← Chapters

တေးဆို နေေသာ ဓားတစ်လက်။

Vol. 36 Ch. 500

တေးဆို နေေသာ ဓားတစ်လက်။

Vol. 36 Ch. 500

“ ပန်း သင်္ချိုင်း ... ။ ”

“ မင်းက ငါ့ နာမည်ကို၊ သိနေတာ တောင်မှ၊ ဘာလို့ ဒီမှာ ဆက်ရှိ နေရ သေးတာလဲ။ ”

လင်းယွန်က ပြုံးလျက် ဆိုလိုက်၏ တစ်ဆက် တည်းမှာပင်၊ ကောင်းကင်မှ ဆင်းသက် လာသော နတ်ဘုရား တစ်ပါး ကဲ့သို့၊ လူတိုင်း အပေါ်၊ အထက်စီး ဆန်စွာ ငုံ့ကြည့် လိုက်လေ သည်။

လင်းယွန်၏ မောက်မာ လွန်းသော စကားကြောင့် လူတိုင်း မှင်တက် သွား၏။

များမကြာမီ သဘော ကျစွာဖြင့် တဟားဟား အော်ရယ် လာကြသည်။ သဏ္ဍာန် သုံးပါး စံအိမ်မှ ဟန်ဖိန်က၊

“ ပန်း သင်္ချိုင်း ... ဆိုတဲ့ ကောင်လေး၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ ထွက် သွား စမ်း။ ”

လင်းယွန်၏ ယခင် တိုက်ခိုက် ပွဲကို၊ မြင်ဖူး ထားခြင်း မရှိ ပါက၊ သူ တိုက်ခိုက်ပြီး နေပြီ ဖြစ်သည်။

“ စိတ်ဝင် စားဖို့ ကောင်းတယ်၊ လင်းရီကို အနိုင်ယူ နိုင်တာ နဲ့ပဲ၊ မင်းကို မရိုက်ရဲဖူး ထင်နေလား။ ”

နင်းဖန်က မျက်မှောင် ကြုတ်ကာ ဟောက်လိုက် သည်။

“ သေချင် နေတာပဲ။ ”

ရီကန်မင် မှာမူ၊ စကားဆုံး သည်နှင့် ချက်ချင်းပင် တိုက်ခိုက် လိုက်သည်။ သူ့ဓားကို ဆွဲထုတ် လိုက်စဉ်၊ စူးရှသော နဂါး ငွေ့တန်း တစ်ခု ထွက်ပေါ် လာတော့၏။

“ သွေး တိမ် ဓား ။ ”

ဤတိုက်ခိုက်မှုသည် ပန်ယွဲ့နှင့်၊ အခြား သူ များကို ထိတ်လန့် သွားစေ ခဲ့သည်။ ရီကန်မင် တစ်ယောက် သူတို့ထက် ပိုသန်မာ သည်မှာ၊ ငြင်းစရာ မရှိပေ။

သူ၏ သွေးတိမ် ဓားမှာ၊ ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်ဖြင့်၊ ပေါင်းစပ် ထားသော ကြောင့်၊ ပေါက်ကွဲ စွမ်းအား များ ပြည့်နှက် နေလေ သည်။

ပန်ယွဲ့ တင်မက၊ အခြား သူများ သည်လည်း၊ ရီကန်မင်နှင့် ရင်ဆိုင် ရမည် ဆိုပါလျှင်၊ အရေ အတွက်ကို အားကိုး ခြင်းဖြင့်၊ အုပ်စုဖွဲ့ တိုက်ခိုက် မိကြမည် ဖြစ်သည်။

ရီကန်မင် ဓားမှာ၊ မိုးကုပ် စက်ဝိုင်းကို ဖြတ်၍ ကြက်သွေးရောင် လျှပ်စီး ကြောင်းကြီး တစ်ခုလို၊ လေထုထဲ ပျော်ဝင် သွား၏။

“ တိုက် ...... ။ ”

ရုတ်တရက် သတိဝင် လာပြီး၊ ပန်ယွဲ့နှင့် လင်းရီက အားယူ လိုက်သည်။

သူတို့ အနေဖြင့် လင်းယွန် အပေါ်၊ ရန်ငြိုးဖွဲ့ ထားမိသည် ဖြစ်ရာ၊ ဤအခွင့် အရေးကို လက်လွှတ် မခံလို သည်မှာ၊ သဘာဝေ ပေပင်။

“ ဒီကောင်နဲ့ အရင် ရှင်းရမယ်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်ပယ် လေးနဲ၊ ဘယ်လိုများ မောက်မာ ဝံ့တာလဲ၊ သေချင် နေတဲ့ သူ့ ဆန္ဒကို ဖြည့်ဆည်း ပေးရအောင်။ ”

“ ငါလည်း အမြင် တူတယ်။ ”

နင်းဖန်နှင့် ဟန်ဖိန် တို့က ခေါင်းညိတ်ကာ၊ လှောင်ပြောင် ရယ်မော လျက်၊ လင်းယွန်ထံ ပြေးဝင် လိုက်ကြ ၏။

ထို့ကြောင့် ဤအစု အဖွဲ့သည်၊ သွေးရိုး နယ်မြေရောက်၊ အသန်မာဆုံး လူငါးယောက်မှ လင်းယွန် အပေါ်၊ အရေး ယူလာခြင်း ဖြစ်သည်။

ရီကန်မင် အပါ အဝင်၊ သူတို့ ထဲရှိ မည်သူ မဆို တစ်ချိန် တည်းတွင်၊ ယင်းကဲ့သို့ တိုက်ခိုက်ခြင်း ခံခဲ့ ရပါက၊ ရှင်သန်ရန် မဖြစ် နိုင်ခေျ။

ယင်းအခြေ အနေမှာ၊ အန္တရာယ် များလှ သည်ကြောင့်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ တပည့် များက၊ မျက်နှာများ ပျက်ယွင်း ကုန်၏။

“ အစ်မလျူ၊ ငါတို့ ဘာလုပ် ရ မလဲ။ ”

ဘိုင်ရီက ပို၍ အစိုးရိမ် ဆုံးပေပင်။ အစ်ကို လင်း၏ မဟာလေ ဟုန် ကျမ်းမှာ၊ ကြောက်မက်ဖွယ် ကောင်းလှပြီး၊ လူတိုင်းကို ထိတ်လန့် စေနိုင်သည်။

သို့သော် ထိုငါးဦးမှ အတူ လက်တွဲကာ၊ တိုက်ခိုက် လိမ့်မည်ဟု မျှော်လင့် မထား မိပေ။

ထို့အပြင် အစ်ကို လင်းမှာ၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေ ၌သာ၊ ရှိနေပေ သေးသည်။

လျူယွမ်ယန် မှာမူ၊ လင်းယွန်၏ အတွေးများ အပေါ်၊ အကဲဖမ်း မရ သောကြောင့်၊ ခါးသက်သက် အပြုံး ဖြင့်သာ၊ တုန့်ပြန် နိုင်ခဲ့ သည်။

ပေါ်လွင် သည့် သူကို လူတိုင်းက၊ ပစ်မှတ် ထားပေ လိမ့်မည်၊ ယင်းအား လင်းယွန် တစ်ယောက် နား မလည်ဟု မယုံပေ။

ဤလုပ်ရပ်သည် ပလွှားရာ၊ ရောက်ပေ သည်။

“ ဒီနတ်ဆိုး သားရဲ တွေကို၊ အရင် ဖြေရှင်း ကြစို့။ ”

-ဟု ကူကယ် ရာမဲ့ ဟန်ဖြင့် အမိန်း ပြန်ပေး လိုက်၏။

“ ကောင်းပြီ၊ ဒါဆို ငါ မင်းတို့နဲ့ ကစားမယ်။ ”

တစ်ချိန် တည်းမှာပင်၊ လင်းယွန် တစ်ယောက် ခပ်တိုးတိုး ရေရွတ်လျက်၊ ထူးထူး ခြားခြား ငြိမ်သက် သွားလေသည်။

အထက် တန်းစား ငါးဦး၏ တိုက်ခိုက် မှု များကို ကြည့်ကာ၊ ‘သွေးတိမ်ဓား’ အား အရင်ဆုံး ဖြေရှင်းရန် ဆုံးဖြတ် လိုက်သည်။

သူ့ခန္ဓာကိုယ် ပေါ်သို့၊ ဆင်းသက် လာသော ကြက်သွေးရောင် ဓားကို စိုက်ကြည့် ပြီးနောက်၊ ခေါင်းခါယမ်း လိုက်သည်။

ရှန်ရှင်း ဓားကိုသာ ဆင့်ခေါ် လိုက်ပါက၊ ဤလူများ မည်မျှ ကသောင်း ကနင်း နိုင်ကြ မည်ကို သိချင် လာခဲ့သည်။

နောက်ကျောတွင် ပိုးလွယ် ထားသော ဓားသေတ္တာ ထဲရှိ ပန်းသင်္ချိုင်း ဓားကို၊ လက်နှစ် ဖက်ဖြင့်၊ ဆုပ်ကိုင် လိုက်သည်။

ပန်း သင်္ချိုင်း ဓားကို ဆုပ်ကိုင် လိုက်ချိန် မှာပင်၊ ခိုင်မာသော ယုံကြည်ချက် တစ်ခုက သူ့နှလုံးသား အပြည့် ဖြစ်ပေါ် လာပြီး၊ သွေးများ ဆူပွက် လာရ၏။

“ မရှောင် ဖူးလား။ ”

ရီကန်မင်က ရက်စက်သော အပြုံးကို ထုတ်ဖော်ကာ၊ ပြုံးလျက် မေးလိုက်သည်။

ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်ဖြင့်၊ ပေါင်းစပ် ထားသော၊ သွေးတိမ်ဓား အပေါ်၊ တူညီသော နယ်ပယ်ရှိ ပြိုင်ဘက် များပင် မတားဆီး နိုင်ချေ။

ရှန်ရှင်း တစ်ပိုင်း ဓားရည်ရွယ် ချက်၏ စွမ်း ပကားမှာ၊ လူတိုင်း နားလည် နိုင်သော အရာ မဟုတ်ပေ။

သို့သော် ဤကျေးတော သားသည်၊ ၎င်းကို ထိပ်တိုက် ရင်ဆိုင်ရန် ကြိုးစား နေချေသည်။

ယင်းမှာ မိုက်မဲ မှု တစ်ခု သာဖြစ်ပြီး၊ တစ်သက်လျာ နောင်တ ရနိုင် ပေမည်။ လူသေ တစ်ယောက်ကို မြင်လိုက်ရ သကဲ့သို့၊ ရီကန်မင်က အထင် အမြင် သေးစွာဖြင့်၊ ‘ဟွန့်ခနဲ’ လှောင်သံပြု လိုက်၏။

“ ပုရွက်ဆိတ် ကိုက်သလောက် အင်အား လေးကို ငါက ရှောင်ရ မှာလား၊ နုံအ လိုက်တာ။ ”

လင်းယွန်က ပြုံးကာ ပြန်ဖြေ လိုက်သည်။ သူ့ဓားကို ဆွဲခုတ် လိုက်သည်နှင့်၊ လရောင် အလင်းများ ကျဆင်း လာပြီး၊ ရီကန်မင်အား ချက်ချင်း ဖုံးလွှမ်း သွား၏။

လရောင် ရေစင် ဓား၏၊ ‘မြူမှုန် ကင်းသော လမင်း’ ဖြစ်သည်။

ထိုလရောင် အောက်တွင် အရာရာ မှုန်ဝါး လာပြီး၊ ဓားတစ်လက် သည်သာ ပြတ်ထင် လာပေ တော့သည်။

ဓားနှစ်လက် ထိပ်တိုက် တွေ့ဆုံ လိုက်သည် နှင့်၊ လူတိုင်း ကြောက်လန့် နေရသော ကြက်သွေးရောင် ဓား ရောင်ခြည်မှာ၊ အမှန် တကယ်ပင် ပြိုကျ သွားလေပြီ။

ဤအရာက သူ့လက်ကို ပြင်းစွာ တုန်လှုပ် စေသဖြင့်၊ ရီကန်မင် မျက်နှာကို ပျက်ယွင်း လာစေ ၏။

ရှန်ရှင်း တစ်ပိုင်း ဓားရည်ရွယ် ချက်ဖြင့်၊ တုပ်နှောင် ထားသော၊ သူ့ဓားကို ထိန်းချုပ် နိုင်စွမ်း မရှိတော့ သကဲ့သို့၊ ခံစား လာရသည်။

“ ဒါ က … ။ ”

ယင်းကြောင့် လူတိုင်း အံ့ဩ သွားသည်။ ယခု အကြိမ် လင်းယွန် အသုံး ပြုလာသော ဓားချက်မှာ၊ ‘မဟာ လေဟုန် ကျမ်း’ ထက်၊ ပို၍ ပြင်းထန် လေသည်။

ထို့ပြင် ရီကန်မင်၏ ဓားကို ဓားဖြင့် ဖျက်ဆီး လိုက်သော မြင်ကွင်း ကြောင့်၊ သာ၍ ထိတ်လန့် စေ၏။

တိမ်မြူ ကင်းသော လမင်း ရှေ့တွင်၊ ရီကန်မင်၏ ရှန်ရှင်း တစ်ပိုင်း ဓားရည်ရွယ် ချက်မှာ ဖုန်မှုန့် တစ်စ မျှသာ ပေပင်။

ယင်းကို နားမလည် နိုင်သောကြောင့်၊ အားလုံးက အံ့သြ သွားခြင်း ဖြစ်သည်။

ထိုအချိန်တွင် ပန်ယွဲ့နှင့် လင်းရီ တို့၏ တိုက်ခိုက် မှုများ ရောက်ရှိ လာပြီး၊ အေးစက်သော အငွေ့ အသက်များ လွှမ်းခြုံ သွားလေသည်။

သူတို့ နှစ်ယောက်ကို မြင်သည်နှင့်၊ လင်းယွန်၏ မျက်နှာမှာ လေးနက် သွားပြီး၊ “ အချိန် မှီပဲ၊” ဟု ဟစ်အော် လိုက်၏။

ဒုတိယ ဓားချက် ဖြစ်သော ‘အနန္တ နှင်းလွင်ပြင်’ ကို ထပ်မံ ထုတ်လွှတ် လိုက်သည်။

ဓားသွားရာ လမ်း တစ်လျှောက်ရှိှိ၊ အရာ အားလုံးကို အေးခဲ သွားသည်။

ပန်ယွဲ့နှင့် လင်းရီမှာ၊ အရှိန်ဖြင့် စီးဆင်း နေသော သွေးလည်ပတ် မှုများ၊ တုန့်ခနဲ ခဏ ရပ်သွား သောကြောင့်၊ သွေး တစ်လုတ်ကို အန်ချ လိုက်ရ သည်။

ပြိုင်ဘက် သုံးဦးကို အနိုင်ယူ ပြီးနောက်၊ လင်းယွန်က သူ့ ခွန်အားကို ထိန်ချန် လိုခြင်း မရှိ တော့ပေ။

အထူး သဖြင့် ကျွဲခြေရာ ခွက်ကို ပင်လယ် ထင်နေသော၊ ဖားသူငယ် လေးများကို၊ အမြင်ကျယ် စေချင် သည်။

ဤအခိုက် အတန့်တွင်၊ သူ အဘယ့်ကြောင့် မောက်မာ ရသည်ကို၊ အမည်ခံ အုပ်စိုးရှင် ဂိုဏ်း၏၊ အထက် တန်းစား ဟူသော၊ ထိုသူတို့ သိလာ ကြမည် ဖြစ်သည်။

“ အတူတူ သွားရအောင်။ ”

ရီကန်မင်က ဆန္ဒ ပြုလိုက်၏။

“ သတ် .... ။ ”

ပန်ယွဲ့နှင့် လင်းရီက၊ နှုတ်ခမ်းမှ သွေးများကို သုတ်ကာ ညာသံ ပေးသည်။

ရပ်တန့်ရန် ကြံရွယ် နေသော လေထဲရှိ၊ ဟန်ဖိန်နှင့် နင်းဖန် ပင်လျှင်၊ အံကြိတ်လျက် အချင်းချင်း ကြည့်လိုက် မိ၏။

ဤနေရာ အထိ ရောက်လာ နိုင်ပြီး နောက်၊ အပြာရောင် မီးကြာပန်း များကို လွယ်လွယ်ဖြင့်၊ လက်မလျော့ လိုသေးခေျ။

ပြိုင်ဘက် ငါးယောက်လုံး၊ အားယူ နေသည် ကို မြင်သည် နှင့်၊ လင်းယွန် စိတ်ထဲ၌ အနည်း ငယ်၊ အကူ အညီမဲ့ သွားသလို ခံစား လိုက်ရ၏။

လင်းယွန် ခွန်အားမှာ၊ ၎င်းတို့ထက် အများကြီး သန်မာ သည်ကို၊ သူတို့ သိသော် လည်း၊ ပိုးဖလံများ အနေဖြင့်၊ မီးပုံထဲ ဆက်တိုး ဝင်ရန်၊ တကယ် မကြောက် ကြပေ။

သူ့တွင် ရှေးဟောင်း နည်းစနစ် တစ်ခု ဖြစ်သော၊ ဓားသုတ္တန် ရှိကာ၊ ခရမ်းရောင် နန်းတော် အထွတ် အထိပ် သိုင်းသမား တစ်ဦး၏၊ ( ကာကွယ်သူ မက်မွန်) စွမ်းအင် အဆီ အနှစ်ကို သန့်စင် ထားခဲ့သည်။

ထို့အပြင်၊ မူလ စွမ်းအင် များကို ဓားစွမ်းအင် အဖြစ် ပြောင်းလဲ ထားခဲ့ပြီး၊ ဒရာကိုဖီ နည်းစနစ်ကို အထွတ် အထိပ်သို့၊ တက်လှမ်း ထားနိုင် ခဲ့သည်။

ဓားတာအို တွင်လည်း ဤဖားငယ် များထက် ပိုမို နက်ရှိုင်း ပေ၏။ အဆိုပါ အချက် အလက် များကို ချပြထား လျှင်ပင်၊ ကျွှဲပါး စောင်းတီးသာ ဖြစ်ပေ မည်။

မျက်လုံးများ မှိတ်ချ လိုက် သည်နှင့်၊ ဒါန်တမ် အတွင်းရှိ၊ ခရမ်းရောင် ပန်းမှာ ငွေရောင် ဓား စွမ်းအင် များကို၊ မြစ်ကြီး တစ်စင်းလို ထုတ်လွှတ် လာတော့သည်။

ဓားသုတ္တန်ကို ကန့်သတ် ချက်သို့ တွန်းပို့ လိုက်ပြီး၊ မျက်လုံးများ ပြန်ဖွင့် လိုက်သော အခါတွင်၊ ရှန်ရှင်း ဓားက၊ ဖြတ်ခနဲ ကောင်းကင် ပေါ်၊ ပျံတက် သွား၏။

ပတ်ဝန်းကျင် တစ်ခုလုံး ဓား အော်သံများ ဆူညံ လာပြီး၊ ထက်ရှသော အငွေ့ အသက်များ ပြိုကျ လာလေ သည်။

“ ရှန်ရှင်း ဓား ရည်ရွယ်ချက်။ ”

“ ဒါ ရှန်ရှင်း ဓားပဲ။ ”

ကောင်းကင်ကို မော့ကြည့်ကာ၊ ရီကန်မင်၊ ပန်ယွဲ့၊ လင်းရီ၊ နင်းဖန်နှင့်၊ ဟန်ဖိန် တို့က အော်ဟစ် လိုက်ကြ၏။

မယုံ နိုင်လွန်းသော အသွင်ဖြင့်၊ မျက်နှာများ ပြောင်းလဲ သွားသည်။

လင်းယွန် တစ်ယောက် ရီကန်မင်၏ တိုက်ခိုက် မှုကို၊ အဘယ်ကြောင့် အလွယ် တကူ ဖျက်ဆီး နိုင်ခဲ့ သည်ကို၊ ချက်ချင်း နားလည် သွားခဲ့ ကြသည်။

ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်မှာ၊ မည်မျှပင် ပြင်းထန် လှသော်လည်း၊ စစ်မှန်သော ဓားတစ်လက် ရှေ့တွင်၊ ကောက်ရိုး တစ်မျှဉ် မျှသာ ရှိပေ၏။

၎င်းကို သတိ ထားမိ သည်နှင့်၊ သူတို့၏ နှလုံးသား ထဲ၌ အကြောက် တရားများ၊ ဆို့တက် လာခဲ့ သည်။

သူတို့ ထံ၌ တိုက်ပွဲ ဝင်လို စိတ်များ၊ တစိုး တစိမျှ မကျန် တော့ပေ။ ယင်းအစား အသက်ရှင် ကျန်ရစ် ရန်သာ၊ မျှော်ကိုး လိုက်မိ သည်။ သို့သော် ... ။

“ မိုးကြိုး ... ။ ”

တောက်ပ လွန်းသော လျှပ်စီးကြောင်း ကြီးက မိုးခြိမ်း သံပြုလျက်၊ ကောင်းကင်မှ ပြုတ်ကျ လာခဲ့သည်။

ယင်းမှာ ကောင်းကင်၏ အမျက်ကို ခံလိုက်ရ သကဲ့၊ ငါးယောက်သား ရှုံ့တွ ကုန်၏။

ဓား ရောင်ခြည်က ၎င်းတို့ကို ဝါးမြို သွားပြီး နောက်၊ ရေကန် ပေါ်သို့ ဆက်လက် ကျဆင်း သွားသည်။ ငါးယောက်သား ချက်ချင်းပင် လွင့်စင် ကုန်၏။

တိမ်ပြာ ရေကန်မှာ၊ အဆိုပါ ဓားရောင် ခြည်ကြောင့်၊ နှစ်ခြမ်း ကွဲထွက် သွားပြီး၊ မီတာပေါင်း များစွာ မြင့်မား လှသော လှိုင်းလုံး ကြီးများ၊ ဖြစ်ပေါ် လာလေသည်။

ရေကန် မျက်နှာပြင် ပေါ်သို့ ပြန်ပြုတ် ကျ လာသည့်၊ ပန်ယွဲ့တို့ ငါးယောက်မှာ၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့လျက်၊ သူတို့ ရှေ့တွင် ရပ်နေသော လူငယ်ကို၊ မော့ကြည့် လိုက်ကြ၏။

ကံကောင်း ထောက်မ စွာဖြင့်၊ လှိုင်းခုံး တစ်ခုနှင့် တစ်ခုကြား၊ များစွာ ဝေးကွာ လာပြီး၊ သိပ်မကြာခင် အရာ အားလုံး ငြိမ်သက် သွား တော့သည်။

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ထိုးချိန် လိုက်ပြီး၊ မပြောင်း လဲသော လေသံဖြင့်၊

“ မင်းတို့ တွေက ငါ့ရဲ့ ဓားကြောင့် မသေခဲ့ ကြဖူး ဆိုတော့၊ အမည်ခံ အုပ်စိုးရှင် ဂိုဏ်း တွေရဲ့၊ အထက် တန်းစား ဆိုတဲ့ ဂုဏ်ပုဒ်ကို အရှက် မရ စေဖူးပဲ၊ ... ”

“ လူတိုင်းက ကိုယ့်ကို ကိုယ်တော့ အမှိုက် အဖြစ်၊ ဘယ်သူမှ မထင် တက်ကြတာ သဘာဝ ပါပဲ၊ ငါလည်း ခြွင်းချက် မရှိဘူး၊ ဒါပေမယ့် ဒီနေ့ မင်းတို့ ငါးယောက် လုံးကို၊ အနိုင်ယူ ခဲ့သူက၊ ပန်းသင်္ချိုင်း ဆိုတဲ့ ... ငါဆိုတာ သတိ ရပါ။ ”

လင်းယွန်၏ အစွမ်း သတ္တိကို၊ မျက်ဝါး ထင်ထင် တွေ့မြင် ရပြီးနောက်၊ သူတို့ ငါးယောက်က၊ ကူကယ်ရာ မဲ့စွာ ပြုံးလိုက် ကြသည်။

( အမည်ခံ အုပ်စိုးရှင် ဂိုဏ်းရဲ့၊ အထက် တန်းစား တွေတဲ့လား။ )

လင်းယွန်၏ စကား များက၊ သူတို့ အတွက် အလွန် အရှက် ရစေ ခဲ့သည်။ လင်းယွန်က အမှိုက် ဖြစ်ခဲ့ လျှင်ပင်၊ အရေး မကြီး တော့ပေ၊ သူတို့ ငါးယောက်ကို ရိုက်နှက် သွားနိုင်သည်။

တစ်ချိန် တည်းမှာပင်၊ အပြာရောင် မီးကြာပန်း ဆီသို့ ပြေးထွက် သွားသော၊ လင်းယွန် နောက်ကျောကို ပြုံးမဲ့မဲ့ဖြင့်၊ မျှော်ကြည့် လိုက်မိ လေသည်။

***

All Chapters