← Chapters

ငါ ကတိ တည်တယ်။

Vol. 37 Ch. 505

ငါ ကတိ တည်တယ်။

Vol. 37 Ch. 505

ကြက်သွေးရောင် မြင်းပေါ်မှ လူငယ်က ပြုံးလျက်၊ ဖြည်းညှင်းစွာ ချဉ်းကပ် လာသည်။

ထိုမြင်းစီး လူငယ်မှာ၊ ဓားသေတ္တာ တစ်လုံးကို ပိုးလွယ် ထားပြီး၊ နဖူး ပေါ်ရှိ၊ ခရမ်းရောင် အမှတ် အသား အရ၊ လင်းယွန်ဟု သက်သေ ခံနေ ပေ၏။

“ မဖြစ် နိုင်ဘူး။ ”

သုံးယောက်သား လွန်စွာ ထိတ်လန့် တုန်လှုပ် သွားကြ လေသည်။

ပန်ယွဲ့၊ ဟန်ဖိန်နှင့် ရီကန်မင် သာမက၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ တပည့်များ သည်လည်း၊ မယုံကြည်နိုင် ဖြစ်လာ စေသည်။

မီးကြာပန်း များကို ခူးဆွတ် ပြီးနောက်၊ ဆန့်ကျင် ဘက်သို့ မပြေးမီ၊ လင်းယွန်အား အပြာရောင် မိုးကြိုး စပါးအုံး မြွေမှ၊ အမြီးဖြင့်၊ ရိုက်လွှတ် လိုက်မိ သည်အား၊ သူတို့ အားလုံး မြင်ခဲ့ ရသည်။

ထိုအချိန်တွင်၊ လျူယွမ်ယန်နှင့်် အခြား သူများ မထိခိုက် စေရန် အတွက်၊ စပါးအုံး မြွေကို တပါးသော အရပ် ဆီသို့၊ ဆွဲဆောင်ရန် ကြိုးစား နေသည်မှာ ထင်ရှားသည်။

ခရမ်းရောင် နန်းတော် တစ်ပိုင်း မျှသာ ဖြစ်သော တစ်စုံ တစ်ယောက်သည်၊ အလယ် အလတ် ယင်အဆင့်၊ အုပ်စိုးရှင် သားရဲ လက်မှ လွတ်မြောက် ရန်မှာ မဖြစ် နိုင်ပေ။

သို့သော် ယခု သူတို့ ရှေ့၌ ပေါ်လာပြီး၊ ဖြစ်နိုင် သည်ဟု သက်သေပြ နေသည်။

“ အစ်ကို လင်း၊ မင်းလာမယ် ဆိုတာ ငါသိတယ်။ ”

ဘိုင်ရီက ဝမ်းသာ အားရ အော်ဟစ် လိုက်သည်။ ကောင်းကင် ပြည်နယ်၏ တပည့် များ ပင်လျှင်၊ စိတ်လှုပ်ရှား လာတော့ သည်။

“ ပန်းသင်္ချိုင်း၊ လင်းယွန်။ ”

“ တကယ်ပဲ သူ လွတ်မြောက် ခဲ့တယ်၊ အိုး ... ရှစ်ထ်။ ”

“ မင်း တကယ် အသက်ရှင် နေတာလား။ ”

“ သူတို့က လက်စား ချေချင် နေမှတော့ ... ငါ ဘယ်လိုလုပ် စိတ်ဖြောင့်ဖြောင့် သေနိုင် မှာလဲ။ ”

လျူယွမ်ယန်၏ မေးခွန်းကို ၊ နဂါးသွေး မြင်း လည်တိုင်အား ပွတ်သပ် နေလျက်ဖြင့်၊ လင်းယွန်က ပြန်ဖြေသည်။

ထို့နောက် ပန်ယွဲ့တို့ သုံးဦးကို၊ ရယ်မောသော အကြည့်ဖြင့် ပြန်ကြည့် လိုက်သည်။

ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်သွားသော ထိုသုံးယောက် လုံး၏ မျက်နှာမှာ ဖြူဖျော့ သွားကြ သည်။

ရေကန် ထဲရှိ တိုက်ပွဲ အကြောင်း ပြောရ ပါလျှင်၊ လင်းယွန်၏ ဓားရေး အပေါ်၊ ထိတ်လန့် နေတုန်း ပေပင်။

“ ဘယ်သူက ငါ့ကို လက်စား ချေချင် နေတာလဲ။ ”

လင်းယွင်က မျက်ခုံးပင့် တင်ကာ ပြုံးပြီး မေးလိုက် သည်။ သုံးယောက်သား လက်ရှိ အကျပ် အတည်း အတွင်းမှ မည်သို့၊ ရုန်းထွက် ရမည်မှန်း မသိတော့ သဖြင့်၊ အံကြိတ် လိုက်မိ ၏။

“ ငါပဲ၊ မင်းကိုယ် မင်း အရမ်း၊ သန်မာတယ် ထင်နေ လား ဟမ့် ... ။ ”

နောက်ဆုံးတွင် သူ့ဗီဇ အရ၊ ၎င်းအခြေ အနေကို သည်းမခံ နိုင်တော့ ဟန်ဖြင့်၊ ရီကန်မင်က ရှေ့တစ်လှမ်း တိုးလျက် ဆိုသည်။

ကြွက်တစ်ကောင်ပင် ခေျာင် ပိတ်ရိုက် ပါက၊ ပြန်ကိုက် ပေလိမ့်မည်။

“ လင်းယွန်၊ အများကြီး မစဉ်း စားနဲ့၊ မဟုတ်လို့ ငါသေ ရရင်တောင်၊ မင်းကို လွယ်လွယ် ကူကူ ထားခဲ့မှာ မဟုတ်ဘူး။ ”

လေလွင့် သိုင်းသမား တစ်ဦး ဖြစ်သည်နှင့် အညီ၊ သဘာဝ အတိုင်း ဘဝနေ နည်းကို သူသိ သည်။

ဤအခြေ အနေ၌၊ ဂိုဏ်း တစ်ဂိုဏ်း၏ သားတပည့် များက၊ သူကဲ့သို့ ခေါင်းမာ ရဲမည် မဟုတ်ပေ။ ထို့အတူ ၎င်တို့ အနေဖြင့်၊ သတ်ဖြတ် ခြင်းကို တက်နိုင် သမျှ၊ ဆင်ခြင် ကြ လေသည်။

သို့သော် သူရင်ဆိုင် နေရ သူမှာ၊ လင်းယွန် ဖြစ်သည်။ ထို့ကြောင့် စကားဆုံး သည်နှင့်၊ မျက်ခုံး အလယ် တည့်တည့်မှ သွေးများ စီးကျ လာတော့၏။

လင်းယွန် လက်ထဲ၌ ပန်း သင်္ချိုင်း ဓား ရောက်ရှိ နေပြီး၊ ဓားဖျားမှ သွေးများ မြေပြင် ပေါ်သို့ စီးကျ နေပေသည်။

“ ပလောက် ...၊ ပလောက် ... ။ ”

အသံမှာ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ တိတ်ဆိတ် သွားသော ပတ်ဝန်း ကျင်ကြောင့်၊ လူတိုင်း ကြားနေ ရ၏။

ဓားမှာ မြန်လွန်း သဖြင့်၊ မည်သို့ မည်ပုံ တိုက်ခိုက် လိုက်သည်ကို၊ မသိ ခဲ့ကြပေ။

မျက်စိ ရှေ့မှာပင် ရီကန်မင် မျက်နှာကြီး၊ တအိအိ ပြိုကျ လာပြီး၊ ထက်ခြမ်း ကွဲထွက်သွား လေသည်။

“ ဝေါ့ .... ။ ”

“ အို ရှစ်ထ် ...၊ ရက်စက် လိုက်တာ။ ”

လူအုပ် ကြီးမှာ ရက်စက် လွန်းသော မြင်ကွင်း ကြောင့်၊ သွေးအန် ကုန်ကြသည်။

လွန်ခဲ့သည့် တစ်စက္ကန့် ကပင်၊ လင်းယွန်ကို ခြိမ်းခြောက် နေဆဲ ဖြစ်သော ရီကန်မင်မှာ၊ ငှက်ပျော တုံးကြီး တစ်တုံး ကဲ့သို့၊ ဆန့်ဆန့်ကြီး ငြိမ်သက်သွား လေပြီ။

ခရမ်းရောင် နန်းတော် တစ်ပိုင်း ၌သာ၊ ဆိုပါက အခွင့် အရေး အနည်းငယ် ရှိနိုင် သော်လည်း၊ ကံမကောင်း စွာဖြင့် လင်းယွန်မှာ အသွင်ပြောင်း နေပြီ ဖြစ်သည်။

“ .... ဝှစ်။ ”

ပန်ယွဲ့နှင့် ဟန်ဖိန် တို့က မြေပြင် ပေါ်တွင် ဒူးထောက် လိုက်ကာ၊ ကြောက်ရွံ့ တုန်လှုပ် နေကြ၏။ ထိုဓားဖြင့် ထိပ်တိုက် ရင်ဆိုင်ရန်၊ နည်းလမ်း မရှိ သည်ကို၊ သူတို့ သိသည်။

သို့သော် ဤအခိုက် အတန့်တွင် မြေပြင် တစ်ခုလုံး တုန်ခါ လာကာ၊ ကြမ်းကြုတ်သော အရှိန် အဝါများ တိုးဝင်လာ လေသည်။

ယင်းမှာ နတ်ဆိုး သားရဲ တစ်ကောင်၏ အငွေ့ အသက်မှန်း လူတိုင်း ခန့်မှန်း နိုင်၏။

“ ဒါက ... ။ ”

လျူယွမ်ယန်နှင့်် ကျန်သူ များ၏ မျက်နှာများ ပြောင်းလဲ သွားသည်။

ဒူးထောက် နေသော ပန်ယွဲ့နှင့် ဟန်ဖိန်တို့ နှစ်ယောက် မှာမူ၊ အချင်းချင်း ပြန်ကြည့် လိုက်ကြသည်။

နှလုံးသား ထဲ၌ ကြည်နူးမှု များ၊ ပြည့်နှက် လာပြီး၊

“ အဆုံး သတ်ပဲ။ ”

-ဟု ရေရွတ် လိုက်ကြ၏။

သူတို့ မျက်နှာ ပေါ်ရှိ အကြောက် တရားများ လွင့်စင် သွားပြီး၊ တိုက်ခိုက်ရန် အသင့်ပြင် လိုက်သည်။

လူတိုင်း ရှုပ်ထွေး နေစဉ် မှာပင်၊ သွေးနီရောင် မျက်ဝန်း တစ်စုံဖြင့်၊ ကြီးမား လွန်းသည့် ကြွက်ကြီး တစ်ကောင်၊ တအိအိ ထွက်ပေါ် လာလေသည်။

“ အဲဒါ ဘုရင်ပဲ။ ”

ထို ကြွက်ကြီးက အလယ် အလတ် ယင် အဆင့် တွင်ရှိသော၊ အရှိန် အဝါကို ထုတ်လွှတ် ထားလေ သည်။

၎င်းမှာ ဘုရင် အဆင့် သားရဲ ဖြစ်ပြီး၊ အပြာရောင် မိုးကြိုး စပါးအုံး မြွေထက်၊ များစွာ အားနည်း နေသော်လည်း၊ ဤလူ တစ်စုကို ဖြေရှင်းရန် လုံလောက် ပေသည်။

လင်းယွန်က အနည်းငယ် ငြိမ်သက် သွားသည်။ လင်းရီ ဆိုသော ငတိမှာ၊ ကောင်းကင် ပြည်နယ် အကယ် ဒမီကို တိုက်ခိုက်ရန်၊ သံမဏိ ကြွက်သားရဲ များအား၊ ဆင့်ခေါ် ခဲ့ဖူးသည်။

ယခုတွင် တူညီသော နည်းဗျူဟာကို၊ ထပ်မံ အသုံးပြု နေပြန်၏။

ထိုအချိန်က လင်းယွန် ဖြစ်ခဲ့ ပါမူ၊ ကြွက်ဘုရင်ကို ဖြေရှင်းရန်၊ စိုးရိမ် စရာ ဖြစ်ကောင်း ဖြစ်နိုင် မည်။

“ အဟွန့် .... ။ ”

ကြွက် ဘုရင် ကြီးကို ကြည့်ပြီး၊ လှောင်သံ ပြုလိုက် ၏။ အပြာရောင် မိုးကြိုး စပါးအုံး မြွေပင်၊ သူ့လက်၌ သေဆုံး ရသည် ဖြစ်ရာ၊ ကြွက် တစ်ကောင် အတွက် စာရင်း မရှိခေျ။

ရုတ်တရက် အရှိန် အဝါကို ထုတ်လွှတ် လိုက်ပြီး၊ မီတာ တစ်ထောင် အတွင်းရှိ၊ သစ်ပင် များနှင့် တကွ၊ ကြွက်များ အားလုံး အပေါ်၊ ကြီးမား သော ဖိအား သက်ရောက် စေလိုက် သည်။

သတ်ဖြတ် လိုသော ဆန္ဒများ ကပ်ညိ ပါဝင် နေသည့် ထိုအရှိန် အဝါ ဖိအား အောက်တွင်၊ လူတိုင်း ကြောက်ရွံ့ တုန်လှုပ်သွား ကြ၏။

“ ခရမ်းရောင် နန်းတော် နယ်မြေလား။ ”

ပန်ယွဲ့နှင့် ဟန်ဖိန်မှာ အံ့သြ စိတ်ကြောင့် နစ်မျော သွားသည်။ ခရမ်းရောင် နန်းတော် နယ်ပယ် ကျင့်ကြံသူ တစ်ယောက်၏ အရှိန် အဝါမှာ၊ ဤမျှ အစွမ်းထက် နေစရာ နည်းလမ်း မရှိချေ။

အမည်ခံ အုပ်စိုးရှင် အင်အားစု များ၏ အဓိက တပည့်များ သာလျှင်၊ လင်းယွန်ကို ယှဉ်နိုင် ပေမည်။

လင်းယွန်၏ အရှိန် အဝါကို ခံစား လိုက်ရသော၊ ကြွက်ဘုရင် သည်လည်း ရုန်းကန် စပြု လာသည်။ သို့သော် သူ၏ ရုန်းကန် မှုမှာ၊ ခဏသာ ကြာမြင့် ခဲ့သည်။

“ သေ လိုက် တော့ ....။ ”

ကြွက်ဘုရင်ကို အခွင့် အရေး မပေး တော့ဘဲ၊ ရှန်ရှင်း ဓားဖြင့် ခုတ်ချ လိုက်သည်။

ငွေရောင် ဓားအလင်း များက ရှန်ရှင်း ဓားကို သယ်ဆောင်ကာ၊ ကြွက် ဘုရင်၏ ဦးခေါင်းကို ဖြတ်တောက် ပစ်လိုက် တော့သည်။

ဓားကို ပြန်ရုတ်သိမ်း လိုက်သည့် အချိန်၌၊ ကြွက်ဘုရင်၏ ခေါင်းမှာ၊ နဂါးသွေး မြင်း ခြေရင်းသို့ လှိမ့်ဆင်း သွားသည်။

နဂါးလေးက ရွံ့ရှာ ဟန်ဖြင့်၊ ကြွက်ဘုရင်၏ ခေါင်းပြတ်အား ကျောခိုင်း လိုက်သည်။

“ ပန်းသင်္ချိုင်း ဓား ... ။ ”

လျူယွမ်ယန်က အံ့သြ သွားသည်။ ယင်းသည် ပန်းသင်္ချိုင်း ဓား၏ စွမ်းအား အစစ် ပင်လော။ လုစီယင် ကိုင်ဆွဲ ချိန်၌ သာမာန်ဓား တစ်လက် မှျသာ ဖြစ်ပြီး၊ ယခုနှင့် လုံးလုံး မတူချေ။

“ မ ဟုတ် ဘူး ...။ ”

ပန်ယွဲ့နှင့် ဟန်ဖိန်က ဒူးထောက် နေရာမှ၊ မတ်တပ် ပြန်ရပ် မိရုံ အနေ အထားဖြင့်၊ ချက်ချင်း ထိတ်လန့် သွားပြီး၊ နောက်တစ်ကြိမ် ဒူးထောက် ချလိုက် ပြန်သည်။

ဤတစ်ကြိမ်တွင် လေးလံသော ကျောက်တုံး ကြီးများ ပြုတ်လာ သကဲ့သို့၊ ကျယ်လောင် လွန်းလ၏။

“ ပန်းသင်္ချိုင်း၊ ကျေးဇူး ပြုပြီး ... ငါတို့ အသက်ကို ချမ်းသာ ပေးပါ။ ”

ရှင်သန်ရန် အတွက် အောက်ကျို့ တောင်းပန် နေသော ၎င်းတို့၏ ခေါင်းဆောင် များကြောင့်။ သွေးတောင်ပံ ခန်းမနှင့် သဏ္ဍာန် သုံးပါး စံအိမ်ရှိ၊ အထက် တန်းစား တပည့် များမှာ၊ အဆင် မပြေ ဖြစ် ကုန်ကြသည်။

သူတို့ သည်လည်း ဘဝ အတွက်၊ တောင်းရမ်း သင့်သည်လော။

၎င်းအကျပ် အတည်းကို၊ ဖြေရှင်းရန် နည်းလမ်း မရှိ သောကြောင့်၊ စိတ်အိုက် နေကြ စဉ်မှာပင်၊ လင်းယွန်၏ အကြည့် သက်ဆင်း လာလေရာ၊ တုံ့ဆိုင်း ဝံ့ခြင်း မရှိ တော့ဘဲ၊ ဒူးထောက် လိုက်ရ သည်။

“ ဒုန်း .... ”

လူပေါင်း များစွာ၏ ဒူးနှင့် မြေကြီး ထိသံ ကြောင့်၊ နဂါးသွေးက ကြောက်လန့် သွား ဟန်ဖြင့်၊ နောက်ဆုတ် ပြလိုက် သည်။

ယင်းကို သတိထား လိုက်မိသော ဘိုင်ရီက၊ မချုပ်တည်း ထားနိုင် တော့ဘဲ၊ ‘ခစ် ခနဲ’ ရယ်ချ လိုက်၏။

“ မင်းတို့က လုယက် ရတာကို ကြိုက်ပုံပဲ။ ”

ပန်ယွဲ့နှင့် ဟန်ဖိန် တို့က၊ ခေါင်းပင် မဖော်ရဲ ခဲ့ပေ။

“ ငါလည်း ဒီနည်းလမ်းကို သဘောကျ ပါတယ်။ ”

ပန်ယွဲ့နှင့် ဟန်ဖိန်၏ မျက်နှာ များမှာ၊ ချက်ချင်းပင် ပျက်ယွင်း သွား သော်လည်း၊ သူတို့တွင် ရွေးချယ်ခွင့် မရှိကြောင်း သိပေသည်။

လင်းယွန်ကို မလွန်ဆန် ဝံ့ချေ။ သူ့ ဓားမှာ ဦးနှောက် မပါပေ။ ထို့ကြောင့် ရီကန်မင်နှင့် ကြွက် ဘုရင်လို အဆုံးသတ် သွားနိုင်သည်။

အနည်းငယ် တုံ့ဆိုင်း သွားပြီးနောက်၊ သိုလှောင် အိတ် များကို ထားကာ၊ ခြေသုတ် တင်တော့ သည်။ ဤနတ်ဆိုးနှင့် ဝေးရာ အရပ်တွင်၊ မည်သို့ပင် ဖြစ်ပါစေ၊ သူတို့ နေပျာ် ပေမည်။

“ ထွက် သွား ...။ ”

ထိုစကားကြောင့် တပည့် အားလုံး စိတ်သက် သာရာ ရသွားပြီး၊ သိုလှောင် အိတ်များကို ထားရစ်ကာ၊ ဘဝ အတွက် အလျင် အမြန် ပြေးထွက် သွားကြ သည်။

လျင်မြန် လွန်းသော အဟုန်ကြောင့်၊ သူပင် လိုက်မ မှီနိုင်ဟု ဆိုချင် ဟန်ဖြင့်၊ နဂါးသွေး မြင်းက အမူ အရာပို ပြလာ၏။

မြေပြင် ပေါ်ရှိ သိုလှောင်အိတ် များကို ကြည့်နေ မိသော၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့်များက၊ အံ့အား သင့်လာ သည်။

သွေးတောင်ပံ ခန်းမနှင့်၊ သဏ္ဍာန် သုံးပါး စံအိမ် တို့ကို ဒူးထောက် ခိုင်းခဲ့သော လုပ်ရပ်မှာ၊ မလေး စားပဲ မနေ နိုင်ချေ။

ကောင်းကင် ပြည်နယ် အကယ်ဒမီ၏ အမာခံ တပည့် များပင်၊ ဤသို့ စွမ်းဆောင် နိုင်သော် လည်း၊ ကန့်သတ်ချက် ရှိပေမည်။

ဆိုလို သည်မှာ အကြွင်းမဲ့ ဒူးထောက်အောင် လုပ်နိုင် စွမ်းမှာ၊ ကြီးစိုး လွန်းသော လင်းယွန် ကြောင့်သာ ဖြစ်ပေသည်။

ယင်းကြောင့် မဟာချင် အင်ပါယာမှ၊ လာသည် ဟူသော နောက်ခံ အပေါ်၊ သံသယ ဝင်လာ မိသည်။

လျူယွမ်ယန်က လင်းယွန်ကို ကြည့်ပြီး၊ ကျေးဇူး တင်စကား ဆိုသည်။

ထိုကျေးဇူးတင် စကား နောက်ကွယ်တွင်၊ အဓိပ္ပါယ် တစ်ခု ထပ်မံ၊ ပါရှိ နေသည်။ သူမ အတွက်သာ မဟုတ် ပါက၊ လင်းယွန် စရိုက် အရ၊ အားလုံးကို သတ်ပစ် မည်မှာ၊ သေချာ သည်။

နောက်ဆုံးတွင်၊ ဆုံးရှုံးမှု များကို ကာကွယ် နိုင်ရန်၊ အမည်ခံ ဂိုဏ်းများ ကြား၌၊ သူတို့၏ အထက် တန်းစား တပည့် များကို၊ မသတ်မိ စေရန်၊ စည်းမျဉ်း မဟုတ်သော စည်းမျဉ်း တစ်ခု ရှိလေသည်။

ထို့ကြောင့် လင်းယွန် မလာခဲ့ လျှင်ပင်၊ ပန်ယွဲ့နှင့် ဟန်ဖိန်မှာ၊ သူ့ကို သတ်မည် မဟုတ်ပေ။

လင်းယွန်၏ ဤလုပ်ရပ်မှာ၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ အတွက် ထည့်သွင်း စဉ်းစားကာ၊ လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

“ ဘာမှ မဟုတ် တာ လေးပါ။ ”

လင်းယွန်က ပြန်ဖြေြပီး၊ သိုလှောင်အိတ်ကို ပုတ်ကာ၊ မီးကြာပန်း လေးပွင့်ကို ထုတ်ယူ လိုက်၏။

“ အပြာရောင် မီးကြာပန်း။ ”

လျူယွမ်ယန်က မီးကြာပန်းကို လက်ခံယူ လိုက်ပြီး၊ တစိမ့်စိမ့် စိုက်ကြည့်ကာ၊ ပြုံးရွှင် လာ လေသည်။

“ ငါ ကတိ တည်တယ်နော်။ ”

လင်းယွန်က အပြုံးဖြင့် ဆိုသည်။

“ လေး ပွင့် တောင်လား။ ” လျူယွန်ယန်က အံ့ဩ သွား၏။

“ အင်း တစ်ပွင့်က မင်း အတွက်ပဲ၊ မင်းမလို ရင်တောင် မင်းနဲ့ အတူ ပါလာတဲ့၊ မိတ်ဆွေ တွေ အတွက် စဉ်းစား သင့်တယ် မဟုတ်လား။ ”

“ ငါမှာ ကျေးဇူး တင်ပါတယ်၊ ဆိုတဲ့ စကားပဲ ရှိတယ်။ ”

လျူယွမ်ယန်က မီးကြာပန်း သုံးပွင့်ကို သိမ်းဆည်းကာ၊ တပည့်ငယ် များထံ ဝေ့ကြည့် လိုက်သည်။

တစ်ချိန် တည်းမှာပင် ပတ်ဝန်း ကျင်ရှိ တပည့် များက လင်းယွန် အပေါ် အလွန် လေးစားသော အမူ အရာများ ပြသ လာကြ သည်။

ဤမစ်ရှင် အတွက် ဂိုဏ်းမှ၊ ဆုလာဘ်များ ပေးထားပြီး ဖြစ်သော်လည်း၊ မီးကြာပန်းမှာ သူတို့ အတွက်၊ အံ့သြဖွယ် ကောင်းနေ ဆဲ ဖြစ်သည်။

“ ဒါက မင်း အတွက်ပဲ၊ မိုက်မဲတဲ့ ကောင်မလေး။ ”

လင်းယွန်က ဘိုင်ရီကို မီးကြာပန်း တစ်ပွင့် ကမ်းပေးကာ၊ ပြုံးလိုက် သည်။

“ အို အဲဒါ ...၊ ကျေးဇူးပဲ အစ်ကိုလင်း။ ”

တဒိတ်ဒိတ် ခုန်လာသော နှလုံး သားကြောင့်၊ ဘိုင်ရီ မျက်နှာ တစ်ခုလုံး နီရဲ သွားသည်။

လျူယွမ်ယန်က ဤမြင်ကွင်းကို ပြုံးပြုံးကြီး ကြည့်နေ မိ၏။ ယင်းနှင့် ပတ်သတ်၍ မည်သည့် ထင်မြင် ချက်မှ မရှိ ခဲ့ပေ။

ဘိုင်ရီက လင်းယွန် အသက်ကို ကယ်တင် ခဲ့သည်။ ထို့ကြောင့် မီးကြာပန်း တစ်ပွင့်လုံး ပေးရ ခြင်းမှာ အဓိပ္ပါယ် ရှိ၏။

“ ငါ့ကတိ အတွက် စိတ်မပူ ပါနဲ့၊ အမာခံ တပည့် ဖြစ်လာ ပြီးတဲ့ နောက်တော့၊ မင်းကို ဧည့် သင်းထောက် ရာထူး အတွက်၊ အကြံပြု ပေးပါ မယ်။ ”

လျူယွမ်ယန်က ဘိုင်ရီ ခေါင်းကို ကြင်နာစွာ ပုတ်လိုက်ပြီး၊ ပြုံးလျက် ကတိပေး လိုက်သည်။

အပြင်လူ တစ်ဦးကို ဧည့် သင်းထောက် ဖြစ်သင့် သည်ဟု၊ အမာခံ တပည့် များက အကြံပြု နိုင်သော် လည်း၊ ယင်းမှာ ဖြစ်မည်ဟု ယတိပြတ် မပြော နိုင်ပေ။

သည့်အတွက် လင်းယွန်က၊ အပြုံး ဖြင့်သာ နှုတ်ဆိတ် နေမိ၏။

စောင့်ကြို နေမည့် အရာများ အတွက်၊ ပြင်ဆင်ထား သင့်ဟု သူ ထင်သည်။ ဤကမ္ဘာ ကြီးတွင် မည်သည့် အရာမျှ အစိုး မရချေ။

***

All Chapters