နက်ရှိုင်းသော ည။
Vol. 35 Ch. 486
မည်မျှပင် ရုန်းကန် နေသော်လည်း၊ လင်းယွန်၏ ချုပ်ကိုင် မှုမှ မလွတ်မြောက် နိုင်သော ကြောင့်၊ လုစီယင်၏ မျက်နှာမှာ ချက်ချင်း မည်းမှောင် လာ၏။
“ မင်း ... အမှိုက် တစ်စက၊ သေမင်းကို ဖိတ်ခေါ် နေတာပဲ။ ”
“ ဓားကျွန်၊ စီနီယာ အစ်မ လုကို လွှတ် လိုက် စမ်း ။ ”
လန်းဖိန်၏ မျက်လုံး များတွင်၊ သတ်ဖြတ် လိုသော ဆန္ဒများ တောက်ပ လာပြီး၊ လက်နက်ကို ဆွဲထုတ် လိုက်၏။
ယင်းသည်ပင် တခြား သူများ အပေါ်၊ ၎င်းတို့၏ လက်နက်များ၊ ဆွဲထုတ်ရန် အချက်ပြရာ၊ ရောက်ပေသည်။
ထိုမြင်ကွင်းကို မြင်သည်နှင့်၊ လုစီယင်က တည်ငြိမ် သွားပြီး၊
“ မင်းက ... တော်တော် သတ္တိ ရှိတာပဲ၊ ဒီကောင်မ လေးကို ပြစ်တင် ရှုံ့ချတဲ့ အတွက်၊ ငါ့ကို ဘယ်သူမှ ဝင် မစွက်ဖက် ဖူးဆိုတာ တွေ့တယ် မလား၊ နင်ငါ့ကို နောက် တစ်ကြိမ်ထပ် မထိနဲ့။ ”
“ ဟား ဟား ဟား ..... ”
လင်းယွန်က ခေါင်းမော့ကာ ရယ်ချ လိုက်သည်။ ဤမျှ နီးကပ်သော အကွာ အဝေးတွင်၊ လုစီယင်ကို သတ်ရန်၊ သူ့၌ နည်းလမ်းပေါင်း (၁၀)ခု မက ရှိသည်။
သူ့ဒဏ်ရာ များမှာ၊ (၇၀%)မျှသာ သက်သာ သေး သော်လည်း၊ သူမကို သတ်ပြီး၊ ဘေးကင်းစွာ ထွက်သွား နိုင်၏။
သည်လို လေသံဖြင့်၊ ပြောရဲသော သတ္တိကို မည်သို့ ရရှိ သွားမှန်း မသိပေ။
“ အစ်ကို လင်း၊ စီနီယာ အစ်မ လုကို သွားခွင့် ပြုလိုက်ပါ။ ”
ဘိုင်ရီက လင်းယွန်၏ လုပ်ရပ်ကြောင့် ထိတ်လန့် သွားပြီး၊ ချက်ချင်းပင် တောင်းဆို လိုက်သည်။
ထို့ကြောင့် ဘိုင်ရီကို လှည့်ကြည့်ကာ၊ သက်ပြင်းချ လိုက်မိ၏။ ဘိုင်ရီမှာ ပျော့ညံ့ လွန်းပေသည်။
“ မင်းက သေလိုက်တော့ .... ”
ဘိုင်ရီထံ အာရုံရောက် သွားသည့် အခိုက်တွင်၊ လုစီယင်က သူ့ ရင်ဘတ်အား ဓားရှည်ဖြင့်၊ ရုတ်တရက် ထိုးသွင်း လာ၏။
“ မ လုပ် နဲ့ ..... ”
ဘိုင်ရီ မျက်နှာမှာ ပြောင်းလဲ သွားပြီး လင်းယွန် ရှေ့သို့ ပြေးဝင် ရပ်လိုက်သည်။
ဓားက ရင်ဘတ်ထဲ တိုးဝင် လာသော ကြောင့်၊ ဘိုင်ရီက နာကျင်စွာ ညည်းတွား လိုက်ရ၏။
ထိုမြင်ကွင်း ကြောင့်၊ လူတိုင်းက အံသြသွား သော်လည်း၊ ကူညီရန် ဆန္ဒ မရှိ ခဲ့ပေ။
“ အ ရူး ..... ”
လုစီယင်က သာ၍ပင် လှောင်ပြောင် လိုက်သည်။
“ မ လုပ် နဲ့ ....”
ဘိုင်ရီက သူ့ ဒဏ်ရာ အပေါ်၊ ဂရု မစိုက် အားဘဲ၊ လင်းယွန်ကို ချက်ချင်း ဖမ်းဆွဲ လိုက်ပြီး၊ ပြုံးပြကာ၊
“ အစ်ကို လင်း၊ စိတ်အေးအေး ထားပါ၊ ငါ အဆင် ပြေပါတယ်။ ”
လင်းယွန်က ဘိုင်ရီ လက်ကို ဆုပ်ကိုင် လိုက်ပြီး၊ လုစီယင်အား တစ်ချက်ကြည့် လိုက်သည်။
သူမ အပေါ် ပစ်မှတ် ထားလာ သည့်၊ အဆုံး မရှိ သတ်ဖြတ် လိုသော ဆန္ဒ များကို၊ ခံစား မိလိုက် သောကြောင့်၊ လုစီယင်မှာ တုန်လှုပ် ခြောက်ခြား သွားကာ၊ ကျောရိုး တစ်လျှောက် အေးစက် လာ၏။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
ထိုအချိန် မှာပင်၊ အလို မကျသော လေသံဖြင့်၊ လျူယွမ်ယန် တစ်ယောက်၊ လျှောက်လှမ်း လာလေသည်။
“ စီနီယာ အစ်မ လျူ၊ ဒီအမှိုက်က ငါတို့ နောက်ကို လိုက်ချင်တဲ့ အတွက်၊ သင်ခန်းစာ တစ်ခု သင်ပေး တာပါ၊ ဒါပေမယ့် ဂျူနီယာ ညီမလေး ဘိုင်ရီက၊ သူ့အစား ဝင်ခံ ပေးလိမ့် မယ်လို့၊ မထင် ထားမိဘူး။ ”
လုစီယင်က စိတ်မကောင်း ဟန်ဖြင့်၊ သက်ပြင်း ချလိုက်သည်။
( စိတ် ဝင်စား စရာပဲ။ )
နှုတ်ခမ်း တွန့်ရုံ ပြုံးလိုက်ပြီး၊ လုစီယင်ကို လင်းယွန်က စိုက်ကြည့် လိုက်၏။
လူအများ ရှေ့မှာပင် မျက်နှာပြောင် တိုက်ရဲသော၊ သူမ၏ အရှက် ကင်းမဲ့မှု အပေါ်၊ လေးစား သွား မိသည်။
“ အဲ့ဒီလို မဟုတ်ဘူး၊ အစ်ကို လင်းက မတောင်း ဆိုဘူး၊ လှေပေါ်မှာ သူ့ကို စောင့်ရှောက် ပေးမယ့်သူ မရှိမှာ ဆိုးလို့၊ ငါက ခေါ်သွား ချင်ရုံပါ .... ။ ”
ထရပ်ရန် ကြိုးစား နေသော ဘိုင်ရီက၊ နာကျင် မှုကြောင့် သူ့ နှုတ်ခမ်း များကို ကိုက်လိုက်ကာ၊ တိုးတိုးလေး ရှင်းပြ လာသည်။
ဘိုင်ရီ၏ ဒဏ်ရာ များကို စစ်ဆေးရန် လှမ်းတက် လာစဉ်၊ လျူယွမ်ယန် မျက်လုံး များ၌၊ အလင်း ရောင်များ တောက်ပ နေခဲ့သည်။
များမကြာမီ လုစီယင်ကို တုန်လှုပ် သွားစေ သည့် အကြည့် မျိုးဖြင့်၊ ပြန်လှည့် ကြည့် လိုက်၏။
“ မင်းရဲ့ ... ဒီသင်ခန်းစာ က တော်တော် လေးနက် ပုံရတယ်။ ”
ခံစားချက် မဲ့သော အမူ အရာဖြင့် ဆိုလိုက်သည်။
“ ငါ တောင်းပန် ပါတယ်။ ”
လုစီယင်မှာ ခေါင်းငုံ့ပြီး တောင်းပန် လိုက်၏။ လျူယွမ်ယန်က ယင်းကို လျစ်လျူရှု လိုက်ပြီး၊ လင်းယွန် ဘက်လှည့်ကာ၊
“ မင်း လိုက်လို့ ရတယ်၊ ဒါပေမယ့် ငါ့ ခွင့်ပြုချက် မရှိဘဲ၊ မင်းဘာမှ လုပ်ပိုင်ခွင့် မရှိဘူး။ ”
“ ကျေးဇူး တင်ပါတယ် အစ်မကြီး ...။ ”
ဘိုင်ရီက ဒဏ်ရာကို ဆုပ်ကိုင်လျက်၊ ပြုံးလိုက် သည်။
“ လင်းယွန်၊ ငါနဲ့ လိုက်ခဲ့ .... ”
လျူယွမ်ယန်က လှည့်ထွက် သွားသည်။
“ အစ်ကို လင်း …”
ဘိုင်ရီ စိုးရိမ် သွား၏။
" ငါ့အတွက် စိတ်မပူ ပါနဲ့။ "
လျူယွမ်ယန် နောက်သို့ လိုက်နေ လျက်မှ လင်းယွန်က ဆိုလိုက်သည်။
အနည်းငယ် ချောင်ကျသော နေရာသို့ အရောက်တွင်၊ လျူယွမ်ယန်က လင်းယွန်ကို ရပ်စောင့် နေကာ၊
“ မင်းရဲ့ ဓားအပေါ် စွဲလန်း နေပုံ ရတယ်။ ”
အဖြစ် အပျက်ကို ချက်ချင်း နားမလည် မီတွင် ခေတ္တမှှျ အံ့အားသင့် သွားသည်။
လျူယွမ်ယန်က ဘိုင်ရီကို လိမ်ညာပြီး၊ သူ့ဓားကို တောင်းခံရန်၊ ရည်ရွယ်ချက် ရှိရှိ ခေါ်ဆောင် လာခြင်း ဖြစ်သည်။
“ မင်း ထင်ချင် သလို ထင်လို့ ရတယ်၊ ငြင်းခုံဖို့ ငါ စိတ်မဝင် စားဘူး။ ”
ဒဏ်ရာများ ပြန်ကောင်း လာသည်နှင့်၊ သူ့ပစ္စည်း များကို ပြန်ယူ၍ ထွက်သွား ရပေမည်။ ဤနေရာ၌ ခဏပင် မနေချင် တော့ပေ။
သို့သော် မိုက်မဲသော ကောင်မလေး ဘိုင်ရီ အတွက် အနည်းငယ် စိတ်ပူ မိ၏။
“ ဒါက တတိယတန်း ဝိညာဉ် ကျောက်စိမ်း (၅၀) ပဲ၊ ငါ့ လျော်ကြေး အဖြစ် သတ်မှတ် လို့ ရတယ်။ ''
လျူယွမ်ယန်က တည်ငြိမ်စွာ ဆိုလိုက်သည်။ အလွန် ရက်ရောသော သူမ၏ လုပ်ရပ်ကြောင့်၊ လင်းယွန်ပင် အံ့သြ သွားရ၏။
အမည်ခံ အုပ်စိုးရှင် ဂိုဏ်း၏ တပည့် များမှာ၊ မည်မှှျ ကြွယ်ဝ သည်ကို သက်သေ ပြရာ ရောက်ပေသည်။
တတိယတန်း ဝိညာဉ် ကျောက်စိမ်း များမှာ၊ အလွန် တန်ဖိုး ရှိသည်။ သူ့၌ ဤမျှ အရင်း အမြစ်များ ရှိပါလျှင်၊ ဓားစွမ်းအင် အဖြစ်၊ ယခု အချိန်၌ ပြောင်းလဲ ပြီးပြီ ဖြစ်သည်။
“ မင်း ... သူနဲ့ ခွဲဖို့၊ ဆန္ဒ မရှိ ဖူးလား။ ”
လျူယွမ်ယန်က ဝိညာဉ် ကျောက်စိမ်း များကို ပြန်ယူ လိုက်ပြီး၊
“ ဒီမစ်ရှင် ပြီးရင် မင်းဓားကို ပြန်ပေးဖို့ စီယင်ကို ငါပြော လိုက်မယ်၊ ငါ့အပေါ် အကြွေးတင် နေတယ်လို့ မှတ်ယူ ပေးပါ။ ”
( မစ်ရှင် ပြီးတဲ့ အထိလား။ )
လျူယွမ်ယန်၏ ရည်ရွယ် ချက်ကို ချက်ချင်း သဘော ပေါက်မိသည်။ ပန်းသင်္ချိုင်း ဓားကြောင့် လုစီယင်မှာ၊ ပိုမို အားကောင်း လာမည်ဟု ယူဆ ထားပုံ ရသည်။
ထို့ကြောင့် သူမက ကူညီ နေခြင်း ဖြစ်သည်။ အပြာရောင် မီးကြာပန်း အတွက်၊ အတော်လေး ဂရုစိုက် နေခြင်း ဖြစ်၏။
သို့သော် လုစီယင်က ပန်းသင်္ချိုင်း ဓား၏ စွမ်းအားကို ထုတ်လွှတ်နိုင် လိမ့်မည်ဟု၊ သူမ တွေးနေ ခြင်းမှာ၊ ဟာသ တစ်ပုဒ်သာ ဖြစ်လာ ပေမည်။
ဓားက ပိုင်ရှင် အဖြစ်၊ အသိ အမှတ် ပြုထားပြီး ဖြစ်လို့၊ ဤကမ္ဘာ ပေါ်၌ စွမ်အား အပြည့် အဝ ထုတ်ယူ နိုင်သူမှာ၊ သူ တစ်ဦး တည်းသာ ရှိသည်။
အခြားသူ တစ်ဦးက ၎င်းကို အတင်း အကြပ် ယူခဲ့ လျှင်ပင်၊ စွမ်းအား အပြည့် ထုတ်လွှတ် နိုင်ရန်၊ နည်းလမ်း မရှိပေ။
“ မိန်းကလေး လျူ၊ ငါ မင်းကို ပွင့်ပွင့် လင်းလင်း ပြောစရာ ရှိတယ်၊ သူယူ ထားတာ ပန်းသင်္ချိုင်း ဓားတင် မကဘူး။ ... ”
“ ... ကောင်းကင်ဘုံ ဝိညာဉ် သားရဲ အမြုတေ၊ စကြာဝဠာ လက်နက်၊ ရှေးဟောင်း လျှို့ဝှက် ပစ္စည်း တစ်ခုနဲ့၊ ပန်းချီကား တစ်ချပ် ကိုလည်း၊ သူယူ ထားတယ်။ ”
လျူယွမ်ယန်၏ မျက်နှာမှာ၊ ပြောင်းလဲ သွားပြီး၊ လင်းယွန်အား စိတ်ပျက်စွာ ကြည့်လိုက်၏။
“ မင်းကို ငါယုံမယ် ထင်လား။ ”
“ ယုံတာ မယုံတာ၊ မင်းသဘောပဲ။ ”
လင်းယွန်က လက် နှစ်ဖက်ကို ဖြန့်ကာ၊ ပခုံး တွန့်ပြ လိုက်သည်။ ယင်း အမူအရာကြောင့် လျူယွမ်ယန်ကို ဒေါသ ထွက်သွား လာစေ၏။
ဓားကျွန် တစ်ယောက်နှင့် စကား ပြောခြင်း သည်ပင်၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ၏ အထက် တန်းစား တစ်ဦး ဖြစ်သော၊ သူမ အဆင့် အတန်းကို၊ နှိမ့်ချ ဆက်ဆံ ထားပြီး ဖြစ်သည်။
သို့သော် လင်းယွန်က သူမအား နုံအ သူ တစ်ယောက် အဖြစ် ယူဆ လာ၏။
ဓားကျွန် တစ်ယောက် အနေဖြင့်၊ ဤမျှသော ရတနာ များကို၊ ပိုင်ဆိုင် နိုင်စရာ နည်းနည်း မရှိချေ။
“ မင်းသွား လို့ ရပြီ၊ ဒါပေမယ့် မင်းဆီက အရှုပ် တွေကို၊ ငါရှာ မတွေ့ မိပါ စေနဲ့၊ မဟုတ်ရင် ဘိုင်ရီတောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး။ ”
နှစ်ယောက်သား အခြေတင် စကားဆို နေစဉ် မှာပင်၊ လှေ ကြမ်းပြင် တစ်ခုလုံး ယိမ်းထိုး သွား၏။
လင်းယွန်က လှည့်ကြည့် လိုက်သော အခါ၊ သွေးတောင်ပံ တံဆိပ် တစ်ခုကို အလံ လွှင့်ထူ ထားသည့်၊ လှေတစ်စင်း အနား ကပ်လာ သည်အား၊ တွေ့လိုက် ရသည်။
ငယ်ရွယ်သော ကျင့်ကြံသူ အများ အပြားက၊ ကုန်းပတ် ပေါ်တွင်၊ ရပ်လျက် သူတို့ထံ လှမ်းကြည့် နေကြ၏။
သူတို့ ခန္ဓာ ကိုယ်မှ ရုန့်ကြမ်းသော အရှိန် အဝါများ ယိုစိမ့် နေပေသည်။
“ သွေးတောင်ပံ ခန်းမ။ ”
လျူယွမ်ယန်၏ မျက်နှာမှာ၊ လေးနက် သွားပြီး၊ ချက်ချင်းပင် ရှေ့သို့ လှမ်းတက် သွား၏။
“ တကယ်ပဲ သွေးတောင်ပံ ခန်းမပဲ။ ”
“ သူတို့က ပိုးမွှား တွေလို ၊ အရမ်း အနှောက် အယှက် ပေးလွန်းတယ်။ ”
ကောင်းကင် ပြည်နယ် အကယ်ဒမီ ၏ တပည့်များ အားလုံးမှာ၊ လေးနက်သော အသွင် အပြင်ကို ထုတ်ဖော် လာကြသည်။
“ သူတို့က ဘယ်သူ တွေလဲ။ ”
လင်းယွန်က ဘိုင်ရီ အနား၊ တိုးကပ် သွားပြီး မေးလိုက်သည်။
ကြက်သွေးရောင် ၀တ်ရုံကို ၀တ်ဆင် ထားသည့် လူငယ် တစ်ဦးက၊ လှေပေါ်တွင် မတ်တပ် ရပ်လျက်၊ အနေ အထားဖြင့် နှုတ်ခမ်း ပေါ်၌၊ အပြုံး တစ်ပွင့် ချိတ်ဆွဲ ထား၏။
“ သူတို့က သွေးတောင်ပံ ခန်းမပဲ၊ အဲ့ဒီ ကြက်သွေးရောင် ဝတ်ထားတဲ့ သူက၊ သွေးတောင်ပံ ခန်းမရဲ့၊ တပည့် ပန်ယွဲ့၊ သူ့ရဲ့ ကျင့်ကြံ မှုက ကနဦး ယင် အဆင့်မှာ ရှိတယ်၊ ... ”
“ ... ငါတို့နဲ့ အမြဲတမ်း ဆိုးရွားတဲ့ ဆက်ဆံရေး ရှိတယ်၊ ကြည့်ရတာ ငါတို့တော့ ဒုက္ခ ရောက်ပြီ ထင်တယ်။ ”
ဘိုင်ရီက ညည်းတွား လိုက်သော ကြောင့်၊ လင်းယွန်က ခေါင်းငြိမ့် လိုက်သည်။
ပန်ယွဲ့ကို အနည်း ငယ်သာ ကဲခတ် လိုက်ပြီး၊ သူ့ အကြည့်အား အခြား တစ်ယောက်ထံ လွှဲယူ မိသည်။
ပန်ယွဲ့ နောက်တွင် အဖြူ တစ်ဝက် ၊ အမည်း တစ်ဝက် မျက်နှာကို ဖုံးစွပ် ထားသော၊ အနက်ဝတ် လူတစ်ယောက် ရပ်နေ၏။
ဓားသမား တစ်ယောက်၏ ထက်ရှသော အာရုံ ကြောင့်သာ မဟုတ် ပါက၊ လင်းယွန် အနေဖြင့်၊ ထိုလူကို သတိထား မိမည် မဟုတ်ပေ။
“ လျူယွမ်ယန် မင်းက အရမ်း မြန်လွန်း တယ်၊ ငါ မင်းကို မျက်ခြေ ပျက်လု နီးနီးပဲ။ ”
ပန်ယွဲ့က ဖော်ရွေစွာ ပြုံးလျက်၊ နှုတ်ဆက် လာ၏။
“ မင်း ငါ့ကို လိုက်မှီ တော့ရော ဘာဖြစ်လဲ၊ အပြာရောင် မီး ကြာပန်းကို၊ လက်ဝယ် ရပြီးမှ စကား ဆက်ပြော ကြရအောင်။ ”
“ ကောင်းပြီ ... ဒါဆိုလည်း ကြည့် ရအောင်။ ”
ပန်ယွဲ့က မျက်လုံးများ မှေးကျဉ်း လာသည် အထိ၊ ပြုံးပြ လိုက်ပြီး လှေကို အရှိန် မြှင့်လိုက်ရာ၊ လူတိုင်း၏ မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ် သွားတော့သည်။
သို့သော် ၎င်းတို့၏ အသွင် အပြင်က၊ နှလုံး သားကို ဖုံးလွှမ်း သွားသော၊ တိမ်ညို မည်းများ ကဲ့သို့၊ လူတိုင်း၏ ရင်၌ ကျန်ရစ် ခဲ့လေသည်။
ခရီး စဉ်မှာ လွယ်ကူ ချောမွေ့ တော့မည် မဟုတ် ကြောင်း၊ ခန့်မှန်း နိုင်သည်။
များမကြာမီ လူတိုင်း လှေပေါ်မှ ဆင်းသက် ကာ၊ ခြေလျင် ခရီးစဉ်ကို စတင်ရန်၊ ပြင်ဆင် လာ ကြသည်။
တောအုပ်ထဲ သွားရာ လမ်းတွင်၊ သတိ မပြတ်ရဲ ကြပေ။ တောအုပ် အတွင်း တဖြည်းဖြည်း နက်ရှိုင်း လာသည် နှင့်အမျှ၊ နတ်ဆိုး သားရဲ များကို ပို၍ တွေ့မြင် လာရသည်။
သို့သော် ထိုနတ်ဆိုး သားရဲ များ အပေါ်၊ ကိုင်တွယ် ရန်မှာ အတော်ပင် လွယ်ကူ၏။
ပတ်ဝန်း ကျင်၌ အလင်းရောင် မပျောက်မီ၊ လျူယွမ်ယန်က ညအတွက် စခန်း ချရန်၊ နေရာကို ရွေးချယ် ခဲ့သည်။
လင်းယွန်က အိုမင်း နေသည့်၊ သစ်ပင်ကြီး တစ်ပင်ကို မှီကာ၊ ကိုယ်စီ ကိုယ်ငှ အလုပ်ရှုပ် နေသာ လူအုပ် ကြီးထံ၊ ငေးကြည့် နေလိုက် သည်။
အချို့သော တပည့် များက၊ ခုခံ ကာကွယ်ရန် အတွက်၊ ပတ်၀န်း ကျင်တွင် အစီရင်များ ခင်းကျင်း နေကြ၏။
လျူယွမ်ယန် အနေဖြင့်၊ အထက်ပါ ကာကွယ်ရေး အလွှာ များကို အထပ်ထပ် စစ်ဆေး၊ ညွှန်ကြား နေခဲ့သည်။
သူမ၏ ဦးဆောင်မှု အောက်တွင်၊ ချောမွေ့စွာ အကောင် အထည် ပေါ်လာ၏။
၎င်းတွင် အရည် အချင်း ရှိကြောင်း၊ ငြင်းမရ သော်လည်း၊ သူ့အပေါ် သဘော မကျမှန်း ခံစား မိသော ကြောင့်၊ လင်းယွန်က ကူညီရန် စိတ်မဝင် စားမိပေ။
ဒဏ်ရာများ ပျောက်ကင်း လုနီးပါး ဖြစ်လာ ပြီးနောက်၊ မူလ စွမ်းအင်၏ (၇၀%) ကို ပြောင်းလဲ ထားနိုင်သည်။
(၁၀၀%)သာ ပြောင်းလဲ ပြီးပါက၊ အလယ် အလတ် ယင် အဆင့်၊ ကျွမ်းကျင် သူများနှင့်၊ ရင်ဆိုင် ရာတွင်၊ အနိုင် ရရန် (၅၀%) အခွင့် အရေး ရှိပေမည်။
သို့သော် ယင်းကို ပြီးမြောက်ရန်၊ အရင်း အမြစ် လိုအပ် ပေ၏။ သူ့တွင် တတိယတန်း ဝိညာဉ် ကျောက်စိမ်း အလုံ အလောက် သာရှိ ပါလျှင်၊ ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်း နိုင်ရုံသာ မက၊ မူလ စွမ်းအင်များ ကိုလည်း၊ အပြီးသတ် ပြောင်းလဲ နိုင်မည် ဖြစ်သည်။
“ အစ်ကိုလင်း။ ”
ရုတ်တရက် ဘိုရီက သူ့တဲ ထဲက ထွက်လာပြီး၊ လင်းယွန်ကို အပြုံးဖြင့် လှမ်းခေါ် လိုက်၏။
“ ဒီကို ခဏလောက် လာပါဦး။ ”
“ မင်း ဘာလုပ်ဖို့ ကြိုးစား နေတာလဲ။ ”
လင်းယွန်က စိတ်ရှုပ် ထွေးသွားပြီး၊ နှာခေါင်းကို လက်ညိုးဖြင့် ပွတ်လိုက်သည်။
အခြားသော သူများက ကိစ္စ ကြီးငယ် များနှင့်၊ အလုပ်ရှုပ် နေကာ၊ သူတို့ကို ဘယ်သူမှ သတိ မထား မိကြပေ။
“ ဒီမှာ .... ”
ဘိုင်ရီက တတိယတန်း ဝိညာဉ် ကျောက်စိမ်း များကို ကမ်းပေး လာသည်။ အရေ အတွက်၊ အနည်းဆုံး ခုနစ် ဆယ်ခန့် ရှိပေမည်။
“ ဒါက …”
“ လွန်ခဲ့တဲ့ ရက်တွေက၊ အကို လင်း ကျင့်ကြံ နေတာကို ငါတွေ့တယ်၊ မင်းရဲ့ ခွန်အားတွေ ပြန်ရဖို့ ကြိုးစား နေတာ မဟုတ်လား၊ ... ”
“ ... မင်းရဲ့ ဒဏ်ရာက ပြင်းထန်တဲ့ အတွက်၊ ပြန်ကောင်း လာဖို့ ခဲယဉ်း တယ်လို့၊ အစ်မ လျူက ပြောဖူးတယ်၊ ငါ မင်းကို မကူညီ နိုင်ဘူး၊ ဒါပေမယ့် ဒီဝိညာဉ် ကျောက်စိမ်း တွေကိုတော့ ပေးနိုင် ပါသေးတယ်။ ”
စိတ်မကောင်း ဟန်ဖြင့် ဆိုလာသော ဘိုင်ရီကြောင့်၊ နှာခေါင်း ယားလာ သလို ခံစား လိုက်ရပြီး၊ ကူကယ်ရာ မဲ့စွာ ပြုံးလိုက်၏။
“ မင်းရဲ့ စီနီယာ အစ်မက၊ ငါ ‘ဆွံ့အ’ နေပြီလို့ ပြောတယ် မဟုတ်လား၊ ဒါကို မင်းက ဘာလို့ ဝိညာဉ် ကျောက်စိမ်းတွေ ဒီလောက် အများကြီး ပေးရ တာလဲ၊ ဖြုန်းတီးရာ မကျ ဖူးလား။ ”
“ ဘာလို့ ဖြန်းတီးရာ ကျရ မှာလဲ၊ ဒါတွေက အစ်ကို လင်းရဲ့ ခွန်အား ပြန်ရဖို့၊ မကူညီ နိုင်ရင် တောင်၊ ခန္ဓာ ကိုယ် အတွက် အာဟာရ ဖြည့်ပေး နိုင်ပါ သေးတယ်။ ”
ဘိုင်ရီက ဝိညာဉ် ကျောက်စိမ်း များကို လင်းယွန် ထံသို့ အတင်း အကျပ် လွှဲပေးကာ၊ သူမ၏ သိုလှောင် အိတ်ကို လှုပ်ခါ ပြလျက်၊
“ ငါ့မှာ နောက်ထပ် ရှိသေးတယ်၊ အကယ် ဒမီက ပေးခဲ့တဲ့၊ ဝိညာဉ် ကျောက်စိမ်း တော်တော် များများကို စုထားတာ။ ”
“ ကျေးဇူး တင်ပါတယ်။ ”
လင်းယွန် အနေဖြင့် ၎င်းတို့ကို အရေး တကြီး လိုအပ် သောကြောင့်၊ နောက်ဆုံးတွင် လက်ခံ လိုက်၏။
“ ငါ့ကို ကျေးဇူးတင် နေစရာ မလို ပါဘူး၊ အစ်ကို လင်းရဲ့ ခွန်အားတွေ ပြန်ရရင်၊ ငါလည်း ပျော်ပါတယ်။ ”
ဘိုင်ရီက သူမ လက်ကို ဝှေ့ယမ်းလျက်၊ မျက်နှာ နီနီဖြင့် ဆိုသည်။
ဘိုင်ရီ ထံမှ ပြန်ထွက်လာ ပြီးနောက်၊ သိုလှောင်အိတ်ကို ကြည့်ကာ၊ စိတ်ခံစား မှုများ ပြည့်နှက် လာတော့၏။
“ အဲဒီ ကောင်မလေးက သူ ဘယ်လောက် အထိ၊ ကူညီ ပေးမိမှန်း မသိဘူး၊ ဒီည ဒါကို သန့်စင်ဖို့ အာရုံစိုက် ရမယ်။”
ချောင်ကျကျ ထောင့် တစ်နေရာကို ရှာဖွေပြီး၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း များအား၊ စတင် သန့်စင် တော့သည်။
ဓားသုတ္တန်ကို ဖြန့်ကျက်ကာ၊ သူ့ ခန္ဓာကိုယ် ထဲသို့၊ စီးဝင် လာသော ဝိညာဉ် စွမ်းအင် များအား၊ အငမ်း မရ စုပ်ယူ ပစ်လိုက်၏။
ခဏ အကြာတွင် ကျေနပ် စရာ ကောင်းသော ခံစား ချက်များ၊ သူ့ ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့ လာသည်။
နက်နဲ သွေးပြန်ကြော များမှာ၊ မြင်သာသော အဟုန်ဖြင့် ပြန်လည် ကောင်းမွန် နေ၏။
ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာ ကိုယ်သည် ယခု အခါ၌၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း များစွာဖြင့်၊ အနာ ကျက်နှုန်းကို မြှင့်တင် နိုင်ခဲ့သည်။
သို့သော် သူ၏ ရည်မှန်း ချက်မှာ၊ ဒဏ်ရာ များ ပြန်လည် ကောင်းမွန် လာရုံနှင့် မရပ်တန့် ခဲ့ပေ။
ဝိညာဉ် ကျောက်စိမ်း အားလုံးကို အသုံး ပြုကာ၊ မူလ စွမ်းအင် များအား ဓားစွမ်းအင် အဖြစ်သို့ ပြောင်းလဲ လိုသည်။
နာရီဝက် အကြာ၌ လင်းယွန်၏ မျက်လုံးများ ပြန်ပွင့် လာ၏။ ဝိညာဉ် ကျောက်စိမ်း အားလုံးကို သန့်စင် ထားသော ကြောင့်၊ သူ့ မျက်လုံး များမှာ၊ အမှောင် ထဲတွင် တောက်ပ နေသည်။
အခြား တစ်ဖက်၌ တတိယတန်း ဝိညာဉ် ကျောက်စိမ်း (၇၀)မှာ၊ ပြာ အဖြစ် ပြောင်းလဲ ခံလိုက် ရသည်။
“ နည်းနည်း လိုသေးတယ် … ”
ဝိညာဉ် ကျောက်စိမ်း အားလုံးကို ကုန်ဆုံး ပြီးနောက် တွင်ပင်၊ မူလ စွမ်းအင် (၉၀%) သာ၊ ပြောင်းလဲ နိုင်ခဲ့သည်။
ယခု အချိန်၌ အလယ် အလတ် ယင် အဆင့် ကျွမ်းကျင် သူနှင့်၊ ရင်ဆိုင် ရပါက၊ ထိတ်လန့် နေစရာ မလို တော့ကြောင်း၊ သူ သိသည်။
ကနဦး ယင်အဆင့် ကျွမ်းကျင် သူများ အတွက်မူ၊ ဆိုဖွယ် မရှိ တော့ချေ။
ထို့အပြင် ဒဏ်ရာများ အပြည့် အဝ ပြန်ကောင်း လာသည့် အတွက်၊ ပို၍ပင် ဝမ်းသာ မိ၏။
အထွတ် အထိပ် ခွန်အားမျိုး ပြန်လည် ရရှိ လာသည့် အပြင်၊ သူ၏ ခွန်အားမှာ၊ အဆင့်သစ် တစ်ခုသို့ ရောက်ရှိ သွားခဲ့သည်။
လက်သီး ဆုပ်လိုက် ချိန်တွင်၊ ခန္ဓာကိုယ် တစ်လျှောက် စီးဆင်း လာသော၊ စွမ်းအား များကို သူ ခံစား နိုင်၏။
ရုတ်တရက် လင်းယွန်၏ မျက်လုံးများ မှေးစင်း သွားပြီး၊ ရှေ့တူ ရှုသို့ လှမ်းကြည့် လိုက်သည်။
ထိုဦး တည်ရာ အရပ် ဆီမှ၊ ကြမ်းကြုတ်သော အရှိန် အဝါများ ထွက်ပေါ် လာပြီး၊ ည၏ တိတ်ဆိတ် မှုကို၊ အနှောင့် အယှက် ပေးလာ တော့သည်။
ယင်းကြောင့် ကောင်းကင် ပြည်နယ် အကယ်ဒမီ၏ တပည့်များ လန့်နိုး လာပြီး၊ မျက်နှာများ ပြောင်းလဲ သွားရသည်။
“ နတ်ဆိုး သားရဲတွေ .... နတ်ဆိုး သားရေတွေေ။ ”
တစ်စုံ တစ်ယောက်မှ ထိတ်လန့် တကြား အော်ဟစ် သံက၊ လူတိုင်းကို ချက်ခြင်း လှုပ်နှိုး လိုက်သည်။
“ ဖြစ်ချိန် တန်ရင် ဖြစ်လာမှာ ပါပဲ။ ”
ဘိုင်ရီ အိပ်နေသော တဲကို လှမ်းကြည့် လိုက်ပြီး၊ လင်းယွန်က လေးနက်စွာ ရေရွတ် လိုက်သည်။
ဤလူ တစ်စု၏ သေဆုံးခြင်း အပေါ်၊ ဂရု မစိုက် လှ သော်လည်း၊ ဘိုင်ရီ ကိုမူ ကာကွယ် ရပေမည်။
***