မင်းကို ငါတို့ လိုက်ပို့ ပေးမယ်။
Vol. 34 Ch. 474
သင်းထောက်၏ မျှဝေ မှုကြောင့်၊ လမ်းလျှောက် ခြင်းကို၊ အလို အလျောက် ရပ်တန့် လိုက်မိသည်။
ပြီးနောက် သူ့ လက်သန်းတွင်၊ ချည်နှောင် ထားသော ဖဲကြိုးကို ကြည့်ပြီး၊ ငြိမ်သက် သွားတော့၏။
“ ဘာ လို့ လဲ …။ ”
ချက်ချင်း ရပ်တန့် သွားသော လင်းယွန် ကြောင့်၊ သင်းထောက်က မေးလိုက် သည်။
“ ဘာမှ မဟုတ် ပါဘူး။ ”
လင်းယွန်က ပြုံးပြီး ပြန်ဖြေသည်။ ခြေလှမ်း များ ဆက်လှမ်း နေခဲ့ သော်လည်း၊ ဖီးနစ် ပန်း ကလေး၏ မူလကို၊ တွေးတော လာမိသည်။
ခဏ အကြာတွင် ပင်မ ခန်းမ ရှေ့သို့ ရောက်ရှိ လာကြပြီး၊ သင်းထောက်က လက်ဝှေ့ ရမ်းပြကာ၊
“ သွားတော့၊ ကာကွယ်သူ မက်မွန် စောင့်နေတယ်။ ”
-ဟု ဆိုကာ လှည့်ထွက် သွားတော့သည်။
လင်းယွန်က သင်းထောက် နောက်ကျောကို အဓိပ္ပါယ်မဲ့ လိုက်ကြည့် နေမိ ပြီးနောက်၊ ခန်းမထဲ လှမ်းဝင် သွားသည်။
ခမ်းနား ထည်ဝါသော ခန်းမကြီး ထဲတွင်၊ လူ တစ်ယောက် ရပ်လျက် ရှိနေ ခဲ့သည်။
ထိုသူမှာ ကာကွယ်သူ မက်မွန် ဖြစ်ပြီး၊ ဘိုးဘေး ကမ္ဗည်း ပြားများ ထားရာ စင်မြင့် ရှေ့တွင် နံသာ တိုင်များ ထွန်းညှိ နေသည်။
ခြေသံကြောင့် ပြုံးကာ၊ လှည့်ကြည့်သည်။
“ မင်းထွက် သွားဖို့၊ ပြင်ဆင် နေတာ ငါ ကြားတယ်။ ”
“ ဟုတ် ကဲ့ … ။ ”
လင်းယွန်က ပြန်ဖြေသည်။ ကာကွယ်သူ မက်မွန်က ပြုံးပြုံး ရွှင်ရွှင်ဖြင့် အနား လျှောက်လာကာ၊
“ မဟာချင် အင်ပါယာရဲ့ မျိုးဆက် သစ်တွေ ကြားမှာ၊ မင်း အတွက် ပြိုင်ဘက် မရှိ တော့ပါဘူး၊ ငါ မင်းကို ဒီခေါ် လိုက်တာက၊ ကိစ္စ နှစ်ခု ရှိလို့ပဲ။ ”
စိတ်ဝင် စားခြင်း ရှိမရှိ အကဲ ခတ်ရန်၊ ကာကွယ်သူ မက်မွန်က စကား ခဏ ရပ်ပြီး၊ လင်းယွန်ကို ကြည့်လိုက်၏။
“ ... ဒါက မင်းကို နည်းနည်းတော့ စိတ်လှုပ်ရှား စေတယ် မဟုတ်လား၊ ကောင်းပြီ သေချာ နားထောင်ပါ၊ ပထမဆုံး အနေ နဲ့ တမန်တော် ပေးတဲ့၊ ဆုလာဘ် ကိစ္စပဲ၊ … ”
“ … လွန်ခဲ့တဲ့ ရက် အနည်းငယ် တည်းက၊ ရောက်လာ ပေမယ့် မင်းက၊ ကျင့်ကြံ နေတာ ကြောင့်၊ မနှောက်ယှက် ဖို့ ဆုံးဖြတ် လိုက်တယ်၊ ရော့ …. ”
ဖောင်းကြွ များဖြင့် ရုပ်လုံးဖော် ထားသော သေတ္တာ တစ်လုံးကို၊ ကာကွယ်သူ မက်မွန်က လွှဲပြောင်း ပေး လာသည်။
သေတ္တာကို လက်ခံ ယူနေသော၊ လင်းယွန် မျက်နှာမှာ လေးလံ လွန်းသော ဝန်ကြောင့်၊ အမူ အရာ ပြောင်းလဲ သွားသည်။
အံ့ဩ စိတ်ဖြင့် မဆိုင်း မတွ ဖွင့်ကြည့် လိုက်၏။
စူးရဲ တောက်ပ နေသော အလင်း တန်းများ နှင့်အတူ၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း များအား တွေ့လိုက် ရသည်။
မျက်စိ ကျိန်းလွန်းသော အလင်း များကို လက် ဖမိုးဖြင့် အုပ်ကွယ်ကာ၊ သေချာအောင် ထပ်ကြည့် လိုက်၏။
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ….
စုစုပေါင်း တတိယတန်း ဝိညာဉ် ကျောက်စိမ်း အရေ အတွက်ပေါင်း၊ ဆယ်လုံး တိတိ ရှိလေသည်။
“ ဒါ … ”
လင်းယွန် အသံက တုန်လှုပ် သွားသည်။
“ ... ဒါက ဆုလာဘ်လို့ ငါ မထင်ဘူး။ ”
ပြိုင်ပွဲ ဆုလာဘ်မှာ၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များသာ ဖြစ်ကြောင်း၊ သတိရ မိသည်။
တတိယတန်း ဝိညာဉ် ကျောက်စိမ်း များ မှာမူ၊ မယုံနိုင် လောက်အောင် တန်ဖိုး ရှိလေသည်။
နက်နဲ သိုင်း နယ်ပယ်တွင်၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း များဖြင့်၊ နက်နဲ သွေးပြန်ကြော တစ်ခုအား၊ ဖွဲ့တည် နိုင်သည်။ ထို့ကြောင့် တွေဝေ အံ့ဩ သွားခြင်း ဖြစ်၏။
“ ယူပါ ... ဒါက မင်း အတွက် အထူး ဆုလာဘ် ပဲ၊ နောက်ဆုံး အနေနဲ့၊ ငရဲ လမ်းကို အောင်မြင် ခဲ့တဲ့ မင်းအတွက်၊ ရသင့်တယ် မလား။ ”
ကာကွယ်သူ မက်မွန်က၊ ဂုဏ်ယူ စွာဖြင့် လင်းယွန်အား ကြည့်ကာ ဆိုလာသည်။
“ တစ်ဝက်ပဲ ယူမယ် ကျန်တာတွေ၊ လက်ခံ ပေးပါ။ ”
“ ဟား … ဟား … ဟား …၊ မင်းငါ့ကို တတိယတန်း ဝိညာဉ် ကျောက်စိမ်း၊ ငါးတုံး လောက်တောင် မချမ်းသာ ဖူးလို့ ထင်နေလား၊ အဲဒါ အတွက် စိတ်မပူ ပါနဲ့ ယူလိုက်ပါ။ ”
ကာကွယ်သူ မက်မွန်က သူ့လက်ကို ဝှေ့ယမ်းပြီး၊ ရွှေရောင် သံကြိုး တစ်ချောင်းကို ထုတ်ယူ လိုက်ပြန်သည်။
“ ဒါက အဆင့်နိမ့် စကြာဝဠာ လက်ရာ တစ်ခုပဲ၊ အဆင့်နိမ့် ဆိုပေ မယ့်လည်း၊ စကြာဝဠာ အဆင့် ကာကွယ်ရေး လက်နက် တွေက ရှားပါး လွန်းတယ်၊ …”
“ … သူရဲ့ တန်ဖိုးက၊ မင်းရဲ့ ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ် ထက် မနိမ့် ပါဘူး။ ”
ထို့နောက် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ ၊
“ ဒါက ‘ပုန်းကွယ် နဂါး တံဆိပ်’ ပြားလို့ ခေါ်တယ်၊ အခု ကစ... နောက် တစ်နှစ်မှာ ‘သွေးစွန်းသော ဧည့်ခံပွဲ’ ကျင်းပ လိမ့်မယ်၊ ဒါကို ကောင်းကောင်း သိမ်းထားပါ၊ ... ”
ထိုသင်္ကေတ အပြင်၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၁၀,၀၀၀) ကိုလည်း၊ ထပ်မံ ပေးအပ် လာခဲ့သည်။
“ ကောင်းပြီ၊ နောက် တစ်ခုက .... ”
ကာကွယ်သူ မက်မွန် မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ တဖြည်းဖြည်း ပျောက်ကွယ် သွား ပြီးနောက် လေးနက် မှုများ အစားထိုး ဝင်ရောက် လာသည်။
“ လင်းယွန် ၊ ... ငါ မင်းကို အရင်က ကတိ တစ်ခု၊ ပေးခဲ့ တာကို မှတ်မိ သေးလား၊ ငါမင်းကို သခင့်ဓား အပြည့် အစုံကို အခု ပေးမယ်။ ”
ကာကွယ်သူ မက်မွန် စကားကြောင့် လင်းယွန်၏ နှလုံးသားမှာ တဆက်ဆက် ခုန် လာ လေသည်။
သခင့်ဓားတွင် ဓားချက် တစ်ချက် မျှသာ ရှိသော် လည်း၊ ၎င်း၏ စွမ်းအားမှာ လင်းယွန် စိတ်ကူးကို ကျော်လွန် သွားခဲ့သည်။
လဝက် အတွင်း သာမန် ဓား နည်းစနစ် တစ်ခုကို အလယ် အလတ်၊ ကျွမ်းကျင်မှု အဆင့် အထိ ရောက်ရှိ နိုင်သည်။ သခင့်ဓား မှာမူ မရရှိ နိုင်ပေ။
“ ငါမှတ်မိ တယ်၊ ငါ့ ရဲ့ ကျင့်ကြံ မှုသာ လုံလောက် အောင် သန်မာ လာရင်၊ သခင့်ဓား အပြည့် အစုံကို ပေးမယ်လို့၊ ကတိပေး ခဲ့ဖူး ပါတယ်။ "
လင်းယွန်က ပြန်ဖြေ လိုက်သည်။ ကာကွယ်သူ မက်မွန်က ခေါင်းညိတ် လိုက်ပြီး၊
“ သခင့်ဓားက မြေကြီး အဆင့် ဓားရေး တစ်ရပ်ပဲ၊ မဟာချင် အင်ပါယာ မှာသာ မကဘူး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး တစ်ခု လုံးမှာတောင်၊ ရှာတေွ့ဖို့ ခက်လိမ့်မယ်။ ”
ကာကွယ်သူ မက်မွန်၏၊ ရှင်းပြ မှုကြောင့်၊ လင်းယွန်က မျက်ခုံး ပင့်လိုက် မိသည်။
မဟာချင် အင်ပါယာတွင် ဖြစ်ကောင်း ဖြစ်နိုင် သော်လည်း၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး အတွင်း မှာမူ၊ မဖြစ် နိုင်ပေ။
ကာကွယ်သူ မက်မွန်မှာ အနည်းငယ် ချဲ့ကားရာ ရောက်နေ ပေသည်။
“ မင်း ဘာတွေ တွေးနေလဲ ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် မင်း မသိ သေးတာက၊ ငါတို့ ဘိုးဘေး ဂျင်ဝူမင် ရဲ့ ဓားပဲ၊ .... ”
သူ့ အတွေးကို မြင်သွား သကဲ့သို့၊ ကာကွယ်သူ မက်မွန်က ဆိုလာသည်။
တစ်ချိန်တည်း မှာပင် မျက်ဝန်း များ၌ လေးစား ကိုးကွယ် လိုသော အရိပ် အယောင်များ ထင်ဟပ် လာပြီး၊
“ ... ဓားနန်းတော်ရဲ့ ဘိုးဘေး ဂျင်ဝူမင်က ၊ မဟာချင် အင်ပါယာ မှာသာ မကဘူး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခု လုံးမှာပါ၊ ကျော်ကြားတဲ့ လူ တစ်ယောက်ပါ .... ”
“ .. သူက ဓားဂိုဏ်းရဲ့ အမွေခံ တပည့်တွေ ထဲက တစ်ယောက် ဖြစ်ပြီး၊ သခင်ဓား ကတော့ ဓားဂိုဏ်းရဲ့ ‘ဓားရေး ကိုးရပ်’ ထဲက တစ်ရပ်ပဲ ။ ”
“ ဓား ဂိုဏ်း ...”
လင်းယွန်က အံ့ဩ သွားသည်။ နာမည် ကြားရုံ ဖြင့်ပင်၊ သူ့ ရင်ထဲ ထက်ရှသော ခံစား ချက်များ ဝင်ရောက် လာတော့သည်။
“ ဟုတ်တယ်၊ ဓားဂိုဏ်း ဆိုတာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရဲ့၊ ရှေး အကျဆုံး ဂိုဏ်း တစ်ဂိုဏ်းပဲ၊ ဖျက်ဆီး ခံခဲ့ရ ပြီးတဲ့ နောက်တော့၊ ‘လျှို့ဝှက် ဓားဂိတ်’ အဖြစ်သာ ရှင်သန် နိုင်တော့တယ်၊ ... ”
“ ... အဲ့ဒီ လျှို့ဝှက် ဓားဂိတ်က၊ ဓားဂိုဏ်းရဲ့ ဆယ်ပုံ တစ်ပုံ မျှသာ အစွမ်း ထက်တော့ ပေမဲ့၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ၊ အုပ်စိုး ထားနိုင် တုန်းပါပဲ၊ ”
လျှို့ဝှက် ဓားဂိတ်မှာ ဓားဂိုဏ်း၏ အစွယ် အပွား မျှသာ ဖြစ်သော်လည်း၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေရှိ၊ အုပ်စိုးရှင် ကိုးဦး အနက်မှ တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။
“ ဘယ်လောက် တောင် ထက်ရှ လိုက်တဲ့ ဓားတွေလဲ။ ”
လင်းယွန်က ထိတ်လန့်စွာ ညည်းတွား မိသွားပြီး၊ သခင့်ဓား အပေါ် အမြင် သစ်ဖြင့် ရှုမြင် လာသည်။
" သခင့်ဓားက အစွမ်း ထက်လွန်း တာကြောင့်၊ မြင့်မားတဲ့ လိုအပ် ချက် ရှိတယ်၊ လူ တော်တော် များများက၊ အဲဒါကို သင်ယူဖို့ ကြိုးစား ရင်းနဲ့၊ နှလုံး ဖောက်ပြန် ကုန်ကြ တယ်၊ အသုံးချ နိုင်တဲ့သူ မရှိ သလောက် ပါပဲ …။ ”
ကာကွယ်သူ မက်မွန်က သက်ပြင်းချ လိုက်သည်။ သည်ဓားရေး အပေါ် ကျင့်ကြံ နိုင်သူ၊ များများ စားစား မရှိ သည်မှာ၊ နှမျော စရာ ကောင်းပေ၏။
“ ပထမ ပုံစံကို ကောင်းကောင်း သင်ယူပြီး ပေမယ့်၊ သတိထား ကျင့်ကြံပါ၊ ငါတို့ ဘိုးဘေးတွေ အားလုံး၊ ဒီဓားရေးမှာ တစ်ခုခု ချို့တဲ့ နေတယ်လို့ ခံစား ခဲ့ရတယ်၊ ... ”
ဆိုလို သည်မှာ ကျင့်ကြံရ ခက်ခဲ မည်ဟု အဓိပ္ပါယ် ရလေသည်။
ကျောက်စိမ်း မှတ်တမ်း တစ်ခု ပေးအပ် လိုက် ပြီးနောက်၊ လေးနက်သော အမူ အရာဖြင့်၊ ကာကွယ်သူ မက်မွန်က သတိပေး လာသည်။
( တစ်ခုခု လွဲနေ တာလား... )
လင်းယွန် သည်လည်း ထိုသို့ တူညီသော အရာကို ခံစား နိုင်ခဲ့သည်။ ယင်းမှာ အဓိပ္ပာယ် ရှိစေ၏။
“ သခင့်ဓားမှာ စုစုပေါင်း ဓားချက် ကိုးချက် ရှိတယ်၊ ဒီဓားချက် တွေကို တစ်ခုချင်း သုံးနိုင် သလို ပေါင်းစပ် ပြီးလဲ သုံးနိုင်တယ်၊ .. ”
“ ... ဒါပေမယ့် တွန်းအား ပေးဖို့ တော့ မကြိုးစား ပါနဲ့၊ ကျင့်ကြံ နေတုန်း နှလုံးဖောက် ပြန်ရင်၊ ရလာဒ်က အရမ်း ကြေက်စရာ ကောင်းလိမ့်မယ်။ ”
“ နားလည် ပါပြီ။ ”
လင်းယွန်က ပြန်ဖြေသည်။
“ ကောင်းပြီ၊ အခုက စပြီး တစ်နှစ် အကြာမှာ၊ သွေးစွန်းသော ဧည့်ခံပွဲ ကျင်းပ လိမ့်မယ်၊ အဲဒီ ကျရင် မင်း ဘယ်လောက် အထိ ဖျော်ဖြေ နိုင်မလဲ ဆိုတာ၊ ငါ သိချင် ပါသေးတယ်။ ”
“ သွေးစွန်းသော ဧည့်ခံပွဲမှာ၊ ဂိုဏ်းကို ငါ အရှက် ရစေမှာ မဟုတ် ပါဘူး။ ”
လင်းယွန်က လေးနက်စွာ ပြန်ဖြေ သည်။ ဦးတည် ချက်မဲ့သော ခရီး တစ်ခုကို ထွက်ခွာ တော့မည် ဖြစ်ရာ ဂိုဏ်း အနေနှင့်၊ ဤမှျ အဖိုး တန်သော ဓားရေး တစ်ရပ်ကို၊ ယုံယုံ ကြည်ကြည်ဖြင့် လွှဲပေး ရဲပေသည်။
ဆိုလို သည်မှာ လင်းယွန်သည် သူတို့၏ မျှော်လင့်ချက် ဖြစ်ကြောင်း၊ ပြသ လာခြင်း ဖြစ်သည်။
လင်းယွန် ထွက်ခွာသွား ပြီးနောက်၊ ခန်းမ အပြင် ဘက်၌ ပုံရိပ် နှစ်ရိပ် ထွက်ပေါ် လာသည်။
ထိုရုပ်ပုံ များမှာ သခင် ဆယ့်သုံးနှင့်၊ နန်းတော် သခင် တို့ဖြစ်ပြီး၊ ၎င်းတို့ နှစ်ဦး စလုံးမှာ လေးနက်သော အမူ အရာများ ထုတ်ဖော် ထားလေသည်။
“ ခရမ်းရောင် နန်းတော် နယ်မြေကို မရောက်ခင်၊ ရှန်ရှင်း ဓားကို ဆုပ်ကိုင် နိုင်ခဲ့ တာကြောင့် ၊ သူ့ရဲ့ အရည် အချင်းက သခင့်ဓားကို လေ့ကျင်ဖို့ လုံလောက် သင့်ပါတယ်။ ”
“ ဒါပေမယ့် ငါတို့ နှစ်ယောက် စလုံး၊ အဲဒီ တုန်းက သွေးစွန်းသော ဧည့်ခံ ပွဲမှာ၊ ဆိုးဆိုး ရွားရွား ရှုံးနိမ့် ခဲ့တယ် မဟုတ်လား၊ သူ ဘယ်လောက် ထိ သွားနိုင် မလဲ ဆိုတာကို၊ သိချင် နေတာတော့ အမှန် ပါပဲ …။ ”
“ ပြိုင်ပွဲက ဘယ်လောက်တောင် ရက်စက် ကြမ်းကြုတ် လိုက်လဲ ဆိုတာ၊ ဘယ်သူမှ မသိ ကြဘူး ...။ ”
နှစ်ဦးသား အတိတ်ကို သတိ ရသွား ဟန်ဖြင့် နစ်မျော တိတ်ဆိတ် သွားတော့သည်။
အခြား တစ်ဖက်တွင်၊ လင်းယွန်က သခင့်ဓားကို လေ့ကျင့်ရန် အလျင် မလို ခဲ့ပေ။
ရတနာ တောင်ကုန်းသို့ ပြန်ရောက် သည်နှင့်၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်းကို ထုတ်ယူကာ၊ သန့်စင်ရန် အတွက် ဓား သုတ္တန်အား၊ စတင် ဖြန့်ဝေ လိုက်သည်။
ယခု သူ လုပ်ရမည့် အရာမှာ၊ မူလ စွမ်းအင် များကို ဓားရောင်ဝါ အဖြစ်သို့၊ ပြောင်းလဲ ပစ်ရန် ဖြစ်သည်။
ဓားသုတ္တန်သည် အခြားသော ကျင့်ကြံမှု နည်းစနစ် များနှင့် မတူပေ။ ၎င်း၏ မူလ စွမ်းအင် သိပ်သည်း ဆမှာ၊ အခြားသော မူလ စွမ်းအင်ထက် များစွာ၊ အားကောင်း ပေ၏။
ထို့အပြင် လင်းယွန်မှာ ရည်မှန်းချက် ကြီးလေသည်။ ခရမ်းရောင် နန်းတော် နယ်မြေသို့ မရောက် ရှိမီ၊ ၎င်း၏ မူလ စွမ်းအင် များကို ဓား ရောင်ဝါ အဖြစ်၊ ပြန်လည် သန့်စင် လိုခဲ့သည်။
လွယ်ကူသည့် လုပ်ငန်းစဉ် တစ်ရပ် မဟုတ် သော်လည်း၊ အောင်မြင် ခဲ့ ပါက၊ အကျိုး အမြတ်မှာ မှန်းဆ မရ နိုင်ကြောင်း၊ သူပြော နိုင်သည်။
သုံးရက် အကြာတွင်၊ စွမ်းအင် စက်ဝန်း တစ်ကြိမ် ပြီးမြောက် သွားသောကြောင့်၊ မျက်လုံး များကို ဖြည်းညှင်းစွာ ဖွင့် လိုက်သည်။
နဖူးမှ ချွေးသီးများ စီးကျ နေပြီး၊ မောပန်း နွမ်းနယ် လာ သော်လည်း၊ မျက်ဝန်းများ အတွင်း၌၊ စိတ်အား ထက်သန် ခြင်းများ၊ တဖွားဖွား ဖြစ်ပေါ် နေပေသည်။
“ မဆိုး ပါဘူး၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း တစ်လုံးက၊ ငါ့မူလ စွမ်းအင်ရဲ့ ဆယ်ပုံ တစ်ပုံကို ပြောင်းလဲ ပေးနိုင်တယ်။ ”
သူ့လက် ထဲက တတိယတန်း ဝိညာဉ် ကျောက်စိမ်းမှာ ပြာ အဖြစ်သို့၊ ပြောင်းလဲ သွား သော်လည်း၊ ပြုံးလိုက် မိသည်။
ဤသည်မှာ အစ မျှသာ ဖြစ်ပြီး၊ နောက်ပိုင်း ကာလ များတွင် သည့်ထက် ပိုမြန် နိုင်၏။
“ ကောင်းပြီ၊ သွားဖို့ အချိန် ကျပြီ။ ”
လင်းယွန်က ကောင်းကင်ကို မော့ကြည့်ကာ၊ တစ်ဦးတည်း ရေရွတ် လိုက်လေသည်။
မဟာချင် အင်ပါယာမှ ထွက်ခွာရန် ဆန္ဒ မရှိသေး သော်လည်း၊ ကျင့်ကြံ မှုတွင် ပိုမို တိုးတက် စေရန် အတွက်၊ ခရီးကြမ်း တစ်ခု လိုအပ် နေပေသည်။
စားပွဲ ပေါ်တွင် စာ တစ်စောင် တင်လိုက် ပြီးနောက်၊ သက်ပြင်း ချလိုက်သည်။ သူ့တွင် ရှုပ်ထွေး ပွေလီသော ခံစားချက် များဖြင့်၊ ပြည့်နှက် နေေပပြီ။
ဤသို့ ရုတ်တရက် ထွက်ခွာ သွားမှု အတွက်၊ လူတိုင်းက နားလည် ပေးနိုင် မည်ဟု သူ ထင်သည်။
“ တစ်နှစ် အကြာမှာ ပြန်တွေ့ ကြမယ်။ ”
စာတို လေးကို စားပွဲပေါ် တင်ကာ၊ ထွက်ခွာရန် ပြင်ဆင် လိုက်သည် ။
သည့်နောက် နဂါးသွေး မြင်းကို စီးလျက်၊ ရတနာ တောင်ကုန်း ထက်မှ၊ တဟုန်ထိုး ပြေးဆင်း လိုက်တော့သည်။
သို့သော် မြင်းဖြူ တစ်ကောင်က၊ သူ့ရှေ့ ရုတ်တရက် ပိတ်ဆို့ လာလေသည်။
အဆိုပါ မြင်းဖြူမှာ အချိန် အတော်ကြာ စောင့်ဆိုင်း နေရ ဟန်ဖြင့်၊ ဟစ်သံပြု ‘ကဆုန် ပေါက်’ လိုက်၏။
ဦးခေါင်းကို ပုဝါစဖြင့် ဖုံးကွယ် ထားသော အမျိုး သမီး တစ်ဦး၊ မြင်းဖြူ ပေါ်တွင် စီးနင်း လိုက်ပါ လာလေသည်။
ထို အမျိုးသမီးမှာ၊ သဘာဝ အတိုင်း ရှင်းယန် ဖြစ်၏။
“ စီနီယာ အစ်မ ... ”
မလုံ မလဲဖြင့် နှုတ်ဆက် လိုက်သော်လည်း၊ ရှင်းယန်က ကြီးစိုး နိုင်လွန်း သော အမူ အရာဖြင့်၊ စိုက်ကြည့် လာခဲ့သည်။
“ ဂျူနီယာ မောင်လေး၊ မင်း ထွက်သွားမယ့် အကြောင်း၊ ငါတို့ ထဲက တစ်ယောက် ယောက်ကို ပြောခဲ့ ဖူးလား။ ”
-ဟု မေးမြန်း လာခဲ့ လေသည်။
“ စီနီယာ အစ်ကိုလင်း ...၊ ငါတို့ မင်းကို လိုက်ပို့ တာပါ။ ”
ရုတ်တရက်၊ အော်ဟစ်သံ များနှင့် အတူ၊ မရေ မတွက် နိုင်သော မြင်းများ၊ အဘက် ဘက်မှ ထွက်ပေါ် လာတော့သည်။
***