ဒေါသကြောင့် ရယ်မော မိခြင်း။
Vol. 35 Ch. 484
လင်းယွန်က သိုလှောင် အိတ်ကို လက်ခံ ယူလိုက်ကာ၊ လုစီယင်အား စူးရှစွာ စိုက်ကြည့် လိုက်သည်။
“ မင်း စကားကို မင်း မမေ့ ပါနဲ့၊ ငါပိုင်တဲ့ အရာကို ငါမပေး မချင်း ဘယ်သူမှ၊ ယူ မထား နိုင်ဘူး။ ”
ထို့နောက် လင်းယွန်က လျူယွမ်ယန်ထံ တစ်ချက် ကြည့်ကာ၊ လှည့်ထွက် သွားသည်။
“ တောင်းပန် ပါတယ် အစ်ကိုလင်း။ ”
ဘိုင်ရီက လင်းယွန် နောက်မှ လိုက်ပြီ၊ မျက်နှာ တစ်ပြင်လုံး ရဲတွတ် လျက်၊ တိုးတိုးလေး တောင်းပန် လိုက်သည်။
“ ဘာအတွက် တောင်းပန် တာလဲ။ ”
လင်းယွန်က ပြန်မေး လိုက်သည်။
“ ဘာလို့လဲ ဆိုတော့ ... ဒါ ငါ့ အပြစ် မိုလို့ပါ၊ စီနီယာ အစ်မ စီယင်က မင်းရဲ့ ပစ္စည်း တွေကို၊ သိမ်းယူ နေတာကို ငါတားလို့ မရ ခဲ့ဘူး၊ ...”
“ ... သူက လုံခြုံအောင် သိမ်းပေးမယ် ဆိုခဲ့တယ်၊ ဒါပေမယ့် မပူပါနဲ့ စီနီယာ အစ်မလျူက ဒီကိစ္စကို တစ်ခုခု လုပ်ပေး ပါလိမ့်မယ်။ ”
ဘိုင်ရီက လုစီယင်ကို မုန်းတီးခြင်း မရှိ ခဲ့ဘဲ၊ လုယူမှု အတွက် လျူယွင်ယန် ကိုသာ၊ အကူညီ တောင်းလို ခဲ့သည်။
ဘိုင်ရီ၏ ရိုးသားသော အသွင်ကြောင့်၊ လင်းယွန်က ခေါင်းရမ်းကာ ပြုံးပြ လိုက်သည်။
လျူယွင်ယန် အနေဖြင့်၊ အပြင်လူ တစ်ယောက် အပေါ်၊ သူ့ ဂျူနီယာ များနှင့် ယှဉ်ကာ၊ တွေးပေး နိုင်မည် မဟုတ်ပေ။
ထို့ပြင် လျူယွမ်ယန်၏ မျက်လုံး များတွင်၊ သူ့အား ဆွံ့အ နေပြီဟု ယူဆ ထားပြီး၊ လူစီယင်က ၎င်းကို သဘောကျ နေသည့် အတွက်၊ လောလောဆယ် ပြန်ပေးရန် စိတ်ကူး ရှိပုံ မရ သေးပေ။
" အစ်ကိုလင်း၊ မင်းဘာလို့ စိတ်မပူ တာလဲ။ ''
ဘိုင်ရီက အံသြ ဟန်ဖြင့်၊ မေးလာသည်။
" ငါဘာလို့ စိတ်ပူ နေရ မှာလဲ၊ ငါ့ဓားကို ဘယ်သူ ကမှ ယူ မသွား နိုင်ပါဘူး၊ ဒါကြောင့် ငါ သူ့ကို လောလောဆယ် ထားလိုက်ဖို့ ဆုံးဖြတ် ထားတယ်။ "
ထိုစကားကို ဆိုနေစဉ် အတွင်း၊ လင်းယွန်၏ မျက်လုံး များတွင်၊ အေးစက်သော အလင်းများ မှိန်ပျပျ ထွက်ပေါ် လာလေသည်။
လုစီယင် တစ်ယောက်၊ သူမ စကား များကို မှတ်မိ နေစေရန် မျှော်လင့် မိသည်။
အလယ် အလတ် ယင်အဆင့်၊ ကျင့်ကြံသူ တစ်ဦးပင်၊ အဝေးသို့ ဆောင်ယူ သွားခြင်း မျိုး မဟုတ် ခဲ့သော်၊ သူ့ ထံမှ ပန်း သင်္ချိုင်း ဓား မဆိုနှင့်၊ အခြားသော တစ်စုံ တစ်ရာ ကိုပင်၊ အတင်း အကြပ် ထိန်းသိမ်း ထားနိုင်ချင်း မရှိပေ။
“ အစ်ကိုလင်း၊ အခု ကောင်းကောင်း အနား ယူပါ၊ မနက်ဖြန် စားဖို့ ငါ တစ်ခုခု စီစဉ် ပေးမယ်။ "
ဘိုင်ရီက စကားများ အပေါ် နားလည်ခြင်း မရှိ သောကြောင့်၊ ခေါင်းရှုပ် မခံ တော့ဘဲ၊ ပြုံးကာ ဆိုလိုက်သည်။
“ ဒါနဲ့ ငါက လူကောင်းလို့ မင်းဘာလို့ ထင်ရ တာလဲ။ ”
သိချင် စိတ်ကို ထိန်းမရ ဟန်ဖြင့်၊ လင်းယွန်က လှည့်မေး လိုက်သည်။
“ ဒါ... က ဒီလောက် ချောတဲ့ လူ တစ်ယောက်က၊ ဘယ်လိုလုပ် လူဆိုး ဖြစ်ရ မှာလဲ။ ”
ဘိုင်ရီက တိုးတိုးလေး ပြန်ဖြေကာ၊ ရှက်ရွံ့ လာပြီး၊ အခန်း ထဲက ပြေးထွက် သွားတော့ သည်။
သူမ၏ အဖြေကြောင့် လင်းယွန်က ပါးစပ် အဟောင်း သားဖြင့်၊ ရှိုက်ကြီး တငင်ငင် ပြုံးရယ် မိလေသည်။
လုစီယင် အမြင်မှာ အတိ အကျ မှားပုံ မရချေ။ ဘိုင်ရီမှာ အပြစ်ကင်း စင်သောကြောင့်၊ လုစီယင်က သူမအား အနိုင် ကျင့် လိုပုံရသည်။
သူ့ အသက်အား ကယ်ဆယ် ထားပေး သောကြောင့်၊ အနားတွင် ရှိနေ သရွေ့ မည်သူ မဆို ဘိုင်ရီ အပေါ်၊ အနိုင် ကျင့်ရန် ခွင့်မပြု နိုင်ပေ။
တံခါး ပြန်ပိတ် လိုက်ပြီး၊ သိုလှောင် အိတ်ကို ထုတ်ယူကာ၊ လေပူများ မှုတ်ထုတ် မိသည်။
သို့သော် အိတ်အတွင်း ပိုင်းကို စစ်ဆေး ကြည့်လိုက် ချိန်တွင်၊ သူ့ မျက်နှာက သိသိ သာသာ ပြောင်းလဲ သွားသည်။
ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များနှင့် အခြားသော ရတနာ များသာ ရှိပေသည်။
နားခိုခြင်း ဘူးသီးခြောက်၊ ကြက်သွေး မီးလျှံ စစ်ပွဲ အလံ ငယ်နှင့်၊ ကောင်းကင်ဘုံ ဝိညာဉ် သားရဲ အမြုတေတို့ ကဲ့သို့သော၊ တန်ဖိုးကြီး ရတနာ များအား မတွေ့ ရတော့ပေ။
“ ခွေး မ .... ။ ”
ဒေါသ တကြီး ကျိန်ဆဲ သံနှင့် အတူ၊ လင်းယွန်၏ မျက်လုံးများ မှေးစင်း သွားလေသည်။
“ မင်းက ငါ့ကို ရှုပ်ချင် နေတာလား။ ”
လုစီယင် တစ်ယောက် သူ့ သိုလှောင် အိတ်အား၊ စိတ်မဝင် စားဟန် ပြုနေ ရသည့် အကြောင်း ရင်းကို ချက်ခြင်းပင် နားလည် သွား မိသည်။
လျူယွမ်ယန် ရှေ့၌ သူ ဖွင့်စစ် မည်ကို စိုးရိမ် နေသော ကြောင့် ဖြစ်လေသည်။ လျူယွမ်ယန် ရှေ့ မဟုတ် သရွေ့၊ လုစီယင် အနေဖြင့် ငြင်းဆို စရာ အခွင့် အရေး ရှိပေမည်။
သိုလှောင် အိတ်ကို သိမ်းဆည်းကာ ဒေါသ တကြီး ရယ်မော လိုက်၏။
“ ကောင်းပြီ မင်း ကစားချင် မှတော့၊ ကစား ပေးရ တာပေါ့။ ”
ကျင့်ကြံမှုသာ ပြန်လည် ရရှိ ပါက၊ အရာ အားလုံး အဆင် ပြေသွား မည်ကို သိသော ကြောင့်၊ ဒေါသများ မကြာမီ ပြန်လည် ငြိမ်သက် သွားသည်။
ကောင်းကင်ရှိ လမင်း ကြီးမှာ၊ ငြိမ်သက်စွာ၊ တောက်ပ နေသော်လည်း၊ မြစ်ရေမှာ လှိုင်းထန် နေပေသည်။
နဂါးမြစ် ဆိုသည့် အတိုင်း၊ မြစ်ရေ စီးသံ များက၊ နဂါး အော်မြည်သံ ကဲ့သို့ တိတ်ဆိတ်သော ညည့်ယံ အတွင်း၊ ဆူညံ လာသည်။
သို့သော် ကြီးမားသော လှေဝမ်း ကြီးကြောင့်၊ မည်မျှပင် လှိုင်းထန် လှသော် လည်း၊ သက်တောင့် သက်သာ အခြေ အနေဖြင့်၊ မှန်မှန် ခရီးဆက် နိုင်ခဲ့သည်။
ဆိုလို သည်မှာ ကောင်းကင် ပြည်နယ် အကယ်ဒမီ နောက်ခံကို ပိုင်ဆိုင် ထားသော၊ ဤလှေမှာ မရိုး ရှင်းပေ။
လင်းယွန်၏ ခန္ဓာကိုယ် ပေါ်၌၊ ကြမ်းရှသော စွမ်းအင်များ စီးဆင်း နေချိန်တွင်၊ ခရမ်းရောင် အလင်း များက အခန်းတွင်း လင်းထိန် နေပေသည်။
ပဉ္စမ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ ဒရာကိုဖီ တိုက်ပွဲတွင် ခန္ဓာ ကိုယ်၏ ကုသ နိုင်စွမ်းမှာ၊ ကြောက်မက်ဖွယ် ကောင်းလှ၏။
သူ့ ခန္ဓာကိုယ် အတွင်း၊ စီးဆင်း နေသော စွမ်းအင် များနှင့် ရောနှောကာ၊ တစ်ခါ တစ်ရံတွင် အက်ကွဲ သံများ၊ ထွက်ပေါ် လာတက် လေသည်။
ယင်း ဖြစ်စဉ်မှာ ပိုးအိမ် အတွင်း၊ တရွေ့ရွေ ကြီးထွား လာသော လိပ်ပြာ တစ်ကောင်နှင့် တူ၏။
အခြား သူများ အမြင်တွင်၊ ပြန်မကောင်း နိုင်သော ဒဏ်ရာ များမှာ၊ မြင်သာသော အဟုန်ဖြင့်၊ တဖြည်းဖြည်း ပြန်ကောင်း လာခဲ့သည်။
ဒရာကိုဖီ ပဉ္စမ အဆင့်ကို ရောက်ရှိ ပြီးနောက်၊ ဤဒဏ်ရာ များက သူ့ အတွက် ရေးကြီး ခွင်ကျယ် မဟုတ် တော့ပေ။
အနာဂတ်တွင် လုစီယင် တစ်ယောက် သူမ၏ လုပ်ရပ်များ အပေါ်၊ နောင်တရ မရ စေရန် မျှော်လင့်သည်။
အတွင်း ဒဏ်ရများ၊ တဖြည်းဖြည်း သက်သာ လာသည်နှင့် အမှှျ၊ နာကြင်သော ဝေဒနာများ မှာလည်း၊ ပို၍ ကောင်းမွန် လာ၏။
ပြန်လည် ကောင်းမွန် နိုင် နှုန်းမှာ၊ ထင် ထား သည်ထက်၊ ပိုမြန်ဆန် နေသည်။ ရုတ်တရက် နက်နဲ သွေးပြန် ကြောများ တွန့် သွားပြီး၊ ခန္ဓာ ကိုယ်က ငွေရောင် အလင်းများ တောက်ပ လာသည်။
“ ဒါ … ”
ရုတ်တရက် အပြောင်း အလဲကြောင့် ထိတ်လန့် သွားသည်။ ယင်းမှာ မူလ စွမ်းအင် (၇၀%)ကို၊ ဓားစွမ်းအင် အဖြစ်သို့ ပြောင်းလဲ ပြီးစီး သွားခြင်း၏၊ လက္ခဏာ တစ်ရပ် ဖြစ်လေသည်။
“ (၇၀% ) တောင် ပြီးသွား ပြီလား။ ”
တတိယတန်း ဝိညာဉ် ကျောက်စိမ်း များကို၊ အသုံး မပြုဘဲ၊ အနက်ဝတ် အဘိုးကြီးနှင့် တိုက်ခိုက် ရာမှ အစပြု ခဲ့ခြင်း ဖြစ်ပေမည်။
ယင်းမှာ အံ့ဩ စရာ မဟုတ်ပေ။ လူများစွာ တို့သည် ခန္ဓာကိုယ် အတွင်း အလား အလာကို၊ တူးဖော်ရန် ဘဝနှင့် သေဆုံးခြင်း အခြေ အနေ များအား၊ ဖြတ်ကျော် ကြရသည်။
တစ်ခု တည်းသော ပြဿနာမှာ၊ သတိ မမူ မိပါက၊ အသတ် ခံရ နိုင်သည်။ ထိုသို့ ဖြစ်ခဲ့သော် ကောင်းကင် ဘုံ၏ ဆန္ဒ ဟုသာ ယူဆ နိုင်၏။
တစ်ချိန်တည်း မှာပင် ခမ်းနား ထည်ဝါသော အခန်း တစ်ခန်း အတွင်း၌၊ ရတနာ ပုံကြီး တစ်ခု ရှေ့တွင်၊ ယောက်ျား တစ်ဦးနှင့် မိန်းက တစ်ဦး ထိုင်နေသည်။
လင်းယွန်သာ ဤနေရာတွင် ရှိနေ ပါက၊ ထိုရတနာ များကို မှတ်မိ နိုင်မည် ဖြစ်သည်။
ထိုသူ နှစ်ယောက် မှာမူ၊ သဘာဝ အတိုင်း လုစီယင်နှင့် လန်းဖိန် ဖြစ်၏။
“ ကျွတ် ... ကွျတ် မယုံနိုင် စရာပဲ၊ ဓားကျွန် တစ်ယောက်မှာ၊ ဒီလောက် ရတနာတွေ အများကြီး ရှိရ တယ်လို့ ... ။ ”
ရတနာ များကို လောဘ ဇောဖြင့်၊ စိုက်ကြည့်ကာ၊ လန်းဖိန်က ဆိုသည်။
“ ဒီစစ်ပွဲ အလံက မရိုး ရှင်းဘူး၊ ဂိုဏ်းကို ပြန်ရောက်ရင်၊ အဆင့်မြှင့်တင် နိုင်လိမ့်မယ်၊ ... ”
“ ... ဘူးသီးခြောက် ကိုလည်း ကြည့်ပါဦး၊ ဒါက ရှားပါး ရတနာပဲ၊ ပြီးတော့ ဒီပန်းချီ ကားမှာ လည်း လျှို့ဝှက်ချက် တစ်ခုခု ရှိပုံ ရတယ်၊ ငါတို့လို ဝိညာဉ် ရေးရာ ဆရာ သခင် တွေတောင်၊ ထွင်းဖောက် မမြင် နိုင်ဘူး။ ”
ကောင်းကင်ဘုံ ဝိညာဉ် သားရဲ အမြုတေကို ကြည့်ကာ၊ မျက်မှောင်ကြုတ် လိုက်သည်။
၎င်းမှာ အနီရောင် ဖြစ်ပြီး၊ ရှေးဟောင်း ရူရ် များဖြင့် သိုင်းခြုံ ထားသည်။ ထိုအရှိန် အဝါ အရ၊ ကောင်းကင်ဘုံ ဝိညာဉ် သားရဲ အမြုတေ ဖြစ်ကြောင်း သိသာ စေသည်။
ကောင်းကင်ဘုံ ဝိညာဉ် သားရဲ များမှာ၊ မြင်သာသော ခွန်အားမျိုး ပိုင်ဆိုင် ထားသည့်၊ နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်သည်။
၎င်း၏ တန်ဖိုးသည် မယုံနိုင် လောက်အောင် မြင့်မား လှပြီး၊ လန်းဖိန်ကို လောဘ ရောင်များ၊ ပို၍ လင်းလက် လာစေ၏။
“ ဓားကျွန် တစ်ယောက်က ဒီလောက် များတဲ့၊ ရတနာ တွေကို ဘယ်လိုများ၊ ရခဲ့လဲ ဆိုတာ၊ ငါ သိချင် လိုက်တာ၊ အရမ်းကို အံသြ စရာပဲ၊ ... ”
“ ... ဒီလို ရတနာ မျိုးကို ပိုင်ဆိုင်ဖို့ ဆိုတာ၊ ပိုင်ရှင်မှာ ကြီးမားတဲ့ နောက်ခံ ရှိရမယ်၊ ဒါပေမယ့် အခုတော့ အားလုံးက ငါ့ပိုင် ဖြစ်ပါပြီ။ ”
လုစီယင်က ပြုံးကာ ဆိုလိုက်သည်။
“ သူက ဒါတွေ ပျောက်နေ တာကို သိပြီး ၊ စီနီယာ အစ်မ လျူကို လိုက်ရှာရင်၊ ဘယ်လို လုပ်မလဲ။ ”
တံတွေး တစ်လုတ်ကို ‘ဂလု’ ခနဲ မြိုချ လိုက်ပြီး၊ လန်းဖိန်က မေးလိုက်သည်။
“ သူက ဓားကျွန် တစ်ယောက် ပဲလေ၊ ပါးနပ်မှု ရှိတဲ့သူ တစ်ယောက်သာ ဆိုရင်၊ ဒီလို လုပ်မှာ မဟုတ် ပါဘူး။ ”
လုစီယင်က မျက်လုံးများ မှေးစင်းလျက်၊ အေးစက်စွာ ရေရွတ် လိုက်သည်။
“ ဒါက တိုင်ကြား ချင်ရင်တောင်၊ သက်သေ အထောက် အထား လိုတယ်၊ လျူယွမ်ယန် ရှေ့မှာ ငါဘာကြောင့် သရုပ်ဆောင် ရတာလဲ ဆိုတော့၊ ... ”
“ ... သိုလှောင် အိတ်ကို၊ ဒီ ဓားကျွန်ကောင် စစ်ဆေး ကြည့်လိုက်မှာ စိုးလို့ပဲ၊ အခုတော့ မိုက်မဲ မိတဲ့ သူ့ကိုယ် သူသာ အပြစ်တင် နိုင်တယ်၊ မကျေနပ် ရင်တောင် ဘာမှ သူ မတက် နိုင်တော့ဘူး။ ”
“ မင်းက ... အရမ်း ထက်မြတ် တာပဲ စီနီယာ အစ်မ၊ ငါက သူ့ကို တစ်ခါတည်း သတ်စေ ချင်တာ၊ ဘာလို့ မလုပ် တာလဲ၊ သူ့လို ဒုက္ခိတ တစ်ယောက်ကို၊ ဘယ်သူမှ အာရုံ စိုက်မယ် မထင်ဘူး။ ”
လန်းဖိန်က သတ်ဖြတ် လိုသော ဆန္ဒ များကို ထုတ်ဖော်ကာ ဆိုလိုက်သည်။
“ မင်းက လူမိုက်လား၊ ဓားကွျန် သေ သွားရင်၊ လျူယွမ်ယန်က သေချာပေါက် သံသယ ဖြစ်လိမ့်မယ်၊ မင်းသူ့ရဲ့ အခြား တစ်ဖက်ကို မမေ့ ပါနဲ့၊ အဲ့လို သာဆို ငါတို့ နှစ်ယောက်လုံး ဒုက္ခ ရောက်လိမ့်မယ်။ ”
လုစီယင်က လန်းဖိန်ကို စိုက်ကြည့်ပြီး၊ အော်ငေါက် လိုက်၏။
“ ... ဟုတ် ကဲ့ ။ ”
လျူယွမ်ယန်ကို သတိရ သွားသော လန်းဖိန်က၊ ထိတ်လန့် တုန်လှုပ် သွားသည်။
“ ဒီ အကြောင်းကို သူ ... သိရင် ငါတို့ နှစ်ယောက်လုံး ဒုက္ခ ရောက်လိမ့်မယ်၊ ဒီနေ့ ဓားကျွန် တစ်ယောက် အတွက်၊ ဝင်ရပ် ပေးတာ ကိုတော့ အံ့သြ မိတာ အမှန်ပဲ။ ”
လုစီယင်က တွေးတွေး ဆဆဖြင့်၊ စကားဆက် လိုက်သည်။
“ ဒါပေမယ့် ငါတို့က ကောင်းကင် ပြည်နယ် အကယ် ဒမီရဲ့၊ တပည့်တွေ ပဲမို့၊ ဘာပဲ ဖြစ်ဖြစ် အပြင် လူထက် စာရင်၊ ငါတို့ ဘက်မှာ ရှိနေ ရဦး မှာပါ၊ ဒီဓားကျွန်က သူ့မျက်လုံး ထဲမှာ ‘ဆွံ့အ’ နေပြီ၊ ပြီးတော့ ငါတို့ရဲ့ အကူ အညီကို သူ လိုနေတယ်။ ”
ဤတစ်ကြိမ်၌ အဓိပ္ပါယ် ပါပါ ပြုံးလိုက်ပြီး၊ သူမ လက်ကို ဝှေ့ယမ်းကာ၊
“ ကဲ ... ရတနာ လေးခု ထဲက၊ တစ်ခု ရွေးပါ။ "
“ စီနီယာ အစ်မ၊ မင်း ... အပေါ် ငါ ဘယ်လောက် အထိ၊ လေးနက်လဲ မင်းမသိ ပါဘူး၊ ဒီရတနာ လောက်ကို မပြောနဲ့၊ မင်းအတွက် ငါ့ အသက် ကိုတောင် ပေးနိုင် ပါတယ်။ ”
လန်းဖိန်က အမူ အရာ ပိုပြ လိုက်သည်။ သို့သော် လုစီယင်၏ မျက်လုံး များတွင်၊ ရွံရှာဖွယ် ခံစားချက် များဖြင့်၊ ပြည့်နှက် လာသော ကြောင့်၊ မျက်နှာလွှဲ လိုက်ကာ၊
“ ပေါက်တက် ကရတွေေ ပြောမနေနဲ့၊ တစ်ခု ရွေးပါ။ ”
-ဟု ဆိုလိုက်၏။
လုစီယင်က သူ့ကို လာဘ်ထိုး ဖို့ရန်၊ ကြိုးစား နေမှန်း လန်းဖိန် သိသည်။
အနည်းငယ် တုံ့ဆိုင်း သွားပြီး နောက်၊ ပန်းချီကားကို လက်ညှိုး ထိုးပြပြီး၊
“ ဒါဆို ... ဒါကို ငါယူမယ်။ ”
လုစီယွန်က အံ့သြ သွားသည်။ လန်းဖိန်ကို ပြန်ကြည့်ကာ၊
“ မင်းက သားရဲ အမြုတေကို၊ ရွေးမယ်လို့ ငါထင် ခဲ့တာ၊ ဒါပေမယ့် ဒီပန်းချီ ကားလည်း မဆိုး ပါဘူး၊ တစ်ခုခုကို နားလည် နိုင်ရင်၊ သားရဲ အမြုတေထက် နိမ့်ပါးမှာ မဟုတ်ဘူး။ ”
သူမ၏ စကားကြောင့်၊ လန်းဖိန်က ကူကယ် ရာမဲ့ ဟန်ဖြင့် ပြုံးပြ လိုက်သည်။
ယင်းမှာ သူ့ နားလည်မှု အောက်တွင် ရှိနေဆဲ ဖြစ်သည်။
သားရဲ အမြုတေကို ရွေးချယ်ခြင်း အပေါ်၊ လုစီယင် ကြေနပ်မည် မဟုတ်ကြောင်း သူ သိသည်။
“ ယူ သွား ... ”
လုစီယင်က ခေါင်းညိတ်ကာ ဆိုသည်။ လန်းဖိန်က ပန်းချီ ကားကို ယူပြီး၊ မထွက် ခွာမီ တစ်ချက် လှည့်ကြည့် သွားသည်။
လန်းဖိန် ထွက်ခွာသွား ပြီးနောက်၊ လုစီယင်က ရတနာ များကို ကြည့်ကာ၊
“ ဓားကျွန် တစ်ယောက်က၊ ငါ့နဲ့ တိုက်ဖို့ သတ္တိ ရှိတယ်လား၊ သူ့ကိုယ်သူ နားလည်တာ ပိုကောင်း ပါလိမ့်မယ်။ ”
ဤရတနာ များနှင့် နှိုင်းယှဉ် ပါက၊ ပန်း သင်္ချိုင်း ဓားကို ပိုနှစ် သက်သည်။ ထို့ကြောင့် ဓားကို ဆွဲထုတ်ကာ၊ တသသ စိုက်ကြည့် လိုက်သည်။
ပြီးနောက် ၎င်းကို လက်ထဲ လှည့်ပတ် ကစား လိုက် ပြီးနောက် ပြုံးကာ၊
“ ဒါက တကယ့်ကို ဓားကောင်း တစ်လက်ပဲ။ ”
-ဟု ရေရွတ် လိုက်လေသည်။
***