ကြောက်စရာ ကောင်းသော မိန်းကလေး။
Vol. 36 Ch. 491
လင်းယွန်နှင့် လျူယွမ်ယန် ကြားတွင် လုစီယင်မှာ ခလုတ် တစ်ခု ဖြစ်ပြီး၊ သူမကို မဖြေရှင်း ပါက၊ နှစ်ဖက် ပူးပေါင်း လုပ်ဆောင် နိုင်မည် မဟုတ်ပေ။
လင်းယွန်၏ လုပ်ဆောင်ချက် များအပေါ်၊ အခြေ ခံ၍ သဘာဝ အတိုင်း၊ လုစီယင် သေဆုံး ခြင်းကို လိုလား နေပုံ ရ၏။
လျူယွမ်ယန် အတွက်မူ၊ လန်းဖိန် အသတ် ခံရ ပြီးနောက်၊ လုစီယင်ကို သတ်ခွင့်ပြု မိပါက၊ အကယ် ဒမီတွင် ရှင်းရ ခက်လာ ပေမည်။
ကြီးလေးသော အမှားကို ကျူးလွန် ခဲ့သော် ငြားလည်း၊ အကယ်ဒမီ သည်သာ ၎င်းတို့ တပည့် ၏၊ အပြစ်ဒဏ် အပေါ်၊ စီရင်သူ ဖြစ်သင့် သည်။
သို့သော် ချက်ချင်း ဖြေရှင်းခြင်း မရှိ ပါက၊ လင်းယွန်က သေချာပေါက် ထွက်သွား ပေလိမ့်မည်။
လူအုပ် ထဲတွင် သူ့ကိုယ်သူ၊ ကိုယ်ဝှက် ထားသော လုစီယင်က၊ သူမကို စိတ်မသက် မသာ ဖြစ်စေသည့်၊ ပုံမှန် မဟုတ်သော လေထုကို၊ ခံစား လိုက်ရသည်။
အထူး သဖြင့် လျူယွမ်ယန်၏ အကြည့် များက သူမကို တုန်လှုပ် စေ၏။
လျူယွမ်ယန်က ငြင်သာစွာ လျှောက်လှမ်း လာပြီး၊ “ သူကို ငါဖြေရှင်း လိုက်မယ်၊ ”ဟု၊ လင်းယွန်အား ဆိုသည်။
“ စီနီယာ အစ်မ၊ ငါ့ အမှားကို ငါတကယ် နားလည် ပါပြီ၊ ကျေးဇူး ပြုပြီး ငါ့ကို ဒီတစ်ကြိမ် ခွင့်လွှတ် ပေးပါ ... ။ ”
လုစီယင်က ငိုယိုပြီး၊ သူမ၏ သနား စရာ ကောင်းသော အသွင်ဖြင့်၊ အခြားသူ များ၏ သနားကြင် နာမှုကို ဆွဲဆောင် မိသည်။
ဘိုင်ရီပင် ဤမြင်ကွင်းကို ဆက်မကြည့် နိုင်ခဲ့ပေ။ ဆံပင်များ ရှုပ်ပွ နေပြီး မျက်နှာမှာ၊ ဝက်ကဲ့သို့ ရောင်ရမ်းလျှက်၊ နှာခေါင်းနှင့် နှုတ်ခမ်း များတွင်၊ သွေးများ စွန်းထင်း နေ၏။
ယခု အချိန်တွင် လုစီယင်၏၊ ပုံမှန် မောက်မာသော အသွင် အပြင်မှာ၊ ပျောက်ကွယ် သွားခဲ့သည်။
“ အစ်မ လျူ ...။ ”
ဘိုင်ရီက တောင်းပန် တော့မည့် အခိုက်တွင်၊ လျူယွမ်ယန်က လည်ပြန် လှည့်လာပြီး၊ တိတ်တိတ် နေရန် အချက်ပြ လိုက်သည်။
“ လုစီယင်၊ ငါ မင်းကို ရွေးချယ်ခွင့် နှစ်ခု ပေးမယ်၊ တစ် ... အကယ်ဒမီကို ပြန်သွားပြီး၊ မင်းဘာလုပ် ခဲ့လဲ ဆိုတာ သတင်း ပို့ပါ၊ နှစ် ... နေသာ စီရင်စု ကနေ ထွက်သွားပြီး၊ ငါ့ရှေ့ ထပ်ပေါ် မလာ စေနဲ့။ ”
လျူယွမ်ယန်က အေးစက်စွာ ဆိုသည်။
“ ကျေးဇူး ပြုပြီး ဒီလို မလုပ် ပါနဲ့၊ စီနီယာ အစ်မလျူ၊ ငါမင်းကို ဒူးထောက် တောင်းပန် ပါ့မယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်တာ ကာလ အတွင်း၊ ငါတို့ နှစ်ယောက်ကြား ဆက်ဆံ ရေးကို၊ သတိရ ပေးပါ၊ ... ”
“ ... ဒါကို ဓားကျွန် တစ်ဦး အတွက်နဲ့၊ အပျက်စီး ခံရအောင် ထိုက်တန် လို့လား။ ”
လုစီယင်က မြေပြင် ပေါ်တွင် ဒူးထောက် ကာ၊ တောင်းပန် လိုက်သည်။
အကယ် ၍သာ အကယ် ဒမီသို့ ပြန်သွားပြီး၊ တစ်စုံ တစ်ယောက်၏ ရတနာ များကို ခိုးယူ မိကြောင်း၊ သတင်းပို့ ရပါက အသတ် ခံရ ခြင်းထက် ပိုဆိုး ပေလိမ့်မည်။
အကယ်ဒမီမှ ထုတ်ပယ် မခံရ လျှင်ပင်၊ တစ်သက်လုံး အရှက်ခွဲ ခံရ မည်မှာ၊ အသေချာ ပေပင်။
ဒုတိယ ရွေးချယ် မှုမှာ၊ အကယ်ဒမီ ကနေ ထွက်ခွာ သွားရန်၊ ဆိုလို လိုက်သည်နှင့် အတူတူ ဖြစ်သည်။
အကယ် ဒမီသည် နက်ရှိုင်းသော အခြေခံ အုတ်မြစ်ဖြင့်၊ နေသာ စီရင်စု၌ အမည်ခံ အုပ်စိုးရှင်၊ တပ်ဖွဲ့ အဖြစ် ရပ်တည် ထားနိုင် သည်။
ဓားနန်းတော် အနေဖြင့်၊ ယှဉ်နိုင်သော၊ တည်ရှိ မှုမျိုး မဟုတ်ပေ။
ဤအနှစ်များ အတွင်း အကယ် ဒမီမှ ထောက်ပံ့ ပေးသော အရင်း အမြစ်များ အပေါ်၊ မက်မော နေပြီ ဖြစ်သည်။
လေလွင့် ကျင့်ကြံသူ အဖြစ် ရှင်သန် ရခြင်းမှာ၊ သူမ၏ မျက်လုံး ထဲတွင်၊ အသတ် ခံရ ခြင်းထက် ပိုဆိုး ပေ၏။
ဤမြင်ကွင်းကို အဝေးမှ ကြည့်နေ မိသော၊ လင်းယွန်က လျူယွမ်ယန်ကို၊ သူ လျှော့တွက် ထားမိကြောင်း သိလိုက် ရသည်။
လျူယွမ်ယန်မှာ လှပလွန်း သောကြောင့် မဟုတ်ဘဲ၊ ပြတ်သားသော ဆုံးဖြတ်ချက် များကြောင့်၊ နာမည်ကြီး လာခြင်း ဖြစ်ပေမည်။
“ ကြည့်ရတာ မင်းက ရွေးမှာ မဟုတ် ဖူးပဲ၊ ဒါဆို ရင်တော့ မင်းကို လင်းယွန် လက်မှာ ထားခဲ့ ရတော့မယ်။ ”
“ မင်း .... အရမ်း ရက်စက် တာပဲ၊ ... ”
လုစီယင်၏ မျက်လုံး များတွင်၊ စိတ်ပျက် အားငယ် မှုများ ထင်ဟပ် လာကာ၊
“ လျူယွမ်ယန် ... ငါ မင်းကို မုန်းတယ်၊ ဒီနေ့ ကြုံတွေ့ ခဲ့ရတဲ့ အရှက် အတွက်၊ နောင် ဆယ်ဆ ပြန်ဆပ်မယ်။ ”
-ဟု အော် ဟစ် လိုက်၏။
ယင်း စကားကြောင့်၊ လျူယွမ်ယန်က လူသတ် လိုခြင်း အငွေ့ အသက်ကို ထုတ်လွှတ် လိုက်ကာ၊ လုစီယင်အား တစ်ချက် ကြည့်လိုက်သည်။
“ စီနီယာ အစ်မ ... ”
တပည့် နှစ်ယောက်က ရှေ့တိုး လာပြီး၊ လျူယွမ်ယန်ကို ဖေျာင်းဖျရန် ကြိုးစား လိုက်၏။
“ ဆယ်ဆ ပြန်ဆပ်မယ် ဟုတ်လား။ ”
လျူယွမ်ယန်၏ အသံမှာ အေးစက် လာပြီး၊
“ မင်းကို ငါအသက် ရှင်ခွင့် ပေးပြီးပြီ၊ ဒါကို တောင် ဆယ်ဆ ပြန်ဆပ်ချင် သေးတယ်လား၊ ငါက မင်းအတွက် ဖိအား တစ်ခုလို ဖြစ်နေ သလား၊ ဒီခွေးမရဲ့ ကျင့်ကြံ မှုကို ဖျက်ဆီးပြီး နှင်ထုတ် ပစ်လိုက် ... ။ ”
“ ဟုတ် ... ဟုတ်ကဲ့ ။ ”
တပည့် နှစ်ယောက်က ဒေါသ အရမ်း ထွက်နေသော လျူယွမ်ယန်ကို ကြည့်ကာ တုန်လှုပ် သွား၏။
တုံ့ဆိုင်း မနေရဲ တော့ဘဲ၊ လုစီယင်ကို သနား စိတ်ဖြင့်သာ ကြည့်လိုက် မိသည်။
“ အဲဒါ အတွက် တောင်းပန် ပါတယ်။ ”
ထို့နောက်တွင် လုစီယင်အား စခန်း ထဲမှ၊ ဆွဲထုတ် သွားတော့၏။
“ စီနီယာ အစ်မ တောင်းပန် ပါတယ်၊ ငါတကယ် တောင်းပန် ပါတယ် ...။ ”
လုစီယင်၏ ငိုသံကြောင့်၊ စခန်းရှိ လူတိုင်း ကျောရိုးများ အေးစက်သွား သလို၊ ခံစား လိုက်ရ သည်။
ယင်းကို လျစ်လျူရှု ထားသော လျူယွမ်ယန်က၊ လင်းယွန်ထံ လှမ်းကြည့်ပြီး၊
“ သခင်လေး လင်း၊ မင်းက ဒါကို ကျေနပ် မယ်လို့ ငါ ထင်ပါတယ်။ ”
“ မင်းရဲ့ နည်းလမ်း တွေကို၊ ငါသဘော ကျပါတယ်။ ”
“ ငါ သူ့ကို အသက် ရှင်ခွင့် ပေးခဲ့ပြီး၊ အဲဒါကို သူ တန်ဖိုး မထား ခဲ့ဘူး၊ ငါက ဘာလို့ ငါ့ရဲ့ အနာဂတ် ဘေးဒုက္ခကို၊ မွေးယူ နေရ ဦးမှာလဲ၊ ... ”
“ ... မင်းက စကား တွေနဲ့၊ ဝါကြွား မနေဖို့၊ ငါမျှော်လင့် မိပါတယ်၊ တိမ်မိစ္ဆာရဲ့ တပည့်ကို ထိန်းမထား နိုင်ရင်၊ ငါတို့ရဲ့ သဘော တူညီ ချက်က၊ ပယ်ဖျက် ပြီးသား ဖြစ်လိမ့်မယ်။ ”
လျူယွမ်ယန်က လေးလေး နက်နက် ဆို၏။
( ဒီမိန်းမ ... ငါ့ကို ခြိမ်းခြောက် နေတာလား၊ စိတ်ဝင်စား စရာပဲ။ )
လင်းယွန်က နှာခေါင်း ပွတ်ကာ၊ ပြုံးလိုက် သည်။ ယခု အချိန်၌ အန္တရာယ် အရှိဆုံး သူမှာ၊ လင်းရီ မဟုတ်ဘဲ လျူယွမ်ယန် ဖြစ်သည်။
အကယ် ၍သာ အပြာရောင် မီးကြာပန်းကို ရဘူ ချိန်၌၊ ကတိအား မတည် မိပါက၊ လုစီယင် ကဲ့သို့ ရလဒ် မျိုးဖြင့်၊ အဆုံးသတ် သွားပေမည်။
သို့သော် ဤမျှနှင့်၊ ခြိမ်းခြောက် နိုင်မည်ဟု ထင်ထား သော်၊ လျူယွမ်ယန်မှာ အနည်းငယ် နုံအ လွန်းရာ ရောက်ပေ မည်။
ယင်းအပေါ် သိပ်ပြီး မစဉ်းစား တော့ဘဲ၊ လင်းယွန် တစ်ယောက် ကျင့်ကြံရန် နေရာ ရှာမိ တော့၏။
လျူယွမ်ယန် ကမူ၊ ပြင်ဆင် စရာ ရှိသည်များ အတွက်၊ အခြားသော တပည့် များကို စုရုန်း စေခဲ့သည်။
သူတို့က လင်းယွန်ထံ တစ်ချက် လှမ်းကြည့် လိုက်ပြီး၊
“ အစ်မ လျူ၊ အဲဒီ လူက အားကိုးလို့ ရပါ့ မလား။ ”
“ ဟုတ်တယ်၊ လင်းရီက တိမ်မိစ္ဆရဲ့ တပည့် တစ်ယောက်ပါ၊ ငါတို့ရဲ့ ညီအစ်ကို တော်တော် များများက၊ သူ့လက်ထဲမှာ သေသွား ဖူးတယ်။ ”
တပည့် တစ်ဦးက ခပ်တိုးတိုး ဆိုသည်။ လင်းရီ၏ ခွန်အားကို သိထားသည် ဖြစ်လေရာ၊ လင်းယွန် စကားများ အပေါ်၊ မယုံ ကြည်နိုင် ဖြစ်နေ မိသည်။
“ ဒါပေမဲ့ အစ်ကို လင်းက၊ ငါတို့ရဲ့ အကျပ် အတည်းကို၊ ဖြေရှင်း ပေးတဲ့သူ ဆိုတာ ရှင်းပါတယ်၊ မဟုတ်ရင် သံမဏိ ကြွက် သားရဲတေွ၊ ဘယ်လိုလုပ် ထွက်ပြေး မှာလဲ။ ”
ဘိုင်ရီက ပြန်လည် ငြင်းခုံ လိုက်၏။
“ ဂျူနီယာ ညီမလေး ဘိုင်၊ လင်းရီ ထွက်သွား ရတဲ့ အကြောင်း ရင်းက၊ အခင်း အကျင်းရဲ့ တုံ့ပြန် မှုကို ခံခဲ့ ရလို့ပါ၊ လင်းယွန်ကို လုံးလုံး ရှုံးနိမ့် ခဲ့တာ မဟုတ်ဘူး။ ”
“ သူ့ကို မတိုက် ခိုက်ဘဲ၊ လင်းရီ ဘယ်လောက်ထိ ကြောက်စရာ ကောင်းတယ် ဆိုတာ၊ မင်း မသိ နိုင်ဘူး ဂျူနီယာ ညီမလေး ဘိုင်၊ သူက ပန်ယွဲ့ ထက် ပိုဒုက္ခ ပေးနိုင်တယ်။ ”
“ မတိုက် ချင်ဘူး၊ ဒါပေမယ့် သူ့ကိုလည်း သဘော မကျဘူး၊ လင်းရီကို သူ မထိန်း နိုင်လို့၊ အပြာရောင် မီးကြာ ပန်းကို ဆုံးရှုံး သွားရင်၊ မျက်နှာသာ ပေးနေမှာ မဟုတ်ဘူး၊ .... ”
“ ... သူ့စကား အတိုင်း၊ ဟန့်တား ထားနိုင် ခဲ့ရင်တော့၊ ဒါက တွန့်တို စရာ မဟုတ်တာ သေချာတယ်။ ”
လင်းယွမ်ယန်က ပြတ်သားစွာ ဆိုသည်။ ထို့နောက် ဘိုင်ရီကို ကြည့်ကာ၊
“ ညီမလေး ... မင်းက သူနဲ့ ဆက်ဆံ နေတာ ရက်တော်တော် ကြာနေပြီ၊ သူ့ အကြောင်း ဘာသိ ထားလဲ။ ”
“ ငါ ... ငါ မသိဘူး ... ”
ဘိုင်ရီ မျက်နှာက နီရဲ သွားပြီး၊ သူမ နဖူး အား လက်ညှိုးဖြင့် ထိုးကုပ် လျက်ဖြင့်၊
“ အစ်ကို လင်းက မဟာချင် အင်ပါယာ က ဖြစ်မယ် ထင်တယ်။ ”
“ မဟာ ချင် အင်ပါယာ။ ”
လျူယွမ်ယန်က ခဏကြာ ငြိမ်သက် သွားပြီးနောက်၊ အနည်းငယ် အံ့အားသင့် သွားသည်။
“ အဲ့ဒီ လူ များလား။ “
“ အစ်မကြီး မင်းသူ့ အကြောင်း သိလို့လား။ ”
ဘိုင်ရီက စူစမ်း ဟန်ဖြင့် ပြန်မေး လိုက်သည်။
“ ဒီကိစ္စကို လောလောဆယ် စိတ်ထဲ မထား ပါနဲ့၊ ပြန်သွားပြီး သတိနဲ့ နေပါ၊ သွေးတောင်ပံ ခန်းမက ငါတို့ကို နောက်ထပ် တိုက်ခိုက်လာ နိုင်တယ်။ ”
လျူယွမ်ယန်က ဘိုင်ရီ အမေးကို ပြန်မဖြေ ခဲ့ဘဲ၊ လူစု ခွဲရန် အမိန့်ပေး လိုက်သည်။
“ ဟုတ် ...... ”
“ သခင် မလေး၊ မင်း ခဏ နေခဲ့ဦး၊ မင်းကို ငါ သင်ပေး ရမယ့်၊ ကျင့်ဝတ်တွေ ရှိနေတယ်။ ”
သူမ စကားကြောင့်၊ ဘိုင်ရီက ခေါင်းငုံ့ကာ၊ အနား တိုးကပ် လာတော့၏။
ဆယ့်ငါး မိနစ်ခန့် အကြာတွင်၊ တစ်ယောက် ယောက် ချဉ်းကပ် လာသော ခြေသံကို၊ လင်းယွန်က ခံစား လိုက်ရသည်။
မျက်လုံး ဖွင့်ကြည့် လိုက်ရာ၊ ပျက်ယွင်း နေသည့် မျက်နှာဖြင့်၊ လျှောက်လှမ်း လာသော ဘိုင်ရီအား တွေ့လိုက်၏။
“ အစ်ကိုလင်း၊ ငါ တောင်းပန် ပါတယ်။ ”
ဘိုင်ရီက ခေါင်းငုံ့ပြီး ဆို၏။
“ ဘာ အတွက်လဲ။ ”
လင်းယွန်က နားမလည် ဟန်ဖြင့်၊ ပြန်မေး မိသည်။
“ မင်းရဲ့ အကူ အညီကို မတောင်းသင့် ဖူးလို့၊ စီနီယာ အစ်မက ပြောတယ်၊ ဒါပေမယ့် ဒါကို ငါ တကယ်၊ ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့ တာတော့ မဟုတ် ပါဘူး၊ မင်းက လူကောင်း တစ်ယောက်လို့၊ ခံစား လာရ လို့ပါ။ ”
ဘိုင်ရီ မျက်နှာမှာ အရှက် တရားကြောင့် နီမြန်း နေလေပြီ။ ထို့ကြောင့် သူမအား ဆူပူ ကြိမ်းမောင်း ခံခဲ့ ရကြောင်း၊ သိသာ စေ၏။ လင်းယွန်က ပြုံးလိုက်ပြီး၊
“ ဟုတ်လား ... မင်းမျက်နှာ ဘယ်လောက် နီနေလဲ ကြည့်စမ်း၊ ဘိုင်ရီ ဆိုတာ ဘယ်လို လူမျိုးလဲ ...၊ မင်းက အရမ်း အကဲ ပိုတက်တဲ့ သူလား။ ”
သူမကို ရယ်စရာ အဖြစ်၊ သဘော ထား လာသည့် အတွက်၊ အနည်းငယ် ကို့ရို့ ကားရား နိုင် လာရာ၊ သတိ ထားရန် အတတ် နိုင်ဆုံး ကြိုးစား မိသည်။
“ မှန်တယ် ... ၊ အစ်ကို လင်းက ငါ့ကို နားလည်မယ် ဆိုတာ ငါသိ ပါတယ်။ ”
ရှက်ရွံ့ စွာဖြင့် ချီးကျူး ပြီးနောက်၊ ပြုံးရယ် လိုက်သည်။ လင်းယွန်က သဘော ကျစွာ ပြုံးလိုက်ပြီး၊
“ မော့ ပါ ဦး ... ။ ”
“ ဘာလို့ လဲ ... ။ ”
ဘိုင်ရီက ခေါင်း မမော့ဘဲ၊ ပြန်မေး လာ၏။
“ လုပ် ပါ ... ခေါင်း မော့ လိုက်။ ”
“ ........ ။”
အတင်း အကြပ် တောင်းဆို မှုကြောင့်၊ ဘိုင်ရီက ခေါင်းမော့ ကြည့်မိသည်။
လင်းယွန် လက်ထဲတွင်၊ ပိုးသား အပျော့စား ချပ်ဝတ် တစ်ထည်အား တွေ့လိုက် ရ၏။
“ ဒါက ဘာလဲ။ ”
“ဒါက ရွှေပိုးထည် ချပ်ဝတ်ပဲ၊ စကြဝဠာ လက်ရာ တစ်ခုပါ၊ မင်း မဝတ် ချင်တဲ့ အချိန်ဆို ပုံစံ ပြောင်းပြီး၊ လက်နက် အဖြစ် သုံးနိုင်တယ်၊ ဒါက သူ့ရဲ့ အင်အား အပြည့်တော့ မရ စေဘူး။ ”
“ ဘာလုပ် ဖို့လဲ။ ”
“ အပြာရောင် မီးကြာပန်း အတွက် တိုက်ပွဲက အန္တရာယ် ရှိတယ်၊ လင်းရီကို ထိန်းထား ပေးမယ်လို့၊ လျူယွမ်ယန်ကို ကတိ ပေးထားတယ်၊ ... ”
“ ... ဒါကြောင့် မင်းကို ကာကွယ်ဖို့ အချိန် မပေးနိုင် မှာကို ကြောက်မိတယ်၊ ဒီချပ်ဝတ်ကို ဝတ်ထားပါ၊ အရေး ကြီးတဲ့ အချိန် တွေမှာ၊ မင်းကို ကာကွယ် ပေးလိမ့်မယ်။ ”
ယင်းမှာ နဂါး တံခါး ပြိုင်ပွဲမှ၊ ရရှိ ခဲ့သော ဆုလာဘ် ဖြစ်၏။ ဝတ်ဆင် ထားခြင်း မရှိပါက ချိန်းကြိုး အဖြစ်၊ ပြောင်းလဲ အသုံး ပြု နိုင်သည်။
လက်ခံ ရရှိ ချိန်၌ သာမန်ဟု ထင်ရ သော်လည်း၊ အရည် အသွေးကို လင်းယွန်က ယုံသည်။
၎င်းအား ဝတ်ဆင် ထားခြင်း မရှိ ပါက၊ အလယ် အလတ် ယင်အဆင့် လမ်းလွဲ ကျင့်ကြံ သူနှင့်၊ တိုက်ပွဲတွင် အသက် ဆုံးရှုံး သွားမည် ဖြစ်သည်။
“ ဒါက အရမ်း တန်ဖိုး ရှိတယ်၊ ငါ လက်မခံ နိုင်ဘူး။ ”
ဘိုင်ရီ၏ ခန္ဓာကိုယ် တစ်ခုလုံး၊ သစ်ပင် တစ်ပင်လို၊ ယိမ်းထိုး လာသည် အထိ၊ ခေါင်းခါ ငြင်းဆန် လိုက်သည်။။
“ ဘာလို့လဲ၊ မင်းစကား အတိုင်း၊ ဒီည ငါ ကူညီ ပေးခဲ့တယ်၊ မင်းကတော့ ငါ့စကား နားမထောင် ဖူးပေါ့၊ ပြီးတော့ ငါ့ရဲ့ လက်ရှိ အင်အားနဲ့ ဒါကို မလို တော့ဘူး။ ”
“ ဒါအမှန် ပဲလား။ ”
ဘိုင်ရီက မျက်ဝန်း များ ပုတ်ခတ် ပုတ်ခတ် လုပ်ကာ၊ ပြန်မေး၏။
“ ငါ့ကို ယုံစမ်းပါ။ ”
လင်းယွန်က ခေါင်းညိတ် ပြကာ၊ ချပ်ဝတ်ကို ဘိုင်ရီ လက်ထဲ အတင်း ထိုးထည့် လိုက်သည်။
မလွန်ဆန် ဝံ့တော့ဘဲ၊ ချပ်ဝတ်ကို လက်ခံ လိုက်ရသည်။ ချပ်ဝတ် ထံမှ နွေးထွေးသော အငွေ့ အသက်ကြောင့်၊ သူမ မျက်နှာ တစ်ပြင်လုံး ရဲတွတ် သွား၏။
“ သွားကြ ရအောင်၊ ငါ မင်းကို အသားကင် ကြွေးမယ်၊ ”
လွန်ခဲ့သည့် ရက် အနည်း ငယ်က၊ သူ့အပေါ် ပြုစု စောင့်ရှောက် ပေးခဲ့သော ဘိုင်ရီကို၊ သူ့ ကျွမ်းကျင် မှုဖြင့် ပြန်လည် မြည်းစမ်း လိုခဲ့သည်။
“ မလုပ်နဲ့၊ စီနီယာ အစ်မက ညဘက် သတိ ဝီရိယနဲ့ နေဖို့ ပြောထား တယ်၊ ငါတို့ လျှောက်သွား နေဖို့ မသင့်ဘူး၊ မဟုတ်ရင် အပြစ်ပေး ခံရ လိမ့်မယ်။ ”
ယာယီ တဲ များထံ တစ်ချက် ပြန်ခိုး ကြည့်ကာ၊ ဘိုင်ရီက ဆိုသည်။
သို့သော် သူမ၏ အမူ အရာ များအရ၊ ၎င်းကို ဆန့်ကျင်ရန် ဆုံးဖြတ် ထားသည်မှာ၊ ထင်ရှား နေ၏။
“ လာ ... မင်းရဲ့ စီနီယာ အစ်မက၊ ငါ့ကို ဂရု မစိုက်ဘူး။ ”
လင်းယွန်က အခြားသော မည်သည့် အရာ ကိုမှျ ဂရု မစိုက်ပေ။ ဘိုင်ရီ လက်အား ဆုပ်ကိုင်ကာ၊ အမှောင်ထဲ ပျံသန်း လိုက်၏။
အပြစ် ကျူးလွန် နေသော ကြောင့်၊ ဘိုင်ရီ၏ နှလုံး သားမှာ ခုန်ပေါက် လာသည်။ စီနီယာ အစ်မ နောက်ကွယ်၌ ခိုးထွက် ခြင်းမှာ၊ အမှန် တကယ်၌ မသင့် လျော်လှပေ။
သို့သော် သူမ နှလုံး သား၏၊ အနက် ရှိုင်းဆုံး နေရာတွင်၊ အနည်းငယ် ကြေနပ် နေသည်ကို သတိ ထားမိ ပြန်၏။
လင်းယွန် ကျွေးသော အသား ကင်ကို စားပြီး နောက်တွင်၊ အပြစ်နှင့် မလုံခြုံ မှုများ ပျောက်ကွယ် သွားရသည်။
“ အစ် ကို လင်း၊ ဒါ ... အရမ်း ကောင်းတယ် ...။ ”
ဘိုင်ရီက ဆီများ ပေကျံ နေသည့်၊ နှုတ်ခမ်း များကို လျှာဖြင့် သပ်ကာ ဆိုသည်။ ယခု အချိန်၌ ခေါင်း မဖော်တမ်း စားဖို့ ရန်သာ ဆန္ဒ ရှိပေ၏။
သူမ၏ အသွင် အပြင်မှာ၊ တင့်တယ်ခြင်း မရှိ သော်လည်း၊ အငမ်း မရ စားနေ ပုံမှာ၊ ချစ်စရာ ကောင်းလေသည်။
“ မင်းက မြင်းမိုက် ထက်တောင်၊ ပိုအစား ကြူး လာတယ်။ ”
လင်းယွန်က နောက်ပြောင် လိုက်သည်။
“ ဝူး ဝိုက်က ဝူ တူ လဲ။ ”
( မြင်းမိုက်က ဘယ်သူလဲ။ )
ဘိုင်ရီက ပလုတ် ပလောင်းဖြင့်၊ မသဲ မကွဲ ပြန်မေး လာ၏။
“ မြင်းမိုက် ဆိုတာ ...။ ”
-ဟု အစ ချီကာ၊ နဂါးလေး အကြောင်း ပြောပြ လိုက်သည်။
နဂါးလေး အဆင်ပြေ နေမည်မှန်း သူသိ သော်လည်း၊ ခွဲခွာ နေရခြင်း အတွက်၊ အနည်းငယ် သတိရ မိပေသည်။
“ အူး ... ဝါ တိပြီ၊ ဝါတိပြီ။ ”
( အိုး ... ငါ သိပြီ၊ ငါသိပြီ။ )
ဘိုင်ရီ အသား ကင်ကို ချလိုက်ပြီး၊ စိတ်လှုပ် ရှားသော လေသံဖြင့်၊
“ ငါ တကယ် မြင်ဖူးတယ်၊ အဲ့ဒီ တုန်းက ကမ်းစပ်မှာ မြင်းနီ တစ်ကောင် လိုက်ပါ နေလို့၊ အားလုံးက စိတ်ဝင် တစား လှမ်းကြည့် ဖူးတယ်၊ ... ”
“ ... အစ်မ စီယင်က ရှားရှား ပါးပါး၊ နဂါးသွေး ပါတဲ့ မြင်း တစ်ကောင် လို့တောင် ပြောပြီး၊ ဖမ်းခဲ့တယ်။ ”
“ ဘာ ... ဖမ်းမိ သွားလား။ ”
လင်းယွန်၏ မျက်ဝန်း များက၊ အေးစက်စွာ တောက်ပ လာသည်။
“ မမိဘူး၊ မမိတဲ့ အပြင် ... ဆိုးဆိုး ရွားရွားကို တုန့်ပြန် ခံခဲ့ ရတယ်၊ အဲဒီ အဖြစ် အပျက် ပြီးထဲက၊ မြင်းနီက ပြန်ကို ပေါ်မလာ တော့တာ။ ”
ဘိုင်ရီက ကြင်နာ ဟန်ဖြင့် ရေရွတ် လိုက်သည်။ နဂါးလေးကို သဘောကျ နေပုံ ရ၏။
နဂါးလေး အဆင်ပြေ နေမှန်း သိသော ကြောင့်၊ လင်းယွန်က ပြုံးရယ် လိုက်မိ၏။
လုစီယင် ဖမ်းနိုင် ရင်သာ၊ ထူးဆန်း နေပေ လိမ့်မည်။ သို့သော် မည်သည့် အချိန်၊ ပြန်ပေါ် လာမည် ကို၊ သူ မသိပေ။
“ သူ ပြန်လာတဲ့ အခါ၊ မင်းကို စီးခွင့် ပြုမယ်။ ”
“ သဘော တူညီချက်၊ ဒါပေမဲ့ အစ်ကိုလင်း၊ ငါ မစီး ချင်ဘူး၊ အဲဒါကို ထိချင် ရုံပါပဲ၊ ရယ်တဲ့ အခါ ပေါ်လာတဲ့၊ သူ့ သွားခေါ လေးကို ငါထိ ချင်တယ်။ ”
ဘိုင်ရီက စိတ်လှုပ် ရှားစွာ ဆိုလာ သောကြောင့်၊ လင်းယွန်က တဟားဟား အော်ရယ် လိုက်သည်။
“ မင်းတို့ တော်တော် ပျော်နေ ပုံပဲ၊ ငါကိုရော ကြိုဆိုမယ် မဟုတ်လား။ ”
ရုတ်တရက် လျူယွမ်ယန် အသံကြောင့်၊ ဘိုင်ရီက တုန်ယင်စွာ ထရပ် လိုက်သည်။
“ စီနီယာ အစ်မ ...။ ”
အသားကင်ကို ဆုပ်ကိုင် ထားပြီး၊ အဆင် မပြေသည့် အနေ အထားဖြင့်၊ မလုံ မလဲ ပြန်ကြည့်ကာ၊
“ အစ်မ၊ ဒါက အရသာ ရှိတယ်၊ စားကြည့် ပါလား။ ”
“ ပြန် သွား၊ အခု ချက်ချင်း .... ။ ”
လျူယွမ်ယန်၏ တင်းမာသော အသွင်ကြောင့် မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ကာ၊ ပြန်လှည့် သွားရ တော့သည်။
“ မိန်းကလေး လျူ၊ မင်းရဲ့ ရွေ့လျားမှု နည်းစနစ်က၊ အထင်ကြီး လောက်စရာ ပါပဲ၊ ရောက်လာပြီး မှတော့၊ ဘာလို့ စားမကြည့် ရတာလဲ။ ”
လင်းယွန်က ပြုံးကာ ဖိတ်ခေါ် လိုက်သည်။ အမှောင်ထဲ လှည့်ပြန် သွားသော ဘိုင်ရီကို၊ လိုက်ကြည့် နေသည့် လျူယွမ်ယန်က၊ လင်းယွန်ကို ပြန်လှည့် ကြည့်ကာ၊
“ မဟာချင် အင်ပါယာ အကြောင်းကို ပြောရရင်၊ ခမ်းနားတဲ့ ပါရမီရှင် တစ်ယောက်ကို၊ ပိုင်ဆိုင် ထားတဲ့၊ ဓားနန်းတော်ကို ချန်ထားလို့ မရဘူး၊ ... ”
“ ဖီးနစ် ခေါင်းလောင်းကို အသံမြည် စေပြီး၊ ကြာမိစ္ဆာ နယ်မြေမှာ၊ ဒဏ္ဍာရီ တစ်ပုဒ် ဖန်တီး ခဲ့တယ်၊ ... ”
“ ... ငရဲ လမ်းကို နဂါး တစ်ကောင်လို ဖြတ်ပျံပြီး၊ ပြိင်ပွဲမှာ ချန်ပီယံ ဆုကို ရယူ သွားတယ်၊ အဲ့ဒီ လူရဲ့ နာမည်က ... ပန်း သင်္ချိုင်း ။ ”
လင်းယွန်၏ မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ တဖြည်းဖြည်း မှိန်ဖျော့ သွားပြီး၊ လျူယွမ်ယန်ကို လေးနက်သော အမူ အရာဖြင့် မော့ကြည့် လိုက်လေသည်။
***