← Chapters

ထူးဆန်းသော မိုးကြိုးများ။

Vol. 35 Ch. 478

ထူးဆန်းသော မိုးကြိုးများ။

Vol. 35 Ch. 478

“ မင်းလည်း ခရမ်းရောင် နန်းတော် နယ်မြေကို ရောက်ဖို့ အချိန် တန်ပြီ၊ မဟုတ်ရင် မင်းရဲ့ နဂါး သွေး တွေကို စွန့်လွှတ် လိုက်တော့။ ”

လင်းယွန်က ပြုံးလျက် ညည်းတွား ပြောဆို လိုက်လေသည်။

နဂါးသွေး မြင်းသည် လင်းယွန်ထက် ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ရောက်ရန် ပို၍ လွယ်ကူသည်။

ကျားသစ်နှင့် နဂါးသွေး မြင်းကို၊ တစ်ချက် ကြည့်ကာ၊ အနည်းငယ် စဉ်းစား လိုက် ပြီးနောက်၊ သခင်ဓား ပါရှိသော ကျောက်စိမ်း တုံးအား ထုတ်ယူ လိုက်သည်။

လမ်းတစ်လျှောက် သူ၏ တစ်နေ့တာ အချိန် ဇယားမှာ၊ နေ့ဘက်တွင် ခရီး ဆက်ပြီး၊ ညဘက်၌ မူလ စွမ်းအင်ကို သန့်စင်ခြင်း ဖြစ်သည်။

ထို့ကြောင့် ကာကွယ်သူ မက်မွန် ပေးခဲ့သော၊ သခင့်ဓားကို ကြည့်ရှုရန် အချိန် မရှိ ခဲ့ပေ။

ကျောက်စိမ်း တုံးကို နဖူးပေါ် တင်လိုက် သည်နှင့်၊ အချက် အလက် မြောက်များစွာ၊ သူ့ ခေါင်းထဲ တိုးဝင် လာသည်။

ဤသည်မှာ ဓား ကိုးချက်၊ ပါရှိသော ပြင်းထန် သည့်၊ ဓားရေး တစ်ရပ် ဖြစ်၏။

မိုးကြိုး ၊ သူရိယ ၊ မဟာ ပေါက်ကွဲမှု၊ ခွဲဖွင့် လာသည့် အာရုဏ်ဦး၊ သွေး ချုပ်နှောင်ခြင်း ၊ အမြီး ရမ်းခြင်း၊ အကန့် အသတ်မဲ့ ရောင်ခြည်တော်၊ အသက်ပေါင်း များစွာ၊ သခင့်ဓား၊ စသည်တို့ ဖြစ်သည်။

လှုပ်ရှားမှု တိုင်းတွင်၊ အခက် အခဲများ ပို၍ တိုးလာ ပေမည်။

အချက် အလက် ပမာဏများ ပြည့်သိပ် လွန်း သဖြင့်၊ ဦးခေါင်းခွံ တစ်ခုလုံး ပေါက်ကွဲ မတက်၊ ကိုက်ခဲ လာသည်။

သူ၏ ညာဏ်ရည် ညာဏ်သွေး ဖြင့်ပင်၊ ယခင် အချိန် များ၌၊ ပထမ ဓားချက် အပေါ်၊ တီးခေါက်မိ ထားရုံ သာ ရှိပေသည်။

မျက်လုံးများ ပြန်ဖွင့် လိုက်ပြီးနောက်၊ အတွေးနက် သွားသည်။ ဓား ရည်ရွယ် ချက်ကို နား မလည် ထားဘဲ၊ ၎င်းအပေါ် အဆင့်မြင့် တက်ကျွမ်းရန်၊ မဖြစ် နိုင်ပေ။

တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခု လုံး တွင်ပင်၊ သခင့်ဓားနှင့် ယှဉ်နိုင် စရာ၊ ဓားရေး အများကြီး မရှိကြောင်း၊ ယုံကြည်ချက် ရှိရှိ ပြောဆို လာရဲသော၊ ကာကွယ်သူ မက်မွန် စကား အပေါ် နားလည် သွား၏။

သူ့ အနေဖြင့် ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို၊ ဆုပ်ကိုင်ထား သော်လည်း ၊ ၎င်းအား ကျင့်ကြံရန် ခက်ခဲ နေဆဲ ပေပင်။

ဆိုလို သည်မှာ၊ တခြား သူများ အတွက်၊ သာ၍ ခက်ခဲ နိုင်၏။

“ ဒါပေမယ့် ဒါက အစွမ်း ထက်တဲ့၊ ဓားရေး တစ်ရပ် ဆိုတာတော့ ငြင်းမရ ပါဘူး။ ”

ကျောက်စိမ်း တုံးကို ကိုင်ကာ၊ နှုတ်ခမ်းဖြင့် နမ်းယူ လိုက်သည်။ စိန်ခေါ် မှုများ ဖြင့်သာ၊ သူ့ကို သွေးယူ နိုင်မည်။

အတွေး များကို ရှင်းထုတ် လိုက်ပြီး၊ ကျောက်စိမ်း တုံးကို သိမ်းလိုက်ကာ၊ မီးပုံ ဘေးမှ ထရပ် လိုက်၏။

မျက်လုံး များက၊ ကြယ်တာရာ နှစ်စင်း လင်းလက်နေ သကဲ့သို့၊ အမှောင် ထဲတွင် တောက်ပ နေပေသည်။

သစ်ကိုင်း တစ်ကိုင်းကို ကောက်ကိုင် လိုက်ပြီး၊ သခင့်ဓားကို လေ့ကျင့်ရန် ပြင်လိုက်သည်။

“ မိုးကြိုး ... ဒါက ဘာကို ဆိုလို တာလဲ၊ တစ်ခု လုံးကို ပေါင်းစပ် ရမှာလား၊ နေဦး.... အဲဒါ မဟုတ် သေးဘူး၊ ... ”

“ ... မန္တရား အရ ဆိုရင် ... မိုးကြိုး ဆိုတာ ဖျက်ဆီးလို့ မရ သလို၊ ရပ်တန့် လို့လည်း မရဘူး၊ အတင်း အကြပ် ချိုးဖြတ် မိရင် ကိုယ့်ကိုကိုယ် ဒဏ်ရာ ရလိမ့်မယ်၊ ဒါဆို .... ”

သို့သော် ဘယ်ဘက် ဉီးနှောက် ထဲရှိ လင်းယွန်က၊ ခေါင်းရမ်းပြ လိုက်သည်။

“ တကယ်တော့ မိုးကြိုး ဆိုတာ လျှပ်စီးနဲ့ အတူတူပဲ ....၊ မင်းက လေးလံတဲ့ အရာ ဝတ္ထုကို၊ အမြန် ရွေ့စေ ချင်နေ တာလား၊ ... ”

ယင်းမှာ မဖြစ် နိုင်ကြောင်း သူ သိသည်။

“ ဒါဆို .... ”

ဦးနှောက် ညာဘက် ခြမ်းရှိ လင်းယွန်က၊ လက်မ ထောင်ပြ လိုက်သည်။

*( ဆိုလို သည်မှာ လျင်မြန်သော အရှိန်ဖြင့်၊ ရွေ့လျား နိုင်ပါက၊ ပြင်းထန်သော အဟုန်ကို ရရှိ လာစေမည်။

ရှင်းရှင်း ဆိုရသော် လောက်စာလုံးကို လက်ဖြင့် ပစ်ခြင်းထက်၊ လောက်စာ အိမ်ထဲ ထည့်ပစ် ခြင်းမှာ၊ ပို၍ နာကျင်သည့် သဘော ပေပင်။ )*

သူ လုပ်ရမည့် အရာမှာ၊ ဓားကို မြန်နိုင် သမှျ မြန်မြန်၊ ထုတ်ဖော် ရန်သာ ဖြစ်ပေသည်။

*( ဦးနှောက် ညာဘက်သည် တီထွင် ဖန်တီး နိုင်သော စွမ်းရည်မျိုး ရှိ၏။

ဘယ်ဘက် အခြမ်းမှာ စဉ်းစား တွေးခေါ် ရသည့် တာဝန်ကို ယူ ပေသည်။

ဆိုလို သည်မှာ ဘယ်ဘက်သည် အချက် အလက် များ အပေါ်၊ ဆက်စပ် တွေးတော နိုင်ပြီး၊ ညာဘက်က အချက် အလက် များကို တည်ဆောက်ကာ၊ ဆန်းသစ်သော အရာ များကို ဖန်းတီးပေး ပေသည်။ )*

ထိုသဘော တရား အပေါ် ဆုပ်ကိုင်ကာ၊ တစ်ညလုံး လေ့ကျင့် နေခဲ့ပြီး၊ ရောင်နီ သန်းလာမှ သာလျှင်၊ ရပ်တန့် လိုက်သည်။

မောပန်း နွမ်းနယ် နေသော်လည်း၊ သူ့မျက်လုံး များက တက်ကြွ နေခဲ့၏။ မျက်နှာ ပေါ်တွင် အပြုံး တစ်ပွင့် ထွက်ပေါ် လာပြီး၊

“ စိန်ခေါ် မှုတွေ မကြုံတွေ့ ရတာ ကြာပါပြီ။ ”

-ဟု ညည်းတွား လိုက်တော့သည်။

သိုင်း နည်းစနစ်များ အပေါ်၊ နားလည်မှုနှင့် ပတ်သတ်၍၊ အဆင့် လေးဆင့်ဖြင့် ခွဲခြား ထားသည်။

၎င်းတို့မှာ ကနဦး အဆင့် ကျွမ်းကျင်မှု၊ အလယ် အလတ် အဆင့် ကျွမ်းကျင်မှု၊ အဆင့်မြင့် ကျွမ်းကျင် မှုနှင့် ပြီးပြည့် စုံသော ကျွမ်းကျင် မှုတို့ ဖြစ်သည်။

အရည် အချင်း ရှိသူ၊ အနည်းငယ် မျှသည်သာ သရုပ်ဖော် အဆင့် (ဖန်တီးခြင်း အဆင့်) သို့၊ ရောက်ရှိ နိုင်သည်။

အများ စုသည် နည်းစနစ် များကို၊ ပိုမို ကျွမ်းကျင် လာစေရန် အတွက်၊ အချိန် များစွာကို သုံးစွဲ ကြရမည် ဖြစ်သည်။

ထို့နောက် နည်းစနစ် တိုင်း၏ စွမ်းအားကို၊ (၈၀%) သို့မဟုတ် (၉၀% )အား၊ ထုတ်ယူ နိုင်မည် ဖြစ်၏။

နောက်ဆုံးသော (၁၀%)ကို ရရှိရန် အတွက်မူ၊ ပြီးစုံသည့် အဆင့် အထိ၊ ကျွမ်းကျင်မှု ရှိအောင် ကြိုးစား ရပေမည်။ ယင်းမှာ၊ လွယ်ကူသော အရာ မဟုတ်ပေ။

ထို့ကြောင့် သရုပ်ဖော် အဆင့်နှင့်၊ ပတ်သက်၍ လူအများ စုက၊ အိမ်မက်သာ မက်နိုင် လေသည်။

လင်းယွန်၏ ညာဏ်ရည် ညာဏ်သွေး အရ၊ ကနဦး ကျွမ်းကျင် မှုကို ရရှိရန်၊ နေ့ တစ်ဝက် အချိန် ယူရသည်။

၎င်းထက် ပိုကျွမ်းကျင် လိုပါက၊ တစ်ပါတ်နှင့် လဝက် အကြား၊ ကြာညောင်း နိုင်၏။ ‘ပြီးပြည့် စုံသော ကျွမ်းကျင် မှု’ ကို ရယူရန် အတွက်မူ၊ တစ်လ ခန့်သာ လိုပေသည်။

သို့သော် သခင့်ဓားကို လေ့ကျင့် ရာတွင်၊ တစ်ညတာ ကုန်လွန် သွား သော်လည်း၊ ကနဦး ကျွမ်းကျင်မှု ကိုပင်၊ မအောင်မြင် ခဲ့ပေ။

“ အနည်း ဆုံးတော့ ရိတ်သိမ်း နိုင်လိုက် တာပဲလေ၊ မဟုတ်ရင် စိတ်ပျက် လက်ပျက် ခံစား နေမိမှာ အမှန်ပဲ။ ”

လင်းယွန်က လက် ဆန့်တန်း အပျင်းကြော ဆွဲကာ၊ ပြုံးလျက် ထရပ် လိုက်သည်။

မည်သို့ပင် ဆိုစေ ကာမူ၊ ၎င်းအား ကျင့်ကြံရန် လမ်းစ ရရှိ ထားပြီ ဖြစ်သည်။

ထို အချိန်တွင် လင်းယွန် အနားသို့၊ နဂါးသွေး မြင်းက ပြန်လည် ရောက်ရှိ လာသည်။

နဂါးသွေး မြင်း၏ အရှိန် အဝါမှာ၊ ယခင် ကထက် ပိုမို ပြင်းထန် လာ၏။

၎င်း၏ သားမွှေး များမှာ၊ ကြက်သွေးရောင် ကျောက်စိမ်း တုံးကြီး ကဲ့သို့၊ အရည် လဲ့ နေပေသည်။

ထို့ပြင် ကြောက်စရာ ကောင်းသော၊ ပေါက်ကွဲ စွမ်းအား များ ကိုလည်း၊ နဂါးလေး ထံမှ ခံစား နိုင်သည်။

“ မဆိုး ပါဘူး၊ မင်းက ... ခရမ်းရောင် နန်းတော် နယ်မြေကို ရောက်တဲ့ အခါ၊ ဘယ်လို အပြောင်း အလဲတွေ၊ ကြုံလာ မလဲ ဆိုတာ၊ ငါမျှော်လင့် နေပါတယ်။ ”

ဆိတ်သုဉ်း နေသော နယ်မြေ ကြီးကို လှမ်းကြည့် ကာ၊ ရေရွတ် လိုက်သည်။

သူ့တွင် တိကျ သော ဦတည်ချက် မရှိဘဲ၊ မဟာချင် အင်ပါယာမှ ထွက်ကာ၊ သူ့ကိုယ်သူ ဖိအား ပေးလိုခြင်း ဖြစ်ပေသည်။

နောက်ထပ် ပန်းတိုင်ကို မဆုံး ဖြတ်မီ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခု လုံးအား၊ ဦးစွာ နားလည် ထားလို၏။

နေ့ဘက်တွင် ‘မိုးကြိုး’ ကို နားလည်ရန် ကြိုး စားပြီး၊ ညဘက်၌ မူလ စွမ်းအင် များအား၊ သန့်စင် ပေးခဲ့သည်။

သူ၏ နေ့ရက် များမှာ၊ အဖော်မဲ့ ခြောက်သွေ့ လွန်း သော်လည်း၊ ပြည့်စုံသော လုပ်ငန်းစဉ် တစ်ရပ် ဖြစ်သည်။

“ မိုးကြိုး ဆိုတာ အရှိန် အဟုန်ကို ရည်ညွှန်း တာပဲ၊ မိုးကြိုး ပစ်သလိုမျိုး ပေါက်ကွဲအား ရဖို့ လျင်မြန်မှု လိုတယ်၊ ဒီဓားကို လွှတ်ထုတ် တဲ့အခါ၊ အရှိန်က အရေး ကြီးဆုံးပဲ၊ ... ”

“ အရှိန် အဟုန် အားကောင်း လေလေ၊ ဒီဓားက အားကောင်း လေလေ၊ ဟုတ်တယ် ... ဒါ ဖြစ်သင့်တယ်။ ”

သုံးရက် အကြာတွင် သူ သွားရမည့် လမ်းကြောင်းကို၊ တွေ့ရှိ လာခဲ့ သည်။

သို့သော် လေ့ကျင့် တော့မည့် အချိန် မှာပင်၊ ကောင်းကင် တခွင်လုံး ရုတ်တရက် အုံ့မိုး လာ၏။

စုပုံ လာသော မိုးကြိုး တိမ်တိုက် များကို မော့ကြည့်ကာ၊ ခေတ္တမျှ ငိုင်တွေ သွားသည်။

“ မိုးရွာ တော့မယ် ထင်တယ် ... ”

“ ဂျိန်း ........ ”

သို့သော် ကောင်းကင်မှာ၊ ကြောက်မက်ဖွယ် မည်းမှောင်လာ သော်လည်း မိုး မရွာ ခဲ့ပေ။ ကြီးမားသော ဖိအား များနှင့် အတူ၊ မိုးခြိမ်း သံများ စတင် မြည်ဟီး လာ၏။

လင်းယွန်က အတွေး နက် နေစဉ် မှာပင်၊ မိုးကုပ် စက်ဝိုင်းကို ဖြတ်၍၊ လျှပ်စီးများ ပြက်ထင် လာလေသည်။

လျှပ်စီး လက်သွား ချိန်တွင်၊ အချိန်များ အေးခဲ သွားပုံ ရပြီးနောက်၊ မိုးစက်များ တဖွဲဖွဲ ကျလာ၏။

“ ဟုတ် တယ် ဟ။ ”

မိုးရေ များကို လက်ဖဝါးဖြင့် ခံယူ ကြည့် ပြီးနောက်၊ ပြုံးရယ် လိုက်သည်။

မိုးခိုရန် နေရာ တစ်ခုအား၊ ရှောင်တခင် ရှာဖွေ လိုက်ကာ၊ သခင်ဓားကို နားလည်ရန် အာရုံ စိုက်တော့၏။

အချိန်များ ကုန်လွန် လာပြီးနောက်၊ မိုးဆဲ သွားချိန်တွင် လင်းယွန်၏ မျက်လုံးများ ပြန်ပွင့် လာသည်။

ပန်း သင်္ချိုင်း ဓားကို ဆုပ်ကိုင် လိုက် သည်နှင့်၊ လျှပ်စီး လက်နေသည့် ကောင်းကင် ကြီးမှာ၊ ရုတ်တရက် မှောင်မိုက် သွားသည်။

ဓားကို မဆွဲမီ၊ အဆုံး မရှိသော ဓား အလင်းများ၊ အရှိန် အဟုန် ပြင်းစွာ ထွက်ပေါ် လာ၏။

နောက် တစက္ကန့် အတွင်း မှာပင်၊ လျှပ်စီးများ လက်လာပြီး၊ ပေါက်ကွဲ သံများ ဆူညံ လာ လေသည်။

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ခုတ်ပိုင်း လိုက်သော အခါ၊ မီတာ ထောင်ပေါင်း များစွာ၊ ရှည်လျားသော လျှိုကြီး တစ်ခု၊ မြေပြင်၌ ထင်ကျန် ရစ်ခဲ့ တော့၏။

ဤဓား၏ ဖျက်ဆီး စွမ်းအားမှာ၊ သူ့အား အံသြ သွားစေသည်။ သို့သော် ၎င်းသည် ကနဦး ကျွမ်းကျင် ရုံမျှသာ ဖြစ်သောကြောင့်၊ စိတ် လှုပ်ရှား မှုများ၊ ဝင်ရောက် လာလေသည်။

အဆင့်မြင့် ကျွမ်းကျင်မှု အထိ၊ ဆုပ်ကိုင် နိုင်ပါက၊ အဘယ်မျှ အစွမ်းထက် မည်ကို၊ မတွေး နိုင်တော့ပေ။

နောက်တစ်ဖန် ဤဓား၊ အလွန် အစွမ်း ထက်ရသည့် အကြောင်း ရင်းမှာ၊ သူ့ခွန်အား နှင့်လည်း သက်ဆိုင် လေသည်။

လွန်ခဲ့သည့် ရက် အနည်းငယ် အတွင်း၊ သူ၏ မူလ စွမ်းအင် များကို၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း များဖြင့်၊ ပြောင်းလဲ ခဲ့သည်။

ယခု အခါ သူ၏ မူလ စွမ်းအင် (၆၀%)အား၊ ဓားစွမ်းအင် အဖြစ်သို့ ပြောင်းလဲ ထားနိုင်၏။

ထို့ကြောင့် ‘မိုးကြိုး’ ဓားချက်မှာ၊ အခြားသူ တစ်ဦးသာ အသုံးပြု မိပါက၊ ဤမျှလောက် အစွမ်း ထက်မည် မဟုတ်ပေ။

အဘယ်ကြောင့် ဆိုသော် ၎င်းတို့တွင် လင်းယွန် ကဲ့သို့၊ အစွမ်း ထက်သော မူလ စွမ်းအင်မျိုး မရှိ သည့် အပြင်၊ ဓားသုတ္တန် သည်လည်း မရှိ သောကြောင့် ဖြစ်လေသည်။

သခင့်ဓားမှာ တကယ်ပင် အားကောင်း လှပြီး၊ ကာကွယ်သူ မက်မွန် အနေဖြင့်၊ ကြွားဝါ ပြောဆို ခဲ့ခြင်းမျိုး မဟုတ် ခဲ့ပေ။

ဤဓားရေးဖြင့်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခွင်တွင်၊ သူ့ကိုယ်သူ တည်ဆောက် နိုင်ပေမည်။

ပန်း သင်္ချိုင်း ဓားသမား ဟူသော အမည်ကို၊ ကြားရုံ ဖြင့်ပင်၊ အုပ်စိုးရှင် ဂိုဏ်းများရှိ အထက် တန်စား များက၊ ကြောက်ရွံ့ လာနိုင်၏။

“ ဒါပေမယ့် ကြောက်စရာ၊ ကောင်းလောက် အောင် အားကုန် လွန်းတယ်။ ”

မိုးကြိုး ဓားချက်မှာ သူ၏ မူလ စွမ်းအင် လေးပုံ တစ်ပုံကို ထုတ်ယူ သွားပေသည်။

၎င်းကို ထပ်မံ အသုံးပြု လိုပါက၊ ပင်ပန်း နွမ်းနယ် မှုများ ပြင်းထန် နိုင်လာကြောင်း၊ သတိထား မိသည်။

သို့သော် ဖျက်ဆီး စွမ်းအားနှင့် တွက်ယူ ရသော်၊ မူလ စွမ်းအင် ကုန်ခမ်း ခြင်းမှာ၊ ထိုက်တန် ပေ၏။

“ ဂျိန်း ..... ဒလိန်း လိန်း..... ”

ဤအခိုက်တွင်၊ မိုးခြိမ်း သံများ နောက်တစ်ကြိမ် ထွက်ပေါ်လာ သဖြင့်၊ လင်းယွန်က မျက်မှောင် ကြုတ် သွားမိသည်။

“ ငါ့ဓား အရှိန်ကို သိမ်းပြီး ပါပြီ၊ ဘာဖြစ်လို့ လျှပ်စီး လက်ပြီး၊ မိုးခြိမ်း နေရ သေးတာလဲ၊ ငါ့ အပြင် တခြား တစ်ယောက် ယောက်က၊ ဒီမှာ ဓားရေး လေ့ကျင့် နေတာများ ... ဖြစ်နိုင်လား။ ”

မိုးကြိုး တိမ်တိုက်များ ထပ်မံ စုပုံ လာသော ကောင်းကင်ကို၊ မော့ကြည့်ကာ ရေရွတ် မိသည်။

“ နေဦး ...၊ ဒါက ဓားနဲ့ ဖန်တီး ထားတဲ့၊ ဖြစ်စဉ်မျိုး မဟုတ်ဘူး …။ ”

သဘာဝ ဖြစ်စဉ် အပေါ်၊ အကြောင်းရင်း မည်သည် ဖြစ်မည်ကို၊ ခွဲခြမ်း စိတ်ဖြာ နေခဲ့သည်။

နောက်ဆုံးတွင်၊ ဤမျှ ကြီးမားသော ရုန်းရင်း ဆန်ခတ် မှုအား၊ ဖန်တီးရန် အတွက်၊ ထိုသူမှာ မည်မျှ အစွမ်း ထက်ရ မည်ကို တွေးဆ လာမိသည်။

မိုးကြိုး တိမ်တိုက်များ စုဝေး လာပြီးနောက်၊ တဂျိန်း ဂျိန်းဖြင့် ပစ်ချပြီး၊ ငြိမ်သက် သွား၏။

များ မကြာမီ ထပ်မံ စုဝေးလာ ပြန်သည်။ ဤနည်းဖြင့် နောက်ထပ် ရက် အနည်းငယ် ကြာသည့် အထိ၊ ရှစ်ကြိမ် တိုင်တိုင် ဖြစ်ပျက် နေခဲ့သည်။

‘ဆိတ်သုဉ်း နေသော နယ်မြေ’ မှ၊ ထွက်ခွာ တော့မည့် အချိန်တွင်၊ ကိုးကြိမ်မြောက် မိုးတိမ်များ စုဝေး လာပြန်၏။

“ ထပ်လာ ပြန်ပြီလား။ ”

ဤတစ်ကြိမ်၌ ကမ္ဘာ မြေကြီး အဆုံးသတ် တော့မည် ကဲ့သို့၊ ခံစားလိုက် ရပြီး ကြောက်စိတ်များ၊ သူ့ နှလုံးသား ထဲ ဝင်ရောက် လာ တော့သည်။

နဂါး သွေးမြင်း ပင်လျှင်၊ စိတ်မသက် မသာ ခံစား လာရ၏။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

လူပိန်း တစ်ယောက် ဖြစ်နေ လျှင်ပင်၊ အဆိုပါ ဖြစ်စဉ် ကြောင့်၊ တစ်စုံ တစ်ရာ ထူးခြား နေမှန်း၊ ခန့်မှန်း နိုင်ပေမည်။

***

All Chapters