

မျက်လုံးများ ပြန်ဖွင့် လိုက် ချိန်တွင်၊ မျက်ဆန်များ အတွင်း၌၊ ပြတ်သားသော အလင်းများ တောက်ပ နေပေသည်။

“ အခုက စပြီး၊ ငါ့ အနားက ဘယ်သူ့ကို မဆို၊ နောက်ထပ် မနာကျင် စေရ တော့ ဖူးလို့၊ ငါ ကတိ ပြုတယ်။ ”

ဤသည်မှာ သူ့ကိုယ်သူ ကတိပေး ခဲ့ခြင်း ဖြစ်၏၊ သူ့ တစ်သက် အရိပ်လို ကပ်ပါ နေပေမည်။

သူ့ဓားမှာ ဖျက်စီးခြင်း အတွက် သာမက၊ ကာကွယ်ရန် အတွက်လည်း ဖြစ်သည်။

သန်မာ သူသည် အားနည်း သူကို လုယူ ပေ၏။ ဤသည်မှာ သဘာဝ တရား၏ ဟန်ချက် ဖြစ်သော ကြောင့်၊ အပြစ် မဆို သာချေ။

ဟွာယွမ်ဇူ၏ ခွန်အားမှာ၊ သူ့ အပေါ် လေးလေး နက်နက် စွဲထင် သွားစေသည်။

သခင် ဆယ့်သုံးနှင့် နန်းတော် သခင်သာ၊ အနားတွင် မရှိ ပါလျှင်၊ သူ သေရ ပေ လိမ့်မည်။

ကူကယ် ရာမဲ့ လွန်းသော အခြေ အနေမှာ၊ သူ့အတွက် ကြောက်စရာ ကောင်းလှသည့်၊ အတွေ့ အကြုံ ဖြစ်လာ ပေသည်။

ထို့ပြင် ဟွာယွမ်ဇူ ဘေးနားရှိ လူငယ်မှာ၊ အသက် ငယ်ငယ်ဖြင့်၊ ခရမ်းတော် နန်းတော် နယ်မြေတွင် ရှိနေ သောကြောင့်၊ သူ့အား ဖိအား ဖြစ်စေသည်။

ထိုကဲ့ သို့သော အရည် အချင်း မျိုးသည်၊ မဟာချင် အင်ပါယာတွင်၊ တစ်ယောက်မှ မရှိ သောကြောင့်၊ မဖြစ် နိုင်ဟု မဆို နိုင်ပေ။ အမှန် တရားက သူ့မျက်စိ ရှေ့သို့၊ ရောက်ရှိ လာသည်။

ဆိုလို သည်မှာ အင်ပါယာကို ကျော်လွန် သွား ပါက၊ ဤမျှ ကြောက်စရာ ကောင်းသော သူများကို၊ နေရာ အနှံ့တွင် တွေ့မြင် နိုင်မည် ဖြစ်သည်။

ဤအခိုက် အတန့်တွင် လူရိပ် နှစ်ရိပ် မြူခိုးများ ထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ် လာ ခဲ့သည်။ ထိုလူရိပ် များမှာ သခင် ဆယ့်သုံးနှင့် နန်းတော် သခင်တို့ ဖြစ်၏။

“ ကောင်လေး မင်း ဘာတွေ ငိုင်နေ တာလဲ၊ ချန်ပီယံ ဖြစ်လာတာ မပျော် ဖူးလား။ ”

သခင် ဆယ့်သုံးက ပြုံးကာ မေးသည်။

“ ဟွာယွမ်ဇူက သူ့ကို ဖိအား ပေးသွား ပုံရတယ်။ ”

နန်းတော် သခင်က လင်းယွန်ကို အကဲ ခတ်ကာ၊ ပြန်ဖြေ ပေးသည်။

“ မင်္ဂလာပါ စီနီယာတို့ ... ”

လင်းယွန်က လက်ဝှေ့ ရမ်းကာ၊ နှုတ်ဆက် လိုက်သည်။

“ ကောင်လေး ဒီမယ်။ ”

သခင် ဆယ့်သုံးက သူ့ လက်ကို ဝှေ့ယမ်း ပြပြီး၊ လေးနက်သော အမူ အရာဖြင့်၊

“ အဲဒါကို သိပ်ပြီး မစဉ်းစား ပါနဲ့၊ အဲ့ဒီ တုန်းက ဟွာယွမ်ဇူ ဘာတွေး နေလဲ မင်းသိလား။ ”

“ မသိ ပါဘူး … ။ ”

လင်းယွန်က မျက်ခုံး ပင့်ကာ ပြန်ဖြေ လိုက်သည်။

“ ဟား ... ဟား ... ဟား၊ သူက မင်းကို သူ့ တပည့် အဖြစ်၊ အတင်း အကြပ် ခေါ်သွား ချင်နေတာပဲ။ ”

သခင် ဆယ့်သုံးက သဘော ကျစွာ ရှင်းပြ လိုက်သည်။

“ ဘယ် လို ....။ ”

“ ဟုတ်တယ်၊ မင်း တစ်ခုတော့ သိထား ရမယ်၊ ချင်အင်ပါယာ တစ်ခု လုံးက သူ့ မျက်လုံး ထဲမှာ၊ ဘာမှ မဟုတ်ဘူး၊ ချင်ယုနဲ့ ယှဉ်ရင် မင်းက ပို အရေး ကြီးတယ်၊ ဆိုလို တာက ‘ယန် နန်းတော်’ရဲ့၊ စိတ်ဝင်စား ခြင်းခံ ရလောက် အောင်ကို၊ မင်းက ထက်မြက် တယ်လို့ အဓိပ္ပါယ် ရတယ်။ ”

သခင် ဆယ့်သုံးက ဆိုသည်။ သူက ဆက်ပြီး၊

“ ဒါပေမယ့် ဒီဖက်တီးက သူ့ကို ခွင့် မပြုဘူး၊ အဲဒါကြောင့် ဟွာယွမ်ဇူ အတွက်၊ ထွက်သွားဖို့ ကသာ၊ တစ်ခု တည်းသော နည်းလမ်းပဲ။ ”

-ဟု ဆိုကာ၊ နန်းတော် သခင်ကို မေးငေါ့ စနောက် လိုက်သည်။

ယနေ့ သခင် ဆယ့်သုံး၏ စိတ်အခြေ အနေမှာ၊ အတော် ကောင်းမွန် နေပုံ ရ၏။

နန်းတော် သခင် မှာမူ၊ သခင် ဆယ့်သုံး၏ ပျက်ချော်ချော် အမူ အရာကို စိုက်ကြည့်ပြီး၊

“ ဒါက ထူးဆန်း နေတယ်၊ သူက လွယ်လွယ်နဲ့ ထွက်သွား မယ့်သူ မဟုတ်ဘူး။ ”

“ သူက သန်မာ လား။ ”

လင်းယွန်က စူးစမ်း လိုစိတ်ဖြင့်၊ ဝင်မေး လိုက်သည်။

“ အရမ်း သန်မာတယ်၊ ဒါပေမယ့် အဲ့ဒီလောက် ကြီးလည်း၊ သူ့ကို ကြောက်နေ စရာ မရှိ ပါဘူး၊ တစ်ခုပဲ မင်းအပေါ် သူသာ ဆန္ဒ ရှိရင်၊ ငါတို့ မတား နိုင်ဘူး။ ”

နန်းတော် သခင်က ပွင့်ပွင့် လင်းလင်း ဆိုသည်။

“ ဒါဆို ဘာလို့ သူ လက်လျော့ သွားတာလဲ။ ”

လင်းယွန်က နားမလည် ဟန်ဖြင့် ပြန်မေး လိုက်သည်။

အဖိုးအို နှစ်ယောက်က အံ့အား သင့်သွား သောကြောင့်၊ အကြည့်ချင်း ဖလှယ် လိုက်ကြ၏။

များမကြာ မီတွင် သခင် ဆယ့်သုံးက လင်းယွန် ကို၊ လေးလေး နက်နက် စိုက်ကြည့် လိုက်ပြီး၊

“ ပလ္လင် ပေါ်က မိန်းကလေးက၊ သူ့ကို စိုက်ကြည့် လိုက်လို့ပဲ၊ ဒီချာတိတ် မလေးက တကယ် မလွယ်ဘူး။ ”

“ မင်း သူနဲ့ သိလား။ ”

နန်းတော် သခင် ကပါ၊ မေးခွန်း ထုတ် လာသည်။ ချင်ယု မင်္ဂလာ ဆောင်တွင် လင်းယွန်ကို ကူညီရန်၊ သူမ ထရပ်ခဲ့ ဖူးသည်။

ယခု တစ်ကြိမ် လင်းယွန် အန္တရာယ် ကြုံလာသော အခါတွင်၊ ထပ်မံ ကူညီ လာပြန်သည်။

ပထမ အကြိမ်ကို တိုက်ဆိုင် မှုဟု ယူဆနိုင် သော်လည်း၊ ဒုတိယ အကြိမ် အတွက်မူ၊ တကယ်ပင် မဖြစ်နိုင် တော့ပေ။

အခြား တစ်ဖက်တွင် ထိုအချိန်က၊ ဤမျှ အန္တရာယ် အတွင်း၊ သက်ရောက် နေခဲ့မှန်း၊ လင်းယွန်က သူ့ကိုယ်သူ မသိ လိုက်ပေ။

ဟွာယွမ်ဇူမှာ လျှို့ဝှက် ဆန်းကြယ်သော တမန်တော် ရောက်ရှိ လာသောကြောင့်၊ ထွက်ခွာ သွားခဲ့ သည်ဟုသာ၊ သူထင် ခဲ့သည်။

အချိန် အတော်ကြာ စဉ်းစား ပြီးနောက်၊ ‘ ငါတို့ အချင်းချင်း မသိ ပါဘူး၊’ ဟု၊ လင်းယွန်က ပြန်ဖြေ လိုက်သည်။

“ ဒါဆိုလည်း ဒီချာတိတ် မလေးကို ထား လိုက်တော့၊ အခု မင်းဘာဆက် လုပ်မလဲ။ ”

သခင် ဆယ့်သုံးက ချစ်ခင် စွာဖြင့်၊ စိုက်ကြည့် လာခဲ့သည်။ သူ့ သဘာဝ အတိုင်း တွေးတော အချိန် ကုန်ရမည့် အလုပ်များ အပေါ်၊ တွယ်တာခြင်း မရှိပေ။ မသိလျှင် မသိဖူး မှတ်ကာ၊ သည်အတိုင်း ထားမိ ပေမည်။

“ မဟာချင် အင်ပါယာ ကနေ ခဏလောက် ထွက်ပြီး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးကို ခရီး ထွက်ဖို့၊ စဉ်းစား ထားတယ်။ ”

လင်းယွန်က တွေးဆ ဆဖြင်၊ ပြန်ဖြေ လာသည်။

“ ကောင်းတယ် ...၊ ဒါက လုပ်သင့်တဲ့ အရာပဲ၊ အပြင် မထွက်ဘဲ စစ်မှန်တဲ့၊ ဉာဏ်ကြီး ရှင်တွေ ဘယ်လောက် သန်မာတယ် ဆိုတာ၊ မင်းသိမှာ မဟုတ်ဘူး၊ မင်း အမြင်ကျယ် မှသာ မင်းရဲ့ အရည် အချင်းကို အပြည့် အဝ ထုတ်ပြ နိုင်လိမ့်မယ်။ ”

နန်းတော် သခင်က သူ့ စကားကို ခေတ္တ ရပ်လိုက်ပြီး၊

“ ဒါပေမယ့် မင်းရဲ့ အခြေခံ အုတ်မြစ်က၊ နည်းနည်းတော့ အားနည်း နေသေးတယ်၊ မထွက်ခင် တည်ငြိမ်အောင် လုပ်သွားပါ၊ မင်းအတွက် လက်ဆောင် ရှိတယ်။ ”

“ ဘာ လက်ဆောင်လဲ။ ”

လင်းယွန်က သိချင် သွားသည်။

“ အဲဒါကို စိတ်စော မနေ ပါနဲ့ ၊ အချိန် တန်ရင် မင်း … သိရ လိမ့်မယ်၊ ဒီဖက်တီး ပေးမယ့် လက်ဆောင်က တမန်တော် ပေးမဲ့ စကြာဝဠာ လက်ရာထက်၊ သာလွန် မှာတော့ သေချာ တယ်။ ''

သခင် ဆယ့်သုံးက ပြုံးကာ ဝင်ပြော လိုက်သည်။ အဆုံးတွင် ရပ်တည် ရမည့် အစား၊ ပြပွဲကို နှစ်သက်သော တမန်တော် အပေါ်၊ မကျေ မနပ် ဖြစ်နေ ဆဲဖြစ် သည်မှာ၊ သိသာ၏။

ယင်းကြောင့် ဓားနန်းတော်မှာ၊ အန္တရာယ် ရှိသော အခြေ အနေသို့ ရောက်ရှိ သွားခဲ့သည်။ ခိုင်မာသော ဆန္ဒများ မရှိ ပါက၊ ဤနေ့ ပြိုလဲ သွားနိုင်သည်။

“ နောက်ထပ် ရက် အနည်းငယ် ကြာအောင် ဓားနန်းတော် ထဲမှာ နေပါ၊ ခရမ်းရောင် နန်းတော် နယ်မြေကို မရောင်ခင်၊ ရှန်ရှင်း ဓားကို ဆုပ်ကိုင် နိုင်လိုက် ကတည်းက၊ မင်း နာမည်က မဟာချင် အင်ပါယာ မှာ၊ ပျံ့နှံ့ သွားပြီ ဆိုတာကို မမေ့ ပါနဲ့။ ”

သခင် ဆယ့်သုံးက ဂုဏ်ယူ စွာဖြင့် ကျေကျေ နပ်နပ် ပြုံးလိုက်သည်။

“ ဒါနဲ့ … ရှင်းယန် ဘယ်မှာလဲ။ ”

နန်းတော် သခင်က သတိ တရ မေးသည်။

“ အစ်ကို ကြီးနဲ့ တွေ့နေတယ်။ ”

လင်းယွန်က ပြန်ဖြေသည်။

“ သွားရအောင်၊ သူမ တကယ်ကို အများကြီး ခံစား ခဲ့ရတယ်၊ ဒါပေမယ့် အနည်း ဆုံးတော့၊ အဆုံးမှာ ပိုကောင်း လာပါပြီ။ ”

အဘိုးအို နှစ်ယောက်က ရှင်းယန်ထံ မျှော်ကြည့်ကာ၊ ပြုံးလိုက်သည်။

အဖိုးအို နှစ်ယောက်ကို ကြည့်ပြီး၊ အဆုံး၌ ဆုံးဖြတ်ချက် တစ်ခုကို၊ လင်းယွန်က ချလိုက်၏။

“ ကျေးဇူး ပြုပြီး ခဏလောက် စောင့်ပါဦး၊ ပြောစရာ ရှိလို့ပါ။ ”

“ အိုး ......... ”

“' လုပ်ပါ .....'”

နှစ်ဦးသား လင်းယွန်ထံ ပြန်လှည့် ကြည့်လာသည်။ လင်းယွန်က သတ္တိ များကို စုဆောင်း လိုက်ပြီး၊

“ ဒီနေ့ စီနီယာတို့ နှစ်ယောက်ရဲ့ ကျေးဇူးကို၊ ငါ မမေ့ ပါဘူး၊ အနာဂတ်မှာ စီနီယာတို့ လိုအပ်ရင်၊ ငါ့ကို ပြောပါ၊ ငါသေ ရမယ် ဆိုရင်တောင်၊ မျက်တောင် တစ်ချက် ခတ်နေမှာ မဟုတ် ပါဘူး။ ”

ထိုစကား များကို ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်မှ၊ ကျွမ်းကျင်သူ နှစ်ဦးအား ပြောကြားရန်၊ မနည်း ကြိုးစား ခဲ့သည်။

အကယ် ၍သာ အပြင်လူ တစ်ယောက် ရှိနေ ပါက၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း မျှသာ ဖြစ်သော၊ သူ၏ စကား များကြောင့်၊ ကျယ်လောင်စွာ ရယ်မော မိမည်မှာ သေချာ လေသည်။

သတ္တိ ရှိဖို့ သာမက၊ ကိုယ့်ကိုယ် ကိုယ်လည်း ယုံကြည်မှု ရှိရန် လိုပေသည်။

“ ဟား ဟား ဟား...... ”

ရုတ်တရက် မှင်သက် သွား ပြီးနောက်၊ အဖိုးအို နှစ်ဦးမှာ ကျယ်လောင်စွာ ရယ်မော လိုက်၏။

“ ကောင်းပြီ ငါမှတ်ထား လိုက်မယ်။ ”

နန်းတော် သခင်က ခေါင်းညိတ် လိုက်သည်။

“ ငါကိုလည်း ထည့်တွက်လိုက် .....ဟား ဟား ဟား။ ''

သခင် ဆယ့်သုံးက ပေါ့ပေါ့ ပါးပါးပင်၊ လက်ခံ သွားသည်။

***

All Chapters