← Chapters

ကောင်းပြီ။

Vol. 35 Ch. 487

ကောင်းပြီ။

Vol. 35 Ch. 487

ကြောက်မက် ဖွယ်ရာ ဟိန်းဟောက် သံများက တိတ်ဆိတ်သော ညကို ချိုးဖျက်ပစ် လိုက်သည်။

တောင်တန်း တစ်ခု လုံးတွင်၊ ထူးဆန်းသော ရောင်ဝါများ ဖုံးလွှမ်း လာပြီး၊ မရေ မတွက် နိုင်သော ကြက်သွေးရောင် မျက်လုံး များက၊ တရွေ့ရွေ့ ချည်းကပ်လာ သည်ကို၊ အမှောင် ထဲ၌ ပြက်ထင်စွာ လှမ်းမြင် နေရသည်။

သိပ်မကြာ ခင်မှာပင်၊ ဆိုပါအ သားရဲ များက ကမ္ဘာတုန် လုလု၊ တိုက်ခိုက် မှုကို စတင် လာတော့ ၏။

“ သတိ ထား .... ”

တုန်ယင် လာသော မြေပြင်ကို ငုံ့ကြည့်ကာ၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့် များက၊ သဘာဝ အတိုင်း ထိတ်လန့် သွားသည်။

များမကြာ မီတွင်၊ နတ်ဆိုး သားရဲ များ၏ ခြေသည်းများ အောက်၌၊ ခန္ဓာများ ကြွေပျက် ကုန်၏။

ဆူပူ အုံကြွမှုကြောင့် လူတိုင်းက သူတို့၏ ယာယီ တဲများ အတွင်းမှ ထွက်ကာ၊ ထိုမြင်ကွင်အား မှင်တက်စွာ ငေးကြည့် မိလိုက် ကြသည်။

“ ဒါ … ဒါက ကြမ်းကြုတ် လွန်းတဲ့၊ သံမဏိ ကြွက် သားရဲ တွေပဲ။ ”

သုံးမီတာ ခန့် ရှည်လျားသော ကြွက်ကြီးကို ကြည့်ကာ၊ လျူယွမ်ယန်၏ မျက်နှာက အေးစက် သွားသည်။

ကြမ်းကြုတ် လွန်းသော သံမဏိ ကြွက် သားရဲ များသည်၊ နက်နဲ အဌမ အဆင့် တွင်သာ ရှိသော်လည်း၊ ၎င်းတို့တွင် ထက်မြသော ခြေသည်း များနှင့်၊ ခုခံ ကာကွယ်ရေး မြင့်မားသော၊ အမွေး ထူထူများ ပိုင်ဆိုင် ထားပေသည်။

သူတို့မှာ အုပ်စုဖွဲ့ သွားလာ လှုပ်ရှား တက်ကြ သောကြောင့် ကိုင်တွယ်ရ ခက်၏။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

“ ဒီကြွက် တွေက ဘာလို့၊ ငါတို့ကို အကြောင်း ပြချက် မရှိဘဲ၊ တိုက်ခိုက် ရတာလဲ ...။ ”

“ မဟုတ် သေးဘူး၊ သူတို့ တွေက အရမ်းများ လွန်တယ်။ ”

တပည့် များစွာ ထိတ်လန့် စပြုလာ သဖြင့်၊ မြင်ကွင်းက ကမောက် ကမ ဖြစ်လာသည်။

သို့သော် ထိုအချိန် မှာပင်၊ လေထု ထဲ၌ အားကောင်းသော အရှန် အဝါ တစ်ခု ထွက်ပေါ် လာ၏။

ယင်းမှာ လျူယွမ်ယန် ထံမှ ထွက်ပေါ် လာခြင်း ဖြစ်သည်။ ကနဦး ယင် အဆင့်၊ အရှိန် အဝါမှာ၊ ကြမ်းကြုတ်သော သံမဏိ ကြွက် သားရဲ များ၏ တိုက်ခိုက် လာမှုကို၊ ခဏတာ ရပ်တန့် သွားစေ ခဲ့သည်။

“ သေ စမ်း ... ။ ”

အေးစက်သော အလင်းတန်း တစ်ခု တောက်ပ လာပြီး၊ သူမ၏ ဓားကို ဆွဲထုတ် လိုက်၏။

ကြမ်းကြုတ်သော သံမဏိ ကြွက် အများ အပြားကို နှစ်ပိုင်း ခွဲရန်၊ သူမ အတွက် ဓား တစ်ချက်သာ လွှဲခဲ့သည်။

“ ထိတ်လန့် မနေ ကြနဲ့၊ စီနီယာ အစ်မလျူ ရှိနေ မှတော့၊ ဒီအရိုင်း အစိုင်း ကြွက်စုတ် တေွကို စိုးရိမ် စရာ မလို တော့ဘူး။ ”

လျူယွမ်ယန်၏ ပြတ်ပြတ် သားသား လုပ်ရပ်သည်၊ လူတိုင်း၏ စိတ်ခံစား မှုကို ငြိမ်သက် သွားစေ ခဲ့သည်။

ချက်ချင်းပင် တပည့် များက၊ သူတို့ရဲ့ တိုက်ခိုက် မှုကို စတင် လိုက်ကြသည်။

ပြောင်းလဲ သွားသော တိုက်ပွဲ မြင်ကွင်းကို လင်းယွန်က အေးဆေးစွာ ကြည့်နေ မိ၏။

တိုက်ပွဲ တစ်ခုလုံး ရှုပ်ပွနေ သော်လည်း၊ လျူယွမ်ယန် လှုပ်ရှား လိုက်သည်နှင့်၊ အခြေ အနေက အနည်းငယ် ငြိမ်သက် သွားသည်။

သို့သော် ဤမှှျ လွယ်ကူသော တိုက်ပွဲမျိုး ဖြစ်လာမည် မဟုတ်ပေ။

နောက်ဆုံးတွင်၊ ၎င်းတို့ထက် သုံးဆခန့် ပိုများသော သားရဲ များအား ရင်ဆိုင် ရခြင်းမှာ၊ သေခြင်း တရားကို အနှေးနှင့်၊ အမြန် ကြုံတွေ့ ရပေ လိမ့်မည်။

သားရဲ များနှင့် ပတ်သက်ပြီး၊ မူ မမှန်သော တစ်စုံ တစ်ရာ ရှိနိုင်သည်။

( အဲဒီလူ များလား။ )

နေ့ခင်းက သူမြင် ခဲ့ရသော မျက်နှာ ဖုံးစွပ် လူရွယ်ကို သတိရ သွားသည်။ တစ်ချိန် တည်းမှာပင်၊ လုစီယင်ကို ရှာဖွေ လိုက်မိ၏။

တိုက်ပွဲ တစ်နေရာ၌ ပန်း သင်္ချိုင်း ဓားဖြင့်၊ သံမဏိ ကြွက် များစွာကို တိုက်ခိုက် နေသော၊ သူမအား တွေ့မြင် ခဲ့သည်။

သူမ၏ ကျင့်ကြံ မှုမှာ၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်ပယ်တွင် ရှိနေ သောကြောင့်၊ သားရဲ များနှင့် ရင်ဆိုင် ရာ၌၊ ထိတ်လန့်ခြင်း မရှိ ခဲ့ပေ။

သို့သော် သူမ အနေဖြင့်၊ ပန်း သင်္ချိုင်း ဓားကို စိတ်ရှုပ် ထွေးစွာ ပြန်ပြန် ငုံ့ကြည့် နေတက်သည်။

စကြာ ဝဠာ လက်ရာဖြင့်၊ နှိုင်းယှဉ် နိုင်သော ဤဓားသည် သူ့လက် ထဲ၌ သာမန် လက်နက်နှင့် မခြား ခဲ့ပေ။

စွမ်းအားကို မမြှင့်တင် ပေးနိုင် သည့် အပြင်၊ ကြီးမားသော အနှောင့် အယှက် အဖြစ်၊ ခံစား လာရ၏။

ထို့ကြောင့် နှုတ်ခမ်း များကို လှုပ်ကာ၊ ကျိန်စာတိုက် လိုက်မိသည်။

“ မင်း မကြာခင် အဆင်ပြေ လာမှာပါ။ ”

ထိုမြင်ကွင်းကို ကြည့်ကာ၊ လင်းယွန်က ပြုံးလျက် ရေရွတ် လေသည်။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

ဘိုင်ရီက ယာယီတဲ အတွင်းမှ ခေါင်းပြူ ထွက်လာပြီး၊ နဝေ တိန်တောင်ဖြင့်၊ ရေရွတ် လိုက်သည်။

စောင့်ကြို နေသော တိုက်ပွဲ မြင်ကွင်း ကြောင့်၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားရ၏။

ရုတ်တရက် တုန်လှုပ် သွားသော်လည်း၊ ကြွက် များကို ရဲဝံ့စွာ သတ်ဖြတ် နေသော လျူယွမ်ယန်ကို လှမ်းကြည့်ကာ၊ မူလ စွမ်းအင်များ ဖြန့်ကျက် လိုက်ပြီး၊ တိုက်ပွဲ အတွင်းသို့ ပြေးဝင် လိုက်သည်။

သို့သော် သူမ လှုပ်ရှား လိုက်ချိန် မှာပင်၊ ကြွက် တစ်ကောင်က လှမ်းကုပ် လာခဲ့၏။

ရုတ်တရက် ငွေရောင် အလင်းတန်း တစ်ခု ပျံသန်း လာပြီး၊ ယင်းကြွက် ခေါင်းကို ထိုးဖောက် ဝင်ရောက် သွားသည်။

သွေးများ ပန်းထွက် လာကာ၊ မြေပြင်ပေါ် ပြုတ်ကျ ချိန်၌ အသက်ပျောက် သွားတော့၏။

ဘိုင်ရီအား ဒုက္ခ ပေးရန် ကြံရွယ် လာသော ကြွက်မှာ၊ လင်းယွန်၏ လက်ချက် ကြောင့်၊ ချက်ချင်း သေဆုံး သွားရသည်။

ဓား ရည်ရွယ် ချက်မှာ၊ တိုက်ခိုက် ရန်သာ သိသော နတ်ဆိုး သားရဲများ အပေါ်၊ များစွာ ထိရောက် ပေ၏။

ကြမ်းကြုတ်သော သံမဏိ ကြွက်၏ ရုတ်တရက် သေဆုံး မှုကြောင့်၊ ဘိုင်ရီက ခေတ္တမျှ အံ့အား သင့်သွားသည်။

သို့သော် တိုက်ပွဲ အတွင်း မငြိမ် မသက်မှု များက၊ အထွတ် အထိပ်သို့ ရောက်ရှိ နေသော ကြောင့်၊ ဘာဖြစ် ခဲ့မှန်း သူ မသိ လိုက်ပေ။

တစ်ချိန် တည်းမှာပင်၊ မီးတောက် နှစ်စ ကဲ့သို့ နီရဲ စူးရှ နေသော မျက်လုံး များက၊ ကြက်သွေးရောင် အလင်းများ တောက်ပ လာပြီး၊ နတ်ဆိုး သားရဲ များကို ပို၍ပင် ကြမ်းတမ်း လာစေ၏။

ယင်းမှာ တစ်စုံ တစ်ရာ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေ သကဲ့သို့၊ ထိုမျက်လုံး များတွင် မရေ ရာသော တံဆိပ်များ၊ ထင်ဟပ် နေလေသည်။

ရူးမိုက်သော တိုက်ခိုက်မှု များကြောင့်၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ၏ တပည့် များက၊ သူတို့ကို ခက်ခက် ခဲခဲ ခုခံ လာရ တော့သည်။

လျူယွမ်ယန်၏ မျက်နှာတွင်၊ ဆိုးရွားသော ခံစား ချက်များ ထင်ဟပ် လာ၏။

သူမ၏ အရှိန် အဝါ ဖြင့်ပင်၊ နတ်ဆိုး သားရဲများ အပေါ် မဟန့်တား နိုင်သောကြောင့်၊ နားမလည် နိုင်အောင် ဖြစ်လာ ရသည်။

ရုတ်တရက် ပန်ယွဲ့၏ လျှို့ဝှက်သော အပြုံးကို၊ ပြန်သတိ ရလာ မိ၏။

“ သွေးတောင်ပံ ခန်းမ။ ”

အပြာရောင် မီးကြာပန်း ရယူ ရာတွင်၊ သူ့အား တားဆီးရန် ကြိုးပမ်း လာနိုင် သူများမှာ၊ သွေးတောင်ပံ ခန်းမသာ ရှိပေမည်။

၎င်းကို မှန်းဆ နိုင်သော်လည်း၊ ဤအခြေ အနေဖြင့် ပတ်သတ်ပြီး၊ ရန်သူမှာ မည်သည့် နေရာမှ ထိန်းချုပ် နေမှန်း မသိ သောကြောင့်၊ သူလုပ် နိုင်စရာ နည်းလမ်း မရှိချေ။

တစ်ချိန် တည်းမှာပင်၊ ကြွက် ဆယ်ကောင်ခန့် ဘိုင်ရီထံ တိုးဝင် လာသည်။

ဘိုင်ရီက ယင်းကို လျစ်လျူရှု လိုက်ပြီး၊ လျူယွမ်ယန် အနား ရူးမိုက်စွာ၊ တိုးသွား နေဆဲ ဖြစ်သည်။

ခြေလှမ်း အနည်းငယ် လှမ်းလိုက်တိုင်း၊ အန္တရာယ် ဖြစ်ရန်၊ ရာခိုင်နှုန်း ပို၍ မြင့်မား လာ၏။

“ ဘယ်လိုတောင် ... မိုက်မဲ လိုက်လဲ။ ”

ထိုမြင်ကွင်း ကြောင့်၊ လင်းယွန်က ငေါက်ဆတ်ဆတ် ရေရွတ် လိုက်ပြီး၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို၊ ထုတ်ဖော်ကာ ပြေးလွှား သွားမိသည်။

အနည်းငယ် ထူးဆန်းသော သံမဏိ ကြွက် ဆယ်ကောင်ကို မြင်သော အခါတွင်၊ သူ၏ မျက်လုံး များက၊ အေးစက်စွာ တောက်ပ လာပြီး၊ လက်ချောင်း များအား တောက်ထုတ် လိုက်၏။

လက်ညိုး ထိုးခံ လိုက်ရသည့်၊ သားရဲ တိုင်း၏ ဦးခေါင်းတွင်၊ စူးရှသော ထိုးသွင်းရာ တစ်ချက် ဖြစ်ပေါ် လာကာ၊ ချက်ချင်း သေဆုံး သွားသည်။

“ အစ်ကို လင်း ... ။ ”

ဘိုင်ရီက ဝမ်းသာ သွားသည်။ အလျင် အမြန် ပြန်လှည့် ပြေးလာပြီး၊ လင်းယွန်၏ ဝတ်ရုံ အစွန်းကို ဆုပ်ကိုင် လိုက်၏။

“ နောက်ဆုံးတော့ မင်းကြောက် ရမှန်း သိလာပြီ။ ”

လင်းယွန်က ခပ်ငေါက်ငေါက် ပြုံးကာ၊ ဆိုလိုက်သည်။

ယင်းကြောင့်၊ အနည်းငယ် ရှက်ရွံ့ မိ သော်လည်း၊ ချက်ချင်းပင် တစ်စုံ တစ်ရာကို သတိ ရသွား ဟန်ဖြင့်၊ ရွှင်မြူး လာကာ၊

“ အစ်ကို လင်း၊ မင်းရဲ့ ခွန်အားတွေ ပြန်ရ လာပြီလား။ ”

“ ထင် ရ တာ ပဲ။ ”

လင်းယွန်က ပြုံးကာ ပြန်ဖြေ လိုက်သည်။ သူ့ ခွန်အားကို ပြန်လည် ရရှိခဲ့ သော်လည်း၊ ပန်း သင်္ချိုင်း ဓား မပါဘဲ၊ အထွတ် အထိပ် ခွန်အား မျိုး၊ မပြသ နိုင်ပေ။

“ ဟုတ် ပြီ ... ။ ”

ဘိုင်ရီ၏ မျက်လုံး များတွင်၊ ကြယ်ရောင် များဖြင့် တောက်ပ လာသည်။

သံမဏိ ကြွက်များ သေဆုံး သွားပုံကို၊ ပြန်လည် သတိရ သွားကာ၊ ညစ်ကျယ် ကျယ်ဖြင့် လင်းယွန်အား မော့ကြည့် လိုက်၏။

“ ဒီ ကောင် မလေး ....။ ”

အစ်ကိုလင်း၏ ခွန်အားသည်၊ အစ်မ လျူနှင့် ယှဉ်နိုင် နေပြီ ဖြစ်သည်။ အစ်မလျူ ဆိုသည်မှာ ဘိုင်ရီ ‘စံ’ ထားရသော၊ သူရဲကောင်း တစ်ယောက် ပေပင်။

“ အစ်ကိုလင်း ငါတို့ကို ကူညီ ပေးပါ လား။ ”

ပြုံးဖြဲဖြဲဖြင့် တောင်းဆို လိုက်သည်။ ကောင်းကင် ပြည်နယ် အကယ် ဒမီမှာ၊ အန္တရာယ် အတွင်း သက်ဆင်း နေပြီး၊ မကြာခင် ဆိုးရွားသော အကျိုး ဆက်များ၊ ရရှိ လာပေ တော့မည်။

သူမ၏ ဂိုဏ်းတူ မောင်နှစ်မ များက၊ လင်းယွန် အပါ် မည်သို့ ဆက်ဆံခဲ့ သည်ကို၊ ဘိုင်ရီ တစ်ယောက် မေ့သွား ပုံရ၏။။

ထို့ကြောင့် လင်းယွန်၏ ခွန်အားကို မြင်ပြီး နောက်တွင်၊ ၎င်းတို့အား ကူညီရန် တောင်းဆို လာသည်။

ကောင်းကင် ပြည်နယ် အကယ် ဒမီ၏၊ တပည့် တိုင်းက လင်းယွန် အပေါ်၊ မထီ မဲ့မြင် ပြုကာ၊ ဓားကျွန်ဟု နှိမ့်ချ ရှုမြင် ခဲ့ကြသည်။

ထို့ပြင် လုစီယင်က ပန်းသင်္ချိုင်း ဓားကို၊ လုယူ ထားခဲ့သည် သာမက၊ လျူယွမ်ယန် ပင်လျှင်၊ သူ့အား အထင် အမြင် သေးစွာ၊ ဆက်ဆံ လာ၏။

ထို့ကြောင့် ၎င်းတို့၏ အသက်နှင့် သေဆုံး ခြင်းမှာ၊ သူ့ အတွက် သက်ဆိုင်ခြင်း မရှိပေ။ ဘိုင်ရီ တစ်ဦးတည်း အတွက်သာ ခေါင်းထဲ ရှိပေသည်။

“ ... မင်း ဒီမှာပဲ နေပါ၊ တခြား ဘယ်ကိုမှ မသွားနဲ့၊ မင်းအန္တရာယ် ကင်းဖို့ ငါ အာမခံ ပါတယ်။ ”

“ ငါ့ရဲ့ ဂိုဏ်းတူ မောင်နှစ်မ တွေက၊ အစ်ကိုလင်း အပေါ် မကောင်း ခဲ့တာ ငါ သိပါတယ်၊ အစ်မ စီယင် ဆိုရင် အစ်ကို လင်းရဲ့ ဓားကိုတောင် လုယူ ထားခဲ့တယ်၊ ... ”

“ ... ဒါကြောင့် မကူညီလည်း အစ်ကိုလင်း သဘောပါ၊ ဒါပေမယ့် စီနီယာ အစ်မလျူက ငါ့ကို ကောင်းကောင်း ဆက်ဆံ ခဲ့တဲ့ အတွက်၊ ဒီမှာတော့ ဆက်မနေ နိုင်ဘူး၊ ငါသွား ရလိမ့်မယ်။ ”

နှုတ်ခမ်းကို ကိုက်ကာ၊ လှည့်ထွက် သွားသော ဘိုင်ရီကြောင့်၊ လင်းယွန်က သူ့ နဖူးကို လက်မဖြင့် ဖိနှိပ် လိုက်ပြီး၊

“ ကောင်းပြီ၊ ငါမင်းကို ဒီတစ်ခါ ကူညီ လိုက်မယ်၊ ဒါပေမယ့် မင်းဒီမှာ ဆက်နေဖို့ ကတိ ပေးရမယ်။ ”

“ ငါသိတယ်၊ အစ်ကို လင်းက လူကောင်း တစ်ယောက်မို့၊ သေချာပေါက် ကူညီ ပေးမယ် ဆိုတာကို၊ ... ”

ဘိုင်ရီက ဝမ်းသာ အားရ ရေရွတ် လိုက်ပြီး၊ လင်းယွန်အား ပြန်လှည့် ပြုံးပြ လိုက်သည်။

“ ကတိ ပေးတယ် ငါ ဒီမှာပဲ နေမယ်။ ”

အစ်ကို လင်းမှာ သူယူဆ ထား သကဲ့သို့၊ လူကောင်း တစ်ယောက် ဖြစ်သည် သာမက၊ ကူညီချင် စိတ်ပါရှိ သောကြောင့်၊ ဘိုင်ရီ အနေဖြင့် ဝမ်းသာ ရပေသည်။

ပြောင်းလဲ သွားသော ဘိုင်ရီ၏ အမူ အရာကို ကြည့်ကာ၊ ကူကယ်ရာ မဲ့စွာ ပြုံးလိုက် မိ၏။

လှည့်ကွက် အချို့ ကစား ခြင်းဖြင့်၊ သူမ အနိုင် ရသည်ဟု၊ ဤကလေးမ ထင်သွား ပုံရသည်။

လင်းယွန်၏ အကြည့် ကြောင့်၊ ဘိုင်ရီ တစ်ယောက် ရှက်ရွံ့ သွားပြီး၊ မျက်နှာ လွှဲလိုက် ရသည်။

“ ဒါနဲ့ အစ်ကို လင်းက၊ ဘယ်လို ကူညီ မှာလဲ။ ”

ထိုမေးခွန်းကို လင်းယွန်က ပြန်မဖြေ ဘဲ၊ မျက်ဝန်းများ မှိတ်ချ လိုက်ပြီး၊ ရှန်ရှင်း ဓားကို ဖြန့်ထုတ် လိုက်၏။

လေထု ထဲတွင် ထူးခြားသော၊ အတက် အကျ လှိုင်းများကို၊ ခံစား နိုင်သည်။

ခဏ အကြာတွင် မျက်ဝန်းများ ပြန်ပွင့် လာပြီး၊ ဤအခြေ အနေကို ဖြေရှင်းရန်၊ အနည်းငယ် စဉ်းစား လိုက်၏။

ပြီးနောက် ဘိုင်ရီကို မော့ကြည့်ကာ၊

“ ဒီမှာပဲ နာခံမှု ရှိရှိ နေခဲ့ဖို့၊ ငါ့ကို ကတိ ပေးပါ၊ မဟုတ်လို့ မင်းသာ တစ်ခုခု ဖြစ်သွားရင်၊ အားလုံးကို ငါသတ် ပစ်ရ လိမ့်မယ်။ ”

လေးနက်သော အကြည့် များက၊ ဘိုင်ရီကို အံ့အား သင့်စေ သော်လည်း၊ အဆုံးတွင် ခေါင်းကိုသာ ငုံ့ထား နိုင်ခဲ့သည်။

လင်းယွန် လှည့်ထွက် သွားချိန်တွင်၊ ဘိုင်ရီက ရုတ်တရက် တစ်စုံ တစ်ရာကို တွေးမိ သွားပြီး၊

“ ငါ ကတိ ပေးပါတယ်၊ ဒါ ... ဒါပေမယ့် အစ်ကို လင်းလည်း ဘေးကင်းစွာ ပြန်လာ ရမယ်။ ”

-ဟု တောင်းဆို လိုက်သည်။

တိုးညှင်းသော လေသံကြောင့်၊ လင်းယွန်က လှည့်ကြည့်ကာ ပြုံးပြသည်။ ထို့နောက်၊ အမှောင်ထု ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားတော့၏။

***

All Chapters