ကတိ။
Vol. 36 Ch. 501
ဒီနေ့ မင်းတို့ ငါးယောက် လုံးကို၊ အနိုင်ယူ ခဲ့သူက၊ ပန်းသင်္ချိုင်း ဆိုတဲ့ ... ငါဆိုတာ သတိ ရပါ။ ”
စကားဆုံး သည်နှင့် လင်းယွန်က၊ တဟုန်ထိုး ပြေးထွက် သွားကာ၊ မီးကြာပန်းကို လက်လှမ်း လိုက်သည်။
အပြာရောင် မီးကြာပန်း ဆယ်ပွင့်က၊ စူးရှသော ရွှေရောင် အလင်းတန်း များကို၊ တပြိုင် နက်တည်း ထုတ်လွှတ်ကာ၊ ခုခံ လာခဲ့ သည်။
အစောပိုင်း အချိန်က ကျင့်ကြံသူ တစ်ဦးမှာ၊ ၎င်းတို့အား ပရမ်း ပတာဖြင့်၊ လုယူရန် ကြိုးစားခဲ့ သော်လည်း၊ အနား မကပ် နိုင်မီတွင်၊ ထိုအလင်း များကြောင့်၊ ‘ပြာ’ အဖြစ်၊ လောင်ကျွမ်း ခဲ့ဖူးသည်။
မီးကြာပန်း ဆယ်ပွင့်မှာ၊ ချက်ချင်း ပွင့်လာပြီး၊ ရွှေရောင် အလင်းများ ပို၍ ထုတ်လွှတ် လာ၏။
ပန်ယွဲ့နှင့် ကျန်သူ များက ပြန်ထရပ် လိုက်ပြီး၊ မီးကြာပန်း ကြောင့် လင်းယွန် သေသွားရန်၊ မျှော်လင့် လိုက်မိ သည်။
မီးကြာပန်း ဆယ်ပွင့်၏ တိုက်ခိုက် မှုကို မည်သူ မဆို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
တစ်ချိန်တည်း မှာပင်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့် များက၊ စိတ်လှုပ်ရှား လာသည်။
လင်းယွန် အနေဖြင့် များစွာ လုပ်ဆောင် ခဲ့ပြီး၊ မီးကြာပန်းကို ခူးဆွတ်ရန် ခြေတစ်လှမ်း မျှသာ ကွာဝေး တော့သည်။ ထို့ကြောင့် ကျရှုံး သွားပါက၊ နှမျော စရာ ပေပင်။
“ အကို လင်း၊ မင်း အောင်မြင် ရမယ်။ ”
ဘိုင်ရီက စိတ်လှုပ်ရှားစွာ ရေရွတ် လိုက်သည်။ လျူယွမ်ယန်၏ မျက်ဝန်းများ သည်လည်း၊ မျှော်လင့် ချက်များ ပြည့်လျှံ လာသည်။
လမ်းကြုံ ကယ်တင် ခဲ့သော လင်းယွန်မှာ၊ သူမအား ဤမျှ ကြီးမားသည့်၊ အံ့အားသင့် မှုများ ပေးလိမ့် မည်ဟု၊ မထင် ထားမိပေ။
အပြာရောင် မီးကြာပန်းကို ရရှိခဲ့ ပါက၊ အမာခံ တပည့် ဖြစ်လာ နိုင်မည် ဖြစ်သည်။
သူ့အပေါ် ကျရောက် လာသော အကြည့် များကို၊ ခံစားလိုက် ရသောကြောင့်၊ လင်းယွန်က မချိပြုံး ပြုံးလိုက်သည်။
“ လူတိုင်းက ငါ့ကို မီးတောက် အောက်မှာ၊ သေစေ ချင်နေ တာကိုး၊ ဒါပေမယ့် မင်းတို့ တွေကို စိတ်ပျက် မိစေတဲ့ အတွက်၊ တောင်းပန် ပါတယ်။ ”
“ ငါ့ဓား၏ အမည်ဖြင့် ပန်းပွင့်လော့။ ”
ခရမ်းရောင် ပန်းတစ်ပွင့်၏ ကောက်ကြောင်း မှာ၊ သူ့နောက်တွင် ထွက်ပေါ် လာပြီး၊ ဖြည်းညှင်းစွာ လှည့်ပတ် လာတော့၏။
၎င်းက ပတ်ဝန်း ကျင်ရှိ ဝိညာဉ် စွမ်းအင် များကို အရှိန် အဟုန်ဖြင့်၊ စုပ်ယူကာ လင်းယွန် ထံ၊ အားဖြည့် ပေးလိုက်သည်။
အရှိန် အဝါများ တဟုန်ထိုး မြင့်တက် လာချိန် တွင်၊ ပန်း သင်္ချိုင်း ဓားအား လွှဲယမ်း လိုက်၏။
“ ချိုး ...။ ”
မီးတောက် များကို သူ့ ဓားဖြင့် နှစ်ခြမ်း ခွဲပစ် လိုက်သည်။
“ ဒီ ကောင် ... ”
ပန်ယွဲ့နှင့် အခြား သူများက၊ ဤမြင် ကွင်းကြောင့် ထိတ်လန့် သွားသည်။
“ ဘယ်လောက် အစွမ်း ထက် လိုက်လဲ။ ”
၎င်းကို တွေးကြည့် ရုံဖြင့်၊ သူတို့အား စိတ်ပျက် သွားစေ၏။ ရင်ဘတ် ပေါ်သို့ ကျောက်တုံး ကြီး တစ်တုံးနှင့်၊ ဖိထား သလို ခံစား လိုက်ရ သည်။
ဒဏ်ရာ ပြင်းထန်စွာ ရထား ကြ သော် လည်း၊ သူတို့ အနေဖြင် လုံးဝ အကူ အညီမဲ့ နေခြင်းမျိုး မဟုတ်ပေ။
အရေး ကြီးသော အခိုက် အတန့်တွင်၊ သူတို့၏ အသက် အန္တရာယ်ကို၊ ကာကွယ် ဖို့ရန်၊ ကိုယ်ပိုင် ဝှက်ဖဲများ ရှိနေဆဲ ပေပင်။
ထိုဝှက်ဖဲ များကို လျစ်လျူရှုရန်၊ လင်းယွန်၌ လုံလောက်သော ခွန်အားမျိုး ရှိမနေ သောကြောင့်၊ သတ်ရန် ထပ်မံ မကြိုးစား တော့ခြင်း ဖြစ်သည်။
အားလုံးမှာ ကနဦး ယင် အဆင့်တွင် ရှိနေ သည် ဖြစ်ရာ၊ အသက်ကို ခြိမ်းခြောက်ခြင်း မပြု နိုင်လျှင်ပင်၊ ဒဏ်ရာ မရဟု မဆို လိုချေ။
ထို့ကြောင့် သူ့တို့ကို အဆုံး စွန်ထိ၊ တွန်းပို့ရန် လင်းယွန်က မရဲခြင်း ဖြစ်သည်။
သို့သော် ၎င်းတို့ အနေဖြင့်၊ အရှုံးကို လက်ခံ ဖို့ရန်၊ တွန့်ဆုတ် နေခြင်း မရှိချေ။ လင်းယွန်ကြောင့် ဒဏ်ရာ ပြင်းထန်စွာ မရ ခဲ့လျှင်ပင်၊ ဤမီးကြာပန်း များ၏ တိုက်ခိုက် မှုက၊ အန္တရာယ် ပေးနိုင်သည်။
ဤသည်မှာ အစောပိုင်း အတွေး မျှသာ ဖြစ်ပြီး၊ လင်းယွန်က မီးတောက် များကို နှစ်ခြမ်း ခွဲပြီး နောက်တွင်၊ ထိုအတွေးများ ချက်ချင်း ပြောင်းလဲ သွားကြသည်။
လင်းယွန်မှာ အပြာရောင် မီးကြာပန်းကို ရနိုင်ချေ ရှိနေသည်။
တစ်ချိန်တည်း မှာပင်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့်များ အားလုံး၊ စိတ်သက် သာရာ ရသွား ကြသည်။
လင်းယွန် တစ်ယောက် မီးကြာပန်း များ၏ တိုက်ခိုက်မှု များကို ဓားဖြင့် ခွဲဖွင့် လိုက်ကာ၊ လက်လှမ်း နေ၏။
ပွင့်ပွင့် လင်းလင်း ဆိုရ ပါမူ၊ ဓားကို အသုံး မပြု လျှင်ပင်၊ မီးတောက် များက သူ့အား အန္တရာယ် မပေး နိုင်ချေ။
သို့သော် ဤမှျ အရေး ကြီးသော အချိန် တွင်၊ အလွှတ် လက်မဲ့ မနေတက် သည်မှာ၊ သဘာဝ ပေပင်။ သတိဆို ပိုသည် မရှိနိုင်။
ရေကန် မျက်နှာ ပြင်ပေါ် ဆင်းသက် လိုက်ချိန်တွင် မီးကြာပန်း ဆယ်ပွင့်နှင့်၊ လက်တစ်ကမ်း အလိုသို့ ရောက်ရှိ လာခဲ့သည်။
ဤကြာပန်း များမှာ ခရမ်းရောင် နန်းတော် နယ်မြေကို ကိုယ်စား ပြုလေသည်။ ၎င်းကို သန့်စင် ခြင်းဖြင့်၊ မတော် တဆမှု မရှိဘဲ၊ အောင်မြင်မှု တစ်ခုအား၊ ရယူ နိုင်မည် ဖြစ်သည်။
သို့သော် ကြာပန်း များကို ခူးဆွတ် တော့မည့် အချိန်တွင်၊ ရေကန် မျက်နှာပြင်က ရုတ်တရက် ပေါက်ကွဲ လာပြီး၊ ကြောက်မက် ဖွယ် ကောင်းသော အငွေ့ အသက်များ၊ ပေါ်ထွက် လာ ခဲ့သည်။
“ ဘာဖြစ် တာလဲ။ ”
ကြောက်စရာ ကောင်းလွန်းသော ဖိအား ကြောင့်၊ လူအုပ် ကြီးက ထိတ်လန့် စွာဖြင့် ပြန်ကြည့် လိုက်ကြ သည်။
ရေကန် အက်ကွဲ ရာမှ၊ ထွက်ပေါ် လာသော ရောင်ဝါသည်၊ သူတို့၏ အသက်ကို ခြိမ်းခြောက် နေလေသည်။ ထို့ကြောင့် မည်သူမျှ ရုတ်တရက် မလှုပ် ရဲကြချေ။
စောင့်ကြည့် နေစဉ် မှာပင်၊ လှိုင်းလုံး ကြီးများ ကောင်းကင် သို့တိုင် ပျံတက် သွားပြီး၊ လျှပ်စီးများ ဆင်းသက် လာတော့၏။
လင်းယွန် ဖန်တီး ခဲ့သော ဖြစ်စဉ်နှင့် နှိုင်းယှဉ် ပါက၊ များစွာ ရုန့်ကြမ်းသည့် သဘာဝ တရား ကြီးကို၊ တွေ့မြင် ရခြင်း ဖြစ်သည်။
တဝုန်းဝုန်း ရိုက်ခတ် နေသည့်၊ လှိုင်းများ ကြားတွင်၊ တဖျစ်ဖျစ် မြည်နေသော လျှပ်စီးများ ‘လွန်း’ထိုး ဖြစ်ပေါ် နေ၏။
တစ်ဆက် တည်းမှာပင် အပြာရောင် ရေလှံများ ဖွဲ့တည် လာပြီး၊ လူအုပ် ကြီးထံ ပျံသန်း လာတော့ သည်။
ရေလှံ များ၏ အငွေ့ အသက်ကြောင့်၊ လူများစွာ ဒဏ်ရာ ရကုန်သည်။ နာကျင်စွာ အော်ဟစ် သံများ၊ ကွင်းလုံး ပြည့်လျှံ လာတော့ ၏။
ရေကန်၏ မျက်နှာပြင် ပေါ်တွင် ကြီးမားသော ပုံသဏ္ဍာန်ကြီး တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ် လာသည်။
ကြောက်မက်ဖွယ် ကောင်းသော သားရဲ တစ်ကောင်၏၊ ရောင်ဝါမှာ၊ ရေကန် တစ်ခု လုံးကို၊ ချက်ချင်း လွှမ်းမိုး သွားသည်။
“ ဒါ ... ဒါက အပြာရောင် မိုးကြိုး စပါးအုံး မြွေ။ ”
“ မြန်မြန်ပြေး၊ အဲဒါ အုပ်စိုးရှင် နတ်ဆိုး သားရဲပဲ။ ”
လူအများ အပြားက ထိတ်လန့် သွားပြီး၊ ချက်ချင်း ပြန်လှည့်ပြေး ကုန်ကြ၏။
ရေကန် အောက်ခြေတွင်၊ အိပ်ပျော် နေသော နတ်ဆိုး သားရဲ ကြီးမှာ၊ အလယ် အလတ် ယင် အဆင့်တွင် ရှိနေ သည်ကို လူတိုင်း သိသည်။
သို့သော် ထိုသားရဲကို လူတိုင်းက မေ့နေ ကြ၏။ သူထွက်ပေါ် မလာခဲ့ သည်မှာ၊ ရာစုနှစ် တစ်ခုတိုင် ကြာမြင့် နေပြီ ဖြစ်သည်။
“ ဟီး ဟီး၊ ဒီကောင်က အပြာရောင် မိုးကြိုး စပါးအုံး မြွေကို ရန်စ မိပြီ။ ”
“ ဒါ အမှန်ပဲ ...၊ သူလုပ် ခဲ့တဲ့ ရုန်းရင်း ဆန်ခတ်မှု တွေက၊ ဒီနတ်ဆိုး သားရဲ ကြီးကို မထိတ်လန့်ဖူး ဆိုရင်သာ၊ ထူးဆန်း နေလိမ့် မယ်။ ”
“ အဟား၊ ပန်းသင်္ချိုင်း ဆိုတဲ့ ကောင်လေး၊ နောက်ဆုံးတော့ မင်းရဲ့ ကြိုးစား မှုက အချည်းနှီး ပါပဲ၊ မီးကြာပန်း အတွက် အပြာရောင် မိုးကြိုး စပါးအုံး မြွေကို၊ မောင်းထုတ် နိုင်လိမ့် မယ်လို့ ငါ မယုံဘူး။ ”
ကြာပန်းကို ဆုံးရှုံး လိုက်ရသည့် အတွက်၊ စိတ်ပျက် လက်ပျက် ဖြစ်နေ ကြသူ များက၊ ပျော်ရွှင်စွာ ရယ်မော လိုက်ကြသည်။
သူတို့ ကဲ့သို့ လင်းယွန် သည်လည်း၊ မီးကြာပန်း များကို လက်လွှတ် ရပေ တော့မည်။
“ သွားကြ ရအောင်။ ”
ဘဝ အတွက် ပြေးလွှားခြင်း ကိုသာ၊ အဖော် ပြုလိုက် ရ၏။ မည်သူမျှ ဆက်မနေ ရဲတော့ ချေ။
လင်းယွန် မှာမူ ကြာပန်းနှင့်၊ ခြေတစ် လှမ်းသာ ကွာဝေး တော့သောကြောင့်၊ တွေဝေ သွား သည်။
နတ်ဆိုး သားရဲ ကြီးက၊ ၎င်း၏ အေးစက်သော မျက်ဝန်း များနှင့် အတူ၊ သူ့ကို စိုက်ကြည့် လာသည်။
ရဲရဲ ဝံ့ဝံ့ လှုပ်ရှား လိုက်သော်၊ ဤနတ်ဆိုး သားရဲ ကောင်က၊ တိုက်ခိုက် လာလိမ့် မည်ကို သူ သိသည်။
“ သေ စမ်း ... ။ ”
သူ၏ ကြိုးစား အားထုတ် မှုများ အားလုံး၊ ပျက်သုဉ်း သွားရ တော့မည် ဖြစ်သည်။
သို့သော် သူ့အကျင့် စရိုက် ကြောင့်၊ ယင်းကို လက်မခံ လိုပေ။ သို့သော် အပြာရောင် မိုးကြိုး စပါးအုံး မြွေသည် သန်မာ လွန်းပြီး၊ ယခင်က သူတိုက်ခိုက် ခဲ့ဖူးသော၊ အနက်ဝတ် အဖိုး အိုထက် ပိုသန်မာ နေ၏။
ထိုလမ်းလွဲ ကျင့်ကြံသူ ဆယ်ဦးပေါင်း လျှင်ပင်၊ ဤနတ်ဆိုး သားရဲနှင့် မယှဉ် နိုင်ပေ။
“ လင်းယွန် သွားရ အောင်။ ”
လျူယွမ်ယန်က အော်ဟစ် လိုက်ပြီး၊ အမြန် ဆုတ်ခွာ သွားခဲ့ သည်။
သူမ လှုပ်ရှား လိုက်သည်နှင့်၊ မူလ ရပ်နေသော နေရာသို့၊ ရေလှံ တစ်စင်း ထိုးကျ သွားသည်။
ပျက်ယွင်း နေသာ မျက်နှာဖြင့် လင်းယွန်က လှုပ်ရှား လိုက်သည်။ အနည်းငယ် နောက်ကျ မိပါက ရေလှံ များက၊ သူ့ခေါင်းကို ထိုးခွဲ ပေလိမ့်မည်။
လျူယွမ်ယန်၏ သတိ ပေးမှု အပေါ်၊ ကျေးဇူးတင် သွားမိသည်။ နောက်ဆုံးတွင် တဆိတ် လောဘ ကြီးလွန်းကာ၊ စွန့်ခွာဖို့ ခက်ခဲ နေခဲ့ သည်။
“ ဘာတွေ တွေးနေ တာလဲ၊ သွားကြစို့။ ”
အနားရောက် လာသော လင်းယွန်ကို၊ လျူယွမ်ယန်က ပြစ်တင် ဝေဖန် လိုက်သည်။ သူ့စကား ကြောင့် လင်းယွန်၏၊ နှလုံး သားများ နွေးထွေး သွားရ၏။
ဤမိန်းမနှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိ သော်လည်း၊ အရေး ကြီးသော အခိုက်တွင် အားကိုး နိုင်သေးသည်။
“ ကျေးဇူး တင်ပါတယ်။”
“ ရတယ်၊ သွားကြစို့။ ”
လျူယွမ်ယန်က အသက် မပါသော အပြုံးဖြင့် တုန့်ပြန် လိုက်သည်။ သို့သော် သူမ မျက်ဝန်းများ မှာမူ၊ ဝမ်းနည်း ရိပ်များ ထင်ဟပ် နေ၏။
မထွက် ခွာခင် ကြာပန်း များကို၊ နှမေျာ တသစွာ ပြန်ကြည့် လိုက်သည်။
လက်တစ်ကမ်း မျှသာ ဝေးကွာ ခဲ့သည် ဟူသော အသိကြောင့်၊ စို့တက် လာသော ခံစားချက် များကို၊ မည်သူမျှ နားမလည် နိုင်ပေ။
လင်းယွန် အပေါ် အပြစ် မတင် နိုင်မှန်း၊ သူမ သိသည်။ သူ့ကြောင့်သာ မဟုတ် ပါလျှင်၊ မီးကြာ ပန်းများ အတွက် တိုက်ပွဲ ဝင်ခွင့်ပင်၊ ရှိလိုက်မည် မဟုတ်ပေ။
လျူယွမ်ယန် မျက်နှာ ပေါ်ရှိ၊ အမူ အရာကို ကြည့်ပြီး၊ လင်းယွန်က အနည်းငယ် တွေဝေ သွားသည်။
“ လျူယွမ်ယန် ... မင်းက ကြာပန်း တွေကို၊ တကယ် လိုအပ် နေတယ် မဟုတ်လား၊ အမာခံ တပည့် တစ်ယောက်ရဲ့၊ အဆင့် အတန်းက မင်းအတွက် အရေးကြီး နေပုံပဲ။ ”
“ ဒီအချိန်မှာ ဒါတွေ ပြောမနေနဲ့၊ သွားကြ မယ်။ ”
“ မဟုတ်ဘူး၊ မင်း အရင် သွားနှင့် ...။ ”
စကားဆုံး သည်နှင့် လျူယွမ်ယန်ကို ဖြတ်ခနဲ တွန်းထုတ် လိုက်သည်။
“ ဟေ့ ....။ ”
လျူယွန်ယန် သတိ ဝင်လာ ချိန်တွင် အဝေးသို့ ပို့ခံ လိုက်ရ၏။ ချက်ချင်း ပြန်လှည့် ကြည့်လိုက် ရာ၊ လင်းယွန် တစ်ယောက် နတ်ဆိုး သားရဲ ကောင်ကို ရင်ဆိုင် ဖို့ရန်၊ ပြန်လှည့် နေပြီ ဖြစ်သည်။
လင်းယွန် အနေဖြင့် ဝမ်းနည်း နေသော အမျိုး သမီး တစ်ဦးကို နောက်ထပ် မတွေ့ ချင်တော့ ဟု၊ သူ့ကိုယ်သူ ကတိပေး ထားပြီး ဖြစ်သော ကြောင့်၊ ယင်းအား ဖြည့်ဆည်းရန် အတတ် နိုင်ဆုံး၊ ကြိုးစား သွားမည် ဖြစ်သည်။
ထိုစက္ကန့်ပိုင်း လေးတွင်၊ မီးကြာပန်းများ ရလိုမှု အတွက်၊ အကူ အညီမဲ့ နေသော လျူယွမ်ယန် ပုံရိပ်က၊ သူ့ကို ထိမိ သွားစေ သည်။
“ မင်းက ... ဘာကောင် ကြီးပဲ ဖြစ်နေ ပါစေ၊ ငါ့ပစ္စည်းကို လုယူ ဖို့က၊ ဒီလောက်လည်း မလွယ် သေးပါဘူး။ ”
အပြာရောင် မိုးကြိုး စပါးအုံး မြွေကို စိုက်ကြည့်ပြီး၊ တင်းမာစွာ ဆိုလိုက်၏။
ထို့နောက် လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို ထုတ်ဖော်ကာ၊ မီးကြာပန်း များထံ ဦးတည်လျက်၊ ကောင်းကင်သို့ ပျံတက် သွားခဲ့ သည်။
ဤအခိုက် အတန့်တွင် လူများ စွာက၊ ပြန်လှည့် ကြည့်ချိန် နှင့်ဆုံ သွားကာ၊ အမှန် တကယ် ပြေးဝင် သွားသော လင်းယွန်ကြောင့်၊ အံ့ဩ ထိတ်လန့် ကုန်ကြ လေသည်။
***