← Chapters

ကောင်းကင် ပြည်နယ် အကယ်ဒမီ။

Vol. 35 Ch. 483

ကောင်းကင် ပြည်နယ် အကယ်ဒမီ။

Vol. 35 Ch. 483

“ အစ်မ စီယင် ... နင် ငါ့ကို ငါဘယ်လို ပြောလိုက် တာလဲ။ ”

ဘိုင်ရီ၏ မျက်နှာက၊ နီရဲ လာပြီး အသံများ တုန်ခါ လာသည်။

နူးညံ့ သိမ်မွေ့ပြီး ပျော့ညံ့သော ကိုယ်ရည် ကိုယ်သွေးကြောင့်၊ မည်သို့ ပြန်ပြော ရမည်ကို သဘာဝ အတိုင်း မသိ ခဲ့ပေ။

“ တိတ်စမ်း ... ဒီကောင်ရဲ့ နောက်ခံက ဘယ်ကမှန်း မသိ သေးဘူး၊ ထွက်ပြေး လာတဲ့ ကျွန် တစ်ယောက်လည်း ဖြစ်နိုင်တယ်၊ သူ့ကို ကယ်တင် မိတဲ့ အတွက်၊ ဒုက္ခ ရောက်နိုင် မလား ဆိုတာ၊ ဘယ်သူမှ မပြော နိုင်ဘူး၊ .... ”

“ ... ဒါကိုတောင် သူနိုး လာတာနဲ့၊ မင်းငါ့ကို အသိပေး ရမယ့် အစား ...၊ အပြင် ခေါ်ထုတ် လာဝံ့ တယ်လား၊ တစ်ခုခု ဆိုရင် မင်းတာဝန် ယူနိုင်လား။ ”

ဘိုင်ရီကို ပြန်လည် တုန့်ပြန် ပြောဆိုခွင့် မပေးဘဲ၊ လုစီယင်က ပြင်းပြင်း ထန်ထန် အပြစ် တင်လိုက်၏။

“ အစ်မ စီယင်၊ မင်း ... အဲဒီလို ပြောလို့ မရဘူး၊ အစ်ကို လင်းက လူဆိုး မဟုတ် တာတော့ သေချာ ပါတယ် ။ ”

နှုတ်ခမ်းများ ကိုက်လိုက်ပြီး၊ နီမြန်းသော မျက်နှာဖြင့်၊ ဘိုင်ရီက ဆိုသည်။

“ ဟား ဟား ဟား၊ ဘိုင်ရီ ... သူ့ နဖူးက အမှတ် အသားကို မတွေ့ ဖူးလား၊ ဒါက နေသာ စီရင်စု မှာသာ မကဖူး၊ တောင်ပိုင်း ရေှးဟောင်း နယ်မြေကြီး တစ်ခု လုံးမှာတောင်၊ မကြာ မကြာ တွေ့ရ တက်တဲ့၊ ကျွန် တစ်ယောက်ရဲ့ အမှတ် အသားပဲ။ ”

လုစီယင် ဘေးနားတွင် ရပ်နေသော လူငယ် တစ်ဦးက ဝင်ပြောသည်။

“ ကောင်လေး၊ ငါပြော တာ မှန်တယ် မဟုတ်လား။ ”

-ဟု လှောင်ပြောင်ကာ လင်းယွန်အား လှည့်မေး လိုက်သည်။

ဤလူ တစ်စုမှာ သူ့အပေါ်၊ အထင် အမြင် သေးနေ ရသည့် အကြောင်း အရင်းကို၊ လင်းယွန်က နားလည် သွားသည်။

သူ့ နဖူး ပေါ်ရှိ အမှတ် အသားကို မြင်ကာ၊ ဓားကျွန် အဖြစ် ဆက်ဆံ လိုပုံ ရ၏။

“ စီနီယာ အစ်ကို လန်းဖိန်၊ မင်းဘယ်လို ပြောလိုက် တာလဲ၊ ဓားကျွန် ဖြစ်နေ ရင်တောင်၊ လူကောင်း မရှိ ဖူးလို့ မဆို လိုပါဘူး။

ဘိုင်ရီက မဝံ့ မရဲဖြင့် ပြန်လည် ငြင်းဆို လိုက်သည်။

“ မင်း သိလို့လား၊ သူက လူကောင်း ဖြစ်ရင် ဒီလို ဒဏ်ရာတွေ ရမှာလား၊ တစ်စုံ တစ်ယောက်ကို ဒုက ္ခပေး ခဲ့လို့၊ ဆုံးမ ခံလိုက် ရတာ နေမှာပေါ့၊ ဓားကျွန် ကောင်လေး ငါမှန်တယ် မဟုတ်လား။ ”

လုစီယင်က မျက်ခုံး ပင့်ကာ၊ ဝင်ရောက် ပြောဆို လိုက်တော့သည်။

“ အမှား အမှန်ကို ငြင်းခုံ နေမဲ့ အစား၊ မင်းကိုင် ထားတဲ့ ငါ့ဓားကို ပြန်ပေး သင့်ပြီ။ ”

လင်းယွန်က အေးစက်စွာ ဆိုလိုက်၏။

“ ဘယ်လို ဟာသ မျိုးလဲ၊ မင်းလို ဓားကျွန် တစ်ယောက်က၊ ဒီလို အဖိုးတန် ဓား တစ်လက်ကို ပိုင်ဆိုင်တယ် တဲ့လား၊ ... ”

“ ... ဒါက မင်း ပိုင်တယ် ဆိုရင်တောင်၊ အခု မင်းနဲ့ ထိုက်တန် နေသေး တယ်လို့၊ ထင်နေ တုန်းလား၊ မင်းက ဆွံ့အ သွားပြီ ဆိုတာကို မသိ ဖူးလား။ ”

လုစီယင်က ထပ်မံ လှောင်ပြောင် လိုက်ရာ၊ သူ့နောက် ကျောတွင် ရပ်နေသော၊ လူငယ် များက ရယ်မော ကုန်လေသည်။

“ ဒီဓားကျွန်က သူ့ အတွက် ဘာအကောင်း ဆုံးလဲ ဆိုတာ တကယ် မသိ ဖူးပဲ၊ ငါတို့က သူ့ အသက်ကို ကယ်ခဲ့ ပေမယ့်၊ သူက ငါတို့ကို ကျေးဇူး တောင် မတင်ဘူး၊ ... ”

“ ... သူ့ နေရာမှာ ငါသာ ဆိုရင် စီနီယာ အစ်မ လုကို၊ ဒီဓား လက်ဆောင် ပေးလိုက် မိမှာ အမှန်ပဲ။ ”

“ ဒီဓားက အလွန် တန်ဖိုး ရှိတယ်၊ ကြည့်ရတာ သူ ခိုးလာ တာပဲ ဖြစ်ရမယ်။ ”

“ ခိုးလာ မှတော့ ... စီနီယာ အစ်မ လုက၊ အနာ ဂတ်မှာ ပိုင်ရှင် အစစ်ကို ပြန်ပေးဖို့၊ ထိမ်းသိမ်း ထားသင့် တယ် မဟုတ်လား။ ”

အခြားသော တပည့် များ ကလည်း၊ ပန်း သင်္ချိုင်း ဓားကို လုယူ ရန် အတွက်၊ အကြောင်း ပြချက် ရှာပေး လိုက်ကြသည်။

“ ဒါက ဘယ် ... ဘယ် လို ဖြစ်ရ တာလဲ။ ”

ဘိုင်ရီ မျက်နှာက နီရဲ လာသည်။ သူ့စီနီယာ အစ်မမှာ၊ သည်မျှ အရှက် ကင်းမဲ့ လိမ့်မည်ဟု မထင်ထား မိပေ။

“ စီနီယာ အစ်မ လု၊ ဒီဓားကျွန်က သူ့ရဲ့ လက်ရှိ အခြေ အနေကို မသိ သေးမှာ၊ ငါ ကြောက်မိတယ်၊ သူ့ အကြောင်းကို စုံစမ်း နေတုန်းမှာ၊ ဘာလို့များ ဖမ်းချုပ် မထား ရတာလဲ။ ”

လန်းဖိန်ဟု ခေါ်သော တပည့် တစ်ယောက်က၊ လင်းယွန်ကို မျက်လုံးများ မှေးစင်း ကြည့်ကာ၊ ဆိုသည်။

သတ်ပစ် လိုသော အရိပ် အယောင် များပင် ပြသ လာ၏။

“ ကောင်းသားပဲ၊ သူ့လို ဓားကျွန် တစ်ယောက်က၊ ငါ့ရှေ့မှာ ဒီလို ရောင့်တက် ရဲ တယ် ဆိုတာ၊ သေမင်းကို ဖိတ်ခေါ် လိုက် တာပဲ။ ”

“ မင်း ... မလုပ် ရဘူး။ ”

ဘိုင်ရီက လင်းယွန် ရှေ့တွင်၊ စိုးရိမ် တကြီး ဝင်ရပ် ကာကွယ် လိုက်သည်။

“ ဒီအတွက် တောင်းပန် ပါတယ် ၊ ဂျူနီယာ ညီမလေး ဘိုင် ... ”

လန်းဖိန်က လက်လျော့ရန် ရည်ရွယ် ချက် မရှိပေ။ ယင်းမှာ လုစီယင် ထံမှ မျက်နှာသာ ပေးမှုကို ရရှိ နိုင်မည့်၊ အခွင့် အရေး ဖြစ်ပေသည်။

“ ကောင်းကင် ပြည်နယ် အကယ် ဒမီရဲ့၊ တပည့် တွေက၊ ဒဏ်ရာ ရထားတဲ့ သူ တစ်ယောက်ကို၊ ချုပ်နှောင် ရလောက် အောင်၊ ဘယ်အချိန် ထဲက နိမ့်ကျ ကုန်ရ တာလဲ ... ဟမ်။ ”

ပြတ်သားသော လေသံနှင့် အတူ၊ ခရမ်းရောင် ၀တ်ရုံ ရှည်ကို ၀တ်ထားသည့် အမျိုး သမီး တစ်ဦး၊ တည်ငြိမ်စွာ လျှောက်လှမ်း လာလေသည်။

သူမ၏ အသွင် အပြင် အရ၊ လုစီယင်ထက် ပိုသပ် ရပ်ကာ၊ အေးစက် ပေ၏။

ထို့ပြင် မျက်မှောင် ကြုတ်လျက်၊ ဒေါသများ ထွက်နေ ခဲ့လေသည်။ သူပေါ် လာသည့် အခိုက်တွင်၊ လုစီယင် အပါ အဝင်၊ လူတိုင်း ငြိမ်သက်သွား ကုန်၏။

“ အစ်ကို လင်း၊ မင်း အဆင် ပြေပြီ၊ သူက ငါတို့ရဲ့ စီနီယာ အစ်မကြီး လျူယွမ်ယန်ပဲ၊ မင်းရဲ့ ဒဏ်ရာ တွေကို သူပဲ ကုသ ပေးခဲ့တာ။ ”

ခရမ်းရောင်ဝတ် အမျိုး သမီးကို မြင်လိုက် သည်နှင့်၊ ဘိုင်ရီက ပြုံးရွှင် သွားသည်။

ထို့ကြောင့် လင်းယွန်က အဆိုပါ အမျိုး သမီးကို ကြည့်ကာ၊ သုံးသပ် လိုက်မိသည်။

လျူယွမ်ယန်မှာ ခရမ်းရောင် နန်းတော် နယ်မြေ၌ ရှိနေပြီး၊ ကြောက်စရာ ခွန်အားမျိုး ပိုင်ဆိုင် ထားကြောင်း၊ သူမြင် နိုင်သည်။

အနည်းဆုံး ‘ကနဦး ယင်’ အဆင့်တွင် ရှိနေရ ပေမည်။ တစ်ချိန် တည်းမှာပင်၊ ကောင်းကင်ဘုံ ပြည်နယ် အကယ် ဒမီ၏၊ တပည့်များ ဖြစ်ကြောင်း ကိုလည်း ဖွင့်ဟ လာခဲ့သည်။

“ အစ်မကြီး …”

ဘိုင်ရီ တစ်ယောက် ပြုံးကာ ပြေးလာ သည်ကို၊ မြင်သည်နှင့်၊ လျူယွမ်ယန်၏ အလို မကျသော အသွင်၌၊ ကြင်နာသော အမူ အရာများ ပြောင်းလဲ ထွက်ပေါ် လာသည်။

ဘိုင်ရီ စကား များကို နားထောင် ပြီးနောက်၊ လင်းယွန်အား လှည့်ကြည့်သည်။ သူမ၏ မျက်လုံး များတွင် နိမ့်ချခြင်း မရှိ သကဲ့သို့၊ ခင်မင် ရင်းနှီး လိုသော တစ်စုံ တစ်ရာမှျ မရှိ ခဲ့ပေ။

တစ်ဆက် တည်းမှာပင်၊ လုစီယင်ထံ ပြောင်းလည်း ကြည့်ရှု လိုက်ပြီး၊

“ စီယင် ... ရီလေး ပြောတာ အမှန် ပဲလား၊ မင်းကိုင် ထားတဲ့ ဓားက သူ့ဓားလား။ ”

“ ဒီဓားကို ဓားသေတ္တာ ထဲက ထုတ်ယူ ခဲ့တာပါ၊ ဒါပေမယ့် အဲဒါက သူ့ပိုင် တယ်လို့ မဆိုလို ပါဘူး၊ ပြီးတော့ ... သူက ဆွံ့အ နေတာ စီနီယာ အစ်မလည်း အသိပါ၊ ဒီဓားကို သူသုံး နိုင်တော့မှာ မဟုတ်ဘူး။ ”

လုစီယင်က လေသံ လျော့ချကာ၊ ပြန်ဖြေ လိုက်သည်။

“ မင်း သဘော ကျနေ တာလား။ ”

လျူယွင်ရန်က လေးလေး နက်နက် မေးလိုက် သည်။

“ အင်း ... ဒီဂျူနီယာ စီယင်က၊ ဓားကို သဘောကျ မိပါတယ်၊ စီနီယာ အစ်မ ငါ့ကို အဆင်ပြေ အောင် ကူညီ ပေးပါ။ ”

လုစီယင်က လျူယွမ်ယန်ကို တွယ်ဖက် ထားပါက၊ ဆွံ့အ နေသော လင်းယွန် အပေါ် ဖြေရှင်း ပေးမည် ဖြစ်ကြောင်း သူမ သိသည်။

“ မင်းက လင်းယွန် မဟုတ်လား။ ”

“ ငါ ပါ ... ။ ”

လင်းယွန်က ခေါင်းညိတ် ပြလိုက်သည်။ သူတို့တွင် ဓားကို ပြန်ပေးရန်၊ ရည်ရွယ်ချက် မရှိ ကြောင်း၊ ခန့်မှန်း နိုင်သည်။

“ မင်းရဲ့ ဓားကို ငါဝယ် မယ်၊ မင်း သဘောတူ နိုင်မယ်လို့ ငါ မျှော်လင့် ပါတယ်။ ”

“ အဟက် ...၊ ငါ သဘော မတူဖူး ဆိုရင်ရော ... ။ ”

လင်းယွန်က လှောင်ပြောင် လိုသော အပြုံးဖြင့်၊ ပြန်ဖြေ လိုက်သည်။

လေသံနှင့် အမူ အရာက၊ လျူယွမ်ယန်ကို အံ့သြ သွားစေ၏။ လင်းယွန် အနေဖြင့် သူမအား၊ ဤကဲ့သို့ စကား ပြောဝံ့ လိမ့်မည်ဟု မထင် ထားမိပေ။

သို့သော် သူမ အနေဖြင့်၊ သွေးဆူ လွယ်သူ၊ တစ်ဦး မဟုတ် သောကြောင့်၊ တည်ငြိမ် မှုကို ဆက်လက် ထိန်းထား နိုင်ဆဲ ဖြစ်သည်။

“ မင်းဟာ ဓားကျွန် တစ်ယောက် ဖြစ်ပေမယ့် မင်းရဲ့ ကျင့်ကြံ နိုင်စွမ်းက ထက်မြက် ပုံရတယ်၊ ဒါပေမယ့် စိတ်မကောင်း စရာပဲ ...၊ ”

“ ... ဒီဒဏ်ရာ တွေက မင်းထင်ထား တာထက် ပိုပြင်း ထန်တယ်၊ မင်းရဲ့ နက်နဲ သွေးပြန်ကြော သုံးခု၊ ပြတ်သွား ရုံတင် မကဘူး၊ ကျန်တဲ့ သွေးကြော ခုနစ်မှျဉ် ကလည်း၊ ပျက်စီး သွားတယ်၊ ... ”

“ .. ဒါကြောင့် မူလ စွမ်းအင်ကို ဖြန့်ကျက်တဲ့ အခါ၊ မင်း နာကျင် ရ လိမ့်မယ်၊ မင်းကို ကုသဖို့ ဆိုတာ မဖြစ် နိုင်ဘူး၊ မင်းက ... ချိနဲ့ သွားပြီ။ ”

လျူယွမ်ယန် အနေဖြင့်၊ အမှန်တိုင်း ပြောပြရန် မှတပါး ရွေးချယ် စရာ မရှိပေ။ လင်းယွန်၏ ဒဏ်ရာ များကို ကုသ ပေးခဲ့သူ ဖြစ်ပြီး၊ ဒဏ်ရာ များနှင့် ပတ်သက်၍၊ အသိ ဆုံးသာ ဖြစ်သည်။

ကောင်းကင် ပြည်နယ် အကယ်ဒမီ၏ တပည့်များ ပင်လျှင်၊ ထိုကဲ့ သို့သော ဒဏ်ရာများ ခံစား ရပါက ချိနဲ့ ပေလိမ့်မည်။

အကယ် ၍သာ သူတို့၏ တပည့် တစ်ဦး ဖြစ်ပါက ကောင်းကင်ဘုံ ပြည်နယ် အကယ် ဒမီမှ၊ ကုသ ပေးရန် အတွက်၊ ကြီးစွာသော အဖိုး အခ ပေးချေ နိုင်သည်။

သို့သော်၊ လင်းယွန်မှာ နောက်ခံ မရှိသော ဓားကျွန် တစ်ဦး မျှသာ ဖြစ်၏။ ထို့ကြောင့် ချိနဲ့ ခြင်းပေါ်သာ ရွေးချယ် နိုင်သည်။

“ ငါက ဆွံ့အ နေတာကြောင့်၊ ပန်း သင်္ချိုင်း ဓားက ငါ့အတွက် အသုံး မဝင် တော့တာ မိုလို့၊၊ ကျေးဇူး ဆပ်တဲ့ အနေနဲ့၊ မင်းရဲ့ ဂျူနီယာ ညီမကို ပေးရ မယ်လို့၊ ဆိုနေ တာလား။ ”

လျူယွမ်ယန်၏ ရည်ရွယ် ချက်ကို၊ လင်းယွန်က ချက်ချင်း သိလိုက်သည်။

လျူယွမ်ယန်၏ မျက်လုံး ထဲတွင်၊ တစ်ဝက် နီးနီး ပျက်စီး နေသော၊ နက်နဲ သွေးပြန်ကြော များမှာ၊ ပြန်လည် ကောင်းမွန် လာနိုင် စရာ နည်းလမ်း မရှိချေ။

သို့သော် လင်းယွန် အတွက်မူ၊ ပြန်ကောင်း လာရန်၊ အချိန် တစ်ခုသာ လိုပေမည်။

“ ငါ့ရဲ့ ကျင့်ကြံမှု ပြန်ကောင်း လာနိုင် တယ်လို့၊ ငါပြောရင် မင်းယုံ မလား။ ”

“ ဟုတ် လား ... မင်းက ဟာသ တွေကို တကယ် နှစ်သက်ပုံ ရတယ်၊ မင်းရဲ့ ကျင့်ကြံမှု သာ .. ပြန်ကောင်း လာရင်၊ ငါမင်းကို အတင်း အကြပ် မလုပ်ဘူး၊ အဲ့ဒီ အခါ ကျမှ ထပ်ပြော ရအောင်၊ ဒါပေမယ့် ... ”

“ ... အခုတော့ ဒီဓားကို ထိန်းသိမ်းဖို့၊ စီယင်က တာဝန် ယူထား လိမ့်မယ်၊ လျော်ကြေး အနေနဲ့ ဒီကာလ အတွင်း၊ အကယ်ဒမီ ကျောင်းဖွင့်ချိန် အထိ၊ မင်းကို နေစရာ နေရာ ပေးထားမယ်။ ”

လင်းယွန်မှာ ဝါကြွား လွန်းသည်ဟု ခံစားမိ သောကြောင့်၊ လျူယွမ်ယန်က အနည်းငယ် ဒေါသ ထွက်သွား ခဲ့သည်။

“ အကယ်ဒမီ ကျောင်းဖွင့်ချိန် အထိ လား ... ”

လင်းယွန်က သဘော ကျစွာ ပြုံးလိုက်သည်။ ဒဏ်ရာများ ပြန်ကောင်း လာရန် အချိန် သိပ်မလို တော့ကြောင်း၊ သူသာ သိပေသည်။

သို့သော် ယင်းအပေါ် ငြင်းခုန် လိုခြင်း မရှိ တော့ဘဲ၊

“ ငါရဲ့ သိုလှောင် အိတ်က သူ့ဆီမှာ၊ ဒါကိုလည်း လုံခြုံအောင် စောင့်ရှောက် ပေးသင့် တယ်လို့ မင်း ထင်လား။ ”

ရိသဲ့သဲ့ မေးခွန်းကြောင့်၊ လျူယွမ်ယန်က မျက်မှောင်ကြုတ် လိုက်ပြီး၊ လုစီယင်ကို လှမ်းကြည့် ကာ၊

“ သူပြောတာ အမှန် ပဲလား။ ”

“ ဒါက အမှန် ပါပဲ၊ ငါနဲ့ အတူတူ ရှိပါတယ်၊ ဒါပေမယ့် သူ့ပစ္စည်း တွေကို ငါ မထိဘူး၊ ကျွန် တစ်ယောက်ရဲ့ သိုလှောင် အိတ်က၊ ငါ့ကို စွဲဆောင် နိုင်မယ် ထင်လား၊ ဒါက သိမ်းထား ရုံပါ။ ”

လုစီယင်က သိုလှောင် အိတ်ကို လွှဲပေး နေလျက်ဖြင့်၊ မျက်လုံးများ တောက်ပ လာပြီး၊

“ စီနီယာ အစ်မ၊ သူ့အိတ်ကို ဘာလို့ မစစ်ဆေး တာလဲ၊ ဒါက သူ့ သခင်ရဲ့ ပစ္စည်း တွေကို၊ ခိုးယူ လာတာရော ... မဖြစ်နိုင် ဖူးလား။ ”

“ ပါး စပ် ပိတ် ထား ...”

လျူယွမ်ယန်က အလို မကျ ဟန်ဖြင့်၊ ငေါက် လိုက်သည်။

“ ... ဟုတ် ကဲ့ ။ ”

လုစီယင်က ချက်ချင်းပင် ခေါင်းညိမ့် လိုက်သည်။ သူ နည်းနည်း လွန်သွားပြီ ဖြစ်ကြောင်း၊ သတိရ သွားသည်။ စီနီယာ အစ်မ၏ ဒေါသကို မေ့သွား ခဲ့မိ၏။

လင်းယွန်က သိုလှောင် အိတ်ကို လက်ခံ ယူလိုက်ကာ၊ လုစီယင်အား စူးရှစွာ စိုက်ကြည့် လိုက်သည်။

“ မင်း စကားကို မင်း မမေ့ ပါနဲ့၊ ငါပိုင်တဲ့ အရာကို ငါမပေး မချင်း ဘယ်သူမှ၊ ယူ မထား နိုင်ဘူး။ ”

ထို့နောက် လင်းယွန်က လျူယွမ်ယန်ထံ တစ်ချက် ကြည့်ကာ၊ လှည့်ထွက် သွားသည်။

“ ဒီကောင်က တကယ်ကို မောက်မာ လွန်း တာပဲ၊ စီနီယာ အစ်မလျူ ... မင်းက သူ့အပေါ် ငဲ့ညှာ လွန်းတယ်။ ”

တန်းဖိန်က လင်းယွန် နောက်ကျောကို ကြည့်ပြီး ဆိုသည်။

“ ငါ ဘယ်လို နေထိုင် ရမယ် ဆိုတာ၊ မင်း သင်ပေးဖို့ လိုသလား။ ”

လျူယွမ်ယန်၏ စကားကြောင့်၊ တန်းဖိန်က ခေါင်းငုံ့ကာ၊ နောက်ဆုတ် သွား၏။ ထို့နောက် လျူယွမ်ယန်က လုစီယင် ဘက်သို့ လှည့်ကာ၊

“ ဓားကို ကြည့်ပါ ရစေ ... ။ ”

“ ဒီမှာ ... ”

လုစီယင် လက်လွှဲ ပေးလာသော ဓားကို လက်ခံ ယူကာ၊ လျူယွမ်ယန်က ကြည့်ရန် ဆွဲထုတ် လိုက်၏။

“ ထန် .... ”

ဓားမှာ လေးလံ လွန်းပြီး၊ ကိုယ်ထည်တွင် ဝိညာဉ်ရေး ရူရ်များ ရေးထိုး ထားလေသည်။

၎င်း၏ အသွင် အပြင်ကြောင့်၊ ထွက်ခွာ သွားသော လင်းယွန် နောက်ကို၊ အံ့ဩစွာ မျှော်ကြည့် လိုက်မိသည်။

“ ပန်းသင်္ချိုင်း ...”

လုစီယင် တစ်ယောက် အဘယ်ကြောင့် ဓားအား၊ သဘောကျ နေသည်ကို နားလည် သွားရ၏။

“ ဓားကောင်း တစ်လက်ပဲ ... ။ ”

ဓားမှာ အမှန်ပင် ရတနာ တစ်ပါး ဖြစ်ပေသည်။ ဓားအိမ်ထဲ ပြန်လည် သိမ်းဆည်း လိုက်ပြီးနောက်၊

“ သူ ... ကောင်းလာရင် ပြန်ပေး လိုက် ... ။ ”

“ စီနီယာ အစ်မ ၊ မင်း နောက်နေ တာပဲ ဖြစ်ရမယ်၊ သူ့လို အမှိုက် တစ်စက၊ ဘယ်လိုလုပ် ပြန်ကောင်း လာနိုင် မှာလဲ၊ ငါ မယုံဘူး။ ”

လုစီယင်က လှောင်ပြောင် မှတ်ချက် ချလိုက် သည်။ ဤမှျ ကောင်းမွန် သော ရတနာ တစ်ပါးကို၊ ပြန်ပေးရန် ဆန္ဒ မရှိ သည်မှာ၊ သဘာဝ ပေပင်။

***

All Chapters