တိုက်ပွဲ။
Vol. 36 Ch. 502
အပြာရောင် မိုးကြိုး စပါးအုံး မြွေကို စိုက်ကြည့်ပြီး၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းအား ထုတ်ဖော်ကာ၊ မီးကြာပန်း များထံ ဦးတည်လျက်၊ ကောင်းကင်သို့ ပျံတက် သွားခဲ့ သည်။
ဤအခိုက် အတန့်တွင် လူများ စွာက၊ ပြန်လှည့် ကြည့်ချိန် နှင့်ဆုံ သွားပြီး၊ မိုက်မိုက် မဲမဲ တကယ် ပြေးဝင် သွားသော လင်းယွန်ကြောင့်၊ အံ့ဩ ထိတ်လန့် ကုန်ကြ လေသည်။
“ သူ ရူး နေပြီ။ ”
“ မြန်မြန် သွားရအောင်၊ အပြာရောင် မိုးကြိုး စပါးအုံး မြွေ၊ ဒေါသ ထွက်လာရင်၊ ငါတို့ အားလုံး သေကြ လိမ့်မယ်။ ”
အကြောက် တရားက၊ လူတိုင်း၏ နှလုံး သားထဲ၊ ဝင်ရောက် လာသည်။
ထိုအချိန် မှာပင်၊ ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲ သွားပြီး၊ လင်းယွန် တစ်ယောက် မီးကြာပန်း များဆီ၊ ပြေးဝင် သွားသည်။
သူက ၎င်းကို သိပ်ပြီး မစဉ်းစား ခဲ့ပေ။ ဦးစွာ မီးကြာပန်း တစ်ပွင့်အား၊ လက်လှမ်း လိုက်၏။
ပြီးနောက် ထိုနေရာ၌ မရပ်တန့် ခဲ့ပဲ၊ အခြားသော ကြာပန်း ရှစ်ပွင့်ထံ၊ ထပ်လှမ်း လိုက်သည်။
“ တစ်ပွင့် ကျန်သေးတယ်။ ”
အကြည့်မှာ နောက်ဆုံး ကြာပန်း ပေါ်သို့ ကျရောက် သွား၏။ သို့သော် ကြာပန်းအား ဖမ်းဆုပ် လိုက်သည့် အခိုက်တွင်၊ အပြာရောင် မိုးကြိုး စပါးအုံး မြွေက၊ အမြီးကို နှင်တံ ကဲ့သို့ ရိုက်ချ လာခဲ့သည်။
“ မ လုပ် နဲ့။ ”
ယင်းကို မြင်သည်နှင့်၊ လျူယွမ်ယန် မျက်နှာက ပြောင်းလဲ သွားသည်။ တုံ့ဆိုင်း မနေဘဲ ရှေ့သို့ ပြေးဝင် လိုက်မိ၏။
“ မင်း မသေ ရဘူး။ ”
အံကြိတ်လျက် စိတ်မကောင်း ဟန်ဖြင့်၊ ရေရွတ် လိုက်သည်။
သို့သော် လျှပ်စီး များနှင့် မီးလျှံများ၊ ဖုံးအုပ် ထားသော၊ ရေကန် မျက်နှာပြင် ပေါ်၌ ပုံရိပ် တစ်ရိပ်၊ ဆက်လက် တည်ရှိ နေသော ကြောင့်၊ မျက်နှာ ပြောင်းလဲ သွားရသည်။
လှိုင်းခုံး ခပ်စိတ်စိတ် ကြားတွင်၊ လှုပ်ရှားနေ သူမှာ၊ လင်းယွန် ဖြစ်ကြောင်း သိလိုက် ရသော ကြောင့်၊ ပျှော်ရွှင် သွားသည်။
“ မ သေ ဖူး။ ”
လျူယွမ်ယန်က ဝမ်းသာ နေဆဲ မှာပင်၊ ဆန့်ကျင်ဘက် အရပ်သို့၊ ပြေးထွက် သွားသော လင်းယွန်ကို တွေ့လိုက် ရသည်။
လင်းယွန်၏ ရည်ရွယ် ချက်ကို၊ ချက်ချင်း နားလည် လိုက်သည် ။ အပြာရောင် မိုးကြိုး စပါးအုံး မြွေသည်၊ သူ့ကို လွယ်လွယ် ကူကူ လွှတ်မပေး မည်မှာ သေချာသည်။
ထို့ကြောင့် သူမထံ လှည့်ပြေး လာခြင်းဖြင့်၊ အန္တရာယ် ဖြစ်စေ ချင်ပုံ မရပေ။
အပြာရောင် မိုးကြိုး စပါးအုံး မြွေက၊ ဒေါသ ထွက်လာ သည်နှင့် အမျှ၊ ရေကန် တစ်ကန်လုံး ဗြောင်းဆန် သွားကာ၊ ရှင်လျက် ငရဲခန်း အဖြစ်သို့ ပြောင်းလဲ သွားသည်။
နောက်ဆုတ်ရန် တုံ့နှေး နေသော လူတိုင်းကို၊ ကြောက်မက်ဖွယ် လှိုင်းလုံး များက ချက်ခြင်း ဝါးမျို ပစ်လိုက်၏။
လျူယွမ်ယန်က ဓားကို လွှဲကာ၊ သူ့ထံ တိုးဝင် လာသော၊ လှိုင်းများအား နှစ်ခြမ်း ခွဲပစ် လိုက်သည်။
လှိုင်းများ ဖြတ်ကျော် သွားသော အခါတွင်၊ ရေကန်ကို ဖုံးလွှမ်း နေသော ရေမြူ များအား တွေ့မြင် လိုက်ရသည်။
ရေပြင် တစ်လျှောက် လှိုင်းများ ထလာပြီး၊ နတ်ဆိုး သားရဲ ကောင်၏ ဟောက်သံကို ဝိုးတဝါး ကြားနေ ရသည်။
ရေကန် အောက်ရှိ ဖိအား များက၊ လျူယွမ်ယန်၏ မျက်နှာကို၊ ပြောင်းလဲ စေသော ရေဝဲကြီး တစ်ခု ဖန်တီး ပေးခဲ့သည်။
ရေဝဲကြီးက စုပ်ယူ လုနီးနီး ဖြစ်လာ သောကြောင့်၊ ဝေးရာသို့ အမြန် ဆုတ်ခွာ လိုက်၏။
သို့သော် ရေမျက် နှာပြင် ပေါ်သို့၊ ပြန်လည် ဆင်းသက် လိုက်ချိန်တွင်၊ လှိုင်းလုံး များက ထပ်မံ ဝင်ရောက် လာပြန်သည်။
“ ဒီ ကောင်မ လေးကို ... ၊ အခု ငါဘယ်လို ရှင်းပြ ရမလဲ မသိ တော့ဘူး …။ ”
လမ်းကြောင်း တစ်ခု ဖန်တီးရန်၊ သူမ၏ ဓားကို အဆက် မပြတ် လွှဲရမ်း လျက်ဖြင့်၊ ညည်းတွား လိုက်သည်။
ချက်ချင်း ဆုတ်ခွာရ တော့မည်ကို၊ သူမ သိ၏။ သို့မဟုတ် ပါက၊ ဤနေရာမှ ထွက်သွား နိုင်တော့မည် မဟုတ်ပေ။
တစ်ဖက်တွင် လင်းယွန်၏ နှုတ်ခမ်း ထောင့်၌၊ သွေးများ စွန်းထင်း လာခဲ့သည်။
ရုတ်တရက် လှိုင်းလုံး ကြီးများ၊ ရေကန် မျက်နှာပြင် တစ်လျှောက် တလှိမ့်လှိမ့် တက်လာ သောကြောင့်၊ ခေါင်းမော့ ကြည့် လိုက်ရာ၊ ကောင်းကင် တစ်ခုလုံး အပြာရောင် အဆင်းဖြင့် ဖုံးလွှမ်း နေလေပြီ။
ဓားကို ချက်ချင်း ဆွဲထုတ်ပြီး၊ ဝင်လာသော ထက်ရှသည့် ရေလှံ များကို၊ ချက်ချင်း ခုခံ လိုက်ရ ၏။
ထိုသဏ္ဍာန် ကြီးတွင်၊ အပြာရောင် အကြေးခွံ များဖြင့် ဖုံးလွှမ်း နေပြီး၊ နဖူး ထက်၌ လျှပ်စီးများ တဖျပ်ဖျပ် ခတ်နေသော၊ ဦးချိုတို့ ပါရှိ လေသည်။
မျက်ဝန်း များတွင်၊ သတ်ဖြတ် လိုသော ဆန္ဒများ တဖွားဖွား၊ တောက်လောင် နေ၏။
အုပ်စိုးရှင် အဆင့် သားရဲ တစ်ကောင်၏ အရှိန် အဝါကြောင့်၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို ထုတ်ဖော် ထား သော်လည်း၊ သဲသောင် ပြင်တွင် ပြေးလွှား ရ သကဲ့သို့၊ အလွန် နှေးကွေး လာသည်။
ရှန်ရှင်း ဓား ရည်ရွယ် ချက်ဖြင့်၊ နောက်ဆုံး ရေလှံကို ဖြိုခွဲပြီး၊ ချက်ချင်း ပြန်ဆုတ် လိုက်၏။
ရွှေ့လိုက်သည့် အခိုက် မှာပင်၊ အပြာရောင် လှံ တစ်စင်းက၊ မူလ ရပ်နေသော နေရာသို့ ထိုးဆင်း သွားသည်။
အပြာရောင် မိုးကြိုး စပါးအုံး မြွေက၊ မီတာ ရာဂဏန်းမျှ ရှိသော လှိုင်းလုံး များကို ဖန်တီးကာ၊ ဟောက်သံ တစ်သံနှင့် အတူ ကြောက်မက် ဖွယ်ရာ၊ ဖိအား တစ်ခုအား ထပ်မံ ထုတ်လွှတ် လာပြန်သည်။
ထိုဖိအား အောက်တွင်၊ ကောင်းကင် တစ်ခုလုံး ပြိုလဲတော့ မတက် ထင်မှတ်ထင် လာမိပြီး၊ သူ့ကိုယ်သူ ပုရွက်ဆိတ် တစ်ကောင် အဖြစ်၊ ခံစား လာခဲ့ ရသည်။
“ တိမ်ပြာ ရေကန် ထဲမှာ၊ ဒီသားရဲကို ... ငါ ရန်မစ သင့်ဘူး။ ”
သက်ပြင်း ချကာ၊ လင်းယွန်က ရေရွတ် လိုက်သည်။ ပန်းသင်္ချိုင်း ဓားကို ဓားသေတ္တာ ထဲသို့၊ နောက်ပြန် ထိုးထည့် လိုက်ပြီး၊ ထပ်မံ အားယူ လိုက်၏။
ခရမ်းရောင် ပန်း ပွင့်လာကာ၊ ပွင့်ချပ်များ ပေါ်ရှိ ငွေရောင် ဓား စွမ်းအင်ကို၊ တသွင်သွင် ထုတ်လွှတ် လာတော့သည်။
လက်ဖဝါးကို ပုတ်ချ လိုက်ချိန်၌၊ အချိန်များ ရုတ်တရက် အေးခဲသွား သကဲ့လို၊ ခံစား လိုက်ရ သည်။
“ မဟာ လေဟုန် ကျမ်း။ ”
သူ့ လက်ဖဝါးသည် လှိုင်းနှင့် ထိတွေ့ သွားပြီးနောက်၊ အပြာရောင် မိုးကြိုး စပါးအုံး မြွေကြီး ထံ၊ ဆက်လက် တိုးဝင် သွားကာ၊ တလိမ့် ခေါက်ကွေး လွင့်စင် သွားစေ၏။
ဤအခိုက် အတန့်တွင် ဓား စွမ်းအင်ကို၊ ပန်းသင်္ချိုင်း ဓားထဲသို့ လောင်းထည့်ကာ၊ ငွေရောင် အလင်းတန်း အဖြစ် ပြောင်းလဲ ပစ်လိုက် သည်။
အဆိုပါ ငွေရောင် အလင်း တန်းမှာ၊ မိုးကုပ် စက်ဝိုင်းကို ဖြတ်၍ ပြေးထွက် သွားပြီး၊ အပြာရောင် စပါးအုံး မြွေ၏ နောက်ကျောပေါ်၊ ထိုးကျ သွား၏။
မကြားဝံ့ မနာသာ သော အော်ဟစ်သံ နှင့်အတူ၊ ၊ အပြာရောင် မိုးကြိုး စပါးအုံး မြွေမှာ၊ သွေးများ ထွက်ကျ လာသည်။
ဤမြင်ကွင်းကို မြင်သော အခါတွင်၊ လင်းယွန်က ပြုံးလိုက် သော်လည်း၊ ထို အပြုံးမှာ စက္ကန့်ပိုင်း အတွင်း အေးခဲ သွားခဲ့ သည်။
ပန်း သင်္ချိုင်း ဓားမှာ၊ အပြာရောင် မိုးကြိုး စပါးအုံး မြွေ၏ အရေးပြားကို၊ ဖောက်ဝင် နိုင်ရုံ မျှသာ ရှိပေသည်။
မူလ စွမ်းအင် သုံးပုံ တစ်ပုံကို၊ ကုန်ဆုံး သွားစေသော ဤတိုက်ခိုက် မှုသည်၊ စပါးအုံး မြွေကြီးအား၊ ဒဏ်ရာ အနည်း ငယ်သာ ရရှိ စေတော့၏။
မဆိုင်း မတွဘဲ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို အသုံး ပြုကာ၊ နောက်ဆက်တွဲ ပုံရိပ် များအား ရေကန် ပေါ်၌၊ ထားရစ် ခဲ့လိုက် သည်။
သို့သော် စပါးအုံး မြွေက၊ မိုးကြိုး လှံများ မှုတ်ထုတ် လာပြီး၊ နောက်ဆက်တွဲ ပုံရိပ် တိုင်းကို ဖျက်ဆီး ပြစ်လိုက် ၏။
များမကြာမီ ရေကန်ကြီး တစ်ကန်လုံး လျှပ်စီး များဖြင့်၊ ဖုံးလွှမ်း လင်းလက် နေပေ သည်။
လင်းယွန်က ကောင်းကင်သို့ ပျံတက် သွားပြီး၊ လက်နှစ် ဖက်ကို နောက်ပြန် လှည့်ကာ ရိုက်ချ လိုက်၏။
ပျံသန်း လာသော ရေလှံ အချို့ကို ထိမှန် ဖျက်ဆီး နိုင်ခဲ့ပြီး၊ ကျန်အနည်း ငယ်ကို ရှောင်တိမ်းကာ၊ စပါးအုံး မြွေ၏ နောက်ကေျာ ဘက်သို့ ဆင်းသက် လိုက်သည်။
“ ဓား .... ။ ”
စပါး အုံးမြွေ၏ နောက်ကျောကို ဆင်းသက် နေဆဲမှ၊ ပန်း သင်္ချိုင်း ဓားအား၊ မမေ့ မလျော့ ဆင့်ခေါ် ထိုးချ လိုက်သည်။
သို့သော် ငြားလည်း ပန်း သင်္ချိုင်း ဓားမှာ၊ ပထမ ထိုးချက်ထက်၊ နှစ်လက်မ ခန့်သာ တိုး၍ စိုက်ဝင် နိုင်လေပြီ။
မည်မျှပင် အတိမ် အနက် နည်းပါး စေကာမူ၊ စပါးအုံး မြွေက နာကျင်စွာ လူးလှိမ့် အော်ဟစ် နေပြန် သည်။
စပါးအုံး မြွေကို အနိုင် ယူဖို့ရန် အခွင့် အရေး ရှိသည်အား၊ မြင်လိုက် ရသည့် အတွက် လင်းယွန်က ဝမ်းသာ သွားသည်။
သို့သော် ပြင်းထန်သော လေစုပ် ဝဲကြီး တစ်ခု၊ ကောင်းကင်မှ ရတ်တရက် ထွက်ပေါ် လာသော ကြောင့်၊ စပါးအုံး မြွေ၏ ကျောပေါ်သို့ ခြေမချ နိုင်သေးပဲ၊ ခေါင်းမော့ ကြည့်လိုက် မိသည်။
အဆုံး စွန်ထိ ဖြဲဟ ထားသော မေးရိုး ကြီးက၊ လေစုပ် ဝဲကို ထုတ်ဖော်ကာ၊ ကျဆင်း လာခြင်း ဖြစ်သည်။
ယင်းကြောင့်၊ သူ့မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားသည်။
ပန်း သင်္ချိုင်း ဓားကို ဝှေ့ယမ်းကာ၊ လေစုပ် ဝဲကို ဟန့်တားလျက် ဟန်ချက် ထိန်းလိုက် ရ၏။
စပါးအုံး မြွေ၏ မြိုချခြင်း ခံရ တော့မည့် အချိန် မှာပင်၊ ဓားကို လှန်ပက်လျက်၊ အားခေါင် အား ထိုးခွဲ ပစ်လိုက်သည်။ နေရာ အနှံ့ သွေးမိုးများ ရွာသွန်း လာလေသည်။
ယင်းကြောင့် စပါးအုံး မြွေကြီးက နာကျင်စွာ အော်ဟစ်ကာ၊ တုန်လှုပ် သွားတော့ သည်။
ဤသည်ကို အခွင့်ကောင်း ယူပြီး၊ လင်းယွန်က ကောင်းကင်ပေါ် ခုန်တက်ကာ၊ လုံခြုံသော နေရာသို့ ပြောင်းရွေ့ လိုက်သည်။
သို့သော် အသက်ရှူ မဝ ခင်မှာပင်၊ စပါးအုံး မြွေကြီးက သူ့ဆီ၊ လှည့်ဝင် တိုက်ခိုက် လာပြန် ၏။
စပါးအုံး မြွေကို ကြည့်ကာ၊ မျက်ခုံးပင့် လိုက်ပြီး၊ လရောင် ရေစင် ဓား၏၊ ဒဿမမြောက် ဓားကို ထုတ်ဖော် လိုက်သည်။
“ ကောင်းကင်က တိမ်တိုက် တေွကို ဖြိုခွဲမယ်။ ”
တိုက်ပွဲဝင် စိတ်များ၊ တဖွားဖွား ပေါက်ပွား လာပြီး၊ အပြာရောင် မိုးကြိုး စပါးအုံး မြွေကို ခုတ်ချ လိုက်၏။
ရေကန် ကြီးမှာ ရုတ်တရက် ပေါက်ကွဲ သွားပြီး၊ လင်းယွန် ထံမှ အကန့် အသတ် မဲ့သော ဓား ရောင်ဝါကြီး ထွက်လာကာ၊ လေနှင့် ရေ ပေါင်းစပ် ထားသော ‘ရေလေ ဆင်နှာမောင်း’ တစ်ခုအား၊ ဖန်တီး ပစ်လိုက် သည်။
ရေလေ ဆင်နှာမောင်း အောက်တွင်၊ ကောင်းကင် ကြီးက ပြိုကျ မတက် တုန်ယင် လာ၏။
ကြောက်မက်ဖွယ် ကောင်းသော ရှန်ရှင်း ဓားသည်၊ ချဉ်းကပ် လာသော အုပ်စိုးရှင် သားရဲ ကြီးကို၊ နောက်ပြန် တွန်းထုတ် လိုက်တော့ သည်။
နောက် တစက္ကန့် အတွင်း မှာပင်၊ နှစ်ယောက်သား ထိပ်တိုက် တွေ့ဆုံ မှုပေါင်း များစွာ၊ ဖလှယ်လိုက် ကြသည်။
ရေပြင်မှာ လှိုင်းထန် နေခဲ့ပြီး၊ လျှပ်စီးနှင့် ဓား ရောင်ဝါများ တွန်းထိုး ရိုက်ခတ် နေတော့ ၏။
မူလ စွမ်းအင်များ ကုန်ဆုံး လာသဖြင့်၊ လှိုင်းခုံး ထိပ်တွင် တပ်ရပ်ကာ၊ သွေးတစ်လုတ် အန်ချ လိုက်ရ သည်။
ပြီးနောက် ခေါင်းမော့ ကြည့်လိုက်ရာ၊ အပြာရောင် မိုးကြိုး စပါးအုံး မြွေကြီးမှာ၊ လွင့်စင် ပြုတ်ကျ သွား၏။
အကြေးခွံ များစွာ ကျွတ်ထွက် ကုန်ပြီး၊ တစ်ကိုယ်လုံး ဒဏ်ရာ များဖြင့်၊ ဖုံးလွှမ်း နေပေသည်။
မည်သို့ ပင်ဆို စေကာမူ၊ ၎င်းသားရဲမှာ ငြိမ်သက် သွားခြင်း မရှိဘဲ၊ ချက်ချင်း ပြန်လည် အားယူလာ ပြန်သည်။
ယခု အချိန်ထိ ဘတစ်ပြန် ကျား တစ်ပြန် အပြန်ပြန် လှန်လှန်၊ ထိပ်တိုက် ရင်ဆိုင် နေကြ သော်လည်း၊ အဆုံးတွင် မူလ စွမ်းအင် ကုန်ဆုံး သွားကြောင့်၊ လင်းယွန်မှာ ရှုံးနိမ့် သွားသည်ဟု၊ အဓိပ္ပါယ် ရလေသည်။
“ ဒီခွေး ကောင်ရဲ့ အရေ ပြားက ထူလွန်း တယ်။ ”
လင်းယွန်က ချက်ချင်း လှည့်ပြေးကာ၊ ကျိန်ဆဲ လိုက်သည်။ အသက်ရှူ နိုင်သ၍ အညံ့ ခံမည် မဟုတ်ပေ။
အပြာရောင် မိုးကြိုး စပါးအုံး မြွေကြီးက၊ လှည့်ပတ် ရှာဖွေ ပြီးနောက်၊ ခြေကုန် သုတ်နေသော လင်းယွန် နောက်ကျောကို ကြည့်ကာ၊ လျောတိုက် ပြေးလိုက် လာခဲ့သည်။
ပြေးလမ်းကြောင်း အဆုံးသို့ မျော်ကြည့် လိုက်ရာ၊ ကမ်းနှင့် မီတာ ထောင်ဂဏန်း မျှသာ ကွာဝေး တော့ကြောင်း၊ လင်းယွန်က သတိ ထားမိ သွား သည်။
ကုန်ပေါ်၌ အပြာရောင် မိုးကြိုး စပါးအုံး မြွေကြီးမှာ၊ ပို၍ နှေးကွေး နိုင်ပေမည်။
သို့သော် မူလ စွမ်းအင်များ ကုန်ဆုံး သွားကာ၊ ဒဏ်ရာများ ရရှိ နေခြင်းကြောင့်၊ ထင်သလောက် ခရီး မပေါက် ခဲ့ပေ။
ထိုအချိန်တွင် ရင်းနှီး လွန်းသော အငွေ့ အသက် များ ရရှိ လာကာ၊ နားဝင် ချို လွန်းသည့်၊ လှောင်ပြောင် ရယ်မောသံ တစ်သံ ကြားလိုက် ရသည်။
“ ဟီး ... ဟစ် ဟစ် ။ ”
ကြက်သွေးရောင် အလင်းတန်း တစ်စ၊ လေထုကို ဖြတ်ပျံ လာသည်အား၊ တွေ့လိုက် ရသည်။
“ လူ မိုက် ... ။ ”
နှိမ့်ချ ငုံ့ကြည့် လာသော နဂါး လေးအား ရှက်ရွံ့ စွာဖြင့်၊ ပြုံးရယ် ပြလိုက် တော့ ၏။
***