အဲဒီမှာ ရပ် ... ။
Vol. 34 Ch. 475
“ စီနီယာ အစ်ကိုလင်း ...၊ ငါတို့ မင်းကို လိုက်ပို့ တာပါ။ ”
ရုတ်တရက်၊ အော်ဟစ်သံ များနှင့် အတူ၊ မရေ မတွက် နိုင်သော မြင်းများ၊ အဘက် ဘက်မှ ထွက်ပေါ် လာတော့သည်။
သူ့ကို လိုက်ပို့သော သူများကို မြင်လိုက် ရသောကြောင့်၊ နွေးထွေး မှုများ ခံစား လိုက်ရသည်။
ဓားနန်းတော်ကို စရောက် သည့် အချိန်၌၊ ဂျူနီယာ ညီလေးဟု၊ လူတိုင်းက ခေါ်ကြပြီး၊ အထက် တန်းစား မဟာမိတ် အဖွဲ့ လက်မှ၊ ကြက်ပေါက် ကလေး တစ်ကောင်လို၊ ကာကွယ် ပေးခဲ့သည်။
ယခုမူ၊ အထက် တန်းစား ပြည်နယ် ပြိုကွဲ သွားခဲ့ပြီး၊ တစ်ချိန်က ၎င်းတို့ ကာကွယ် ပေးခဲ့သည့် ကြက်ပေါက် ကလေးမှာ၊ နဂါး တံခါး ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်လာ တော့၏။
တစ်ချိန် တည်းမှာပင် သူတို့၏ စီနီယာ အစ်ကို အဖြစ်သို့၊ ပြောင်းလဲ သတ်မှတ် လိုက်ကြသည်။
“ မင်းက သေမင်း ဖိတ်ခေါ် နေတာပဲ။ ”
ရှင်းယန်က လင်းယွန်ကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
သူ့တွင် အပြစ် ရှိမှန်း သိနေသော လင်းယွန်က၊ မျက်နှာချို သွေးဟန်ဖြင့် ပြုံးပြ လိုက်ပြီး၊
“ စီနီယာ အစ်မ ...၊ မင်း ဒီနေ့ အရမ်း လှတယ်။ ”
“ ကျွတ် ... ငါ ဘယ်တုန်းက မလှ တာရှိလဲ ... ဟမ့်၊... ”
ရှင်းယန်က သူ့ စကား သူ သဘောကျ သွားပြီး၊ မျက်စိ တစ်ဖက် မှိတ်ပြကာ၊ တခစ်ခစ် ရယ်မော လိုက်၏။ ပြီး၊
“ ဒါက ဘာ ... အဓိပ္ပါယ်လဲ၊ မင်းက ငါ့ကို သဘော ကျနေလား၊ နောက် တစ်ကြိမ် ထပ်မြှောက် ပြောရင် ငါ စဉ်းစားမယ်၊ ဘယ်လိုလဲ။ ”
“ ဘာကို စဉ်းစား မှာလဲ။ ”
လင်းယွန်က 'နား မလည်ဟန်' ဟန်ဆောင် လိုက်သည်။
“ မင်း က များ .... ”
ထို့ကြောင့် ရှင်းယန် တစ်ယောက် ရယ်မော လိုက်ပြီး၊ လင်းယွန်ကို မြင်းရိုက် နှင်တံဖြင့် လှမ်းရိုက်၏။ လင်းယွန်က ကြာပွတ်ကို ဖမ်းဆွဲ ကိုင်ကာ၊
“ ကောင်မလေး၊ ဒီစီနီယာ အစ်ကိုကို ရိုက်ဖို့တောင် သတ္တိ ရှိတယ်လား။ ”
-ဟု ဆိုလျက် ရုတ်တရက် ဆွဲယူ လိုက်ရာ၊ ကြာပွတ်နှင့် အတူ ရှင်းယန်က၊ လိုက်ပါ လာသည်။
မြင်းပေါ် လွင့်ပါ လာသော ရှင်းယန်ကို ကြည့်ကာ၊ အံ့အားသင့် သွားပြီး၊ အလျင် အမြန် ဖမ်းယူ လိုက်ရ၏။
သူ့ ခွန်အားမှာ ယခင် ကထက်၊ များစွာ မြင့်မား လာသည်ကို၊ မေ့လျော့ သွားမိခြင်း ဖြစ်သည်။
နဂါးသွေး မြင်း ပေါ်၌ ရှင်းယန် လက်များက၊ လင်းယွန် လည်ပင်းကို သိုင်းဖက်လျက်၊ အနေထား ကြောင့်၊ ပတ်ဝန်း ကျင်မှာ ရုတ်တရက် တိတ်ဆိတ် သွားလေသည်။
ရှင်းယန် မျက်နှာ ပေါ်ရှိ၊ ရှက်ရွံ့ မှုကို တွေ့လိုက် ရသော အခါ၊ လူတိုင်းက အံ့အားသင့် ကုန်၏။
“ အိုး ... ရှစ်ထ် ... ”
လီဝူယုက သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ၊ မထင်မှတ် ထားသော စကားစုကို ၊ အော်ဟစ် လိုက်သည်။
“ နမ်း .... ၊ နမ်း .... ၊ နမ်း .... ”
သူ့ အော်သံကြောင့် လူအုပ် ကြီးက၊ အနည်းငယ် မှင်တက် သွား သော်လည်း၊ ချက်ချင်းပင် ပြုံးရယ်လာ ကြသည်။
“ နမ်း .... ”
“ နမ်း ...... ”
ထို့နောက်တွင် လူတိုင်းက လီဝူယု ကဲ့သို့၊ စိတ် လှုပ်ရှားစွာ အော်ဟစ် လိုက်တော့၏။
ရှင်းယန်နှင့် လင်းယွန် တို့ကြား ဆက်ဆံ ရေးသည်၊ မောင်နှမ များ ကဲ့သို့ ဖြူစင်ကြောင်း၊ သူတို့ သိသည်။
သို့သော် သူစိမ်း နှစ်ယောက်ကြား၊ နောက် တစ်ဆင့်သို့ မတက်လှမ်း နိုင်ဟု၊ မည်သူမျှ အာမ မခံ နိုင်ပေ။
“ နမ်း .....နမ်း နမ်း ”
ထို့ကြောင့် ဤ မြင်ကွင်းသည်၊ သူတို့အား ရုတ်တရက် ရင်ခုန် သွားစေ၏။
သွေး နှင်းဆီကို အမှန် တကယ် လက်လွှတ် ရမည် ဆိုသော်၊ လင်းယွန်နှင့် ဆိုပါက လက်ခံ နိုင်ပေမည် ။
မောက်မာသော ကောင်လေး လက်တွင်၊ ပို၍ လုံခြုံ နိုင်မည်ဟု ထင်၏။
“ မင်း ငါ့ကို အခု လွှတ်ပေး သင့်တယ် ထင်တယ်၊ ဒါမှ မဟုတ် တကယ် နမ်းမှာလား။ ”
'' နမ်း .....၊ နမ်း .... ၊ နမ်း ..... ''
ရှင်းယန်က အော်သံ များကြောင့်၊ မျက်နှာ တစ်ပြင်လုံး နီရဲ လာကာ၊ လင်းယွန်ကို စိုက်ကြည့်လျက် ဆိုလိုက်သည်။
“ စီနီယာ အစ်မ ... မင်းက ငါ့ကို ပွေ့ဖက် ထားမှတော့၊ မင်းကို ဘယ်လို လွှတ်ပေးရ မလဲ။ ”
လင်းယွန်က ကူကယ် ရာမဲ့ ဟန်ဖြင့် ပြုံးကာ၊ ပြန်ဖြေသည်။
“ မင်းရော ...၊ မင်း ပါးစပ်ရော ... ပျက်ချော် ချော်နဲ့ ... ။ ”
ရှင်းယန်က လင်းယွန် လည်ပင်းကို အားပြု လိုက်ပြီး၊ နောက်ကျောသို့ ရွှေ့ယူ လိုက်သည်။
“ သွား ... ”
ပြီးနောက် လင်းယွန်ကို ရင်ခွင်ထဲ ထားလျက် အနေ အထားဖြင့်၊ မြင်း ဇက်ကြိုးကို ဆွဲ လိုက်ရာ၊ နဂါးသွေး မြင်းက အလင်းတန်း အသွင်သို့ ပြောင်းလဲ သွားပြီး၊ လူတိုင်း၏ အမြင်မှ ပျောက်ကွယ် သွားခဲ့သည်။
“ သေစမ်း အဲဒီ လူ ယုတ်မာက၊ စီနီယာ အစ်မကို ခိုး သွားပြီ၊ … ငါ့ရင်တွေ နာလိုက်တာ၊ ... ”
လီဝူယုက အော်ဟစ် ညည်းညူ လိုက်၏။
“ စောစောက နမ်းဖို့၊ အသံ အကျယ်ကြီးနဲ့၊ အရင်ဆုံး အော်နေတာ၊ မင်း မဟုတ် ဖူးလား။ ”
မိုချန်းက လီဝူယု အမူ အယာကို အမြင် ကပ်စွာ ဝေဖန် လိုက်သည်။
“ ဒါ ... ဒါပေမယ့် ငါ့ နှလုံး သားက နာကျင် နေတုန်းပဲ…”
လီဝူယုက အလျော့ မပေးဘဲ၊ ရင်ဘက်ကို အုပ်ကိုင်ကာ ရှုံ့မဲ့ ပြလာ၏။
“ ဟား ဟား ဟား၊ သွား ရ အောင်... ပြန်ကြမယ်။ '”
မိုချန်းက ရယ်မောကာ ဆိုသည်။ သူ့ကိုယ်သူ လီဝူယု ကဲ့သို့ အရူး တစ်ယောက်နှင့်၊ အချိန် မဖြုန်းလို တော့ဘဲ၊ ရတနာ တောင်ကုန်း အဖွဲ့သား များကို ခေါ်ကာ၊ ဓားနန်းတော်ထံ ပြန်သွား တော့သည်။
ပတ်ဝန်း ကျင်၌ မှောင်ရိပ် သန်းလာသော အခါတွင်၊ နဂါးသွေး မြင်းက အရှိန် လျော့ချ လာသည်။
လင်းယွန်နှင့် ရှင်းယန် တို့မှာ၊ စားများ ပြော မကုန်အောင် တစ်လမ်းလုံး ဖောင်ဖွဲ့ လာခဲ့၏။
“ စီနီယာ အစ်မ၊ မင်း ... မပြန် ဖူးလား။ ”
ရှင်းယန်၏ နူးအိ နေသော အသားစိုင် များကြောင့်၊ သူ ထိတ်လန့်စ ပြုလာကာ၊ စကား လမ်းကြောင်း ပြောင်းရန်၊ ကြိုးစား လိုက်သည်။
“ ငါ မင်းနဲ့ အတူ ကမ္ဘာကို ခရီး ထွက်မယ်။ ”
၎င်းကို လျစ်လျူ ရှုလျက်၊ ရှင်းယန်က မျက်စိ မှိတ်ပြ လာသည်။ လင်းယွန် မျက်နှာ ပေါ်ရှိ ပြောင်းလဲ လာသော၊ စိတ်ရိုင်း များကို မြင်သည်နှင့်၊ ကြေနပ်စွာ ရယ်မော လိုက်သည်။
“ ခစ် ... ခစ် ခစ် ကောင်းပြီ၊ ငါ မင်းကို မကစား တော့ပါဘူး၊ ‘ရီ’ မျိုးနွယ်က လွတ်လပ် သွားပြီ ဆိုတော့၊ အင်ပါယာမှာ နောက်ဆံငင် နေစရာ ဘာမှ မရှိ တော့တဲ့ အတွက်၊ အပြင် ထွက်ပြီး ကမ္ဘာ ကြီးကို ကြည့်ဖို့ ရည်ရွယ် ထားတယ်။ "
“ ဒါဆို ငါတို့ အချိန် အချို့တော့ အတူ ရှိနေ မှာပါ။ ”
လင်းယွန်က ပြုံးလျက် ဆိုသည်။
“ အဲဒီမှာ လူဆိုးတွေ အများကြီး ရှိတယ်၊ ပြီး ငါက အရမ်း လှတော့ ... ”
ရှင်းယန်က အဓိပ္ပါယ် ပါပါ မျက်ခုံး ပင့်လျက်၊ လင်းယွန်ကို လှမ်းကြည့်၏။
“ ငါ့ ဓားက မင်းကို ကာကွယ် ပေးမှာပါ။ ”
လင်းယွန်က ခေါင်းညိတ်ကာ ရှင်းယန် စကားကို၊ ယုံကြည်ချက် အပြည့်ဖြင့် ဖြည့်စွက် လိုက်သည်။
“ မင်း ရော... မင်း ပါးစပ်ရော နောက်တစ်ကြိမ် ပျက်ချော်ချော် ပြောပြန်ပြီ။ ”
ကြေနပ် သွားသော အပြုံးဖြင့် ရှင်းယန်က ငြိမ်သက် သွားသည်။ သူမ အလှကို အမှောင် ထုက၊ ဖုံးကွယ်ထား နိုင်ခြင်း မရှိ ခဲ့ပေ။
စကား စမြည်များ ဆက်လက် ပြောဆို နေကြစဉ်၊ ကောင်းကင် ကြီးမှာ တဖြည်းဖြည်း မှောင်လာ တော့၏။
ရတနာ တောင်ကုန်းတွင် နေထိုင် ခဲ့သော အချိန် များနှင့်၊ ၎င်းတို့၏ အတိတ် အကြောင်း များကို စာမြုံ့ပြန် ပြောဆို မိကြသည်။
စကား ပြောစဉ် တစ်လျှောက်လုံး ရှင်းယန်က၊ လူသစ် တစ်ယောက်လို ပြုံးရယ် နေခဲ့၏။
သူ့ကိုယ်သူ ရီရှင်းယန် ဖြစ်ကြောင်းလည်း၊ မကြာ မကြာ ထည့်သွင်း ပြောဆို တက်ပေသည်။
သို့သော် မနက် အလင်း ရောက်သည်နှင့်၊ တစ်စုံ တစ်ရာ လွဲချော် နေပြီဟု၊ လင်းယွန်က ခံစား လိုက်ရသည်။
ခေါင်းကို မော့ကာ ကောင်းကင်အား၊ ကြည့်လိုက် သည်။ အမည် မသိသော ခံစား ချက် များက၊ သူ့ကို အနှောက် အယှက် ပေးနေ ခဲ့၏။
ရှင်းယန် အနေဖြင့် ယင်းကို သတိ ထားမိ သွားကာ၊ မေးရန် ကြိုးစား လိုက်သော်လည်း၊ လင်းယွန်က အပြုံး ဖြင့်သာ တုန်ပြန် ခဲ့လေသည်။
သူ့စကား များကို လင်းယွန်က နှုတ်ဆိတ်ကာ၊ နားထောင် နေသော်လည်း၊ မကြာ ခဏ ဆိုသလို ကောင်းကင်အား စိုက်ကြည့် နေတက် ပေသည်။
ဒုတိယမြောက် နံနက် ခင်းတွင်၊ ရီရှင်းယန် နိုးလာ ချိန်၌၊ လင်းယွန် တစ်ယောက် မြစ်ကမ်း နံဘေး တစ်နေ ရာ၌၊ မျက်နှာ ဆေးကြော နေ သည်ကို၊ တွေ့လိုက် ရသည်။
အနား ရောက်လာ သည် အထိ၊ ရေ မျက်နှာ ပြင်တွင် ထင်ဟပ် နေသော၊ သူ့မျက်နှာ သူ စိုက်ကြည့် နေသည်အား၊ သတိထား မိသွားသည်။
“ မောင်လေး၊ ဒီနေ့က ဘာပွဲ ရှိလဲ သိလား။ ”
သူမ စကား သံကြောင့် လင်းယွန်က လန့်သွား ပုံရသည်။ မျက်နှာကို အမြန် ဆေးကြော လိုက်ပြီး၊ ပြန်လည် ပြုံးပြကာ၊
“ ဘာနေ့ လဲ။ ”
“ ဒီနေ့က ဖီးနစ် ပန်းကလေး နန်းတက်မဲ့ နေ့ပဲ၊ အိုး ... နေဦး အခုက စပြီး၊ မင်းသူ့ကို ဖီးနစ် ဧကရီလို့ ခေါ်ရ လိမ့်မယ်၊ ဘယ်လိုလဲ သွားကြည့် ချင်လား။ ”
ရှင်းယန်က လင်းယွန် မျက်နှာကို ဂရု တစိုက် ကြည့်ကာ ဆိုသည်။
ဖီးနစ် ပန်းကလေး နန်းတက် မည်ဟု ဆိုလိုက် ချိန်တွင်၊ လင်းယွန်၏ အပြုံးမှာ၊ ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။
“ မောင် လေး၊ မင်း ကိုယ့်ကိုကိုယ် လိမ်ချင် နေတာလား။ ”
သို့သော် ရှင်းယန်က အပြုံး မပျက် ခဲ့ပေ။ လင်းယွန် သည်သာ မျက်လုံးများ မှိတ်ချ လိုက်ပြီး၊ ခေတ္တမျှ ငြိမ်သက် သွားသည်။
“ စီနီယာ အစ် မ၊ ငါ… ”
“ လာ ... တက်။ ”
လင်းယွန်အား စကား ဆုံးအောင် ပြောခွင့် မပြု တော့ဘဲ၊ ရှင်းယန်က နဂါးသွေး မြင်းပေါ် ခုန်တက် လိုက်၏။
များ မကြာမီ ကြက်သွေးရောင် အလင်းတန်း ကြီးမှာ၊ လျှပ်စီး လက်သွား သကဲ့သို့၊ မြို့တော်ဆီ ဦးတည် သွားလေသည် ။
နှစ် နာရီခန့် ကြာသော အချိန်တွင်၊ မြို့တော်အား လှမ်းမြင် လိုက်ရသည်။
ဖီးနစ် ပန်းကလေး၏ နန်းတက် ပွဲကြောင့်၊ မြို့ အဝင် တံခါးပေါက် ရှေ့တွင်၊ တန်းစီ နေသော လူအုပ် ကြီးကို တမျှော် တခေါ်၊ တွေ့မြင် လိုက်ရသည်။
“ တန်းစီ တဲ့သူ တေွကို မနှောင့် ယှက်နဲ့၊ ခိုးဝင် သွားလိုက် ငါမင်းကို ဒီမှာပဲ စောင့်နေမယ်။ ”
“ အင်း ... ။ ”
လင်းယွန်က ခေါင်းညိတ် လိုက်ပြီး၊ မြို့ရိုးပေါ် ခုန်တက်ကာ၊ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။
နဂါးသွေး မြင်း ပေါ်တွင်၊ ကျန်ရစ် ခဲ့သော ရှင်းယန်က နှုတ်ခမ်း ကိုက်ပြီး၊ သူ့အား စိုက်ကြည့် နေ သည်ကို၊ သတိ မထား မိ လိုက်ပေ။
လက်ရှိ ခွန်အားဖြင့်၊ မြို့ရိုးကို ခုန်လွှား ရန်မှာ၊ သူ့ အတွက် ကိတ်မုန့် လှီးသလို၊ လွယ်ကူ၏။
နီးစပ်ရာ ခေါင်မိုး တစ်ခုပေါ်၊ ခုန်တက် လိုက်ပြီး၊ ခေါင်မိုးများ တစ်လျောက် ဆင့်ကာ ဆင့်ကာ၊ ခုန်ပေါက် ပြေးလွှား လိုက်ရာ၊ ခဏချင်း မှာပင်၊ အဝေးသို့ ရောက်ရှိ သွားသည်။
ထိုသို့ ပြေးလွှား နေစဉ် အတွင်း၊ မျက်နှာ ပေါ်၌ လေးနက်သော အမူ အရာကို ထုတ်ဖော် ထားသည်။
ယနေ့တွင် ဖီးနစ် ပန်းကလေး နန်းတက် မည်ကို မမေ့ ခဲ့ဘဲ၊ သူမအား မြင်လို ခဲ့သည်။
ချန်ပီယံ ဖြစ်ချိန်၌ သူမ ရောက်မလာ ခဲ့ခြင်း အပေါ်၊ နားမလည် ခဲ့ပေ။ ထို့ကြောင့် သူမ၏ မူလ အမှန်ကို၊ သူ သိချင် ခဲ့တယ်။
မျက်စိ ရှေ့တွင် ခမ်းနား ထည်ဝါသော နန်းတော် ကြီးတစ်ခု ထွက်ပေါ် လာမှသာ၊ ပြေးလွှား ခြင်းကို ရပ်တန့် လိုက်၏။
နန်းတော် အတွင်းမှ၊ အခမ်း အနား ကျင်းပ ရာတွင် တီးခတ် ရသော၊ ဂန္ထဝင် သံစဉ်များ ထွက်ပေါ် နေသည်။
နေရာ အနှံ့ အစောင့် အကြပ်များ၊ ဥဒဟို သွားလာ စောင့်ကြပ် နေပေသည်။
နန်းတော် အတွင်းရှိ နန်းရင်ပြင်ကို ကြည့်ရှုရန်၊ မြင့်မားသော အဆောက် အဦး တစ်ခု၏၊ ခေါင်မိုး ပေါ်သို့၊ ပြောင်းလဲ နေရာယူ လိုက်သည်။
သို့မှသာ နွှဲ့နှောင်း လှသော ပုံရိပ် လေးအား လှမ်းမြင် လိုက် ရသည်။
ဖီးနစ် ပန်း ကလေးက နန်းရင်ပြင် လှေကား ထစ်များ ပေါ်သို့၊ ဣနြေ္ဒ ကြီးစွာ တက်လှမ်း လိုက်၏။
ထိုလှေကား ထစ် များ၏ အဆုံးတွင်၊ မဟာချင် အင်ပါယာကို ကိုယ်စား ပြုသော၊ ရာဇ ပလ္လင် တစ်လုံး ရှိပေသည်။
ခေါင်မိုး ပေါ်တွင် ရပ်ကာ၊ သွားသင့် မသွား သင့်၊ ချီတုံ ချတုံ ဖြစ်လာသည်။
သူ့၌ သတ္တိ မရှိခြင်း ကဲ့သို့ မဟုတ်ဘဲ၊ လွှဲမှား မည်ကို စိုးရွံ့ သောကြောင့် ဖြစ်သည်။
သူထင် ထားသူ မဟုတ် ပါက၊ အားနာ စရာ ကောင်းပေမည်။
သို့သော် နောက်ဆုံးတွင် သွားရန် ဆုံးဖြတ် လိုက်သည်။
အခွင့် အရေး နည်းနည်းမျှ ရှိလျှင်ပင်၊ လက်လွှတ် မခံ ချင်ပေ။
ခေါင်မိုးကို ခြေဖျားဖြင့်၊ အသာ ပုတ်ပြီး နန်းတော် ဆီသို့၊ ခုန်လွှား သွား လိုက်သည်။
“ ကျူးကျော်သူ ရှိတယ်၊ ... ကျူးကျော်သူ ရှိတယ်။ ”
ပထမ စည်းကို ဖြတ်ကျော် လိုက်သည်နှင့်၊ နတ်ဘုရား အစောင့် များက၊ သူ့အား သတိ ထားမိ ကုန်သည်။ ချက်ချင်းပင် ပြေးဝင် လာကြ၏။
“ ရပ် စမ်း .... ”
နတ်ဘုရား အစောင့် တပ်သားများ၊ တိုက်ခိုက် ခါနီးတွင်၊ အော်ငေါက်သံ တစ်သံ ထွက်ပေါ် လာသည်။
ရှေ့သို့ ကောင်းကင်မှ ရင်းနှီးသော ပုံရိပ် တစ်ရိပ် ဖြည်းညှင်းစွာ ဆင်းသက် လာ၏။
၎င်းမှာ ပြိုင်ပွဲတွင် ပါမီရှင် ရှစ်ပါး စာရင်း ဝင်ခဲ့သော ယွီချင်း ဖြစ်သည်။ သူက နတ်ဘုရား အစောင့် များအား၊
“ ကိုယ့် နေရာကို ပြန်သွားကြ၊ မင်းတို့က သူ့ ပြိုင်ဘက် မဟုတ်ဘူး။ ”
" ဟုတ် ကဲ့ ... "
အမိန့်ကို ဦးထိပ် ထားသော သူများ အတွက်၊ ယွီချင်း စကား တစ်ခွန်း ဖြင့်ပင်၊ လျင်မြန်စွာ လူစု ခွဲလိုက် ကြသည်။
“ မင်းလည်း ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး၊ ဖယ်ပါ။ ”
လင်းယွန်က ယွီချင်းကို မျက်နှာသာ မပေးဘဲ၊ မောင်းထုတ် လိုက်သည်။
“ ဒီနေ့ ဘယ်သူမှ အနားကပ် မခံဖို့၊ ဖီးနစ် ဧကရီက အမိန့် ရှိတယ်၊ ဒါကြောင့် ငါ ဖယ်လို့ မရဘူး။ ”
ယွီချင်းက သူ့လက်ကို ဝှေ့ယမ်းကာ၊ လှံရှည် တစ်စင်းကို ထုတ်ယူ လိုက်သည်။
ထိုစက္ကန့် ပိုင်းလေး အတွင်း မှာပင်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း၊ အရှိန် အဝါ နှင့်အတူ၊ သတ်ဖြတ် လိုသော ဆန္ဒအား ထုတ်ဖော် လိုက်၏။
“ ဖတ် .. ”
သို့သော် ဟန်ရေး ပြနေစဉ် မှာပင်၊ လင်းယွန်က အနား ရောက်လာပြီး၊ လက် ဖဝါးဖြင့် ရိုက်ချ လာသည်။
မြေပြင် ပေါ်သို့ လဲကျ သွားပြီး၊ ကုန်ရုန်း ပြန်အထတွင်၊ အပြာရောင် အရိပ် တစ်ရိပ်က သူ့အား ဖြတ်ကျော်ကာ၊ အဝေးသို့ ရောက်ရှိ သွားသည်ကို တွေ့လိုက် ရသည်။
သူ့ နှုတ်ခမ်းမှ သွေးများကို သုတ်ယူ လိုက်ပြီး၊
“ လက် ဖဝါးလေး တစ်ချက် ကိုတောင်၊ ငါမခံ နိုင်ဖူးလား၊”
-ဟု ဆိုကာ၊ ကူကယ် ရာမဲ့ ဟန်ဖြင့်၊ ပြုံးလိုက် ၏။
“ အဲ့ဒီ မှာ ရပ် ... ”
ဟန့်တား သံနှင့် အတူ ငွေဗျိုင်းဖြူက လင်းယွန်ရှေ့ ခုန်ဝင် လာခဲ့သည်။ ဤသူမှာ ယွီချင်းထက် သန်မာ သည်ကို၊ သံသယ ဖြစ်စရာ မလိုပေ။
ချက်ချင်းပင် အပြန် အလှန် တိုက်ပွဲ ဆင်နွှဲ လိုက်ကြ၏။ သုံးကြိမ် လှုပ်ရှားပြီး နောက်တွင်၊ ငွေဗျိုင်းဖြူ တစ်ယောက် မြေပြင် ပေါ်သို့ လဲကျ သွားသည်။
နှုတ်ခမ်း ထောင့်စွန်း ရှိ သွေးစကို၊ သုတ်ကာ ခါးသက်သော အပြုံးဖြင့်၊ လင်းယွန် နောက် ကျောထံ လှမ်းကြည့် လိုက်၏ ။
“ မင်းသမီးက မိန့် ထားတယ်၊ ကျူးကျော် လာသူ မှန်သမျှကို သတ်ပစ် လိုက်တဲ့၊ .... ”
တတိယ စည်းသို့ အရောက်တွင်၊ အေးစက်သော အသံ တစ်သံ နှင့်အတူ၊ လွင့်မျော နေသော ရေခွက် ထွက်ပေါ် လာသည်။
လင်းယွန်ကို ကြည့်သော သူ့ မျက်ဝန်း များမှာ၊ အေးစက် နေပြီး ခရမ်းရောင် နန်းတော် နယ်မြေ အရှိန် အဝါအား၊ ထုတ်ဖော် လိုက်သည်။
လွင့်မျော နေသော ရေခွက် လေးမှာ၊ ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ရောက်ရှိ နေပြီကို သူ သိသောကြောင့်၊ လင်းယွန်က တုန်လှုပ်ခြင်း မရှိ ခဲ့ပေ။
ခရမ်းရောင် နန်းတော် နယ်မြေကို ‘ယင် အဆင့်’၊ ‘ယန် အဆင့်’ နှင့်၊ ‘ယင်-ယန် အဆင့်’ ဟူ၍ အဆင့် သုံးဆင့် ခွဲခြား ထားသည်။
လွင့်မျော နေသော ရေခွက်မှာ၊ ကနဦး ‘ယင် အဆင့်’တွင် ရှိနိုင် ပေမည်။ သို့သော် ငြားလည်း သူ့ ဆီမှ ထွက်လာသော ရောင်ဝါ မှာ၊ ငွေဗျိုင်းဖြူနှင့် ယွီချင်းတို့ နှစ်ယောက် ပေါင်း ထက်ပင်၊ ပို၍ ကြောက်စရာ ကောင်းလွန်း ပေ၏။
“ ထား ပါ ...၊ ငါ မင်းကို မသတ် ချင်ဘူး။ ”
လွင်မျော နေသော ရေခွက်က ခေါင်းယမ်း ကာ ဆိုသည်။ လင်းယွန်က စကား တစ်ခွန်းမှ မပြောဘဲ၊ သိုလှောင်အိတ်ကို ညင်သာစွာ ပွတ်သပ် လိုက်၏။
“ ဝှစ် ....”
ထို့နောက် မျောက်ဝိုင် အိုကို လွင့်မျော နေသော ရေခွက်ထံ ပစ်ထည့် လိုက်သည်။
“ ဟင့် အင်း ...၊ မင်းက ငါ့ကို ဘာထင် နေလဲ။ ”
လွင့်မျော နေသော ရေခွက်က၊ လင်းယွန်ထံ လက်သီး တစ်ချက် ပစ်ထုတ် လိုက်သည်။
သို့သော် မျောက်ဝိုင် အိုးကို လှမ်းကြည့် မိသော အခါတွင်၊ ရုတ်တရက်၊
“ ဒါက ... မဟုတ် သေးဘူး”
-ဟု ဆိုကာ၊ တိုက်ခိုက် မှုအား ချင်ချင်း ပြန် ရုတ်သိမ်း လိုက်ပြီး၊ ဝိုင်အိုးကို ဖမ်းယူ လိုက်၏။
“ မင်းက ငါ့ကို ဝိုင်နဲ့ ...၊ လာဘ်ထိုး လို့ ရမယ် ထင်နေလား၊ မင်းသမီး လေးက အမိန့် ပေးထားတယ် ကျူး ….. ”
“ ဝှစ် ... ”
စကား မဆုံးခင် မှာပင်၊ နောက်ထပ် ဝိုင်အိုးများ သူ့ဆီ ပျံသန်း လာသောကြောင့်၊ မျက်နှာ ပျက်ယွင်း သွားကာ၊ ချက်ခြင်းပင် အော်ဟစ် လိုက်သည်။
“ မလုပ်နဲ့ ....”
မျက်စိ တစ်မှိတ် အတွင်း၊ ဝိုင်အိုး ဆယ်အိုးခန့် ရင်ဘက်ထဲ၊ စုံပုံ လာသည်။
ဝိုင်တပွေ့ တပိုက်ဖြင့်၊ မော့ကြည့် လိုက်ချိန်တွင်၊ လင်းယွန် တစ်ယောက်၊ သူ့အား ဖြတ်ကျော် သွားသည်ကို တွေ့လိုက် ရသည်။
“ မေ့ လိုက် တော့ …၊ မေ့ လိုက် တော့ …။ ”
လွင့်မျော နေသော ရေခွက်၏ မျက်နှာတွင်၊ ခိုကိုး ရာမဲ့သော အပြုံး တစ်ပွင့် ထွက်ပေါ် လာသည်။
နန်း ရင်ပြင်ရှိ ဖီနစ် ပန်းကလေး မှာမူ၊ နန်းတက် ခြင်းအား၊ ဖြည်းညှင်းစွာ လုပ်ဆောင် နေဆဲ ပေပင်။
ခြေ တစ်လှမ်းကို စည်တော် တစ်ချက် ယွန်းနေ၏။
လင်းယွန်က မြေပြင် ပေါ်သို့၊ ဆင်းသက် လာသော အခါတွင်၊ ကြောက်မက် ဖွယ် ကောင်းသည့် ဓား တစ်လက်က၊ အလိုလို ပွင့်ထွက် သွား လေသည်။
ကျယ်လောင် စူးရှသော အသံကြောင့်၊ ဂန္ဓဝင် ဂီတ သံမှာ ရပ်တန့် သွားပြီး၊ မျက်လုံးပေါင်း များစွာက သူ့ထံ လှည့်ကြည့် လာသည်။
သို့သော် ဖီနစ် ပန်းကလေးက၊ သူ့ ခြေလှမ်းကို မရပ်တန့် ခဲ့ဘဲ၊ ပလ္လင် တော်ထံ စိုက်ကြည့်ကာ၊ ဆက်လက် လျှောက်လှမ်း နေခဲ့သည်။
နောက်ထပ် ခြေ တစ်လှမ်းကို လှမ်းယူ လိုက် ချိန်တွင်၊ လင်းယွန်၏ အသံမှာ ကျယ်လောင်စွာ ထွက်ပေါ် လာသည်။
“ ဆုစီယာ ... အဲ့ဒီမှာ ရပ်လိုက်။ ”
သူ့ အသံက ပဲ့တင် ထပ်သွားပြီး၊ ‘ဆုစီယာ’ဟု အော်လိုက် ချိန်တွင်၊ ပါးလွှာသော အခမ်း အနား ဝတ်စုံ အောက်ရှိ အသွင် အပြင်မှာ၊ ရုတ်တရက် တုန်ယင် သွားလေသည်။
ထိုတုံ့ပြန် မှုကို စောင့်ကြည့် နေခဲ့သော၊ လင်းယွန်က ဝမ်းသာ သွားကာ၊ ချက်ချင်းပင် တဟုန်ထိုး ပြေးထွက် သွားလိုက် တော့၏။
***