← Chapters

မင်းက ဂုဏ်ယူ နေတာလား။

Vol. 34 Ch. 476

မင်းက ဂုဏ်ယူ နေတာလား။

Vol. 34 Ch. 476

“ ဆုစီယာ ... အဲ့ဒီမှာ ရပ်လိုက်။ ”

ပါးလွှာသော အခမ်း အနား ဝတ်စုံ အောက်ရှိ အသွင် အပြင်မှာ၊ ရုတ်တရက် တုန်ယင် သွားလေသည်။

ထိုတုံ့ပြန် မှုကို စောင့်ကြည့် နေခဲ့သော၊ လင်းယွန်က ဝမ်းသာ သွားကာ၊ ချက်ချင်းပင် တဟုန်ထိုး ပြေးထွက် လိုက် တော့၏။

( တကယ် ဆုစီယာပဲ၊ ဒါနဲ့များ ဘာလို့ ဖုံးကွယ် ထားရ တာလဲ၊ တကယ် အပြစ် ရှိတဲ့ သူက ငါမဟုတ် ဖူးလား။ )

မိုးပြာရောင် ကောင်းကင် ဂိုဏ်းတွင်၊ သနား စရာ ကောင်းသော အခြေ အနေဖြင့််၊ ရပ်တည် နေခဲ့ ရချိန်တွင်၊ များစွာ ကူညီပေး ခဲ့ဖူး ပေသည်။

ကျင့်ကြံမှု လမ်း၌ အောင်မြင် မှုများ ရရှိ စေရန်၊ ဒွာရ ခုနစ်ပါး သန့်စင်ခြင်း ဆေးလုံး များကို၊ ပေးအပ် ခဲ့၏။

ဆံနွယ် များတွင် ချည်နှောင် ထားသော ခေါင်းစည်း ကြိုးကိုပင်၊ အမှတ် တရ ထားပစ် ပြီးနောက်၊ ဤသို့ လှည့် မကြည့်ချင် ရအောင်၊ ဖြစ်လာ စရာ အကြောင်း မရှိပေ။

အတိတ်က မြင်ကွင်း များက သူ့စိတ် ထဲတွင်၊ တရွေ့ရွေ့ ပြန်လည် ထွက်ပေါ် လာတော့ သည်။

ထိုအချိန်က ကျေးဇူး တရားကို ပြန်ဆပ် ရာတွင်၊ သူမက ကြေနပ် ရမည့် အစား၊ ပါးစပ်မှ သွေးအန် ခဲ့သည်။

“ မင်း ငါ့ကို ပေးခဲ့တဲ့ အရာတွေ အားလုံးကို၊ အမြဲ အမှတ် ရနေ ပါတယ်၊ အခု ပြန်ဆပ်ဖို့ ဒီနေ့ ရောက်လာ ရတာပါ။ ”

“ ဒါက အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး၊ လေးသောင်း တန်ကြေး ရှိတဲ့၊ 'ကောင်းကင် ဘုံ မူလ' ဆေးလုံးပဲ၊ ဒါကြောင့် လက်ခံ ပေးပါ၊ ဒါပြီးရင် အတိတ်က ငါ့အပေါ် ပြသ ခဲ့တဲ့၊ ကရုဏာ တွေ အတွက်၊ အကြွေး မရှိတော့ ဖူးလို့ပဲ၊ မှတ်ကြ ရအောင်။ ”

ရုတ်တရတ် ယန္တရား ခန်းမ အတွင်းရှိ၊ လေထု အပူချိန် ကျဆင်း သွားပြီး၊ အအေး ဓာတ်များ လွှမ်းခြုံ လာလေသည်။

၎င်းက ယန္တရား ခန်းမ အတွင်းရှိ၊ သူတိုင်း၏ အရိုးများ ထဲသို့၊ စိမ့်ဝင် သွားပြီး အအေး ဒဏ်ကြောင့် တုန်ယင် လာစေသည်။

“ ...... ”

ဆုစီယာ၏ အပြုံးမှာ၊ နွေးထွေးမှု အနည်း ငယ်မျှ မရှိ တော့ဘဲ၊ နှလုံးသား တစ်ခုလုံး ကြေကွဲ နေသော အပြုံးမျိုး ဖြစ်လာ လေသည်။

သူမ၏ ပြိုင်ဘက်ကင်း အလှ တရားကြောင့် ဖြူဖျော့သော မျက်နှာ ပေါ်ရှိ၊ အဆိုပါ အပြုံးမှာ၊ ရင်နင့် ဖွယ် ကောင်းပေ၏။

ကောင်ကင်ဘုံ မူလ ဆေးလုံးကို၊ လှမ်းယူ လိုက် ချိန်တွင်၊ အပြုံးများ ပျောက်ကွယ် သွားကာ၊ ကြောက်စရာ ကောင်းသော အေးစက်ခြင်း အငွေ့ အသက်များ၊ အစား ထိုးလာသည်။

တစ်ချိန် တည်းမှာပင် ဝေးကွာ နေသော၊ အအေး ဓာတ်များ သူမ မျက်နှာ ဆီသို့၊ ပြန်လည် ရောက်ရှိ လာ၏။

လင်းယွန်ကို ကြည့်နေ သည့်၊ သူမ စိတ် ခံစားချက် များမှာ၊ မငြိမ် မသက် ဖြစ်လာပြီး၊

“ ငါက တခြား သူတွေ အပေါ်၊ ပေးလေ့ ရှိတာ မဟုတ်ဘူး၊ ဒါပေမယ့် ငါပေး ခဲ့တဲ့ သူတိုင်း ကလည်း၊ ပြန်ပေးဖို့ ဘယ်သူမှ သတ္တိ မရှိ ကြဘူး လုံးဝ ကို ....၊ ဒါပေမယ့် မင်း ... လင်းယွန်၊ မင်းက ပထမ ဆုံး ပါပဲ။ ”

“ ခ ရစ် ... ”

စကား ဆုံး သည်နှင့်၊ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး (၄၀,၀၀၀) တန်သော၊ မိုးကောင်းကင် တစ်နိုင်ငံ လုံးရှိ၊ လူ များစွာ၏ အိပ်မက် ဖြစ်သော ကောင်းကင်ဘုံ မူလ ဆေးလုံးမှာ၊ ဆုစီယာ လက်၌ ဖုန်မှုန့်များ အဖြစ် ချေမွှခြင်း ခံလိုက် ရလေသည်။

အေးစက် သော အမူ အရာဖြင့်၊ ပေါင်းစပ် လိုက်ပါက၊ ပုလင်းကွဲ သွားသံမှာ၊ ရေခဲ တောင်ကြီး ကွဲအက် ပြိုကျလာ သကဲ့သို့၊ ထိတ်လန့်ဖွယ် ကောင်းနေ ပေသည်။

ထိုအချိန်တွင် ဆုစီယာ အပေါ် နားလည်မှု လွဲခဲ့ပြီး၊ တစ်စုံ တစ်ရာ မှားယွင်း နေကြောင်း၊ သူသိ လိုက်၏။

သို့သော် ဤသတ္တ လောကကြီး အတွင်း၊ လုပ်ခဲ့ သမျှကို နောင်တဖြင့်၊ ပြင်ဆင်ရန် အခွင့် အရေး မရှိချေ။

ထိုညတွင် ဆုစီယာက လေဝဲဓားကို သင်ပြပေး ခဲ့ပြီး၊ ဂိုဏ်းမှ ပျောက်ကွယ် သွားတော့ သည်။

လက်ရှိ အခြေ အနေကို သတိ ဝင်လာ သည်နှင့်၊ လှေကား ထစ်များ ပေါ်တွင် ရပ်နေသော ရုပ်သွင်ကို စိုက်ကြည့် လိုက်သည်။

သူမသာ ဆုစီယာ မဟုတ် ပါက၊ ခြေလှမ်း များကို ရပ်တန့် နေမည် မဟုတ်ပေ။

မိုးကောင်းကင် နိုင်ငံသို့ မည်သည့် အတွက် ကြောင့်၊ ရောက်ရှိ လာခဲ့ သည်ကို မသိ သော်လည်း၊ ဖီးနစ် ပန်းကလေးမှာ ဆုစီယာ ဖြစ်ရ မည်ဟု၊ ယုံကြည် မိသည်။

“ သူ့ကို တား ထား ... ”

လင်းယွန် တစ်ယောက်၊ အခမ်း အနားအား နှောင့်ယှက် နေသည်ကို မြင်လိုက် ရသော၊ သူများက ဒေါသ တကြီး အော်ဟစ် လိုက်ကြသည်။

မကြာခင် မှာပင် နတ်ဘုရား အစောင့်များ ရောက်ရှိ လာပြီး၊ လင်းယွန်ကို စတင် တိုက်ခိုက် တော့၏။

“ ဖယ် စမ်း ... ”

လင်းယွန်က အော်ငေါက် လိုက်ပြီး၊ ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို ထုတ်လွှတ် လိုက်သည်။

သူ့ဓား ရည်ရွယ် ချက်မှာ၊ အကန့် အသတ် မရှိ ပေါက်ကွဲ လာပြီး၊ နတ်ဘုရား အစောင့်များ အားလုံး၊ အနီးသို့ မချဉ်းကပ် နိုင်မီ၊ သုတ်သင် ခံလိုက် ရလေသည်။

“ ရှန်ရှင်း ဓား ရည်ရွယ်ချက်။ ”

“ မလုပ်နဲ့ ... ဒီဓားရဲ့ ရည်ရွယ်ချက်က ပြင်းထန် လွန်းတယ်။ ”

လက်နက်များ အပေါ်၊ ထိန်းချုပ် နိုင်မှုများ ဆုံးရှုံး သွား သဖြင့်၊ အစောင့် အများ အပြား၏ မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။

လင်းယွန်က လှေကားထစ် များကို ပြေးတက် လာနေစဉ်၊ သူတို့၏ လက်နက် များက ပျံဝဲ သွားကာ၊ လှေကား ထစ်များ ပေါ်သို့၊ တဖြုတ်ဖြုတ် ထိုးကျ သွားကုန်၏။

“ ချ လွမ် .... ”

လက်နက် မိုးများ ရွာသွန်း နေသကဲ့သို့ ပြုတ်ကျ လာသော လက်နက် များမှာ၊ တစ်စုံ တစ်ရာကို ထိတ်လန့် နေဟန်၊ တဆက်ဆက် တုန်ယင် နေပေပြီ။

သူနှင့် မဝေး လွန်းသော အရပ် ဆီ၌၊ ကျောခိုင်း လျက် အနေ အထားဖြင့်၊ တုန့်ဆိုင်း နေသည့် ပုံရိပ်ထံ စူးစိုက် ကြည့်ပြီး နောက်၊ ရွေ့လျားမှု နည်းစနစ်ကို ထုတ်ဖော် လိုက်သည်။

“ ဟိတ် ..... ”

လေးနက်သော ခြေလှမ်း ခုနစ်လှမ်း အောက်တွင်၊ လှေကား ထစ်များက သူ့ အတွက် ဘာမျှ မဟုတ် တော့ပေ။

သို့သော် ရုတ်တရက် အန္တရာယ် ပေးနိုင်သော အငွေ့ အသက်များ ထွက်ပေါ် လာပြီး၊ ပုံရိပ် တစ်ရိပ် သူ့လမ်းကို ဟန့်တား လာ၏။

ထိုပုံရိပ် ရှင်မှာ ဆုစီယာကို အကာ အကွယ် ပေးနေသော အဘိုးအိုပင် ဖြစ်သည်။ အဘိုးအိုက စကား တစ်ခွန်းမှ မဆိုဘဲ၊ လက်ဖဝါး တစ်ဖက်ဖြင့် အသာ အယာ၊ တွန်းထုတ် လိုက်သည်။

ပြိုင်ဘက်ကို ရှင်းရှင်း လင်းလင်း မမြင် ရခင် မှာပင်၊ တောင်ကြီး တစ်လုံးနှင့် ရိုက်နှက်ခံ လိုက်ရ သကဲ့သို့၊ သွေး တစ်လုတ် အန်လျက်၊ လင်းယွန်က လွင့်စင် လာရ၏။

မြေပြင် ပေါ်သို့ လဲကျ သွားသော အခါ၊ ချက်ချင်းပင် ကုန်းထ လိုက်ပြီး၊ ဒူးထောက်လျက် အနေ အထားဖြင့်၊ မော့ကြည့် လိုက်သည်။

“ အရှင် မင်းမြတ်၊ နန်းတက်တော် မူပါ ဘုရား။ ”

အဘိုးအိုက တင်းမာသော လေသံဖြင့်၊ ငေါက်လိုက်သည်။

“ လုံး ဝ ... ”

လင်းယွန်၏ ဒါန်တမ်တွင် ခရမ်းရောင် ပန်းပွင့် လာပြီး၊ ထက်ရှသော ဓားတစ်လက် ကဲ့သို့၊ ကောင်းကင်ပေါ် 'ဟုတ်ခနဲ' ပျံတက် သွားသည်။

“ ကလေး ကွက် လေးတွေ ... ”

အဖိုးအိုက အစွမ်း ထက်သော ရောင်ဝါဖြင့်၊ ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို တွန်းဖယ် လိုက်သည်။

လင်းယွန် ဖြတ်ကျော် သွား ခါနီးတွင်၊ သူ့ လက်ဖဝါးကို တွန်းထုတ် လိုက်၏။

ထိုလက်ဖဝါး အောက်တွင်၊ သွေး တစ်လုတ် အန်ကာ၊ လင်းယွန် တစ်ယောက် ထပ်မံ လွင့်စင် သွားရ ပြန်သည်။

အဘိုးအို၏ လက်ဖဝါး ထိမှန် လိုက် သည်နှင့်၊ အရိုး အက်ကွဲ သံများ ကြားလိုက် ရလေသည်။

မြေပြင် ပေါ်သို့ လဲကျ သွားပြီး၊ ပြင်းထန်စွာ တုန်ယင် သွားခဲ့သည်။ ထွက်ပေါ် လာသော စွမ်းအင် လှိုင်းလုံး ကြီး များက အစောင့်များ၊ မျက်နှာကို ပြောင်းလဲ သွားစေ တော့၏။

“ အရှင် မင်းမြတ်၊ နန်းတက် တော်မူပါ ဘုရား။ ”

အဘိုးအို၏ အသံက နောက် တစ်ကြိမ်၊ ထပ်၍ ထွက်ပေါ် လာသည်။

ထိုအချိန် အမှာပင်၊ လင်းယွန်က ဖြူရော် နေသော မျက်နှာဖြင့် ပြန်ထ လာပြီး၊ မဆိုင်း မတွပင် နောက်တစ်ကြိမ် အားသွင်း လိုက်ပြန်၏။

“ ဒီ ကောင် …”

“ သူ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ၊ အဖိုးအိုနဲ့ ယှဉ်နိုင် မယ်လို့၊ တကယ် ထင်နေ တာတော့ မဟုတ်ဖူး မလား။ ”

“ အဘိုးအိုက ဖီးနစ် ပန်းကလေး လေးရဲ့၊ ကိုယ်ရံတော် ပဲ၊ သူတို့ နှစ်ယောက် အင်အားက၊ တူညီတဲ့ အဆင့် မှာတောင် မဟုတ်ဘူး။ ”

“ သူရဲ့ သေမင်းကို ဖိတ်ခေါ် နေတာ ... ။ ”

မှင်တက် နေရာမှ သတိ ဝင်လာ ကြပြီး၊ လူတိုင်းက သံသယ ဖြစ်စ ပြုလာ လေသည်။

တစ်စုံ တစ်ရာသော ယုံကြည် ချက်ကြောင့်၊ လုပ်ဆောင် နေမှန်း သိသော်လည်း၊ ၎င်းမှာ သူ့သေတွင်း သူတူးရာ ရောက်နေ ကြောင်း၊ မြင်လာ မိသည်။

မည်မျှပင် ယုံကြည်ချက် ခိုင်မာ နေသော်လည်း၊ အကြွင်းမဲ့ ခွန်အားများ ရှေ့တွင် အချည်းနှီး ပေပင်။

လင်းယွန် နီးကပ် သွား ချိန်၌၊ အဘိုးအိုက ထပ်မံ ရိုက်ချ လာပြန်၏။

“ အရှင် မင်းမြတ်၊ နန်းတက် တော်မူပါ ဘုရား။ ”

အဘိုးအို၏ မျက်နှာတွင် ပြောင်းလဲခြင်း မရှိဘဲ၊ ထပ်မံ တိုက်တွန်း လိုက်၏။

ဖီးနစ် ပန်းကလေး အနားတွင်၊ တောင်ကြီး တစ်လုံး ကဲ့သို့ ရပ်နေ ခဲ့ပြီး၊ သူ ရှိနေ သရွေ့ ဘယ်သူ့ ကိုမှ ကျော်ဖြတ်ခွင့် မပေး နိုင်ကြောင်း၊ အမူ အရာဖြင့် ပြသ လာသည်။

သို့သော် လှုပ်ရှား လာသော ဖီးနစ် ပန်း ကလေး ကြောင့်၊ ရုတ်တရက် သူ့ မျက်နှာ ပြောင်းသွား သည်။

“ ဖပ် .....”

သူမက ရာဇ ပလ္လင် ဆီသို့ လျှောက်လှမ်း ခြင်း အပြု ခဲ့ဘဲ၊ ရုတ်တရက် လှည့်ကြည့်ကာ၊ လေထဲ ပျံဝဲ လာသော လင်းယွန်ကို အဖိုးအို မရိုက် နိုင်ခင်၊ လှမ်းဆွဲ လိုက်၏။

သွယ်လျသော လက်ကလေး တစ်ဖက် ကြောင့်၊ လင်းယွန်၏ နှုတ်ခမ်းတွင်၊ အပြုံး တစ်ပွင့် ထွက်ပေါ် လာသည်။

ဖီနစ် ပန်းကလေးက မျက်နှာကို ကွယ်ဝှက် ထားခြင်း မရှိ ခဲ့ပေ။

အလွန် နီးကပ် သော အနေ ထားဖြင့်၊ ဆုစီယာကို မြင်လိုက် ရသည်ကြောင့်၊ နှလုံး သားများ ပေါက်ကွဲ မတက် တုန်ယင် လာသည်။

အချိန်များ ရပ်တန့် သွားပုံ ရပြီး၊ တချိန်က သူမနှင့် ရင်းနှီး ခဲ့သော အမှတ် တရ များက၊ ရုတ်တရက် မြင်ကွင်းများ အဖြစ်၊ ပြန်လည် ထွက်ပေါ် လာလေသည်။

ဤတစ်ကြိမ် ထွက်ပေါ် လာသော မြင်ကွင်း များမှာ၊ ချိပ်ပိတ် ဖုံးကွယ် ထားသော ပုံရိပ် အသစ်များ ဖြစ်ပေ၏။

မိုးပြာရောင် ကောင်းကင် ဂိုဏ်း၏ ရေကန်ကြီး ထဲ၌၊ ဆုစီယာ တစ်ယောက် သတိလစ် နေခဲ့သည်။

ခန္ဓာကိုယ် တစ်ခုလုံး အဝတ် ကင်းမဲ့ပြီး၊ သွေးဆုတ် နေ၏။ သူမ နှုတ်ခမ်းမှာ ခရမ်းရောင် သမ်းနေ သောကြောင့်၊ မူလ လင်းယွန်က ထိတ်လန့် သွားသည်။

သူမ၏ ခန္ဓာ ကိုယ်ကို နွေးထွေး စေရန်၊ ရေကန် ထဲမှ ဆယ်ယူကာ၊ ပွေ့ဖက်ထား လိုက်သည်။

အချိန် ကြာလာ သည်နှင့် အမျှ၊ မူလ လင်းယွန်၏ နှုတ်ခမ်း များတွင်၊ ခရမ်း ရောင်များ ကူးစက် လာလေသည်။

ယင်းကို သတိ မထား မိလိုက်ပဲ၊ မေ့မျော သွားတော့၏။

ဆုစီယာ သတိ ပြန်လည် လာချိန်၌၊ မူလ လင်းယွန်မှာ သေဆုံး သွားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင်၊ မူလ လင်းယွန်ကို အချိန် အတော်ကြာ ကြည့်ရှု နေပြီးနောက်၊ ဆုစီယာက ဆုံးဖြတ်ချက် တစ်ခုကို၊ ပြတ်ပြတ် သားသား ချလိုက်သည်။

ထို့နောက်တွင် မြင်ကွင်းများ မှုန်ဝါး လာပြီး၊ အဝတ် မပါသော ခန္ဓာကိုယ် နှစ်ခု၊ ရောယှက် သွားတော့၏။

၎င်းတို့ ပေါင်းစပ် မှုကြောင့် အဆိပ်များ ဖြည်းညှင်းစွာ လွင့်ပါး ကုန်သည်။

တစ်ချိန်တည်း မှာပင်၊ ဆုစီယာ ခံစား နေရသော အဆိပ် သည်လည်း၊ အန္တရာယ် မပြုနိုင် တော့ဘဲ ပျောက်ကွယ် သွားတော့၏။

“ အဟွတ်.... ဟွတ် ။ ”

မြင်ကွင်းများ ပျောက်ကွယ် သွားချိန်၌၊ ချောင်းဆိုး သွားကာ၊ မျက်နှာ တစ်ပြင်လုံး ရွှင်မြူး ရိပ်များ ထင်ဟပ် လာသည်။

ချောင်းဆိုး လိုက်တိုင်း ပါးစပ်မှ သွေးများ စီးကျ နေသော်လည်း၊ မျက်နှာ ပေါ်ရှိ ပျော်ရွှင်မှု များကို ဖုံးကွယ် ထားနိုင်ခြင်း မရှိ ခဲ့ပေ။

ဤအခိုက် အတန့်တွင် အရာ အားလုံးကို နောက်ဆုံးတွင် ပြန်မှတ်မိ သွားခဲ့သည်။

ထိုအချိန်က ဆုစီယာ၏ အသွင် အပြင်မှာ အံ့သြ စရာ မဟုတ်ပေ။ အဖြစ် အပျက် များကို မေ့ပစ် ချင်ခဲ့ သော်လည်း၊ သတိရ နေပုံ ရသည်။

ယင်းကြောင့် သူ့ နှလုံး သား၏ အနက် ရှိုင်းဆုံး နေရာတွင်၊ အမြဲတမ်း ဖုံးကွယ် ထား ခဲ့ပြီး ခပ်ခွာခွာ အသွင် အပြင်ဖြင့်၊ အေးစက် သော မျက်နှာဖုံး တစ်ခုကို၊ တပ်ဆင် ထားခဲ့သည်။

“ ဆုစီယာ၊ ငါ မှတ်မိပြီ ... ”

လင်းယွန်က နီရဲ နေသော မျက်နှာဖြင့် အော်ဟစ် လိုက်သည်။

“ ဒါကို မင်းက .... ဂုဏ်ယူ နေတာလား။ ”

ဆုစီယာက ခံစားချက် မဲ့သော အသွင်ဖြင့်၊ ပြန်မေး လာသည်။

“ အဲ့ဒါ ... ငါ ... ငါပဲ။ ”

လင်းယွန်က ပြုံးကာ ခေါင်းညိတ် လိုက်သည်။ ဆုစီယာ အပေါ် ညစ်ညမ်းသော အတွေးမျိုး မရှိ သော်လည်း၊ ထို အမှတ် တရ များ အတွက်၊ ကြေနပ် သွားသည်။

ခန္ဓာ ကူးပြောင်း လာချိန် မှာပင်၊ ဆုစီယာကို ရယူ နိုင်ခဲ့သည်။

ဆိုလို သည်မှာ မူလ လင်းယွန် စိုက်ပျိုး ထားသော အသီး အနှံကို၊ မတော် တဆ သူ ရိတ်သိမ်း လိုက်မိသည်။

“ ဒါဆို မင်းသွားလို့ ရပြီ။ ”

ဆုစီယာက ဆွဲကိုင် ထားသော လက်ကို ဖြည်ချ လိုက်ကာ၊ မောင်းထုတ် ပစ်လိုက်သည်။

“ ခ ဏ .... ”

လင်းယွန်က ထိတ်လန့်စွာ ဟန့်တား လိုက်၏။ အဘိုးအို ထံမှ လက်ဖဝါး (၃) ချက်ကို ခံယူ ထားပြီးနောက်၊ သေဆုံးသွား လုနီးပါး ဖြစ်နေ ပေရာ၊ ဤသို့ တွန်းထုတ် ခံရ ပါက ပြုတ်ကျ သေဆုံး ရပေ လိမ့်မည်။

ထို့ကြောင့် ဆုစီယာ သူ့ လက်ကို နောက်တစ်ကြိမ် ဖမ်းဆုတ် လိုက်ရပြီး၊

“ ဒါကိုရော မင်း ... ဂုဏ် မယူ ဖူးလား။ ”

-ဟု ရွှတ်နောက်နောက် မေးလာသည်။

လင်းယွန်က ကူကယ် ရာမဲ့ ဟန်ဖြင့်၊ ဆုစီယာ လက်ကို ဆုပ်ကိုင် လိုက်ပြီး၊ ရှက်ရွံ့စွာ ပြုံးရယ် မိလေသည်။

တစ်ချိန် တည်းမှာပင်၊ သူ့ရှေ့ရှိ မြင်ကွင်း ကြောင့်၊ အဘိုးအို၏ မျက်နှာက လုံးဝ မည်းမှောင် သွားသည်။

“ ထွက် သွား သင့် ပြီ။ ”

ဆုစီယာက ပြုံးကာ ဆိုလိုက်သည်။

“ ထွက် သွား... ဒါကို ငါသဘော မတူဘူး။ ”

အဘိုးအို ထံမှ သိပ်သည်း သော သတ်ဖြတ်ခြင်း၊ အငွေ့ အသက်များ ထွက်ပေါ် လာပြီး၊ လင်းယွန်အား အေးစက်စွာ မောင်းထုတ် လိုက်သည်။

“ မင်း စမ်းကြည့် နိုင်တယ်။ ”

အဖိုးအို၏ ရန်လိုသော အငွေ့ အသက်အား လှမ်းကြည့်ကာ၊ ဆုစီယာက ဆိုလိုက် လေသည်။

ထို့နောက် လင်းယွန်အား လွှတ်ပေး လိုက်ကာ၊ လှေကား ထစ်များကို ဆက်တက် သွားတော့၏။

အဘိုးအိုမှာ အကျပ် အတည်းနှင့်၊ ရင်ဆိုင် လိုက်ရ သကဲ့သို့၊ လင်းယွန်အား တစ်ချက် စိုက်ကြည့်ကာ၊ ပျောက်ကွယ် သွားတော့ သည်။

“ ဒါက ဆိုးရွားတဲ့ ... ၊ အဆုံး သတ်တော့ မဟုတ် ပါဘူး။ ”

စကား သံနှင့် အတူ ဝိုင်အိုးကို မော့သောက် လျက်၊ လွင့်မျော နေသော ရေခွက် ကလေးက၊ ဝင်ရောက် လာသည်။

“ မင်း ...၊ ယူမယ် မလား ...”

လင်းယွန်က ခေါင်းညိတ် လိုက်ပြီး၊ ဝိုင်အိုးကို ဖမ်းယူကာ မော့သောက် လိုက်သည်။

ဝိုင်များ လည်ချောင်းထဲ ဝင်ရောက် လာချိန်၌၊ ဒဏ်ရာများ သက်သာ သွားသလို၊ ခံစား လိုက်ရ သည်။

နှုတ်ခမ်းကို လက်မောင်းဖြင့် သုတ်ယူ လိုက်ပြီး၊ ဆက်လက် တက်လှမ်း နေသော ဆုစီယာကို မော့ကြည့် လိုက်၏။

သူမ ပုံရိပ်မှာ သူ့ရှေ့တွင် ရှိနေ သော်လည်း၊ တစ်ချိန် တည်းမှာပင်၊ ကမ္ဘာခြား နေ သကဲ့သို့ ခံစား လာရ လေသည်။

“ ဆု စီ ယာ ... မင်းက ကောင်းကင်ဘုံ ကိုးလွှာမှာ ရှိနေ ရင်ခဲ့တောင်၊ မင်းကို ငါလာ ရှာမယ်၊ ဒါက ... ငါ့ ကတိပဲ။ ”

လင်းယွန်၏ အော်ဟစ် လိုက်သံက၊ လေထုထဲ ပဲ့တင် ထပ်သွား လေသည်။

ဆုစီယာက ခေတ္တ ရပ်လိုက် ပြီးနောက်၊ လည်ပြန် လှည့် လာ၏။ လှေကား ထစ် များကို၊ ဆက် မတက်ခင် လင်းယွန်အား ငုံ့ကြည့် လိုက်သည်။

လွင့်မျော နေသော ရေခွက် လေးက လင်းယွန် ကို၊ လေးလေး နက်နက် စိုက်ကြည့် လိုက်ပြီး၊

“ သူက 'တော်ဝင် ဧကရာဇ် နန်းတော်'ရဲ့ သူတော်စင် အမျိုး သမီးပဲ၊ သန့်စင်တဲ့ ဧကရီ တစ်ပါး ကနေ ဆင်းသက် လာ သူပါ၊ မဟာချင် အင်ပါယာရဲ့ ရာဇ ပလ္လင်က၊ 'ဧကရာဇ် နှလုံးသား သုတ္တန်' ကို၊ ကျင့်ကြံဖို့ အတွက်ပဲ၊... ''

“ ... ဧကရာဇ် အရှိန် အဝါကို၊ တစ်နှစ်နဲ့ ခြောက်လ တိတိ သန့်စင် ရလိမ့်မယ်၊ ဒိထက်လည်း ပိုကြာ နိုင်တယ်၊ သူ့ရဲ့ ဧကရာဇ် တာအိုပေါ် မူတည်ပြီး၊ ကွာခြား သွား နိုင်တယ်။ ”

“ အဲ့ဒီ တော့ရော ဘာဖြစ်လဲ၊ ငါ ... သူနဲ့ အတူ အိပ်ခဲ့တယ်၊ ဒါကြောင့် သူ ဘယ်သွားသွား ငါ ရှာမယ်။ ”

လွင့်မျော နေသော ရေခွက် လေး၏၊ စကားများ အပေါ် စိုးရွံဟန် မပြဘဲ၊

လင်းယွန်က အပြုံး လေးဖြင့်၊ ပြန်ဖြေ လိုက်၏။

လင်းယွန်၏ စကားကြောင့်၊ လွင့်မျော နေသော ရေခွက် လေးမှာ၊ ထိတ်လန့် သွားသည်။ သူ့ နားပင်၊ သူ မယုံ နိုင်တော့ပေ။

တစ်ချိန်တည်း မှာပင် ‘ငါ သူနဲ့ အိပ်ခဲ့တယ်’ ဟူသော အသံက၊ သူ့ရင်ထဲ ပဲ့တင် ထပ်လာ တော့သည်။

***

All Chapters