← Chapters

တိမ်ပြာ ရေကန်။

Vol. 36 Ch. 493

တိမ်ပြာ ရေကန်။

Vol. 36 Ch. 493

သွေးရိုး တောင်တန်း၏ အနက် ရှိုင်းဆုံး တောအုပ် ထဲတွင်၊ ခရမ်းရောင် အခိုး အငွေ့များ ဖုံးလွှမ်း နေသော ရေကန် တစ်ကန် ရှိနေပြီး၊ အိမ်မက် ဆန်သော အသွင်ကို ထုတ်ဖော် ထားလေ သည်။

ထိုရေကန်ကို တိမ်ပြာ ရေကန်ဟု ခေါ်၏။ ကမ္ဘာ ပေါ်ရှိ လှပသော အရာ များစွာမှာ၊ အဆိပ်ပြင်း လှသကဲ့ သို့ပင်၊ ဤရေကန် သည်လည်း ချွင်းချက် မရှိ ခဲ့ပေ။

ရေကန် မျက်နှာ ပြင်တွင်၊ လျှပ်စီး ကြောင်းနှင့် မီးတောက်များ ရောနှော ဖြစ်ပေါ် နေသည်။

နက်နဲ နယ်ပယ် ကျင့်ကြံသူ တစ်ဦး အနေဖြင့်၊ ထိုမိုးကြိုးများ ထိမှန် ခံရသော် သေဆုံး ရပေ လိမ့်မည်။ ခရမ်းရောင် နန်းတော် ကျင့်ကြံ သူများ ပင်လျှင်၊ အန္တရာယ် ရှိနိုင်၏။

ဆိုလို သည်မှာ လျှပ်စီးနှင့် မီးတောက် များကို မည်သူမျှ၊ လျစ်လျူရှု ထားနိုင်မည် မဟုတ်ပေ။

ရေကန် အလယ်တွင် လှပသော အပြာရောင် ကြာပင်ကြီး တစ်ပင်၊ တလှုပ်လှုပ် လွင့်မျော နေသည်။

ဤသည်မှာ လူများစွာ အိပ်မက် မက်နေ ခဲ့သော၊ အပြာရောင် မီးကြာပန်း ဖြစ်၏။ သို့သော် ရင့်မှည့်ချိန် မတန် သေးပေ။

ရေကန် အပြင် ဘက်တွင် တိမ်လွှာများ သို့တိုင်၊ ထိုးဖောက် နေသော တောင်ထွတ်ကြီး တစ်ခုလည်း ရှိသည်။

ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီး များက၊ ထိုတောင်ထွတ်ကြီး အပေါ်၌ လင်းလက် နေ၏။

တိမ်ပြာ ရေကန်ကို သွားချင် သူတိုင်းက အဆိုပါ တောင်ထွတ်အား ဖြတ်သွား ရပေမည်။ ထိုသို့ သွားရာ လမ်းတွင်၊ မရေ မတွက် နိုင်သော လူအများ၊ စုဝေး နေခဲ့ ကြသည်။

သူတို့ အားလုံးက စိတ်လှုပ်ရှား စွာဖြင့် ရေကန်ကို မျှော်ကြည့် နေကြ၏။ ၎င်းနေရာသို့ သွားရန်၊ အန္တရာယ် ရှိသော သားရဲ များ နယ်မြေကို ဖြတ်သန်း ရပေမည်။

ခရမ်းရောင် နန်းတော် နယ်ပယ်ရှိ၊ နတ်ဆိုး သားရဲ များမှာ ဉာဏ်ရည် မြင့်မား ကြပြီး၊ အပြာရောင် မီးကြာပန်း၏ တန်ဖိုးကို သဘာဝ ကျကျ သိရှိ ထားသည်။

လူသား ကျင့်ကြံ သူများဖြင့်၊ စစ်ပွဲကြီး ဆင်နွှဲရန် မကြောက် ရွံ့ချေ။ ထို့ကြောင့် မည်သူက နောက်ဆုံး၌၊ရပ်တည် နိုင်မည်ကို တပ်အပ် မပြော နိုင်။

သို့သော် လူသား ကျင့်ကြံ သူများ အနေဖြင့်၊ နတ်ဆိုး သားရဲများ အပေါ်၊ ဤမှှျ အထိ ဂရုစိုက် ခြင်း မရှိ သည်မှာ၊ သဘာဝ ပေပင်။

၎င်းတို့က အမျိုး မျိုးသော အင်အားစု များမှ၊ အထက် တန်းစားများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ကိုယ် သူတို့ ယုံကြည်မှု အပြည့် ရှိပေ၏။

ကြောက်လန့် နေပါက၊ ဤနေရာ အထိ ရောက်ရှိ လာမည် မဟုတ်ပေ။ တိုက်ပွဲ ဆိုသည်မှာ၊ ကျင့်ကြံ ခြင်း၏ တစ်စိတ် တစ်ပိုင်း ဖြစ်သည်။

ကောင်းကင်ဘုံ စစ်ပွဲ ကြီးများ၊ လူသားများ အချင်းချင်း နယ်မြေလု စစ်ပွဲ ကြီးများ၊ စသည့်် တိုက်ပွဲ များမှာ၊ သမိုင်း တစ်လျှောက် ဖြစ်ပွား နေကြဆဲ ပေပင်။

တောင်ထွတ် ပေါ်၌ လူများ တစ်စထက် တစ်စ များပြား လာခဲ့သည်။

သွေးရိုး တောင်ထွတ် ခြေရင်းသို့၊ တူညီသော ဝတ်ရုံကို ဆင်မြန်း ထားသည့်၊ လူတစ်စု ရောက်ရှိ လာ၏။

ယင်းမှာ ရေကန် အတွင်း၊ ပြုတ်ကျ သွားသော ကျောက်စရစ် ခဲငယ်များ ကဲ့သို့၊ လူ အများ၏ အာရုံကို ဆွဲဆောင် လာနိုင်သည့်၊ လှိုင်း ဂယက်များ ဖြစ်လာ ခဲ့သည်။

“ ဒါက ကောင်းကင် ပြည်နယ် အကယ်ဒမီ ကပဲ။ ”

“ ဟိုမှာ ... လျူယွမ်ယန် ပဲ၊ အမည်ခံ အုပ်စိုးရှင် အင်အားစု တွေရဲ့၊ အထက် တန်းစား တော်တော် များများက၊ သူမကို သဘောကျ နေကြတယ်။ ”

“ သူက လှပေမယ့်၊ အပြာရောင် မီးကြာပန်း ကို ရယူ တဲ့အခါ၊ သူ့ အလှက အလုပ် မဖြစ်တာ၊ သနား စရာ ပါပဲ၊ ဒီပြိုင် ပွဲမှာ သူ ကျဆုံး သွားမှာကို ငါကြောက် မိတယ်။ ”

“ မှန်တယ် ... ခွန်အားက အရာ ရာပဲ၊ အရည် အချင်း ရှိတဲ့ သူတွေသာ၊ ရတနာကို ပိုင်ဆိုင်ဖို့၊ အခွင့် အရေး ရှိတယ်။ ”

“ ဒါပေမယ့် သူ့လို အလှ တရားလေး သေသွား မှာကိုတော့၊ တကယ် နှမျော မိတယ်၊ အလှ တရားကို သိမ်းပိုက် နိုင်မဲ့၊ သူရဲကောင်း ပေါ်မလာ ဖူးလို့၊ ဘယ်သူ ပြောနိုင် မှာလဲ၊ ငါတို့က သူ့ အာရုံကို ဖမ်းစား ရအောင်။ ”

“ ဟား ဟား ဟား ဘယ်သူ သိမလဲ၊ တစ်ယောက် ယောက်က ရတနာနဲ့၊ အလှ တရားကို တကယ် ယူဆောင် နိုင်စွမ်း ရှိ မရှိကို ... ။ ”

ရိုးရိုး သားသား ပြောရ ပါလျှင်၊ လျူယွမ်ယန် ၏ တင်းမာသော အသွင် တစ်ခု တည်းဖြင့်၊ ယောက်ျား များစွာ အတွက်၊ အနိုင်ယူ လိုသော ဆန္ဒကို၊ ဆွဲဆောင် နိုင်ခဲ့သည်။

ပတ်ဝန်း ကျင်မှ ဆွေးနွေး သံများကို သဘာဝ အတိုင်း၊ လျူယွမ်ယန်က လျစ်လျူရှု ထားသည်။

အခြား တစ်ဖက် တွင်မူ ကျန်သော တပည့်ငယ် များက မပျော် မရွှင် ဖြစ်လာ ကြသည်။

အထူး သဖြင့်၊ လျူယွမ်ယန် အပေါ်၊ အလွန် အကျူး စိတ်ကူးယဉ် မှုများကြောင့် ဖြစ်သည်။

“ စီနီယာ အစ်မ ...၊ သူတို့ကို သင်ခန်းစာ ပေးဖို့ လိုလား။ ”

“ ငါတို့ကို ဖိနှိပ် နိုင်လိမ့် မယ်လို့၊ သူတို့ ထင်နေ ပုံပဲ။ ”

တပည့် အချို့က ဆိုသည်။ ရိုက်နှက်ခြင်း သည်သာ ထိုလူ များကို၊ ယဉ်ကျေး စေမည် ဖြစ်သော ကြောင့်၊ သူတို့၏ စကား များက အဓိပ္ပါယ် ရှိလေသည်။

“ အရေး မကြီး တာတွေကို ထားလိုက်၊ ငါ့ကို ကယ်တင်မဲ့၊ သူရဲကောင်း တစ်ယောက် တကယ် ရှိလာရင်၊ ငါက ငြင်းပယ် နေမှာ မဟုတ်ဘူး၊ သူတို့မှာ ခွန်အား ရှိဖို့သာ ဆုတောင်း ပါတယ်။ ”

လျူယွမ်ယန်က ပြန်ဖြေ လိုက်သည်။ တပည့် တိုင်းက ပါးစပ်စော့ သူများ အပေါ်၊ အရေး ယူရန်၊ တွန့်ဆုတ် ခြင်း မရှိ သော်လည်း၊ လျူယွမ်ယန် အနေဖြင့် စိတ်ဝင်စား ပုံမပြ ခေျ။

“ လင်းယွန် မရောက် သေးဖူးလား။ ”

လွန်ခဲ့သော ရက်ပိုင်း အတွင်း၊ လင်းယွန် တစ်ယောက် အဖွဲ့ အတွင်း စိတ်ထင် သလို၊ သွားလာ လှုပ်ရှား နေတက်၏။

လင်းယွန် အကြောင်း သာမာန် အားဖြင့် မမေးတက် သော်လည်း၊ တိမ်ပြာ ရေကန်နှင့် အလွန် နီးကပ် နေပြီ ဖြစ်သော ကြောင့်၊ သူမ စိတ်ထဲ ဝင်ရောက် လာခဲ့သည်။

“ ဟင့်အင်း ... မရောက် သေးဘူး၊ ဒါပေမယ့် အစ်ကိုလင်း လာမယ် ဆိုတာ သေချာ ပါတယ်။”

ဘိုင်ရီက ပြုံးကာ ပြန်ဖြေ လိုက်သည်။ ရောက်ရှိ လာခြင်း မရှိသေး သော်လည်း၊ အစ်ကို လင်း တစ်ယောက် အမြဲ လိုက်ပါ နေသည်မှာ အမှန် ပေပင်။

“ ဂျူနီယာ ညီမလေး၊ မင်းက တကယ်ပဲ သူ့ကို ယုံကြည် နေတုန်းလား၊ သူ ငါတို့ကို လှည့်စားပြီး၊ ထွက်ပြေး နိုင်မလား ဆိုတာ၊ ဘယ်သူ သိမှာလဲ။”

“ ဖြစ်နိုင်တယ်၊ ဘယ်လောက် တောင် ရက်စက် ကြမ်းကြုတ် တက်တဲ့ သူလဲ ဆိုတာ၊ မြင်တယ် မလား၊ သေချာ တာကတော့ သူက လူကောင်း မဟုတ်ဘူး၊ ငါတို့ နောက်ကွယ်မှာ တခြား အင်အားစု တွေနဲ့ ပူးပေါင်း နိုင်တယ်။ ”

ဘိုင်ရီနှင့် လျူယွမ်ယန် တို့မှ လွဲ၍ အခြား တပည့် များက၊ လင်းယွန် အပေါ် အဆိုးမြင် စိတ်များဖြင့် ပြည့်နှက် နေသည်။

ဓားကျွန် တစ်ယောက်က၊ ရုတ်တရက် သူတို့ထက် ပို၍ သန်မာ လာခြင်း အပေါ်၊ လက် မခံ လိုချေ။

ထို့အပြင်၊ လူတိုင်းမှာ ဘိုင်ရီ မဟုတ်ဘဲ၊ လင်းယွန် အပေါ် သူမ၏ ခံစားချက်ကို ပြောနိုင်သည်။

“ တိတ် စမ်း ။ ”

လျူယွမ်ယန်က လင်းယွန် အပေါ်၊ ပြောဆို ဝေဖန် နေသော တပည့် များကို၊ စိုက်ကြည့်ကာ ငေါက်လိုက်၏။

သူမ အနေဖြင့် ပျော်ရွှင်ခြင်း မရှိ သော်လည်း၊ လင်းယွန်မှာ နောက်ကျောကို ဓားဖြင့်၊ ထိုးမည့်သူ မဟုတ်ကြောင်း သူ သိသည်။

ငရဲ လမ်းမှ ထွက်လာသော သူ တစ်ယောက် အနေနှင့်၊ သူ့စကား များ အပေါ်၊ တန်ဖိုး မထား နိုင်စရာ အကြောင်း မရှိပေ။

ထိုအခိုက် အတန့်တွင် လူရိပ် နှစ်ရိပ်က၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ အဖွဲ့ ရှေ့သို့၊ ကောင်းကင်မှ ဆင်းသက် လာခဲ့သည်။

၎င်းတို့ အနက် တစ်ဦးမှာ၊ ဟန်ဆောင် အပြုံး တစ်ပွင့်ကို ထုတ်ဖော် ထားသော ပန်ယွဲ့ ဖြစ်၏။

ပန်ယွဲ့ အနေဖြင့် သွေးတောင်ပံ ခန်းမ၏ မျိုးဆက်သစ် လူငယ်များ ကြားတွင်၊ မြင့်မား သော အဆင့်တန်း တစ်ခုကို၊ ပိုင်ဆိုင် ထားပေ သည်။

ကန် တစ်ဦးမှာ ဖြူမဲ မျက်နှာ ဖုံးကို၊ တပ်ဆင် ထားသော လင်းရီ ဖြစ်သည်။

ပန်ယွဲ့နှင့် နှိုင်းယှဉ် ပါက၊ အနက်ရောင် မြူခိုးများ၊ ခပ်ပါးပါး ဖုံးလွှမ်း နေသော သူ့အသွင် ကြောင့်၊ ပို၍ ကြောက်စရာ ကောင်းနေ ပေသည်။

၎င်းတို့ နှစ်ဦး မြေပြင် ပေါ်သို့၊ ဆင်းသက် လိုက်ချိန်တွင် တောအုပ် အတွင်းမှ၊ အနက်ဝတ် လူရွယ် အများ အပြား ထွက်ရှိ လာလေသည်။

၎င်းတို့မှာ သွေးတောင်ပံ ခန်းမ၏၊ အထက် တန်းစား တပည့် များပင် ဖြစ်သည်။

“ ပန်ယွဲ့နဲ့ လင်းရီ မလား၊ စိတ်ဝင်စား စရာပဲ၊ သူတို့က ကောင်းကင် ပြည်နယ် အကယ် ဒမီကို၊ ရန်ပြုချင် နေပုံ ရတယ်။ ”

“ သူတို့ နှစ်ဖွဲ့က စီရင်စုမှာ၊ ကောင်းမွန်တဲ့ ဆက်ဆံ ရေးမျိုး မရှိဘူး။ ”

“ လျူယွမ်ယန် အကြောင်း ပြောနေတုန်း ရှိသေးတယ်၊ ပြဿနာက ချက်ချင်း ပေါ်လာပြီ၊ အပြာရောင် မီးကြာပန်း ကိုတောင် မမြင် လိုက်မှာ စိုးမိတယ်။ ”

“ ဖြစ်နိုင်တယ်၊ ပန်ယွဲ့နဲ့ လင်းရီကို သူ တစ်ယောက်ထဲ ထိန်းထား နိုင်မယ် မထင်ဘူး။ ”

“ အဟက်၊ အခု အလှလေးကို ကယ်တင်ဖို့ အခွင့် အရေး ရပြီ။ ”

တင်းမာသော လေထုကြောင့်၊ လူအုပ် ကြီးမှာ စိတ်လှုပ်ရှား လာကြသည်။

အမည်ခံ အုပ်စိုးရှင် အသီး သီးမှ၊ ကျွမ်းကျင် ပညာရှင် များက၊ လူအုပ် ထဲတွင် ရောနှော ပါရှိ နေသော ကြောင့်၊ ထိတ်လန့်ခြင်း မရှိဘဲ၊ လှောင်ပြောင် ရယ်မော လိုက်ကြသည်။

အပြာရောင် မီးကြာပန်း အတွက် တိုက်ပွဲများ မစ တင်ခင်၊ ထိုနှစ်ဖွဲ့ကြား တိုက်ပွဲ ဖြစ်ပွား ခဲ့ပါက၊ သာ၍ ကောင်းပေမည်။

အနည်းဆုံး ပြိုင်ဖက် အရေ အတွက် လျော့နည်း သွားနိုင် ၏။

“ မိန်းကလေး လျူ၊ ငါစောင့် နေတာ ကြာပြီ၊ မင်း အရမ်း နောက်ကျ တယ်။ ”

ပန်ယွဲ့က လျှို့ဝှက်သော အပြုံးဖြင့် နှုတ်ဆက် လိုက်သည်။ ပြုံးနေ ခဲ့သော်လည်း၊ သူ့ရင် ထဲ၌ အမုန်း တရားများ၊ တောက်လောင် နေသည်ကို၊ လူတိုင်းက ခံစား နိုင်သည်။

“ မင်း ငါ့ရှေ့က ထွက်သွားတာ ကောင်းမယ် ထင်တယ်၊ လက်သီးပုန်း ထိုးတက်တဲ့ သူတွေကို ငါ အရွံ ဆုံးပဲ။ ”

လျူယွမ်ယန်က အေးစက်စွာ တုန့်ပြန် လိုက်သည်။

“ အိုး၊ ငါက ရန်ဖြစ်ဖို့ လာတာ မဟုတ် ပါဘူး၊ ငါ့ညီလေးက ပြောစရာ ရှိလို့ပါ။ ”

ပန်ယွဲ့က အပြုံးဖြင့် ပြန်ပြောပြီး၊ ခြေတစ်လှမ်း ဆုတ်ခွာ လိုက်သည်။

“ ဒီလူကို တွေ့ဖူးလား။ ”

သူ နောက်ဆုတ် လိုက်သည်နှင့်၊ လင်းရီက ရှေ့တိုး လာပြီး၊ လင်းယွန် ပုံတူဆွဲ ထားသော ပန်းချီ ကားကို ပြသ လာခဲ့သည်။ ဤလူကို သူ မေ့နိုင်မည် မဟုတ်ပေ။

အချိန် အနည်းသာ တွေ့ဆုံ ရခြင်း ဖြစ် သော်လည်း၊ ပန်းချီကား တစ်ချပ်ကို ရေးဆွဲ နိုင်ခဲ့သည်။

သို့သော်၊ သူ၏ လုပ်ရပ် များက၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏၊ တပည့်များ မျက်နှာကို၊ ပြောင်းလဲ သွားစေသည်။

“ အစ်ကို လင်း ...။ ”

ဘိုင်ရီက လွှတ်ခနဲ ထွက်သွားသော သူ့ ပါးစပ်ကို၊ အလျင် အမြန် ပြန်ပိတ် လိုက် ရ၏။

သို့သော် လင်းရီ၏ မျက်ဝန်း များက ဘိုင်ရီထံ ကျရောက် သွားပြီးနောက်၊ လျူယွမ်ယန် ဘက်သို့ လှည့်ကာ၊

“ ဒါဆို မင်း သူ့ကို သိတယ်ပေါ့၊ ဒီလူက ငါ့ဆီက တတိယတန်း၊ ဝိညာဉ် ကျောက်စိမ်း တစ်ထောင်ကို ယူသွား ခဲ့တဲ့ အတွက်၊ ဖြေရှင်းချက် တစ်ခုတော့ မင်းပေး သင့်တယ် ထင်တယ်။ ”

“ တတိယတန်း ဝိညာဉ် ကျောက်စိမ်း တစ်ထောင်၊ အိုး ... ရှစ်ထ် ...။ ”

“ လင်းရီရဲ့ ဝိညာဉ် ကျောက်စိမ်း တွေကို လုယူဖို့၊ ဘယ်သူက ဒီလောက်ထိ သတ္တိ ရှိနေရ တာလဲ၊ လင်းရီက တိမ်မိစ္ဆာ တပည့် ဆိုတာ သူ မသိ ဖူးလား၊ အဲ့ဒီ လူကတော့ သေမင်းကို ဖိတ်ခေါ် လိုက်တာ ပါပဲ။ ”

“ ဟဲ ဟဲ ... ပွဲကတော့ ကြည့်ကောင်းပြီ။ ”

သူတို့ ကဲ့သို့၊ အမည်ခံ အုပ်စိုးရှင် ဂိုဏ်း၏ တပည့်များ အတွက်ပင်၊ ယင်းမှာ မြောက်များ စွာသော ပမာဏ တစ်ခု ဖြစ်ပေသည်။

လျူယွမ်ယန် ပင်လျှင် အနည်းငယ် မှင်တက် သွား မိသည်။

လင်းယွန်က သူ့၌ ဝိညာဉ် ကျောက်စိမ်းများ ချို့တဲ့ခြင်း မရှိဟု ဆိုခဲ့ သည်မှာ၊ အံ့သြ စရာ မဟုတ် တော့ပေ။

“ ငါ့ကို ချုံခို တိုက်ဖို့ အတွက်နဲ့၊ တတိယ တန်း ဝိညာဉ် ကျောက်စိမ်း၊ တစ်ထောင် တောင် သုံးခဲ့ရ တာလား၊ ကျွတ် ... ကွျတ် တကယ့်ကို ဂုဏ်ယူ မိပါတယ်။ ”

“ မင်းဘာတွေ ပြောနေ တာလဲ ငါ မသိဘူး၊ ဒါပေမယ့် ဒီကောင်က မင်းတို့နဲ့ အတူ လာတာ သေချာတယ်၊ ကျေးဇူး ပြုပြီး သူ့တည် နေရာကို ပြောပြပါ၊ ဒါမှ မဟုတ်ရင် သွေးတောင်ပံ ခန်းမက၊ ဒီကိစ္စကို မျက်နှာ လွှဲနေမှာ မဟုတ်ဘူး။ ”

ပန်ယွဲ့က လက်နှစ်ဖက် နောက်ပစ် လိုက်ကာ၊ ပြုံးလျက် ဝင်ပြော လိုက်သည်။

“ ငါ မသိဘူး။ ”

လျူယွမ်ယန်က ပြတ်သားစွာ ပြန်ဖြေ၏။

“ ဟုတ်လား ... ဒါဆို သိတဲ့ သူကိုပဲ မေးရ တာပေါ့။ ”

ဘိုင်ရီကို လှည့်ကြည့်ကာ၊ လင်းရီက ပြုံးသည်။ သူ့ မျက်ဝန်း များတွင် အေးစက်သော အလင်းများ တောက်ပ လာ၏။

သို့သော် သူလှုပ်ရှား တော့မည့် အချိန်တွင်၊ ရုတ်တရက် ကျယ်လောင်သော ဟန့်တားသံ တစ်သံ ထွက်ပေါ် လာလေသည်။

“ နေပါဦး။ ”

***

All Chapters