သွေးမြူများ။
Vol. 36 Ch. 496
မြူများ လွင့်စင် သွားသည့် အခိုက်တွင် လူတိုင်းက တိမ်ပြာ ရေကန်ထံ အာရုံ စိုက်လာ ကြ၏။
“ ဟိုမှာ အပြာရောင် မီးကြာပန်း ”
ကြာပန်း တစ်ပွင့်၏ အသွင် အပြင်ကို၊ ဝိုးတဝါး မြင်လိုက် ရသဖြင့်၊ လူအုပ် ကြီးမှာ စိတ်လှုပ်ရှား သွားကြသည်။
လူသား ကျင့်ကြံ သူများ သာမက၊ နတ်ဆိုး သာရဲ များပင် စိတ်လှုပ်ရှား လာ၏။
များ မကြာခင် ကောင်းကင်ကို၊ ဖြတ်ပျံ နေသာ လူအုပ် ကြီးအား၊ ထိတ်လန့်ဖွယ် တွေ့လိုက် ရသည်။
“ အပြာရောင် မီးကြာပန်းရဲ့ သွေးဆောင် မှုကို ဘယ်သူမှ မခံနိုင် ဖူးပဲ။ ”
လျူယွမ်ယန် ဘေးတွင် ရှိနေသော လင်းယွန်က သက်ပြင်းချ လိုက်သည်။
ထိုနေရာသို့ ဦးစွာ ရောက်ရှိ ခြင်းဖြင့်၊ အပြာရောင် မီးကြာပန်းကို၊ ရရှိ မည်ဟု မဆို လိုပေ။ သို့သော် လူတိုင်းက ဦးစွာ ရောက်ရှိရန် သူထက်သူ ပြေးလွှား နေကြ၏။
“ အမည်ခံ အုပ်စိုးရှင် ဂိုဏ်းရဲ့ တပည့်တွေ အတွက်တောင်၊ ခရမ်းရောင် နန်းတော် နယ်မြေက၊ ရောက်ဖို့ ခက်ခဲတယ်၊ ဒါကြောင့် သူတို့က အပြာရောင် မီးကြာ ပန်းကို လိုတယ်။ ”
လျူယွမ်ယန်က လူအုပ်ကို ကြည့်ကာ ဆို၏။ အပြာရောင် မီးကြာ ပန်း၏ သွေးဆောင် မှုကို၊ မည်သူမျှ မခုခံ နိုင်သည်မှာ သဘာဝ ပေပင်။
လင်းယွန် သည်လည်း ချွင်းချက် မရှိ နိုင်ချေ။ အပြာရောင် မီးကြာပန်းမှာ၊ ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ရောက်ရှိ နေသော အထက် တန်းစားများ အတွက်ပင်၊ အသုံး ဝင်သည်။
နောက်ဆုံးတွင်၊ ၎င်းတို့၏ မူလ စွမ်းအင်ကို အပြာရောင် မီးကြာလပန်းဖြင့်၊ ပြန်လည် သန့်စင်ပြီး ခွန်အား တိုးမြှင့် နိုင်သေးသည်။
လင်းယွန် အနေဖြင့်၊ သူ၏ မူလ စွမ်းအင်ကို ဓားစွမ်းအင် အဖြစ်သို့၊ ပြောင်းလဲ ထားပြီး သော်လည်း၊ ၎င်းကို မီးကြာပန်းဖြင့် ထပ်မံ သန့်စင် နိုင်ခဲ့ ပါက၊ ပို၍ပင် တုန်လှုပ်ဖွယ် ကြီးထွား လာနိုင်သည်။
ထို့အပြင် အောင်မြင်မှု တစ်ခု ကိုလည်း၊ ရယူ နိုင်မည် ဖြစ်၏။
အချိန်များ တရွေ့ရွေ့ ကုန်လွန် လာသည်နှင့် အမှှျ၊ နတ်ဆိုး သားရဲ များနှင့် လူသား ကျင့်ကြံ သူများ အကြား၊ တိုက်ပွဲ ဖြစ်ပွား သံများ ကြားလာ ရသည်။
သွေး ရနံ့များ လေထုထဲ ပေါင်းစပ် နေပြီး၊ အလောင်းများ မြေပြင် အနှံ့ ပြန့်ကျဲ လာ၏။
အချို့မှာ နတ်ဆိုး သားရဲ များကြောင့် ဖြစ်ပြီး၊ အချို့မှာ လူသား ကျင့်ကြံ သူများ အချင်း ချင်းကြောင့် ဖြစ်သည်။
မြင်ကွင်းမှာ ထိတ်လန့် စရာ ကောင်းလှ သော် လည်း၊ မည်သူမျှ လက်လျော့ရန် စိတ်ကူး မရှိ ကြချေ။
ကောင်းကင် ပြည်နယ် အကယ် ဒမီ အနေဖြင့်၊ လမ်း တစ်လျှောက်ရှိ နတ်ဆိုး သားရဲ များစွာကို၊ အလွယ် တကူ ဖြေရှင်း နိုင်ခဲ့သည်။
သန်မာသော သားရဲ များထံ၊ ပြေးမိခြင်း မရှိသည့် အတွက်၊ ကံကောင်း ပေသည်။
လင်းယွန်နှင့် လျူယွမ်ယန် တို့ပင်၊ လှုပ်ရှား ရန် မလို ခဲ့ပေ။
သို့သော် ရုတ်တရက် ကြက်သွေးရောင် ဝံပုလွေ ကြီး တစ်ကောင်က၊ လျင်မြန် လွန်းသော အဟုန်ဖြင့်၊ ကောင်းကင်မှ ဆင်းသက် လာ၏။
“ အု အူ အူ ....။ ”
ထို့နောက်တွင် အဆိုပါ ကြက်သွေးရောင် ဝံပုလွေမှာ၊ ခေါင်းမော့ အူသံ ပြု လိုက်ပြီး၊ တပည့် များထံ ပြေးဝင် တိုက်ခိုက် လာလေ သည်။
ဖွဲ့စည်းပုံ ပျက်ယွင်း သွားသော ကြောင့်၊ တပည့် များစွာက ချက်ချင်း အော်ဟစ် သတိ ပေးနေ ကြစဉ်၊ စည်းအပြင် ကျွံထွက် သွားသော ဘိုင်ရီထံ၊ ဝံပုလွေက ပြေးဝင် သွားသည်။
လျူယွမ်ယန်က မျက်မှောင် ကြုတ်လျက်ဖြင့် ခေါင်းလှည့် လိုက်၏။ ထိုအချိန် မှာပင် သူမ ဘေးရှိ လင်းယွန်မှာ၊ ရိပ်ခနဲ ပျောက်ကွယ် သွားသည်။
“ ဘယ်လောက် တောင် မြန်လိုက်လဲ။ ”
လျင်မြန် လွန်းသော အဟုန်ကြောင့်၊ အနည်းငယ် ထိတ်လန့် သွားသည်။ လင်းယွန်၏ ရွေ့လျားမှု နည်းစနစ်မှာ၊ သူမ မြင်ဖူးသော အမာခံ တပည့် အချို့ထက်၊ နိမ့်ကျခြင်း မရှိကြောင်း ပြော နိုင်သည်။
ဓားနန်းတော်မှ လာသည် ဟူသော၊ ဤလူ အပေါ်၊ တစ်စ တစ်စ နားမလည် နိုင်တော့ သည်ကို၊ သတိ ထားမိ လာ၏။
ရွှေကျီးကန်း တံဆိပ်ကို ထုတ်ဖော် ထားသည့်၊ လင်းယွန်၏ ခန္ဓာ ကိုယ်တွင်၊ ကြမ်းရှသော စွမ်းအင်များ ပျံ့နှံ့ လာပြီး၊ သွေးများ ပွက်ပွက် ဆူသွား၏။
မြေပြင် ပေါ်သို့ ဆင်းသက် လိုက်သည်နှင့်၊ ကြက်သွေးရောင် ဝံပုလွေကို လက်သီးဖြင့် ထိုးကာ၊ ပြန်လည် တွန်းလွှတ် လိုက်သည်။
ယင်းမှာ သွေးတောင်ပံ ခန်းမ၏၊ အထက် တန်းစား များကို၊ ထိုးနှက် ခဲ့သော လက်သီးပင် ဖြစ်သည်။
လေခွင်း သံမှာ လူတိုင်း၏ နားထဲတွင်၊ မိုးခြိမ်းသံ ကြီးကဲ့သို့ ချက်ချင်း မြည်ဟီး လာ၏။
ဒုတိယမြောက် လက်သီးတွင်၊ ဆေးကြိုအိုး အလုံး နှစ်ဆယ်၏ ခွန်အားများ ပါရှိကာ၊ ကြက်သွေးရောင် ဝံပုလွေထံ ကျရောက် ပေါက်ကွဲ သွားသည်။
လက်သီး ထံမှ လှိုင်းများက၊ အနီး နားတွင် ရှိသော တပည့် တချို့ကို၊ နောက်သို့ တွန်းထုတ် ပစ်လိုက်၏။
တစ်ချိန် တည်းမှာပင်၊ လက်သီး များက ဝံပုလွေ၏ ဦးခေါင်းကို ထိုးခွဲကာ၊ သွေးမြူများ အဖြစ်သို့၊ ပြောင်းလဲ ပစ်လိုက်သည်။
ဤနည်းဖြင့် ကနဦး ယင် အဆင့်၊ ကြက်သွေးရောင် ဝံပုလွေ၏ ဦးခေါင်း မဲ့သော အလောင်း သည်သာ၊ မြေပြင်ပေါ် ပြန်ပြုတ်ကျ လာတော့သည်။
“ ဒီကောင် …”
လူများ စွာက လင်းယွန်ကို ကြည့်ပြီး၊ အံ့အား သင့်ကုန် ကြ၏။ ကြက်သွေးရောင် ဝံပုလွေမှာ၊ သန်မာခြင်း မရှိလှ သော်လည်း၊ လျင်မြန်၏။
လင်းယွန်သာ မသတ် နိုင်ခဲ့သော်၊ လူမည်မျှ ဒဏ်ရာ ရရှိ သွားမည်ကို၊ မတွေး တောနိုင်ပေ။
“ အစ်ကို လင်း။ ”
ဘိုင်ရီက အမြန်ပြေး လာသည်။ သို့သော် လင်းယွန်ထံ မရောက်ခင် မှာပင်၊ ကြီးမား လှသော အနက်ရောင် မျောက်ဝံကြီး တစ်ကောင်က ထပ်မံ ခုန်ဝင် လာပြန်၏။
၎င်းသည် ကနဦး ယင် အဆင့်တွင် ရှိသော၊ အထက် တန်းစား နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်သည်။ ယင်းမှာ အဆုံးသတ် မဟုတ် သေးပေ။
ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ထွက်ရှိ နေသည့်၊ နတ်ဆိုး သားရဲ နှစ်ကောင်၊ ထပ်မံ ရောက်ရှိ လာပြန်၏။
၎င်းတို့ နှစ်ကောင် သည်လည်း၊ အထက် တန်းစား နတ်ဆိုး သားရဲများ ဖြစ်ပေ၏။
“ ဒါ …”
ကောင်းကင် ပြည်နယ် အကယ် ဒမီ တပည့် များ၏၊ မျက်နှာများ ပြောင်းလဲ သွားသည်။
အထက် တန်းစား နတ်ဆိုး သားရဲ များမှာ၊ ရှားပါး လှပြီး တွေ့ခဲ သော်လည်း၊ လက်ရှိ အချိန်တွင်၊ တပြိင် နက်တည်း ကြုံလာ ရပေ သည်။
အပြာရောင် မီးကြာပန်း မွေးဖွား ခြင်းသည် ၎င်းတို့အား စုစည်း စေပုံ ရ၏။
ထို့ပြင် နတ်ဆိုး သားရဲ သုံးကောင်မှာ၊ အလွန် သတိ ရှိနေ ခဲ့ပြီး၊ ချက်ချင်း တိုက်ခိုက် လာခြင်း မရှိပေ။
ကြမ်းကြုတ်သော ရောင်ဝါများ ထုတ်လွှတ် ကာ၊ လူတိုင်း၏ နှလုံးသား ထဲသို့၊ ကြောက်ရွံ့ မှုများ ဖြစ်ပေါ် လာအောင် လှုံ့ဆော် လျက်၊ ဖြည်းဖြည်းချင်း ချဉ်းကပ် လာ ကြသည်။
“ ငါ့မှာ အကြံ တစ်ခု ရှိတယ်။ ”
လျူယွမ်ယန်က နတ်ဆိုး သားရဲ သုံးကောင်ကို ကြည့်ကာ၊ ဆိုလိုက်သည်။ သူမ အကြံကို လင်းယွန်က ချက်ချင်း နားလည် သွားပြီး၊
“ ဒီနတ်ဆိုး သုံးကောင်ကို ငါကိုင် တွယ် လိုက်မယ်၊ မင်းတို့ သွားနှင့်ကြ။ ”
လင်းယွန်၏ စိတ်ပါ လက်ပါ ဆုံးဖြတ် ချက်ကြောင့်၊ လျူယွမ်ယန်က အံ့သြ သွားပြီး၊
“ မင်းတို့ ထွက်သွားပါ၊ နတ်ဆိုး သားရဲ သုံးကောင်ကို ငါထိန်းထား ပေးမယ်၊ ပြီးရင် ငါ လိုက်လာမယ်။ ”
လင်းယွန် နေခဲ့ ခြင်းသည်၊ အကြံကောင်း တစ်ခုဟု မထင် ခဲ့ပေ။ နောက်ဆုံးတွင်၊ သူမ၏ ခွန်အားဖြင့် နတ်ဆိုး သားရဲ သုံးကောင်ကို၊ ကိုင်တွယ် ဖြေရှင်း ခြင်းမှာ၊ ပိုသင့် တော်၏။
“ ဒါဆို မင်း အဖွဲ့ အတွက် တကယ်ကို ခက်သွား လိမ့်မယ်၊ ငါ ကသာ အကောင်းဆုံး ပါ။ ”
လင်းယွန်က ခါးသက်သော အပြုံးဖြင့် ဆိုသည်။ သွေးတောင်ပံ ခန်းမနှင့် ရန်ပွဲမှာ၊ သူ့အား စိတ် ကြေနပ်မှု မပေး ခဲ့ချေ၊
သူ၏ ခွန်အား တစ်ဝက်ပင်၊ အသုံး မပြု လိုက်ရ သောကြောင့်၊ ဤအထက် တန်းစား နတ်ဆိုး သားရဲ သုံးကောင်နှင့် အတူ၊ ပျော်ရွှင် နိုင်ပြီ ဖြစ်သည်။
ထို့ကြောင့်၊ နတ်ဆိုး သားရဲ သုံးကောင်ကို လက်ညိုးဖြင့် လှမ်းထိုး လိုက်သည်။ ငွေရောင် ဓားရောင်ခြည် သုံးစင်း ပြေးထွက် သွား၏။
ယင်းကြောင့် နတ်ဆိုး သားရဲ သုံးကောင်မှာ၊ နာကျင်စွာ အော်ဟစ်လျက်၊ လင်းယွန်ထံ လှမ်းကြည့် လိုက်သည်။
တစ်ချိန်တည်း မှာပင် သူတို့၏ ဖိအား များကို၊ လင်းယွန် ဆီသို့၊ ပို့လွှတ် လာသော ကြောင့်၊ အရိုးများ အက်ကွဲ သံများ ကြားလိုက် ရသည်။
သို့သော် လင်းယွန်မှာ ထိတ်လန့်ခြင်း မရှိဘဲ၊ မျက်ဝန်း များ၌ တိုက်ပွဲဝင် စိတ်များ တောက်လောင် သွားကာ၊ သွေးများ ပွက်ပွက်ဆူ လာ၏။
“ သွားကြ မယ်။ ”
ဤအခိုက် အတန့်ကို အခွင့်ကောင်း ယူကာ၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့် များအား ဦးဆောင် လျက်၊ လျူယွမ်ယန်က လှည့်မကြည့် စတမ်း၊ ထွက်ခွာ သွား ခဲ့သည်။
အချို့သော တပည့်များ မှာမူ၊ လင်းယွန်နှင့်၊ နတ်ဆိုး သားရဲ သုံးကောင်၏ တိုက်ပွဲကို လည်ပြန် ပြန်လှည့် ကြည့်မိ ကြ၏။
လင်းယွန် တစ်ယောက် ဆံနွယ်များ လေထဲ လွင့်မျော နေပြီး၊ နတ်ဆိုး သားရဲ သုံးကောင်နှင့် လက်ရည်တူ တိုက်ခိုက် နေသည်။
“ စီနီယာ အစ်မလျူ၊ သူ လုပ်နိုင် ပါ့မလား။ ”
တပည့် တစ်ယောက်က၊ စိတ်လှုပ် ရှားစွာ မေးလိုက် ၏။
“ သူ့ကို ယုံလိုက်၊ ” -ဟု လျူယွမ်ယန်က ပြန်ဖြေသည်။
“ အစ်ကို လင်း၊ ဂရုစိုက်။ ”
လျူယွမ်ယန်၏ ဦးဆောင်မှု နောက်သို့ ပြေးလိုက် သွားလျက်မှ၊ ဘိုင်ရီက မမေ့ မလျော့ အော်ဟစ် သတိပေး သွားသည်။
“ ဒီမိန်းမက အရမ်း ပြတ်သား လွန်းတယ် …။ ”
လျူယွမ်ယန်မှာ သူထင်ထား သည်ထက် ပိုပြတ်သား လှ၏။ သို့သော် ၎င်းတို့ ရှေ့တွင်၊ သူ့ ခွန်အား အစစ် အမှန်ကို၊ ထုတ်မပြ ချင်သည့် အတွက်၊ ယင်းမှာ သာ၍ ကောင်းပေသည်။
နတ်ဆိုး သားရဲ သုံးကောင်က၊ သည်ထက် ပို၍ စဉ်းစားရန်၊ လင်းယွန်ကို အချိန် မပေး ခဲ့ချေ။
အာရုံလွင့် နေမှန်း သိသွား သောကြောင့်၊ ချက်ချင်းပင် သူ့ကို လှမ်းရိုက် လာ၏။
၎င်းတို့ သုံးကောင်၏ ဖိအားကြောင့်၊ မြေပြင်မှာ အက်ကွဲရာ များဖြင့်၊ ပြည့်နှက် သွားသည်။
“ အရမ်း ကောင်းတယ်။ ”
ဓားသုတ္တန်ကို ဖြန့်ဝေ နေစဉ်၊ တိုက်ပွဲဝင် ဆန္ဒများ ဟုန်းခနဲ ထတောက် လာ၏။
မူလ စွမ်းအင်နှင့် ကြမ်းရှသော စွမ်းအင် နှစ်ခုကို ပေါင်းစပ်ကာ၊ ပေါက်ကွဲ တော့မည့် မီးတောင် ကြီး တစ်လုံး ကဲ့သို့၊ ရှေ့တွန်း ထုတ် လိုက်သည်။
သူ၏ စွမ်းအားမှာ ကန့်သတ် ချက်သို့ ရောက်ရှိ သွားပြီး၊ နတ်ဆိုး သားရဲ သုံးကောင်၏ အရှိန် အဝါကို၊ ထက်ရှသော ဓား တစ်လက် သဏ္ဍာန်၊ ဖေါက်ထွက် သွားသည်။
လင်းယွန်ကို သတ်ချင် သော်လည်း၊ သူတို့၏ တိုက်ခိုက်မှု များက၊ မလုံ လောက်ပေ။
လင်းယွန်က ရှေ့သို့ ခြေတစ်လှမ်း တိုးကာ၊ ‘ကျား-နဂါး အရှိန်အဝါ’ ကို ထုတ်လွှတ် လိုက်၏။
ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ နှစ်ခုမှာ၊ တပြိုင် နက်တည်း တိုက်မိသွား ကြသည်။
သားရဲ သုံးကောင်ကို တစ်ပြိုင်နက် ရင်ဆိုင် ခြင်းဖြစ် သော်လည်း၊ လင်းယွန်၏ ရောင်ဝါမှာ နတ်ဆိုး သားရဲ သုံးကောင်၏၊ ပေါင်းစပ် အရှိန် အဝါအား ချေမှုန်း နိုင်ခဲ့သည်။
လက်သီးကို ဆုပ်ကိုင် လိုက်ပြီး၊ တစ်ချက် ပစ်လိုက် ၏။ လက်သီးနှင့် အနီး ကပ်ဆုံး ဖြစ်သော၊ သံမဏိ မေျာက်ဝံနက်ပေါ် ကျရောက် သွားတော့ သည်။
ထို့နောက် တံဆိပ် လေးခုကို ဖွဲ့စည်း လိုက်သည်နှင့်၊ ၎င်း၏ အရှိန် အဝါမှာ၊ နတ်ဆိုး သားရဲ သုံးကောင်အား၊ ရပ်တန့် သွားစေသည်။
လက်သီးကို တွန်းထုတ် လိုက် သည်နှင့်၊ အဝေးသို့ လွင့်စင် ကုန်တော့၏။
တစ်ဆက်တည်း မှာပင် လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို ထုတ်ဖော်ကာ၊ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ နတ်ဆိုး သားရဲ သုံးကောင်နောက်၊ ဆက်လက် လိုက်ပါ သွားမိ သည်။
ထို့နောက် ကျား-နဂါး လက်သီး၏ တွဲဆိုင်း များကို တရစပ် ထုတ်ဖော် လိုက်၏။
“ ပျံသန်း နေသော နဂါး၊ ပုန်းကွယ် နေသော ကျား၊ ”
“ သားရဲလှိုင်း ပေါက်ကွဲခြင်း၊ ”
“ ကျား-နဂါး အုပ်စိုးမှု။ ”
ထို လက်သီးချက် များကြောင့် မြေပြင်မှာ၊ ပြင်းထန်စွာ တုန်လှုပ် လာခဲ့သည်။
အကယ် ၍သာ ယင်းကို၊ လျူယွမ်ယန် တစ်ယောက် တွေ့ရှိ သွားပါက၊ မှင်တက် သွားမိ ပေမည်။
လက်သီး များတွင် ဆေးကြိုအိုး အလုံး နှစ်ဆယ်၊ ခွန်အားများ ပါရှိ နေ၏။
ပတ်ဝန်း ကျင်၌ ရှေးဟောင်း သားရဲ တစ်ကောင် နှင့်အတူ၊ ကျား ၊ နဂါး ၏ ဟောက်သံများ၊ ဓားသွား မြည်သံများ ၊အဆက် မပြတ် ထွက်ပေါ် လာလေသည်။
တစ်ချိန်တည်း မှာပင်၊ နတ်ဆိုး သားရဲ သုံးကောင်က၊ နောက်ပြန် လှည့် မကြည့်ဘဲ၊ လျူယွမ်ယန် ထက်ပင် မြန်သော အဟုန်ဖြင့်၊ လျင်မြန်စွာ ထွက်ပြေး ကုန်ကြသည်။
( ပြေးနိုင်မှ လွတ်ပေမည်။ )
ဤသို့ အရိုက်ခံ ရခြင်း အတွက်၊ အပြစ် မတင် နိုင်ချေ။ ငရဲ နတ်ဆိုး တစ်ပါးကို၊ ရန်စ မိသော သူတို့ကိုယ် သူတို့သာ၊ အပြစ် တင်မိ ကြလေ သည်။
“ ဒါ နောက်ဆုံး ပါ။ ”
ခရမ်းရောင် ပန်းကို ပွင့်စေ ပြီးနောက်၊ လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။
ပန်းပွင့် လာချိန်တွင် ခန္ဓာကိုယ် အတွင်းရှိ၊ ဓားစွမ်းအင် များက ဆူနာမီ လှိုင်းများ သဏ္ဍာန်၊ ရိုက်ပုတ် လာ၏။
တစ်ချိန် တည်းမှာပင်၊ မျက်ဝန်း များက ကြယ်တာရာ နှစ်စင်း ကဲ့သို့ တောက်ပ လာပြီး၊ ရှန်ရှင်း ဓားကို လွှတ်ထုတ် လိုက်သည်။
“ မင်းတို့ ပြေး မလွတ် ပါဘူး။ ”
ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်လျက်၊ ခုတ်ပိုင်း ချလိုက် သည်။
“ မိုး ကြိုး .... ။ ”
ဓားမှာ လျှပ်စီးလက် သကဲ့သို့ ပြေးထွက် သွားပြီး၊ နတ်ဆိုး သားရဲ သုံးကောင်ကို ချက်ချင်းပင်၊ သွေးမြူ အဖြစ် ပြောင်းလဲ သွားစေ တော့သည်။
***