← Chapters

အပြာရောင် မီးလျှံ ကပ်ဘေး။

Vol. 36 Ch. 497

အပြာရောင် မီးလျှံ ကပ်ဘေး။

Vol. 36 Ch. 497

ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်လျက်၊ ခုတ်ပိုင်း ချလိုက် သည်။

“ မိုး ကြိုး .... ။ ”

ဓားမှာ လျှပ်စီးလက် သကဲ့သို့ ပြေးထွက် သွားပြီး၊ နတ်ဆိုး သားရဲ သုံးကောင်ကို၊ သွေးမြူများ အဖြစ် ပြောင်းလဲ ပစ်လိုက် တော့သည်။

သူ့ ရှေ့ရှိ သွေးမြူ များထံ၊ တစ်ချက် ကြည့်လိုက်ပြီး၊ အသက် ပြင်းပြင်း ရှူလိုက် သည်။

ဤတိုက်ပွဲမှာ ကျေနပ် စရာ ဖြစ်ခဲ့ သော်လည်း၊ သူ့၏ မူလ စွမ်းအင် တစ်ဝက်ကို ကုန်ဆုံး သွား စေသည်။

နောက်ဆုံးတွင်၊ ၎င်းတို့မှာ ခရမ်းရောင် နန်းတော် နယ်မြေ၏၊ အထက်တန်းစား နတ်ဆိုး သားရဲများ ဖြစ်ပြီး၊ သာမန် နတ်ဆိုး သားရဲ များနှင့် မတူပေ။

ယင်းကြောင့် သူ့ အနေဖြင့်၊ ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ရောက်ရှိရန် လိုအပ် ကြောင်း၊ သဘော ပေါက်လာ ခဲ့သည်။

သို့မဟုတ် ပါလျှင် သေခြင်း တရား သည်သာ၊ သူ့ကို စောင့်ကြို နေပေ လိမ့်မည်။

လက်ဝှေ့ ယမ်းကာ၊ သားရဲ အမြုတေ သုံးခုကို သိမ်းဆည်း လိုက်၏။

သားရဲ အမြုတေတွင် ပါရှိသော မီးနှင့် လျှပ်စီး စွမ်းအင် များကို ကြည့်ပြီး နောက်၊ တိမ်ပြာ ရေကန်ထံ၊ မျှော်ကြည့် လိုက်သည်။

နတ်ဆိုး သားရဲ များသည် ဤနေရာရှိ၊ ဝိညာဉ် စွမ်းအင်ကို စုပ်ယူထား သောကြောင့်၊ ၎င်းတို့၏ အမြုတေ များတွင်၊ အပြာရောင် မီး စွမ်းအင်များ စုပုံ လာစေသည်။

“ ငါ့ရဲ့ မူလ စွမ်းအင်ကို၊ အရင် ပြန်ရဖို့ လိုတယ်။ ”

မြေပြင် ပေါ်ထိုင် ချကာ၊ သားရဲ အမြုတေကို သန့်စင်ရန် ပြင်လျက်ဖြင့်၊ ရေရွတ် လိုက်သည်။

တိုက်ပွဲ အပြီးတွင်၊ မည်သည့် နတ်ဆိုး သားရဲမျှ သူ့ အနီးသို့၊ မလာရဲ တော့ပေ။

တစ်ချိန်တည်း မှာပင်၊ ဒါဇင်ပေါင်း များစွာသော လူရိပ် များက၊ တောအုပ် အတွင်း သတိ ဝီရိယဖြင့်၊ ခရီး ဆက်နေ ကြသည်။

မြေပြင် ပေါ်တွင် နတ်ဆိုး သားရဲ များနှင့်၊ ကျင့်ကြံသူ အချို့၏ အလောင်း များအား၊ မကြာ မကြာ တွေ့မြင် လာရ၏။

တိမ်ပြာ ရေကန် ဆီသို့ ခရီးမှာ၊ အလောင်း များဖြင့် ဖုံးလွှမ်း နေသည့် လမ်း ဖြစ်သည်။

ဘိုင်ရီက လျူယွမ်ယန် အနား ကပ်လိုက် နေရာမှ၊ နှုတ်ခမ်း များကို ကိုက်ကာ၊ စိုးရိမ် စိတ်များဖြင့်၊ နောက်သို့ ပြန်ပြန် လှည့်ကြည့် နေတက်၏။

အချိန် အတော်ကြာ ပြီးနောက်၊ သူမက မအောင့်သည်း နိုင်တော့ဘဲ၊

“ စီနီယာ အစ်မ၊ အစ်ကိုလင်း အဆင်ပြေ ပါ့ မလား မသိ ဖူးနော်။ ”

-ဟုဆို လိုက်လေသည်။

အခြားသော တပည့်များ သည်လည်း၊ ရှုပ်ထွေးသော အမူ အရာဖြင့်၊ စိုးရိမ် ပူပန် မှုများ ပြသ လာကြသည်။

လင်းယွန်၏ ခွန်အားမှာ၊ ၎င်းတို့အား အနိုင်ယူ နိုင်ခဲ့ပြီး၊ ထိုသူ သည်သာ နတ်ဆိုး သားရဲ သုံးကောင်ကို၊ မထိန်းထား နိုင်ခဲ့ ပါက၊ အကျိုး ဆက်များက မှန်းဆ မရ နိုင်ချေ။

ဆိုလို သည်မှာ လင်းယွန်သာ မအောင်မြင် ခဲ့သော်၊ သူတို့ အဖွဲ့မှာ ကျိန်းသေပေါက် ကျဆုံး သွားမည် ဖြစ်သည်။

သူတို့၏ ကျန်ခရီးစဉ် တစ်လျှောက်တွင်၊ အားနည်းသော သားရဲ များဖြင့်သာ၊ ကြုံတွေ့ လာရ သောကြောင့်၊ ချောမွေ့သော ခရီးဖြစ် လာခဲ့သည်။

ဤသည်မှာ လင်းယွန်၏ ကျေးဇူးကြောင့် ဖြစ်၏။

“ စီနီယာ အစ်မလျူ၊ လင်းယွန်ကို ကြည့်ဖို့၊ ငါတို့ ထဲက တစ်ယောက် နှစ်ယောက် လောက်ကို၊ ဘာလို့ ပြန်မလွှတ် ရတာလဲ။ ”

တပည့် တစ်ဦးက စိတ်မလုံ ဟန်ဖြင့် မေးလိုက်သည်။ ထိုတပည့်၏ မေးခွန်းကြောင့်၊ လျူယွမ်ယန်က ခြေလှမ်း များကို ရပ်လိုက်ပြီး၊ လူတိုင်းကို ပြန်ဝေ့ ကြည့်ကာ၊

“ စိတ်ဝင် စားဖို့ ကောင်းလိုက်တာ၊ အားလုံးက ဒီလူ အပေါ်၊ အရင်က အမြင် ကောင်းတွေ မရှိခဲ့ ပါဘူး၊ ဒါနဲ့ မင်းက ဘာလို့ သူ့အတွက်၊ စိတ်ပူ နေရ တာလဲ။ ”

“ စီနီယာ အစ်မလျူ၊ ငါတို့က အကြင်နာ မဲ့တဲ့ သားရဲတွေ မဟုတ် ပါဘူး ... ။ ”

တပည့် အနည်းငယ်က ရှက်ရွံ့စွာ ပြုံးလိုက် သည်။ လင်းယွန်က လင်းရီနှင့် အတူ သွေးတောင်ပံ ခန်းမ၏၊ အထက် တန်းစား တပည့် လေးယောက်ကို၊ အနိုင်ယူ ပြီးနောက် တွင်၊ ပြောင်းလဲ လာခြင်း ဖြစ်သည်။

ကောင်းကင် ပြည်နယ် အကယ် ဒမီနှင့်၊ သွေးတောင်ပံ ခန်းမကြား ရန်ငြိုး များမှာ၊ အချိန် ကြာမြင့်စွာ ကပင်၊ ဖြစ်တည် ထားသည်။

ထို့ကြောင့် လင်းယွန်၏ လုပ်ရပ် များက၊ ၎င်းတို့အား ကျေနပ် စေ၏။ တစ်ချိန်တည်း မှာပင် လင်းယွန် အပေါ်၊ သူတို့၏ အမြင် ဆိုးများ ပျောက်ကွယ် သွားခဲ့သည်။

“ မင်းတို့က ‘နုံအ’ တဲ့သူ တွေလား၊ သူက လင်းရီကို လက်သီး တစ်ချက် တည်းနဲ့၊ အနိုင် ယူနိုင် ခဲ့တယ်၊ ဒါကို နတ်ဆိုး သားရဲ သုံးကောင်က၊ ဟန့်တား နိုင်လိမ့် မယ်လို့ မင်း ထင်လား၊ အခု ရောက် မလာ သေးတာက အကြောင်းရင်း တစ်ခုပဲ ရှိတယ်၊ ... ”

“ ... မူလ စွမ်းအင်တွေ ကုန်သွားလို့ ပြန်ဖြည့်တင်း နေရ လို့ပဲ၊ နောက်ဆုံး တိုက်ပွဲ အမှီ ငါတို့နဲ့ လာပူးပေါင်း လိမ့်မယ်။ ”

လျူယွမ်ယန် စကားဆုံး သည်နှင့်၊ လူအုပ် ကြီးမှာ စိတ်သက် သာရာ ရသွားသည်။

“ မိန်းကလေး လျူက ငါ့ကို ကောင်းကောင်း နားလည် ထားတာပဲ။ ”

ရုတ်တရက် လင်းယွန် တစ်ယောက်၊ ကောင်းကင်မှ ဆင်းသက် လာပြီး၊ ပြုံးလျက် ဆိုလိုက်သည်။

“ စီနီယာ အစ်မလျူ၊ မင်းပြောတာ တကယ် မှန်တယ်။ ”

ဘိုင်ရီက ပြုံးရယ် သွား၏။

လင်းယွန်မှာ သားရဲ အမြုတေကို သန့်စင် ပြီးနောက်၊ သူ့ ခွန်အား အနည်းငယ် တိုးတက် သည်အား၊ ခံစား နိုင်ခဲ့သည်။

အပြာရောင် မီးစွမ်းအင် များကို၊ မူလ စွမ်းအင် သန့်စင် ရာ၌၊ အသုံးပြု နိုင်သော် လည်း၊ ၎င်းသည် မီးကြာပန်း ကဲ့သို့ ကောင်းမွန်ခြင်း မရှိပေ။

“ ဒါက သတိ ထားရင် ...၊ လူတိုင်း သိနိုင်တဲ့ အရာပါ၊ နေဦး ... ”

လင်းယွန် ထံမှ သတ်ဖြတ်ခြင်း အငွေ့ အသက် များကြောင့်၊ လျူယွမ်ယန်က ရုတ်တရက် အံ့သြ သွားပြီး၊

“ ... မင်း၊ နတ်ဆိုး သားရဲ သုံးကောင်ကို သတ်လိုက် တာလား။ ”

လျူယွမ်ယန်၏ ထက်ရှသော စိတ်အာရုံ ကြောင့်၊ လင်းယွန်ပင် မျက်ခုံး ပင့်လိုက် မိသည်။

“ ကံကောင်း လို့ပါ။ ”

သူ့ စကား ကြောင့်၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ တပည့်များ၊ အားလုံး တုန်လှုပ် သွားကြ သည်။

သူတို့ အမြင် အရ၊ အထက် တန်းစား နတ်ဆိုး သားရဲ သုံးကောင်ကို၊ သတ်ပစ်ရန် မဆိုနှင့်၊ အန္တရာယ် ကင်းစွာ ပြန်လာ နိုင်သည် ကပင်၊ မယုံ နိုင်စရာ ပေပင်။

လင်းယွန်က ဆက်လက် ရှင်းပြခြင်း မရှိ တော့ဘဲ၊ ယင်းအစား တိမ်ပြာ ရေကန်ကို မျှော်ကြည့် လိုက်သည်။

“ အပြာရောင် မီးကြာပန်းနဲ့ ပတ်သက်ပြီး၊ ထူးခြားတာ တစ်ခု ခုတော့ ရှိနေပုံ ရတယ်။ ”

“ မှန် တယ်၊ ... ”

လျူယွမ်ယန်က ခေါင်းညိတ် လိုက်ကာ၊

“ အပြာရောင် မီးကြာပန်း တွေက ရင်မှည့် ဖို့ အတွက်၊ အပြာရောင် မီးလျှံ ကပ်ဘေးကို ခံယူ ရတယ်။ ”

“ အပြာရောင် မီးလျှံ ကပ်ဘေး။ ”

လင်းယွန်က နားရှုပ် သွားသည်။ လျူယွမ်ယန်က ခေါင်းညိတ် လိုက်ပြီး၊ ခရီးဆက် လိုက်သည်။

“ အဲဒီ တောင်ကို တွေ့လား။ ”

လျူယွမ်ယန်က တိမ်များကို ဖြတ်၍၊ ထိုးဖောက် နေသော တောင်ကို၊ ညွှန်ပြ လိုက်သည်။

ဤမျှ အကွာ အဝေး မှပင် တောင်ထိပ်တွင်၊ ကြောက်မက်ဖွယ် ကောင်းသော အရှိန် အဝါကို ခံစား ရနိုင်သည်။

“ အဲဒါက တိမ်ပြာ တောင်ထွတ်ပဲ၊ တောင်ထိပ်မှာ တစ်နှစ် ပတ်လုံး၊ လျှပ်စီး တွေနဲ့ မီးတောက် တွေ ဖုံးလွှမ်း နေလိမ့်မယ်၊ တိမ်ပြာ ရေကန်က ဒီလို ပုံစံနဲ့ ဖွဲ့စည်း ခဲ့တာပါ။ ”

လျူယွမ်ယန်က ရှင်းပြ လိုက်သည်။

“ မီးလျှံ ကပ်ဘေး၊ ကျဖို့ ဘယ်လောက် ကြာဦး မှာလဲ။ ”

လင်းယွန်က ထပ်မေး လိုက်သည်။

“ မြူတွေ အကုန် ပျောက်သွားရင်၊ အပြာရောင် မီးကြာပန်းက၊ ရင်မှည့် လာပြီး၊ ရွှေရောင် အဆင်း တွေ ထုတ်လွှတ် လိမ့်မယ်၊ အခု အဲ့ဒီ အခြေ အနေကို ရောက်ဖို့၊ ခြေတစ် လှမ်းပဲ လိုတော့တယ်။ ”

တိမ်ပြာ ရေကန်ကို၊ မျှော်ကြည့် နေသော မျက်ဝန်း များတွင်၊ တက်ကြွ မှုများ ထင်ဟပ် လာတော့ သည်။

၎င်းမှာ သူမ၏ မစ်ရှင်ပြီး စီးရန်၊ ခြေတစ် လှမ်းသာ ဝေးတော့ သည်ဟု၊ အဓိပ္ပါယ် ရပေ သည်။

ယခု အချိန်၌ အတော်ပင် စိတ်လှုပ်ရှား နေကာ၊ အမာခံ တပည့် ဖြစ်လိုသော ဆန္ဒများ တဖွားဖွား ဖြစ်ပေါ် လာတော့သည်။

များ မကြာမီ တိမ်ပြာ ရေကန်အား၊ လှမ်းမြင် လိုက်ရ ၏။ ကန်ဘေးတွင် စခန်းချ၊ အနားယူ နေသော လူ အချို့လည်း၊ ရှိနေ နှင့် လေပြီ။

“ အပြာရောင် မီးကြာ ပန်းတွေ မနည်း ပါလား၊ မင်းက သုံးခုပဲ လိုတာ ဆိုတော့ ...၊ ဒါက လွယ်မယ် ထင်တယ်။ ”

ကြာပန်း များကို ကြည့်ကာ၊ လင်းယွန်က လေးလေး နက်နက် ဆိုလိုက်၏။

ရေကန် တစ်ခုလုံး၊ အပြာရောင် ကြာပန်း များဖြင့် ဖုံးလွှမ်း နေပြီး ၎င်းတို့မှာ၊ အနည်းဆုံး ရာဂဏန်း ခန့် ရှိပေမည်။

“ မင်း မှားနေပြီ၊ အဲ့ဒီ ကြာပန်း တွေက မီးလျှံ ကပ်ဘေးကြောင့်၊ သေဆုံး ရလိမ့်မယ်၊ ဘယ်လောက် များများ ကပ်ဘေးကို ဖြတ်ကျော် နိုင်မလဲ ဆိုတာတော့၊ နတ်ဘုရား တွေသာ သိလိမ့်မယ်။ ”

လျူယွမ်ယန်က ကူကယ်ရာ မဲ့စွာဖြင့်၊ ရှင်းပြ လိုက်သည်။ ထို့ကြောင့် အဆင် မပြေသော၊ အမူ အရာဖြင့် လင်းယွန်က၊

“ ဒီကို လာတဲ့ သူတွေ များတယ် ... မဟုတ်လား။ ”

“ ဟုတ်တယ် သူတို့ အားလုံးက၊ ငါတို့လို ကျွမ်းကျင် သူတွေ ချည်ပဲ။ ”

လျူယွမ်ယန်က လေးနက်သော အမူ အရာဖြင့်၊ သတိပေး လာသည်။

“ ပြီးတော့ ... သူတို့ ထဲက တချို့ကို အာရုံ စိုက်ရမယ်။ ”

“ ဘယ်သူလဲ။ ”

“ မြောက်ဘက်ကို ကြည့် ... ။ ”

လျူယွမ်ယန် ညွှန်ပြသည့် လမ်းကြောင်း အတိုင်း၊ လင်းယွန်က လှည့်ကြည့် လိုက်သည်။

ရေကန် ဘေးတွင် စောင့်ဆိုင်း နေသော လူတစ်စုကို တွေ့လိုက် ရ၏။ ထိုလူစုကို ဦးဆောင် ထားသူမှာ၊ ကြံ့ခိုင် လွန်းသော ရုပ်ခန္ဓာကို ပိုင်ဆိုင် ထားပြီး၊ လွှမ်းမိုး ကြီးစိုး နိုင်သည့် ရောင်ဝါအား ထုတ်လွှတ် ထား၏။

“ သူက သဏ္ဍာန် သုံးပါး စံအိမ်က ဟန်ဖိန်၊ ဓားသမား တစ်ယောက်ပဲ၊ လွန်ခဲ့တဲ့ ခြောက်လ ထဲက၊ ကနဦး ယင် အဆင့်သို့ ရောက်ရှိ ထားတယ်၊ ... ”

“ ... အရမ်း ကြောက်စရာ ကောင်းတယ်၊ သူနဲ့ နယ်ပယ်တူ ထဲက၊ လမ်းလွဲ သိုင်းသမား သုံးယောက်ကို၊ အနိုင်ယူ ခဲ့ဖူး တယ်။ ”

သဏ္ဍာန် သုံးပါး စံအိမ်သည်၊ နေသာ စီရင်စု၌ အမည်ခံ အုပ်စိုး ရှင်များ ဖြစ်ပြီး၊ ဆေဘာဓား ပညာ ရပ်ကို လိုက်စား သူများ ဖြစ်ကြသည်။

သူတို့၏ ‘သဏ္ဍာန် သုံးပါး ဆေဘာ ဓား’ မှာ၊ နေသာ စီရင်စုကို၊ တုန်လှုပ် စေသော ဓားရေး တစ်ရပ် ဖြစ်ပြီး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး တစ်ခုလုံး တွင်ပင်၊ ကျော်ကြား သော ဂုဏ် သတင်းအား၊ ပိုင်ဆိုင် ထားပေ သည်။

“ သူတို့ရဲ့ ညာဘက် ယွန်းယွန်းက၊ ဖျက်ဆီးခြင်း ဓားခန်းမပဲ၊ အဲဒီမှာ မင်းလို ဓားသမား တွေရှိတယ်၊ သူတို့ရဲ့ ဓားရေးတွေ ကတော့၊ အလွန် ကြမ်းကြုတ် လွန်းတယ်၊ အထူး သဖြင့် သူတို့ကို ဦးဆောင် လာတဲ့ နင်းဖန်ပဲ၊ အရင်က သူ့ကို ငါရှုံးနိမ့် ခဲ့ဖူးတယ်။ ”

လျူယွမ်ယန်က လေးနက်သော အမူ အရာဖြင့် ပြောကြား ခဲ့သည်။ လင်းယွန်က အံ့သြသွား သော်လည်း ပြုံးပြီး၊

“ အခုတော့၊ မင်းက သူ့ထက် သာသွားပြီ မဟုတ်လား။ ”

“ ဒါပေမယ့် သူတို့ကို လျှော့မတွက် နိုင်သေးဘူး၊ ဓားခန်းမရဲ့ တပည့် အားလုံးက ကိုင်တွယ်ရ ခက်တယ်၊ မင်းလည်း ဓားသမား ဆိုတော့၊ ဓားအရှိန် အဝါက ဘယ်လောက်ထိ၊ ကြောက်စရာ ကောင်းလဲ ဆိုတာ၊ ပိုသိ မှာပါ။ ”

သူမ ပြောသည်မှာ အမှန် ပေပင်။ ဒါဇင်ဖြင့် ချီသော ဓားသမား များက၊ တူညီသော ဓားရေးကို၊ တပြိုင် နက်တည်း အသုံး ပြုလာ ပါက၊ ပြိုဘက် များကို ခေါင်းကိုက် စေမည် ဖြစ်သည်။

“ သူကရော ... ဘယ်သူလဲ။ ”

မျက်ကွယ် အရပ် ဆီ၌၊ ရပ်နေသော လေလွင့် သိုင်းသမား တစ်ဦးကို၊ လင်းယွန်က သတိ ထားမိ သွားကာ၊ မေးယူ လိုက်၏။

ထိုသူ့ အသွင် အပြင်မှာ ထူးခြား လှပြီး၊ လူတိုင်း၏ အာရုံ စိုက်မှု၊ ကင်းလွတ်ရာ အရပ်သို့၊ တမင် ရွေးချယ် ထားနိုင်သည်။

သည့်အပြင် ဤနေရာ၌ အမည်ခံ အုပ်စိုးရှင် များ၏ တပည့် များစွာ ရှိပြီး၊ ယင်းသို့ တစ်ဦးတည်း လာရောက်ရဲ သည်မှာ၊ မည်မျှ ယုံကြည်ချက် ပြင်းထန်ကြောင်း၊ သိသာ စေသည်။

“ သူ့ကို ရီကန်မင်လို့ ခေါ်တယ်၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ လောက်က၊ နေသာ စီရင်စုကို ရောက်လာတဲ့ သူပဲ၊ သူရဲ့ မူလက လေလွင့် ကျင့်ကြံသူ မဟုတ်ဖူး၊ ... ”

“ ... အုပ်စိုးရှင် ဂိုဏ်း တစ်ဂိုဏ်းကို သစ္စာဖောက် ခဲ့တဲ့၊ တပည့် တစ်ယောက်လို့၊ ကောလ ဟာလတွေ ထွက်နေ ခဲ့တယ်၊ ... ”

“ ... လွန်ခဲ့တဲ့ ခြောက်လ အတွင်း၊ အမည်ခံ အုပ်စိုးရှင် ဂိုဏ်းတွေရဲ့၊ တပည့် တွေကို ဆယ်ယောက် ထက် မနည်း၊ သတ်ပစ် ခဲ့ဖူး တယ်၊ ဒါပေမယ့် ဘယ်သူမှ သူ့ကို၊ အရေး မယူ နိုင်သေးဘူး။ ”

လျူယွမ်ယန် ရှင်းပြ နေစဉ်၊ သူ့ပေါ် ကျရောက် နေသော၊ ထက်ရှသည့် အငွေ့ အသက်ကို၊ ရီကန်မင်က သတိ ထားမိ သွားပြီး၊ လင်းယွန်ထံ လှမ်းကြည့်ကာ၊ နိမ့်ချ ဟန်ဖြင့် ပြုံးပြ လိုက်သည်။

အုပ်စိုးရှင် ဂိုဏ်းကို သစ္စာဖောက် ခဲ့သော် လည်း၊ ယခု အချိန် အထိ အသက်ရှင် နေသေး သည်မှာ၊ အရည် အချင်း ရှိရကြောင်း၊ သက်သေ ပြရာ ရောက်ပေသည်။

သို့သော်၊ လင်းယွန်က မကြောက်ပေ။ သူ့ အနေဖြင့် အလယ် အလတ် ယင် အဆင့်၊ ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ် ခဲ့ဖူးသူ ဖြစ်ပြီး၊ ယခု အချိန်၌ သူ့ ခွန်အားမှာ၊ ကြီးစွာသော အပြောင်း အလဲ၊ ကြုံထား လေသည်။

နောက်တစ်ကြိမ် အလယ် အလတ် ယင် အဆင့်၊ ကျင့်ကြံသူ များနှင့် ထပ်မံ၊ ကြုံတွေ့ ခဲ့ရ ပါက၊ ထိတ်လန့် နေစရာ မရှိ တော့ချေ။

ထို့အပြင် ရီကန်မင်သည်၊ ကနဦး ယင် အဆင့် တွင်သာ ရှိနေ သေးသည်။

( ဓား တစ်လက်လား၊ စိတ်ဝင်စား စရာပဲ။ )

လင်းယွန်ကို အချိန် အတော်ကြာ စိုက်ကြည့် ပြီးနောက်၊ ရီကန်မင်က မျက်လုံးများ ပြန်လည် မှိတ်ချ လိုက်သည်။

“ သူတို့ တွေ အပြင်၊ ပုန်းအောင်း နေတဲ့ ကျွမ်းကျင် သူတွေ ရှိတယ်၊ ဒါပေမယ့် သူတို့ကို ငါ ရှာမတွေ့ သေးဘူး။ ”

လျူယွမ်ယန်မှာ အတော်ပင်၊ သတိထား နေပုံ ရ၏။

ရုတ်တရက် အေးစက်စက် အငွေ့ အသက်များ၊ ခံစား လိုက်ရ သောကြောင့်၊ လင်းယွန်က လှည့်ကြည့် လိုက်သည်။

“ ဟိုမှာ .... ။ ”

“ သွေးတောင်ပံ ခန်းမပဲ။ ”

၎င်းတို့ကို ဦးဆောင် လာသူ များမှာ ပန်ယွဲ့နှင့် လင်းရီတို့ ဖြစ်သည်။ နှစ်ယောက်သား ကောင်းကင် ပြည်နယ် အကယ် ဒမီထံ လှမ်းကြည့် လာ၏။

လမ်းတစ်လျှောက် နတ်ဆိုး သားရဲ များမှာ၊ စမ်းသပ်မှု များ အဖြစ် ယူဆ နိုင်သည်။

ဤနေရာသို့ ရောက်ရှိ လာခြင်း မရှိ သူများမှာ၊ အပြာရောင် မီး ကြာပန်းနှင့်၊ ကံကြမ္မာ မပါဟု ယူဆ နိုင်သည်။

အချိန် ကုန်လွန် လာသည် နှင့်အမျှ၊ အခိုး အငွေ့များ ပျောက်ကွယ် သွားသည်။

ရုတ်တရက် မြေပြင် တစ်လျှောက် ကြီးမားသော၊ တုန်ခါ လှိုင်းများ ကြောင့်၊ လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားကုန်၏။

သူတို့၏ ပတ်ဝန်း ကျင်ရှိ ဝိညာဉ် စွမ်းအင်များ၊ ပေါက်ကွဲ လာပြီး၊ တစ်ချိန် တည်းမှာပင်၊ မရေ မတွက် နိုင်သော နတ်ဆိုး သားရဲ များ၊ တောအုပ် အတွင်းမှ ထွက်ပေါ် လာကြသည်။

“ မီးလျှံ ကပ်ဘေး စပြီလား။ ”

တစ်ချိန် တည်းမှာပင်၊ သားရဲ များ ထွက်ပေါ် လာသည်နှင့်၊ မိုးများ ဖွဲဖွဲ ကျလာပြီး၊ တိမ်ပြာ ရေကန်၌ ခရမ်းရောင် မီးလျှံများ၊ ဟုန်းခနဲ ထတောက် လာလေ တော့သည်။

***

All Chapters