← Chapters

ပန်းသင်္ချိုင်း ဓားသမား ။

Vol. 36 Ch. 494

ပန်းသင်္ချိုင်း ဓားသမား ။

Vol. 36 Ch. 494

ဟန့်တားသံ ထွက်ပေါ် လာရာသို့၊ လူတိုင်း လှည့်ကြည့် လိုက်ကြသည်။

အပြာရောင် ဝတ်ရုံဖြင့် ဓား သေတ္တာ တစ်လုံး ကို၊ ပိုးလွယ် ထားသည့် လူငယ် တစ်ယောက်၊ ကောင်းကင်မှ ဆင်းသက် လာပြီး ၊ လျူယွမ်ယန်နှင့် ယှဉ်ရပ် လိုက်လေ သည်။

“ တိမ်မိစ္ဆာက နာမည်ကြီး သလောက်၊ သူ့တပည့်က ကလေး မလေး တစ်ယောက်ကို၊ အနိုင်ကျင့် ရလောက်အောင် အထိ နိမ့်ကျ နေပြီလား။ ”

လင်းယွန်က အထင် အမြင် သေးစွာ ရှုံ့ချ လိုက်သည်။ သူသာ လင်းရီကို ရန်စ ခဲ့သူ ဖြစ်ပြီး၊ မကျေနပ် ပါလျှင် သူ့ထံ လာသင့် ပေသည်။

လင်းရီ အနေဖြင့် ဘိုင်ရီကို အနိုင် ကျင့်ရန် တကယ် စဉ်းစား နေမိခြင်း ဖြစ်ရာ၊ သူ့ကို ငုံ့ကြည့် ခံရသည့် အပေါ် ချေပရန်၊ စကားလုံး မရှိ ခဲ့ပေ။

တစ်ချိန် တည်းမှာပင် မရေတွက် နိုင်သော အကြည့် များက၊ လင်းယွန်ထံ ဆင်းသက် လာ၏။

ကောင်းကင် ပြည်နယ် အကယ်ဒမီ တပည့် များက၊ အနည်းငယ် စိတ်သက် သာရာ ရသွားသည်။

ဤအရှုပ် အထွေး တွင်းမှ၊ အနည်း ဆုံးတော့ လွတ်မြောက် ရပေမည်။

အေးစက်သော အလင်း တန်းများ နှင့်အတူ၊ ပန်ယွဲ့က လင်းယွန်ကို လှမ်းကြည့် လိုက်သည်။

တတိယတန်း ဝိညာဉ် ကျောက်စိမ်း တစ်ထောင်သည်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီကို မောင်းထုတ်ရန်၊ လင်းရီအား ပေးထားခြင်း ဖြစ်၏။

ထို့ကြောင့် ဆုံးရှုံး မှုမှာ သူထံမှ လာပြီး၊ လင်းယွန်ကို သတ်ပစ်ရန် ကြံရွယ် ထားသည်။

သို့သော် လင်းယွန်၏ ကျင့်ကြံ မှုကို သတိ ထားမိသော အခါတွင်၊ မျက်မှောင်ကြုတ် လိုက်မိသည်။

“ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေ ကလား။ ”

ခရမ်းရောင် နန်းတော် တစ်ပိုင်းရှိ ပုရွက်ဆိတ် တစ်ကောင်မှာ၊ လင်းရီကို ဆုတ်ခွာရန်၊ အစီရင်အား ချိုးဖြတ်ခဲ့ သည်မှာ မယုံနိုင် စရာ ပေပင်။

“ ခရမ်းရောင် နန်းတော် တစ်ပိုင်း အင်အား လေးနဲ့၊ လင်းရီကို စော်ကားဖို့ ကြိုးစား နေတာ လား၊ ဒါက သေမင်းကို ဖိတ်ခေါ် လိုက်တာ ပါပဲ။ ”

“ သူ ဘယ်သူပဲ ဖြစ်ဖြစ်၊ လင်းရီက လက်ညိုးနဲ့ အလွယ် တကူ သတ်နိုင်တယ်။ ”

“ အလောင်းတောင် ကျန်ပါ့ မလား စိုးရိမ် မိတယ်။ ”

ပန်ယွဲ့ သာမက ပတ်ဝန်းကျင်ရှိ လူအုပ် ကြီးပင် စိတ်ပျက် လက်ပျက် ညည်းတွား လာ၏။

စိတ်ဝင် စားဖွယ် ကစားပွဲ တစ်ပွဲ ဖြစ်လာ မည်ဟု၊ မူလက မျှော်လင့် မိကြခြင်း ဖြစ်သည်။

ကောင်းကင် ပြည်နယ် အကယ်ဒမီ၏ တပည့် များပင်၊ လင်းယွန်ကို သံသယ စိတ်ဖြင့် ကြည့်လာ ကြ၏။

လင်းယွန်၏ ခွန်အားကို တွေ့မြင် ထားဖူး သော်လည်း၊ စစ်မှန်သော ခရမ်းရောင် နန်းတော် နယ်ပယ်မှ၊ ကျင့်ကြံသူ များနှင့် တိုက်ခိုက်နိုင် လိမ့်မည်ဟု၊ မယုံကြည် နိုင်ကြ သေးပေ။

သည့်အပြင် ထိုညနှင့်၊ ပတ်သက်၍ အဆိုပါ တိုက်ပွဲအား၊ မည်သူမျှ မမြင်ခဲ့ ရသည်မှာ၊ အားလုံး အသိ ပေပင်။

လင်းရီကို ပြန်လှည့် ကြည့်ချိန်တွင်၊ အနီး တဝိုက်၌ အေးစက်သော အငွေ့ အသက်များ၊ ပိုမို အားကောင်း လာသည်ကို၊ တွေ့မြင် လိုက်ရ သောကြောင့်၊ ပန်ယွဲ့က သူ့ အတွေးများ အပေါ်၊ သံသယ ဝင်လာ ခဲ့သည်။

“ ဟား ဟား ဟား၊ ငါ မင်းကို အရင်က လွှတ်ပေး ခဲ့တာတောင်၊ မင်းက ငါ့ရှေ့မှာ တကယ် ပြန်ပေါ် လာဖို့၊ စိတ်ကူး ရဲတယ်လား။ ”

သတ်ဖြတ် လိုသော ဆန္ဒ များကို ထုတ်လွှတ် လျက်၊ လင်းရီက ပြုံးပြ လိုက်သည်။

“ မင်းက ငါ့ကို လွှတ်ပေး လိုက်တာလား၊ အဲဒီ တုန်းက အမြီး ကုပ်ပြီး ပြန်ပြေး သွားတဲ့ ခွေး တစ်ကောင် ကိုပဲ ငါမြင် မိပါတယ်၊ ပြုတ်ကျ သွားတဲ့ သူ့မျက်နှာ ဖုံးကိုတောင်၊ ပြန်မကောက် ဝံ့ခဲ့ ဖူးလေ။ ”

လင်းယွန်က မျက်ခုံး ပင့်ကာ ပြုံးလျက်၊ မျက်နှာဖုံး တစ်ခုအား ထုတ်ယူ မြှောက်ပြ လိုက်သည်။ ပြီးနောက် မျက်နှာ ဖုံးကို လင်းရီရေှ့ လှမ်းပစ် ပေးလိုက်၏။

“ သူက နည်းနည်းတော့ သတ္တိ ရှိ သလိုပဲ။ ”

လျူယွမ်ယန် အနားရှိ တပည့် များက၊ လင်းယွန်၏ စကားကြောင့် အံ့သြ သွားသည်။

သူတို့ အနေဖြင့် လင်းယွန် အပေါ်၊ သံသယ များဖြင့် ပြည့်နှက် နေဆဲပြီး၊ ပလွှားသူ အဖြစ် အမြင် မကြည် ထားပေ။

သို့သော် လင်းယွန်မှာ လင်းရီကို အမှန်ပင် ရန်စ ရဲနေ ပေသည်။

“ ဟမ့်၊ သတ္တိ တစ်ခု တည်းနဲ့တော့ လင်းရီကို အနိုင်ယူ ဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။ ”

တပည့် တစ်ဦးက အထင် အမြင် သေးစွာဖြင့် ဆိုသည်။

ဘိုင်ရီက နှုတ်ခမ်း ကိုက်လျက်၊ လျူယွမ်ယန်၏ ဝတ်ရုံ စကို ဆွဲလိုက်သည်။

သို့သော် လျူယွမ်ယန်က ကူညီရန် အရိပ် အယောင် မပြဘဲ၊ ဘိုင်ရီကို လျစ်လျူရှု ထားခဲ့ သည်။

ပတ်ဝန်း ကျင်ရှိ ကျင့်ကြံ သူတိုင်းက၊ လင်းယွန်ကို ကြည့်ကာ၊ အချင်းချင်း ဆွေးနွေး လာကြ၏။

လူတိုင်း၏ အမြင်ကို၊ သဘာဝ ကျကျ တွက်ဆနိုင် သော်လည်း၊ လင်းယွန်က ငြိမ်သက် နေခဲ့သည်။

ယခု အချိန်၌ သူ့တွင် အတွေး တစ်ခုသာ ရှိ၏။ လက်ရှိ ခွန်အားကို လင်းရီနှင့် စမ်းသပ် လိုခြင်း ဖြစ်သည်။

၎င်းအတွေး များကို အခြားသော သူများသာ၊ သိရှိ သွားပါက ရယ်မော ကြပေ လိမ့်မည်။

“ ဒီနေ့ မင်းနဲ့ အချိန် မဖြုန်း ချင်ဘူး၊ ထက်မြတ်တဲ့ သူသာ ဆိုရင်၊ ဝိညာဉ် ကျောက်စိမ်း တွေကို ပြန်လွှဲ ပေးပါ၊ မဟုတ်ရင် မင်းကို နာကြင်တဲ့ အရသာ ခံစားခွင့် ပေးရ လိမ့်မယ်။ ”

လင်းရီက အေးစက်စွာ ခြိမ်းခြောက် လိုက်၏။ တတိယတန်း ဝိညာဉ် ကျောက်စိမ်း၊ တစ်ထောင် ဆုံးရှုံး ရခြင်းသည်၊ ပန်ယွဲ့ ရှေ့၌ အရှက် ရဖွယ် ဖြစ်သည်။

ထို့ကြောင့် ၎င်းကို သည်နေ့ ပြန်ယူ ရပေ မည်။

“ မင်းက တကယ် ‘နုံအ’တဲ့ သူပဲ၊ ငါ့လက်ထဲ ရောက် ပြီးသား အရာကို၊ ငါက ပြန်ပေး မယ်လို့၊ မင်း ထင်နေ တာလား။ ”

“ မင်း ... သေချင် နေတာပဲ။ ”

လင်းရီက သူ့ကိုယ်သူ ထိန်းချုပ် နိုင်စွမ်း မရှိ တော့ဘဲ၊ အနက်ရောင် မြူများ ထုတ်လွှတ် လိုက်ပြီး၊ ပတ်ဝန်းကျင် လေထုအား ချက်ချင်း အေးခဲ ပစ်လိုက်၏။

“ နေဦး၊ ညီအစ်ကို လင်းရီ၊ ဒီကောင်နဲ့ ပတ်သက်ပြီး ပုံမှန် မဟုတ်တာ တစ်ခု ရှိတယ်၊ သူက လျူယွမ်ယန်ရဲ့ နယ်ရုပ် တစ်ရုပ်လို့ ငါ သံသယ ရှိတယ်၊ ... ”

“ မင်းကို သူနဲ့ အတူ ဆွဲချ သွားမယ် ဆိုတာ ဘယ်သူ သိမှာလဲ၊ မင်းက ငါ့ရဲ့ ဝှက်ဖဲပါ၊ ဒါကြောင့် တခြား သူတွေနဲ့ သူ့ရဲ့ ခွန်အား အပေါ်၊ စမ်းသပ် ကြည့်ရအောင်။ ”

ပန်ယွဲ့က ဆိုသည်။ ခရမ်းရောင် နန်းတော် တစ်ပိုင်း၊ နယ်မြေ ၌သာ ရှိသော လင်းယွန်အား၊ သဘာဝ အားဖြင့် သံသယ မဖြစ်ဘဲ၊ မနေ နိုင်ခဲ့ချေ။

လင်းယွန် ကြောင့်သာ လင်းရီကို အသုံးပြု လိုက်ရ ပါက၊ သူ့အတွက် ကြီးမားသော ဆုံးရှုံးမှု တစ်ခု ဖြစ်လာပေ လိမ့်မည်။

လင်းရီက ကြေနပ် လှသည် မဟုတ် သော်လည်း၊ ပန်ယွဲ့ စကားကို လက်ခံ လိုက်ရ သည်။

အချက် ပြမှုကြောင့် သွေးတောင်ပံ ခန်းမ၏၊ အထက် တန်းစား လေးယောက်က ထရပ် လိုက်၏။

၎င်းတို့ လေးဦး လုံးမှာ၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေတွင် ဖြစ်ပြီး၊ မဟာချင် အင်ပါယာရှိ ပါရမီရှင် ခုနစ် ပါးနှင့်၊ ပခုံးချင်း ယှဉ်နိုင်သည်။

လင်းရီ တိုက်ခိုက် လိမ့်မည်ဟု ယူဆထား ချိန်တွင်၊ ရုတ်တရတ် ရှေ့တိုး လာသော အထက် တန်းစား လေးယောက် ကြောင့်၊ လင်းယွန်က မျက်ခုံး ပင့်လိုက် မိ၏။

( ငါ့ကို စမ်းသပ်ဖို့ ကြိုးစား နေတာလား။ )

သို့သော် သူက ချက်ချင်း သဘောပေါက် သွားပြီး၊ ရယ်မော လိုက်ကာ၊

“ ဟား ဟား ဟား ... ၊ ဒီလို ဆိုမှတော့ မင်းတို့ အားလုံး ဒူးထောက် လိုက် ...။ ”

ရှေးဟောင်း မှော်သားရဲ တစ်ကောင်၏ အငွေ့ အသက် များနှင့် အတူ၊ ကြမ်းရှသော စွမ်းအင်ကို ထုတ်လွှတ် လိုက်ရာ၊ လေဟာနယ် တစ်ခုလုံး တဖျစ်ဖျစ် မြည်သွား လေသည်။

“ သေမင်းကို ဖိတ်ခေါ် ချင်နေ တာပဲ။ ”

အထက် တန်းစား လေးယောက်က အထင် အမြင် သေးခံ လိုက်ရ သောကြောင့်၊ ဒေါသ ထွက်သွား သည်။

သွေးတောင်ပံ ခန်းမ တွင်ပင်၊ အထက် တန်းစားများ ဖြစ်သော ကြောင့်၊ ပြိုင်ဘက်၏ လျှော့တွက်ခြင်း ခံနေ ရသည့် အပေါ်၊ မပျော်ရွှင် မိပေ။

ထို့ကြောင့် တုံ့ဆိုင်းခြင်း မရှိဘဲ၊ ချက်ချင်းပင် ခွန်အား အပြည့်ကို ထုတ်လွှတ် လာကြသည်။

နောက်တစက္ကန့် အတွင်းတွင်၊ လင်းယွန်ကို ကြက်သွေးရောင် ပင်လယ် ကြီးဖြင့်၊ ဖုံးအုပ် ပစ်လိုက် ၏။

မြင်ကွင်းက ကြောက်စရာ ကောင်းလှ သော်လည်း၊ လင်းယွန်က ပြုံးကာ၊ ညာလက်ကို ဆန့်ထုတ် လိုက်သည်။

လင်းယွန်၏ ရည်ရွယ် ချက်ကို ခန့်မှန်း နိုင်ခြင်း မရှိ သောကြောင့်၊ ဤမြင်ကွင်းက လူများ စွာကို ထိတ်လန့် သွားစေ၏။

သူတို့ အမြင်၌ လက်ဗ လာဖြင့်၊ အထက် တန်းစား လေးယောက်၏ ဓားများကို ရင်ဆိုင်ရန်၊ ကြိုးစား နေခြင်း ဖြစ်သည်။

သွေးတောင်ပံ ခန်းမသည် ၎င်းတို့၏ ဓားများ ကြောင့် ကျော်ကြား လှပြီး၊ သာမန် တော်ဝင် လက်ရာများ ဖြင့်ပင်၊ မတားဆီး နိုင်ကြောင်း သတင်းကြီး လှပေသည်။

“ အရူး ... ။ ”

ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်ပယ်မှ၊ အထက် တန်းစား လေးဦးက၊ အထင် အမြင် သေးစွာဖြင့်၊ ကဲ့ရဲ့ ရှုတ်ချ လာကြသည်။

သူတို့ မျက်ဝန်းများ ထဲတွင်၊ လင်းယွန်မှာ လူသေ ဖြစ်နေပြီ ဖြစ်သည်။ ပန်ယွဲ့က သူ့ မေးစေ့ကို ပွတ်သပ် လိုက်ပြီး၊ သူထင်ထား သလို ဖြစ်လာသည့် အတွက် ဂုဏ်ယူစွာ ပြုံးနေ လေသည်။

ထိုမြင်ကွင်းကို ကြည့်ကာ၊ လင်းရီ တစ်ယောက် မျက်ခုံး ပင့်မိ၏။ ပန်ယွဲ့သာ သူ့ကို အမှန် တကယ် တိုက်ခိုက်ခွင့် ပြုခဲ့ ပါက၊ ကြီးမားသော ဆုံးရှုံး မှုကြီး၊ ဖြစ်လာ ပေလိမ့် မည်။

ထိုညက သူ့ကို တိုက်ခိုက်သော လူငယ် သည်၊ ဤသို့ ရူးမိုက်ပုံ မပေါ် သောကြောင့်၊ သူပင် လင်းယွန် အပေါ် သံသယ ၀င်လာ မိသည်။

လင်းယွန် တစ်ယောက် သေပြီဟု၊ လူတိုင်းက ထင်မှတ် နေချိန်တွင်၊ မမျှော်လင့် ထားသည့် မြင်ကွင်း တစ်ခု၊ ထွက်ပေါ် လာသည်။

ကြမ်းရှသော စွမ်းအင် များက၊ သူ့ခန္ဓာကိုယ် အတွင်း၌၊ ပွက်ပွက် ဆူလာပြီး လက်သီးများ ထဲသို့ စီးဝင် လာ၏။

ရုတ်တရက် ရှေးဟောင်း သားရဲကြီး တစ်ကောင် အဖြစ်သို့၊ ပြောင်းလဲ သွားသော အခါတွင်၊ လက်သီး တစ်ချက်အား ပစ်ထုတ် လိုက်သည်။

“ ဟိတ် ....။ ”

ဒရာကိုဖီ သားရဲ များမှာ ခရမ်းရောင် အကြေး ခွံများနှင့်၊ ကြမ်းတမ်းသော သတ္တဝါများ ဖြစ်သည်။

ထို့ကြောင့် သူ၏ လက်သီးတွင် လူတိုင်း အပေါ်၊ လွှမ်းမိုး လာသော ကြီးစိုး မှုကို ခံစားရ စေသည်။

တစ်ချိန်တည်း မှာပင်၊ သွေးတောင်ပံ ခန်းမ၏ အထက် တန်းစား လေးယောက်မှာ၊ လက်သီး ချက်ကြောင့် ပါးစပ် အပြည့် သွေးများ အန်လိုက် ရ၏။

လေထဲ သေွးအန် နေသော၊ ပြိုင်ဘက် များကို ကြည့်ကာ၊ လက်နှစ် ဖက်ကို ရင်ဘတ် ရှေ့၌ ကြက်ခြေ ခတ်ပြီး၊ လက်ခလယ် နှစ်ဘက်ကို၊ လက်မဖြင့် ဖိလိုက်သည်။

ထို့နောက် မြေပြင်ပေါ် ပြန်ကျမည့် အချိန်ကို စောင့်ကာ၊ သူ့ လက်ချောင်း များကို တောက် ထုတ်လျက်၊ ငွေရောင် အလင်း တန်း များနှင့်၊ ပစ်လွှတ် လိုက်၏။

တပည့် လေးယောက် မြေပြင် ပေါ်သို့ ၊ ပြုတ်ကျ လာချိန်၌ ရှုံ့တွ ညည်းတွား ကုန်ကြ လေပြီ။

သူတို့၏ ဒူးများကို ဓားရောင်ခြည် များက၊ ထိုးဖောက် သွားသော ကြောင့်၊ သွေးများ စီးကျ လာ၏။

ဒူးထောက် နေသော အနေ အထားမှ၊ အံကြိတ် ထရပ်ရန် ကြိုးစား လိုက်ချိန်တွင်၊ မျက်နှာများ ဖြူဖျော့ လာသည်။

“ နာခံ တက်သားပဲ၊ ဒူးထောက်ပြီး မှတော့ ငြိမ်ငြိမ်နေ။ ”

လင်းယွန်က သဘော ကျစွာ ပြုံးရယ် လိုက်သည်။ ကြမ်းရှသော စွမ်းအင် တစ်မျိုး တည်းဖြင့်ပင်၊ အထက် တန်းစား လေးယောက် ကို၊ မြေပြင် ပေါ်တွင် ဒူးထောက် ခိုင်းနိုင် ခဲ့သည်။

“ သူတို့ တကယ် ဒူးထောက် လိုက်ရတယ်။ ”

သည်မြင်ကွင်းကြောင့် လူတော်တော် များများကို ထိတ်လန့် သွားစေ ခဲ့သည်။

ပတ်ဝန်း ကျင်ရှိ အသံ များကြောင့်၊ ပန်ယွဲ့ မျက်နှာမှာ၊ မည်းမှောင် ပျက်ယွင်း နေပေသည်။

“ မင်း သေပြီ ...။ ”

နောက်ဆုံးတွင် လင်းရီက သူ့ကိုယ်သူ ထိန်းမရ တော့ပဲ၊ လက်ဖဝါးဖြင့်၊ ရိုက်ချ လိုက်သည်။

ကောင်းကင် ယံ၌ ဧရာမ လက်ဖဝါးကြီး တစ်ဖက် ဖြစ်ပေါ် လာပြီး၊ မိစ္ဆာ အော်သံများ ရုတ်တရုတ် ထွက်ပေါ် လာတော့၏။

“ အစ်ကိုလင်း၊ သတိထား။ ”

ဘိုင်ရီက ထိတ်လန့်စွာ အော်ဟစ် သတိပေး လိုက်သည်။ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏၊ တပည့် များစွာ ကလည်း၊ စိုးရိမ် သံများ ပြုလာ၏။

“ အချိန် ကိုက်ပဲ။ ”

လင်းယွန်က ရင်ဘတ် ပေါ်ရှိ၊ မီးတောက် သင်္ကေတကို အသက် သွင်းကာ၊ ဟိန်းဟောက် လိုက်သည်။

များမကြာ မီတွင်၊ ကြမ်းရှသော စွမ်းအင်များ စတင် လောင်ကျွမ်း လာပြီး၊ ဓား စွမ်းအင်နှင့် ပေါင်းစပ်ကာ၊ လက်သီး ထဲသို့ စိမ့်ဝင် လာ၏။

“ ဟိတ် .....။ ”

လက်သီးကို ကောင်းကင်မှ ကျလာသော လက်ဖဝါးထံ ပြန်လည် ထိုးချ လိုက်ရာ၊ မိုးကုတ် စက်ဝိုင်း ဆီမှ ဟောက်သံ တစ်သံ၊ ဝိုးတဝါး ပဲ့တင်ထပ် သွားသည်။

အဆိုပါ လက်သီး ချက်ကြောင့်၊ ကြက်သွေးရောင် လက်ဖဝါးမှာ၊ ကွဲကြေ သွားရပြီး၊ လင်းရီကို လွင့်စင် သွားစေ၏။

“ အရမ်း အားနည်း နေတယ်၊ မင်းက တိမ်မိစ္ဆာရဲ့ တပည့် အဖြစ်၊ ဟန်ဆောင် ထားတဲ့ တပည့် အတုလား။ ”

“ ဝေါ့ ...... ။ ”

လင်းယွန်က ပြုံးကာ၊ ဆိုလာသည့် စကား ကြောင့်၊ လင်းရီ တစ်ယောက် သွေးအန် သွားရသည်။

ထို့ကြောင့် နောက်တစ်ကြိမ် အားယူကာ၊ တိုက်ခိုက်ရန် ပြင်လိုက် ချိန်တွင်၊ သူ့ပခုံး ပေါ်သို့ လက်ဖဝါး တစ်ဖက် ကျရောက် လာသည်။

ပန်ယွဲ့က လင်းယွန်ကို ကြည့်ကာ ‘မင်းက ဘယ်သူလဲ’ ဟု ဝင်မေး လိုက်၏။

“ ငါက မဟာချင် အင်ပါယာရဲ့ ဓားနန်းတော် ကပဲ၊ ငါ့နာမည် ပန်း သင်္ချိုင်း ဓားသမား လင်းယွန်လို့ ခေါ်တယ်။ ”

လင်းယွန်၏ ဝတ်ရုံ စမှာ၊ ရုတ်တရက် လေထဲ လွင့်ပျံ သွားပြီး၊ နဖူး ပေါ်ရှိ ခရမ်းရောင် အမှတ် အသားက၊ နတ်ဆိုး တစ်ကောင် ကမ္ဘာ မြေပြင်ပေါ် ဆင်းသက်လာ သကဲ့သို့၊ ခံစား လာရ စေ၏။

***

All Chapters