ခွန်အားမြှင့် တင်ခြင်း။
Vol. 36 Ch. 492
“ အဲ့ဒီ လူရဲ့ နာမည်က ... ပန်း သင်္ချိုင်း ။ ”
လင်းယွန်၏ မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ တဖြည်းဖြည်း မှိန်ဖျော့ သွားပြီး၊ လျူယွမ်ယန်ကို လေးနက်သော အမူ အရာဖြင့် မော့ကြည့် လိုက်လေသည်။
ဘိုင်ရီကို မဟာချင် အင်ပါယာမှ လာသည် ဟုသာ ပြောပြ ထားမိ သော်လည်း၊ ၎င်းအား လျူယွမ်ယန်က ခန့်မှန်း နိုင်ခဲ့သည်။
ဤအမျိုး သမီးမှာ အနည်းငယ် ကြောက်စရာ ကောင်း လေသည်။
နောက်ဆုံးတွင်၊ မဟာချင် အင်ပါယာသည် ကောင်းကင် ပြည်နယ် အကယ်ဒမီ ကဲ့သို့သော၊ တည်ရှိ မှုမျိုး မဟုတ်ပေ။
ဓားနန်းတော်၏ အမည်ကို လူတိုင်း မကြား ဖူးကြဘဲ၊ ဘိုင်ရီပင် မဟာချင် အင်ပါယာ နာမည် ကိုသာ ကြားသိ လေသည်။
“ မိန်းကလေး လျူရဲ့၊ လေ့လာ နိုင်စွမ်းက၊ ငါ့ကို အထင်ကြီး ပါစေတယ်”
လင်းယွန်က အလေး အနက် ဆိုသည်။
“ ပန်းသင်္ချိုင်း ၊ တကယ်ပဲ မင်းက ပန်း သင်္ချိုင်း ဓား သမားကိုး၊ .... ”
လျူယွမ်ယန်က လင်းယွန်အား ပြန်စိုက် ကြည့်လာပြီး၊ သူ့ စကားကို ဆက်ပြော လိုက်သည်။
“ ... ဒါက ဘာများ ထူးခြား လို့လဲ၊ သွေးစွန်းသော ဧည့်ခံ ပွဲကို၊ တစ်နှစ် အကြာမှာ ကျင်းပ လိမ့်မယ်၊ ... ”
“ ... အဲ့ဒီပွဲ မတိုင်ခင်၊ စီရင်စု တိုင်းက သူတို့ရဲ့ နဂါး တံခါး ပြိုင်ပွဲကို ကျင်းပ ရတယ်၊ ဒီပြိုင်ပွဲ တေွနဲ့ ပတ်သတ်တဲ့၊ အချက် အလက် တွေကို အကယ် ဒမီက စုဆောင်းဖို့ ၊ မခက် ပါဘူး၊ ... ”
“ ... ဒါပေမယ့် ပန်းသင်္ချိုင်း ဆိုတဲ့၊ ဓားသမား တစ်ယောက် ကသာ ငါ့ရင်ထဲ ထိခဲ့ တယ်၊ ဒါကြောင့် မင်းရဲ့ ကိုယ်ပိုင် လက္ခဏာကို ငါ မှန်းဆ နိုင်တာပါ။ ”
လင်းယွန်က မျက်ခုံး ပင့်ပြီး ပြုံးလိုက်ကာ၊
“ ဒီလိုလား၊ ဒါဆို ဂုဏ်ယူ ရမှာပေါ့။ ”
“ ရှန်ရှင်း ဓားကို၊ ဆုပ်ကိုင် ထားနိုင် ခဲ့တယ် လို့၊ ကောလ ဟာလတွေ ရှိတယ်၊ အဲဒီ လိုသာ ဆိုရင်၊ လင်းရီကို ထိန်းထားဖို့၊ နည်းနည်း တော့ ယုံမိမယ်၊ .... ”
လျူယွမ်ယန်က စကား ဆက်မှီ၊ ခေတ္တ ရပ်လိုက်ပြီး၊
“ ဒါပေမယ့် ရှန်ရှင်း ဓားကို နားလည် ထားတာ နဲ့ပဲ၊ လူတိုင်းကို ထိန်းထား နိုင်မယ်လို့၊ မင်းထင် မိရင် မင်းသေသွား လိမ့်မယ်။ ”
“ ဒီအတွက် မင်း စိတ်ပူ နေစရာ မလို ပါဘူး။ ”
“ မင်း အတွက် ငါစိတ်မပူ ပါဘူး၊ ငါ စိတ်ပူ တာက ဘိုင်ရီ ကိုပါ၊ သူက အပြစ် ကင်းတယ်၊ မင်း သူ့ကို တစ်ခုခု လုပ်ရင်၊ ငါ မင်းကို ခွင့် လွှတ်မှာ မဟုတ်ဘူး။ ”
နောက်ဆုံး၌ အဓိက ခေါင်းစဉ်သို့၊ ရောက်ရှိ လာခဲ့ သည်။
“ ဘာလို့လဲ ... မိန်းကလေး လျူက၊ မနာလို ဖြစ်နေ တာလား၊ အဟက် ... မင်းကိုရော အဲဒီ ကောင်မလေး ကိုရော၊ ငါ စိတ်မဝင် စားပါဘူး၊ ငါ့မှာ တစ်ယောက်ပဲ ရှိတယ်။ ”
“ မင်း ငါ့ကို ရန်စဖို့ ကြိုးစား နေတာလား၊ ... ”
လျူယွမ်ယန်၏ မျက်နှာမှာ အေးစက် သွားပြီး။
“ ... မလုပ် နဲ့လို့ အကြံပေး ပါရစေ။”
-ဟုဆို လိုက်၏။
ရုတ်တရက်၊ ကြောက်မက်ဖွယ် ကောင်းသော ဖိအား တစ်ခု နှင့်အတူ၊ ဝိညာဉ် ရေးရာ ရူရ်များ စတင် ထွက်ပေါ် လာသည်။
“ တတိယတန်း ဝိညာဉ် ရေးရာ ရူရ် ။ ”
လင်းယွန်က အံ့သြ သွားသည်။ ဘိုင်ရီ စကား အရ လျူယွမ်ယန်မှာ၊ ဒုတိယတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် တစ်ယောက်သာ ဖြစ်သည်။
ဆိုလို သည်မှာ လျူယွမ်ယန်သည် မကြာ သေးမီ ကပင်၊ အောင်မြင်မှု တစ်ခုကို ပြုလုပ် ထားနိုင် ပုံရသည်။
“ ဘယ်လိုလဲ အထင်ကြီး သွားပြီလား၊ ဘိုင်ရီမှာ ရှုပ်ထွေးတဲ့ နောက်ခံ ရှိတယ်၊ မင်း သူ့ကို မထိ ပါနဲ့လို့၊ ထပ်ပြီး အကြံ ပေးပါ ရစေ။ ”
လျူယွန်ယန်၏ စကားကြောင့်၊ လင်းယွန်က ပြန်မော့ ကြည့်ပြီး၊
“ ငါ စိတ်မဝင် စားဖူးလို့ ပြောတာကို မင်းက ဘာလို့၊ ဒီလောက် ဒေါသ ထွက်နေ ရ တာလဲ မိန်းကလေး လျူ၊ ”
လင်းယွန်က နားမလည် ဟန်ဖြင့်၊ ခေါင်းရမ်း ရေရွတ် လိုက်သည်။ ထိုရှင်းပြ ချက်ကြောင့် ပို၍၊ ဒေါသ ထွက်လာသော လျူယွမ်ယန်ကို ကြည့်ကာ၊ ပါးစပ် ပိတ်လိုက် ရသည်။
နောက်ထပ် ရက် အနည်းငယ် ကြာသည့်တိုင်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ နှင့်အတူ၊ အေးချမ်းစွာ ခရီး ဆက်နိုင် ခဲ့သည်။
လျူယွမ်ယန် ထံမှ ဖိအား များကို ခံစား ခဲ့ရ ကြောင်း၊ ရိုးသားစွာ ဝန်ခံ ရမည် ဖြစ်သည်။
ထို့ကြောင့် သူ၏ မူလ စွမ်းအင်ကို ပြောင်းလဲရန် အချိန်ပြည့် အာရုံစိုက် ထားမိ သည်။
နောက်ဆုံး (၁၀)ရာခိုင် နှုန်းမှာ၊ လွယ်ကူခြင်း မရှိခဲ့ သော်လည်း၊ သူ့၌ တတိယတန်း ဝိညာဉ် ကျောက်စိမ်း အလုံး တစ်ထောင် နီးပါး ရှိသည်။
ဤအရင်း အမြစ် များစွာဖြင့်၊ မူလ စွမ်းအင်ကို ဓား စွမ်းအင် အဖြစ်သို့ ပြောင်းလဲရန်၊ သူ့ အတွက် ပြဿနာ ရှိမည် မဟုတ်ပေ။
သံမဏိ ကြွက် သားရဲ၊ အကျပ် အတည်း ပြီးနောက်၊ ခရီးစဉ်မှာ ချောမွေ့ပြီး ဘေးကင်း သွားသည်။
ခရီးစဉ် တစ်လျှောက် လင်းယွန်မှာ၊ လူအုပ်နှင့် အတူ ခရီး မသွား ခဲ့ပေ၊ ပေါ်လိုက် ပေျာက်လိုက် ဖြင့်သာ တစ်ချိန်လုံး လိုက်ပါ လာခဲ့သည်။
သွေးရိုး တောင်ထွတ်နှင့်၊ နီးကပ် ချိန်၌ ကြုံတွေ့ လာရသော နတ်ဆိုး သားရဲ များမှာ၊ ပို၍ အားကောင်း လာသည်။
အခြားသော အင်အားစု များ၏ အငွေ့ အသက် ကိုလည်း ခံစား နိုင်၏။
ထို့ကြောင့် အပြာရောင် မီးကြာပန်း အတွက်၊ ရင်ဆိုင် ရမည့်၊ တိုက်ပွဲ မည်မှျ ပြင်းထန် မည်ကို၊ စိတ်ကူး ကြည့်နိုင် ပေမည်။
လေးရက် အကြာတွင်၊ လင်းယွန် ထံမှ အကန့် အသတ် မရှိသော၊ ငွေရောင် အလင်းများ တောက်ပစွာ ဖြာထွက် လာသည်။
မြေပြင် ပေါ်၌ ခရမ်း ငွေရောင် ပန်း တစ်ပွင့် ထွက်ပေါ် နေပြီး၊ ပတ်ဝန်း ကျင်မှ ဝိညာဉ် စွမ်းအင် များကို စုပ်ယူ ရန်အတွက်၊ ပွင့်အာ နေသည်။
ပန်းပလ္လင် ပေါ်တွင် ထိုင်နေသော လင်းယွန်မှာ ထက်ရှသော ဓား တစ်လက်ဖြင့်၊ တူ၏။
တစ်ခါ တစ်ရံ တွင်၊ သူ့ထံမှ ဓား အော်သံများ ထွက်ပေါ် လာသည်။
ခဏ အကြာတွင် လင်းယွန်၏ မျက်ဝန်းများ ပြန်ပွင့် လာပြီး၊ စူးရှသော အလင်းတန်း တစ်ခု ပြေးထွက် သွားလေသည်။
သက်ပြင်း ရှည်ကြီးကို မှုတ်ထုတ်လိုက် သည်နှင့်၊ မူလ စွမ်းအင် များက မရေ မတွက် နိုင်သော ဓားရှည်များ ကဲ့သို့၊ သူ့အား သိုင်းခြုံ လာသည်။
အငွေ့ အသက်က ပြင်းထန်သော လှိုင်းလုံး ကြီးများ လိုပင်။
“ နောက်ဆုံးတော့ ငါ့ရဲ့ မူလ စွမ်းအင် အားလုံးကို၊ ဓားစွမ်းအင် အဖြစ် ပြောင်းလဲ နိုင် လိုက်ပြီ။ ”
ညာဘက် လက်သီးကို ဆုပ်ကိုင်ကာ၊ သူ့ ခန္ဓာကိုယ် ထဲရှိ၊ စီးဆင်း နေသော မူလ စွမ်းအင် အပေါ် အာရုံခံ လိုက်၏။
ယခု အချိန်၌ ကနဦး ယင် အဆင့် ကျင့်ကြံ သူများကို ချေမှုန်းရန်၊ ယုံကြည်မှု အပြည့် ရှိလာ လေပြီ။
လျူယွမ်ယန် ကဲ့သို့ တစ်စုံ တစ်ယောက်ဖြင့်၊ ရင်ဆိုင် ရလျှင်ပင်၊ အသာစီး ရယူ နိုင်လိမ့် မည် ဖြစ်၏။
ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေရှိ တစ်စုံ တစ်ဦးမှာ၊ ဤမျှ ထိတ်လန့်ဖွယ် ကောင်းနေသည့် အပေါ်၊ မည်သူမျှ ယုံလိမ့်မည် မဟုတ်ကြောင်း၊ သူ သိသည်။
သို့သော် လင်းယွန်၏ ရည်ရွယ် ချက်မှာ၊ ပြိုင်ဘက်ကို လက်ရည်တူ တိုက်ခိုက် လိုခြင်း မဟုတ်ပေ။
“ ကောင်းကင်ဘုံ ဝိညာဉ် သားရဲ အမြုတေကို ပြုပြင်ရန် အချိန် တန်ပြီ။ ”
လင်းယွန်က သူ့လက်ကို ဖြန့်ကာ၊ သားရဲ အမြုတေ တစ်ခုအား ထုတ်ယူ လိုက်သည်။
ဒရာကိုဖီ နည်းစနစ်မှာ၊ အထွတ် အထိပ် ပဉ္စမ အဆင့်သို့၊ ရောက်ရှိ နေပြီ ဖြစ်သော ကြောင့်၊ နောက် တစ်ဆင့် တက်လှမ်းရန် ဤသားရဲ အမြုကို သန့်စင် လိုသည်။
ဤသားရဲ အမြုတေကို သန့်စင် ပြီးနောက်၊ ပိုမို အားကောင်း လာမည်မှာ၊ မေးခွန်း ထုတ်စရာ မလိုချေ။
အတွေး တစ်ခု ဖြင့်ပင်၊ ကြမ်းရှသော စွမ်းအင်များ၊ ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့ စေလိုက်ပြီး သားရဲ အမြုတေအား သန့်စင် တော့သည်။
ရုတ်တရက်ပင် ပြင်းထန်သည့် စွမ်းအင်များ ပေါက်ကွဲ သွားပြီး၊ သူ့အား ဖုံးအုပ် လာတော့ ၏။
ခန္ဓာကိုယ် အတွင်း၊ စွမ်းအင်များ စီးဝင် လာသည်နှင့် အမျှ၊ အနည်းငယ် ပြောင်းလဲ လာသည်ကို ခံစား နိုင်သည်။
များမကြာမီ ကြောက်စရာ ကောင်းသော ရောင်ဝါ တစ်ခု ထွက်ပေါ် လာသော ကြောင့်၊ တောအုပ် အတွင်း ရုတ်ရုတ် သဲသဲ ဖြစ်သွား သည်။
သာမာန် နတ်ဆိုး သားရဲ များစွာက၊ ကြောက်ရွံ့ တုန်လှုပ် နေကြ သော်လည်း၊ မကြောက် မရွံ့ တိတ်တဆိတ် ချဉ်းကပ် လာသော၊ ခရမ်းရောင် နန်းတော် နယ်မြေ၊ နတ်ဆိုး သားရဲ များလည်း ရှိနေ သေးသည်။
သူတို့၏ အမြင်၌၊ ၎င်းတို့၏ နယ်မြေ အတွင်း အုပ်စိုးရှင် တစ်ဦး မွေးဖွား လာပြီး၊ ခွန်အား အပေါ် စိန်ခေါ်လျက် ရှိသည်ဟု၊ ယူဆ လိုက်သည်။
နတ်ဆိုး သားရဲများ ကြားရှိ၊ ပြိုင်ဆိုင် မှုမှာ ရက်စက် ကြမ်းကြုတ် လှသော ကြောင့်၊ အုပ်စိုးရှင် တစ်ဦးကို အလွယ် တကူ၊ မွေးဖွားခွင့် မပြုနိုင် ကြပေ။
ရုတ်တရက်၊ လင်းယွန်၏ ခန္ဓာကိုယ် ပေါ်၌ မီးတောက်များ စတင် လောင်ကျွမ်း လာသည်။
သားရဲ အမြုတေ အတွင်းမှ၊ ပြင်းထန်သော စွမ်းအင် များက၊ သူ့ခန္ဓာ ကိုယ်ကို သန့်စင်ရန် အတွက် မီးတောက်များ အဖြစ်သို့၊ ပြောင်းလဲ သွားကာ၊ ပြန်လည် မွေးဖွား ပေးနေြခင်း ဖြစ်သည်။
အရိုးများ အဆက် မပြတ် ကွဲအက် လာပြီး၊ အရည် ပြားများ အလွှားလိုက် ကွာကျ လာ၏။
ရုပ်ခန္ဓာ ပြုပြင် ခြင်းမှာ၊ ပထမဆုံး အကြိမ် မဟုတ် သောကြောင့်၊ အဆုံးထိ ရောက်ရန်၊ ဤဒုက္ခကို ခံနိုင် ရမည် ဖြစ်ကြောင်း၊ သူ သိသည်။
သို့သော် နာကြင် မှုကို အံကြိတ် ခံနေ ရဆဲ ဖြစ်သည်။
ဒရာကိုဖီ မီးတောက်များ လောင်ကျွမ်း လာသည်နှင့် အမျှ၊ သူ၏ အငွေ့ အသက်မှာ၊ ရှေးဟောင်း သားရဲ တစ်ကောင် ကဲ့သို့၊ တဖြည်းဖြည်း ပြောင်းလဲ လာသည်။
မြေပြင် တစ်ခုလုံး တုန်ခါ လာပြီး၊ ပတ်ဝန်း ကျင်ရှိ သစ်ပင် များမှာ၊ ကြောက်မက်ဖွယ် ကောင်းသော ဖိအားကြောင့်၊ ရုတ်တရက် ကျိုးကျ သွားကုန်သည်။
ခန္ဓာကိုယ် ပေါ်ရှိ မီးတောက်သည်၊ ဤကမ္ဘာ ပေါ်ရှိ မည်သည့် အရာကို မဆို၊ မီးလောင်ကျွမ်း ပစ်နိုင် မည်ဟု၊ ခံစား လာရ စေ၏။
နာရီဝက် အကြာတွင် မီတာ တစ်ထောင် အကွာ အဝေးရှိ အရာ အားလုံး၊ ပြာများ အဖြစ်သို့ လောင်ကျွမ်း သွားခဲ့သည်။
ဤနေရာ တစ်ခု လုံးသည်၊ ကမ္ဘာဦး ခေတ်ကို ပြန်ရောက် သွား သကဲ့သို့၊ ကြမ်းကြုတ်သော အငွေ့ အသက် များသာ၊ ကျန်ရစ် ခဲ့ပေ တော့သည်။
ရုတ်တရက်၊ သူ့ရင်ဘတ် ပေါ်၌ ရှေးဟောင်း သင်္ကေတ တစ်ခု သဏ္ဍာန်၊ မီးတောက်များ ကျုံ့ဝင် လာတော့သည် ။
သူ့ အသား အရည်မှာ ကြည်လင် တောက်ပ နေပြီး၊ တစ်ကိုယ် လုံးတွင် ပေါက်ကွဲ စွမ်းအား များ၊ ပြည့်နှက် လာ၏။
မျက်လုံး ဖွင့်ပြီး အသက် ရှူထုတ် လိုက်သည်။ ခန္ဓာကိုယ် အနှံ့ စီးဆင်း နေသော၊ စွမ်းအား များကို အာရုံ ခံလျက်၊ အောင်မြင် သွားကြောင်း သိလိုက် ရသည်။
တစ်ချိန်တည်း မှာပင် အနည်းဆုံး (၅၀%) ခန့်၊ ခွန်အားများ တိုးလာ သည်ကို၊ တွေ့ရှိ လိုက်ရ သဖြင့်၊ အံ့အားသင့် သွားရသည်။
မီးကျွမ်း နေသော ဝတ်ရုံကို ချွတ်ချကာ၊ အသစ် ပြောင်းလဲ ဝတ်ဆင် နေစဉ်၊ ကနဦး ယင် အဆင့် နတ်ဆိုး သားရဲ တစ်ကောင်က၊ သူ့အား တိုက်ခိုက်ရန် ပြေးဝင် လာတော့ ၏။
၎င်းမှာ အထက် တန်းစား နတ်ဆိုး သားရဲ ဖြစ်လေ သည်။ ဤနေရာသည် ထိုသားရဲ၏ နယ်မြေ ဖြစ်ပြီး၊ လင်းယွန် တည်ရှိ မှုမှာ၊ သူ့အား မထီ မဲ့မြင်၊ ပြုရာ ရောက် ပေ၏။
“ အချိန် ကိုက်ပဲ။ ”
သားရဲကို ကြည့်ကာ၊ လင်းယွန်က လက်သီး ဆုပ်လျက်၊ ပြုံးပြီး ရေရွတ် လိုက်သည်။
တစ်ဆက် တည်းမှာပင်၊ ကြမ်းရှသော စွမ်းအင် များသာ ပါရှိသည့်၊ လက်သီး တစ်ချက်ကို ထိုးချ လိုက်၏။
လက်သီးကို ထုတ်ဖော် နေချိန်တွင်၊ ရှေးဟောင်း သားရဲ တစ်ကောင်၏၊ ဟောက်သံများ ထွက်ပေါ် လာသည်။
၎င်းသည် ပတ်ဝန်းကျင် တစ်ဝိုက်ရှိ၊ နတ်ဆိုး သားရဲ တို့၏ အရှိန် အဝါကို၊ ချက်ချင်း အားနည်း သွားစေ၏။
လက်သီးက နတ်ဆိုး သားရဲ ပေါ်သို့ ကျရောက် သွားသော အခါ၊ ၎င်းအား နောက်ပြန် တွန်ထုတ် ပစ်လိုက်သည်။
နတ်ဆိုး သားရဲမှာ ကန်ထွက်သွား ပြီးနောက်၊ နာကျင်စွာ ညည်းညူလျှက် မြေပြင် ပေါ်သို့၊ ပြုတ်ကျ သွားသည်။
သို့သော် ၎င်းသည် အထက် တန်းစား အဆင့်၊ နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်သော ကြောင့်၊ လူသား ကျင့်ကြံသူ များထက်၊ ပို၍ သန်မာ သော၊ ရုပ်ခန္ဓာကို ပိုင်ဆိုင် ထားပေ သည်။
“ ဆေးကြိုအိုး အလုံး နှစ်ဆယ် ခွန်အား။ ”
လင်းယွန်က သူ့ လက်သီး၏ စွမ်းအားကို မြင်သည်နှင့်၊ ဝမ်းသာ သွားသည်။
ဒရာကိုဖီ နည်းစနစ်ကို ပြီးပြည့် စုံသော ကျွမ်းကျင် မှုအား ရရှိသော အခါတွင်၊ ဤမျှ အစွမ်း ထက်လိမ့် မည်ဟု၊ မမျှော်လင့် ထားမိပေ။
ရင်ဘတ် ပေါ်ရှိ သင်္ကေတကို စိတ်လှုပ် ရှားသော မျက်ဝန်း များဖြင့်၊ ပြန်ငုံ့ကြည့် လိုက်သည်။
ဒရာကိုဖီ မီးတောက်ကို အသက်သွင်း လိုက်ပါလျှင်၊ ပို၍ အားကောင်း လာမည်ကို သူ သိသည်။
ယင်းကို စမ်းကြည့်ရန်၊ ချက်ချင်း ဆုံးဖြတ် လိုက်သည်။
သို့သော် သူ တိုက်ခိုက်ရန်၊ ပြင်ဆင် နေချိန် မှာပင်၊ နတ်ဆိုး သားရဲက ထိတ်လန့်စွာ လှမ်းကြည့် လိုက်ပြီးနောက်၊ ပြန်လှည့် ပြေးသွားသည်။
ပတ်ဝန်း ကျင်ရှိ ခေျာင်းမြောင်း နေသော နတ်ဆိုး သားရဲ များပင် ဆုတ်ခွာ ကုန်ကြ၏။
“ မင်းတို့က၊ တကယ် ထက်မြတ် ကြတာပဲ၊ မင်းတို့ လိုပဲ၊ အပြာရောင် မီးကြာပန်း နောက်ကို၊ လိုက်တဲ့ သူတွေလည်း၊ ထက်မြတ် ကြလိမ့် မယ်လို့ မျှော်လင့် ကြရအောင်။ ”
ရရှိ လာသော ခွန်အား အသစ်ကြောင့်၊ အပြာရောင် မီးကြာပန်း ပြိုင်ပွဲ အတွက်၊ မျှော်လင့် ချက်များ၊ ပို၍ တောက်လောင် လာလေသည်။
***