← Chapters

မင်းက ဘာလို့ ရှိနေသေး တာလဲ။

Vol. 36 Ch. 499

မင်းက ဘာလို့ ရှိနေသေး တာလဲ။

Vol. 36 Ch. 499

ပန်ယွဲ့နှင့် လင်းရီ တို့၏၊ ပုံရိပ်များ မပျောက် ကွယ်မီ၊ နတ်ဆိုး သားရဲ သုံးကောင်က၊ ပြေးဝင် ရန်ပြု လာတော့ သည်။

လျူယွမ်ယန်က ၎င်းကို အာရုံ မစိုက် နိုင်ခင်၊ နတ်ဆိုး သားရဲများ လက်မှ ကာကွယ်ရန်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီတပည့် များ ရှေ့သို့၊ ခုန်ဝင် လိုက် ရသည်။

မိစ္ဆာ မျောက်ဝံ သုံးကောင်မှာ၊ တောင်ကြီး သုံးလုံး ရွေ့လာ သကဲ့သို့၊ ပြေးဝင် လာ၏။

သူတို့၏ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် များက၊ ချက်ချင်းပင် ပေါင်းစပ် သွားပြီး၊ ရေကန် မျက်နှာ ပြင်ကို ဖုန်းအုပ် ပစ်လိုက် သည်။

ကန်ရေသည် လျှပ်စီးနှင့် မီးတောက်များ ရောနှော နေသော ကြောင့်၊ ပို၍ ကြောက်မက် ဖွယ် ကောင်းလာ၏။

ထိုသားရဲ များ၏ အရှိန်အဝါ ဖိအား အောက်တွင်၊ လှိုင်းလုံး များက မီးတောင် တစ်လုံး ပြုတ်ကျ လာ သကဲ့သို့၊ ရိုက်ခတ် သွားသည်။

ထိုမြင်ကွင်းက လင်းယွန်နှင့် လျူယွမ်ယန်၏ မျက်နှာကို ပြောင်းလဲ သွားစေ ၏။

မိစ္ဆာ မျောက်ဝံ များမှာ၊ ဤမျှ အထိ ကြောက်စရာ ကောင်းလိမ့် မည်ဟု၊ မမျှော်လင့် ထားမိ ကြချေ။

မဆိုင်း မတွဘဲ၊ နှစ်ယောက်သား တိုက်ခိုက် မှု များကို ချက်ချင်း လုပ်ဆောင် လိုက်၏။

“ တံဆိပ် လေးခု ပေါင်းစပ် ။ ”

ကနဦး ယင်အဆင့် ထက်၊ မနိမ့်သည့် ရောင်ဝါများ လင်းယွန် ထံမှ ပေါက်ကွဲ ထွက်လာ ပြီး၊ လေးနက်သော အမူ အရာဖြင့် စတင် လာသည်။

မူလ စွမ်းအင် များက၊ ကြောက်မက်ဖွယ် ကောင်းသော အဟုန်ဖြင့်၊ ပေါက်ကွဲ တော့မည့် မီးတောင်ကြီး တစ်လုံးလို ပေါင်းစပ် သွား၏။

“ နှင်း ခဲ ကြယ်။ ”

တစ်ချိန်တည်း မှာပင်၊ လျူယွမ်ယန်က သူ့လက်ကို ဓားကဲ့သို့၊ ခုတ်ပိုင်း လိုက်သည်နှင့်၊ ကြယ် အလင်းများ တောက်ပ လာသည်။

သူတို့ နှစ်ဦး ပေါင်းစပ် တိုက်ခိုက်မှု များက၊ ဝင်ရောက် လာသော လှိုင်းလုံး များကို၊ ဖျက်ဆီး နိုင်လိုက်၏။

သို့သော် သူတို့ မပျော် နိုင်မီတွင်၊ မိစ္ဆာ မျောက်ဝံ သုံးကောင်၊ အနား ရောက်ရှိ လာသည်။

“ သတ် ... ”

ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့်များ အားလုံးက၊ အခြားသော နတ်ဆိုး သားရဲ များအား ပိတ်ဆို့ရန်၊ ၎င်းတို့၏ တိုက်ခိုက်မှု များအား၊ စတင် လိုက်ကြ တော့ သည်။

တပည့် များက နတ်ဆိုး သားရဲ များနှင့် တိုက်ခိုက် နေကြပြီ ဖြစ်သော ကြောင့်၊ မိစ္ဆာ မျောက်ဝံ များကို မလွှတ် ဝံ့ကြပေ။

လင်းယွန်တို့ ခွန်အားဖြင့်၊ မိစ္ဆာ မျောက်ဝံ သုံးကောင်ကို သတ်ရန် လုံလောက်သည်။ သို့သော် ၎င်းအား လုပ်ဆောင်ရန်၊ အချိန် အနည်းငယ် လိုအပ် ပေ၏။

“ အဲဒီ နှစ်ယောက်က တော်တော် သန်မာတယ်၊ ဒါပေမယ့် မိစ္ဆာ မျောက်ဝံ သုံးကောင်က၊ သူတို့ကို ထိန်းထားဖို့ လုံလောက် နေပါပြီ၊ သူတို့က ငါတို့ရဲ့ ပြိုင်ဘက် ဖြစ်ဖို့၊ အားနည်း နေသေးတယ်။ ”

လည်ပြန် လှည့်ကြည့်ပြီး၊ လင်းရီက အေးစက်စွာ ပြောလိုက် သည်။ ပြီးနောက် ပန်ယွဲ့ကို တစ်ချက် ပြန်ကြည့်ကာ၊ တည်ငြိမ်သော အပြုံးဖြင့်၊

“ အဲဒီ နှစ်ယောက်ကို နောက်မှ ရှင်းကြ ရအောင်၊ အခု ရီကန်မင် အပေါ်၊ အာရုံ စိုက်ထား၊ သူ့ရဲ့ သွေးတိမ်ဓားက ငါ့ကို ခေါင်းကိုက် စေတယ်။ ”

လင်းရီလို တစ်စုံ တစ်ယောက် ပင်လျှင်၊ ရီကန်မင်ကို ကြောက်ရွံ့ မိသည်။ သို့သော် ပန်ယွဲ့က ခေါင်းခါ လိုက်ပြီး၊

“ သူက တစ်ယောက် တည်းပါ၊ သန်မာကောင်း သန်မာ နိုင်ပေမယ့်၊ မီးကြာပန်းကို ရယူ နိုင်ခဲ့ ရင်တောင်၊ လွတ်မြောက် နိုင်မယ် မထင်ဘူး၊ ... ”

“ ... သဏ္ဍာန် သုံးပါး စံအိမ်က ဟန်ဖိန်နဲ့၊ ဖျက်ဆီးခြင်း ဓားခန်းမက နင်းဖန် ကိုပဲ၊ အာရုံ စိုက်ပါ ... ။ ”

ထိုအချိန် မှာပင် ပတ်ဝန်းကျင် တစ်ခုလုံး တုန်လှုပ် သွားစေသော၊ ကြောက်မက်ဖွယ် ဓားတစ်လက်၊ ထွက်ပေါ် လာသည်။

“ ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ်ချက်။ ”

ပန်းယွဲ့နှင့် လင်းရီ၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။ ဓားရည်ရွယ်ချက် ထွက်ပေါ် လာရာသို့၊ ၎င်းတို့၏ အကြည့် များကို ပို့လွှတ် လိုက်ရာ၊ လူ တစ်ဦးက အထက် တန်းစား နတ်ဆိုး သားရဲကြီး တစ်ကောင်အား၊ ထက်ခြမ်း ခွဲပြီး၊ သားရဲ အမြုတေအား၊ ဖမ်းယူ လိုက် လေသည်။

တစ်ဆက် တည်းမှာပင်၊ ထိုလူက လျှပ်စီး ကဲ့သို့ ရေကန် အလယ် ပြေးဝင် သွား၏။

“ ရီ ကန် မင်။ ”

“ ဒီကောင် .... ။ ”

ပန်ယွဲ့ နှင့် လင်းရီတို့ နှစ်ယောက် လုံးက၊ အော်ဟစ် လိုက်ကြ သည်။ သူတို့ကို လှည့်ကြည့် လာသော၊ ရီကန်မင်၏ မျက်နှာ ပေါ်တွင် နောက်ပြန် မလှည့်ခင်၊ လှောင်ပြောင် သရော် ရိပ်များ၊ စွန်းထင်း နေသည်အား တွေ့မြင် လိုက်ရ၏။

“ သူ့ နောက်ကို လိုက်။ ”

ပန်ယွဲ့ နှင့် လင်းရီ တို့မှာ၊ နောက်ကောက်ချ ခံလိုက် ရသောကြောင့်၊ မျက်နှာများ လေးနက် သွားသည်။

ကောင်းကင် ပြည်နယ် အကယ် ဒမီကို၊ ကိုင်တွယ် နေချိန်တွင်၊ ရီကန်မင်က ရည်ရွယ်ချက် ရှိရှိ၊ ငြိမ်သက် နေခဲ့ခြင်း ဖြစ်သည်။

ထို့နောက် နှစ်ယောက်သား ရီကန်မင် နောက်သို့၊ အရှိန် အဟုန်ဖြင့် ပြေးလိုက် သွားကြ ၏။

“ သူ့ရဲ့ ရန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်က ၊ အခု ပိုကြောက်စရာ ကောင်းလာပြီ …”

မဝေး ကွာသော အရပ် ဆီမှ၊ နင်းဖန်က အံကြိတ် ရေရွတ် လိုက်ပြီး၊ မျက်ဝန်း များက၊ စူးရှ တောက်ပ လာကာ၊

“ ငါ့ကို ကာကွယ် ထား .... ။ ”

-ဟုဆို လိုက်၏။

ဖျက်ဆီးခြင်း ဓားခန်းမ၏ တပည့်များ အားလုံး၊ ချက်ချင်း ရှေ့လှမ်း တက်လိုက် ကြကာ၊ ဝိုင်းရံ ပေးလာ လေသည်။

သူတို့၏ အရှိန် အဝါ များက၊ ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ အထက် တန်းစား နတ်ဆိုး သားရဲ နှစ်ကောင်ကို၊ တောင်ကြီး တစ်လုံး ကဲ့သို့ ပိတ်ဆို့ ပစ်လိုက်သည်။

တစ်ချိန်တည်း မှာပင်၊ နင်းဖန် ထံမှ ဓား အလင်းများ ပြေးထွက် လာပြီး၊ လမ်း တစ်လျှောက် အားနည်းသော နတ်ဆိုး သားရဲ များကို၊ သုတ်သင် ပြစ်လိုက် တော့သည်။

တိုက်ခိုက် နေစဉ် သူ့မျက်လုံး များ၌၊ တိုက်ပွဲဝင် စိတ်များဖြင့် တောက်ပ နေခဲ့၏။

တစ်ဖက်တွင် ဟန်ဖိန် တစ်ယောက်၊ သဏ္ဍာန် သုံးပါး စံအိမ်၏၊ တပည့်များ လမ်းရှင်း ပေးမှုကြောင့်၊ နတ်ဆိုး သားရဲများ လက်မှ၊ လွတ်မြောက် သွားသည်။

ဤအခိုက် အတန့်တွင် လွတ်မြောက် သွား သူတိုင်းက၊ ရေကန်၏ အလယ် ဗဟိုသို့၊ အားယူ နေကြပြီ ဖြစ်သည်။

သူတို့ ခေါင်းထဲ၌၊ အပြာရောင် မီးကြာပန်း ကို ရယူရန် ဟူသော၊ အတွေး တစ်ခု တည်းသာ ရှိပေ သည်။

“ သေ စမ်း ... ။ ”

လျူယွမ်ယန်က ဒေါသ ထွက်လာ သည်။ သွေးတောင်ပံ ခန်းမ၏ ကျုံးသွင်း မှုကြောင့်၊ နတ်ဆိုး သားရဲ သုံးကောင်၊ ဟန့်တား ခြင်းကို ခံနေ ရသည်။

“ လင်းယွန်၊ ငါ့ကို ကာပေး၊ အခု ငါတို့မှာ တခြား နည်းလမ်း မရှိ တော့ဘူး၊ ဒီထက် အချိန် ပိုဆွဲ နေရင်၊ ငါတို့ နောက်ကျ သွားလိမ့်မယ်။ ”

လျူယွမ်ယန်က လေးနက်သော အသွင်ဖြင့်၊ အမိန့်ပေး လိုက်သည်။

လင်းယွန် တစ်ယောက် တည်းနှင့်၊ နတ်ဆိုး သားရဲ သုံးကောင်ကို ကိုင်တွယ်ရန် ခက်ခဲ လှသော် လည်း၊ သူမတွင် ရွေးချယ် စရာ မရှိ တော့ပေ။

အချိန်မှာ ရွှေထက် မက၊ တန်းဖိုး ရှိနေပြီ ဖြစ်သည်။

“ လျူယွမ်ယန်၊ မင်းငါ့ကို ကာကွယ်ထား။ ”

သို့သော် လင်းယွန်က၊ သူမ၏ ပခုံးအား ဆုပ်ကိုင် ဆွဲယူပြီး၊ နောက်သို့ ပစ်ထုတ် လိုက် လေသည်။

ယင်းကြောင့် လျူယွမ်ယန် တစ်ယောက်၊ ရှုပ်ထွေး သွားရကာ၊၊

“ လင်းယွန် ... မင်းဘာလုပ် တာလဲ။ ”

-ဟု မေးလိုက်၏။

“ မိန်းမ တစ်ယောက်ရဲ့ နောက်မှာ ပုန်းအောင်း နေတာက၊ ငါ့ပုံစံ မဟုတ်ဘူး၊ ဒီကပဲ စောင့် ...၊ မင်းလိုတဲ့ အပြာရောင် မီးကြာပန်းကို ငါယူ လာခဲ့မယ်၊ မင်းကတိ ကိုသာ မမေ့နဲ့။ ”

တောက်ပသော အပြုံး တစ်ပွင့်နှင့် အတူ၊ လင်းယွန်က အော်ပြော လိုက်သည်။

လျူယွမ်ယန် မတုံ့ပြန် နိုင်ခင် မှာပင်၊ ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲကာ၊ မိစ္ဆာ မျောက်ဝံ သုံးကောင်ကို ကျော်ဖြတ်ရန်၊ ကြိုးစား လာတော့သည်။

“ ဒီလူ …။ ”

လျူယွမ်ယန်က အံကြိတ်ကာ၊ လင်းယွန်ကို ကာကွယ်ရန်၊ အလျင် အမြန် လှုပ်ရှား လိုက်ရ ၏။

နတ်ဆိုး သားရဲ များမှာ၊ ကြောက်မက်ဖွယ် ကောင်းလှ သော်လည်း၊ အပြာရောင် မီးကြာပန်း အတွက်၊ တိုက်ပွဲ များလောက်၊ အန္တရာယ် မရှိချေ။

ထို့ကြောင့် လင်းယွန်ကို နောက်တွင် နေရန်၊ အမိန့် ပေးလိုက်ခြင်း ဖြစ်သည်။ သို့သော် သူမကို အတင်း အကြပ် ထားခဲ့ လိမ့်မည်ဟု မတွေး ထားဖူးပေ။

မိစ္ဆာ မျောက်ဝံ များ၏ တိုက်ခိုက်မှု များက၊ လင်းယွန် ပေါ်သို့ ကျရောက်တော့ မည်ကို မြင်လိုက် ရသဖြင့်၊ ဓားဆွဲကာ ခုတ်ပိုင်း လိုက်၏။

“ နှင်း ပန်း ပွင့်။ ”

ကောင်းကင်တွင် ရေခဲပန်း တစ်ပွင့် ပွင့်လာပြီး၊ လျူယွမ်ယန် လက်ထဲရှိ ဓားမှာ၊ မီး ထတောက် သွားသည်။

နတ်ဆိုး သားရဲ တစ်ကောင်က၊ လင်းယွန်ကို ကုပ်ဆွဲ တော့မည့် အချိန်တွင်၊ အေးစက်သော ဓားမီးတောက် တစ်စင်း၊ ထိုးဖောက် ဝင်ရောက် လာ၏။

“ ကျေးဇူး တင်ပါတယ်။ ”

လေထဲ၌ လင်းယွန်၏ စကား သံသာ၊ လွင့်ပျံ ကျန်ရစ် ခဲ့ပြီး၊ ရွှေရောင် အလင်း တန်းမှာ တမဟုတ် ချင်းပင်၊ အဝေးသို့ ရောက်ရှိ သွား လေပြီ။

နောက်ဆုံးတွင် မိစ္ဆာ မျောက်ဝံ များ လက်မှ၊ လွတ်မြောက် လာခဲ့ပြီး၊ ရေကန် မျက်နှာပြင် ပေါ်သို့၊ တစ်ထောက် နားလိုက်၏။

ပြီးနောက် ရွှေကျီးကန်း တံဆိပ်ကို ထုတ်ဖော်ကာ၊ ရေမျက်နှာ ပြင်အား ‘အသာ’ နင်း လိုက်သည်။

သူ၏ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းမှာ၊ သရုပ်ဖော် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။

ထို့ကြောင့် သူ့ ရှေ့က လူများကို လိုက်မှီရန်၊ အချိန် သိပ်မကြာ လိုက်ခေျ။

ရုတ်တရက် ကြီးစိုး လွန်းသည့်၊ အရှိန် အဝါများ ပါရှိသော အအေးလှိုင်း ရှစ်လှိုင်းက၊ ပြေးလမ်းကို ပိတ်ဆို့ လာ၏။

“ ပျံသန်း နေသော နဂါး။ ”

ပြေးနေ လျက်ဖြင့် တုန့်ဆိုင်းခြင်း မပြုဘဲ၊ နဂါး ကိုးကောင်ကို ဖန်တီးကာ၊ ထို အအေးလှိုင်း များထံ၊ ထိုးလွှတ် လိုက်သည်။

“ ပြန် သွား ... ။ ”

တိုက်ခိုက် လာသူ ရှစ်ဦးမှာ၊ သဏ္ဍာန် သုံးပါး စံအိမ်၏ တပည့်များ ဖြစ်ပေသည်။

၎င်းတို့က အပြာရောင် မီးကြာပန်း အတွက်၊ ကြိုးစား သူတိုင်းကို ဟန့်တား ရန်၊ ဟန်ဖိန် ထံမှ အမိန့် ရရှိထား လေသည်။

“ ယင် ကောင် တွေ ...။ ”

လင်းယွန်၏ မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ ပျောက်ကွယ် သွားပြီး အေးစက်မှု များဖြင့် အစားထိုး လာသည်။

လက်နှစ် ဖက်ကို ဆန့်ထုတ်ကာ၊ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ အရှိန် မြှင့်လျက် ပြေးဝင် လိုက်၏။

တစ်ချိန်တည်း မှာပင်၊ ရင်ဘတ် ပေါ်ရှိ တံဆိပ်က ပွင့်လာပြီး၊ သူ့ ခန္ဓာ ကိုယ်တွင် မီးလျှံ များ၊ ‘ဟုတ်ခနဲ’ ထတောက် လာခဲ့ သည်။

ဓား စွမ်းအင်ကို ရံထားသော၊ ဒရာကိုဖီ မီးတောက် များက၊ ခန္ဓာကိုယ် တစ်လျှောက် လောင်ကျွမ်း ဖုံးအုပ် လာပြီး၊ မီးလူသား ကဲ့သို့ ထင်မှတ် လာစေ၏။

ဟန့်တားသူ ရှစ်ယောက် ရှေ့သို့၊ ရောက်သည် နှင့်၊ လက်သီးကို ပစ်လိုက် သည်။

“ မင်းက သေချင် နေတာပဲ။ ”

သူတို့ဆီ မကြောက် မရွံ့၊ ပြေးဝင် လာသော လင်းယွန်ကို ကြည့်ကာ၊ ဒေါသ ထွက်ကုန် ကြသည်။

သူတို့ အားလုံးက အဆုံး စွန်သော လှုပ်ရှားမှု များကို၊ ထုတ်ဖော် လိုက်ကြ သော်လည်း၊ လင်းယွန်၏ လက်သီး အပေါ်၊ ဟန့်တား နိုင်ခြင်း မရှိ ခဲ့ကြချေ။ ဓားချက် တိုင်းမှာ ချက်ချင်း ပြိုကျ ကုန်၏။

လက်သီး နောက်မှ ကပ်ပါ လာသော စွမ်းအား များက၊ ရှစ်ယောက် လုံးကို သွေးအန် လျက်၊ နောက်ပြန် လွင့်စင် သွားစေ တော့သည်။

“ သူက ဒီလောက်တောင် သန်မာ တာလား။ ”

“ ဒီ ငရဲသားက ဘယ်သူလဲ။ ”

“ သူ့ကို ပန်းသင်္ချိုင်းလို့၊ ခေါ်နေသံ ငါကြား မိတယ်၊ တိမ်မိစ္ဆာ တပည့် လင်းရီတောင်၊ သူ့ လက်ထဲမှာ ခံစား နေရတယ်။ ”

သဏ္ဍာန် သုံးပါး စံအိမ်က တပည့် များကို၊ အနိုင်ယူ လိုက်သည်အား မြင်သော အခါတွင်၊ လူတိုင်း လင်းယွန် အပေါ်၊ သတိ ထားမိ လာကြ သည်။

“ သူ့ကို တား ထား ... ။ ”

ဟန်ဖိန်၊ ပန်ယွဲ့နှင့် ကျန်သူ များသည်ပင်၊ တုန်လှုပ် ခြောက်ခြား စွာဖြင့်၊ မျက်လုံး ပြူးကုန် ၏။

လင်းယွန်အား တစ်ချက် လှည့်ကြည့်ကာ၊ ပြေးလက်စ အရှိန်ကို ထပ်မံ မြှင့်တင် လိုက်ရ တော့သည်။

သူတို့ အနေဖြင့် ထိုရှစ် ယောက်ကို လက်သီး တစ်ချက် တည်းနှင့်၊ အနိုင် မယူနိုင် သော်လည်း၊ လင်းယွန်က လွယ်လွယ် ကူကူ လုပ်ယူ သွားခဲ့ သည်။

“ သူဘယ်လို လုပ်လိုက် တာလဲ။ ”

လင်းယွန် ပြေးလမ်း ကြောင်းကို၊ လိုက်ကြည့် နေမိသော လျူယွမ်ယန်က၊ အံ့သြ သွားသည်။

သို့သော် သူမ မပျော် နိုင်မီတွင်၊ လူတစ်စုက လင်းယွန်ထံ တိုက်ခိုက်ရန်၊ ပြေးဝင် လာကြ သည်။

၎င်းတို့မှာ သွေးတောင်ပံ ခန်းမ၊ သဏ္ဍာန် သုံးပါး စံအိမ်နှင့်၊ ဖျက်ဆီးခြင်း ဓားခန်းမ တို့မှ တပည့်များ ဖြစ်၏။

ဤမှျ များပြား လှသော လူအုပ် ကြီးကို၊ တစ်ဦး တည်းဖြင့် ရင်ဆိုင် ရန်၊ မည်သူ မဆို မဖြစ် နိုင်ချေ။

ထို့ကြောင့်၊ လျူယွမ်ယန်၏ မျက်နှာမှာ၊ ပြောင်းလဲ သွားတော့သည်။ ယင်းသို့ ဝိုင်းရံ တိုက်ခိုက် ခံရပါက၊ သူမပင် အသတ် ခံရမည် ဖြစ်သည်။

“ မင်းတို့က ငါ့ကို၊ တကယ် အထင်ကြီး နေကြ တာပဲ၊ မှန်တယ် ... ဒါပေမယ့် ဒီအရေ အတွက်က မလုံလောက် သေးဘူး။ ”

စကား ဆုံးသည်နှင့်၊ ခရမ်းရောင် ပန်း ပွင့်လာ ပြီး၊ သူ့လက် ဖဝါးကို ရေကန် မျက်နှာပြင် ပေါ်သို့၊ ရိုက်ချ လိုက်သည်။

ထိုလက် ဖဝါးမှာ နှေးကွေးစွာ ရွေ့လျား နေသော ကြောင့်၊ လူအုပ် ကြီးက သူ့အား မှီလာ ခဲ့သည်။

“ မဟာ လေဟုန် ကျမ်း။ ”

သို့သော် သူ့အား ဖမ်းမိ တော့မည့် အချိန်တွင်၊ လက်ဖဝါးက ရေကန် မျက်နှာပြင် ပေါ်သို့၊ ကျဆင်း သွားသည်။

တစ်ချိန်တည်း မှာပင် ကောင်းကင်နှင့် မြေကြီး တုန်လှုပ် လာပြီး၊ မီတာ တစ်ထောင် အတွင်း ရေကန် မျက်နှာ ပြင်မှာ၊ အောက်သို့ နိမ့်ဆင်း ကုန်တော့၏။

တပည့်များ ဖမ်းမမိ နိုင်မီ၊ ရေကန် မျက်နှာ ပြင်မှာ၊ အုန်းခနဲ ပြန်ကန်ထွက် လာပြီး မူလထက် ကေျာ်လွန် မြင့်တက် သွားလေသည်။

လက်နှစ် ဖက်ကို ဖြန့်ကာ၊ လင်းယွန် တစ်ယောက် ကောင်းကင် ပေါ်သို့၊ ထိုးတက် သွားချိန်တွင် ပတ်ဝန်း ကျင်၌၊ ညည်းတွား သံများသာ၊ ကျန်ရစ် ခဲ့တော့သည်။

ပန်ယွဲ့နှင့် ရှေ့မှ ဦးဆောင် ပြေးလွှား နေသော သူများက၊ ကောင်းကင် ပေါ်မှ တဟုန်ထိုး ကျဆင်း လာသော၊ အသွင် သဏ္ဍာန် တစ်ခုကြောင့်၊ ရုတ်တရက် ထိတ်လန့် ကုန် ကြသည်။

ထို အသွင် သဏ္ဍာန်က ရေမျက်နှာ ပြင်ပေါ်၊ ဆင်းသက် လာသည်နှင့်၊ ကြောက်စရာ ကောင်းသော လှိုင်းလုံး ကြီးများ၊ ဖြစ်ပေါ် လာတော့သည်။

ယင်းက လူတိုင်း၏ မျက်နှာကို၊ ပြောင်းလဲ သွားစေကာ၊ ပြေးလွှား နေခြင်းအား ချက်ချင်း ရပ်တန့် ကုန်စေ၏။

လှိုင်းလုံးများ ငြိမ်သက် သွားသော အခါတွင်၊ သူတို့ ရှေ့တွင် ရပ်နေသော လူရိပ် တစ်ရိပ်အား တွေ့လိုက် ရသည်။

ခဏချင်း မှာပင် ထိတ်လန့် နေသော သူတို့ မျက်နှာ များ၌၊ မယုံ ကြည်နိုင် သည့်၊ အရိပ် အယောင်များ ဖြစ်ပေါ် လာတော့၏။

“ ပန်း သင်္ချိုင်း ... ။ ”

နင်းဖန်က ဦးစွာ မျက်မှောင်ကြုတ် လိုက်သည်။

“ မင်းက ငါ့ နာမည်ကို၊ သိနေတာ တောင်မှ၊ ဘာလို့ ဒီမှာ ဆက်ရှိ နေရ သေးတာလဲ။ ”

လင်းယွန်က ပြုံးလျက် ဆိုလိုက်၏။

တစ်ဆက်တည်း မှာပင်၊ ကောင်းကင်မှ ဆင်းသက် လာသော နတ်ဘုရား တစ်ပါး ကဲ့သို့၊ လူတိုင်း အပေါ်၊ အထက်စီး ဆန်စွာ ငုံ့ကြည့် လိုက်လေသည်။

***

All Chapters