← Chapters

အစီရင်ကို ချိုးဖျက်ခြင်း။

Vol. 35 Ch. 488

အစီရင်ကို ချိုးဖျက်ခြင်း။

Vol. 35 Ch. 488

လင်းယွန်က သတိ လက်လွတ် မခံဝံ့ သောကြောင့်၊ လေးနက်သော အမူ အရာဖြင့် တောအုပ် အတွင်း ဖြတ်ပျံ လာခဲ့သည်။

အနည်းငယ် ပြေးလွှား လိုက်ပြီး၊ သစ်ကိုင်း တစ်ခု ပေါ်တွင်၊ ခဏ ရပ်နား လိုက်ကာ၊ မျက်လုံးများ မှိတ်ချ လိုက်၏။

မျက်လုံး မှိတ်လိုက်သော အခါတွင်၊ ဓား ရည်ရွယ် ချက်မှာ လွင့်ထွက် သွားပြီး၊ လေထဲရှိ ထူးခြားသော စွမ်းအင် များကို၊ နောက်တစ်ကြိမ် ထပ်မံ အာရုံခံ မိသည်။

အော်ဟစ် နေသော တစ္ဆေ ငိုညည်း သံများ ကဲ့သို့၊ ဂီတသံ ခပ်သဲ့သဲ့ ကြားလိုက် ရ၏။

“ အဲ့ဒီ မှာလား။ ”

မျက်လုံးများ ပြန်ဖွင့် လိုက်ပြီး၊ အသံထွက် နေသည့် လမ်းကြောင်းကို၊ မျှော်ကြည့် လိုက်သည်။

ဓားရည်ရွယ် ချက်က သူ့ကို လမ်းကြောင်း မှန်ပေါ် ညွှန်ပြ နေသည်ဟု ယုံကြည်၏။

ထို့ကြောင့် မဆိုင်း မတွဘဲ၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို ထုတ်ဖော်လျှက်၊ နောက်ဆက်တွဲ ပုံရိပ်များ၊ လေထဲ၌ ကျန်ရစ် စေခဲ့သည်။

ဂီတသံ အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာ သည်နှင့် အမျှ၊ ပို၍ ကြည်လင် ပြတ်သားစွာ ကြားလာ ရသည်။

တစ်စုံ တစ်ယောက်သည် ကြမ်းကြုတ်သော သံမဏိ ကြွက် များကို၊ ထိန်းချုပ်နေ သည်မှာ အမှန် ဖြစ်နေ၏။

အနက်ဝတ် ပုံရိပ်များ သူ့ထံ ဦးတည်ကာ၊ တောထဲမှ ပြေးထွက် လာကြ သောကြောင့်၊ ပြေးလွှား ခြင်းကို ရုတ်တရက် ရပ်တန့် လိုက်ရသည်။

“ သူ့ကို သတ် ... ။ ”

အဆိုပါ အနက်ဝတ် ကျင့်ကြံ သူများက မဆိုင်း မတွဘဲ၊ ဝိုင်းရံ တိုက်ခိုက် လာ၏။

ကြွက်များကို ထိန်းချုပ် နေသူ အနေဖြင့်၊ ရန်သူက ရှာတွေ့ လာနိုင် သည်ကို၊ ကြိုတွက် ထားပုံ ရသည်။

သို့သော် အရေ အတွက်နှင့်၊ လင်းယွန်အား သတ်ဖြတ်နိုင် လိမ့်မည်ဟု၊ ယူဆ ထား ပါက၊ အိမ်မက်သာ ဖြစ်ပေ လိမ့်မည်။

ပြေးဝင် လာသော အနက်ဝတ် လူများကို ကြည့်ကာ၊ လင်းယွန်၏ မျက်လုံးများ လင်းလက် သွားသည်။

နဂါးနှင့် ကျား ဟောက်သံများ၊ သူ့ခန္ဓာ ကိုယ် အတွင်း ပဲ့တင် ထပ်လာပြီး၊ ငွေရောင် လွှမ်းနေသော လက်သီးအား၊ ထိုးထုတ် လိုက်၏။

လျှပ်စီး များ ကဲ့သို့ ရိပ်ခနဲ ပျံသန်း သွားကာ၊ အနက်ဝတ် လူ များကို သွေးမြူ များ အဖြစ်၊ ပြောင်းလဲ ပစ်လေသည်။

မူလ စွမ်းအင် (၉၀%) ပြောင်းလဲ လိုက်ခြင်း ဖြင့်၊ သူ့ထက် နိမ့်ကျသော ကျင့်ကြံသူ များကို၊ ချက်ချင်း ချေမှုန်း ပစ်နိုင် ခဲ့သည်။

ထို့နောက် သူ့လက်ကို ဝှေ့ယမ်းပြီး၊ ၎င်းတို့၏ သိုလှောင်အိတ် များအား သိမ်းယူ လိုက်၏။

“ ဒီ ခံစား ချက်က အရမ်း ကောင်းတယ်၊ ငါ့ဓားကို ပြန်ရတဲ့ အခါ၊ ကနဦး ယင် အဆင့် ကျင့်ကြံသူ တိုင်းကို၊ ရင်ဆိုင်နိုင် လိမ့်မယ်။ ”

ယုံကြည်မှု အပြည့်ဖြင့်၊ ပြုံးလျက် ရေရွတ် လိုက်သည်။ ပြီးနောက် မြေပြင်ကို အသာ ပုတ်ပြီး မြှားတစ်စင်း ကဲ့သို့၊ တဟုန်ထိုး ပြေးထွက် ပစ်လိုက်သည်။

အသံ ရှင်နှင့် နီးကပ် လာသည်နှင့် အမျှ၊ လမ်း တစ်လျှောက် ဟန့်တား လာသော၊ အနက်ဝတ် လူ အရေ အတွက်မှာ၊ ပို၍ တိုးလာ သည်။

သို့သော် ၎င်းတို့ အားလုံးမှာ၊ နက်နဲ နယ်ပယ်၏ အဋ္ဌမ အဆင့်နှင့်၊ နဝမ အဆင့် တွင်သာ ရှိခဲ့သည်။

မဟာချင် အင်ပါယာ၌ ရှိစဉ် ကတည်းပင်၊ ထိုအဆင့် ကျင့်ကြံ သူများ အပေါ်၊ အလွယ် တကူ ချေမှုန်း နိုင်သည်။

ယခု အချိန်၌ ပို၍ သန်မာ လာပြီ ဖြစ်ရာ၊ များစွာ လွယ်ကူ လာတော့၏။

“ ဟို မှာ …။ ”

အိုမင်း နေသော သစ်ပင်ကြီး ပေါ်သို့၊ တစ်ထောက် ရပ်နား လိုက်ပြီး၊ ရှေ့တွင် ဟန့်တား ထားသည့်၊ ဝိညာဉ် အခင်း အကျင်း တစ်ခုကို၊ အကဲခတ် လိုက်သည်။

အစီရင် တစ်ခု လုံးကို၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း များဖြင့် တည်ဆောက် ထားပြီး၊ အနည်းဆုံး တစ်ထောင်ခန့် အသုံးပြု ထားပုံ ရသည်။

အနက် ရောင်ဝတ် အမျိုးသား တစ်ဦးက အစီရင်၏ အလယ် ဗဟိုတွင် ထိုင်နေ၏။ သူ့ ရှေ့တွင် ဦးခေါင်း ခွံပေါင်း များစွာ၊ တန်းစီ ထားသည်။

အစီရင်မှာ ထူးခြား ပုံ ရပြီး၊ မကောင်း ဆိုးဝါး စွမ်းအင် များဖြင့် ပြည့်နှက် နေသည်။

“ ဘယ်လောက်တောင် ကြွယ်ဝ လိုက်လဲ။ …”

အစီရင် တည်ဆောက် ရာတွင် အသုံးပြု ထားသည့်၊ ဝိညာဉ် ကျောက်စိမ်း များကြောင့်၊ ထိတ်လန့် သွားရသည်။

တစ်ချိန် တည်း မှာပင် အနက်ဝတ် လူက ရုတ်တရက် ခေါင်းကို မော့ကြည့် လာရာ၊ သူ့ အထင် မှန်ကြောင်း၊ သိလိုက် ရသည်။

ထိုအမျိုး သားမှာ၊ အဖြူ တစ်ဝက် အမဲ တစ်ဝက်၊ မျက်နှာ ဖုံးကို ဝတ်ဆင် ထားသည့်၊ ပန်ယွဲ့ နောက်တွင်၊ ရပ်နေသော သူ ဖြစ်၏။

အရိုး ပုလွေမှုတ် နေစဉ်၊ သူ့ ရှေ့ရှိ ဦးခေါင်း ခွံများမှာ၊ တစ္ဆေ ညည်းသံများ ထုတ်လွှတ် လာသည်။

ထို့အပြင် အရိုး ပုလွေ၏ သံစဉ် များက၊ အစီရင် တစ်လျှောက် ပျံ့နှံ့ သွားပြီး၊ ဦးခေါင်း ခွံများ ထဲရှိ အနက်ရောင် မြူများကို၊ အဆက် မပြတ် ရိုက်ထုတ် ပေးနေ၏။

၎င်းသည် ကြမ်းကြုတ်သော၊ သံမဏိ ကြွက် များကို ကြိုးကိုင် ထားသည့်၊ ခင်းကျင်းမှု ဖြစ်နိုင်သည်။

“ သေ စမ်း ..... ”

မျက်နှာ ဖုံးရှင် လူရွယ်က၊ ဂီတ သံကို ရုတ်တရက် ပြောင်းလဲ လိုက်ပြီး၊ သတ်ဖြတ် လိုသော ရောင်ဝါများ ထုတ်ဖော်လျက်၊ ကျိန်ဆဲ လိုက်သည်။

ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် မြူများ၊ သူ့ခန္ဓာ ကိုယ်မှ ပြေးထွက် လာကာ၊ လင်းယွန်ထံ တိုးဝင် လာ၏။

“ ထူးဆန်း တယ် …”

လင်းယွန်က မျက်မှောင်ကြုတ် လိုက်သည်။ အနည်းငယ် အံသြရုံ မျှသာ ရှိပြီး၊ ထို တိုက်ခိုက် မှု အပေါ်၊ ထိတ်လန့် ခြင်း မရှိပေ။

နဂါးနှင့် ကျား ဟောက်သံများ ခန္ဓာကိုယ်မှ ပဲ့တင် ထပ်လာကာ၊ အနက်ရောင် မြူများကို လက်သီးဖြင့် ထိုးခွဲ ပစ်လိုက်၏။

ယင်းတိုက်ပွဲ ကြောင့် မြေပြင်မှာ၊ တုန်လှုပ် သွားပြီး ပတ်ဝန်း ကျင်ရှိ သစ်ပင်များ ပြိုကျ လာကုန်သည်။

လက်သီးဖြင့် ဖျက်ဆီးခြင်း ခံလိုက် ရသော အနက်ရောင် မြူများက၊ ဦးခေါင်း ခွံကြီး အဖြစ် ထပ်မံ ဖွဲ့တည် လာကာ၊ လင်းယွန်ထံ တိုးဝင် လာ ပြန်၏။

လက်များကို ဆန့်လျက် ရွှေကျီးကန်း တစ်ကောင်လို၊ ကောင်းကင်ပေါ် ပျံတက် လိုက်သည်။

ဦးခေါင်း ခွံနှင့် နီးကပ် လာချိန်၌၊ ၎င်းကို ဖျက်ဆီးရန်၊ ပျံသန်း နေသော ရွှေရောင် တံဆိပ် တစ်ခုအား၊ ထုတ်လွှတ် လိုက်မိ၏။

“ ဘယ်လိုတောင် သိပ်သည်း လိုက်တဲ့၊ မူလ စွမ်းအင် တွေလဲ။ ”

မျက်နှာဖုံး စွပ်ထားသော လူရွယ်က ထိတ်လန့် သွားပြီး၊ အနက်ရောင် မြူများကို ထပ်မံ စုဆောင်း လိုက်ပြန်သည်။

“ ဝိညာဉ် စားသုံးမဲ့ လက် ... ။ ”

အနက်ရောင် မြူများက၊ ကြက်သွေးရောင် လက် တစ်စုံ အဖြစ်၊ ဖွဲ့တည် လာကာ၊ လင်းယွန်အား ဖုံးအုပ်လျက် ကောင်းကင်မှ ကျဆင်း လာသည်။

ထိုလက်သည် သူ့ဝိညာဉ် ကိုပင်၊ ချေမှုန်း နိုင်သည်ဟု လင်းယွန်က ခံစား လိုက်ရ၏။

“ မင်း သေချင် နေတာလား ... ။ ”

လင်းယွန်က တံဆိပ်များ ထပ်မံ ဖွဲ့စည်း လိုက်၏။ ဤတစ်ကြိမ်၌ နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ်ကို၊ ထုတ်ဖော် လိုက်ခြင်း ဖြစ်သည်။

နောက်ကျော၌ ဧရာမ ဓားကြီး တစ်လက် ဖြစ်ပေါ် လာကာ၊ သူ့အား ဖမ်းချုပ်ရန် ကြိုးစား လာသော ကြက်သွေးရောင် လက်ကြီးကို၊ အလွယ် တကူ ထိုးဖောက် သွား၏။

“ ထွက် သွား ... "

တစ်ဆက် တည်းမှာပင်၊ လင်းယွန်၏ အရှိန် အဝါမှာ မြင့်တက် လာပြီး၊ မိုးကောင်းကင် တံဆိပ်အား ထပ်မံ ထုတ်ဖော် လိုက်သည်။

မူလ စွမ်းအင် များက၊ ဓားရောင်ခြည် ဆယ့်ရှစ် လက် အဖြစ်၊ ဖွဲ့တည်လာ တော့သည်။

မိုးကောင်းကင် တံဆိပ်၏ စွမ်းပကား အောက်တွင်၊ အစီရင်မှာ တုန်ခါ လာပြီး၊ အလင်း ရောင်များ တောက်ပ ကုန်၏။

မိုးကောင်းကင် တံဆိပ်အား၊ အစီရင်ကို ဖြတ်ကာ၊ မျက်နှာဖုံး စွပ်ထားသည့် လူရွယ် ဆီသို့၊ ပေးပို့ လိုက်သည်။

မျက်နှာ ဖုံးစွပ် ထားသော လူရွယ်မှာ၊ ယင်းကို ဟန့်တား နိုင်စွမ်း မရှိ သောကြောင့်၊ ထိတ်လန့်စ ပြုလာ၏။

နောက်ဆုံးတွင်၊ အစီရင်မှာ ရပ်တန့် သွားပြီး၊ နောက်ဆုတ်ရန် ရွေးချယ် လိုက်ရသည်။

ကူကယ်ရာ မဲ့စွာဖြင့်၊ အရိုး ပုလွေကို ရုတ်သိမ်းပြီး၊ ပြန်လှည့် ပြေးတော့သည်။

အနက်ရောင် မြူများ ထွက်နေသော ဦးခေါင်း ခွံများက၊ ရုတ်တရက် ပေါက်ကွဲ သွားကာ၊ ကြက်သွေးရောင် အခိုး အငွေ့များ အဖြစ် ပြောင်းလဲ လျက်၊ မျက်နှာ ဖုံးရှင် လူရွယ် နောက်သို့၊ လိုက်ပါ သွားသည်။

ယင်းကြောင့် မျက်နှာ ဖုံးရှင် လူရွယ်မှာ၊ ပါးစပ်မှ သွေးများ စီးကျ လာတော့၏။

အစီရင် တုံ့ပြန်မှု ဒဏ်ကို ခံလိုက် ရသော ကြောင့်၊ (၅၀%)ခန့် အားနည်း သွားကြောင်း၊ သိရှိ လိုက်သည်။

ဤသည်မှာ ၎င်းကို သတ်ရန်၊ လင်းယွန် အတွက် အခွင့် အရေးပင် ဖြစ်၏။

ထို့ကြောင့် တံဆိပ် လေးခုကို ပေါင်းစပ် လိုက်၏။ ပေါင်းစပ် တံဆိပ်များကြောင့်၊ လင်းယွန်၏ အရှိန်အဝါမှာ၊ ကြောက်မက်ဖွယ် ကောင်းသော အမြင့်သို့၊ ရောက်ရှိ လာသည်။

“ မင်းက သေမင်းကို ဖိတ်ခေါ် နေတာပဲ၊ ”

ထို အရှိန် အဝါကို ခံစား မိသော၊ မျက်နှာ ဖုံးရှင် လူရွယ်က၊ လင်းယွန်ထံ လှည့်ကာ၊ သူ့လက် ဖဝါးဖြင့် ဒေါသ တကြီး၊ ရိုက်ချ လာ၏။

ကြက်သွေးရောင် လက် တစ်စုံက လင်းယွန်ဆီ လွင့်ပျံ လာသည်။

၎င်းမှာ လင်းယွန်၏ လက်သီးနှင့် ရိုက်မိ သွားပြီး၊ ပုံရိပ်ယောင် ကမ္ဘာကြီး တစ်ခုအား၊ ရုတ်တရက် ဖြစ်ပေါ် လာစေ၏။

သူ့ရှေ့တွင် အလောင်း များဖြင့်၊ ပြည့်နှက် နေသော အလောင်း ပင်လယ်ပြင် ကြီးအား မြင်လိုက် ရသည်။

“ ဟမ့်၊ မင်းလို ပုရွက်ဆိတ်ကို၊ ချေမှုန်း ဖို့က လွယ်ကူ လွန်းတယ် ။ ”

ပုံရိပ်ယောင် နယ်မြေ အတွင်း၊ ပိတ်မိ နေသော လင်းယွန်ကို ကြည့်ကာ၊ မျက်နှာ ဖုံးစွပ် လူရွယ်က ရယ်မော လိုက်သည်။

အရိုးစု နီးပါး ခြောက်ကပ် နေသာ၊ သူ့လက် ငါးခေျာင်းကို ဆန့်ထုတ်ကာ၊ လင်းယွန်၏ နှလုံး ဆီသို့ ဦးတည် ကုပ်ချ လာ၏။

သို့သော် ရည်ရွယ် ရာသို့ ရောက်ခါ နီးတွင်၊ ပြိုင်ဘက်၏ ခန္ဓာ ကိုယ်မှ ထက်ရှသော ဓား တစ်လက် တိုးထွက် လာသည်။

“ လှည့် စား ခံ ရ ပြီ … ”

မျက်နှာ ဖုံးစွပ် လူရွယ်က အံ့သြစွာ ညည်းတွား လိုက်သည်။ ပြိုင်ဘက်က သူအထင် လွဲမှား လာစေရန်၊ အားနည်း ချင်ယောင် ဆောင်နေ ခဲ့သည်။

သူ၏ ပုံရိပ်ယောင် နယ်မြေ အတွင်းမှ၊ စောလျင်စွာ ရှောင်တိမ်း သွားနိုင် သော်လည်း၊ ယင်းကို မလုပ်ခဲ့ပေ။

သူပြန်လှည့် တိုက်ခိုက် လာမည် အချိန် အထိ၊ ရည်ရွယ်ချက် ရှိရှိ စောင့်ဆိုင်း နေခဲ့သည်။

“ ပြေးချင် လို့လား၊ နောက်ကျ သွားပြီ။ ”

မျက်နှာ ဖုံးရှင် လူရွယ်ထံ၊ ပေါင်းစပ် တံဆိပ် လေးခုကို ပေးပို့ လိုက်စဉ်၊ လင်းယွန်က ဟစ်အော် လိုက်သည်။

မျက်နှာ ဖုံးရှင် လူရွယ်မှာ၊ သွေး အန်လျက် လွင့်စင် သွား၏။

မြေပြင် ပေါ်သို့ လဲကျသွား ချိန်တွင်၊ ရုတ်ချည်း ပျောက်ကွယ် သွားပြီး၊ မျက်နှာဖုံး တစ်ခုသာ ပြုတ်ကျ ကျန်ရစ် ခဲ့တော့၏။

လင်းယွန်က လှမ်းကြည့် လိုက်သော အခါ၊ မျက်နှာ ဖုံးရှင် လူရွယ်အား မတွေ့ ရတော့ပေ။

မြေပြင် ပေါ်၌ လှုပ်ခါ နေသော် မျက်နှာ ဖုံးကို ကောက်ယူ လိုက်ပြီး၊ အနည်းငယ် တွေဝေ သွား၏။ ထိုသူမှာ ထူးခြား လှသည်။

အစီရင်၏ တုံ့ပြန်မှု ကြောင့်သာ မဟုတ် ပါက၊ သူ့ကို အနိုင် ယူဖို့ရန် လွယ်ကူ မည် မဟုတ်ပေ။

ထို့အပြင် ဓား မပါသော ဓားသမား တစ်ယောက် အတွက်၊ ဆန်းပြားသော သားကောင်ကို၊ အမဲ လိုက်ရန် မဝံ့ သည်မှာ သဘာဝ ပေပင်။

တစ်ချိန် တည်းမှာပင်၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ အဖွဲ့၊ စခန်း ချရာ မြေပြင်၌၊ သွေးများဖြင့် ဖုံးလွှမ်း နေပေသည်။

ရုတ်တရက် သံမဏိ ကြွက် သားရဲများ ပြန်လှည့် ပြေးသွား ခြင်းကြောင့်၊ အနည်းငယ် သက်သာ သွားခြင်း ဖြစ်သည်။

“ ဘာလို ဖြစ်ရ တာလဲ။ ”

တပည့် များစွာက စိတ်ရှုပ် ထွေးကုန် ကြသည်။ လျူယွမ်ယန်ပင် အံ့သြ သွားရ၏။

သို့သော် သူမက၊ တွေဝေ နေချိန် မရဘဲ၊ ဆုတ်ခွာ သွားသော သားရဲ များကို လစ်လျူရှုကာ၊

“ အသေ အပျောက်ကို ရေတွက်ပါ၊ သားရဲ တွေက အချိန် မရွေး၊ ပြန်လာ နိုင်တဲ့ အတွက်၊ မင်းတို့ရဲ့ သတိ တွေကို လျော့မချ ပါနဲ့။ ”

မည်သို့ပင် ဆိုစေ ကာမူ၊ အားလုံးက စိတ်အေး လက်အေး ဖြစ်လာ ကြပြီး၊ ညည်းတွား သံများ ဟိုတစ်စ ဒီတစ်စ ထွက်ပေါ် လာသည်။

“ ဘိုင်ရီ၊ ဒါတွေက မင်း သတ်လိုက် တာလား။ ”

“ အို ... အများ ကြီးပဲ။ ”

“ ပေါက်တက် ကရတွေ ... မပြော စမ်းနဲ့၊ ဒါက သံမဏိ ကြွက် သားရဲ၊ ဆယ့်ရှစ် ကောင်တောင် ... ။ ”

တစ်စုံ တစ်ယောက်၏ အော်ဟစ် သံကြောင့်၊ လူအုပ် ကြီးမှာ ဘိုင်ရီထံ ဝိုင်းအုံ လာသည်။

ယင်းကြောင့် ဘိုင်ရီက လက်ကာ ပြလိုက်ပြီး၊

“ ငါ မဟုတ်ဘူး၊ အစ်ကို လင်းက ဒီနတ်ဆိုး သားရဲ တွေကို၊ ထိန်းချုပ် နေတဲ့သူ ရှိတယ်လို့ ပြောဖူးတယ်၊ ကြည့်ရတာ နောက်ကွယ်က လူကို အနိုင်ယူ နိုင်ခဲ့ပြီ ထင်တယ်၊ မဟုတ်ရင် သားရဲတွေ ထွက်ပြေးမှာ မဟုတ်ဘူး။ ”

လင်းယွန် တစ်ယောက် တကယ် လုပ်ပြ နိုင်သည့် အတွက်၊ ဘိုင်ရီမှာ စိတ်လှုပ်ရှား လာသည်။

“ လင်း ယွန် ...။ ”

“ မဖြစ် နိုင်တာ ...။ ”

“ မင်း ... စိတ်ရော ကောင်းသေး ရဲ့လား။ ”

လုစီယင်က ဒေါသ တကြီး လျှောက်လှမ်း လာပြီး၊

“ နင်က ဘာတွေ ပေါက်တက် ကရ လျှောက်ပြော နေရ တာလဲ၊ ဒီလောက် များတဲ့ သံမဏိ ကြွက်သားရဲ တွေကို၊ သူက သတ်နိုင်မယ် ထင်နေလား၊ ... ”

“ ... ငါတို့ကြောင့် ဒီသားရဲ တွေ ဆုတ်ခွာ သွားတာ နင်မမြင် ဖူးလား၊ ဒါကို ဓားကျွန် လုပ်တယ်လို့ ပြောနေ သေးတယ်၊ မင်းက သေချင် နေတာလား။ ”

သူမ စကားကြောင့်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့် များက ခေါင်းများ ညိတ်လိုက် ကြပြီး၊ ဘိုင်ရီကို အပြစ်တင် လိုဟန်ဖြင့်၊ ကြည့်လာ ကြ၏။

နတ်ဆိုး သားရဲ များသည် သူတို့၏ လက်တုံ့ ပြန်မှု အောက်တွင်၊ နောက်ဆုတ် သွားခဲ့ သည်မှာ၊ ရှင်းရှင်း လင်းလင်း မြင်သာ ပေသည်။

သို့သော် ဘိုင်ရီက လင်းယွန် ကြောင့်ဟု၊ အားလုံးက ကျေးဇူးတင် ရမည့်ပုံ၊ ပြောကြား လာခဲ့သည်။

“ ငါ တကယ် ပြောနေ တာပါ၊ အဲ့ဒါ အစ်ကို လင်းပဲ ဖြစ်ရမယ်၊ သူ မသွားခင် ငါ့ကို ကတိပေး ထားတယ်။ ”

သတ္တိကို စုစည်းကာ၊ ဘိုင်ရီက အခိုင် အမာ ထပ်ဆို လိုက်၏။

“ ဘာ ... မဟုတ် တာတွေ ထပ်ပြော ပြန်ပြီလဲ၊ အဲ့ဒီ ဓားကျွန် ထွက်ပြေး သွားတာပဲ ဖြစ်ရမယ်၊ နောက်တစ်ခါ သူ့အကြောင်း ထပ်ပြောရင်၊ မင်းကို ငါ ပါးရိုက် ရလိမ့်မယ်။ ”

လုစီယင်က မည်းမှောင် နေသော မျက်နှာဖြင့်၊ ရှေ့တစ်လှမ်း တိုးလိုက်၏။ ပန်းသင်္ချိုင်း ဓားကြောင့် သူမ ဒေါသ ဖြစ်နေပြီ ဖြစ်သည်။

တိုက်ပွဲ အပြီးတွင် လင်းယွန်ကို ရှာဖွေခဲ့ သော်လည်း၊ မည်သည့် နေရာ တွင်မှ ရှာမတွေ့ ခဲ့ပေ။

ထို့ကြောင့် သူမ၏ ဒေါသကို ဘိုင်ရီ အပေါ်၊ သဘာဝ ကျကျ ထုတ်ဖော် လာခြင်း ဖြစ်၏။

“ တကယ်ပါ၊ အစ်ကို လင်းက ... ငါတို့ကို ကူညီ မယ်လို့ ကတိ ပေးခဲ့တယ်။ ”

ဘိုင်ရီက အံကြိတ်လျက် ခေါင်းမာစွာ ဆို၏။

“ မင်းက သေမင်းကို ဖိတ်ခေါ် နေတာပဲ။ ”

ခေါင်းမာ လွန်းသော ဘိုင်ရီကြောင့်၊ လုစီယင်က သူမ၏၊ ဒေါသ များကို ဖောက်ခွဲ စရာ၊ နေရာ တွေ့သွား သကဲ့သို့၊ လက်မြှောက်ကာ ရိုက်ချ လိုက်သည်။

သို့သော် ရုတ်တရက်၊ ကန့်သတ် ပိတ်ဆို့ လာသော အအေးလှိုင်း များကြောင့်၊ ဆက်ခနဲ တုန်ယင် သွား၏။

လက်ကို လေထဲ မြှောက် လျက်ဖြင့်၊ နောက်ကို လှည့်ကြည့် လိုက်ရာ၊ လင်းယွန် တစ်ယောက်၊ ဖြည်းညှင်းစွာ လျှောက်လှမ်း လာနေ သည်ကို တွေ့လိုက် ရသည်။

သူ့ မျက်ဝန်း များမှာ၊ ရေခဲ ဓားများ ကဲ့သို့ အေးစက် စူးရှ နေပြီး၊ သူမကို လှမ်းကြည့် နေ၏။

“ လင်း ... လင်းယွန် ။ ”

လေထဲရှိ လက်ကို ဆက်လက် ရိုက်ချရန် မဝံ့ တော့ဘဲ၊ တုန်ယင်စွာ ရေရွတ် လိုက်သည်။ ဤ ဓားကျွန်ကို အဘယ်ကြောင့်၊ ကြောက်မိမှန်း သူ မသိပေ။

“ သူက မင်းထိ နိုင်တဲ့သူ မဟုတ်ဘူး။ ”

အေးစက် လွန်းသော ရှုံ့ချ သံနှင့် အတူ၊ အနား လျှောက် လာပြီး၊ လုစီယင်၏ ပါးအား ဖြတ်ရိုက် ချလိုက် လေသည်။

“ ဖြန်း .....။ ”

***

All Chapters