သွားကြ ရအောင်။
Vol. 36 Ch. 495
လေသံက မောက်မာ လွန်းသဖြင့် လူများ စွာအား၊ မျက်မှောင်ကျုံ့ သွားစေသည်။
ဒုတိယ တန်းစား အင်အားစု လေးဆီမှ၊ ဓားသမား တစ်ယောက်သည်၊ လင်းရီကို လက်သီးဖြင့် ထိုးရုံမျှ မကဘဲ၊ သွေးတောင်ပံ ခန်းမ၏ အထက် တန်းစား များကို၊ အနိုင် ယူရန် လက်သီးချက် တစ်ချက်သာ၊ အသုံး ပြုခဲ့ သည်။
ယင်းမှာ သွေးတောင်ပံ ခန်းမ အတွက် အလွန် အရှက် ရဖွယ် ဖြစ်ပေသည်။
လင်းယွင်၏ ခွန်အားမှာ၊ လူတိုင်း ရင်၌ စွြထင် လာစေ၏။ ယင်းအပေါ် လင်းရီက ဂရု မစိုက် သော်လည်း၊ ပြိုင်ဘက်မှာ သန်မာ ကြောင်း ကိုမူ ဝန်ခံရ ပေမည်။
နောက်ဆုံးတွင်၊ ဤသူသည် ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေ တွင်သာ ရှိနေ သေးသည်။
လင်းယွန်၏ ခွန်အား အကြောင်း တွေးလိုက် ရုံဖြင့်၊ ပန်ယွဲ့ တစ်ယောက် ကျောရိုးထဲ စိမ့်ဆင်း သွားသလို ခံစား လိုက်ရသည်။
ဆက်လက် လုပ်ဆောင် နေပါက၊ သွေးတောင်ပံ ခန်းမနှင့် ကောင်းကင် ပြည်နယ် အကယ် ဒမီကြား၊ စစ်ပွဲ တစ်ခု စတင် လာမည် ဖြစ်ပြီး၊ နှစ်ဖက် စလုံး လွန်စွာ ဒုက္ခရောက် ရပေမည်။
နောက်ဆုံးတွင်၊ အပြာရောင် မီးကြာပန်း ရင့်မှည့် လာချိန်၌၊ အခြား သူများ အကျိုး ရှိသွားမည် ဖြစ်၏။
လင်းရီမှာ ဂုဏ်သိက္ခာ အတွက်၊ လင်းယွန်နှင့် အဆုံးထိ သွားလို သော်လည်း၊ သူ့ အနေဖြင့် ဤကိစ္စကို သွေးတောင်ပံ ခန်းမ၏၊ ရှုထောင့်မှ စဉ်းစား နေရသည်။
“ သခင်လေး လင်း၊ ... ”
ပန်ယွဲ့၏ မည်းမှောင် နေသော မျက်နှာတွင်၊ ရုတ်တရက် အပြုံး တစ်ပွင့် ထွက်ပေါ် လာသည်။
“ ... ဒါဆို မင်းက ကောင်းကင် ပြည်နယ် အကယ် ဒမီက မဟုတ် ဖူးပေါ့၊ ဒီလို ဆိုမှတော့ ငါတို့က သူငယ်ချင်း ဖြစ်နိုင် တယ်လို့၊ ဆိုလိုတာ မဟုတ် ဖူးလား၊ သူတို့က မင်းကို ဘယ်လောက် ပေးလဲ၊ ... ”
“ ... အဲ့ဒီ ပမာဏထက် နှစ်ဆ ငါ ပိုပေး နိုင် ပါတယ်၊ ငါတို့ မိတ်ဆွေ ဖြစ်တဲ့၊ အထိမ်း အမှတ် အနေနဲ့၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း တစ်ထောင် ကိုလည်း၊ ငါ့ လက်ဆောင် အဖြစ် မင်း စဉ်းစားလို့ ရတယ်။ ”
ပန်ယွဲ့၏ အရှက်မဲ့ မှုကြောင့်၊ လူအုပ် ကြီးက ကျိန်ဆဲ လိုက်ကြ သည်။ အချို့သော လူ အနည်းငယ် သည်သာ၊ သူ၏ ပြတ်သားမှု အပေါ်၊ ချီးမွမ်း လိုက်၏။
လင်းယွန်သည် ကောင်းကင် ပြည်နယ် အကယ် ဒမီက၊ မဟုတ် လေရာ၊ တရားဝင် ကမ်းလှမ်း နိုင်သည်။
နောက်ဆုံးတွင်၊ အကျိုး အမြတ်မှာ အရေး ကြီးဆုံး ဖြစ်ပြီး၊ သူ အောင်မြင် သွားပါက၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ အတွက်၊ ပြင်းစွာသော ထိုးနှက်ချက် ဖြစ်လာ နိုင်မည်။
အခြား တစ်ဖက်တွင်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့် များမှာ၊ တုန်လှုပ် ချောက်ချား လာလေသည်။
ဘိုင်ရီပင် စိုးရိမ် မိ သော်လည်း၊ လျူယွမ်ယန်က ဟန်မပျက်၊ တည်ငြိမ်စွာ ရပ်ကြည့်နေ၏။
“ မင်းက ငါ့ကို လာဘ်ထိုးဖို့ ကြိုးစား နေတာ လား။ ”
လင်းယွန်က ပြုံးပြုံးလေး ပြန်မေး လိုက်သည်။
“ ငါ မင်းနဲ့ သူငယ်ချင်း ဖြစ်ချင်တယ်၊ အမှန်တော့ ဒီကမ္ဘာ ပေါ်မှာ ရှိတဲ့ အရာ အားလုံး အတွက်၊ တန်ကြေး တစ်ခု ရှိပါတယ်၊ ... ”
“ ... ဒါကြောင့် ငါ ပန်ယွဲ့က လျူယွမ်ယန် ကမ်းလှမ်း သမျှကို ပေးနိုင်တယ်၊ သွေးတောင်ပံ ခန်းမက ကောင်းကင် ပြည်နယ် အကယ်ဒမီ ထက်၊ ဘယ်နေရာမှ မနိမ့် ကျပါဘူး။ ”
သူ့ကမ်းလှမ်း ချက်ကြောင့် လင်းယွန် စိတ်ဝင် စားလာ သည်ကို မြင်သော အခါတွင်၊ သဘောကျ သွားသည်။
“ ဒါက အတိ အကျတော့ မမှန် ပါဘူး၊ ... ”
လင်းယွန်က ခေါင်းရမ်း လိုက်ပြီး၊
“ အဲ့ဒီ လျူယွမ်ယန်ကို ငါ မကြိုက် ပေမဲ့၊ သူက ငါ့ဒဏ်ရာ တွေကို ကုသ ပေးခဲ့တယ်၊ ပြီးတော့ ... အဲ့ဒီမှာ မိုက်မဲတဲ့ ကောင်မလေး တစ်ယောက်က၊ ငါ့ အသက်ကို ကယ်တင် ခဲ့တယ်၊ ... ”
“ ... အရာရာ တိုင်းမှာ တန်ကြေးတွေ ရှိပေမယ့်၊ မိတ်ဆွေ တွေကိုတော့ ဝယ်ယူလို့ မရ ပါဘူး၊ ဒါပေမယ့် ငါပြော နေတာ တွေကို၊ မင်းလို လူက နားလည်မှာ မဟုတ် ဖူးလို့၊ ငါ ပြောရဲတယ်။ ”
သူ့အား ပြုံးကာ ကြည့်ပြီး၊ လှောင်ပြောင် လိုက်သော လင်းယွန်ကြောင့်၊ ပန်းယွဲ့ မျက်နှာမှာ၊ မည်းမှောင် သွားသည်။
သူ့အချိန် များကို ဖြုန်းတီး မိခဲ့ လေပြီ။
“ ဒါဆိုလည်း ငါတို့ တွေ့ကြမယ်၊ ဓားနန်းတော်ရဲ့ တပည့် တစ်ဦး ဖြစ်တဲ့ မင်းက၊ သွေးတောင်ပံ ခန်းမရဲ့ အရေး ကိစ္စ တွေမှာ၊ ဝင်ရောက် စွက်ဖက်ရင် သေတက်တယ် ဆိုတာ သတိပေး ပါရစေ။ ”
“ မင်းခေါ် လာတဲ့ လူတွေ နဲ့လား၊ ဒါဆို ရင်တော့ ငါအရမ်း ကြောက်မိမယ် ထင်တယ်၊ ဟား ဟား ဟား ..... ။ ”
လင်းယွန်က တဟားဟား အော်ရယ် လိုက်သည်။ ဤမျှ များပြားသော လူများ စွာကို သူ တစ်ဦးတည်း၊ မတိုက် ခိုက်နိုင် သော်လည်း၊ ထွက်မပြေး နိုင်ဟု မဆို လိုချေ။
ထို့အပြင် ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ရောက်ရှိ ပါက မည်သူ အနိုင်ရ မည်ကို၊ တပ်အပ် မပြော နိုင်ပေ။
“ မင်းရဲ့ မောက်မာ မှုကို၊ ထိန်းသိမ်း ထားနိုင် လိမ့်မယ် လို့၊ ငါမျှော်လင့် ပါတယ်။ ”
ပန်ယွဲ့က ပတ်ဝန်း ကျင်ရှိ လူအုပ် ကြီးထံ တစ်ချက် ဝေ့ကြည့်ကာ၊ လက်ဝှေ့ ယမ်း လိုက်ပြီး၊ “သွားစို့” ဟုဆို လိုက်၏။
လင်းရီက တုံ့ဆိုင်း စွာဖြင့်၊ လင်းယွန်ကို လည်ပြန် လှည့်ကြည့် လိုက်သည်။
ပြီး နားမလည် ဟန်ဖြင့်၊ ပန်ယွွဲ့အား ကြည့်ကာ၊ မေးလိုက်သည်။
“ အစ်ကိုပန်၊ ဒီကောင့်ကို ဘာလို့ သတ်ခွင့် မပေး ရတာလဲ။ ”
လင်းယွန်ကို မသတ် ရသည့် အပေါ်၊ အနည်းငယ် စိတ်ပျက် မိသည်။ အစောပိုင်း အချိန်၌၊ သူ့ အင်အား၏ တစ်ဝက် မျှသာ၊ အသုံးပြု ခဲ့ခြင်း ဖြစ်သည်။
ဤ ပုရွတ်ဆိတ်အား သတ်ခွင့် ရမည်ဟု ထင်ထားခဲ့ သော်လည်း၊ ထိုအစား ကြီးစွာသော ဆုံးရှုံး မှုကို၊ ခံစား လိုက်ရသည်။
“ စိတ်အေးအေး ထားပါ၊ သူတို့နဲ့ ဖြည်းဖြည်းချင်း ကစား ကြရ အောင်၊ ခုအချိန်မှာ ရန်ဖြစ်ရင် အခြားသူ တွေသာ အကျိုးရှိ ကုန်လိမ့်မယ်၊ ... ”
“ ... ဒီကောင်က သေချင် နေမှတော့၊ သူ့ ဆန္ဒကို ဖြည့်ဆည်း ကြတာပေါ့၊ အပြာရောင် မီးကြာပန်း အတွက် တိုက်ပွဲမှာ၊ သူ့ကို သတ်မယ်။ ”
ပန်ယွဲ့က ကောက်ကျစ်စွာ ပြုံးလိုက်သည်။
“ စိတ်ချ၊ ဒီကောင်က ငါ့ကို လျှော့တွက် ထားရင်၊ သူ သေရ လိမ့်မယ်။ ”
လင်းရီက အေးစက်ပြီး ရက်စက်သော အပြုံးနှင့်၊ ကတိပေး လိုက်သည်။
ပန်ယွဲ့က ခေါင်းညိတ် လိုက်ပြီး၊ အပြာရောင် မီးကြာပန်း ကို၊ ရယူရန် စိတ်ပိုင်းဖြတ် ထားပြီ ဖြစ်ရာ၊ သူ့လမ်းတွင် ရပ်နေ သူတိုင်းကို၊ သတ်ပစ် မည် ဖြစ်သည်။
လင်းယွန်က ကစားချင် သော်လည်း၊ သူ့၌ အချိန် မရှိပေ။
“ ပန်းသင်္ချိုင်း၊ မင်းရဲ့ ဂုဏ်သတင်းနဲ့ တကယ် ထိုက်တန် ပါတယ်။ ”
လျူယွမ်ယန်က လင်းယွန် ရှေ့တွင် ရပ်ကာ ဆိုလိုက်သည်။
“ မင်းနဲ့ ယှဉ်ရင် ...၊ ငါက နိမ့်ကျ နေပါ သေးတယ်။ ”
“ ခွန်အား အရ ဆိုရင်၊ မင်းကို ငါမယှဉ် နိုင်ပါဘူး၊ ဒါပေမယ့် ငါ့ရဲ့ တခြား နည်းလမ်းကို သုံးရင်တော့ ရလဒ်က မသေချာ တော့မှာ သေချာတယ်။ ”
လျူယွမ်ယန်က ပေါ့ပေါ့ ပါးပါးပင် ဆိုလိုက် သည်။ ဝိညာဉ် ရေးရာ ရူရ် များကို၊ အသုံး ပြုခဲ့ ပါက လင်းယွန်ကို အနိုင်ယူ နိုင်မည်ဟု၊ ယုံကြည် နေဆဲ ဖြစ်၏။
တစ်ဖက်တွင် လင်းယွန်က ပြန်လည် ပြုံးပြ လိုက်ပြီး၊ သူမနှင့် အငြင်း အခုံ မလုပ် ခဲ့ပေ။ သူက ဓားသမား တစ်ယောက် ဖြစ်သည်ကို လျူယွမ်ယန်က မေ့နေပုံ ရသည်။
လရောင် ရေစင် ဓားကို ရင်ဆိုင် ရချိန်၌၊ ဤသို့သော ယုံကြည် ချက်မျိုး၊ ဆက်ရှိ နေရန် မျှော်လင့် မိသည်။
ထို့အပြင် သူ့တွင် အခြားသော နည်းလမ်း များလည်း ရှိနေ ပေသေးသည်။
ထိုအချိန်တွင် လင်းယွန်ကို ကြည့်သော ကောင်းကင် ပြည်နယ် အကယ်ဒမီ၊ တပည့် များ၏ အမူ အရာမှာ၊ ပျော့ပြောင်း လာသည်။
တစ်ချိန် တည်းမှာပင် ရိုသေ လေးစား မှုများ ဖြစ်ပေါ် လာ ကြသည်။ လင်းယွန် အပေါ် မည်သူမျှ အဆိုး မမြင် နိုင်တော့ပေ။
“ မင်းရဲ့ ရဲဘော် ရဲဘက် စိတ်ကို အထင်ကြီး ရပါတယ်၊ စိတ်မပူ ပါနဲ့၊ မင်းဘက်က ကတိ တည်နေ သရွေ့၊ ငါ့ရဲ့ ကတိကို ဖြည့်ဆည်း ပေးမှာပါ။ ”
လင်းယွန်၏ အပြု အမူ များက၊ သူ့ အမြင်ကို ပြောင်းလဲ နိုင်ခဲ့သည်။
“ ကတိ ပေးပြီး မှတော့၊ ငါ့ အပိုင်းကို ငါတာဝန် ယူတယ်၊ ပြီးတော့ အပြာရောင် မီး ကြာပန်းကို ငါလိုတယ်၊ ဒါနဲ့ ဘာလို့ ရပ်လိုက် ကြတာလဲ၊ ခရီးဆက် သင့်တယ် မဟုတ်လား။ ”
နေရာ အနှံ့တွင် စခန်းချ နေသော အဖွဲ့ များ၌၊ ကျွမ်းကျင်သူ များစွာ ရှိနေကြောင်း သူပြော နိုင်သည်။
ထို့ပြင် အပြာရောင် မီးကြာပန်းမှာ၊ ဤနေရာနှင့် မဝေး တော့မှန်း ခန့်မှန်း နိုင်၏။
“ ဟိုက အခိုး အငွေ့ကို တွေ့လား၊ ဒါက အပြာရောင် မီးကြာပန်ရဲ့ မွေးရပ် မြေပဲ။ ”
လျူယွမ်ယန်က ခေါင်းညိတ်ပြီး ရှေ့သို့ ညွှန်ပြ လိုက်၏။ သူမ ညွှန်ပြသည့် လမ်းကြောင်း အတိုင်း၊ လင်းယွန်က မျှော်ကြည့် လိုက်သည်။
သူတို့၏ ခွန်အားဖြင့်၊ မြူများ အတွင်း ဖြတ်သန်းရန် နေ့ဝက် ခန့်သာ၊ အချိန်ယူ ရပေ လိမ့်မည်။
ဆိုလို သည်မှာ လက်ရှိ စခန်း ချရာ နေရာသည်၊ သွေးရိုး တောင်ထွတ်ပေါ် ရောက်ရှိ နေကြောင်း ပြောနိုင်၏။
“ ဒါဆို ဘယ်သူမှ ဘာလို့၊ ဘာမှ မလုပ် ကြသေး တာလဲ။ ”
အဘယ့်ကြောင့် မည်သူမျှ မလှုပ် မယှက် ဖြစ်နေ သည်ကို၊ လင်းယွန်က စပ်စု လိုက်မိ လေသည်။
“ တိမ်ပြာ ရေကန်ကို၊ လျှပ်စီးနဲ့ မီးတောက် တွေနဲ့ ဖွဲ့စည်း ထားတယ်၊ ဆိုလို တာက အခိုး အငွေ့ တွေ ထဲမှာ၊ စွမ်းအင် နှစ်မျိုး ရောနေ တယ်၊ ... ”
“ ... သတိ မထား မိရင် သေတက်တယ်၊ ဒါကြောင့် မြူခိုးတွေ ပျောက်အောင် စောင့်ဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ်။ ”
ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့် တစ်ဦးက၊ လျူယွမ်ယန် အစား၊ ဝင်ရောက် ရှင်းပြ လာ၏။
လျှပ်စီးနှင့် မီးလျှံများ ပေါင်းစပ် ထားသော ရေကန်ကို လင်းယွန် အနေြဖင့်၊ ပထမဆုံး အကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
“ သဘာဝ ရတနာတွေ မွေးဖွားတဲ့ နေရာ တိုင်းမှာ၊ များသော အားဖြင့် နတ်ဆိုး သားရဲတွေ စောင့်ကြပ် နေတက် ကြတယ် မဟုတ်လား၊ ဒါက ဒီ မီးကြာပန်း မှာလည်း ရှိမယ် ထင်တယ်။ ”
လာမည့် တိုက်ပွဲ အတွက်၊ တက်နိုင် သမှှျ အချက် အလက် များကို၊ သဘာဝ အတိုင်း စုဆောင်း နေမိသည်။
“ ကန်တစ်ဝိုက် မှာတော့ မရှိဘူး၊ ဒါပေမယ့် ကန်အောက် ခြေမှာ အလယ် အလတ် ယင် အဆင့်၊ အုပ်စိုးရှင် သားရဲ တစ်ကောင် ရှိတယ် လို့တော့၊ ကောလ ဟာလတွေ ထွက်နေ တယ်၊ ... ”
“ ... သူပေါ် မလာတာ ရာစုနှစ် တစ်ခု ရှိပြီ၊ ဒါကြောင့် ကောင်းကင်ဘုံ ကပ်ဘေးနဲ့ သေဆုံး သွားပြီလို့၊ ယူဆ ကြတယ်၊ ... ”
“ ... ဒါပေမယ့် လမ်း တစ်လျှောက် မှာတော့၊ အခြား နတ်ဆိုး သားရဲတွေ ကြုံရ နိုင်တယ်။ ”
လင်းယွန်က ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်သည်။ အမှောင် ထဲ၌ နတ်ဆိုး သားရဲ များ၏၊ ဟောက်သံများ ပဲ့တင်ထပ် နေပေသည်။
ဤနတ်ဆိုး သားရဲ များမှာ၊ ရေကန်သို့ သွားရာ ခရီး၌ အဟန့် အတား တစ်ခု ဖြစ်လာ နိုင်ပြီး၊ ကံ မကောင်းသော သူများမှာ၊ အသန် မာဆုံး သားရဲ များနှင့်၊ ကြုံတွေ့ ရလာ နိုင်သည်။
“ အိုး ... နေဦး ”
လျူယွမ်ယန်က တစ်စုံ တစ်ခုကို၊ သတိ ရလာ ဟန်ဖြင့်၊ လင်းယွန်အား လှမ်းကြည့်ကာ၊
“ မင်း ... တတိယတန်း ဝိညာဉ် ကျောက်စိမ်း တစ်ထောင်ကို၊ တကယ် ယူခဲ့ တာလား။ ”
“ ငါရောက် သွားတဲ့ အချိန်မှာ၊ ပိုင်ရှင်က ထားခဲ့လို့ ၊ လမ်းကြုံ ယူလာ ရုံပါ။ ”
လင်းယွန်က ပိုင်ရှင်မဲ့ ပစ္စည်းကို၊ ကောက်ယူ လာခဲ့ သလိုမျိုး၊ ပြန်ဖြေ လာသည်။
“ ဒီတခါတော့ လင်းရီကို အကြီး အကျယ် စော်ကား လိုက်တာပဲ၊ သူ့ရဲ့ ဆရာက လင်းရီကို အရမ်း ဂရုစိုက် လွန်းတယ်လို့ ငါကြားတယ်၊ ... ”
“ ... မင်းကို ဖယ်ရှားဖို့၊ သွေးတောင်ပံ ခန်းမကို၊ စျေးကြီးကြီး ပေးလိမ့်မယ်၊ သူတို့က ငါတို့ရဲ့ အကယ် ဒမီကို ဂရု မစိုက်ဘူး၊ ... ”
“ ... ပြီးတော့ အဲဒီ အဘိုးကြီးက အမှောင် နည်းစနစ် တေွကို ကျင့်ကြံတဲ့ သူမို့၊ ကျိုးကြောင်း ဆင်ခြင် နိုင်စွမ်း နည်းတယ်။ ”
လျူယွမ်ယန်က လင်းယွန်ကို စိုးရိမ်သော မျက်ဝန်း များဖြင့်၊ ကြည့်ကာ ဆိုလိုက်သည်။
သူ့ လုံခြုံရေး အတွက် စိုးရိမ် မှုများ ပြသ လာသဖြင့်၊ လင်းယွန်က အံ့သြ သွားသည်။
“ ဒါဆို ငါတို့ ဘာလုပ် ရမလဲ။ ”
ဘိုင်ရီက ချက်ချင်း စိတ်ပူ လာပြီး၊ လျူယွမ်ယန် လက်ကို ဆွဲကိုင် လိုက်၏။
“ ဒါက လွယ်ပါတယ်၊ သူ ငါတို့ရဲ့ အကယ် ဒမီကို ဝင်လိုက်ရုံ ပါပဲ၊ သူ့အရည် အချင်း နဲ့ဆို အတွင်း တပည့်၊ အလွယ် တကူ ဖြစ်လာ နိုင်ပါတယ်၊ ဧည့်သင်းထောက် ရာထူးကို လျှောက်ဖို့ မလို ပါဘူး။ ”
လင်းယွန်ကို ဖိတ်ခေါ်သော အပြုံးဖြင့်၊ လျူယွမ်ယန်က ပြုံးပြ လိုက်သည်။
“ ဒါနဲ့ မင်းက ဝိညာဉ် ရေးရာ ရူရ်တွေ အပေါ် လေ့လာ ထားတယ် မဟုတ်လား၊ မင်းသာ အကယ် ဒမီကို ဝင်မယ် ဆိုရင်၊ အဲဒီ နယ်ပယ်မှာ၊ မင်းရဲ့ အရည် အချင်း တွေကို၊ တူးဖော် နိုင်လိမ့်မယ်။ ”
“ ဘယ်လို၊ အစ်ကို လင်းလည်း ဝိညာဉ် ရေးရာ ရူရ် တွေကို နားလည် တယ်လား။ ”
ဝမ်းသာ အားရ ဘိုင်ရီက ထအော် သည်။ သူမ သာမက အခြားသော တပည့်များ သည်လည်း၊ ထိတ်လန့် သွား ကြ၏။
ဤလင်းယွန်မှာ သန်မာ သည့် အပြင်၊ ဝိညာဉ် ရေးရာ ရူရ်များ အပေါ်၊ တတ်ကျွမ်း နေသူ၊ ဖြစ်နေ ပေသည်။
လျူယွမ်ယန် တစ်ယောက် အခြားသော ရည်ရွယ် ချက်များ ရှိရ မည်ဟု၊ လင်းယွန်က ယုံကြည်သည်။
ထို့ကြောင့် သူ့ကို လူသစ် စုဆောင်း ဖို့ရန် ကြိုးစား လာခြင်း ဖြစ်သည်။
သို့သော် လာမည့် ‘သွေးစွန်းသော ဧည့်ခံပွဲ’ တွင်၊ ဓားနန်းတော်၏ ပန်း သင်္ချိုင်း အဖြစ်သာ ဆက်ရှိ နေရန်၊ ဆန္ဒ ရှိသည်။
ထို့ကြောင့် တပည့် တစ်ဦးထက်၊ ဧည့် သင်းထောက် ရာထူး ကိုသာ ဆန္ဒ ရှိပေ၏။
ကျင့်ကြံ ရသည့် ရည်ရွယ် ချက်မှာ၊ သူ့အား ကူညီပေး သူများ အပေါ်၊ သစ္စာ ဖောက်ရန် မဟုတ်ပေ။
လင်းယွန်က ပြန်ဖြေ ခါနီးတွင်၊ မြူခိုးများ အတွင်း လျှပ်စီးများ လင်းလက်ကာ၊ မီးလျှံများ ထတောက် လာ သည်ကို၊ ရုတ်တရက် တွေ့လိုက် ရသည်။
စွမ်းအင် နှစ်ခု ရောယှက် လာပြီးနောက်၊ မြူများက မြင်သာသော အရှိန်ဖြင့်၊ လွင့်ပြယ် လိုက်လာ လေသည်။
“ ဟိုမှာ အပြာရောင် မီးကြာပန်း ”
ကြာပန်း တစ်ပွင့်၏ အသွင် အပြင်ကို၊ ဝိုးတဝါး မြင်လိုက် ရသဖြင့်၊ လူအုပ် ကြီးမှာ စိတ်လှုပ်ရှား သွားကြသည်။
လူသား ကျင့်ကြံ သူများ သာမက၊ နတ်ဆိုး သာရဲ များပင် စိတ်လှုပ်ရှား လာ၏။
များ မကြာခင် ကောင်းကင်ကို၊ ဖြတ်ပျံ နေသာ လူအုပ် ကြီးအား၊ ထိတ်လန့်ဖွယ် တွေ့လိုက် ရသည်။
လျူယွမ်ယန်က လူအုပ်ထံ မျှော်ကြည့် လိုက်ပြီး၊ လောဆော် လိုက်၏။
“ သွား ရ အောင်။ ”
***