အံ့သြစရာ မြင်ကွင်း။
Vol. 35 Ch. 479
‘ဆိတ်သုဉ်း နေသော နယ်မြေ’ မှ၊ ထွက်ခွာ တော့မည့် အချိန်တွင်၊ ကိုးကြိမ်မြောက် မိုးတိမ်များ စုဝေး လာပြန်၏။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
လူပိန်း တစ်ယောက် ဖြစ်နေ လျှင်ပင်၊ အဆိုပါ ဖြစ်စဉ် ကြောင့်၊ တစ်စုံ တစ်ရာ ထူးခြား နေမှန်း၊ ခန့်မှန်း နိုင်ပေမည်။
နောက်ဆုံးတွင် ထိုအရာကို မှန်းဆ နိုင်ခဲ့၏။ နတ်ဆိုး သားရဲ များ အနေဖြင့်၊ ခရမ်းရောင် နန်းတော် နယ်မြေသို့ ရောက်ရှိသော အခါတွင်၊ ၎င်းတို့၏ ဖြစ်တည်မှု အပေါ်၊ ကောင်းကင်နှင့် မြေကြီးက ငြင်းပယ်မည် ဖြစ်သည်။
သွေးမျိုးဆက် သန့်စင် လေလေ၊ ကြုံတွေ့ ရမည့် ကပ်ဘေးမှာ၊ အားကောင်း လေလေပင်။
ဤ ဖြစ်စဉ် အရ၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်မြေသို့၊ ထိုးဖောက် ဝင်ရောက်ရန် နတ်ဆိုး သားရဲ တစ်ကောင်က၊ ကြိုးစား နေမှန်း ခန့်မှန်း မိပေ၏။
ထိုသား ရဲမှာ ကြောက်မက်ဖွယ် ကောင်းသော မိုးကြိုး ကပ်ဘေးကို၊ ရှစ်ကြိမ် တိုင်တိုင် အောင်မြင် ထားပြီး ဖြစ်သည်။
ယင်းအတွေးက လင်းယွန်၏ မျက်နှာကို ပြောင်းလဲ သွားစေ၏။
နတ်ဆိုး သားရဲ တစ်ကောင်သည်၊ မိုးကြိုး ကပ်ဘေးကို ကိုးကြိမ် တိုင်တိုင်၊ ခံနိုင်ရည် ရှိခြင်း အပေါ် တွေးဆ၍ မရပေ။
၎င်းမှာ အုပ်စိုးရှင် အဆင့် နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်ရ ပေမည်။ ထို့ထက် ပို၍ ဘုရင် အဆင့် နတ်ဆိုး သားရဲလည်း ဖြစ်နိုင်၏။
နတ်ဆိုး သားရဲ များကို၊ အမျိုး အစား လေးမျိုး ခွဲထား သည်။ ထို့အတွက် ကြောင့် အုပ်စိုးရှင် အဆင့်၊ နတ်ဆိုး သားရဲ တစ်ကောင်သည်၊ ၎င်း၏ ကပ်ဘေး ဒုက္ခအား၊ အောင်မြင် သွားပါက၊ မည်မျှ အစွမ်းထက် မည်ကို စိတ်ကူး မယဉ် နိုင်ပေ။
နောက်ဆုံးတွင်၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်မြေသို့ ရောက်ရှိ ရန်မှာ၊ လူသား ကျင့်ကြံသူ များထက်၊ နတ်ဆိုး သားရဲ များက ပို၍ ခက်ခဲ လေသည်။
အစော ပိုင်းတွင် အဆုံးမဲ့ တောင်တန်း အတွင်းမှ ထွက်ခွာ လိုသော လင်းယွန်မှာ၊ ဒရာကိုဖီ နည်းစနစ် အတွက်၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်ရှိ၊ နတ်ဆိုး သားရဲ တစ်ကောင်၏ အမြုတေကို လိုအပ် ကြောင်း၊ သတိရ သွားသည်။
ထို့ကြောင့် သည်အခွင့် အရေးအား လက်လွတ် မခံ လိုတော့ပေ။
သို့သော် နတ်ဆိုး သားရဲမှာ၊ မိုးကြိုး ကပ်ဘေးကို ခံထားရ သော်လည်း၊ သူ့အား သတ်ပစ်ရန် ခွန်အား ရှိနေ နိုင်သေးသည်။
ထိုအဆင့်ရှိ နတ်ဆိုး သားရဲ တစ်ကောင်မှာ၊ သူ့အား သတ်လို ပါလျှင်၊ လွတ်မြောက် နိုင်စရာ နည်းလမ်း မရှိချေ။
“ သွား ကြည့် ရအောင် …။ ”
လင်းယွန်က လျှပ်စီးများ ကျဆင်း နေရာ၊ အရပ် ဆီသို့ ဦးတည် သွားနေစဉ်၊ သူ့ကိုယ်သူ အဆက် မပြတ် သတိပေး နေမိသည်။
ပွက်ပွက် ဆူလာသော သွေးများက၊ မငြိမ်သက် နိုင်သေးပေ။ အန္တရာယ်နှင့် အကျပ် အတည်း ကြားတွင်သာ၊ ခွန်အားက ကြီးထွား လာနိုင်မည် ဖြစ်သည်။
နာရီဝက် အကြာတွင် မြေပြင် တစ်ခုလုံး မီးတောင် ပေါက်ကွဲ ထား သကဲ့သို့၊ မီးလောင် တွင်း များဖြင့်၊ ပြည့်နှက် နေသော ကွင်းပြင် ကြီးအား၊ တွေ့မြင် လိုက်ရသည်။
ပျက်စီး နေသော မြေပြင် ကြီးကြောင့်၊ မည်မျှ ကြောက်စရာ ကောင်းသော၊ ကပ်ဘေးကို ခံစား နေရ ကြောင်း၊ စိတ်ကူး ကြည့်နိုင်သည်။
မိုးကြိုး တိမ်တိုက် များက ကောင်းကင် တခွင် ထပ်မံ မည်းမှောင် လာကာ၊ သိပ်သည်း လာသော လေထု ကြောင့်၊ အသက်ရှူ ကြပ် သွားစေ၏။
အပျက် အစီးများ အလယ်၌၊ မီတာ တစ်ထောင် ကျော် မြင့်မားသော၊ တောင်ကြီး တစ်လုံး ရှိသည်။
ထိုတောင်ထိပ် ပေါ်တွင်၊ နဖူး၌ မီးလျှံ များ ထွက်နေသည့်၊ ခရမ်း သွေးရောင် ဝံပုလွေ တစ်ကောင် ရပ်နေ ခဲ့၏။
ထိုသားရဲ၏ မျက်ဝန်း တစ်စုံမှာ၊ မြသား တစ်ရံ ကဲ့သို့၊ တောက်ပ နေပြီး၊ လွှမ်းမိုး ကြီးစိုး နိုင်လွန်းသော ရောင်ဝါအား၊ ထုတ်ဖော် ထားလေသည်။
ခန္ဓာကိုယ် တစ်ခု လုံးတွင်၊ ခရမ်းရောင် ရေှးဟောင်း ရူရ် အလွှာ များဖြင့်၊ ဖုံးအုပ် ထားသော အုပ်စိုးရှင် အဆင့်၊ နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်လေသည်။
လေထဲတွင် တဟုန်းဟုန်း တောက်လောင် နေသော အရှိန် အဝါ များက၊ မြင်သူ တိုင်းကို ထိတ်လန့် စေ၏။
ရုတ်တရက် အပြာရောင် အရိပ် တစ်ရိပ်က၊ အပျက် အစီး နယ်မြေ ထဲသို့၊ တိတ်တဆိတ် ဝင်ရောက် လာသည်။
ထိုလူ ရိပ်မှာ သဘာဝ အတိုင်း လင်းယွန် ဖြစ်ပြီး၊ ကပ်ဘေး နယ်မြေ အပြင် ဘက်တွင်၊ နဂါးလေး အား အစောင့် အဖြစ် ထားရစ် ခဲ့ကာ၊ အရဲကိုး လာခြင်း ဖြစ်သည်။
“ ဒီခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေကို၊ စောင့်ကြည့် နေတဲ့ သားရဲတွေ အများကြီး ပါလား။ ”
ပတ်ဝန်း ကျင်ရှိ၊ သန်မာပြီး နားမလည် နိုင်သော ရောင်ဝါ များကို၊ လင်းယွန်က ခံစား နိုင်ခဲ့သည်။
၎င်းတို့မှာ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေကို၊ သတ်ရန် ချောင်းမြောင်း နေကြခြင်း ဖြစ်လေသည်။
နတ်ဆိုး သားရဲ များကြား ပြိုင်ဆိုင် မှုမှာ၊ ရက်စက် ကြမ်းကြုတ် သောကြောင့်၊ မိုးကြိုး ကပ်ဘေးကို မကျော်လွှား နိုင်ပါက၊ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေ အတွက်၊ လွယ်ကူမည် မဟုတ်ပေ။
အခွင့် အရေးကို စောင့်မျှော် နေသော သားရဲများ အတွင်းတွင်၊ ခရမ်းရောင် နန်းတော် နယ်မြေ ရောက်၊ နတ်ဆိုး သားရဲ အကောင်ရေ၊ အနည်းဆုံး သုံးကောင်ခန့် ရှိကြောင်း၊ လင်းယွန် သိသည်။
တောင်ထိပ် ပေါ်ရှိ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေက၊ ပတ်ဝန်း ကျင်တွင် ရန်သူ များစွာ ရှိနေ ကြောင်း၊ သိရှိ ထားသော်လည်း၊ သူ့၌ ရွေးချယ် စရာ မရှိပေ။
မိုးကြိုး ကပ်ဘေးကို ရှစ်ကြိမ် တိုင်တိုင် ကျော်ဖြတ် ပြီးပြီမို့ ဆက်သွား ရန်သာ၊ ဆုံးဖြတ် မိသည်။
ကောင်းကင်ဘုံ ဝိညာဉ် နယ်မြေမှာ၊ သွေးဆောင် နိုင်လွန်း သောကြောင့်၊ နဝမ မြောက် မိုးကြိုး ကပ်ဘေးကို ခံယူရန်၊ ဆက်လက် ပြင်ဆင် နေခဲ့သည်။
“ ဒီမိုးကြိုး ကပ်ဘေးက ကြောက်စရာ ကောင်းလိုက်တာ၊ နတ်ဆိုး သားရဲတွေ အတွက်၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်မြေကို ရောက်ဖို့ ဆိုတာ၊ တကယ့် မလွယ် ဖူးပဲ။ ”
လင်ယွန်က သက်ပြင်း ချကာ ညည်းတွား လိုက်သည်။ ရုတ်တရက် လျှပ်စီးများ လက်လာပြီး၊ မြေပြင်မှာ တုန်ခါ လာတော့၏။
ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းသော၊ သဏ္ဍာန်မဲ့ ဖိအား တစ်ခု၊ ရုတ်ချည်း ထွက်ပေါ် လာသည်။
“ စ နေ ပြီ လား ။ ”
ကိုးကြိမ် မြောက် မိုးကြိုး ကပ်ဘေး စတင် နေပြီ ဖြစ်သော ကြောင့်၊ လင်းယွန်၏ မျက်လုံးများ မှေးကျဉ်း သွားသည်။
ရုတ်တရက် မည်သည့် အသွင် အပြင်မှ မပြဘဲ၊ ရက်စက် ကြမ်းကြုတ်သော သားရဲကြီး တစ်ကောင် ကဲ့သို့၊ ကောင်းကင်မှ လျှပ်စီးများ ပြေးဆင်း လာ၏။
“ ဂျိန်း ....... ”
မိုးကြိုး စွမ်းအင် များကို ကာကွယ်ရန်၊ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေက၊ စွမ်းအင် အလွှာအား ဖန်တီး လိုက်၏။
ယင်းမှာ နဝမမြောက် ကပ်ဘေး၏၊ ပထမ ဦးဆုံး မိုးကြိုး ဖြစ်လေသည်။
“ ဂျိန်း ... ဒလိန်း ...လိန်း ”
လျှပ်စီး များ တဖျပ်ဖျပ် လက်လာ ပြီးနောက်၊ မရေ မတွက် နိုင်သော မိုးကြိုးများ ဆက်လက် ကျဆင်း လာတော့သည်။
“ ဒါ …”
အဆက် မပြတ် ကျဆင်း နေသော လျှပ်စီးကြောင်း များက၊ မီတာ တစ်ရာခန့် ထူထဲ သည့်၊ ‘မိုးကြိုး လျှပ်စီး အလင်း တိုင်ကြီး’ တစ်ခု အဖြစ်၊ ပေါင်းစပ် လာ၏။
မိုးကြိုး လျှပ်စီး အလင်းတိုင် အောက်တွင်၊ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေမှာ၊ စူးစူး ရဲရဲ ဟောက်သံ ပြုလိုက်သည်။
ဤမြင်ကွင်းက ခမ်းနား လှပြီး၊ စောင့်ကြည့် နေမိသော လင်းယွန်အား၊ သွေးများ ဆူပွက် လာစေ၏။
“ ဂျိန်း ....... ။ ”
ကောင်းကင်ဘုံ ဒေါသကို ရင်ဆိုင်ရန်၊ သားရဲ တစ်ကောင် အတွက် ရဲရင့် လွန်း ပေသည်။
မိုးကြိုး ပစ်ပြီး နောက်တွင်၊ ကြောက်မက်ဖွယ် ကောင်းသော မီးတွင်း ကြီးများ၊ နေရာ အနှံ့ ဖြစ်ပေါ် လာတော့၏။
လင်းယွန် တစ်ယောက် အဝေးတွင် ရှိနေ ခဲ့သည်မှာ ကံကောင်း ပေသည်။
လျှပ်စီး တစ်စင်း ထိမှန် ခဲ့မည် ဆိုပါလျှင်၊ မည်မျှ ထိတ်လန့် စရာ ကောင်း မည်ကို၊ သူ စိတ်ကူး မယဉ် နိုင်ပေ။
ပထမ လှိုင်းမှာ၊ မကြာမီ ပြီးဆုံး သွားပြီးနောက်၊ ဒုတိယ လှိုင်းအတွက် ချက်ခြင်း စတင် လာသည်။
မိုးတိမ်များ ထဲမှ လျှပ်စီး များက၊ လှိုင်းများ သဖွယ် ထပ်မံ ကျရောက် လာပြန်၏။
ယင်မှာ တစ်စုံ တစ်ယောက်က၊ တိမ်များ အထက်တွင် ရှိနေပြီး၊ လျှပ်စီး များကို ထိန်းချုပ် နေခြင်းနှင့် တူပေသည်။
“ ဂျိန်း ....... ။ ”
မိုးကြိုးများ ဒုတိယ အကြိမ်၊ ကျဆင်း လာသော အခါတွင်၊ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေက၊ ထပ်မံ၍ ဟစ်ကြွေး လိုက်၏။
“ အု ....... အူ အု ”
နာကျင်မှု များက အသည်း ခိုက်အောင် ပြင်းထန် သော်လည်း၊ နောက်ဆုံးတွင် ဒုက္ခအား ဖြတ်ကျော် နိုင်ခဲ့သည်။
သို့သော် ဤမျှ လွယ်ကူ သည်တော့ မဟုတ်ပေ၊ သူ့ ခန္ဓာ အနှံ့ ဒဏ်ရာ များဖြင့်၊ ဖုံးလွှမ်း သွားရ လေသည်။
ကပ်ဘေး တစ်ခု စီတွင် ၊ လှိုင်းကိုးခု ပါဝင်၏။ ဆိုလို သည်မှာ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေ အနေဖြင့်၊ မိုးကြိုး ရှစ်ဆယ့် တစ်ကြိမ် ပစ်ခတ် ခံရ မည်ဟု၊ အဓိပ္ပါယ် ရပေသည်။
ယင်းမှာ ဤသားရဲ ထံ၌၊ ရှေးဟောင်း မျိုးဆက်သွေး ပါရှိ သောကြောင့် လည်း၊ ဖြစ်နိုင်၏။
“ အခု တတိယ လှိုင်းစပြီ၊ ဒါပေမယ့် ကျရှုံး နိုင်တယ်။ ”
မအောင် မြင်ပါက၊ ၎င်း သားရဲကို ရိတ်သိမ်း ခြင်းဖြင့်၊ အန္တရာယ် များအား လက်ခံ ယူရန် မထိုက် တန်ပေ။
ပတ်ဝန်း ကျင်တွင် ပုန်းအောင်း နေသော၊ နတ်ဆိုး သားရဲ များစွာ ရှိပေသည်။ ကပ်ဘေး၌ ကျရှုံးကာ၊ အသက် ရှင်ခဲ့ လျှင်ပင်၊ ဤဘေးမှ လွတ်မြောက် နိုင်မည် မဟုတ်ပေ။
အားနည်း သူများ အပေါ်၊ သန်မာ သူများက နင်းချေ ခြင်းသည်၊ နတ်ဆိုး သားရဲများ ကြား၊ အမြဲတမ်း ရှင်သန် နေသော၊ ဥပဒေ တစ်ခု ဖြစ်၏။
သည့်အပြင် ၎င်းတို့၏ ကပ်ဘေး များကို၊ ကျရှုံး ခဲ့သော နတ်ဆိုး သားရဲများ အတွက်၊ နောက်ဆုံး ရလဒ်လည်း ဖြစ်လေသည်။
အစောပိုင်း အချိန် များနှင့် နှိုင်းယှဉ် ပါက၊ နဝမ မြောက် မိုးကြိုးလှိုင်း၊ ငါးကြိမ် ဖြတ်ကျော် ပြီး နောက်တွင်၊ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေ၏ အရှိန် အဝါမှာ၊ များစွာ လျော့နည်း သွားရသည်။
အဆုံးတွင်၊ ကောင်းကင်ဘုံ မိုးကြိုး ကပ်ဘေးကို လျှော့တွက် မိခဲ့ ပုံရ လေပြီ။
“ ဂျိန်း ..... ”
ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေမှာ၊ လဲကျ နေရာမှ၊ ကုန်းထ လိုက် သော်လည်း၊ ထပ်မံ ပစ်ချ လာသော မိုးကြိုး များကြောင့််၊ မြေပြင် ပေါ်သို့ ပြန်လဲ ကျသွားသည်။
ဤတစ်ကြိမ်၌ ထရပ်ရန် အချိန် အတော်ကြာ ရုန်းကန် ခဲ့ရသည်။
“ ဒီကောင် ... ဘာလုပ် နေတာလဲ။ ”
ကပ်ဘေးကို ထပ်မံ ခံယူရန်၊ ပြင်ဆင် နေေသာ မြင်ကွင်း ကြောင့်၊ လင်းယွန်က မျက်မှောင် ကြုတ် လိုက်သည်။
ဤအချိန်၌ ရပ်တန့် လိုက်မည် ဆိုပါလျှင်၊ ပတ်ဝန်း ကျင်ရှိ နတ်ဆိုး သားရဲ များ၏ တိုက်ခိုက် ခြင်းမှ လွတ်မြောက် နိုင်မည် ဖြစ်သည်။
“ ဒိန်း ....... ”
သို့သော် လျှပ်စီးကြောင်း တစ်ခုမှာ၊ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေ ပေါ်သို့၊ လျင်မြန်စွာ ကျဆင်း သွားပြန်သည်။
“ အု ...... ”
ပြင်းထန် လွန်းသော စွမ်းအင် များကြောင့်၊ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေမှာ အသားများ ကြွေကျ လာပြီး၊ အရိုးစု အဖြစ် ချက်ချင်း ပြောင်းလဲ သွား၏။
နဖူး ပေါ်ရှိ ခရမ်းရောင် မီးတောက် မှလွဲ၍၊ လှုပ်ရှားမှု နည်းနည်းမျှ မရှိ တော့ပေ။ အလောင်း ကောင် တစ်ကောင်လို ငြိမ်သက် သွား လေပြီ။
“ .. သွား ပြီ လား ။ ”
ငြိမ်သက် သွားသော ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေ နှင့်အတူ၊ ကောင်းကင် ပေါ်ရှိ မိုးကြိုး တိမ်တိုက်များ၊ ပျောက်ကွယ် သွားသည်။
သိပ်သည်း လှသည့် လေထု မှာလည်း ၊ ရုတ်ချည်း ပုံမှန် အတိုင်း ပြန်လည် ပြောင်းလဲ လာ၏။
“ သူ ... မအောင် မြင်ဘူး။ ”
မှန်းဆ ထားသည့် အတိုင်း၊ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေမှာ၊ မိုးကြိုး ကပ်ဘေးကို မအောင် မြင်ခဲ့ပေ။
ဆဋ္ဌမ လှိုင်းတွင် ရပ်တန့်နိုင် သော်လည်း၊ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေက၊ ခေါင်းမာစွာ ငြင်းဆန် ခဲ့သည်။
ပတ်ဝန်း ကျင်ရှိ ချောင်းမြောင်း နေသော၊ နတ်ဆိုး သားရဲ များက၊ တောင်ထိပ်ပေါ် မျှော်ကြည့် လိုက်ပြီး၊ လောဘ ကြီးစွာဖြင့် ဟိန်းဟောက် လာတော့၏။
ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေက ယင်းတို့ကို လျစ်လျူရှုကာ၊၊ နောက်ဆုံး ထွက်သက်အား ရှူသွင်း နေခဲ့သည်။
ကောင်းကင်ဘုံ၏ ကမောက် ကမ ဖြစ်စဉ် များ၌၊ သူ့ကိုယ်သူ သေဆုံးရန် ရွေးချယ်ခဲ့ ပေသည်။
လင်းယွန်က ခေါင်းခါ လိုက်ပြီး၊ ထွက်သွားဖို့ ပြင်ဆင် မိသည်။ ဤသားရဲမှာ အန္တရာယ် အတွင်း သက်ဆင်း လုယူရန် အထိ၊ မထိုက်တန် တော့ပေ။
သို့သော် ကြက်သွေးရောင် အလင်းတန်း တစ်စက၊ ရုတ်တရက် သူ့အား ဖြတ်ကျော် ပြေး၀င် သွားလေသည်။
ခရမ်းရောင် နန်းတော် နတ်ဆိုး သားရဲ ငါးကောင်ကို ရင်ဆိုင်ရန်၊ နဂါးလေးက တောင်ကုန်း ပေါ်သို့၊ ပြေးတက် သွားခြင်း ဖြစ်၏။
“ ......... ”
နဂါးလေးက မည်သည့် အရာကို၊ လုပ်ဆောင် ချင် နေမှန်း၊ သူ မသိ သောကြောင့်၊ စိုးရိမ် သွားမိသည်။
ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ထိုးဖောက် ဝင်ရောက်ရန်၊ ကြိုးစား လိုသည်ကို နားလည် ပေးနိုင် သော်လည်း၊ ဤမျှ စွန့်စားရန် မလိုပေ။ ၎င်းမှာ အန္တရာယ် များလှ၏။
ထို့ပြင် လောဘ ကြီးလွန်းသော၊ သည်မြင်းမိုက် အတွက်၊ သူ့၌ ပြောစရာ စကား မရှိ တော့ချေ။
သို့သော် နဂါးသွေး မြင်းမှာ၊ တောင်ထိပ်ပေါ် ရောက်သော် လည်း၊ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေ ကို မထိ ခဲ့သောကြောင့်၊ တစ်စုံ တစ်ရာ မှားယွင်း နေပြီကို၊ သတိ ပြုမိ လိုက်သည်။
ယင်းအစား၊ နဂါး သွေး မြင်းက၊ ဝင်ရောက် လာသော နတ်ဆိုး သားရဲ ငါးကောင်ကို၊ လှည့်၍ ဟိန်းဟောက် လိုက်၏။
“ ဟီး ..... ဟစ် ဟစ် ....။ ”
ဤနေရာ၌ ကျား တစ်ကောင် ဆိုပါလျှင်၊ ခန့်ငြား လွန်းသော ဟိန်းသံ တစ်သံ၊ ဖြစ်လာ နိုင် သော်လည်း၊ မြင်း တစ်ကောင် အတွက်မူ၊ နတ်ဆိုး သားရဲများ အပေါ်၊ သက်ရောက်မှု မရှိ ခဲ့ပေ။
မည်သို့ပင် ဆိုစေ ကာမူ၊ ယင်းမှာ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေကို ကာကွယ် ဖို့ရန်၊ ကြိုးစား ခဲ့ခြင်း ဖြစ်ပေသည်။
***