← Chapters

လူသတ်ရန် အကြောင်း ပြချက် မလိုပေ။

Vol. 35 Ch. 489

လူသတ်ရန် အကြောင်း ပြချက် မလိုပေ။

Vol. 35 Ch. 489

ကျယ်လောင်သော ပါးရိုက် သံကြောင့်၊ သူတို့ ကိုယ်တိုင် အရိုက် ခံလိုက်ရ သကဲ့သို့၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့် များ အားလုံး၊ မျက်နှာများ ရှုံ့တွ သွားကုန် ၏။

နာကျင်စွာ ညည်းတွား သံနှင့် အတူ၊ လုစီယင်မှာ အဝေးသို့ လွင့်စင် သွားသည်။

“ နင် ... နင် ငါ့ကို ရိုက်ရဲ တယ်လား။ ”

ဓားကျွန် တစ်ယောက်၏ ပါးရိုက်ခြင်း ခံလိုက် ရသည် ဟူသော၊ အခြေနေ ကို လက်မခံ နိုင်ချေ။

သို့သော် ပြင်းထန် လွန်းသော ရိုက်ချက် ကြောင့်၊ ရောင်ရမ်း သွားသော ညာဘက် ပါးက၊ သက်သေ ခံနေသည်။

“ မှန်တယ်၊ မင်းလို အပေါစား ခွေးမ တစ်ကောင် အတွက်၊ ငါ့လက်ကို မသုံး သင့်ဘူး။ ”

လင်းယွန်က မျက်ခုံး ပင့်လျက် ပြန်ဖြေကာ၊ ခေါင်းမော့ ရယ်ချ လိုက်သည်။

သူပြန်လာ ချိန်၌ ပထမဆုံး မြင်လိုက် ရသည်မှာ၊ သည်ခွေးမက ဘိုင်ရီကို ပါးရိုက်ရန်၊ ကြိုးစား နေခြင်း ဖြစ်သည်။

“ မင်း မင်း .... ငါ့ကို စော်ကား နေတာလား။ ”

လုစီယင်၏ မျက်လုံးများ တောက်ပ လာပြီး၊ ခန္ဓာကိုယ် တစ်ခုလုံး ယိမ်းထိုး လာ၏။

“ ငါမင်းကို သတ်မယ်။ ”

လင်းယွန် ဦးခေါင်းထံ ချိန်ရွယ်လျက်၊ လက်သည်း ကုပ်ချက် တစ်ခုကို၊ ထုတ်ဖော်ကာ ခုန်ဝင် လိုက်သည်။

သူမ မျက်နှာတွင် ဒေါသကြောင့်၊ မည်းမှောင် နေ၏။

“ မင်း ... ဓားကျွန်ကို သေ လိုက် တော့။ ”

“ ဖြန်း ..... ။ ”

“ နုံအ လိုက်တာ။ ”

လင်းယွန်က သူမ၏ ဘယ်ဘက် ပါးကို ထပ်ရိုက် လိုက်သဖြင့်၊ လေထဲတွင် သုံးကြိမ် လှည့်ပတ် သွားခဲ့သည်။

မြေပြင် ပေါ်သို့၊ ပြန်လည် ပြုတ်ကျ သွားသော အချိန်၌၊ သူမ ပါး နှစ်ဖက်မှာ ကြီးစွာ ရောင်ရမ်း လာတော့၏။

“ စီနီယာ အစ်မ လု .... ။ ”

ဤမြင်ကွင်းကို မြင်သော အခါ၊ လန်းဖိန်က ဒေါသ တကြီးဖြင့်၊

“ သူ့ကို သတ် .....။ ”

ချက်ခြင်းပင် လုစီယင်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိကြသည့်၊ တပည့်များ အားလုံးက ပြေးဝင် လာကြ၏။

“ ဘယ်လို ငတုံး တွေလဲ ...။”

လင်းယွန်က သူ့ လက်သီးကို ရှေ့သို့ ထိုးချ လျက်ဖြင့်၊ ရေရွတ် လိုက်သည်။

နဂါးနှင့် ကျား ဟောက်သံက ပဲ့တင် ထပ်ကာ၊ လက်သီး တစ်ခုလုံး ငွေရောင် အလင်း များဖြင့် တောက်ပ သွား၏။

ပြောင်းလဲ ထားသော ဓား စွမ်းအင်ကြောင့်၊ လက်သီး ထံမှ ဓား တစ်လက်၏ ထက်ရှသော အငွေ့ အသက်များ ထွက်ပေါ် နေသည်။

ယင်းကြောင့် လန်းဖိန်၏ အရှိန် အဝါကို ချက်ချင်း ချိုးဖျက် ပစ်လိုက်သည်။ လက်သီးက ရင်ဘက်ကို ထိမှန် သွားကာ၊ သဲအိတ် တစ်အိတ်လို လွင့်စင် သွားစေ၏။

ထို့နောက် လင်းယွန်က သူ့ထံ အား သွင်း လာနေသော၊ အခြား တပည့် များကို လှည့်ကြည့် လိုက်သည်။

လက်သီး တစ်ချက်ဖြင့်၊ ပျံသန်း သွားရသော လန်းဖိန်ကို ကြည့်ကာ၊ ထိတ်လန့် ကုန်၏။

လက်နက် များကို ကိုင်ဆောင် ထားသော လက်များမှာ၊ တဆက်ဆက် တုန်ရီ လာပြီး၊ မည်သူမျှ ရှေ့ဆက် မတိုး ရဲတော့ပေ။

“ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

ထိုမြင်ကွင်းကြောင့် လုစီယင် တစ်ယောက် အံသြ သွားသည်။ ဓားကျွန်မှာ မည်သည့် အတွက်၊ ဤမျှ အစွမ်းထက် နေသည်ကို၊ နားမလည် နိုင်လေရာ၊ ထိတ်လန့် မှုများ တရိပ်ရိပ် တိုးလာ ခဲ့၏။

ထိုအချိန်တွင် လျူယွမ်ယန်က၊ ရန်ပွဲ အလယ်သို့၊ ကောင်းကင်မှ ဆင်းသက် လာသည်။

မြေပြင် ပေါ်တွင်၊ နာကျင်စွာ ညည်းတွား နေသော လန်းဖိန်ကို တစ်ချက် ကြည့်ကာ၊ လင်းယွန်ဘက် လှည့်လိုက်ပြီး၊

“ မင်းရဲ့ ခွန်အားကို ပြန်ရတာ ဝမ်းသာ စရာ ပါပဲ၊ ဒါပေမယ့် ဒီတိုက်ခိုက် မှုက၊ နည်းနည်း တော့ ရက်စက်တယ် မဟုတ်လား။ ”

“ ရက်စက်တယ် ... ဟုတ်လား၊ သူတို့က ငါ့ကို မစော် ကားရင်၊ ငါက အဖက် လုပ်နေမှာ မဟုတ်ဘူး၊ လုစီယင်က ဘိုင်ရီကို မရိုက် မိတဲ့ အတွက် ကံကောင်းတယ် မှတ်ပါ၊ မဟုတ်ရင် ငါ သူ့လက်ကို အခုပဲ ဖြတ်ပစ် ရလိမ့်မယ်။ ”

လင်းယွန်က ခံစားချက် မဲ့သော လေသံဖြင့်၊ အေးစက်စွာ ပြန်ဖြေသည်။ သူ့လေသံတွင် သတ်ဖြတ် လိုသော ဆန္ဒများ ပါဝင် နေ၏။

ထိုအရှိန် အဝါကြောင့်၊ တပည့်တိုင်း ကျောရိုး တစ်လျှောက် အေးစိမ့် သွားလေသည်။

လင်းယွန်မှာ မောက်မာ လွန်းပြီး၊ သူ၏ လုပ်ရပ် များက၊ ကောင်းကင် ပြည်နယ် အကယ် ဒမီကို လုံးဝ ဂရု မစိုက် သည်မှာ၊ သိသာ ပေသည်။

ဘိုင်ရီနှင့် လုစီယင်မှာ ဂိုဏ်းတူ ညီအစ်မများ ဖြစ်ပြီး၊ ၎င်းတို့ကြား ပဋိပက္ခ များကို လင်းယွန် အနေဖြင့်၊ လက်လျှို စရာ အကြောင်း မရှိနိုင်။

“ ကြည့်ရတာ မင်းက၊ လုံးဝ နောင်တ မရ သလို ပါလား၊ မင်းဘာကြောင့် တိုက်ခိုက် ခဲ့တယ် ဆိုတာ အရေး မကြီး ပေမယ့်၊ ကောင်းကင် ပြည်နယ် အကယ်ဒမီက၊ တစ်ယောက် ယောက်ကို ရိုက်နှက် ပြီးရင်၊ အဖိုး အခ ကိုတော့ ပြန်ပေးရ လိမ့်မယ်။ ”

လျူယွမ်ယန်က အေးစက်စွာ အော်ငေါက် လိုက်သည်နှင့်၊ သန်မာသော တပည့် ဆယ်ယောက်က၊ လင်းယွန်ထံ ဦးတည် ခုန်ဝင် လာသည်။

သို့သော် လင်းယွန် မှာမူ၊ ထိတ်လန့် သွားခြင်း မရှိဘဲ၊ ၎င်းတို့အား တည်ငြိမ်စွာ စောင့်မျှော် နေခဲ့သည်။

“ ............ ”

( ကျယ်လောင်သော ဓားမြည်သံ။ )

ထိုအချိန် မှာပင် လုစီယင် လက်ထဲရှိ ပန်းသင်္ချိုင်း ဓားမှာ၊ သူမ ထိန်းချုပ် မှုမှ ရုန်းထွက် လိုဟန်ဖြင့်၊ တုန်လှုပ်စ ပြုလာ၏။

“ ဟင့် အင်း၊ မသွား နဲ့။ ”

လုစီယင်က ထိတ်လန့် သွားကာ၊ လက်နှစ် ဖက်ဖြင့် ဓားကို ဆုပ်ကိုင် လိုက်သည်။ သို့သော် ပန်းသင်္ချိုင်း ဓားမှာ ထိုမျှဖြင့်၊ ဟန့်တား နိုင်မည် မဟုတ်ပေ။

“ ဓား .... ”

လင်းယွန်၏ ဆင့်ခေါ် သံကြောင့်၊ ပန်းသင်္ချိုင်း ဓားက၊ ချက်ချင်းပင် သူ့လက် ထဲသို့ ပျံသန်း ပြေးဝင် လာသည်။

“ မင်းတို့ အတွက် ပိုခက်ခဲ သွားပြီ ... ။ ”

ပြေးဝင် လာသော တပည့် ဆယ်ယောက်ကို၊ လုံးဝ ဂရု မစိုက်ဘဲ ရေရွတ် လိုက်သည်။

ဤသို့ နှိမ့်ချ လိုက်သော လေသံကြောင့်၊ သူတို့ကို ပို၍ ဒေါသ ထွက်လာ စေခဲ့၏။

သို့သော် နောက်တစ်စက္ကန့် အတွင်း မှာပင်၊ သူတို့ ချက်ချင်း နောင်တ ရသွားသည်။

လင်းယွန်နှင့်် ပန်းသင်္ချိုင်း ဓားကြား၊ နက်ရှိုင်း သော ဆက်သွယ် မှုကြောင့်၊ အလင်းများ တောက်ပ လာသည်။

သူ့လက် ထဲတွင် ပန်းသင်္ချိုင်း ဓားမှာ၊ လုံးလုံး လျားလျား ပြောင်းလဲ သွားပြီး၊ ရပ်တန့် မရ တော့သည့်၊ အသွင်များ ပြသ လာ၏။

ပန်းသင်္ချိုင်း၏ တဟုန်းဟုန်း တောက်လောင် လာသော ဆန္ဒ များကို၊ သူ့ နှလုံး သားဖြင့် ခံစား နိုင်သည်။

ခရမ်းရောင် ပန်း ပွင့်လာပြီး၊ အကန့် အသတ် မရှိသော မူလ စွမ်းအင်များ၊ ပန်းသင်္ချိုင်း ဓား ထဲသို့ စီးကျ လာသည်။

ဓားကို မြှောက်ကာ၊ လေထဲ ပျံသန်း လာသော၊ တပည့် ဆယ်ယောက်ထံ ဦးတည် ခုတ်ပိုင်း ချလိုက်၏။

လျင်မြန် အားပါ လွန်းသော အဆိုပါ ဓားချက်ကို ဟန့်တား နိုင်ခြင်း မရှိဘဲ၊ နောက်ပြန် လွင့်စင် ကုန်ကြသည်။

ပါးစပ်မှ သွေးများ စီကျ လာကုန်ပြီး၊ မျက်နှာများ ဖြူဖျော့ သွား၏။

“ သေ စမ်း .... ”

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

အားလုံးက ကြောက်လန့် တကြားဖြင့် မှင်တက် နေစဉ် မှာပင်၊ ဓားအလင်း တစ်ခု လင်းယွန်ဆီ ပျံသန်း သွားသည်။

ယင်းမှာ လျူယွမ်ယန် ထံမှှ ဆင်းသက် လာခြင်း ဖြစ်ပြီး၊ ပြိုင်ဘက် ထံသို့ မရောက်မီ ပြင်းထန်စွာ ပေါက်ကွဲ သွား၏။ သို့သော် ...။

“ ငါ့ဓား၏ အမည်ဖြင့် ပန်းပွင့်လော့။ ”

ခရမ်းရောင် ပန်းက လက်ညာရစ် စတင် လှည့်ပတ် လာပြီး၊ ကောင်းကင်၌ ပန်းတစ်ပွင့် ကောက်ကြောင်း ထွက်ပေါ် လာသည်။

တစ်ချိန်တည်း မှာပင် လင်းယွန် ထံမှ ဓားအလင်း တစ်ခု ထွက်ပေါ် လာကာ၊ တိုက်ခိုက်မှု နှစ်ခု ထိပ်တိုက် တွေ့ဆုံ သွားသည်။

အဆိုပါ တိုက်ခိုက်မှု နှစ်ခုကြောင့်၊ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါ သွားရ၏။

“ ပိတ်ဆို့ လိုက်တာလား။ ”

လျူယွမ်ယန်က အံ့သြ သွားသည်။ သူ၏ ခွန်အားမှာ ကနဦး ယင် အဆင့်တွင် ဖြစ်ပြီး၊ ၎င်းကို လင်းယွန်က တားဆီး နိုင်ခဲ့သည်။

ဤလင်းယွန်၏ မူလ စွမ်းအင်မှာ၊ မမျှော်လင့် ထားသော အဆင့်၌၊ ရှိနေ ပေသည်။

သူမ အံ့ဩ နေစဉ် မှာပင်၊ လင်းယွန်က အစွမ်း ထက်သော၊ နောက်ထက် ဓားချက်အား ထုတ်ဖော် လျက်၊ ထပ်မံ ခုတ်ပိုင်း လာပြန်သည်။

ပန်းသင်္ချိုင်း ဓားထံမှ ဒေါသ တကြီး ဟောက်သံ နှင့်အတူ၊ လျူယွမ်ယန်အား နောက်သို့ တွန်းထုတ် ပစ်လိုက်၏။

လေထဲ လွင့်စင် သွားရပြီး၊ မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လာသော အခါတွင်၊ လင်းယွန်က အေးစက်စွာ လှမ်းကြည့် နေလေပြီ။

ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့် များက၊ ဤမယုံ နိုင်စရာ မြင်ကွင်း ကြောင့်၊ ထိတ်လန့် သွား ကြသည်။

ကနဦး ယင် အဆင့်တွင် ရှိသော လျူယွမ်ယန်ကို၊ ဆုတ်ခွာ သွားစေရန်၊ လင်းယွန်က တွန်းအား ပေးနိုင် ခဲ့သည်။

ယင်းမှာ သူတို့၏ နားလည် နိုင်စွမ်းထက်၊ ကျော်လွန် သွားရ၏။

လျူယွမ်ယန် တစ်ယောက် ထပ်မံ တိုက်ခိုက်ရန် အားယူ လိုက်စဉ်၊ လင်းယွန်က ပန်းသင်္ချိုင်း ဓားကို မြှောက်ကာ၊ ထိုးချိန် လိုက်သည်။

“ လျူယွမ်ယန်၊ ငါ မင်းကို သဘော မကျဘူး၊ ဒါပေမယ့် ငါတို့ ကြားမှာ ရန်ငြိုး မရှိတဲ့ အတွက်၊ ထပ်ပြီး ဖိအား ပေးဖို့ မစဉ်းစား ပါနဲ့၊ မဟုတ်ရင် ငါရပ်လိုက် ချိန်မှာ၊ မင်းလူတွေ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။ ”

ယင်းမှာ အမှန် တရား ဖြစ်သည်ကို၊ လျူယွမ်ယန် သိသော ကြောင့်၊ အံကြိတ်ကာ ငြိမ်သက် သွားသည်။

“ သွား တော့ ... ငါလည်း၊ မင်းကို သဘော မကျဘူး။ ”

“ သွားရမယ် ဟုတ်လား၊ ငါ မသွားနိုင် သေးဖူး၊ ငါ့ ပစ္စည်းတွေ ငါ ပြန်ယူ ရဦးမယ်။ ”

လင်းယွန်၏ စကားကြောင့်၊ လုစီယင်မှာ ထိတ်လန့် သွားသည်။

“ ခွေးမ ... ဒီကိုလာ။ ”

ပန်းသင်္ချိုင်း ဓားကို ရုတ်သိမ်းကာ၊ လုစီယင်အား ရုတ်တရက် လှမ်းကုပ် လိုက်၏။

လုစီယင်က မတုံ့ပြန် နိုင်မီ၊ စုပ်ဝဲ တစ်ခုနှင့် အတူ၊ လည်ပင်းကို ဖမ်းဆုပ် ခံလိုက် ရ၏။

အသက်ရှူ ကြပ်လာ သောကြောင့်၊ ရုန်းကန် နေစဉ်၊ မြေြပင်ပေါ် ပြန်လည် ပစ်ပေါက် ခံလိုက် ရသည်။

“ ငါ့ ပစ္စည်းတွေ ဘယ်မှာလဲ။ ”

“ ဘာ ပစ္စည်းလဲ ”

လည်ပင်းအား အုပ်ကိုင်လျက်၊ လင်းယွန် မေးခွန်းကို ပြန်မေး လိုက်သည်။

“ သားရဲ အမြုတေ၊ စကြာဝဠာ လက်နက်၊ လျှို့ဝှက် ရတနာနဲ့ ပန်းချီကား။ ”

“ ဟာသပဲ၊ မင်းလို ဓားကျွန် တစ်ယောက်ရဲ့ ၊ ပစ္စည်းကို ငါယူ မယ်လို့ မင်းထင်လား။ ”

အထိတ် တလန့် ဖြစ်နေ သော်လည်း၊ ၎င်းကို ငြင်းဆိုရန် မမေ့ခဲ့ပေ။ လမ်းဆုံးသို့ ရောက်နေပြီ ဖြစ်ရာ၊ အဆုံးထိ ဆက်သွားရန် စဉ်းစား ထားပြီး ဖြစ်သည်။

သို့မဟုတ် ပါလျှင် အကယ် ဒမီ၌ နာမည် ပျက်ပြီး၊ သူ့ အနာဂါတ်လည်း ပျက်စီး ရပေ လိမ့်မည်။

“ လင်းယွန် ... စီနီယာ အစ်မ လုက မင်းပစ္စည်း တွေကို မယူ ပါဘူး၊ သူ သွားပါစေ။ ”

အခြားသော တပည့် များက၊ လုစီယင်၏ သနား စရာ ကောင်းသော အသွင်ကြောင့်၊ ဝင်ရောက် ပြောဆိုလာ ကြသည်။

“ မင်း မယူ ဖူးလား။ ”

၎င်းတို့အား လျစ်လျူရှုကာ၊ လင်းယွန်က ခြောက်ကပ်ကပ် ရယ်မော လိုက်၏။

“ ငါ မယူ ဘူး၊ ငါလုစီယင်က ဓားကျွန် တစ်ယောက်ရဲ့၊ ပစ္စည်းကို ခိုးယူပြီး၊ ငါ့ကိုယ်ငါ နှိမ့်ချ နေမှာ မဟုတ်ဘူး။ ”

လုစီယင်က အံကြိတ်ကာ ပြန်ဖြေ၏။

“ မင်း တကယ် မယူ ဖူးလား။ ”

မဆိုင်း မတွပင် တတိယ အကြိမ်မြောက် ပါးရိုက် ခြင်းကို၊ ဆက်တိုက် ဆိုသလို ပြုမူ လိုက်၏။

“ ဖြန်း ... ဖြန်း ... ဖြန်း ဖြန်း ဖြန်း ။ ”

ပါးရိုက် သံများ မိုးခြိမ်း နေ သကဲ့သို့၊ ဆူညံစွာ ထွက်ပေါ် လာသည်။

အားလုံး မှင်တက် နေစဉ် မှာပင်၊ ပါးကိုး ချက်ခန့် ရိုက်နှက်ပြီး သွားပြီ ဖြစ်သည်။

“ ရပ် လိုက် ... ”

လင်းယွန်၏ ရက်စက် လွန်းသော အပြု အမူကြောင့်၊ လျူယွမ်ယန် တစ်ယောက်၊ သူ့ကိုယ်သူ ထိန်းချုပ် နိုင်ခြင်း မရှိ တော့ချေ။

အပြာရောင် မီးကြာပန်းကို လက်လွှတ် ရမည် ဆိုလျှင်ပင်၊ ဤလင်းယွန် အပေါ် သင်ခန်းစာ တစ်ခု ပေးရန်၊ ဆုံးဖြတ် မိသည်။

“ ရပ် ... ရပ်လိုက်၊ ငါလုပ်တယ် ... ငါ သူတို့ကို ယူခဲ့တယ်။ ”

ထပ်မံ ရှေ့တိုး လာသော လင်းယွန် ကြောင့်၊ လုစီယင်က ထိတ်လန့်စွာ အော်ဟစ် ဝန်ခံ လိုက်သည်။

ယင်းသည် တိုက်ခိုက်ရန်၊ အားယူ နေသော လျူယွမ်ယန်ကို အံသြ သွားစေ၏။

ကောင်းကင် ပြည်နယ် အကယ်ဒမီ ၏ တပည့် တစ်ဦးသည် အမှန် တကယ်ပင်၊ စက်ဆုပ်ဖွယ် ကောင်းသော အမှုကို ကြူးလွန် ခဲ့လေပြီ။

“ ထုတ် လိုက် ... ”

လင်းယွန်က အမိန့် ပေးလာ သောကြောင့်၊ ငိုရှိုက် နေလျက်ဖြင့်၊ သူယူ ထားသည့် ပစ္စည်း များကို၊ တစ်ခုချင်း ထုတ်ယူ လိုက်သည်။

“ ကောင်းကင်ဘုံ ဝိညာဉ် သားရဲ အမြုတေ ... ။ ”

“ စကြာ ဝဠာ လက်နက်။ ”

“ နားခိုခြင်း ဘူးသီးခြောက် ”

“ အိုး ... ဘုရား သခင်၊ သူ တကယ်ပဲ ပစ္စည်းတွေ အများကြီ၊ ခိုးယူ ထား တာပဲ။ ”

လုစီယင်က ရတနာ ပစ္စည်း တစ်ခုကို ထုတ်ယူ လိုက်တိုင်း၊ ပတ်ဝန်း ကျင်မှာ ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။

အားလုံးကို ထုတ်ယူ ပြီးချိန်၌ လူအုပ် ကြီးမှာ၊ တိတ်ဆိတ် သွားတော့သည်။

လျူယွမ်ယန် ပင်လျှင် ဖျော့တော့သော မျက်နှာဖြင့် တုန်လှုပ် နေသည်။ လင်းယွန်၏ စကား များမှာ၊ အမှန် ဖြစ်၏။၊

အရာ အားလုံးကို ပြန်လည် သိမ်းဆည်း လိုက် သော်လည်း၊ လင်းယွန်၏ မျက်နှာမှာ တင်းမာ နေဆဲ ဖြစ်ပြီး၊ “ပန်းချီကား ဘယ်မှာလဲ၊” ဟု ထပ်မေး လိုက်သည်။

“ အဲဒါ ငါ မယူဖူး၊ သူနဲ့ အတူ ရှိနေတယ် ...။ ”

လင်းယွန် မျက်နှာ ပေါ်ရှိ အပြောင်း အလဲကြောင့်၊ ထိတ်လန့် သွားပြီး လန်းဖိန်ကို လက်ညှိုး ထိုးပြ လိုက်သည်။

လက်ညိုး ညွှန်ရာသို့ လှည့် အကြည့်တွင်၊ တိုက်ခိုက်ရန် ပြေးဝင် လာသော လန်းဖိန်ကို တွေ့လိုက် ရသည်။

“ မရဘူး၊ ငါ့လက်ထဲ ရောက်နေပြီ၊ အခု ပြန်ယူဖို့ မစဉ်း စားနဲ့။ ”

သို့သော် ခြေလှမ်း သုံးလှမ်းမျှ၊ လှမ်းယူ ပြီးချိန်တွင် ဓားရောင် ခြည်ဖြင့်၊ ပစ်ခတ် ခံလိုက် ရပြီး၊ အသက် ပျောက်သွား တော့သည်။

လင်းယွန်က လက်ဝှေ့ ရမ်း လိုက်ပြီး၊ လန်းဖိန်၏ အလောင်း ထံမှ၊ သိုလှောင် အိတ်ကို စုပ်ယူကာ၊ ပန်းချီကား တစ်ချပ်အား၊ ဆွဲထုတ် လိုက်သည်။

ပြီးနောက် ခေါင်းမော့ လိုက်ချိန်တွင်၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ ၏ တပည့် များက၊ ကြောက်ရွံ့ မှုကြောင့် ခြေလှမ်းပေါင်း များစွာ၊ နောက်ပြန် ဆုတ်ကုန်သည်။

သူတို့၏ မျက်လုံး များတွင်၊ လင်းယွန်မှာ ရက်စက် တက်သူ တစ်ယောက် အဖြစ် ရှုမြင် သွားမိ၏။

ယင်းကို လင်းယွန်က စိတ်မဝင် စားပေ။ သူ့ကို စော်ကား လာပါက၊ ဆယ်ဆ ပြန်ပေး ဆပ်ရန်၊ ပြင်ဆင် ထားရ ပေမည်။

လုစီယင်နှင့် လန်းဖိန်မှာ၊ သူ့ အောက်စည်း ကို၊ ကျော်လွန်ခဲ့ သူများ ဖြစ်ပေသည်။ ထို့ပြင် သူ့ဓားမှာ လူသတ်ရန်၊ အကြောင်း ပြချက် မလိုပေ။

***

All Chapters