ဘိုင်ရီ
Vol. 35 Ch. 482
ရှန်ရှင်း ဓား ရည်ရွယ် ချက်ဖြင့်၊ ပံ့ပိုး ထားသော မိုးကြိုး ဓားချက်အား ခုတ်ပိုင်း ပစ်လိုက်သည်။
ဤဓားချက်ကို နားလည် ပြီးနောက်၊ ပထမ ဦးဆုံး အကြိမ်၊ ထုတ်ဖော် တိုက်ခိုက် လိုက်ခြင်း ဖြစ်၏။
“ မဟုတ်ဘူး။ ”
လင်းယွန်၏ ဓားရည်ရွယ် ချက်ကြောင့်၊ အဘိုးအို မျက်နှာမှာ၊ သိသိ သာသာ ပြောင်းလဲ သွားသည်။
သူက နောက်ဆုတ် ချင်သော်လည်း၊ နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။ မတုံ့ပြန် နိုင်ခင် မှာပင် ကမ္ဘာမြေ တုန်ဟီး စေသော ဓားချက်က၊ သူ့အား လုံး၀ ဝါးမြို သွား၏။
ရင်ဘတ် ထက်ခြမ်း ခွဲခံလိုက် ရပြီး၊ သူ့ အသက်အား ချက်ချင်း နှုတ်ယူ သွားတော့ သည်။
သို့သော် အနက်ဝတ် အဘိုးအိုက မသေခင်၊ စွမ်းအား အပြည့်ဖြင့်၊ လက်ဖဝါး တစ်ချက်ကို လင်းယွန် အပေါ်၊ မမေ့ မလျော့ ချန်ထား နိုင်ခဲ့သည်။
ထိုလက်ဖဝါးသည် ကောင်းကင်မှ၊ ဆင်းသက် လာသော ဥက္ကာ ပျံကြီး ကဲ့သို့၊ ပြင်းထန် လှပေရာ၊ လင်းယွန်၏ မျက်နှာမှာ သိသိ သာသာ ပြောင်းလဲ သွားသည်။
၎င်းကို တားဆီးရန် ကြိုးစား လိုက်သော် လည်း ၊ မိုးကြိုးကို ထုတ်ဖော် ခြင်းဖြင့်၊ သူ၏ မူလ စွမ်းအင် အားလုံး၊ ကုန်ဆုံး သွားခဲ့သည်။
ကြီးမားသော ပေါက်ကွဲသံ နှင့်အတူ လက်ဖဝါး ထိမှန် ခြင်းကြောင့်၊ ရေကန် ထဲသို့ လွင့်စင် သွားတော့၏။
မျက်လုံး မမှိတ် ခင်မှာပင်၊ နဂါးလေးက စိုးရိမ် တကြီးဖြင့်၊ သူ့အား ကယ်တင်ရန်၊ ရေကန် ကမ်းစပ် အထိ၊ ကြိုးစား တိုးကပ် နေခဲ့သည်။
ရေကန် အတွင်းမှ ရေလှိုင်းများ ပုတ်ခတ် လာ မှုကြောင့် ၊ အိပ်ချင် စိတ်များ တဖွားဖွား ဖြစ်ပေါ် လာသည်။
ဒဏ်ရာများ ရနေပြီ ဖြစ်ရာ၊ အသိ စိတ်များ မှုန်ဝါး လာ၏။ မျက်လုံးများ မှိတ်ကျ လာပြီး၊ မြင်ကွင်း တစ်ခု၊ အမေှာင်ဖုံး လွှမ်းသွားသည်။
မူလ စွမ်းအင်ကို ဖြန့်ကျက်ရန် ကြိုးစား လိုက် သော်လည်း၊ လက်ချောင်း များပင်၊ မလှုပ် နိုင်တော့ပေ။
ကြောက်စရာ ကောင်းလွန်းသော ဒဏ်ရာ ကြောင့်၊ သေဆုံး ရတော့ မည်ဟု ယူဆ လာမိသည်။
သို့သော် တဖြည်းဖြည်း သတိ ပြန်လည် လာချိန်၌၊ ခရီး ဝေးကြီးမှ ပြန်ရောက် လာသူ တစ်ယောက် ကဲ့သို့ နှုန်းချိ နေသည်။ အချိန် မည်မျှ ကြာကြာ အိပ်ပျော် သွားမှန်း သူ မသိ လိုက်ပေ။
တဆစ်ဆစ် နာကျင် မှုကို ခံစား လိုက်ရ သောကြောင့်သာ၊ စိတ် သက်သာရာ ရသွားသည်။
နာကျင်ခြင်း ဆိုသည်မှာ၊ အသက်ရှင် ခြင်း၏ တစ်ခု တည်းသော အဓိပ္ပါယ် ဖြစ်သည်။
သို့သော် သူ့ခန္ဓာ ကိုယ်ကို မလှုပ်နိုင် သေးသော ကြောင့်၊ ရေလှိုင်း၏ သယ်ဆောင် ခြင်းကို ခံနေ ရဆဲ ဖြစ်သည်။
တစ်ခါ တစ်ရံတွင်၊ လှိုင်းလုံး ကြီး များကြောင့်၊ ရေထဲသို့ နစ်မြုပ် သွားတက်၏။
ခရမ်းရောင် နန်းတော် နယ်မြေ၏၊ အလယ် အလတ် ယင် အဆင့်သည်၊ ဤမျှ အစွမ်း ထက်လိမ့် မည်ဟု၊ မထင်ထား မိပေ။
အသိ စိတ်များ မှုန်ဝါး နေချိန် မှာပင်၊ တစ်စုံ တစ်ယောက်၏ ကယ်တင်ခြင်း၊ ခံလိုက် ရကြောင်း သိရှိ လိုက်သည်။
ထိုသူတို့၏ အသံများ ကိုလည်း၊ ယောင်ဝါးဝါး ကြားလာ နိုင်၏။
“ စိတ်ဝင် စားဖို့ ကောင်း လိုက်တာ၊ ဒီလို ဒဏ်ရာတွေ ရပြီး တာတောင်၊ တကယ်ပဲ အသက်ရှင် နေသေး တာပဲ၊ သူ ဘယ်သူ များ ပါလိမ့်။ ”
“ မသေ ပေမယ့်၊ ဆွံ့အ သွား နိုင်တယ်၊ အနာဂတ်မှာ၊ ကျင့်ကြံသူ တစ်ယောက် မဖြစ်နိုင် တော့ဘူး၊ သူ့ကို ထားခဲ့ ရအောင် ... ”
“ မဟုတ်ဘူး၊ ငါတို့ ထားခဲ့ရင်၊ သူ သေလိမ့်မယ်။ ”
နာကျင် မှုကို ကာလ အတန်ကြာ ခံစား ခဲ့ရပြီး၊ နောက်ဆုံးတွင် အနား ယူရန် အခိုက် အတန့် ရှိလာ ခဲ့လေပြီ။
ရက် အနည်းငယ် ထပ်မံ ကုန်ဆုံး သွားပြီး နောက်၊ လင်းယွန်၏ မျက်ခွံများ ပြန်ပွင့် လာ၏။
မှို ရနံ့များ ဖုံးလွှမ်း နေပြီး၊ အမှိုက် များဖြင့် ပြည့်နှက် နေသော၊ အခန်း တစ်ခန်း ထဲတွင်၊ သူ့ကိုယ်သူ ပြန်တွေ့ လိုက်ရသည်။
( စတို ခန်းလား။ )
သို့သော် အိပ်ရာ တစ်ဝိုက်တွင်၊ တစ်စုံ တစ်ဦးမှ သပ်ရပ်အောင်၊ ရှင်းလင်း ပြင်ဆင် ပေးထား ကြောင်း၊ သိသာ စေ၏။
အသက် ပြင်းပြင်း ရှူလိုက်ပြီး၊ နဖူးကို ပြန်စမ်းရန် လက်မြောက် လိုက်သော်လည်း၊ အစွမ်း မရှိ ခဲ့ပေ။
အာခေါင်များ ခြောက်ကပ်ကာ၊ အလွန် အားနည်းသော အခြေ အနေ ဖြစ်နေ လေသည်။
ထို့ကြောင့် ခန္ဓာကိုယ် အတွင်း၊ ပြန်ကြည့် လိုက်ရာ၊ မှန်ဖျော့ နေသော နက်နဲ သွေး ပြန်ကြော ခုနစ် မျှဉ်ကို မြင်လိုက် ရသည်။
ကျန်ရှိ နေသော သွေးပြန်ကြော သုံးမျှဉ်မှာ၊ မီးလောင်ရာ များဖြင့် ရှုပ်ပွ နေပေ၏။ ဒဏ်ရာ များကို ကြည့်ပြီး၊ တုန်လှုပ် သွားရသည်။
“ ချေး လို မှ ပဲ…”
လင်းယွန် မျက်နှာက မည်းမှောင် သွားသည်။ အနက်ဝတ် အဖိုးအိုနှင့် တိုက်ခိုက် နေစဉ်၊ ဒဏ်ရာများ အပေါ် ဂရု မစိုက် နိုင်ခဲ့ခေျ။
ဤမှျ ပြင်းထန် လိမ့်မည် မည်ဟု၊ မမျှော်လင့် ထားသည်မှာ အမှန် ပေပင်။
အကယ်၍ သူ့ နေရာတွင်၊ အခြားသူ တစ်ဦးသာ ဆိုပါက၊ ယခု ကဲ့သို့ ပြင်းထန်သော ဒဏ်ရာ များကြောင့်၊ ချိနဲ့ သွားမည် ဖြစ်သည်။
သို့သော် ၎င်းသည် ဒရာကိုဖီ ခန္ဓာကိုယ် အတွက်၊ လက်ခံ နိုင်သော အတိုင်း အတာ အတွင်း၌၊ ရှိနေ ပေသေးသည်။
အချိန်သာ အလုံ အလောက် ရှိနေ ပါက၊ ဒဏ်ရာ များမှ သက်သာ ပျောက်ကင်း နိုင်၏။ သို့သော် ၎င်းမှာ လင်းယွန်အား မပေါ့လျော့ စေရန်၊ သင်ခန်းစာ တစ်ခု သင်ပေး လာခဲ့သည်။
သတိ မမူ ပါက၊ မည်သို့ သေဆုံး သွားရမှန်း၊ သိလိုက်မည် မဟုတ်ပေ။
“ ငါ အခု ကုန်းဘက်ပေါ်၊ တက်သင့်တယ်။ ”
လင်းယွန်က ပတ်ဝန်း ကျင်ကို ကြည့်ပြီး ရေရွတ် လိုက်သည်။
ကယ်တင်ပေး လာသည့် သူများကို၊ မသိသေး သော်လည်း၊ လက်ရှိ အနေ အထားအရ၊ မပျော်ရွှင် မိပေ။
နောက်ဆုံးတွင် မည်သူ မဆို၊ သည်အခြေ အနေ၌ သူ့အား သတ်ပစ် နိုင်ပေသည်။
ထို့ကြောင့် ဒဏ်ရာများ အမြန် သက်လာ စေရန်၊ လုပ်ယူ ရပေမည်။ သတိ တရဖြင့်၊ သူ့ခါး ပေါ်ရှိ သိုလှောင် အိတ်ကို စမ်းလိုက်ရာ၊ ဝတ်ရုံစ ကိုသာ ဖမ်းဆုပ် မိလိုက်သည်။
ရုတ်တရက် မျက်နှာ ပျက်ယွင်း သွားပြီး၊ အတွေးနက် သွားသည်။ ကျပေျာက် သွားခြင်း ပေလော။ မဖြစ် နိုင်ခေျ။ ကျောတွင်ပိုး ထားသော ဓား သေတ္တာပင်၊ ပေျာက်နေ ခဲ့သည်။
ဤသို့ ဆိုပါလျှင် တစ်စုံ တစ်ဦးမှ ယူဆောင် သွားခြင်း သည်လော။
ယင်းမှာ အလေး မထား စရာ မဟုတ် သောကြောင့်၊ မျက်မှောင်ကြုတ် သွားမိသည်။
သူ့အိတ် ထဲတွင် ကောင်းကင်ဘုံ ဝိညာဉ် သားရဲ အမြုတေနှင့်၊ ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ် အပါ အဝင်၊ နှင်းဆီ ပန်းချီ ( ကေျာက်စိမ်း ပန်းချီကား) ကားလည်း ပါရှိ ပေသည်။
ယင်းအပြင် အခြားသော ရတနာ များနှင့် အတူ၊ ဓားသေတ္တာ သည်လည်း၊ တန်ဖိုး မဖြတ် နိုင်ပေ။
လေးလေး နက်နက် တွေးနေချိန် မှာပင်၊ ရုတ်တရက် တံခါး ပွင့်လာပြီး၊ အသက် ဆယ့်ငါး ဆယ့်ခြောက် ခန့်ရှိသော၊ ပျိုမြစ် လွန်းသည့် မိန်းမပျို တစ်ဦး ဝင်ရောက် လာသည်။
“ အိုး ... နိုးပြီလား။ ”
လင်းယွန် နိုးလာ သည်ကို မြင်သော အခါ၊ ကောင်မလေးက ဝမ်းသာ သွားသည်။
သို့သော် တစ်စုံ တစ်ရာကို တွေးမိပြီး၊ ရှက်ရွံ့စွာ၊ နောက်ပြန် ဆုတ်သွားသည်။
နောက်ဆုံးတွင် ၎င်းတို့ နှစ်ဦးမှာ၊ ဆန့်ကျင် ဘက် လိင်များ ဖြစ်ပေ သည်မို့၊ ဤမျှ ရင်းနှီး ခြင်းမှာ မသင့် တော်ပေ။
သူမ၏ အမူ အရာကြောင့်၊ လင်းယွန်က သဘောကျစွာ ပြုံးရယ် လိုက်မိသည်။
“ ငါ့ နာမည်က လင်းယွန်ပါ၊ မင်းက ငါ့ကို ကယ်ခဲ့တဲ့ သူလား။ ”
" ဒါဆို မင်း နာမည်က လင်းယွန်ပေါ့၊ ငါက ဘိုင်ရီပါ၊ လွန်ခဲ့တဲ့ သုံးရက် လောက်က ရေပေါ်မှာ မျောနေတာ တွေ့ပြီး၊ ငါ့စီနီယာ တွေကို ဆယ်ယူ ခိုင်းလိုက်တာ ...။ ”
ကောင်မလေးက သိမ်မွေ့သော အမူ အရာဖြင့်၊ ပြန်ဖြေသည်။
“ မင်းရဲ့ ဂရုစိုက်မှု အတွက် ကျေးဇူးတင် ပါတယ်၊ ငါ အခု ဘယ်ရောက် နေတာလဲ သိနိုင် မလား၊ လက်ရှိ နေရာက ဓားနန်းတော်နဲ့ ဘယ်လောက် ဝေးလဲ။ ”
“ ဓားနန်းတော် ... ၊ ဒီနာမည် ငါ တစ်ခါမှ၊ မကြား ဖူးဘူး …။ ”
ဘိုင်ရီက မျက်ခုံး ပင့်ကာ ပြန်ဖြေ သည်။
“ မဟာချင် အင်ပါယာရော သိလား။ ”
လင်းယွန်က လက်မလျော့ သေးပဲ ထပ်မေး မိ၏။
“ အိုး သိတယ်၊ အဲဒါက ‘နေသာ စီရင်စု’ မှာ ရှိတဲ့၊ ဒုတိယတန်း အင်အား စုလေး မဟုတ်လား၊ ... ”
“ ... ဒါက ‘နဂါးမြစ်’ လို့ ခေါ်တယ်၊ မဟာချင် အင်ယာနဲ့ ဝေးနေပြီ၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်မြေက ကျွမ်းကျင်သူ တစ်ဦးတောင်၊ အစ်ကိုလင်း ပြောတဲ့ နေရာကို ရောက်ဖို့ ဆိုရင်၊ လဝက်လောက် ခရီး ထွက်ရ လိမ့်မယ်။ ”
မဟာချင် အင်ပါယာကို ဖော်ပြသည့် အခိုက်တွင်၊ ဘိုင်ရီ၏ မျက်လုံးများ တောက်ပ လာသည်။
“ နေသာ စီရင်စု ... ”
လင်းယွန်က သံယောင်လိုက် ရေရွတ် လိုက်သည်။
“ နေသာ စီရင်စု အကြောင်း မသိ ဖူးလား၊ ထူးဆန်း လိုက်တာ …။ ”
ဘိုင်ရီက လင်းယွန်ကို မျက်ခုံး ပင့်ကာ၊ ပြန်ကြည့် လိုက်သည်။
“ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးကို၊ တစ်ချိန်က စီရင်စု ကိုးခု အဖြစ် ပိုင်းခြား ထားတယ်၊ နေသာ စီရင်စုက အနောက် ဘက် ယွန်းယွန်းမှာ ရှိတယ်၊ မဟာချင် အင်ပါယာ ဆိုတာက နေသာ စီရင်စုရဲ့ နယ်နိမိတ် ထဲက ဒုတိယ တန်းစား အင်အား စုလေးပဲ။ ”
ဘိုင်ရီ စကား အဆုံးတွင်၊ လင်းယွန်က နားလည် သွားသည်။ ယင်းကို တစ်ချိန်က ကာကွယ်သူ မက်မွန်က ရှင်းပြ ထားဖူးကြောင်း၊ ပြန်မှတ်မိ သွား၏။
သူသာ အမှတ် မမှား ပါလျှင်၊ နေသာ စီရင်စု၏ အုပ်စိုး ရှင်မှာ၊ တော်ဝင် ယန်နန်းတော် ဖြစ်၏။
စီရင်စု တိုင်းတွင် မဟာချင် အင်ပါယာထက်၊ ပိုကြီး မားသော အင်ပါယာ များ ရှိသည်။
ထို့ကြောင့် မဟာချင် အင်ပါယာမှ ထွက်ကာ၊ သဘာဝ အတိုင်း လှည့်ပတ် ကြည့်ခြင်း ဖြစ်သည်။
“ ငါ နားလည်ပြီ၊ မိန်းကလေး ဘိုင်၊ ဒါနဲ့ ငါ့ရဲ့ သိုလှောင် အိတ်နဲ့၊ ဓားသေတ္တာကို မင်း မြင်ခဲ့ သေးလား။ ”
စကား ကောင်းနေ သဖြင့်၊ ယင်းကို မေ့လု နီးပါး ပေပင်။
“ ဒါ က …”
ဘိုင်ရီက ခက်ခဲသော အမူ အရာကို၊ ထုတ်ဖော် ပြသ လာပြီး၊
“ အဲ့ဒါ တေွက ...၊ ငါ့ရဲ့ ဒုတိယ အစ်မ လက်ထဲမှာ ရှိတယ်၊ မင်းရဲ့ ဇာစ်မြစ်ကို မသိရ သေးတဲ့ အတွက်၊ လောလောဆယ် သူ ထိန်းသိမ်း ပေးထား မယ်လို့ ပြောတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ငါဘာမှ မလုပ် နိုင်ဘူး … တောင်းပန် ပါတယ်။ ”
ကြားကြားချင်း လင်းယွန်က အနည်းငယ် ဒေါသ ဖြစ်ခဲ့ သော်လည်း၊ များမကြာမီ တဖြည်းဖြည်း ငြိမ်သက် သွားခဲ့သည်။
ဘိုင်ရီမှာ နူးညံ့ သိမ်မွေ့ပြီး၊ ပျော့ညံ့သူ ဖြစ်သော ကြောင့်၊ ဂိုဏ်းထဲတွင် ပစ်မှတ်ထား အနိုင်ကျင့် ခံရ တက်သူ ဖြစ်ကြောင်း၊ သူ ပြောနိုင်သည်။
“ ကောင်းပြီ၊ မင်းရဲ့ စီနီယာ အစ်မဆီ ခေါ်သွားပါ၊ ငါ သူနဲ့ စကား ပြောမယ်၊ မင်းငါ့ကို တောင်းပန် နေစရာ မလို ပါဘူး။ ”
လင်းယွန်က ခြေထောက်ပေါ် ထရပ်ရန်၊ ရုန်းကန် လိုက်၏။
“ မလှုပ်နဲ့၊ မင်း ဒဏ်ရာ ရနေ တုန်းပဲ၊ စီနီယာ အစ်မက ... ”
ဘိုင်ရီက ရုတ်တရက် တစ်ခုခုကို တွေးမိ လာပြီး တုံ့ဆိုင်း သွားကာ၊
“ ... ငါရဲ့ ပထမ စီနီယာ အစ်မ ကြီးက၊ မင်းကို လျှောက် မသွား စေဖို့၊ မှာကြား ထားတယ်။ ”
၎င်းမှာ ဘိုင်ရီ၏ စီနီယာ အစ်မ ပြောခဲ့ခြင်း မဟုတ်ကြောင်း၊ သူသိ သောကြောင့် လင်းယွန်က ရယ်ချင် သွားမိသည်။
ယင်းအစား အနာဂတ်တွင် ဒုက္ခိတ ဖြစ်လိမ့် မည်ဟုသာ ပြောခဲ့ပေ လိမ့်မည်။
ထို့ကြောင့် ဘိုင်ရီမှာ သူ့ကို၊ ချိနဲ့သူ အဖြစ် မြင်ကာ၊ စိုးရိမ် သွားပုံ ရလေသည်။
ဘိုင်ရီ အနေဖြင့် စကား ပြောသော အခါတွင်၊ မျက်နှာ ပေါ်ရှိ ခံစားချက် များကို၊ မကွယ်ဝှက် ထားနိုင် ခဲ့ပေ။
“ ရတယ် ... ငါ့ကို ခေါ်သွား ပေးပါဦး။ ”
လင်းယွန်က ပြုံးကာ တောင်းဆို လိုက်သည်။ ဒရာကိုဖီ နည်းစနစ်ကို ကျင့်ကြံ ထားသော ကြောင့်၊ သူ၏ ပြန်လည် ကောင်းမွန် နှုန်းမှာ၊ သာမန် လူများထက် သာလွန် ပေ၏။
ယခု အချိန်၌ သူ့ သိုလှောင်အိတ်ကို၊ ပြန်လည် ရယူ ရန်မှာ၊ ပို၍ အရေး ကြီးသည်။
နောက်ဆုံးတွင်၊ ကောင်းကင်ဘုံ ဝိညာဉ် သားရဲ အမြုတေ အတွက်၊ သူ့ အသက်ကို အရင်း တည်ထား ရသော ကြောင့်၊ တစ်စုံ တစ်ယောက် သည်သာ သိမ်းယူ သွားပါက၊ လက် မတွန့်ပဲ သတ်ပစ်မည် ဖြစ်သည်။
“ ကောင်းပြီ ငါမင်းကို ကူညီမယ်၊ သတိ ထားပါ။ ”
စကားဆုံး သည်နှင့်၊ ဒုတိယ အစ်မကို ရှာရန် ဘိုင်ရီက၊ လင်းယွန်အား ကူညီပေး ခဲ့သည်။
လမ်း တစ်လျှောက်တွင် လင်းယွန် အပေါ် အထင် အမြင် သေးစွာဖြင့်၊ စူးစိုက် ကြည့်လာ ကြသူ များပင် ရှိနေသည်။
သို့သော် လင်းယွန်က ၎င်းတို့ အားလုံးကို ဂရု စိုက်ခြင်း မရှိ ခဲ့ပေ။
ထိုသူ များမှာ တူညီသော အဝတ် အစားကို၊ ၀တ်ဆင် ထားသော ကြောင့်၊ ဂိုဏ်း တစ်ဂိုဏ်း တည်းမှ ဖြစ်နိုင် ပေမည်။
၎င်းတို့ ထဲမှ မည်သူ မဆို၊ မဟာချင် အင်ပါယာရှိ ပါရမီရှင် ခုနစ်ပါးနှင့် နှိုင်းယှဉ် နိုင်၏။
စီရွှယ်ယီနှင့် ဘိုင်လိရွှမ်မှ လွဲ၍ အခြား သော မည်သည့် ပါရမီရှင် မဆို၊ ဤသူ များကို အနိုင်ယူ နိုင်မည် မဟုတ်ပေ။
( သူတို့က ဘယ်သူ တွေလဲ။ )
သာမာန် တပည့်များ ပင်လျှင်၊ ပါရမီရှင် ခုနစ် ပါးနှင့် နှိုင်းယှဉ် နိုင်ကြောင်း၊ သတိ ထားမိ လာသော ကြောင့်၊ ထိတ်လန့် အံ့ဩ ခြင်းများ ဝင်ရောက် လာလေသည်။
တစ်ချိန် တည်းမှာပင်၊ အရာ များစွာ ပိုမို ရှုပ်ထွေး လာနိုင် မည်ကို၊ ခံစား နိုင်ခဲ့ သည်။
သူ့ ပစ္စည်း များကို ပြန်လည် ရရန်၊ လွယ်ကူမည် မဟုတ် တော့ပေ။
“ မိန်းကလေး ဘိုင်ရီ၊ မင်းက သန့်စင်တဲ့ မိန်းကလေး တစ်ယောက် ပါ၊ ဒါပေမယ့် မင်း အခု အချိန်မှာ ဘယ်ကမှန်း မသိတဲ့၊ ဓားကျွန် တစ်ယောက်ရဲ့ လက်ကို ကိုင်နေတယ်၊ ဒါက စိတ်ပျက် စရာ ကောင်းတဲ့ အမှိုက် တစ်စ အတွက်၊ ကျဆုံး သွားပြီလို့ ငါ့ကို မပြောနဲ့ …။ ”
ရုတ်တရက် သရော် လှောင်ပြောင်သံ နှင့်အတူ၊ အပြာဝတ် မိန်းကလေး တစ်ယောက်၊ သူတို့ လမ်းအား ပိတ်ဆို့ လာခဲ့ လေသည်။
သူ့ နောက်တွင်၊ အမျိုးသား တပည့်များ ခြံရံ လိုက်ပါ လာ၏။
ထို တပည့် တိုင်းမှာ၊ သန်မာသော ရုပ်ခန္ဓာကို ပိုင်ဆိုင် ထားပြီး၊ ကျင့်ကြံမှု အရ နက်နဲ ဒဿမ အဆင့်တွင် ဖြစ်သည်။
အချို့သော လူငယ် များမှာ၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေ ၌ပင် ရှိနေ ၏။
၎င်းတို့ တစ်ဦး စီသည် စွမ်းအား ကြီးမား လှပြီး၊ မဟာချင် အင်ပါယာမှ တူညီသော နယ်ပယ်ရှိ၊ မည်သူ့ကို မဆို၊ နှိမ်နှင်း နိုင်ကြောင်း၊ ခံစား မိနိုင်သည်။
သို့သော် လင်းယွန်က ၎င်းတို့ကို ဂရု မစိုက် ခဲ့ပေ။ ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင် ထားသော၊ မိန်းကလေး၏ ညာဖက် လက်ထံသာ၊ စိုက်ကြည့် လိုက်မိသည်။
သူ့ဓားကို တစ်စုံ တစ်ဦးက၊ အများ သူငှာ ရှေ့တွင်၊ ပေါ်ပေါ် ထင်ထင် ကိုင်ဆောင် ထားသည်ကို၊ ပထမဆုံး အကြိမ် တွေ့လိုက် ရခြင်း ဖြစ်လေရာ၊ မျက်လုံးများ မှေးကျဉ်း သွားမိသည်။
***