← Chapters

ဧကရီ ဘုရင်မ။

Vol. 34 Ch. 473

ဧကရီ ဘုရင်မ။

Vol. 34 Ch. 473

အဖိုးအို နှစ်ယောက်၏ ရယ်မော သံကို ကြားလိုက် မှသာ၊ လင်းယွန်က ပြုံးပြပြီး သက်ပြင်း ချလိုက် မိသည်။

ကောင်းကင်ဘုံ ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင်သူ နှစ်ယောက် ရှေ့တွင်၊ ထိုစကား များ အတွက် သတ္တိ ရှိရန် လိုအပ် သော်လည်း၊ သူပြော နိုင်ခဲ့သည်။

တစ်နေ့ နေ့တွင် ဤလူအို ကြီးများ အနေဖြင့်၊ သူ့ အကူ အညီ လိုအပ် ခဲ့ပါလျှင်၊ မျက်နှာ လွှဲ နေမည် မဟုတ်ပေ။

“ နန်းတော် သခင် ပြောတာ မှန်တယ်၊ ငါ ထွက်ခွာဖို့ အလျင်လို နေစရာ မလို ပါဘူး၊ ကျင့်ကြံမှု တည်ငြိမ်အောင် ခဏလောက် စိတ်အေးအေး ထားဖို့ လိုတယ်။ ”

လင်းယွန်က ကျင့်ကြံရန်၊ ကြာမိစ္ဆာ နယ်မြေ အတွင်းမှ ရရှိ ခဲ့သော၊ ဖျာကို ထုတ်ယူ လိုက်သည်။

တင်ပျဉ်ခွေ ချိတ်ထိုင် လိုက်ပြီးနောက်၊ ဓား သုတ္တန်ကို ဖြန့်ကျက် လိုက်ရာ၊ ဝိညာဉ် စွမ်းအင်များ သူ့ ခန္ဓာကိုယ် ထဲသို့၊ အရပ်ရပ်မှ စတင် စီးဝင် တော့၏။

ဒါန်တမ်ရှိ ခရမ်းရောင် ပန်းမှာ ပွင့်အာ လာပြီးနောက်၊ နက်နဲ သွေးပြန် ကြော များက၊ ခရမ်းရောင် အဆင်းများ တောက်ပ လာလေသည်။

ပေါက်ကွဲ တော့မည့်၊ မီးတောင် ကြီး တစ်လုံး ကဲ့သို့၊ သူ့ ခန္ဓာကိုယ် အနှံ့ မူလ စွမ်းအင်များ စီးဆင်း နေသည်။

ယခု အချိန်၌ ခရမ်းရောင် နန်းတော် နယ်မြေနှင့်၊ ညီမျှသော စွမ်းအားကို ထုတ်လွှတ်ရန်၊ အတွေး တစ်ခုသာ လိုပေမည်။

ဆိုလို သည်မှာ၊ ခရမ်းရောင် နန်းတော် နယ်ပယ်မှ၊ အကြီး အကဲ တစ်ဦးနှင့် ရင်ဆိုင် ရမည် ဆိုပါလျှင်၊ အနိုင် ရရန် အနည်းဆုံး (၆၀%) ယုံကြည်မှု ရှိသည်။

၎င်းမှာ ကာကွယ်သူ မက်မွန် ချန်ရစ် ခဲ့သော၊ စွမ်းအင် သုံးစက်ကြောင့်၊ ဖြစ်ပေသည်။ ဓား သူတော်စင် ကိုလည်း၊ ချန်လှပ် ထား၍ မရပေ။ ကျေးဇူး တင်ရ ပေမည်။

သူ၏ အမွေ ဖြစ်သော စွမ်းအင် ကျင့်ကြံခြင်း နည်းစနစ် တစ်ခု ဖြစ်သည် နှင့်အညီ၊ ပြိုင်ဘက် ကင်းသော စွမ်းအားကို ပြသ ခဲ့သည်။

သို့သော် ယခင်က ကဲ့သို့ လွယ်ကူစွာ အဆင့် တက်နိုင်ခြင်း မရှိ တော့ဘဲ၊ နဝမ အဆင့်၌ ပိတ်မိ နေပြီ ဖြစ်သည်။

ရှေးကျသော နည်းစနစ် တစ်ခု ဖြစ်လျှင်ပင်၊ တင်းကျပ်သည့် လိုအပ်ချက် တစ်ခု ရှိနေ သေးသည်။

သို့မဟုတ် ပါလျှင်၊ မြေကြီး အဆင့် နည်းစနစ်အား၊ ကျင့်ကြံ ထားသော ချင်ယု ကဲ့သို့၊ အဆုံး သတ်ရ ပေလိမ့်မည်။

အခြား တစ်ဖက်တွင်၊ သူ၏ ကျင့်ကြံ မှုမှာ ခရမ်းရောင် နန်းတော် နယ်မြေသို့ ရောက်ရှိရန်၊ လွယ်ကူ ဦးမည် မဟုတ်ပေ။

ခရမ်းရောင် နန်းတော် နယ်ပယ်သည်၊ ဒါန်တမ် အတွင်း၌ ခရမ်းရောင် နန်းတော် တစ်ခုကို၊ ဖွဲ့တည် ရမည် ဖြစ်ပြီး၊ မူလ စွမ်းအင် များအား၊ အရည် အဖြစ် စုစည်း ရမည် ဖြစ်သည်။

ယင်းမှာ ပြောသလောက် လွယ်ကူခြင်း မရှိဘဲ၊ ကျရှုံးမှု တိုင်းမှာ၊ မူလ စွမ်းအင် အပေါ် သက်ရောက်မှု ရှိလာ ပေမည်။

ပို၍ ပြင်းထန်သော အခြေ အနေ များတွင်၊ ၎င်းတို့၏ လက်ရှိ ကျင့်ကြံ မှုများ နိမ့်ကျ သွားမည် ဖြစ်သည်။

ထို့ကြောင့် ယုံကြည်ချက် မရှိ ခဲ့သော်၊ ဖြတ်ကျော်ရန် မကြိုးစား သင့်ပေ။

အများ အားဖြင့် ဘိုင်လိရွှမ် ကဲ့သို့၊ ကောင်းကင် ဘုံကို အံတု နိုင်သော အံ့ဖွယ် စွမ်းရည် ရှိသူ များ သည်ပင်၊ ကျွမ်းကျင် သူများ၏ လမ်းညွှန် ချက်အား လိုအပ် လေသည်။

သို့မဟုတ် ပါလျှင်၊ အောင်မြင်မှု ရယူရန်၊ နှစ်ပေါင်းစွာ ကြာနိုင်သည်။

ခရမ်းရောင် နန်းတော် နယ်မြေသည် အရေး ကြီးသော တံခါးဝ တစ်ခု ဖြစ်သည်။

ပုံမှန် အားဖြင့် ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေသို့ ရောက်ရှိ ပြီးနောက်၊ သုံးနှစ် အတွင်း ခရမ်းရောင် နန်းတော် နယ်မြေထံ၊ မရောက်ရှိ နိုင်ပါက၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်မြေအား တက်လှမ်းရန်၊ အခွင့် အရေး ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် နန်းတော် သခင် ထံမှ၊ လမ်းညွှန် မှုကို ရယူကာ၊ အခွင့် အရေးအား စောင့်မျှော် ချင်ခဲ့သည်။

သူ့ ဒါန်တမ် အတွင်း လှမ်းကြည့် လိုက်ရာ၊ ရက်စက် ကြမ်းကြုတ်သော သိုင်းဝိညာဉ် နှစ်ကောင်က၊ ဘေးချင်းကပ် ရပ်နေ သည်ကို တွေ့လိုက် ရသည်။

ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို ဆုပ်ကိုင် လိုက်မိ ချိန်တွင်၊ သံကြိုး တစ်ချောင်း ထပ်မံ လွတ်ထွက် လာကာ၊ ကျားပျံအား ထွက်ပေါ် လာစေ ခဲ့သည်။

ဓားကျိုး ထံမှ မွေးဖွား လာသော ကျားပျံမှာ လင်းယွန်ကို အံ့အား သင့်စေ ခဲ့၏။

လူတိုင်းက သူ၏ သိုင်းဝိညာဉ်မှာ၊ ကမ္ဘာဦး ဖျက်ဆီးခြင်း ဝိညာဉ် နှစ်ကောင် အဖြစ်သာ၊ သိရှိ ထားကြသည်။

အမှန်မှာ ဓားကျိုး သည်သာ၊ သူ၏ သိုင်းဝိညာဉ် အစစ် ဖြစ်၏။ သို့သော် ၎င်းကို ဆင့်ခေါ်ရန် အလှမ်း ဝေးနေ သေးသည်။

အသူရာ နဂါးနှင့် ချွမ်းချီကျား တို့ကိုသာ အသုံး ပြုနိုင် ပေဦးမည်။

( ချွမ်းချီကျား = ကျားပျံ )

လက်ရှိ အချိန်၌ ခရမ်းရောင် နန်းတော် နယ်မြေသို့ တက်လှမ်း ရန် အတွက်ပင်၊ ခေါင်းကိုက် နေပြီ ဖြစ်ရာ၊ ယင်းအပေါ် အာရုံ မစိုက်နိုင် သေးပေ။

အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီး နောက်၊ ကျင့်ကြံ ခြင်း၌ နစ်မြုပ် သွားတော့သည်။

ဓား သုတ္တန်မှာ နဝမ အဆင့်သို့ ရောက်ရှိ ချိန်တွင်၊ အဋ္ဌမ အဆင့်နှင့် လုံးဝ ကွဲပြား သွားကြောင်း၊ သူ ပြော နိုင်သည်။

ယခု လုပ်ဆောင် ရမည့် အရာမှာ၊ မူလ စွမ်းအင် များကို ပြန်လည် သန့်စင်ရန် အတွက်၊ စွမ်းအင် စက်ဝန်းအား ဖော်ဆောင်ခြင်း ဖြစ်သည်။

အပ်စိုက်မှတ် များကို ဖြတ်ကာ၊ လမ်းကြောင်း တစ်ခု ဖော်ဆောင်ရန် ကြိုးစား ခြင်းမှာ၊ လွယ်ကူ သော အရာ မဟုတ်ပေ။

ဤသို့ သန့်စင် ခြင်းဖြင့်၊ မူလ စွမ်းအင်ကို ဓား ရောင်ဝါများ အဖြစ်၊ ပြောင်းလဲ နိုင်မည်။

ဓား သုတ္တန်ဖြင့် မူလ စွမ်းအင် များကို၊ လှည့် ပါတ်ရန် စတင် လိုက်သည်။

နဖူးမှ ချွေး သီးများ စီးကျ လာပြီး၊ အရိုင်း ဆန်သော စွမ်းအင် များကို၊ ဦးဆောင် ထိန်းကျောင်း လိုက်၏။

နဝမ အဆင့်သို့ ရောက်ရှိ လာပြီးနောက်၊ ၎င်းတို့အား သန့်စင်ရန် ပထမဆုံး အကြိမ်၊ ကြိုးစား မိခြင်း ဖြစ်သည်။

နဂါး တံခါး၊ ပြိုင်ပွဲတွင် ထိုသို့ လုပ်ဆောင်ရန်၊ အချိန် မရှိ ခဲ့ပေ။

အချိန်များ တရွေ့ရွေ့ ကုန်လာ သည့်နှင့် အမျှ ၊ ခရမ်းရောင် မူလ စွမ်းအင် များ ထဲ၌ အဖြူရောင် ကြိုးတစ်ချောင်း ဖွဲ့တည် လာသည်။

အဆိုပါ အဖြူရောင် စွမ်းအင် ကြိုးမှာ၊ နေမင်းကြီး ကဲ့သို့ တောက်ပ နေ၏။

မျက်နှာ အနှံ့ မောပန်း နွမ်းနယ်သော၊ အမူ အရာများ ဖြစ်ပေါ် လာပြီး၊ မျက်လုံးများ ပြန်ဖွင့်လျက်၊ အသက် ပြင်းပြင်း ရှူလိုက် သည်။

“ ဓားသုတ္တန် နဝမ အဆင့်က၊ သာမန် မြေကြီး အဆင့် နည်းစနစ် တွေနဲ့ ယှဉ် နိုင် ပါလား၊ ဒါပေမယ့် သူ့ကို ကျင့်ကြံ ရမဲ့ အခက် အခဲက၊ လျှော့တွက် လို့ မရဘူး၊ စွမ်းအင် စက်ဝန်းလေး တစ်ပတ် ပြည့်ဖို့ ကိုတောင်၊ သုံးရက် အချိန် ပေးလိုက် ရတယ်။ ”

ဓားသုတ္တန် နဝမ အဆင့်သည် အရေး ကြီးသော အဆင့် ဖြစ်၏။ မူလ စွမ်းအင်ကို များစွာ အစွမ်းထက် စေရန်၊ ခရမ်းရောင် ပန်းကို တစ်ပတ် တိတိ လှည့်နိုင် ဖို့လိုသည်။

နဝမ အဆင့် အထွတ် အထိပ်သို့ ရောက် သည်နှင့်၊ ‘ခရမ်း ဓား အစီရင်’ ကို ခင်းကျင်း နိုင်ပေမည်။

ဆိုလို သည်မှာ စိတ်ကူး တစ်ချက်ဖြင့် စွမ်းအင် ဓားများ ထုတ်ဖော်ကာ၊ ပြိုင်ဘက်ကို ဖမ်းဆီး နိုင်မည် ဖြစ်၏။

မှတ်တမ်း များ အရ၊ ဒဿမ အဆင့်တွင် ‘ခရမ်းရောင် ရေခဲ စာကလေး’ကို ဆင့်ခေါ် နိုင်မည်။

အဆင့် ဆယ့်သုံးတွင်၊ အရာ အားလုံးကို လောင်ကျွမ်း ပစ်နိုင်သော၊ ကောင်ကင်းဘုံ မီးတောက် ဖြစ်သည့်၊ ‘မြင့်မြတ်သော ခရမ်းရောင် ရေခဲ မီးတောက်’ကို၊ ဆင့်ခေါ် နိုင်မည်။

အဆင့် (၁၆) တွင် ပြီးပြည့် စုံသော ကျွမ်းကျင် မှုကို ရရှိမည် ဖြစ်ကာ၊ ဓား သေတ္တာအား သန့်စင် နိုင်၏။

နောက်ထပ် သုံးရက် အကြာတွင်၊ ကျင့်ကြံ မှုကို ရပ်နားကာ၊ ရှင်းယန် နှင့်အတူ ဂိုဏ်းသို့ ပြန်လာ ခဲ့သည်။

ည ဘက်တွင် ဓားသုတ္တန်ကို ကျင့်ကြံ ပြီးနောက်၊ မူလ စွမ်းအင် များအား ပြောင်းလဲ မိသည်။

နေ့ခင်း ဘက်တွင် လရောင် ရေစင် ဓားကို လေ့ကျင့် လိုက်၏။

ယခု အချိန်၌၊ ၎င်း ဓားရေးမှာ သူ့အား အညောင်း အညာ ပြေရုံ မျှသာ၊ တက်စွမ်း ပေတော့သည်။

ယင်းသည် ကျင့်ကြံမှုနှင့် သက်ဆိုင်ခြင်း မရှိဘဲ၊ ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို ဆုပ်ကိုင် နိုင်သော ကြောင့်သာ ဖြစ်သည်။

ဆိုလို သည်မှာ လရောင် ရေစင် ဓားဖြင့်၊ သူ့ ခွန်အားကို မပြည့် အဝ၊ မပြသ နိုင်တော့ပေ။

ငါးရက် ကြာပြီး သော်လည်း၊ ရတနာ တောင်ကုန်း တစ်နေ ရာတွင်၊ လရောင် ရေစင် ဓားကို လေ့ကျင့် နေဆဲ ဖြစ်သည်။

မိုးကုပ် စက်ဝိုင်း ထိတိုင် တောက်ပ စေသော အလင်းများ၊ ပန်းသင်္ချိုင်း ဓား ထံမှ ရုတ်တရက် ပွင့်ထွက် လာသည်။

“ တိမ်မြူ ကင်းသော လမင်း။ ”

“ အနန္တ နှင်းလွင်ပြင်။ ”

သူ့ မျက်ဝန်း များကို၊ ရှေ့ တူရှုသို့ လှမ်းကြည့် လိုက်ပြီး၊ ပန်း သင်္ချိုင်း ဓားအား ထိုးညွှန် လိုက်၏။

တစ်ဆက်တည်း မှာပင်၊ အရာ အားလုံးကို အေးခဲ သွား စေသော၊ အဆုံး မရှိ အအေး ဓါတ်များ ထုတ်လွှတ်၊ လာ တော့သည်။

ထို့နောက် လင်းယွန် ကိုးယောက် ထွက်ပေါ် လာ၏။ အဆိုပါ လင်းယွန် ကိုးယောက် ပေါင်းစပ် သွားချိန်တွင်၊ ဓားတစ်လက် ကောင်းကင်မှ လေးကန်စွာ ပြုတ်ကျ လာလေသည်။

“ လရောင် အလင်း ပြန်ခြင်း။ ”

ထိုဓားချက် အောက်တွင် မီတာ တစ်ရာ ကျော်သော၊ အကွဲ ကြောင်းကြီး တစ်ခု ဖြစ်ပေါ် လာ၏။

မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လိုက်လာသော အခါတွင်၊ အက်ကွဲကြောင်း အတွင်း၌၊ ကျောက်တုံး အပိုင်း အစများ၊ ပြိုကျ နေသံကို ကြားလိုက်ရ လေသည်။

“ လင်း … ယွန် …။ ”

မီးခိုး ရောင်ဝတ် သင်းထောက် တစ်ဦးက ၊ တုန်ယင် စွာဖြင့်၊ နောက်တစ်လှမ်း ဆုတ် လိုက်သည်။

ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်ပယ် တွင် ရှိသော လင်းယွန်၏၊ ခွန်အားကို ကြည့်ကာ၊ ထိတ်လန့် အံ့ဩ သွားရ၏။

အနှီး လူငယ်ကို တစ်ချက် ကြည့်ရုံ ဖြင့်ပင်၊ ဖိအား ကြီးစွာ ခံစားလိုက် ရသည်။

လင်းယွန်က သူ့ ဓားကို ခုတ်ပိုင်း ပြီးနောက်၊ ပြန်လည် ရုတ်သိမ်း သွား၏။

သို့မှသာ သင်းထောက်က သက်တောင့် သက်သာ အမူ အရာဖြင့်၊ လေပူများ မှုတ်ထုတ် မိလေသည်။

“ ဘာ ကိစ္စ ရှိလို့လဲ။ ”

သင်းထောက်ကို ကြည့်ကာ၊ လင်းယွန်က မေးသည်။ သင်းထောက်က မှင်တက် နေရာမှ၊

“ ကာကွယ်သူ မက်မွန်က မင်းကို ခေါ်ခိုင်း လိုက်လို့ပါ၊ ပင်မ ခန်းမမှာ သူစောင့် နေတယ်။ ”

-ဟုဆို လိုက်၏။

“ ကျေးဇူး ပါ။ ”

လင်းယွန်က ခေါင်းညိတ်ကာ၊ ကျေးဇူးတင် စကား ဆိုသည်။

နန်းတော် သခင်က သူ့အတွက် လက်ဆောင် တစ်ခု စီစဉ် ထားသည် ဟူသော စကားကို သတိ ရမိသည်။

၎င်းအား ပေးအပ်ရန် ကာကွယ်သူ မက်မွန်က ခေါ်ဆောင်ခြင်း ဖြစ်ပေမည်။

များမကြာမီ လင်းယွန် တစ်ယောက် ပင်မ ခန်းမ ဆီသို့၊ ဦးတည် သွားနေ လေသည်။

“ စီနီယာ အစ်ကို လင်း ။ ”

“ မင်္ဂလာပါ အစ်ကို လင်း။ ”

“ မင်္ဂလာပါ အစ်ကို လင်း။ ”

လမ်းတလျှောက် ဆုံတွေ့ မိသော တပည့် တိုင်းက၊ လင်းယွန်အား လေးစားစွာ နှုတ်ဆက် လာကြသည်။

လင်းယွန်မှာ ပြိုင်ပွဲ အတွင်း ကျော်ကြား လာကာ၊ ဂိုဏ်း၏ အသရေကို ဆောင်ခဲ့ ကြောင်း၊ မည်သူ မဆို သိနိုင်သည်။

“ စီနီယာ အစ်ကို လင်းက အင်ပါယာရဲ့ အသက် ရှင်နေတဲ့ ဒဏ္ဍာရီပဲ၊ အထူး သဖြင့် ခရမ်းရောင် နန်းတော် နယ်မြေကို၊ မရောက်မီ ရှန်ရှင်း ဓားကို၊ သူ ဆုပ်ကိုင် နိုင်ခဲ့တယ်။ ”

“ ပြိုင်ပွဲ တစ်လျောက် ဘယ်သူ ကမှ၊ အစ်ကို လင်းကို မယှဉ် နိုင်ဘူး၊ အနာဂတ်မှာ သူ ဘယ်လောက် အထိ၊ ရောက်နိုင် မလဲ ဆိုတာ ငါ သိချင် မိတယ်။ ”

“ ဟုတ်တယ်၊ စီနီယာ အစ်ကိုရဲ့ ပုံရိပ်က အခြား ပါရမီ ရှင်တွေ အပေါ်၊ လွှမ်းမိုး ထားတယ်၊ ဘယ်အချိန် ဖြစ်ဖြစ် ဒီပြိုင်ပွဲက၊ ရင်ခုန် စရာ ကောင်းတဲ့ အကြောင်း အရာ၊ တစ်ခု ဖြစ်နေ တုန်း ပါပဲ။ ”

“ မင်း သူ့ကို အပြစ် ပြောလို့ မရဘူး၊ ပြီးတော့ အရင် ချန်ပီယံတွေ ထဲက၊ ဘယ်သူ ကများ သူ့လို စွမ်းဆောင် နိုင်ခဲ့လဲ။ ”

တပည့် များစွာက လင်းယွန်ကို လေးလေး စားစား ကြည့်ပြီး၊ ဆွေးနွေး လာကုန် ကြသည်။

လင်းယွန် နံဘေးတွင် အတူ လိုက်ပါ နေသော၊ သင်းထောက် သည်ပင် သတိထား ပြုမူ နေ၏။ သင်းထောက်က ရုတ်တရက် ပြုံးလိုက်ပြီး၊

“ လင်းယွန်၊ မင်းက … ကျင့်ကြံမှုထဲ နစ်မြုပ် နေတော့ ၊ ဒီသတင်းကို သတိ ထားမိမယ် မထင်ဘူး။ ”

“ ဘာ သတင်းလဲ။ ”

လင်းယွန်က စူးစမ်း လိုစိတ်ဖြင့် မေးလိုက် သည်။

“ နောက်ငါး ရက်နေရင်၊ ဖီးနစ် ပန်း ကလေးက နန်းတက်ပြီး၊ မဟာချင် အင်ပါယာရဲ့ ပထမ ဆုံးသော ဧကရီ ဖြစ်လာ လိမ့်မယ်။ ”

သင်းထောက်၏ မျှဝေ မှုကြောင့်၊ လမ်းလျှောက် ခြင်းကို၊ အလို အလျောက် ရပ်တန့် လိုက်မိသည်။

ပြီးနောက် သူ့ လက်သန်းတွင်၊ ချည်နှောင် ထားသော ဖဲကြိုးကို ကြည့်ပြီး၊ ငြိမ်သက် သွားတော့၏။

( မင်း ဘယ်သူလဲ … ။ )

***

All Chapters