← Chapters

မိုးကြိုး။

Vol. 35 Ch. 481

မိုးကြိုး။

Vol. 35 Ch. 481

ခရမ်းရောင် နန်းတော် တစ်ပိုင်းရှိ၊ ပုရွတ်ဆိတ် တစ်ကောင်မှ အရူး လုပ်ခြင်း ခံလိုက် ရသော ကြောင့်၊ အဘိုးအို၏ မျက်နှာမှာ ပျက်ယွင်း သွားသည်။

သူ့ကို လှည့်စား ရဲလိမ့် မည်ဟု၊ ယောင်၍ပင် မတွေး မိပေ။ အလင်းတန်း အသွင် ပြောင်းလဲ သွားပြီး လင်းယွန်နောက် ပြေးလိုက် မိ၏။

နဂါးသွေး မြင်းပေါ်ရှိ လင်းယွန်၏ မျက်နှာမှာ၊ ဖြူဖျော့ နေပြီး၊ နှုတ်ခမ်းမှ သွေးများ စီးကျ လာသည်။

ရင်ဘတ် တစ်ခုလုံး ချိုင့်ဝင် ပုံပျက် သွားကာ၊ နံ့ရိုးများ နိမ့်ဆင်း ကုန်၏။

အနည်းငယ် လှုပ်ရုံ မျှဖြင့်၊ အသည်း ခိုက်အောင် နာကျင် ရသည်။ အဘိုးအို၏ အမှတ် မထင် တိုက်ခိုက်မှု သည်ပင်၊ အလွန် ပြင်းထန် လှလေပြီ။

ပြင်ဆင် ချိန်ရှိ ပါက၊ မည်မျှ အစွမ်းထက် မည်ကို တွေးဆ၍ မရပေ။

“ ဟီး...... ဟစ် ဟစ် ။ ”

ရုတ်တရက် လင်းယွန်၏ မျက်နှာမှာ၊ ပြောင်းလဲ သွားပြီး၊ နဂါးသွေး မြင်း မှာလည်း၊ ပတက် ထရပ် လိုက်၏။

သူတို့ နှစ်ဦး၏ ရှေ့မနီး မဝေးတွင်၊ ကြယ်တံခွန် ကြွေကျ လာ သကဲ့သို့၊ ကောင်းကင်မှ ပုံရိပ် တစ်ရိပ် ဆင်းသက်၏။

ကျဆင်း လာသော ပုံရိပ်က ပြင်းစွာသော၊ သတ်ဖြတ် လိုစိတ် များကို ထုတ်လွှတ်ကာ၊ ဖြည်းညှင်းစွာ ပြက်ထင် လာသည်။

သူက လင်းယွန်ကို အေးစက်စွာ စိုက်ကြည့် လိုက်ပြီး၊

“ မင်း ဘာလို့ မပြေးတော့ တာလဲ ”

အနက်ဝတ် အဖိုးအိုက ရက်စက်သော အပြုံးဖြင့်၊ စကား ဆက်လာ၏။

“ ငါ့ပိုင် ပစ္စည်းကို လုယူပြီး တဲ့နောက်၊ တန်ဖန်း ဆိုတဲ့ ငါ့ လက်ကနေ ... မင်း လွတ်နိုင်မယ် ထင်နေလား။ ”

“ အရမ်း စကား များတယ် ... လာခဲ့။ ”

လင်းယွန်က ထိတ်လန့်ခြင်း မရှိဘဲ၊ ချက်ချင်း ပြန်ပြော လိုက်သည်။ မလွတ် မြောက်နိုင် သောကြောင့်၊ ရှင်သန်ရန် အတွက်၊ တိုက်ခိုက် ရပေမည်။

အဘိုးအိုက လင်းယွန်၏ မောက်မာစွာ စိန်ခေါ် လာ မှုကြောင့်၊ အနည်းငယ် အံ့သြ သွားသည်။

ပုရွတ်ဆိတ် ဟု ထင်ထားသော လူငယ် ထံမှ၊ ဤမျှ ပြတ်သားသော လေသံကြောင့်၊ သူ့အား အနည်းငယ် စိတ်မသက် မသာ ဖြစ်လာ စေသည်။

၎င်းအနေဖြင့် ကရုဏာကို တောင်းခံ လိမ့်မည် ထင်မိ သော်လည်း၊ သူ့အား ခံပက် လာ၏။

“ စိတ်ဝင် စားဖို့ ကောင်းတယ်၊ ဒီလို မာန ကြီးတဲ့ ဂျူနီယာ မျိုးကို မတွေ့ ရတာ၊ အတော် ကြာပြီ၊ ဒါပေမယ့် အခု သေ.... လိုက်တော့။ ”

အနက်ဝတ် အဘိုးအိုက တိုက်ခိုက် မှုကို စတင် လိုက်၏။ လင်းယွန် ရှေ့သို့ ရိပ်ခနဲ ရောက်ရှိ လာပြီး၊ ညာဖက် လက်သီးကို မြှောက်ကာ၊ ထိုးချ လိုက်သည်။

ကောင်းကင်မှ ကြွေကျ လာသော ဉက္ကာ ပျံကြီး ကဲ့သို့၊ လေထုအား ခွဲလျက်၊ အပူငွေ့ များနှင့် အတူ၊ ကျဆင်း လာသည်။

သတိ မမူဘဲ မနေ ဝံ့ သောကြောင့်၊ ပန်း သင်္ချိုင်း ဓားကို ထုတ်ယူ လိုက်ကာ၊ တိမ်မြူ ကင်းသော လမင်းအား ထုတ်ဖေါ်ပြီး၊ ကောင်းကင် တစ်ခုလုံး၊ ဖုံးလွှမ်း တောက်ပ နေသော မီးတောက် ကြီးအား၊ နှစ်ခြမ်းခွဲ ပစ်လိုက်သည်။

မီးတောက်ကြီး ထံမှ မီးလုံးပေါင်း၊ မြောက်မြားစွာ ကွဲထွက် သွား၏။

ထိုမီးလုံးများ ကျဆင်း လာသည်နှင့်၊ မြေပြင်၌ နက်ရှိုင်းသော မီးလောင် ပေါက်များ၊ ဖြစ်ပေါ် လာ တော့သည်။

ချက်ချင်းပင် လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို၊ အကောင် အထည် ဖော်ကာ၊ ဓားဖြင့် ရှေ့သို့ ထိုးသွင်း လိုက်၏။

နောက်ဆက်တွဲ ပုံရိပ် တစ်ရိပ် ချင်းစီက၊ ပြင်းထန်သော တိုက်ခိုက် မှုကို သယ်ဆောင် လာသည်။

“ ချိုး ..... ”

အနက်ဝတ် အဘိုးအိုက လင်းယွန်၏ ဓားရေးကြောင့်၊ အနည်းငယ် အံ့သြ သွားသည်။ သို့သော် ဓားချက် တိုင်းကို ဖျက်ဆီးရန်၊ မူလ စွမ်းအင်အား မဆိုင်း မတွ ထုတ်ဖော် လိုက်၏။

“ ကောင်လေး၊ ခရမ်းရောင် နန်းတော် နယ်မြေက ဘယ်လောက် တောင်၊ အစွမ်း ထက်တယ် ဆိုတာ မင်း မသိ နိုင်ပါဘူး။ ”

တန်ဖန်းက ဟောက်လိုက်ပြီး လက်သီး များဖြင့်၊ ပြန်လည် ထိုးနှက် လိုက်သည်။

လေခွင်း သံများ ပဲ့တင် ထပ်လာပြီး၊ တုန်လှုပ် ချောက်ချား ဖွယ်ကောင်းသော ဖိအားများ ထွက်ပေါ် လာသည်။

လင်းယွန် အတွက် တုံ့ဆိုင်း နေရန်၊ အချိန် မရှိပေ။

“ အနန္တ နှင်းလွင်ပြင်။ ”

ပန်း သင်္ချိုင်း ဓား ထံမှ၊ စူးရှသော မြည်သံများ ထွက်ပေါ် လာသည်။ တစ်ဆက် တည်းမှာပင်၊ အဆုံး မရှိသော အအေးဓာတ် နှင့်အတူ၊ စူးရှသော အလင်းများ လျင်မြန်စွာ ပေါက်ကွဲ သွား၏။

ဤတိုက်ခိုက် မှုကြောင့် အဘိုးအို၏ မျက်နှာမှာ၊ အနည်းငယ် ပြောင်းလဲ သွားကာ၊ နောက်ပြန် ဆုတ် လိုက်သည်။

ဓားသွားရာ လမ်းကြောင်း ပေါ်ရှိ၊ အရာ အားလုံး အေးခဲ သွားခဲ့၏။

“ စိတ်ဝင်စား စရာပဲ၊ ဒါပေမယ့် ဒါက အကြွင်းမဲ့ ခွန်အား ရှေ့မှာတော့၊ ဘာမှ ဖြစ်လာမှာ မဟုတ် ပါဘူး။ ”

အနက်ဝတ် အဘိုးအိုက လှောင်ရယ် လိုက်ပြီး၊ လက်သီးဖြင့် ထပ်မံ ထိုးလာ ပြန်၏။

ဤ လက်သီးတွင် ကြယ်တာရာ တစ်စင်း ကိုပင်၊ ဖျက်ဆီး ပစ်နိုင် သည်ဟု၊ ခံစား လာရ စေသော အငွေ့ အသက်များ ပါရှိ လေသည်။

ရေှာင်တိမ်းချိန် မရ လိုက်ဘဲ၊ ထိမှန် သွားပြီး၊ ပါးစပ်မှ သွေးများ အန်ချ လိုက်ရ၏။

အနက်ဝတ် အဘိုးအိုမှာ၊ မယုံနိုင် လောက်အောင် သန်မာ လှလေသည်။

အဖိုးအိုထံ လှမ်းကြည့် မိသော၊ လင်းယွန် မျက်လုံး များက၊ အေးစက်စွာ တောက်ပ သွား၏။

“ မင်း ဒီလောက်ထိ ရောက်နိုင် လိမ့်မယ်လို့၊ မထင် ထားမိဘူး၊ ကြည့်ရတာ မင်းက အမည်ခံ အုပ်စိုးရှင် ဂိုဏ်းရဲ့ တပည့် ဖြစ်ရမယ်။ ”

အနက်ဝတ် အဘိုးအိုက လင်းယွန်ကို လောဘ ကြီးစွာဖြင့် ကြည့်ကာ၊ ဆိုလိုက်သည်။

ဤကောင်လေး၏ စွမ်းဆောင် ရည်မှာ၊ အမည်ခံ အုပ်စိုးရှင် ဂိုဏ်းများရှိ၊ ပါရမီရှင် တစ်ဦးထက် နိမ့်ကျသည် မဟုတ်ပေ။

ဆိုလို သည်မှာ သူ့ သားကောင်၏ နောက်ခံက၊ မရိုး ရှင်းဟု အဓိပ္ပါယ် ရပေသည်။ ယင်းက ဆူဖြိုး နေသော သိုးတစ်ကောင် အဖြစ် ထင်မြင် လာစေ၏။

တောက်လောင် နေသော ဥက္ကာ ပျံကြီး ကဲ့သို့၊ လက်သီး ချက်များကို ရုတ်တရက် ထပ်မံ ထုတ်ဖော် လိုက်ပြန်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး၊ မီးပင်လယ်ကြီး အဖြစ် ပြောင်းလဲ သွားကာ၊ လင်းယွန်အား ပိတ်ဆို့ လာတော့ ၏။

မီးပင်လယ် အတွင်း၊ အနက်ဝတ် အဘိုးအို၏ အရှိန် အဝါမှာ၊ မယုံနိုင် လောက်အောင်၊ မြင့်တက် လာလေသည်။

၎င်းမှာ အနက်ဝတ် အဖိုးအို၏ သိုင်းဝိဉာဉ် ဖြစ်သော ကြောင့်၊ လင်းယွန် မျက်နှာမှာ၊ ပျက်ယွင်း သွားရသည်။

“ ဒီဥက္ကာ ခဲက ငါ့ရဲ့ သိုင်းဝိညာဉ်ပဲ၊ အမည်ခံ အုပ်စိုးရှင် ဂိုဏ်းက၊ တပည့် တစ်ဦးကို လေးစားတဲ့ အနေနဲ့၊ မြည်းစမ်း ခွင့်ပေးမယ် ဟား ဟား ဟား ။ ”

-ဟု ဆိုကာ အနက်ဝတ် အဘိုးအိုက ရယ်မော လိုက်သည်။

ကောင်းကင် ပေါ်ရှိ ပျံဝဲ နေသော အနီရောင် ကျောက်တုံး ကြီးကို မော့ကြည့်ကာ၊ လင်းယွန်က ငြိမ်သက် သွားသည်။

ဤအနက်ဝတ် အဘိုး အိုမှာ၊ လောဘ ကြီးလွန်း လှပေ၏၊ သူ့တွင် ကြီးမားသော နောက်ခံ ရှိရ မည်ဟု ယူဆကာ၊ ထွက်ပြေးရန် အခွင့် အရေး မပေး လိုခဲ့ပေ။

“ သေ လိုက် တော့ ....”

အနက်ဝတ် အဘိုးအိုက ကောက်ကျစ်စွာ ပြုံးရယ် လိုက်ပြီး၊ လက်သီးဖြင့် ထိုးချ လာသည်။

လေထုထဲ ဖြတ်သန်း လာသော အဆိုပါ လက်သီးထံ၊ မီးပင်လယ် ကြီးက အကန့် အသတ် မရှိသော စွမ်းအင်များ ပေးပို့ လိုက်၏။

ထို့ကြောင့် မီးတောက် များမှာ အားပျော့ လိုက်လာ၏။ သို့သော် ကောင်းကင်တွင် ပျံဝဲ နေသော အနီရောင် ဥက္ကာခဲ ကြီးက၊ မီးပင်လယ် နှင့် လာရောက် ပေါင်းစပ်၊ အားဖြည့် သွား တော့သည်။

အဆုံး မရှိသော မီးတောက် များကြောင့်၊ ရပ်နေသော မြေပြင်က၊ ကမ္ဘာ ပျက်မည့် သဏ္ဍာန်၊ တုန်ယင် လာလေသည်။

ထိုမြင်ကွင်းကြောင့်၊ လင်းယွန်က အံကြိတ် လိုက်ကာ၊ ပန်း သင်္ချိုင်း ဓားထံ မူလ စွမ်းအင် များ၊ သွန်းလောင်း လိုက်သည်။

တက်နိုင် သမျှ ရှန်ရှင်း ဓားကို မသုံးရန် သတိ ထား၏။

၎င်းမှာ သူ၏ အသန် မာဆုံး ဝှက်ဖဲ ဖြစ်ပြီး၊ အလွယ် တကူ ထုတ်ပြရန် ဆန္ဒ မရှိပေ။

“ ငါ့ ဓား၏ အမည်ဖြင့် ပန်းပွင့်လော့။ ”

ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းမှာ၊ နောက်ကျော၌ ထွက်ပေါ် လာသည်။

ဓားသုတ္တန် နဝမ အဆင့်ကို၊ ကန့်သတ် ချက်သို့ တွန်းပို့ လိုက်သဖြင့်၊ သူ၏ အရှိန် အဝါမှာ၊ ခရမ်းရောင် နန်းတော် နယ်မြေနှင့်၊ နီးကပ် သွားတော့၏။

“ လရောင် အလင်း ပြန်ခြင်း။ ”

လင်းယွန်၏ ခန္ဓာ ကိုယ်က၊ ရုတ်ချည်း ယိမ်းထိုး သွားကာ၊ ပုံရိပ် ကိုးရိပ် အဖြစ် ကွဲထွက် လာခဲ့သည်။

ထိုပုံ ရိပ်များ တစ်ထပ်တည်း ပြန်ဖြစ် လာချိန်တွင်၊ တန်ဖန်း အဖိုးအို နီးနီး၊ ပြင်းထန်သော ရောင်ဝါကို ထုတ်ဖော် လိုက်သည်။

ဤတစ်ကြိမ် ထိပ်တိုက် တွေ့ဆုံမှု များက၊ ပတ်ဝန်း ကျင်အား တုန်လှုပ် ချောက်ချား လာစေ၏။

နောက်ဆက်တွဲ အနေဖြင့်၊ မြေပြင်၌ ကြောက်စရာ ကောင်းလောက် အောင်၊ ကြီးမားသည့် မီးလောင် ချိုင့်ကြီး တစ်ချိုင့် ဖြစ်ပေါ် လာသည်။

မီးလျှံများ ငြိမ်းသွားသော အခါတွင်၊ လင်းယွန် ၏ ဖြူဖျော့ နေသော ရုပ်သွင်က၊ မြေပြင် ပေါ်သို့၊ ပြန်လည် ဆင်းသက် လာတော့၏။

လက်ဖဝါးမှ သွေးများ စီးကျ နေခဲ့ပြီး၊ ဒူးတစ်ဖက် ထောက်လျှက် အနေ အထားဖြင့်၊ အနက်ဝတ် အဖိုးအိုအား မော့ကြည့် လိုက်သည်။

ဒရာကိုဖီ ခန္ဓာက ဒဏ်ရာ များကို ပြုပြင်ရန်၊ ကြိုးပမ်း နေသော် လည်း၊ လက်သီး၏ သက်ရောက် မှုက၊ ပြင်းထန် လှပေသည်။

“ မသေ သေးဖူးလား ... အဟွတ် ဟွတ်။ ”

ကောင်းကင် ပေါ်မှ ဆင်းသက် လာသော၊ အဖိုးအိုက အဖှုန်မှုန့် တိမ်တိုက် များကြောင့်၊ ချောင်း တဟွတ်ဟွတ် ဆိုးလျက် ဆိုလာသည်။

သူ သည်လည်း ကောင်းလွန်း သော၊ အခြေ အနေ မျိုး၌ ရှိမနေ ခဲ့ချေ။ ဒူးတစ်ဖက် ထောက်လျက်၊ အသက်ရှင် နေသေးသော၊ လင်းယွန်ကို ကြည့်ကာ၊ အနည်းငယ် တုန်လှုပ် သွားသည်။

နောက်ဆုံးတွင်၊ ဤတိုက်ခိုက် မှုမှာ သူ၏ သိုင်းဝိဉာဉ်အား အသုံးပြု ခဲ့သော ကြောင့်၊ ‘ကနဦး ယင် အဆင့်’ သိုင်းသမား များကိုပင်၊ ပြာပုံ အဖြစ် မီးရှို့ နိုင်၏။

“ အိုး ... စိတ်ဝင် စားစရာပဲ၊ မင်းကို သတ်ပြီးရင် ငါရမဲ့ အကျိုး အမြတ် အတွက်၊ မစောင့် နိုင်တော့ဘူး၊ ဒါနဲ့ မင်းက အမည်ခံ အုပ်စိုးရှင် ဂိုဏ်းက လူငယ် သခင်လား။ ”

အနက်ဝတ် အဘိုးအိုကို၊ ရက်စက်စွာ ပြုံးပြ လိုက်သည်။ သားကောင် အားကောင်း လေလေ၊ သူ့အား ပို၍ ဆွဲဆောင် နိုင်လေလေ ဖြစ်သည်။

လမ်းလွဲ ကျင့်ကြံ သူတစ်ယောက် အနေဖြင့်၊ သန်မာသော သားကောင် များမှာ ဆူဖြိုးတက် သည်ကို၊ အတွေ့ အကြုံ များက ပြောပြ ထား ပေသည်။

“ လာ ... ပြီ ...။ ”

အနက်ဝတ် အဖိုးအိုက ထပ်မံ အားယူ လိုက်သည်။

“ .... သတ်။ ”

လင်းယွန် သည်လည်း တွန့်ဆုတ်ခြင်း မရှိခေျ။ အံကြိတ် ကြုံးဝါး လိုက်ပြီး၊ ကောင်းကင်ပေါ် ခုန်တက် သွား၏။

ပုံရိပ် နှစ်ရိပ် လေထဲ၌ တွေ့ဆုံ သွားကာ၊ အသီး သီးသော တိုက်ခိုက်မှု များကို၊ ဆက်တိုက် ဆိုသလို ထုတ်ဖော် လိုက်ကြသည်။

ရုန်းရင်း ဆန်ခတ်မှု များဖြင့်၊ ဆိတ်သုဉ်း နေသော နယ်မြေကို ကေျာ်လွန် သွားသည့်တိုင်၊ တစ်ဦးနှင့် တစ်ဦး နောက်ဆုတ်ခွင့် မပေး ခဲ့ပေ။

“ နဂါး ရိုင်း၏ ဒေါသ ။ ”

အနက်ဝတ် အဖိုးအိုက၊ သူ၏ အပြင်းထန် ဆုံးသော လှုပ်ရှား မှုကို၊ ထုတ်ဖော် လိုက်သည်။

လက်သီးနှင့် အတူ၊ သူ့ နောက်ကျော၌၊ ဧရာမ မီးနဂါးကြီး တစ်ကောင် ထွက်ပေါ် လာ၏။

အဆိုပါ မီး နဂါးကြီး၏ ဟောက်သံက၊ မြေပြင် တစ်ခု လုံးအား တုန်လှုပ် လာစေသည်။

မောပန်း နွမ်းနယ် နေသော်လည်း၊ လင်းယွန်က အခွင့် အရေးကို စောင့်ဆိုင်း နေဆဲ ဖြစ်သည်။

ထို့ကြောင့် မီးနဂါး ပေါ်လာ သည်နှင့်၊ ပန်းသင်္ချိုင်း ဓားဖြင့် ခုတ်ပိုင်း လိုက်ရာ၊ ကောင်းကင်က တိမ်တိုက်များ၊ ကွဲအက် သွားကုန်သည်။

ထိုအက် ကွဲရာ အတွင်းမှ၊ သူ ဖန်တီး ထားသော လေဆင် နှာမောင်း တစ်ခု ထွက်ပေါ် လာပြီး၊ မီးနဂါးထံ ပြေးဝင် သွား၏။

အဆိုပါ စွမ်းအင် များက အချင်းချင်း ချေဖြတ် လိုက်ကြသည်။

ရလဒ် အနေဖြင့် အနက်ဝတ် အဘိုးအိုက ၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်သွား ရကာ၊ ပါးစပ်မှ သွေးများ စီးကျ လာသည်။

၎င်းအပေါ် နာကြင် နေချိန် မရ သေးပဲ၊ လင်းယွန်ထံ ခေါင်းမော့ ကြည့်လိုက်၏။

မီးနဂါးကြီးက အနည်းငယ် အားနည်းသွား သော်လည်း၊ လင်းယွန်ထံ ဆက်လက် တိုးဝင် သွားသည်။

ထို့နောက်တွင် လုံးထွေး ရစ်ပတ် သွားကာ၊ လင်းယွန် နှင့်အတူ၊ မီတာ ထောင်ပေါင်း များစွာ အကွာသို့၊ လွင့်စင် သွားတော့၏။

၎င်းတို့ ပြုတ်ကျ သွားသည့် အရှိန်ကြောင့်၊ မီးလောင် ချိုင့်ဝှမ်းကြီး တစ်ခု၊ ဖြစ်ပေါ် လာလေသည်။

“ ဟမ် .... ၊ မင်းက ... သေမင်းကို ဖိတ်ခေါ် လိုက်တာကိုး။ ”

အနက်ဝတ် အဖိုးအိုက ချောင်းဆိုး လိုက်ပြီး ချိုင့်ဝှမ်း ကြီးကို လှမ်းကြည့်ကာ၊ သွေးတလုတ် ထွေးထုတ် လိုက်သည်။

လင်းယွန်၏ ခွန်အားမှာ၊ သူ့စိတ်ကူး များထက် ကျော်လွန် နေသော်လည်း၊ နောက်ဆုံးတွင် အပြီးသတ် နိုင်ခဲ့၏။

ဤတိုက်ခိုက် မှုမှ လွတ်မြောက် နိုင်လိမ့် မည်ဟု သူ မယုံပေ။ မသေ ခဲ့လျှင်ပင် မျော့မေျာ့ သာကျန် ပေမည်။

တိုက်ပွဲ ပြီးဆုံး သွားပြီ ဖြစ်ရာ၊ ရိတ်သိမ်း ရမည့် အချိန် ကျရောက် လာလေပြီ။ ထို့ကြောင့် စိတ်လှုပ်ရှား စွာဖြင့်၊ မီးလောင် ချိုင့်ဝှမ်း ကြီးထံ တရွေ့ရွေ့ ချဉ်းကပ် သွားမိ၏။

ကောင်းကင်ဘုံ ဝိညာဉ် သားရဲ အမြုတေနှင့်၊ လူငယ် သခင် တစ်ယောက်၏ ကံကြမ္မာ တစ်ခု လုံးကို ရရှိနိုင် ပေမည်။ တွေးလိုက် ရုံဖြင့်ပင်၊ သူ့အား တက်ကြွ လာစေ၏။

မီးလောင် ချိုင့်ဝှမ်းထံ ရောက်သည်နှင့်၊ အဝနား ထပ်မံ တိုးကပ် သွားကာ၊ လင်းယွန်အား ငုံ့ရှာရန် ကြိုးစား လိုက်သည်။

သို့သော် ရုတ်တရက် စူရှသော မြည်သံများ ချိုင့်ဝှမ်း အတွင်းမှ တိုးထွက် လာ၏။

“ ရှန်ရှင်း ဓား ရည်ရွယ်ချက် ... ”

လှည့်စား ခံရမှန်း သိလိုက် သောကြောင့်၊ အနက်ဝတ် အဖိုးအို၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။ မဆိုင်း မတွပင် အမြန် ပြန်ဆုတ် သွား၏။

“ မင်း လွတ်မြောက် နိုင်မယ် ထင်လား၊ ဒီအခွင့် အရေးကို ငါစောင့် နေတာ ကြာပြီ။ ”

လင်းယွန်က ခပ်ပြတ်ပြတ် ရေရွတ် သံနှင့် အတူ၊ ကောင်းကင်သို့ ပျံတက် သွားသည်။

ရှန်ရှင်း ဓား ရည်ရွယ်ချက် အောက်တွင်၊ ပတ်ဝန်း ကျင်မှာ စတင် ပြောင်းလဲ လာပြီး၊ မြည်သံများ ပဲ့တင် ထပ်လာ၏။

တစ်ဆက် တည်းမှာပင် ကောင်းကင် တစ်ခုလုံး မှောင်မိုက် သွားကာ၊ မိုးကြိုး တိမ်တိုက်များ စုပုံ လာတော့သည်။

တိမ်တိုက်များ အတွင်း၊ လျှပ်စီးများ တဖျပ်ဖျပ် လက်နေ၏။

ကောင်းကင်၌ ရပ်နေသော လင်းယွန်က၊ ပန်းသင်္ချိုင်း ဓားကို တင်းကြပ်စွာ ဆုပ်ကိုင် လိုက်ပြီး၊ အောက်သို့ ဦးတည် ခုတ်ပိုင်း ချလိုက်သည်။

“ မိုး ကြိုး ....”

***

All Chapters