← Chapters

အန္တရာယ်။

Vol. 35 Ch. 480

အန္တရာယ်။

Vol. 35 Ch. 480

ခရမ်းရောင် နန်းတော် နတ်ဆိုး သားရဲ ငါးကောင်က နဂါးလေးကို အထင် အမြင် သေးစွာဖြင့် ကြည့်လာသည်။

သူတို့ မျက်လုံး ထဲတွင်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေ ၌သာ ရှိသော၊ နတ်ဆိုး သားရဲ တစ်ကောင်က တိုက်ခိုက် ဖို့ရန် ကြိုးစား လာခြင်းမှာ၊ သေမင်းကို ဖိတ်ခေါ် ခြင်းသာ ဖြစ်ပေမည်။

သို့သော် ကျောက်ဦးချို နတ်ဆိုး သားရဲသည် တုံ့ပြန် မှုပင် မပြု မီတွင်၊ ပြင်းထန်စွာ တိုက်ခိုက် ခြင်း ခံလိုက် ရသည်။

နဂါးလေးက မီးတောင် တစ်လုံး ကဲ့သို့၊ ကြောက်မက်ဖွယ် ကောင်းသော ကြက်သွေးရောင် အဆင်း များကို၊ ထုတ်လွှတ် လိုက်သည်။

လျှပ်စီးများ ဒဏ်ကြောင့်၊ ကျောက်ဦးချို သားရဲက ကျယ်လောင်စွာ အော်ဟစ် လိုက်၏။

သို့သော် အခြား နတ်ဆိုး သားရဲ လေးကောင်မှာ၊ တောင်ထိပ်သို့ ပြေးလာ နေဆဲ ဖြစ်သည်။ နောက်ဆုံးတွင် တောင်ထိပ်၌ သူတို့ကို စောင့်မျှော် နေသော၊ စားပွဲ တစ်ပွဲ ရှိနေ ပေ၏။

တိုက်ပွဲ အဟုန်ကြောင့် တောင်ထွတ်ကြီး တစ်ခုလုံး၊ စတင် တုန်ခါ လာပြီး၊ များမကြာမီ နဂါးလေးမှာ အောက်စည်းသို့၊ တဖြည်းဖြည်း ကျဆင်း လာသည်။

ဒဏ်ရာ များနှင့် ဖုံးလွှမ်း သွားပြီး၊ ခရမ်းရောင် နန်းတော် နတ်ဆိုး သားရဲ များကြား၊ ရုန်းကန် နေသော မြင်ကွင်းမှာ၊ သနား စရာ ကောင်းလှ ပေ၏။

ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလေွကို၊ ကာကွယ် ပေးလိုသော နဂါးလေး ဆန္ဒအား၊ အကြမ်းဖျင်း ခန့်မှန်း နိုင်သည်။

ရဲရင့် လွန်းသော ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလေွ၏၊ လုပ်ရပ် များက၊ ၎င်းကို ကူးစက် သွားခြင်း ဖြစ်ပေမည်။

ယင်းအပေါ် ယုံမှား သံသယ ဖြစ်စရာ မလိုဘဲ၊ လင်းယွန် သည်ပင်၊ အဆိုပါ သားရဲ၏ တိုက်ပွဲဝင် စိတ်များကို၊ လေးစား လာမိသည်။

သူသာ ဆိုပါ ကလည်း၊ နဂါးလေး ကဲ့သို့ ပြုမူ မိမည် ဖြစ်၏။

အချိန် အတော်ကြာ၊ ယှဉ်တွဲ နေထိုင် ခဲ့ပြီး ဖြစ်သောကြောင့်၊ နဂါးလေး၏ ဉာဏ်ရည် ဉာဏ်သွေးမှာ၊ လူသား များထက် အားနည်းခြင်း မရှိ တော့ပေ။

“ မြင်း မိုက် …”

လင်းယွန်၏ မျက်လုံး များတွင်၊ အေးစက်သော အလင်းများ တောက်ပ လာသည်။

နဂါးလေးမှာ မည်မျှပင် မိုက်မဲ နေသော်လည်း၊ ၎င်းမှာ သူ၏ အဖော် ဖြစ်သည်မို့၊ အနိုင်ကျင့် ခံနေ ရခြင်း အပေါ်၊ စောင့်ကြည့် မနေ နိုင်ပေ။

လက်နှစ် ဖက်ကို ခွဲကာ၊ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ ကောင်းကင်ပေါ် ပျံတက် လိုက်၏။

သံမိစ္ဆာ နွားရိုင်းက နဂါးလေးကို ထိုးဝှေ့ တော့မည့် အချိန် မှာပင်၊ ကောင်းကင်မှ ပြန်လည် ဆင်းသက် လာပြီး၊ လက်သီးဖြင့် ထိုးချ လိုက်တော့ သည်။

“ သွား ..... ”

သံမိစ္ဆာ နွားရိုင်းက နောက်ဆုတ် သွားရ သကဲ့သို့၊ လင်းယွန် သည်လည်း ခြေလှမ်း များစွာ ဆုတ်ခွာ ပေးလိုက် ရသည်။

လက်သီးများ ထုံကျင် လာသော ကြောင့်၊ ဆုပ်နယ် လျက်ဖြင့်၊ သံမိစ္ဆာ နွားရိုင်း၏ ကာကွယ် နိုင်စွမ်း အပေါ်၊ ထိတ်လန့်စွာ ကြည့်လိုက် မိ၏။

ဤနတ်ဆိုး သားရဲ ငါးကောင်သည်၊ သူကြုံတွေ့ ဖူးသော သားရဲ များထက်၊ များစွာ အားကောင်း နေသည်။

၎င်းတို့သည် သူတို့၏ နယ်ပယ်၌ အထက် တန်းစားများ ဖြစ်ရ ပေမည်။

“ ဟီး .... ဟစ် ဟစ် ။ ”

လင်းယွန် တစ်ယောက် တိုက်ပွဲထဲ ဝင်ရောက် လာသည်ကို၊ မြင်လိုက် ရသော နဂါးလေးက ပြုံးရယ် ဟစ်ကြွေး လိုက်သည်။

“ မင်းက တကယ်ပဲ... ပြုံးနိုင် သေးတာပဲ။ ”

ကူကယ် ရာမဲ့စွာ၊ လင်းယွန်က သက်ပြင်း ချလိုက် ပြီး၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို၊ ထုတ်လွှတ် လိုက်သည်။

သို့သော် ဤအငွေ့ အသက်သည်၊ ရင်ဆိုင်နေ ရသော လက်ရှိ ဒုက္ခအား မဖြေ ရှင်းနိုင်။

လက်သီး များကို ဓားတစ်လက် ကဲ့သို့၊ တွန်းထုတ် လိုက်ပြီး သံမိစ္ဆာ နွားရိုင်းကို သတ်ရန် ကြိုးစား လိုက်၏။

များ မကြာမီ သံမိစ္ဆာ နွားရိုင်းကို၊ သတ်နိုင် ခဲ့ သော်လည်း၊ သူ့ ရင်ဘတ်၌ ဒဏ်ရာ များကို၊ ခွင့်ပြု လိုက်ရသည်။

ကျန်ရှိ နေသော နတ်ဆိုး သားရဲ လေးကောင်ထံ၊ ခေါင်းမော့ လှမ်းကြည့်ကာ၊ နှုတ်ခမ်း ထောင့်ရှိ သွေးစ များအား၊ သုတ်ယူ လိုက်၏။

၎င်းနတ်ဆိုး သားရဲ များက၊ စွန့်လွှတ်ရန် ရည်ရွယ်ချက် မရှိ သည်မှာ ထင်ရှားသည်။

ထိုသားရဲ များနှင့် တစ်ဦးချင်း တိုက်ခိုက် ရပါက အခွင့် အရေး ရနိုင် သော်လည်း၊ ဤနှုန်း ဖြင့်သာ ဆက်ပြီး ရင်ဆိုင် နေရသော်၊ မောပန်း လာနိုင်မည်။

ထို့ကြောင့်၊ “ နဂါးလေး သွားရအောင်။ ” ဟု လောဆော် လိုက်၏။

သို့သော် နဂါးလေးက ငြင်းဆန် လာသည်။ အသက်နှင့် သေဆုံး ခြင်းကို လျစ်လျူရှုကာ၊ တိုက်ပွဲ ဝင်လို နေဆဲ ဖြစ်၏။

ထိုအချိန်တွင် ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေ ထံမှ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ တစ်ခု ထွက်ရှိ လာတော့သည်။

ပြည့်ဝ လွန်းသော အသက် ဓာတ်များ၊ ‘ဟုတ်ခနဲ’ ထတောက် လာပြီးနောက်၊ ချက်ချင်း ပြန်လည် လျော့ကျ သွားသည်။

တစ်ဆက် တည်းမှာပင် ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေက၊ အမှန် တကယ် မတ်တပ် ထရပ် လာပြီး၊ ကောင်းကင်ဘုံ ဝိညာဉ် အရှိန် အဝါကို၊ ထုတ်လွှတ် လိုက်၏။

ထို အရှိန်အဝါ ထွက်ပေါ် လာသည်နှင့်၊ လျှပ်စီးကြောင်း တစ်ခု ပြေးထွက် သွားပြီး၊ ကျောက်ဦးချို သားရဲကို နှစ်ခြမ်း ခွဲပစ် လိုက်သည်။

ထို့နောက် ၎င်း၏ ဦးခေါင်းကို၊ နောက်ထပ် နတ်ဆိုး သားရဲ တစ်ကောင် ဆီသို့ လှည့်ကာ၊ မီးတောက် များဖြင့်၊ မှုတ်ထုတ် ပြာချ ပစ်လေသည်။

“ ဒါ … ။ ”

လင်းယွန်က အံသြ သွားသည်။ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေသည်၊ ကောင်းကင်ဘုံ ဝိညာဉ် အရှိန် အဝါကို၊ ထုတ်လွှတ် နိုင်ခြင်း အပေါ်၊ မှင်တက် မိခြင်းမှာ လွန်အံ့ မထင်ချေ။

ဤမြင်ကွင်းကြောင့်၊ အခြားသော နတ်ဆိုး သားရဲ နှစ်ကောင်မှာ ပြေးဝင် လာသော အဟုန်ကို တုန့်ခနဲ ထိတ်လန့်စွာ ရပ်ပစ် လိုက်၏။

ကြောက်လန့် တုန်ယင် နေသော ၎င်းတို့ နှစ်ကောင်အား၊ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေက လျစ်လျူရှု လိုက်ပြီး၊ နဂါးလေးထံ လျှောက်လှမ်း သွားကာ၊ ခေါင်းညိတ် ပြလေသည်။

ထို့နောက် လင်းယွန်အား လှည့်ကြည့် လာ၏။ ယင်းက သူ့ကို ချက်ချင်းပင် ကြောက်ရွံ့ လာစေသည်။

သို့သော် နဂါးလေးက သူ့ ခန္ဓာ ကိုယ်ဖြင့်၊ လင်းယွန်အား ကာပြီး၊ ရပ်လိုက်၏။

“ လူသား၊ မင်းက ငါ့ကို ချောင်းမြောင်း နေတဲ့ သူ မဟုတ်လား။ ”

ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေ က၊ လူ့ဘာသာ စကားဖြင့်၊ အမှန် တကယ် ပြောဆို လာသော ကြောင့်၊ ပို၍ တုန်လှုပ် လာရသည်။

“ ထူးဆန်း နေလို့လား၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်ကို ထိမိ ရင်တောင်၊ သာမန် နတ်ဆိုး သားရဲ တေွက၊ လူသား ဘာသာ စကားကို ပြောဖို့ မဖြစ် နိုင်ပါဘူး၊ ဒါပေမယ့် ငါကတော့ မတူဘူး၊ မင်း စိတ်မပူ ပါနဲ့၊ ငါမင်းကို မသတ်ဘူး။ ”

“ မင်းရဲ့ ကပ်ဘေး ဒုက္ခကို မအောင်မြင် ဖူးလား။ ”

လင်းယွန်က တည်ငြိမ်အောင် ပြင်ယူ လိုက်ပြီး၊ မေးသည်။

“ ဟုတ်တယ်၊ ငါ မအောင် မြင်ဘူး။ ”

ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေက၊ လင်းယွန်ကို အေးစက်စွာ ပြန်ဖြေ နေစဉ်၊ နဖူး ပေါ်ရှိ မီးတောက်များ မှိန်ကျ လာသည်။

သေလု မြောပါး ကြယ် တစ်ပွင့်လို ပေါက်ကွဲ ရုံမျှသာ ထုတ်ဖော် နိုင်တော့၏။

“ မင်း ဒီအတွက် ရောက်လာတာ မဟုတ်လား။ ”

ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေက၊ ပြိုးပြက် နေသော ရောင်ဝါများ၊ ထုတ်လွှတ် ထားသည့်၊ ကြက်သွေးရောင် သားရဲ အမြုတေကို ထွေးထုတ် လိုက်သည်။

သားရဲ အမြုတေတွင် ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေ၏ အဆီ အနှစ်များ ပါ၀င်ပြီး၊ ၎င်းအား အနက်ရောင် ရူရ် များက သိုင်းခြုံ ထားလေ သည်။

“ ဒါ က …”

သူ့ထံ ပျံ့လွင့် လာသော သားရဲ အမြုတေကို ဖမ်းယူ လိုက်သည်။

“ မြန်မြန် ထွက်သွား၊ ငါရဲ့ စွဲဆောင် နိုင်မှုက မင်း တစ်ယောက် တည်းတင် မဟုတ်ဘူး။ ”

-ဟုဆိုကာ၊ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေက၊ သစ်ပင်များ ဆီသို့ မျှော်ကြည့် လိုက်သည်။

“ ထား ခဲ့ ...။ ”

ရုတ်တရက် အနက်ဝတ် အဘိုးအို တစ်ဦး၊ ထွက်ပေါ် လာသည်။

ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေ၏ မျက်လုံး များက၊ အေးစက်စွာ တောက်ပ လာပြီး၊ ထိုအဖိုး အိုအား လှမ်းကြည့် လိုက်၏။

အနက်ဝတ် အဘိုးအိုကို၊ သူ မသေခင် သတ်ပစ် ချင်နေ ခဲ့သည်မှာ၊ ထင်ရှား ပေသည်။

သို့သော် ၎င်းသည် ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ် စွမ်းအားကို မပိုင်ဆိုင် သောကြောင့်၊ အဘိုးအို၏ အလွယ် တကူ သတ်ပစ် ခြင်းအား၊ ခံလိုက် ရတော့၏။

“ မ လုပ် နဲ့ ... ”

လင်းယွန်၏ မျက်နှာမှာ သိသိ သာသာ ပြောင်းလဲ သွားသည်။

နဂါးလေး သည်လည်း အနက်ဝတ် အဘိုးအိုကို ဒေါသ တကြီး စိုက်ကြည့် လာ၏။

သို့သော်၊ အဘိုးအို၏ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကြောင့်၊ မည်သည့် အရာမျှ မလုပ်ရဲ ခဲ့ပေ။

“ အရင်တုန်း ကတော့ မိုးကြိုး ကပ်ဘေးကို ကျရှုံးပြီး၊ ကောင်းတာ တစ်ခုမှ မကျန်တော့ ဖူးလို့ ငါထင် ခဲ့တာ၊ ပြန်လှည့် လာမိတာ ကံကောင်း သွားတယ်။ ”

လင်းယွန်ကို ကြည့်ပြီး၊ အဖိုးအိုက ပြုံးကာ ဆိုသည်။

“ ကောင်လေး၊ သားရဲ အမြုတေကို လွှဲပေးပါ၊ ဒါက မင်း ဆောင်ထား သင့်တဲ့ အရာ မဟုတ်ဘူး။ ”

သူ့ လေသံက ခြိမ်းခြောက် နိုင်စွမ်းများ ပြည့်နှက် နေပြီး၊ ငြင်းဆန် ဖို့ရန် ခွန်အား မဲ့လာ စေ၏။

လင်းယွန် အနေဖြင့်၊ ရုတ်တရက် ပြောင်းလဲမှု များ အပေါ်၊ လိုက်မမှီ ခဲ့ပေ။ ပထမ ခရမ်း မီးလျှံ မိစ္ဆာ ဝံပုလွေ အသက်ပြန် ရှင်လာပြီး၊ သူ၏ အမြုတေကို ပေးလာ၏။

သို့သော် ရုတ်တရက် အခြားလူ တစ်ယောက် ရောက်လာကာ၊ လုယူ နေပြန်သည်။

တစ်ဆက်တည်း မှာပင်၊ မျက်စိ ရှေ့ရှိ အဖိုးအို၏ ခွန်အား အပေါ်၊ စတင် သုံးသပ် မိသည်။

ဤအဘိုးအိုသည် ခရမ်းရောင် နန်းတော် နယ်မြေ၏၊ အလယ် အလတ် ယင် အဆင့်တွင်၊ ရှိနေ ရမည် ဖြစ်သည်။

ထို့ကြောင့် အဘိုး အိုအား ရင်ဆိုင်ရန်၊ နည်းလမ်း မရှိပေ။ ခရမ်းရောင် နန်းတော် နယ်မြေကို ယင်၊ ယန်၊ ယင်ယန် အဆင့် ဟူ၍ အဆင့်ကြီး သုံးဆင့် ခွဲခြား ထားသည်။

အဆင့် တစ်ခု စီတွင် ကနဦး နယ်ပယ်၊ အလယ် အလတ် နယ်ပယ်နှင့် အထွတ်အထိပ် နယ်ပင် အဖြစ် ထပ်မံ သတ်မှတ် ထား၏။

ခရမ်းရောင် နန်းတော် နယ်မြေ၏ ‘ကနဦး နယ်ပယ်၊ ယင် အဆင့်’ ကို ရင်ဆိုင်ရန်၊ အခွင့် အရေး ရနိုင် သော်လည်း၊ အလယ် အလတ် နယ်ပယ် ကိုမူ၊ ဆန့်ကျင်၍ မရ နိုင်ပေ။

ထို့အပြင် ဤအနက်ဝတ် အဘိုးအိုတွင်၊ မြေကြီး အဆင့် ကျင့်ကြံမှု နည်းစနစ်ကို၊ ဆုပ်ကိုင် ထားနိုင် ပါက၊ နိုင်ခြေမှာ ပို၍ပင် နည်းပါး နိုင်မည်။

“ ဘာလို့ လဲ၊ မင်းက လွှဲပေးဖို့ ဆန္ဒ မရှိ ဖူးလား။ ”

အနက်ဝတ် အဘိုးအိုက အတော်လေး အံ့အား သင့်သွားသည်။

“ ငါ အခု ရှိလာပြီ ... ”

လင်းယွန်က တိုးတိုးလေး ပြန်ဖြေသည်။ ပြီး၊ အဖိုးအိုကို ကြည့်ကာ၊

“ အခု ချက်ချင်း လွှဲပေး ပါ့မယ်။ ”

“ ဒါပေါ့၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်ရဲ့ သားရဲ အမြုတေက အဖိုး တန်တယ် ဆိုရင်တောင် မင်းရဲ့ အသက် ထက်တော့၊ တန်ဖိုး ရှိမှာ မဟုတ်ဘူး။ ”

အနက်ဝတ် အဘိုးအိုက မုတ်ဆိတ်မွေး များကို ပွတ်သပ်ပြီး၊ ကြေနပ်စွာ ဆိုသည်။

ပြီးနောက် လင်းယွန်ထံ တိုးကပ် လာ၏။ အဖိုးအို၏ အကြည့် များက၊ လောဘများ တောက်လောင် လာကာ၊ သားရဲ အမြုတေ ပေါ်သို့ ကျဆင်း သွားသည်။

“ စိတ်ဝင် စားဖို့ ကောင်းလိုက် တာ၊ ဒီနတ်ဆိုး သားရဲက၊ ရှေးဟောင်း သားရဲ မျိုးဆက် သွေးကို ပိုင်ဆိုင် ထားတာပဲ၊ ဒါကြောင့်လည်း သူ့ ကပ်ဘေးက ကြောက်စရာ ကောင်းနေ တာကိုး၊ ဒါပေမယ့် အခုက ငါ့အပိုင် ဖြစ်ပါပြီ။ ”

အဘိုးအိုက သားရဲ အမြုတေကို လှမ်းယူ လိုက် သော်လည်း၊ လွဲချော် သွားပြီး လေကိုသာ ဖမ်းမိ သွားခဲ့သည်။

ထို့နောက် ခေါင်းကို မော့ကာ၊ လင်းယွန်အား အေးစက်စွာ ကြည့်လိုက်၏။

“ တောင်းပန် ပါတယ်၊ ဒါပေမယ့် ငါပိုင် တာကို ပေးတတ်တဲ့ အလေ့ အထ မရှိဘူး။ ”

တံဆိပ် လေးခုအား၊ ချက်ချင်း ဖန်တီး လိုက်ပြီး၊ ပေါင်းစပ် ထုတ်လွှတ် လိုက်၏။ သည်လက်သီး ချက်ကြောင့်၊ အဘိုးအိုက သွေး တလုတ် အန်လျက်၊ လွင့်စင် သွားသည်။

သူ့ မျက်နှာ တစ်ပြင်လုံး ဖြူဖေျာ့ လာပြီး၊ လင်းယွန်အား မော့ကြည့် လိုက်သည်။

ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေရှိ၊ ပုရွက်ဆိတ် တစ်ကောင်က၊ သူ့အား အမှန် တကယ် တိုက်ခိုက် ရဲလိမ့် မည်ဟု၊ မထင်ထား သောကြောင့်၊ အငိုက်မိ သွားခြင်း ဖြစ်သည်။

ထိုလက်သီးမှာ လျင်မြန် လွန်းခဲ့ပြီး၊ ပြင်ဆင်ချိန် မရ ခဲ့ဘဲ၊ ရင်ဘတ်ကို ထိမှန်ခြင်း ခံလိုက် ရသည်။

“ မင်းက မင်းရဲ့ သေမင်းကို ဖိတ်ခေါ် လိုက်တာပဲ။ ”

အနက်ဝတ် အဖိုးအိုက လင်းယွန်အား လက်ဖဝါးဖြင့် ချက်ချင်း ရိုက်ချ လိုက်သည်။

“ သွားကြ ရအောင်။ ”

အဆိုပါ လက်ဖဝါး ချက် ထိမှန် ခြင်းကို အားပြုကာ၊ လင်းယွန်က နဂါးသွေး မြင်းအား လောဆော် လိုက်သည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ မီတာ ထောင်ဂဏန်း အကွာ အဝေးသို့၊ ရောက်ရှိ သွားတော့၏။

“ မင်း လွတ်နိုင်မယ် ထင်လား ...။ ”

အနက်ဝတ် အဘိုးအိုက သူ့နှုတ်ခမ်း ပေါ်ရှိ သွေးများကို သုတ်လိုက်ပြီး၊ သတ်ဖြတ် လိုသော အကြည့် များဖြင့်၊ ဆိုလိုက်သည်။

***

All Chapters