အပြာရောင် မီးကြာပန်း။
Vol. 35 Ch. 485
နောက်တစ်နေ့ မနက်တွင် လင်းယွန် တစ်ယောက်၊ လန်းဆန်း တက်ကြွ စွာဖြင့် နှိုးထ လာသည်။
မျက်လုံးများ ဖွင့်ကာ အသက် ပြင်းပြင်း ရှူလိုက်၏။ တစ်ည တည်းမှာပင် ဒဏ်ရာ များက၊ (၅၀) ရာခိုင်နှုန်း နီးပါး ပြန်လည် သက်သာ လာခဲ့သည်။
သူ့ မျက်လုံး များရှိ တောက်ပသော အလင်း ရောင်ကို၊ သတိထား မိသူ တိုင်းမှာ၊ တုန်လှုပ် မိပေ လိမ့်မည်။
နက်နဲ သိုင်းသမား တစ်ယောက် အနေဖြင့်၊ ဤမှှျ စူးရှသော အကြည့် တစ်စုံကို၊ ပိုင်ဆိုင်ဖို့ ဆိုသည်မှာ မဖြစ် နိုင်ပေ။
များ မကြာခင် မှာပင်၊ တံခါး တွန်းဖွင့် သံနှင့် အတူ၊ ဘိုင်ရီက ခေါင်းပြူ ကြည့်လာ၏။ နီရဲသော မျက်နှာဖြင့် အခန်းထဲ လှမ်းဝင် လာပြီး၊
“ အစ်ကို လင်း နိုးပြီလား။ ”
-ဟု ဆိုကာ သူ့ လက်ထဲရှိ၊ ခြင်းတောင်းလေး တစ်လုံးကို၊ လက်လွှဲ ပေးလာ၏။
“ အကို လင်း၊ မင်း အစား မစား ရတာ၊ ရက်တွေ ကြာနေပြီ မဟုတ်လား၊ ငါ မင်းကို မနက်စာ ယူလာ ပေးတယ်။ ”
ကျင့်ကြံ သူများ အနေဖြင့်၊ လေထု အတွင်းရှိ စွမ်းအင် များကို စုပ်ယူ နိုင်သော်လည်း၊ အစာ စားသုံး ခြင်းသည်၊ ၎င်းတို့ အတွက် အကျိုး ရှိဆဲ ဖြစ်သည်။
နဂါးမြစ် ကြမ်းပြင်တွင် လဝက်ကြာ မျောပါနေ ပြီးနောက်၊ အစာ စားခြင်းဖြင့် ခန္ဓာကိုယ် အတွက် လိုအပ်သော အာဟာရကို၊ အလျင် အမြန် ဖြည့်တင်း နိုင်သည်။ ။
ဘိုင်ရီ၏ ကြင်နာ မှုကြောင့်၊ လင်းယွန်က ရှားရှား ပါးပါး နူးညံ့သော အပြုံးကို၊ ထုတ်ဖော် တုန့်ပြန် လိုက်သည်။
“ အစ်ကို လင်း၊ မင်း ဘယ်လို ဒဏ်ရာ ရသွားလဲ ပြောပြ ပေးနိုင် မလား၊ ဒီလောက် အထိ မင်းကို ဒဏ်ရာ ရစေတဲ့ သူကို၊ ငါသိချင် လို့ပါ။ ”
ထမင်း တစ်လုတ် ဖြည်စား နေလျက်ဖြင့်၊ လင်းယွန်က ခေါင်းညိတ်ပြ လိုက်သည်။
“ ငါက ‘အလယ် အလတ် ယင် အဆင့်’ လမ်းလွဲ ကျင့်ကြံ သူနဲ့ တိုက်ခဲ့ ရလို့ပါ၊ သူ့ကို သတ်နိုင် ပေမယ့်၊ ငါလည်း ဒဏ်ရာ ရခဲ့ တယ်။ ”
“ မင်း ကြွားနေ တာ။ ”
ဘိုင်ရီက နှုတ်ခမ်း စူပြီး၊ မယုံကြည် ဟန်ဖြင့်၊ ဆိုလိုက်သည်။
“ ငါ့ရဲ့ စီနီယာ အစ်မ လျူက၊ ‘ကနဦး ယင် အဆင့်’ မှာပဲ ရှိသေးတယ်၊ ‘အလယ် အလတ် ယင် အဆင့်’ ကျွမ်းကျင် သူကို၊ ဘယ်လိုလုပ် သတ်နိုင် မှာလဲ၊ ... ”
“ ... စီနီယာ အစ်မ လျူက၊ အကယ်ဒမီ မှာ ဆိုရင်၊ ပါရမီရှင် တစ်ဦး အဖြစ် သတ်မှတ် ခံထား ရသူပါ၊ ဒါပေမယ့် သူ့ကို အမာခံ တပည့်တွေ အောက်က၊ အတွင်း တပည့် အဖြစ်သာ သတ်မှတ် ထားတယ်။ ”
အတွင်း တပည့်။ ယင်းသည် လင်းယွန်ကို၊ ပို၍ စိတ်ဝင်စား လာမိ စေ၏။ လျူယွမ်ယန်၏ ကျင့်ကြံမှု ဖြင့်ပင်၊ အမာခံ တပည့် စာရင်း မဝင် ခဲ့ပေ။
အကယ်၍ မဟာချင် အင်ပါယာ ၌သာ ဆိုပါက၊ ပါရမီရှင် ရှစ်ပါး အထက်တွင် ရှိနေမည် ဖြစ်သည်။
ဆိုလို သည်မှာ ကောင်းကင် ပြည်နယ် အကယ် ဒမီတွင်၊ နက်ရှိုင်းသော အုတ်မြစ် ရှိပေ၏။
နှစ်ယောက်သား အခန်း ထဲတွင်၊ ခဏတာ စကား စမြည် ပြောမိ ကြ၏။ ဘိုင်ရီ နှလုံး သားမှာ ဖြူစင် လွန်းသောကြောင့်၊ သူမ၏ အသံက ညင်သာ နူးညံ့ လှသည်။
တစ်ချိန် တည်းမှာပင်၊ သူမ ထံမှ တဆင့် တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး အပေါ်၊ နားလည်မှု အသစ်များ ရရှိ ခဲ့သည်။
ဘိုင်ရီက ငယ်ရွယ် သော်လည်း၊ ကျင့်ကြံမှု နယ်ပယ်မှာ သူ့ထက် မြင့်၏။
သူမ အဆို အရ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးကို၊ နေသာ စီရင်စု၊ မိုးပြာ စီရင်စု၊ ပျံသန်းခြင်း စီရင်စု၊ တိမ် စီရင်စု၊ လေ စီရင်စု၊ မိုးကြိုး စီရင်စု၊ ရှေးဟောင်း နယ်မြေ စီရင်စု၊ နတ်မိစ္ဆာ စီရင်စု နှင့်၊ ဗဟို နယ်မြေ စီရင်စု ဟူ၍၊ ပိုင်ခြား ထားသည်။
စီရင်စု တိုင်းတွင်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ နဂါး သွေးပြန် ကြောကို သိမ်းပိုက် ထားသော၊ ရှေးဟောင်း မြို့တော် တစ်မြို့စီ ရှိသည်။
အင်အား ကြီးမားသော အဖွဲ့ အစည်း များက၊ အဆိုပါ နဂါး သွေးပြန် ကြောကို အသုံး ပြုရန်၊ စီရင်စု မြို့တော် များတွင်၊ သူတို့၏ အခြေစိုက် စခန်းများ၊ ဖွင့်လှစ် ထားပေသည်။
မဟာချင် အင်ပါယာသည်၊ နေသာ စီရင်စုတွင် တည်ရှိ သော်လည်း၊ ဒုတိယ တန်းစား အင်အားစု မျှသာ ဖြစ်၏။
ထို့ကြောင့် နဂါးသွေး ပြန်ကြော အနားပင် မကပ် နိုင်ပေ။ စစ်မှန်သော ကျွမ်းကျင် သူများ အမြင်၌၊ အရေး မပါ လှပေ။
နေသာ စီရင်စု၏ အုပ်စိုး ရှင်မှာ တော်ဝင် ယန်နန်းတော် ဖြစ်ပြီး၊ ယန်နန်းတော် ကဲ့သို့သော အုပ်စိုးရှင် များက စီရင်စု တိုင်းတွင်၊ ရှိ၏။
ထို့ကြောင့် ၎င်းတို့ကို တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ အုပ်စိုးရှင် ကိုးပါး အဖြစ် သတ်မှတ် ထားကြ၏။
နေသာ စီရင်စုတွင် တော်ဝင် ယန်နန်းတော် အပြင်၊ အမည်ခံ အုပ်စိုးရှင် ဂိုဏ်း ငါးဂိုဏ်း ရှိသည်။
၎င်းတို့မှာ ကောင်းကင် ပြည်နယ် အကယ် ဒမီ၊ ရွှေရောင် အရင်း အမြစ် ၊ သဏ္ဍာန် သုံးပါး စံအိမ်၊ သွေးတောင်ပံ ခန်းမ၊ ဖျက်ဆီးခြင်း ဓားခန်းမ၊ တို့ဖြစ်သည်။
အမည်ခံ ငါးဖွဲ့မှာ တော်ဝင် ယန် နန်းတော် ကဲ့သို့ အင်အား မရှိနိုင် သော်လည်း၊ ၎င်းတို့ အားလုံးမှာ နေသာ စီရင်စု၏ နယ်မြေကြီး ငါးခုကို ပိုင်းခြား စိုးမိုး ထားသည်။
ထို့ကြောင့် ယင်းတို့အား အုပ်စိုးသူ တစ်ပိုင်း၊ ( အမည်ခံ အုပ်စိုးရှင်) များဟု မှတ်ယူခဲ့ ကြသည်။
နောက်တဖန်၊ ထို အမည်ခံ အုပ်စိုးရှင် များတွင်၊ လျှော့တွက်၍ မရ နိုင်သော၊ ခိုင်မာသည့် အုတ်မြစ်များ ရှိပေသည်။
သို့သော် ဘိုင်ရီ၏ ပြောပြ ချက်များ အရ၊ အမည်ခံ ဂိုဏ်း ငါးဂိုဏ်းတွင်၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ၏ အုတ်မြစ်မှာ၊ ရူရ်များ ရေးထွင်းခြင်း ဖြစ်လေသည်။
ဆိုလို သည်မှာ ၎င်းတို့တွင် စီရင်စု တစ်ခုလုံး၏၊ အသန်မာ ဆုံးသော ဝိညာဉ်ရေး ဆရာ သခင်များ စုရုံးရာ၊ မြေဖြစ်သည်။
သူတို့၏ တပည့်များ အားလုံးမှာ၊ ဝိညာဉ်ရေး ဆိုင်ရာ ရူရ်များ ရေးသား ခြင်းကို၊ ကျင့်ကြံ ကြ၏။
ထို့ကြောင့် အကယ်ဒမီ ဝင်ခွင့် လိုအပ် ချက်မှာ၊ ဝိညာဉ်ရေး ဆိုင်ရာ စွမ်းရည်များ ဖြစ်သည်။
“ ဟီး ဟီး၊ စီနီယာ အစ်မက ဒုတိယတန်း ဝိညာဉ်ရေး ဆရာ သခင်ပဲ၊ ဒါက ထက်မြက် လွန်းတယ် မဟုတ်လား၊ အသက် နှစ်ဆယ့် ငါးနှစ် မတိုင်မီ၊ ဒုတိယတန်း ဝိညာဉ်ရေး ဆိုင်ရာ ရူရ်တွေ ထိန်းချုပ် နိုင်နေပြီ။ ”
ဒုတိယတန်း ဝိညာဉ်ရေး ဆိုင်ရာ၊ ဆရာ သခင် ဆိုသည်မှာ၊ အထင် ကြီးဖွယ် အရည် အချင်းမျိုး ပေပင်။
ဓားနန်းတော်ရှိ ဒုတိယတန်း ဝိညာဉ်ရေး ဆရာ သခင်များ အားလုံးမှာ၊ အိုကြီး အိုမ များသာ ဖြစ်ပေသည်။
လင်းယွန် သည်လည်း ရူရ်များ အပေါ်တွင်၊ တီးခေါက်မိ ထားသည်။ ရှေးဦးကျမ်း၌ ဒုတိယတန်း ဝိညာဉ်ရေး ဆိုင်ရာ ရေးသားခြင်း လမ်းညွှန်ချက် အနည်းငယ် ပါရှိသည်။
ဝိညာဉ်ရေး ရူရ် များ ရေးထိုး ရာတွင်၊ သူ၏ စွမ်းရည်မှာ မဆိုး လှပေ။ သို့သော် ၎င်းတို့ကို ကျင့်ကြံရန် အချိန် မရှိ သည်မှာ၊ နှမျော စရာ ကောင်းပေ၏။
လျူယွမ်ယန် အကြောင်းကို ထုတ်ဖော် ပြောဆို နေချိန်တွင်၊ ဘိုင်ရီ၏ မျက်လုံး များမှာ၊ မြတ်နိုးမှု အပြည့်ဖြင့် တောက်ပ လာသည်။
ယင်းမှာ ဘိုင်ရီ၏ ‘စံ’ ဖြစ်ရ မည်ဟု၊ လင်းယွန်က ပြောနိုင်သည်။ ထို့ပြင် လင်းယွန် အနေဖြင့်၊ သူမ အပေါ်တွင် ဆိုးရွားသော အမြင် မရှိပေ။
နောက်ဆုံးတွင် လျူယွမ်ယန်မှာ၊ သူ့ဒဏ်ရာ များကို ကုသ ပေးခဲ့သူ ဖြစ်သည်။
သူမနှင့် ပတ်သတ်ပြီး၊ တစ်ခု တည်းသော မကျေနပ် ချက်မှာ၊ ပန်းသင်္ချိုင်း ဓားကို ဆက်လက် ထိန်းသိမ်းရန်၊ ဆုံးဖြတ် လိုက်ခြင်း ပေပင်။
သို့သော် အပြင်လူ တစ်ယောက်သာ ဖြစ်သော သူ့ အတွက်၊ သူမ၏ ဆုံးဖြတ် ချက်မှာ၊ အဓိပ္ပါယ် ရှိနေ ပြန်သည်။
“ ဒါပေမယ့် စီနီယာ အစ်မ လျူက ဒီမစ်ရှင် အတွက် ဖိအားတွေ ခံနေ ရတယ် …။ ”
ဘိုင်ရီက စိတ်မသက် မသာ ဟန်ဖြင့်၊ ညည်းတွား လိုက်သည်။
“ ဘာ တာဝန်လဲ ... ။ ”
“ အပြာရောင် မီးကြာပန်းက သွေးအရိုး တောင်ထွတ်မှာ၊ ပေါ်လာတယ် ဆိုတဲ့ သတင်းကို၊ အကယ်ဒမီက လက်ခံ ရရှိ ထား တာကြောင့်၊ အနည်းဆုံး သုံးပွင့်ကို ရအောင် ယူဖို့၊ တာဝန်ပေး ခံခဲ့ ရတယ်၊ ... ”
“ ... ဒီမစ်ရှင်သာ အောင်မြင်ရင်၊ စီနီယာ အစ်မကို၊ အမာခံ တပည့် အဖြစ်၊ ရာထူး တိုးပေး လိမ့်မယ်။ ”
-ဟု ဘိုင်ရီက ရှည်လျားစွာ ရှင်းပြသည်။
“ အပြာရောင် မီးကြာပန်း။ ”
လင်းယွန်က အတွေးနက် သွားသည်။
“ ခရမ်းရောင် နန်းတော်ကို ချိုးဖြတ်တဲ့ အခါ၊ အထောက် အကူ ပြုနိုင်တဲ့၊ အပြာရောင် မီးကြာပန်း အကြောင်း ပြောနေ တာလား။ ”
ခရမ်းရောင် နန်းတော် နယ်မြေသို့ ချိုးဖြတ် ရာတွင်၊ အထောက် အကူ ဖြစ်စေ နိုင်သော သဘာဝ ရတနာ သုံးပါး ရှိသည်။
၎င်းတို့မှာ သွေးမီးလျှံ သစ်သီး၊ မြေ အရင်း အမြစ် သစ်သီးနှင့်၊ အပြာရောင် မီးကြာပန်း တို့ဖြစ်သည်။
တချိန်က ရှင်းဂျူကို သွေးမီးလျှံ သစ်သီး တစ်လုံးအား၊ ပေးအပ်ဖူး သော်လည်း၊ ငြင်းဆန် လိုက်သည့် အတွက်၊ သူက သန့်စင် ခဲ့သည်။
ယင်းကို သတိရ သွားကာ၊ မေးယူ လိုက်ခြင်း ဖြစ်၏။
( ထိုအချိန်က နဂါး မီးလျှံ သစ်သီးဟု၊ သုံးနှုန်း ထားသော်လည်း၊ ယခု အခါ သွေးမီးလျှံ သစ်သီး အဖြစ် သုံးနှုန်းထား သောကြောင့်၊ သွေးမီးလျှံ အဖြစ်သာ ဆက်သုံး ပေမည်။ )
၎င်းကို သန့်စင် ပြီးသား မဟုတ် ခဲ့သော်၊ ယခု ချိန်၌ ခရမ်းရောင် နန်းတော် နယ်ပယ် ထဲသို့ ဝင်ရောက် ရာတွင်၊ ပို၍ လွယ်ကူ နိုင်မည်။
သို့သော် သဘာဝ ရတနာ သုံးပါး အနက်၊ သွေးမီးလျှံ သစ်သီးမှာ အရည် အသွေး အညံ့ ဖျင်းဆုံး ဖြစ်ပြီး၊ အပြာရောင် မီးကြာပန်းက အသန့် စင်ဆုံး ဖြစ်၏။
“ မှန်တယ်၊ ... ”
ဘိုင်ရီက ခေါင်းညိတ် လိုက်ပြီး၊
“ ... အပြာရောင် မီးကြာပန်းက ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေ၊ ကျင့်ကြံ သူတွေ အတွက် အကျိုး ရှိတယ်၊ ... ”
“ ... ကိုယ်ရည် ကိုယ်သွေး ညံ့ဖျင်း နေရင်တောင်၊ ခရမ်းရောင် နန်းတော်ကို ပုံဖော်နိုင် လိမ့်မယ်၊ ... ”
“ ... သူက၊ ခရမ်းရောင် နန်းတော် ဖွဲ့စည်း နေတဲ့ အတွင်းမှာ၊ ခန္ဓာ ကိုယ်ရဲ့ အညစ် အကြေး တွေကို၊ ဖယ်ရှား ပေး နိုင်တယ်လို့၊ ကောလ ဟာလတွေ ရှိတယ်။ ”
ထိုအကြောင်းကို ကြားသည်နှင့်၊ လင်းယွန်မှာ စိတ်လှုပ်ရှား လာ၏။
အကယ်၍ ဒဏ်ရာ များမှ ပြန်လည် ကောင်းမွန် လာချိန်တွင်၊ မူလ စွမ်းအင် အားလုံးကို ပြောင်းလဲ ပစ်ကာ၊ အပြာရောင် မီး ကြာပန်းအား သန့်စင် နိုင်ပါက၊ ခရမ်းရောင် နန်းတော်သို့ ရောက်ရှိ နိုင်မည် ဖြစ်သည်။
အနက်ဝတ် အဖိုးအိုနှင့် တိုက်ခိုက် ပြီးနောက်၊ ခရမ်းရောင် နန်းတော် နယ်မြေမှာ၊ မည်မျှ သန်မာ ကြောင်းကို၊ နက်ရှိုင်းစွာ နားလည် ခဲ့သည်။
ရှန်ရှင်း ဓား ရည်ရွယ်ချက် ဖြင့်ပင်၊ သေလု မျောပါး ခံစား လိုက်ရသည်။
သူ့ အရည် အချင်းမှာ အဆိုးကြီး မဟုတ်ပေ။ အခွင့် အရေးသာ ရခဲ့ ပါလျှင်၊ ခရမ်းရောင် နန်းတော်သို့ ရောက်ရှိရန်၊ တစ်နှစ် ခန့်သာ အချိန် ယူရ ပေမည်။
ထို့ကြောင့် ၎င်းကို ဖြေရှင်းရန်၊ အပြာရောင် မီးကြာ ပန်းမှာ၊ အကောင်းဆုံး ဖြစ်သော်လည်း၊ သဘာဝ ရတနာ များက ရှာရခက် လေသည်။
“ ဒါပေမယ့် ငါတို့ပဲ ...၊ ဒီသတင်းကို ရခဲ့တာ မဟုတ် ပါဘူး၊ တခြား အမည်ခံ အုပ်စိုးရှင် တွေလည်း ရခဲ့တယ်၊ ... ”
“ ... ဒါကြောင့် တခြား အင်အား စုတွေလည်း၊ အဲ့ဒါကို ရဖို့ ငါတို့ အပေါ်၊ အကောင်းမြင် နေမှာ မဟုတ်ဘူး …။ ”
ဘိုင်ရီက သူမ၏ စိုးရိမ်မှုကို ထုတ်ဖော် ပြောပြ ခဲ့သည်။
“ ဟုတ် လား။ ”
လင်းယွန်က အတွေးနက် သွားသည်။ လျူယွမ်ယန်မှာ ၎င်းကို ရယူရန် ယုံကြည်မှု ရှိပုံ မရပေ။
လင်းယွန် သည်လည်း ထို့နည်း လည်းကောင်း ပေပင်။ ယခု အချိန်၌ သူ၏ ဒဏ်ရာ များမှ၊ ပြန်လည် ကောင်းမွန် လာရန်သာ အာရုံစိုက် နိုင်မည်။
ယင်းမှသာ သူ့ဓားနှင့် ရတနာ များကို ပြန်လည် ရယူ နိုင်မည် ဖြစ်သည်။ ကောင်းကင် ပြည်နယ် အကယ်ဒမီ အတွက်၊ သူ၌ ခံစားချက် မရှိ သည်မှာ သဘာဝ ပေပင်။
ဘိုင်ရီက အကူ အညီ တောင်းခဲ့ လျှင်ပင်၊ ဘဝနှင့် ရင်းကာ၊ စွန့်စားရန် စိတ်ကူး မရှိပေ။
ထို့ကြောင့် မနက်စာ စားပြီး သည်နှင့်၊ ညိုးနွမ်း စွာ ထွက်ခွာ သွားသော ဘိုင်ရီကို၊ သည်အတိုင်း ကြည့်နေ လိုက်၏။
နှစ်ရက် အကြာတွင် ကောင်းကင် ပြည်နယ် အကယ်ဒမီ၏ တပည့်များ အားလုံး လှေပေါ်မှ ဆင်းကာ၊ ခြေလျင် ခရီး ဆက်ရန် ပြင်ဆင် လာကြသည်။
သွေးအရိုး တောင်ထိပ်သို့ သွားရာ လမ်းမှာ၊ အန္တရာယ် များသော ခရီး ဖြစ်၏။
ထိုခရီးတွင် လင်းယွန်အား ခေါ်ဆောင် သွားရန်၊ ဘိုင်ရီက အဆိုပြု သည်။ ဒဏ်ရာ များမှ မသက်သာ သေးသော ကြောင့်၊ လှေပေါ် ထားခဲ့ ခြင်းဖြင့်၊ အနိုင်ကျင့် ခံရ မည်ကို၊ သူမ စိုးရိမ် နေခြင်း ဖြစ်သည်။
ထို့ကြောင့် အချိန်ပြည့် စောင့်ရှောက် နိုင်ရန်၊ ခေါ်သွား လိုသည်။
လင်းယွန် မှာမူ ဒဏ်ရာ များမှ (၇၀%) ပြန်လည် ကောင်းမွန် လာသော ကြောင့်၊ ၎င်းကို သိပ်စိတ် မပူ ခဲ့ပေ။
မည်သူမှ သတိ မထား မိခင်၊ သူတို့ နောက်သို့ တိတ်တဆိတ် လိုက်သွား နိုင်သည်။ သို့သော် ဘိုင်ရီက သူ့ကို ခေါ်ရန် ဆန္ဒ ရှိသောကြောင့်၊ ရင်ထဲ နွေးသွား မိ၏။
“ ငါတို့ ပျော်ပွဲစား ထွက်နေ တယ်လို့ မင်းထင် နေတာလား ... ဟမ်၊ အန္တရာယ် ကြုံရင် ဘယ်သူက သူ့ကို ကာကွယ် မလဲ၊ သူက ငါတို့ကို ဆွဲချ သွားလိမ့်မယ်။ ”
ထိုအချိန် မှာပင်၊ မလို လားသော ငြူစူသံ တစ်သံ ထွက်ပေါ် လာသည်။ ယင်းမှာ လုစီယင် ဖြစ်ပြီး၊ ဘိုင်ရီကို စိတ်ပျက် လက်ပျက် ကြည့်လာ၏။
ယင်း အသံကြောင့်၊ ဘိုင်ရီက ထိတ်လန့် သွားပြီး၊ မျက်နှာ တစ်ခုလုံး နီရဲ သွားကာ၊
“ အစ်မ စီယင် ... နင်က အစ်ကို လင်းရဲ့၊ ဓားကိုလည်း ယူထား သေးတယ်၊ ဒီလိုတော့ မရိုင်းသင့် ပါဘူး၊ မင်းမှာ စာနာစိတ် မရှိ ဖူးလား။ ”
“ မင်း ကများ ငါ့ကို အပြစ်တင် ဝံ့တယ်ပေါ့။ ”
လုစီယင်က ဒေါသ တလက် လက်ဖြင့် ၊ ဘိုင်ရီကို ပါးရိုက်ချ လိုက်သည်။ ယင်းကြောင့် ဘိုင်ရီမှာ ထိတ်လန့် တကြား နောက်တစ်လှမ်း ဆုတ်မိ၏။
သို့သော် လက်တစ်ဖက်က လုစီယင်၏ လက်ကောက် ဝတ်ကို ဖမ်းဆုပ် ဟန့်တား လာသည်။
လင်းယွန်က အေးစက်သော အငွေ့ အသက် များကို ထုတ်လွှတ် လိုက်ကာ၊
“ မင်း လွန်ပြီ ....။ ”
“ လွှတ် စမ်း ... ။ ”
လင်းယွန်၏ ဖမ်းဆုပ် မှု အတွင်းမှ၊ ရုန်းထွက် လိုက် သော်လည်း၊ မလွတ် မြောက်နိုင် သောကြောင့်၊ လုစီယင် အံ့ဩ ဒေါသ ထွက်သွား မိသည်။
“ မင်း အခု ဘယ်သူ့ကို ထိနေ တာလဲ ဓားကွျန်ကောင်၊ စီနီယာ အစ်မ လုကို လွှတ်လိုက် စမ်း။ ”
လုစီယင်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိနေသည့်၊ အခြားသော တပည့် များက၊ အော်ဟစ် လိုက်ပြီး၊ သတ်ဖြတ် လိုသော ဆန္ဒ အသီးသီးကို ထုတ်လွှတ်လျက်၊ ရှေ့တိုး လာကြ၏။
ထို့ကြောင့် လေထုမှာ ရုတ်တရက် တင်းမာ လာတော့သည်။
***