← Chapters

လင်းယွန် ပြန်လာပြီ။

Vol. 36 Ch. 504

လင်းယွန် ပြန်လာပြီ။

Vol. 36 Ch. 504

အပြာရောင် မိုးကြိုး စပါးအုံး မြွေနှင့်၊ နဂါးသွေးမြင်း တို့၏ ရန်ပွဲမှာ၊ သွေးရိုး တောင်ထွတ်ကြီး တစ်ခုလုံး ကိုပင်၊ သိမ့်သိမ့် ခါလာ စေသည်။

ယခု အချိန်တွင် နဂါးလေးမှာ၊ မြင်းပုံစံသို့ ပြန်လည် ရောက်ရှိ သွားပြီး၊ ဒဏ်ရာ များဖြင့် ပြည့်နှက် နေ ခဲ့၏။

၎င်း၏ အရှိန် အဝါ သည်လည်း၊ အလွန် အားနည်း လိုက်လာသည်။ သို့သော် လင်းယွန် ပြန်လာမည့် အချိန်ကို၊ စောင့်မျှော် နေဆဲ ပေပင်။

အခွင့် အရေး ရချိန်တိုင်း၊ လျင်မြန် လွန်းသော အရှိန်ကို အားကိုးကာ၊ စပါးအုံး မြွေကြီးထံ ပြေးဝင် ကိုက်ခဲ နေတက်သည်။

စပါးအုံး မြွေမှာ ကြမ်းတမ်းဆဲ ဖြစ်သော်လည်း၊ ၎င်း၏ အမြီးတွင် ဒဏ်ရာ များဖြင့် ပြည့်နှက် နေပေသည်။

နဂါးသွေး မြင်းက သူ၏ အားနည်း ချက်အား၊ ဖမ်းယူ ထားသော ကြောင့်၊ မည်မျှ ဒေါသ ဖြစ်ရ မည်ကို၊ တွေးကြည့် နိုင်သည်။

“ ဒီ လူမိုက် …။ ”

လင်းယွန်က ၎င်းမြင်ကွင်းကို မြင်သော အခါ ပြုံးလိုက် သည်။ နဂါးသွေးမြင်း အနေဖြင့်၊ ဤမျှ အထိ တွန်းအား ပေးနိုင် မည်ဟု မထင် ထားမိ ပေ။

သူ့ အတွက်သာ မဟုတ်သော်၊ ထွက်ပြေး ပြီးသား ဖြစ်မည်မှာ သေချာသည်။

စပါးအုံး မြွေကြီးမှာ ရေကန်ထဲမှ ထွက်လာ ပြီးနောက်၊ ယခင် အချိန် များထက်၊ အများကြီး အားနည်း သွားသည်။

“ အဆုံး သတ်ရအောင် ... ။ ”

ရှန်ရှင်း ဓားကို ထုတ်လွှတ် လိုက်စဉ်၊ ပြုံးကာ ဆိုလိုက်၏။ ဓားအော်သံ တစ်သံ ထွက်ပေါ် လာပြီး ပတ်ဝန်း ကျင်ရှိ၊ သစ်ပင်များ ပြိုကျ လာသည်။

တစ်ချိန် တည်းမှာပဲ နဂါးသွေး မြင်း နောက်ကို၊ လိုက်ဖမ်း နေသော အပြာရောင် စပါးအုံး မြွေကြီးက၊ လင်းယွန်အား လှည့်ကြည့် လိုက်သည်။

ပြီး ကြမ်းကြုတ်သော နတ်ဆိုး အငွေ့ အသက်ကို ထုတ်လွှတ်ကာ၊ ခေါင်းမော့ အော်ဟစ် လိုက်၏။

“ ရန်ငြိုးကို ဘယ်လို ထိန်းထား ရမယ် ဆိုတာ ...၊ တကယ် သိတာပဲ။ ”

လင်းယွန်က ပြုံးမိ၏။ စပါးအုံး မြွေမှာ၊ သူ့ကို အလွယ် တကူ ဖိနှိပ် နိုင်သူ အဖြစ်၊ ထင်နေ သေးပေ သည်။

ရေကန် ထဲတွင် စပါးအုံး မြွေက၊ သူ့အား လိုက်ဖမ်း နေသည့်၊ မြင်ကွင်း များကို ပြန်သတိ ရသွားပြီး၊ ဒေါသများ ပြည့်နှက် လာသည်။

ဒါန်တမ်ရှိ ခရမ်ရောင် ပန်းမှာ ပွင့်လာပြီး၊ အပ်စိုက်မှတ် များကို ဖြတ်ကာ၊ ငွေရောင် ဓား စွမ်းအင် များအား၊ မြောက်များစွာ ထုတ်လွှတ် ပေးလိုက် ၏။

တစ်ချိန်တည်း မှာပင်၊ စပါးအုံး မြွေ၏ ခရမ်းရောင် နန်းတော် နယ်မြေ ရောင်ဝါကို ချေမှုန်းရန်၊ သူ့ခန္ဓာ ကိုယ်မှ ပြေးထွက် သွားသည်။

အသွင်ပြောင်း သွားသော လင်းယွန်၏ အရှိန် အဝါကြောင့်၊ စပါးအုံး မြွေကြီးမှာ ထိတ်လန့် သွားပြီး တုံ့ဆိုင်း မနေဘဲ၊ ရေကန် ထဲသို့ ပြန်လှည့် ပြေးတော့ သည်။

“ အခု ပြေးချင် လို့လား နောက်ကျ သွားပြီ …။ ”

ပန်း သင်္ချိုင်း ဓားကို ဆင့်ခေါ်ကာ၊ အားယူ လိုက်၏။ ကောင်းကင် တစ်ခုလုံး၊ ချက်ချင်း မည်းမှောင် သွားပြီး၊ တိမ်တိုက်များ အတွင်း၊ လျှပ်စီးများ လက်လာ တော့သည်။

“ မိုးကြိုး ”

မိုးကုတ် စက်ဝိုင်းကို ဖြတ်ကာ၊ လျှပ်စီးကြောင်း တစ်ခု ဖြတ်ကျ လာ၏။ ပြီးနောက် စပါးအုံး မြွေအား နှစ်ခြမ်း ခွဲ ပစ်လိုက် လေသည်။

ပန်းသင်္ချိုင်း ဓားကို ရုတ်သိမ်းကာ၊ မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လိုက်သည်။

စပါးအုံး မြွေ၏ အလောင်းမှာ၊ မြေပြင် ပေါ်သို့ ပြုတ်ကျ လာချိန်၌၊ ညာလက်ကို ဝှေ့ယမ်းကာ၊ သားရဲ အမြုတေအား ထုတ်ယူ လိုက်သည်။

သားရဲ အမြုတေမှာ အပြာရောင် ဖြစ်ပြီး၊ ယင်းထံမှ သိပ်သည်းသော မီးစွမ်းအင် များကို ခံစား နိုင်သည်။

တစ်ချိန်တည်း မှာပင် သားရဲ အမြုတေ အတွင်းမှ၊ တုန်လှုပ် ချောက်ချား ဖွယ်ရာ ဖိအား တစ်ခုအား၊ ထုတ်လွှတ် လာခဲ့၏။

၎င်းတွင် ပါရှိသော ဝိညာဉ် စွမ်းအင်သည် ထိတ်လန့်ဖွယ် ကောင်းလွန်း ပေသည်။

သို့သော် လင်းယွန်မှာ၊ ခရမ်းရောင် နန်းတော် နယ်မြေကို ရောက်ရှိ နေပြီ ဖြစ်ရာ၊ မလိုအပ် တော့ချေ။ သူ့ကို စိုက်ကြည့် နေသော နဂါး လေးထံ မော့ကြည့် လိုက်သည်။

“ ရော့ ... ။ ”

သားရဲ အမြုတေကို ပစ်ပေးကာ ပြုံးလိုက် ၏။ အမြုတေ အပြင် စပါးအုံး မြွေ၏ အခြားသော အစိတ် အပိုင်းများ သည်လည်း၊ ရတနာ အဖြစ် သတ်မှတ် နိုင်သည်။

အကြေးခွံ များတွင် သန့်စင်သည့် မီးစွမ်း အင်များ ပါရှိ သာကြောင့်၊ ချပ်ဝတ် တန်ဆာ ပြုလုပ် ရန် အတွက်၊ မြင့်မားသော ဈေးဖြင့် ရောင်းချ နိုင်မည် ဖြစ်သည်။

သည်းခြေ ကိုလည်း စျေးကောင်း ပေးတက် ၏။ အသား အတွက်မူ စားကောင်း သောက်ဖွယ် ဟုသာ မှတ်ယူ နိုင်သည်။

တန်ဖိုး အရှိဆုံး အရာမှာ လျှပ်စီး စွမ်းအင်များ ပါရှိသော ဦးချို ဖြစ်သည်။ ၎င်းအား လျှပ်စီး စွမ်းအင်ကို ထိန်းချုပ်ထား နိုင်သည့်၊ လှံအဖြစ် ပြောင်းလဲ နိုင်သည်။

ရတနာ များကို စုဆောင်း ပြီးနောက်၊ မြေပြင် ပေါ်တွင် ထိုင်ချ လိုက်သည်။ ယခု လောလော ဆယ်တွင် နဂါသွေး မြင်းမှာ၊ သားရဲ အမြုတေ ကို သန့်စင် နေပြီး၊ အရှိန် အဝါများ တဖြည်းဖြည်း မြင့်တက် လာခဲ့သည်။

အောင်မြင်မှု ရယူ တော့မည့် လက္ခဏာများ ပြသ လာ၏။ နောက်ဆုံးတွင်၊ အပြာရောင် မိုးကြိုး စပါးအုံး မြွေသည်၊ အလယ် အလတ် ယင် အဆင့်ရှိ၊ အုပ်စိုးရှင် သားရဲ တစ်ကောင် ဖြစ်လေသည်။

ရာစုနှစ် များစွာ ကြာအောင် နေထိုင် နိုင်ခဲ့ သောကြောင့်၊ ၎င်း၏ အမြုတေကို သန့်စင် ခြင်းဖြင့်၊ အောင်မြင်မှု တစ်ခု ပြုလုပ် ရာတွင် အထောက် အကူ ဖြစ်စေမည် ဖြစ်သည်။

“ လျူယွမ်ယန်တို့ ဘယ်ရောက် နေလဲ ကြည့်ရအောင် ... ။ ”

အပြာရောင် မီးကြာပန်းကို ထုတ်ယူကာ၊ သူ့ လက်ထဲ၌ စော့ကစားလျက်၊ အတွေးထဲ နစ်မျော သွား၏။ သူသေ ပြီဟု သူမတို့ ယူဆထား ကြပေမည်။

လျူယွမ်ယန် အတွက် အဆင်ပြေ သော်လည်း၊ ဘိုင်ရီမှာ ငိုကြွေး နေနိုင်သည်။

ထို့ကြောင့် လှေပေါ် မတက်ခင် အမှီ လိုက်ရ ပေမည်။ နောက်ဆုံးတွင် လှေထွက် သွားပါက၊ သူ ဒုက္ခ ဖြစ်ပေ လိမ့်မည်။

ထို့ပြင် လျူယွမ်ယန်ကို ကြာပန်းများ ယူဆောင် လာမည်ဟု ကတိပေး ထားခဲ့သည်။

နဂါးသွေး မြင်းမှာ၊ အလွယ် တကူ လိုက်လာ နိုင် သောကြောင့် ထားခဲ့ ခြင်းဖြင့်၊ ပြဿနာ မဖြစ် နိုင်ပေ။

ဤသို့ဖြင့် ညက တဖြည်းဖြည်း ကုန်ဆုံး သွားခဲ့ သည်။

မျက်နှာ ညိုးငယ်သော အသွင်ဖြင့်၊ တောအုပ်ကို ဖြတ်လျှောက် သွားနေသည့်၊ လူတစ်စု ရှိနေသည်။

အဖွဲ့ကို ဦးဆောင်ထား သူမှာ၊ အေးစက်သော မျက်နှာနှင့်၊ အမျိုး သမီး တစ်ဦး ဖြစ်၏။ ထိုသူမှာ သဘာဝ အတိုင်း လျူယွမ်ယန် ဖြစ်သည်။

“ စီနီယာ အစ်မ၊ ဒါ ပထမ ဦးဆုံး စခန်းချ ခဲ့တဲ့ နေရာ …။ ”

ဘိုင်ရီက စခန်း ချရာ အရပ်သို့၊ ရုတ်တရက် ညွှန်ပြ လိုက်၏။ ဆိုလို သည်မှာ သွေးရိုး တောင်ကုန်း နယ်မြေမှ ထွက်ခွာရန်၊ အချိန် ကြာမြင့် တော့မည် မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။

လက်ဗလာဖြင့် ပြန်လာ ရသည်ကို၊ စဉ်းစား မိသဖြင့်၊ လျူယွမ်ယန် တစ်ယောက် စိတ်ပျက် ခြင်းငှာ၊ မထိန်း နိုင်ဘဲ ဖြစ်နေသည်။

ထိုညက လုစီယင်ကို လင်းယွန်က မည်ကဲ့သို့ အပြစ်ပေး သည်အား သူမ မတွေးဘဲ၊ မနေနိုင် တော့ပေ။

လင်းယွန်၏ နည်းလမ်း များမှာ၊ ရက်စက် ကြမ်းကြုတ်ပြီး လုစီယင် အပေါ်၊ မိန်းမသား အဖြစ် ငှဲ့ညှာခြင်း မရှိ ခဲ့ပေ။ သို့သော် ... ။

လျူယွမ်ယန်က ခေါင်းခါ လိုက်သည်။ လင်းယွန်၏ လုပ်ရပ် အပေါ်၊ နားမလည် နိုင်ခဲ့ ပေ။ အန္တရာယ် ဖြစ်မည်ကို ရှင်းရှင်း လင်းလင်း သိထား သော်လည်း၊ မီးကြာပန်း နောက်သို့ လိုက်သွား ခဲ့သည်။

သူမ ခေါင်းမော့ကာ၊ ပြန်လှည့် ကြည့်လိုက် ချိန်တွင်၊ ဘိုင်ရီ တစ်ယောက် စခန်းကို ကြောင်တက်တက် စိုက်ကြည့် နေသည်အား၊ တွေ့လိုက် ရသည်။

လျူယွမ်ယန်၏ အမူ အရာမှာ၊ ပျော့ပြောင်း လာပြီး၊

“ သခင်မလေး၊ သိပ်ပြီး စဉ်းစား မနေ ပါနဲ့ ...။ ”

လင်းယွန်မှာ သေဆုံး သွားခဲ့ပြီ ဖြစ်ရာ၊ အလွန် အကျွံ တွေးခြင်းသည် နှိပ်စက် ညှဉ်းပန်းရာ ရောက်ပြီး၊ သူမကို ပို၍ပင် ခံစား ရစေမည် ဖြစ်သည်။

“ အစ်မကြီး၊ အစ်ကိုလင်း ပြန်လာ နိုင်မယ် ထင်လား။ ”

လျူယွမ်ယန်က အံ့အားသင့် သွားသည်။ မည်သို့ ပြန်ဖြေ ရမည်ကို မသိ သောကြောင့်၊ ခါးသက်စွာ ပြုံးပြီး၊ တိတ်ဆိတ် နေခဲ့သည်။

အခြားသော တပည့်များ သည်လည်း၊ ပျက်ယွင်းသော မျက်နှာဖြင့်၊ ငြိမ်သက် ကုန်ကြ သည်။

သူတို့ အနေဖြင့်၊ လင်းယွန် အပေါ် လေးစား မှုများ ပြည့်နှက် နေသော်လည်း၊ ဘိုင်ရီ မေးခွန်း အတွက် အဖြေ မရှိ ကြပေ။

ထိုအရာမှာ အပြာရောင် မိုးကြိုး စပါးအုံးမြွေ ပေပင်။

“ စီနီယာ အစ်မ၊ အစ်ကိုလင်း သေချာပေါက် ပြန်လာ လိမ့်မယ်လို့ ငါယုံတယ်။ ”

ဘိုင်ရီက ပြုံးကာ ဆိုလိုက်သည်။

“ မိုက်မဲတဲ့ ကောင်မလေး။ ”

လျူယွမ်ယန်က နူးညံ့သော မျက်ဝန်း များဖြင့် ပြုံးလိုက် သည်။

“ ငါ မိုက်မဲ နေတာ မဟုတ်ဘူး၊ အစ်ကိုလင်း ပြန်လာမယ် ဆိုတာကို ငါသိ နေတာပါ။ ”

“ အိုး ... စိတ်ဝင်စားဖို့ ကောင်းလိုက်တာ … မင်းတို့ ကောင်းကင် ပြည်နယ် အကယ်ဒမီက၊ ပန်းသင်္ချိုင်းကို အသက်ရှင် နေသေး တယ်လို့ ယုံကြည် နေတုန်း ပါလား။ ”

ရုတ်တရက် စကားသံ နှင့်အတူ၊ လူသုံးယောက် ကောင်းကင်မှ ဆင်သက် လာခဲ့သည်။

၎င်းတို့မှာ ပန်ယွဲ့၊ ဟန်ဖိန်နှင့် ရီကန်မင်တို့ ဖြစ်သည်။ သူတို့ နောက်တွင် သွေးတောင်ပံ ခန်းမနှင့်၊ သဏ္ဍာန် သုံးပါး စံအိမ်၏ တပည့်များ၊ လိုက်ပါ လာ၏။

သူတို့က လောလော ဆယ်တွင် ကောင်းကင် ပြည်နယ် အကယ် ဒမီပေါ်၊ မျက်စိ ကျနေ မိသည်။

“ ပန်ယွဲ့ ... ။ ”

ကောင်းကင် ပြည်နယ် အကယ်ဒမီ အဖွဲ့သား များမှာ ချက်ချင်း သတိရှိ လာသည်။

လျူယွမ်ယန်က ဘိုင်ရီကို သူ့နောက် ဆွဲယူ လိုက်ပြီး၊ ‘ဒါက ဘာ အဓိပ္ပာယ်လဲ’ ဟု မေးလိုက် သည်။

“ ဘာမှ မဟုတ် ပါဘူး၊ လင်းယွန်ကြောင့် ငါတို့ရဲ့ မီးကြာပန်း တွေကို ဆုံးရှုံး ခဲ့ရတယ်၊ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်း မလို့ပါ။ ”

ရီကန်မင်က ကောက်ကျစ်သော အပြုံးဖြင့် ဖြေကြား ခဲ့သည်။

“ သဏ္ဍာန် သုံးပါး စံအိမ်နဲ့ သွေးတောင်ပံ ခန်းမက၊ လမ်းလွဲ ကျင့်ကြံ သူနဲ့ ပေါင်းပြီး အလုပ်လုပ် ရလောက်အောင်၊ ဘယ်အချိန် ကတည်းက နိမ့်ကျသွား ရတာလဲ။ ”

လျူယွမ်ယန်က မေးခွန်း ထုတ်သည်။

“ လျူယွမ်ယန် အဓိပ္ပါယ် မရှိ တာတွေ ပြောမနေ နဲ့၊ လင်းယွန် ကြောင့်သာ မဟုတ်ရင် ဒီလောက်ထိ ဆုံးရှုံး ရမှာ မဟုတ်ဘူး၊ မင်းတို့ရဲ့ သိုလှောင်အိတ် တွေကို ချန်ထားခဲ့ ...၊ ဒီလိုမှ မဟုတ်ရင်၊ ဒီနေ့ ဒီနေရာ ကနေ၊ မင်းတို့ ဘယ်သူမှ ထွက်ခွာ နိုင်မှာ မဟုတ်ဘူး။ ”

ဟန်ဖိန်က လာရသော ရည်ရွယ် ချက်ကို ထုတ်ပြော လိုက်သည်။

“ အိပ်မက်မက် မနေနဲ့။ ”

လျူယွမ်ယန်က သတ်ဖြတ် လိုသော ဆန္ဒကို ထုတ်လွှတ်ပြီး၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့် များထံ အချက်ပြ လိုက်သည်။

“ လျူယွမ်ယန်၊ မင်း သေချာ စဉ်းစားဖို့ ငါအကြံ ပေးချင်တယ်၊ ဆုံးဖြတ်ချက် မချခင် မင်းရဲ့ ပတ်ဝန်း ကျင်ကို၊ အရင် ကြည့်စမ်းပါ။ ”

ပန်ယွဲ့က သူ့နှုတ်ခမ်း ပေါ်တွင်၊ ဟန်ဆောင် အပြုံး တစ်ပွင့် တင်ကာ ပြောသည်။

သူ၏ သတိပေး စကားကြောင့်၊ လျူယွမ်ယန်နှင့် အဖွဲ့သား များမှာ၊ ပတ်ပတ် လည်ရှိ၊ မရေ မတွက် နိုင်သော ကြက်သွေးရောင် မျက်လုံး များအား၊ သတိ ထားမိ လိုက်သည်။

“ သံမဏိ ကြွက်သားရဲ။ ”

“ လာပြန်ပြီ၊ ငါတို့ ကံဆိုး တာပဲ။ ”

ကောင်း ကင် ပြည်နယ် အကယ်ဒမီ၏ တပည့်များ မျက်နှာမှာ ပြောင်းလဲ သွားသည်။

“ အစ်မ၊ သူတို့နဲ့ တိုက်ကြ ရအောင်၊ အရမ်း လွန်းနေပြီ။ "

သွေးတောင်ပံ ခန်းမသည်၊ အလားတူ လှည့်ကွက် မျိုးကို ထပ်မံ အသုံး ပြုခဲ့ သဖြင့်၊ လျူယွမ်ယန်က အံ့သြ သွားမိ သည်။

“ လျူယွမ်ယန် ...၊ မင်းရဲ့ လက်ရှိ အခြေ အနေ တွေကို အခု နားလည် ပြီလား၊ ဒီနေ့ မင်းသေ မလား ဆိုတာ... ၊ ဘယ်သူ သိမှာလဲ။ ”

ပန်ယွဲ့က ကောက်ကျစ်သော လေသံဖြင့် ပြုံးကာ၊ ခြိမ်းခြောက် လိုက်သည်။

“ အရေ မရ အဖက် မရ တွေကို ပြောမနေ စမ်းနဲ့၊ ငါ့ရဲ့ သည်းခံ နိုင်မှုက အကန့် အသတ် ရှိတယ်။ ”

-ဟု ရီကန်မင်က ဒေါသတကြီး အော်ဟစ် လိုက်သည်။

ထို့ကြောင့် သွေးတောင်ပံ ခန်းမနှင့်၊ သဏ္ဍာန် သုံးပါး စံအိမ်၏ တပည့် များက၊ လက်နက်များ ဆွဲထုတ်ကာ၊ ရှေ့တိုး လာခဲ့ ကြသည်။

တစ်ချိန်တည်း မှာပင်၊ ကြွက်သားရဲ များမှာလည်း ကျယ်လောင်သော ဟောက်သံကို ထုတ်လွှတ် လာ၏။

သူတို့က အရာ အားလုံး အပေါ်၊ ဟာကွက် မရှိအောင် စီစဉ် ထားသော ကြောင့်၊ ကောင်းကင် ပြည်နယ် အကယ်ဒမီမှ၊ လက်တုံ့ ပြန်ရန် နည်းလမ်း ရှာမတွေ့ သေးပေ။

" မင်းတို့က ဘာလို့ တခြား သူတွေကို ရှာနေ ရတာလဲ၊ ပန်းသင်္ချိုင်း ဆိုတဲ့ ငါက၊ မင်းတို့ ဒေါသ ဖြစ်ရတဲ့ အကြောင်း အရင်း ဆိုတော့ ...၊ ငါ့ကို ရှာမယ် မဟုတ်လား။ ”

ဤအခိုက် အတန့်တွင် အေးစက်သော အသံ တစ်သံ၊ ရုတ်တရက် ထွက်ပေါ် လာသည်။

ပန်ယွဲ့၊ ရီကန်မင်နှင့် ဟန်ဖိန် တို့မှာ အဆိုပါ စကား သံကြောင့်၊ ချာခနဲ့ လှည့်ကြည့် လိုက်၏။

ဖြည်းညှင်းစွာ ချဉ်းကပ်လာ နေသော ကြက်သွေးရောင် မြင်းပေါ်မှ လူငယ် တစ်ဦး ၏ အသွင်က၊ သူတို့ကို အံ့အား သင့်သွား စေသည်။

ထိုမြင်းစီး လူငယ်မှာ၊ ဓားသေတ္တာ တစ်လုံးကို ပိုးလွယ် ထားပြီး၊ နဖူး ပေါ်ရှိ၊ ခရမ်းရောင် အမှတ် အသား အရ၊ လင်းယွန်ဟု သက်သေ ခံနေ ပေသည်။

“ မဖြစ် နိုင်ဘူး။ ”

သုံးယောက်သား လွန်စွာ ထိတ်လန့် တုန်လှုပ် သွားကြ လေသည်။

***

All Chapters