မင်းရဲ့ နဂါးသွေးကို စွန့်သင့်ပြီ။
Vol. 35 Ch. 477
ဆုစီယာ ဆက်လက် နန်းတက် နေချိန်တွင်၊ လင်းယွန်က ပြုံးလျက် ထွက်ခွာ သွား တော့သည်။
သူ့ မျက်နှာတွင် ဂုဏ်ယူ ဝံ့ကြွား မှုများ၊ အထင်း သားရှိ နေခဲ့သည်။ နောက်ဆုံးတွင်၊ ထီးနန်းအား ဆုပ်ကိုင် တော့မည့် အချိန်၌၊ သူ့ အတွက် ဆုစီယာက နောက်ဆုတ် သွား ခဲ့သည်။
သို့သော် သူမကို မနစ်မွန်း စေလို သောကြောင့်၊ သူ့ ခံစားချက် များအား ထိန်းလိုက် ရသည်။
သူ့ အနေဖြင့် ကြိုးစား ရပေမည်။ သို့မဟုတ် ပါသော်၊ ဆုစီယာ နောက်တွင် ပြတ်ကျန်ခဲ့ နိုင်၏။
နာရီ၀က် အကြာတွင် မြို့တော် အပြင်၌၊ ရပ်စောင့် နေသော ရှင်းယန်ထံ ပြန်ရောက် လာသည်။
“ စီနီယာ အစ်မ ...။ ”
ရှင်းယန်က ကျောခိုင်းလျက် အနေ အထားဖြင့်၊ သူ့ ခေါ်သံကို လှည့်မကြည့် ခဲ့ပေ။
“ ဘာတွေ တွေးနေ တာလဲ၊ စီနီယာ အစ်မ ...။ "
အနားသို့ လျှောက်သွား လိုက်ပြီး၊ ပြုံးကာ မေးလိုက်သည်။
ရုတ်တရတ် ရင်းနှီးသော အငွေ့ အသက် ကြောင့်၊ ရီရှင်းယန် တစ်ယောက် လန့်နိုး သွားသည်။
လင်းယွန်ကို မြင်သည်နှင့်၊ မျက်နှာ အနည်းငယ် ပြောင်းသွားပြီး၊
“ မင်း ဒဏ်ရာ ရသွားပြီ၊ တစ်ချက် ကြည့်ရအောင်။ ”
-ဟုဆို ဆိုလိုက် လေသည်။
“ အရေး မကြီးပါဘူး၊ ရက်ပိုင်း အတွင်း သက်သာ လာမှာပါ။ ”
လင်းယွန်က ပေါ့ပေါ့ ပါးပါးပင် ဆို လိုက်သည်။
သူ့ကို အလွယ် တကူ သတ်နိုင် သော်လည်း၊ အဘိုးအိုက မလုပ် ခဲ့ပေ။ ဟန့်တား ရုံသာ လုပ်ဆောင် ခဲ့သည်။
“ မင်းကို စိတ်ပူလို့ ငါ အနား မယူ နိုင်ခဲ့ဘူး၊ သခင်မလေးကို တွေ့ခဲ့လား။ ”
ရှင်းယန်က စိုးရိမ်စွာ လှမ်းမေး လိုက်သည်။
“ ဟုတ်တယ်၊ သူက ငါ ရှာနေတဲ့ လူပဲ။ ”
လင်းယွန်က ရှင်းယန်၏ အမူ အရာကို သတိ မထား မိဘဲ၊ ပြုံးကာ ဖြေလိုက်သည်။
“ တကယ်ပဲ ကိုး … ”
ရှင်းယန်၏ မျက်နှာ ပေါ်တွင် ခါးသီးသော အပြုံး တစ်ပွင့် ဖြစ်ပေါ် လာ၏။
“ မင်းတို့ နှစ်ယောက်မှာ ဇာတ်လမ်း တစ်ပုဒ် ရှိမယ် ဆိုတာ ငါသိ ပါတယ်၊ မဟုတ်ရင် သူက မင်းကို ကူညီမှာ မဟုတ်ဘူး၊ သူ့ အဝတ်တွေ ချွတ်လု နီးပါး ဖြစ်တာ တောင်၊ သူက မင်းကို မသတ် ခဲ့ဖူး လေ။ ”
အိမ်မက် ထဲတွင် စကား ပြောနေ သကဲ့သို့၊ ရှင်းယန်က အသက် မဲ့စွာ ရေရွတ် နေမိ လေသည်။
“ စီနီယာ အစ်မ၊ မင်း ... ဘာဖြစ် နေတာလဲ။ ”
ရှင်းယန်တွင် ပုံမှန် မဟုတ်သော ခံစားချက် များကို အာရုံ ခံမိ သောကြောင့်၊ လင်းယွန်က မေးလိုက်သည်။
“ ငါနဲ့ ဝေးဝေး နေပါ။ ”
ရှင်းယန် မျက်နှာမှာ ပို၍ ဖြူဖျော့ လာပြီး၊ လင်းယွန် လက်များကို ဖယ်ချ လိုက်သည်။
“ မင်း နှလုံးသား ထဲမှာ တစ်ယောက် ယောက် ရှိနေပြီ ဆိုတာ ငါသိတယ်၊ ဒါပေမယ့် မင်းနဲ့ အတူ ကမ္ဘာ အဆုံး လျှောက်သွားဖို့ ငါ ဆန္ဒ ရှိနေ တုန်းပဲ၊ ..... ”
“ စီနီယာ အစ်မ ...။ ”
လင်းယွန်က ရှေ့တစ်လှမ်း လှမ်းတက်ကာ၊ ရှင်းယန် လက်ကို ထပ်ကိုင် လိုက်သည်။ သို့သော် ရှင်းယန်က သူ့လက်ကို ခါချပြီး၊
“ ငါ့ကို စီနီယာ အစ်မလို့ မခေါ်နဲ့၊ ဒီနေ့ ပြီးရင် လမ်းခွဲ ကြမယ်၊ မင်းရဲ့ သနား ကြင်နာ မှုကို ငါ မလိုဘူး။ ”
လင်းယွန် မတုန့်ပြန် နိုင်ခင် မှာပင်၊ ရှင်းယန်က ထွက်ပြေး သွားခဲ့သည်။
ခပ်လှမ်းလှမ်း ရောက်သည်နှင့်၊ လည်ပြန် လှည့်ကြည့် လာသော၊ ရှင်းယန်၏ ပါးပြင် ပေါ်တွင်၊ မျက်ရည်များ စီးကျ နေလေပြီ။
မည်သည့် အရာက မှားယွင်း ခဲ့မှန်း မသိ သောကြောင့်၊ လင်းယွန်အား ချက်ခြင်း တုန်လှုပ် သွားစေ ခဲ့၏။
“ ငါ့ကြောင့် လား ...။ ”
ထိတ်လန့် ရာမှ၊ ပြန်လည် သတိ ဝင်လာ ချိန်တွင်၊ ရှင်းယန် တစ်ယောက် မရှိ တော့ပေ။
“ သေစမ်း ... ”
သူ့ကိုယ်သူ ကျိန်ဆဲ လိုက်ပြီး၊ နဂါးသွေး မြင်းပေါ် ခုန်တက်ကာ၊ ရှင်းယန်နောက် တဟုန်ထိုး ပြေးလိုက် သွားမိသည်။
“ စီနီယာ အစ်မ ....။ ”
အိုမင်း နေသော သစ်ပင်ကြီး တစ်ပင် အောက်တွင်၊ အမောဖြေ နေေသာ ရှင်းယန်ကို တွေ့မှ သာလျှင်၊ စိတ် သက်သာရာ ရသွား၏။
“ ဘာလိုက် လုပ်တာလဲ၊ မင်း ... ငါ့ကို သနားဖို့ မလို ပါဘူး။ ”
လင်းယွန် ချဉ်းကပ် လာသည်ကို၊ မြင်သည်နှင့် နာကြင်သွား သကဲ့သို့၊ ငြီးတွား လိုက်သည်။ သူမ မျက်လုံး များက နီရဲ၊ ဖောင်းမို့ နေ၏။
“ ဒီမှာ ... ”
လင်းယွန်က ပန်း တစ်ပွင့်ကို ကမ်းပေး လိုက်ပြီး၊ ရှင်းယန်အား ပြုံးပြ လိုက်သည်။ ကမ်းပေး လာသည့် ပန်းကို စိုက်ကြည့် လိုက်ပြီး၊
“ ဒါက လမ်းကနေ၊ မင်း ခူးလာ တာလား။ ”
“ ဒါပေမယ့် မင်းလိုပဲ လှတယ် လေ။ ”
လင်းယွန်က ပြုံးကာ ပြန်ဖြေသည်။ သူ့ စကား ကြောင့် ရှင်းယန် မျက်နှာတွင်၊ သွေးရောင် ပြန်လွှမ်း လာ၏။
ပန်းကို လက်ခံယူကာ၊ ‘ငါ တောင်းပန် ပါတယ်’ ဟု တိုးတိုးလေး ဆိုလေသည်။
သူ့ အနေဖြင့် စိတ်ဆိုး ခဲ သော်လည်း၊ ခံစားချက် များကို မထိန်းချုပ် နိုင်ခဲ့ပေ။ ဒဏ်ရာ ရလာသော လင်းယွန်ကြောင့်၊ ဂရုဏာ ဒေါသဖြင့် ဆိုမိ ဆိုရာ ဆိုလိုက် မိခြင်း ဖြစ်လေသည်။
အမှန် တကယ်တွင် ဆန့်ကျင်ဘက် လိင်များ ကြားရှိ၊ ဖြူစင်သော ပါတ်သတ်မှု ဆိုသည်မှာ၊ အန္တရာယ် များသော လိမ်ညာမှု တစ်ခု ပေပင်။
ကမ္ဘာကြီး တစ်ခု လုံးကို သူ့ အတွက်၊ ဆန့်ကျင် တိုက်ခိုက် ပေးနေ သူ အပေါ်၊ မည်သည့် မိန်းကလေး မဆို ကျရှုံး မည်မှာ၊ သဘာဝ သာဖြစ်၏။
အရွယ်နှင့် မလိုက်အောင် တည်ငြိမ် လွန်းသော လင်းယွန် ရင်ထဲတွင်၊ အခြား အမျိုးသမီး တစ်ဦး ရှိနေကြောင်း၊ ထက်မြက်သော မိန်းမ တစ်ယောက် အနေဖြင့်၊ သတိ ပြုမိ နေပြီ ဖြစ်သည်။
မျက်ဝန်းများ ထဲရှိ အထီးကျန် မှုကို ခံစား ပေးနိုင်သည်။ သို့သော် မနေ့ ညက သာယာဖွယ် ကောင်းလွန်း သဖြင့်၊ ထိုအိမ်မက်ကို မစွန့်လွှတ် လိုခဲ့ပေ။
သူနှင့် အတူ ကမ္ဘာ အနှံ့၊ လှည့်ပါတ် ခံစား ကြည့်လို၏။ နာကျင် ချိန်တွင် တစ်ဦးကို တစ်ဦး ထွေးပွေ့ကာ၊ အန္တရာယ်ဖြင့် ကြုံတွေ့ ချိန်၌၊ လက်တွဲ ရင်ဆိုင် ချင်သည်။
သို့သော် ထိုအဖော် မွန်တွင် တစ်စုံ တစ်ယောက် ရှိနေ ပြီမို့၊ အိပ်မက်မှ အတင်း ပုတ်နှိုး ခံလိုက် ရကာ၊ အနည်း ငယ်သော အတ္တ လေးကို လွှတ်ချ ရန်၊ ကြောက်လန့် သွားခြင်း ဖြစ်ပေသည်။
“ မတောင်းပန် ပါနဲ့၊ .... ”
လင်းယွန်က ပြုံးကာ ခေါင်းယမ်း ပြပြီး၊
“ စီနီယာ အစ်မ၊ ငါ မင်းကို မသနား ပါဘူး၊ ပြီးတော့ မင်း အပေါ် အပြစ် မမြင်ဖူး ဆိုတာ လည်း မင်း သိရမယ်၊ ... ”
“ ... မင်းက ငါ့ နှလုံး သားနဲ့ အနီးဆုံး နေရာမှာ အမြဲတမ်း ရှိ တဲ့ အတွက်၊ ငါ အနိုင်ကျင့် ခံရချိန် တွေမှာ၊ မင်း နာကျင် ရသလိုပဲ၊ ငါလည်း အခု နာကျင် ရပါတယ်၊ ... ”
“ ဘယ်လောက် အထိ နီးလဲ ။ ”
ရုတ်တရက် ပျက်ချော်ချော် အမူ အယာဖြင့်၊ ရှင်းယန်က ပြန်မေး လိုက်သည်။
“ မင်း အတွက် ငါ့အသက်ကို ပေးနိုင်တဲ့ အထိကို နီးပါတယ်။ ”
လင်းယွန်က လေးနက်စွာ ပြန်ဖြေသည် ။
“ အရူးလေး ...၊ ငါ့ဘေးမှာ လာထိုင်။ ”
ရှင်းယန်က နီထွေးသော မျက်နှာဖြင့် သူမ ဘေးမှ မြေကြီးကို ပုတ်ပြ လိုက်သည်။ အချိန် အတော်ကြာ ပြီးနောက်၊ သူမက လင်းယွန် ရင်ဘက်ပေါ် မှီချကာ၊
“ မောင်လေး၊ ငါ့ကို ဖက်ထား ပေးလို့ ရမလား။ ”
-ဟု တိုးညှင်းစွာ တောင်းဆို လိုက်လေသည်။
လင်းယွန်က စကား တစ်ခွန်းမှ မဆို တော့ဘဲ၊ သူမကို ပွေ့ဖက် လိုက်သည်။ ယင်းအနေ အထား ဖြင့်ပင်၊ နှစ်ဦးသား အိပ်ပျော် သွားကြ ၏။
နောက်နေ့ မနက် အိပ်ရာမှ နိုးလာသော အခါတွင်၊ ရှင်းယန် ရှိမနေ တော့ပေ။ မျက်လုံးကို ပွတ်သပ် ကြည့်လိုက်ရာ၊ ဘေးနားရှိ စာ တစ်စောင်ကို သတိ ပြုမိ လိုက်၏။
( ဂျူနီယာ မောင်လေး၊ မင်း ဒီစာကို ဖတ်နေတဲ့ အချိန်မှာ၊ ငါ အဝေးကို ရောက်နှင့် နေပါပြီ၊ ငါ မင်းကို ချစ်မိ သွားတာ ဖြစ်မယ်၊ ဒါပေမယ့် ဘယ် အချိန် ကလဲ ဆိုတာတော့၊ ငါ မသိ ပါဘူး၊ ..၊
ချင်ယု လက်မှာ ကူကယ် ရာမဲ့ ဖြစ်နေ ချိန်မှာ ကယ်ခဲ့ တုန်းကလား၊ ဒါမှ မဟုတ် မင်းကို ပထမဆုံး စတွေ ချိန်ကလား၊ ...
မင်း ငါ့အတွက် လဲကျ သွားခြင်း၊ ရှိ မရှိကို ငါ မတွေး ကြည့်ခဲ့ မိဘူး၊ မင်းနဲ့ အတူ မခွဲ မခွာဘဲ၊ ကုန်မြေကြီး အနှံ့ လျှောက် သွားဖို့၊ ငါ တကယ်ပဲ တွေးနေ ခဲ့တာ၊ ....
မင်း ငါ့ကို နှင်ထုတ် ရင်တောင်၊ မင်းရဲ့ စီနီယာ အစ်မ အဖြစ်၊ မင်း အနားမှာ ဆက်နေဖို့ စဉ်းစား ထားဖူးတယ်၊ ဒါပေမယ့် ဒီလောက် တစ်ကိုယ် ကောင်း ဆန်လို့ မရဖူး ဆိုတာ ငါသိ လိုက်ပြီ၊ ....
... ငါ မင်းကို ဆုံးဖြတ်ချက် ချဖို့ အတင်း အကြပ် မလုပ်ချင် သလို၊ ခက်ခဲတဲ့ အနေ အထား မှာလည်း မရှိ စေချင် ပါဘူး၊ ...
... ဓားနန်းတော် ပြန်ဖို့ စိတ်ကူး မရှိ တာကြောင့်၊ တစ်ချိန် ချိန်မှာ ပြန်ဆုံ တွေ့ရမယ် လို့တော့ ... မျေှာ်လင့် မိပါတယ်။ )
စာဆုံး သည်နှင့် လင်းယွန်က အပြုံးဖြင့်၊ နဂါးသွေး မြင်းကို ကြည့်လိုက်သည်။
“ အချိန် လင့်ပြီ၊ သွားရအောင်။ ”
တစ်ချိန် တည်းမှာပင်၊ မဟာချင် အင်ပါယာ၌ ပျော်ပွဲ ရွှင်ပွဲများ၊ ခြိမ့်ခြိမ့်သဲ ကျင်းပ နေဆဲ ဖြစ်သည်။
ဧကရီ အသစ် ဖြစ်သော၊ ဖီးနစ် ပန်းကလေး အပေါ် ငယ်ရွယ်စဉ် ကပင်၊ ပြည်သူ များက ချစ်မြတ် နိုးကြ လေရာ၊ သူမ နန်းတက် ခြင်းအား၊ လူတိုင်း လိုလား နှစ်ခြိုက် ပေ၏။
ထို့ကြောင့် လင်းယွန် ထွက်ခွာ သွားခြင်း အပေါ်၊ မည်သူမှ စိတ်ဝင် စားခြင်း မရှိ တော့ပေ။
ရတနာ တောင်ကုန်း အဖွဲ့ ဝင်များ သည်သာ၊ သူ့ အကြောင်း စိတ်ဝင် တစား ဆွေးနွေး လာပေသည်။
နောက်ဆုံးတွင်၊ ‘ပန်း သင်္ချိုင်း ဓားသမား’ ဟူသော ဂုဏ်ပုဒ်မှာ၊ အင်ပါယာ၏ ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်လာ နိုင်ကြောင်း၊ ခန်းမှန်း လာကြသည်။
သူ့ အရည် အချင်းများ အရ၊ ကြီးကျယ် ခမ်းနားသော ပါရမီရှင် တစ်ဦး အဖြစ်၊ တံဆိပ်ကပ် ခံရ သည်မှာ လွန်အံ့ မထင်ပေ။
***
အဆုံးမဲ့ တောင်တန်းကြီး အတွင်း၊ ညအချိန် ကာလမှာ၊ အဖော်မဲ့ အထီး ကျန်သော ခံစား ချက်များ ပေးစွမ်း လေသည်။
၎င်း၌ တည်ရှိ နေသည့် တစ်ခု တည်းသော အရာမှာ၊ မရေတွက် နိုင်သော နတ်ဆိုး သားရဲများ ဖြစ်သည်။
မဟာချင် အင်ပါယာမှ ထွက်ခွာ လိုပါက၊ အဆုံးမဲ့ တောင်တန်း ကြီးအား ဖြတ်ကျော် သွားလာခြင်း သည်သာ၊ အကောင်းဆုံး ဖြစ်ပေသည်။
သို့သော် အရိုင်းမြေ များနှင့်၊ နတ်ဆိုး သားရဲ များ၏ ပိုင်နက် များကို၊ ဖြတ်သန်း သွားရမည် ဖြစ်သည်။
ကောင်းကင် တစ်ခွင်လုံး မှောင်မိုက် နေပြီး၊ မီးဖိုကြီး တစ်ခု သည်သာ တဖျစ်ဖျစ် မည်လျက် တောက်လောင် နေသည်။
မီးဖို ပေါ်၌ နတ်ဆိုး သားရဲ အသားကို လှီးဖြတ် တံစို့ထိုး ထားသည့်၊ အကင် တစ်ခေျာင်း ရှိနေ၏။
အသား ထံမှ ကျဆင်း လာသော အဆီ များက၊ မီးလျှံကို ‘ဟုတ်ခနဲ ဟုတ်ခနဲ’ ထတောက်လာ စေသည့် အပြင်၊ မွှေး ရနံ့များ လှိုင်လျိုင် ထွက်ပေါ် လာစေသည်။
အသား ပေါ်တွင် ဟင်းခတ် အမွှေး အကြိုင် များအား၊ အခါအား လျော်စွာ ပက်ဖြန်း နေတက်သည်။
“ စား ရ အောင် ... နဂါးလေး ။ ”
လင်းယွန်က နဂါးသွေး မြင်းကို လှမ်း ပြောသည်။ ထို့နောက် အသား တစ်ပိုင်းကို ဖဲ့ကာ၊ လူးလိမ့် ထထိုင် လာသော နဂါးသွေး မြင်းထံ၊ ပစ်ချ ပေးလိုက်သည်။
အဆုံးမဲ့ တောင်တန်းကြီး အတွင်းတွင် မြို့တော်ကို ခြိမ်းခြောက် နိုင်သည့်၊ သားရဲ လှိုင်းများ မကြာ ခဏ ဆိုသလို ထွက်ပေါ် လာတက်သည်။
ကြာမိစ္ဆာ နယ်မြေသို့ လိုက်ပါ ဖူးသည် ဖြစ်ရာ၊ လင်းယွန် အတွက် ဤနေရာမှာ စိမ်းသက် မနေပေ။
နတ်ဆိုး အသားကို စားသုံး ပြီးနောက်၊ ကျင့်ကြံရန် စတင် လိုက်သည်။ ခန္ဓာကိုယ် အတွင်း၌ စွမ်းအင် များကို၊ ဓားအရှိန် အဝါ အဖြစ် ပြောင်းလဲ သန့်စင် ရာ၌ (၄၀% ) အထိ၊ ပြောင်းလဲ ထားနိုင် ခဲ့သည်။
အဖြူရောင် ဖျော့ဖျော့ ကြိုးများက ငွေဖြူရောင် အဖြစ်သို့၊ တဖြည်းဖြည်း ပြောင်းလဲ လာသည်။
ဤလုပ်ငန်းစဉ် အတွင်း ကာကွယ်သူ မက်မွန် ပေးခဲ့သော၊ မူလ စွမ်းအင် အဆီ အနှစ် များကို၊ ကောင်းကောင်း အသုံးချ နိုင်ခဲ့သည်။
ပြီးဆုံး ချိန်တွင်၊ သူ၏ မူလ စွမ်းအင် အရည် အသွေးမှာ၊ အဆင့်သစ် တစ်ခုသို့ ရောက်ရှိမည် ဖြစ်သည်။
ထိုအခါ ခရမ်းရောင် နန်းတော် ကျင့်ကြံ သူများ ကိုပင်၊ ကြောက်ရွံ့ နေစရာ အကြောင်း မရှိ တော့ပေ။
မီးပုံကြီး ပေါ်မှ ရနံ့၏ ဆွဲငင် မှုကြောင့်၊ ဆိတ်သုဉ်း နေသော နယ်မြေ အတွင်း၊ သားရဲ ဟောက်သံများ တဖြည်းဖြည်း ကြားလာ ရသည်။
ခိုးဝင် လုယက်ရန် ချောင်းမြာင်း စိုက်ကြည့် နေသော နတ်ဆိုး များပင် ရှိလာ၏။
၎င်း နတ်ဆိုး သားရဲများ ကြားတွင် ကြက်သွေးရောင် ကျားသစ် တစ်ကောင်က၊ လင်းယွန် ကိုပါ ကိုက်ဖြတ် စားသောက်ရန် ရည်ရွယ် ချက်ဖြင့်၊ ကြည့်နေ ပေသည်။
ကျားသစ်၏ ရောင်ဝါ အရ၊ ခရမ်းရောင် နန်းတော် နယ်မြေသို့၊ မကြာသေး မီက ရောက်ရှိ ခဲ့ပုံ ရ၏။
ထို့ကြောင့် လင်းယွန် အနား၊ တဖြည်းဖြည်း ဂရု တစိုက်နှင့် ချဉ်းကပ် လာ၏။
သူက ရုတ်တရက် ခုန်အုပ် တော့မည့် အချိန်တွင်၊ လင်းယွန်မှာ မျက်လုံးများ ဖွင့်လာပြီး၊ လက်ညိုးဖြင့် တောက်ထုတ် လာလေသည်။
ခရမ်း ငွေရောင် ဓားအလင်း တစ်လက်၊ ပြေးထွက် လာပြီး၊ သူ့အား ထိမှန် သွားသည်။
ပြင်းထန် လွန်းသော စွမ်းအား များကြောင့်၊ မီတာ များစွာ လွင့်စင် သွားပြီး၊ နာကျင်စွာ အော်ဟစ် လိုက်ရ၏။
တစ်ချိန် တည်းမှာပင် ကြက်သွေးရောင် အလင်းတန်း တစ်ခုက၊ ကျားသစ်ထံ ထပ်မံ ပြေးဝင် လာ၏။
“ ငါ... မင်းအတွက် ထားလိုက်မယ်၊ မင်းလည်း ခရမ်းရောင် နန်းတော် နယ်မြေကို ရောက်ဖို့ အချိန် တန်ပြီ၊ မဟုတ်ရင် မင်းရဲ့ နဂါး သွေး တွေကို စွန့်လွှတ် လိုက်တော့။ ”
လင်းယွန်က ပြုံးလျက် ညည်းတွား ပြောဆို လိုက်လေသည်။
***