သဘော တူညီ ချက်များ။
Vol. 35 Ch. 490
ပန်းသင်္ချိုင်း ဓားကို ဓားသေတ္တာ ထဲသို့ ပြန်ထည့် ပြီးနောက်၊ ကျောတွင် ပိုးလွယ် လိုက်သည်။
ဓား သေတ္တာ၏ အလေး ချိန်က၊ လင်းယွန်ကို အနည်းငယ် စိတ်မသက် မသာ ဖြစ်စေ သော်လည်း၊ တစ်ချိန် တည်းတွင် သက်တောင့် သက်သာ ဖြစ်စေ ပြန်၏။
အချိန် အတော်ကြာ၊ ပိုးလွယ် ထားဖူးသည် ဖြစ်ရာ၊ ၎င်းမှာ သူ့၏ အစိတ် အပိုင်း တစ်ခုလို၊ ဖြစ်နေပြီ ဖြစ်သည်။
ဓားသမား တစ်ယောက် အနေဖြင့်၊ သူ့ဓားကို ပြန်ရ ချိန်တွင်၊ အသန် မာဆုံး အချိန် ပေပင်။
ထွက်သွား တော့မည် လင်းယွန်ကို၊ တပည့် များစွာက ရှုပ်ထွေးသော အကြည့်ဖြင့်၊ လှမ်းကြည့် လာကြသည်။
တပည့် တစ်ဦးကို သူတို့၏ မျက်စိ ရှေ့မှာပင်၊ သတ်ပစ် ခဲ့သည့် အတွက်၊ ဒေါသ မဖြစ်ဘဲ မနေ နိုင်ပေ။
သို့သော် ၎င်းမှာ အကယ် ဒမီက၊ သွားရှုပ် ခဲ့ခြင်းသာ ဖြစ်သည်။ တပည့် နှစ်ဦး အနေဖြင့်၊ ထိုသူ၏ ပစ္စည်းကို ခိုးယူရန်၊ အုပ်စုဖွဲ့ ကြံရွယ် ခဲ့သည်။
သည်သတင်း သာ ပျံ့နှံ သွားပါက၊ နေသာ စီရင်စု တစ်ခုလုံး၊ ပျက်ရယ် ပြုဖွယ် ဖြစ်လာ နိုင်၏။
ထို့ကြောင့် သူတို့ လုပ်ချင် သည့်တိုင်၊ လျူယွမ်ယန်က စကား မဆို သေးသရွေ့၊ လင်းယွန် ထွက်သွား သည်ကို စောင့်ကြည့် ရုံသာ တက်နိုင် ပေမည်။
( အစ်ကိုလင်း သွားတော့ မို့လား။ )
ထွက်သွားရန် ပြင်ဆင် နေသော လင်းယွန်၏ လုပ်ရပ်ကို မြင်သော အခါ၊ ဘိုင်ရီက စိတ်ပျက် သွားသည်။
နှုတ်ခမ်းကို ကိုက်လိုက်ပြီး၊ တစ်ခုခု ပြောချင်မိ သော်လည်း၊ ဘာပြော ရမှန်း မသိပေ။
မထွက် သွားခင် ဘိုင်ရီကို လှည့်ကြည့်ကာ၊ လင်းယွန်က ပြုံးပြ နှုတ်ဆက် လိုက်၏။
ဘိုင်ရီ၏ လုံခြုံရေး အတွက်၊ သူ စိတ်ပူ မိသည်၊ ဖြစ်နိုင် ပါလျှင် ဆက်နေ ချင်သေး၏။
သို့သော် တပည့် တစ်ဦးကို သတ်ကာ၊ အခြား တစ်ဦးကို ဒဏ်ရာ ရစေမိ သောကြောင့်၊ ဤနေရာတွင် ဆက်နေရန် မသင့် တော်တော့ပေ။
သူ့ ပစ္စည်းများ ပြန်ယူ ပြီးနောက်၊ ထွက်သွားခြင်း သည်သာ အသင့် တော်ဆုံး ဖြစ်သည်။ အဆင် မပြေ ခဲ့သော်၊ သူမကို အမှောင် ထဲမှ၊ ဆက်လက် အကာ အကွယ် ပေးနိုင်၏။
“ နေ ဦး .... ။ ”
လျူယွမ်ယန်က လင်းယွန် မပျောက် သွားခင် လှမ်းအော် လိုက်သည်။
“ ....... ”
နောက်ပြန် မလှည့်ဘဲ၊ ရပ်နေ လိုက်၏။ သူ့တွင် ခွန်အား အပြည့် ပြန်ရပြီ ဖြစ်လို့၊ လျူယွမ်ယန် အနေဖြင့်၊ ဆက်လက် ထိန်းသိမ်း ထားရန် မစွမ်း နိုင်ပေ။
“ ဘိုင်ရီ ပြော သလို၊ နတ်ဆိုး သားရဲ တွေကို၊ ဖြေရှင်း ပေးခဲ့တဲ့ သူက နင်လား။ ”
လျူယွမ်ယန်က လှမ်းမေး လိုက်၏။
“ ဒါက ငါ့အတွက် အရေး ပါတဲ့ အရာ မဟုတ် ပါဘူး၊ မင်း ကြိုက်သလို ယူဆ လို့ ရတယ်။ ”
ဘိုင်ရီ ကြောင့်သာ မဟုတ် ပါက၊ ဤအရာကို သူ ဆောင်ရွက် ပေးမည် မဟုတ်ပေ။
“ ဒါက မင်းအတွက် အရေး မပါ ပေမယ့်၊ ငါ့ အတွက်က အရေးပါ ပါတယ်၊ မင်းက ငါတို့ရဲ့ အခက် အခဲ တွေကို၊ တကယ် ဖြေရှင်း ပေးခဲ့တဲ့ သူဆိုရင်၊ လုစီယင်ရဲ့ ကိစ္စတွေ အတွက် မင်းကို ငါ တောင်းပန် နိုင်တယ်၊ ... ”
“ ... ဒီတစ်ခါ ငါ လျူယွမ်ယန်က မင်းကို အမြင်မှား မိတယ်၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ က၊ မင်းရဲ့ ကျေးဇူးကို အမှတ်ရ နေမှာပါ။ ”
လျူယွမ်ယင် အနေဖြင့်၊ အမှား အမှန်ကို အမြဲတမ်း ရှင်းရှင်း လင်းလင်း၊ ရပ်တည် တက်သူ ဖြစ်သည်။
ပန်းသင်္ချိုင်း ဓားကို သူမ သိမ်းထား ရသည့် အကြောင်း ရင်းမှာ၊ လင်းယွန် တစ်ယောက် ဒုက္ခိတ ဖြစ်နေ ပြီဟု မြင်မိ သောကြောင့် ပေပင်။
မဟုတ် ပါက လုစီယင်အား ပြန်ပေး ခိုင်း မိမည် ဖြစ်သည်။ ထို့ပြင် လင်းယွန်မှာ ဒဏ်ရာ များမှ၊ မသက်သာ သေးသော ကြောင့်၊ သူမကို အပြစ် မတင် သင့်ပေ။
ရတနာ များနှင့် ပါတ်သတ် ၍မူ၊ အလွန် အဖိုး တန် သောကြောင့်၊ သူမ နားထဲ၌ မယုံ နိုင်ဖွယ် ဖြစ်နေသည်။
သို့သော် အမှန် တရားသည် အမြဲတမ်း မှန်နေ တက်ပြီး၊ ၎င်းကို မျက်နှာ လွှဲမိသော သူမ၏ အပြစ် များအား၊ သဘာဝ အတိုင်း၊ တာဝန် ယူရ ပေမည်။
ထို့အပြင် လင်းယွန် သည်သာ၊ သူတို့၏ အခက် အခဲ များကို ဖြေရှင်း ပေးသူ ဖြစ်ပါက၊ ပြန်လည် ပေးဆပ် ရမည် ဖြစ်သည်။
ကျောခိုင်း ထားသော အသွင်ဖြင့်၊ လင်းယွန်က လည်ပြန် လှည့်ကြည့် လိုက်သည်။
လျူယွမ်ယန်မှာ သူမ၏ စကား များကို အလေး အနက် ဆိုနေ ကြောင်း၊ သတိထား မိ နိုင်၏။
“ အစ်ကိုလင်း၊ မင်းက ငါတို့ အတွက် အကျပ် အတည်းကို ဖြေရှင်း ပေးတဲ့ သူဆိုရင်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီက၊ အဲဒါကို သေချာ မှတ်မိ နေမှာပါ။ ”
တပည့် အချို့ ကလည်း အော်ဟစ် ကတိပြု လာသည်။ ဘိုင်ရီ စကား အပေါ် သူတို့ မယုံ ခဲ့မိပေ။ ထိုအချိန်က လင်းယွန်ကို ဒုက္ခိတ အဖြစ်သာ မြင်ထားချိန် ဖြစ်သည်။
ယခု လင်းယွန်၏ ခွန်အားကို မြင်ခဲ့ ရပြီမို့၊ ဖြစ်နိုင်ချေ အပေါ်၊ သူတို့ စဉ်းစား တက်လာ ကြ၏။
လုစီယင်ကြောင့် ကောင်းကင် ပြည်နယ် အကယ် ဒမီ၏၊ တပည့်တိုင်း မကောင်းဟု၊ မဆိုသာ။
“ အဲ့ဒီ နောက်ကွယ်က လူက၊ ဖြူမဲ မျက်နှာ ဖုံးကို ဝတ်ဆင် ထားတဲ့ သူပဲ၊ မင်းတို့က သူ့ကို သိလိမ့်မယ် ထင်တယ်။ ”
လင်းယွန်က သိုလှောင် အိတ်ကို ပုတ်ကာ၊ ဖြူမည်း မျက်နှာဖုံး တစ်ခုကို ထုတ်ယူ၊ ပစ်ပေး လိုက်၏။
“ ဒါ သူ ပဲ ... ”
လျူယွမ်ယန် မျက်နှာမှာ ပြောင်းလဲ သွားပြီး၊ မျက်နှာ ဖုံးအား ကောက်ကိုင်သည်။
သူမ လက်ထဲရှိ မျက်နှာ ဖုံးကို မြင်သော အခါတွင်၊ အခြား သူများက မျက်နှာများ ပျက်ယွင်း သွားသည်။
ထို့နောက် လင်းယွန်ကို တအံ့ တသြ ပြန်ကြည့် လိုက်ကြ၏။
“ မင်းတို့ ဒီလူကို မှတ်မိ ကြပုံပဲ။ ”
“ အင်း မှတ်မိတယ်၊ ... ”
လျူယွမ်ယန်က မျက်နှာ ဖုံးကို ကိုင်လျက်ဖြင့်၊ လင်းယွန်ကို ကြည့်ကာ၊
“ ဒီလူက တိမ်တစေ္ဆရဲ့ တပည့် လင်းရီပဲ၊ လွန်ခဲ့တဲ့ နှစ်နှစ်က၊ တိမ်တစေ္ဆက သူ့ တပည့်နဲ့ အတူ၊ ဧည့်အကြီး အကဲ အဖြစ်၊ သေွးတောင်ပံ ခန်းမကို ဝင်ရောက် ခဲ့တယ်၊ ... ”
“ ... အဲ့ဒီ အချိန်က စပြီး၊ သူ့လက်မှာ ငါတို့ရဲ့ တပည့်တွေ၊ မရေ မတွက် နိုင်အောင် သေကြေ ရတယ်၊ သူက အမှောင် နည်းစနစ် တွေကို ကျွမ်းကျင်တဲ့၊ ကျင့်ကြံသူ တစ်ယောက်ပဲ။ ”
ထို့နောက် သူမက လင်းယွန်အား၊ သံသယ မျက်လုံး များဖြင့် ပြန်ကြည့်ကာ၊
“ ငါ့မှာ မေးစရာ တွေရှိ ပေမယ့်၊ မေးသင့် မမေးသင့် ဝေခွဲ မရ သေးဘူး။ ”
“ မေး ပါ။ ”
“ လင်းရီကို ငါတောင် ခက်ခက် ခဲခဲ ရင်ဆိုင်ရ လိမ့်မယ်၊ မင်းက သူ့ကို ဘယ်လို အနိုင်ယူ နိုင်ခဲ့ တာလဲ။ ”
“ ငါသူ့ကို အနိုင်ယူ နိုင်ခဲ့တာ မဟုတ် ပါဘူး၊ သူက အဲဒီ တုန်းက အစီရင်ရဲ့၊ တုံ့ပြန်မှု ဒဏ်ကို ခံစား ခဲ့ရ တာကြောင့်၊ သိသိ သာသာ အားနည်း သွားလို့ပါ။ ”
အကယ်၍ လင်းရီမှာ နောက်ပြန် ဆုတ်ရန် မရွေး ချယ်ခဲ့ ပါက၊ ဓား မပါဘဲ ဤသို့ လွယ်လွယ် ကူကူ၊ ရင်ဆိုင် နိုင်မည် မဟုတ်ပေ။
သို့သော် ကောင်းကင်ဘုံ ဝိညာဉ် သားရဲ အမြုတေကို သန့်စင်ကာ၊ ဓားကိုင် ဆွဲပြီး နောက်တွင်၊ ရလာဒ်မှာ ဆန့်ကျင်ဘက် ဖြစ်လာ ပေမည်။
လင်းယွန်၏ ရှင်းလင်း ချက်ကြောင့်၊ လူတိုင်းက ယင်းမှာ ကျိုးကြောင်း ဆီလျော် ကြောင်း တွေ့ရှိ ခဲ့သည်။
သို့သော် ခရမ်းရောင် နန်းတော် တစ်ပိုင်း၊ ဓားသမား တစ်ဦး အနေဖြင့်၊ လင်းရီ၏ ခင်းကျင်း မှုကို၊ ဖျက်ဆီး နိုင်ခဲ့သည့် အပေါ်၊ မယုံနိုင် စရာ ပေပင်။
“ ဘိုင်ရီ ... ပြောသားပဲ ... အစ်ကို လင်းက သံမဏိ ကြွက် တွေကို၊ ဖြေရှင်း ပေးတဲ့ သူ ပါလို့၊ သူက ဘိုင်ရီကို ကတိ ပေးထားတယ်။ ”
ဘိုင်ရီက ဂုဏ်ယူ စွာဖြင့်၊ ဝင်ပြော လိုက်သည်။
“ ငါ မင်းကို အထင် လွဲမိ ပါတယ်။ ”
လျူယွမ်ယန်က တောင်းပန်သော လေသံဖြင့်၊ လှည့်ဆို လိုက်သည်။ ထိုအချိန်က ဘိုင်ရီ စကားကို သူမ မယုံ ခဲ့ပေ။
“ ရ ပါ တယ်၊ ဟီး ဟီး ... အစ်ကိုလင်း ပြန်လာပြီး၊ ငါ့အတွက် သက်သေ ပြမယ် ဆိုတာ ငါသိ သားပဲ။ ”
ဘိုင်ရီက ငြူစူဟန် မရှိဘဲ၊ ရယ်မောလျက် လျူယွမ်ယန်၏ လက်ကို ဆွဲကိုင် လိုက်၏။
ဘိုင်ရီ၏ အပြစ် ကင်းစင် မှုသည်၊ လျူယွမ်ယန်ကို ပြုံးရယ် လာစေ ခဲ့သည်။
“ ဖြစ်နိုင်ရင် မင်းတို့ အပြာရောင် မီးကြာပန်းကို စွန့်လွှတ် သင့်တယ်လို့ ငါထင်တယ်၊ ဒါက အန္တရာယ် များပြီး ဘိုင်ရီ အတွက် သေမင်းကို ဖိတ်ခေါ် နေသလိုပဲ။ ”
လင်းရီမှာ သွေးတောင်ပံ ခန်းမနှင့် ပူးပေါင်း ထားသည် ဖြစ်ရာ၊ ဤခရီးက မည်မှျ အန္တရာယ် များ မည်ကို တွေးဆ နိုင်သည်။
အထက်ပါ စကား များကြောင့်၊ လူအုပ် ကြီးမှာ မျက်နှာများ ညှိုးငယ် သွားရ၏။ လင်းယွန် ပြောသည်မှာ မှန်ပေသည်။
လင်းရီကို မဆိုနှင့်၊ သွေးတောင်ပံ ခန်းမ၏ ပန်ယွဲ့ ဖြင့်ပင်၊ သူတို့က အခက်တွေ့ နေပြီ ဖြစ်သည်။
“ အစ်ကိုလင်း၊ မင်း ငါတို့ကို ဘာလို့ ထပ်ပြီး မကူညီ ရတာလဲ၊ အပြာရောင် မီးကြာပန်းက အစ်မလျူ အတွက် အရမ်း အရေး ကြီးတယ်။ ”
-ဟု ဘိုင်ရီက ရုတ်တရက် တောင်းဆို လာခဲ့သည်။
ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ အမာခံ တပည့် ရာထူးမှာ၊ မည်မျှ အရေး ကြီးကြောင်း၊ လင်းယွန် သိ၏။
အရင်း အမြစ် ပမာဏမှာ၊ သိသိ သာသာ ကွာခြား ပေမည်။ သို့သော် ၎င်းကို တောင်းဆို ခြင်းသည်၊ အနည်းငယ် လွန်ကဲရာ ရောက်ပေ၏။
လင်းယွန်က ပြုံးရုံသာ ပြုံးပြ လိုက်ပြီး၊ မည်သည့် စကားမျှ မဆို ခဲ့ပေ။
ဘိုင်ရီ၏ တောင်းဆို မှုကို ကြားသော အခါ၊ လျူယွမ်ယန်က ကူကယ်ရာ မဲ့စွာ ပြုံးမိသည်။
သည် ကောင်မလေးမှာ၊ တကယ်ပင် နုံအ လွန်းပေ၏။ လင်းယွန် အနေဖြင့် သူမကို သဘော မကျ ကြောင်း၊ ရှင်းရှင်း လင်းလင်း ပြောကြား ထားသည် ဖြစ်ရာ၊ ကူညီလာ နိုင်စရာ နည်းလမ်း မရှိနိုင်။
နတ်ဆိုး သားရဲ များနှင့် ပတ်သတ် ၍မူ၊ သူမ ကြောင့်သာ သူတို့ကို ကူညီ ခဲ့ခြင်း ဖြစ်သည်။
“ သခင်လေး လင်း၊ ငါတို့က ဒီအစား နောက် တစ်နည်းနဲ့၊ ဘာလို့ မချဉ်းကပ် ရတာလဲ။ ”
လျူယွမ်ယန်က လင်းယွန်ကို ကြည့်ကာ၊ ခက်ခက် ခဲခဲ ဆိုလိုက်သည်။
“ ငါ့မှာ ဝိညာဉ် ကျောက်စိမ်းတွေ၊ မချို့တဲ့ ပါဘူး။ ”
လင်းယွန်က ပြုံးလျက် တုန့်ပြန်၏။ လင်းရီကို အနိုင်ယူ ပြီးနောက်၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း တစ်ထောင် ရခဲ့သည်။
“ မင်းမှာ ဝိညာဉ် ကျောက်စိမ်းတွေ မချို့တဲ့ ပေမယ့်၊ အပြာရောင် မီးကြာပန်း ကတော့ မင်း ခွန်အားနဲ့ ရယူဖို့ မလွယ် ပါဘူး။ ”
လင်းယွန်မှာ ၎င်းကို စိတ်ဝင် စားကြောင်း၊ ခန်းမှန်း မိနိုင်သည်။
သို့သော် လျူယွမ်ယန် အနေဖြင့်၊ လင်းယွန် အပေါ် သိသိ သာသာ လျှော့တွက် နေမိဆဲ ဖြစ်သည်။
“ ငါရဲ့ ခွန်အားနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဘယ်သူ မဆို လက်ခံ ကြလိမ့်မယ်၊ ငါ့ကို ငြင်းလိမ့် မယ်လို့ ... ငါ မယုံဘူး၊ ... ”
“ သွေးတောင်ပံ ခန်းမ ကိုပဲ၊ ဥပမာ ပေးကြည့် ရအောင်၊ သူတို့နဲ့ တွဲလုပ် ရတာ ပိုလွယ် မယ်လို့ ငါယုံ ကြည်တယ်၊ ဒါကြောင့် မင်းကို ဘာလို့ ရွေးရ မှာလဲ။ ”
လင်းယွန်က လျူယွမ်ယန်ကို လှောင်ပြုံးဖြင့် ပြန်ကြည့်သည်။ အဖိုး အခ မပေးဘဲ၊ သူ့ ခွန်အားကို ငှားသုံး နိုင်လိမ့် မည်ဟု၊ လျှော့တွက် ထားပုံ ရသည်။
“ ငါ အမာခံ တပည့် ဖြစ်လာရင်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီရဲ့၊ ဧည့်သင်းထောက် အဖြစ် မင်းကို အကြံပြု ပေးနိုင် ပါတယ်၊ ... ”
“ ... ဧည့်သင်းထောက် တစ်ဦးက အရင်း အမြစ် အချို့နဲ့၊ ရှေးဟောင်း နည်းစနစ် တွေကို လေ့လာ ဖတ်ရှု နိုင်တယ်၊ ... ”
“ ... အကယ်ဒမီ အတွက် အလုပ်လုပ် ချင်တယ် ဆိုရင်တော့၊ မင်းရဲ့ အဆင့်ကို ထပ်တိုးမြှင့် နိုင်မှာပါ၊ ဥပမာ ဧည့် အကြီး အကဲ လိုမျိုးပေါ့ ...။ ”
လျူယွမ်ယန်က လင်းယွန် အတွေးကို၊ ဖတ်မိ ဟန်ဖြင့် ပြတ်သားစွာ ကမ်းလှမ်း လိုက်သည်။
ဧည့်သင်းထောက် တစ်ဦး၏ ရာထူးမှာ နိမ့်ကျခြင်း မရှိ ကဲ့သို့၊ မြင့်မား ခြင်းလည်း မရှိပေ။
လျူယွမ်ယန်၏ ပြတ်သားသော ကမ်းလှမ်း မှုကြောင့်၊ လင်းယွန်ပင် အံ့ဩ သွားရသည်။
အဖွဲ့ ထဲတွင် သူမ၏ ဩဇာ၊ ဤမျှ သက်ရောက် နေသည်မှာ၊ အံ့သြ စရာ မဟုတ် တော့ပေ။
လင်းယွန်က လူအုပ်ထံ တစ်ချက် ဝေ့ကြည့် လိုက်ပြီး၊
“ ဒါပေမယ့် မင်းရဲ့ အကယ်ဒမီက၊ ဒီနေ့ တိုက်ပွဲကြောင့်၊ သိသိ သာသာ ဆုံးရှုံး သွားပြီ၊ ငါကူညီ ရင်တောင် သွေးတောင်ပံ ခန်းမကို၊ အနိုင် ရဖို့ အလား အလာက မမြင့်မား ပါဘူး။ နောက်ပြီး ... ”
ထို့အပြင်၊ ၎င်းတို့၏ ပြိုင်ဘက်မှာ၊ သွေးခန်းမ တစ်ဦးတည်း မဟုတ်ပေ။
“ ဒါကို မင်း စိတ်ပူ နေစရာ မလို ပါဘူး၊ သွေးတောင်ပံ ခန်းမက အရေ အတွက် များနေ တာတောင်၊ ဘာလို့ ချုံခို တိုက်ခိုက် ရလဲ ဆိုတာ မင်း သိလား၊ ... ”
“ ... ဒါက ငါတို့ အကယ် ဒမီကို ကြောက်လို့ပဲ၊ ပြီးတော့ ငါတို့ရဲ့ စစ်မှန်သော ခွန်အားကို၊ မင်း တစ်ခါမှ မမြင် ဖူးသေး ပါဘူး။ ”
လျူယွမ်ယန်၏ မျက်လုံး များတွင်၊ ဂုဏ်ယူ ဝံ့ကြွားသော အရိပ် အယောင်များ၊ လင်းလက် လာလေသည်။
ဝိညာဉ် ရေးရာ ဆရာ သခင်။ လင်းယွန်က ယင်းကို ချက်ခြင်း သတိ ရသွားသည်။
ကောင်းကင် ပြည်နယ် အကယ်ဒမီ၏ တပည့် များမှာ၊ ဝိညာဉ် ရေးရာ ရူရ် များကို အထူးပြု ကျင့်ကြံ ကြပေသည်။
ဆိုလို သည်မှာ သူတို့၏ တိုက်ပွဲဝင် စွမ်းအားကို၊ အမြင်ဖြင့် မဆုံးဖြတ် နိုင်ဟု အဓိပ္ပါယ် ရ၏။
ထိုအတွေး ကြောင့်၊ လျူယွမ်ယန်ကို နောက် တစ်ကြိမ် ပြန်ကြည့် လိုက်ရာ၊ နားမလည် နိုင်သော ခံစား ချက်များ၊ ရရှိ လိုက်လေသည်။
ဒုတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင်။
“ ကောင်းပြီ ငါ သဘောတူ တယ်။ ”
လင်းယွန်က မဆိုင်း မတွ၊ သဘောတူ လိုက်၏။
“ ဒါပေမယ့် သဘော တူညီချက် တစ်ခု ရှိတယ်၊ လင်းရီကို မင်း တာဝန် ယူရမယ်၊ မဟုတ်ရင် ငါ့ကတိ ကိုလည်း ငါမဖြည့် ဆည်းပေး နိုင်ဘူး၊ ထုံးစံ အတိုင်း မင်း သူ့ကို အနိုင် ယူဖို့ မလိုဘူး၊ ထိန်းထား ရုံလေးပဲ။ ”
လျူယွမ်ယန်မှာ မရိုးရှင်း သောကြောင့်၊ လင်းယွန်အား စူးစမ်း လိုစိတ် ဖြစ်လာ စေသည်။
မျက်ခုံးကို ပင့်တင် လိုက်ပြီး၊ ပြုံးရယ် လိုက်ကာ၊
“ မင်း သဘော အတိုင်း ပါပဲ၊ ငါ အကောင်းဆုံး ကြိုးစား ပေးမယ်၊ ဒါပေမယ့် ဒီမိန်းမကို မင်းဘယ်လို ကိုင်တွယ် မလဲ။ ”
လူအုပ် အကွယ်၌ ရပ်နေသော၊ လုစီယင်ကို တစ်ချက် ကြည့်ကာ မေးလိုက်၏။
***