နေသာ စီရင်စုသို့ ရောက်ရှိခြင်း။
Vol. 37 Ch. 506
အပြင်လူ တစ်ဦးကို ဧည့် သင်းထောက် ဖြစ်သင့် သည်ဟု၊ အမာခံ တပည့် များက အကြံပြု နိုင်သော် လည်း၊ ယင်းမှာ ဖြစ်မည်ဟု ယတိပြတ် မပြော နိုင်ပေ။
သည့်အတွက် လင်းယွန်က၊ အပြုံး ဖြင့်သာ နှုတ်ဆိတ် နေမိ၏။
စောင့်ကြို နေမည့် အရာများ အတွက်၊ ပြင်ဆင်ထား သင့်ဟု သူ ထင်သည်။ ဤကမ္ဘာ ကြီးတွင် မည်သည့် အရာမျှ အစိုး မရချေ။
“ လင်းယွန်... ဒီ သိုလှောင်အိတ် တွေကို၊ ဘာလုပ်မယ် စိတ်ကူး ထားလဲ။ ”
အမည်ခံ အုပ်စိုးရှင် ဂိုဏ်း နှစ်ဂိုဏ်းမှာ၊ ဤတစ်ကြိမ်တွင် အမှားကြီး တစ်ခုကို ကျူးလွန် မိကာ၊ ကြီးစွာ ဆုံးရှုံး ခဲ့ရသည်။
“ ငါ မလိုဘူး၊ ဝိညာဉ် ကျောက်စိမ်း တွေပဲ စိတ်ဝင် စားတယ်။ ”
လင်းယွန်က သိုလှောင်အိတ် များကို တစ်ချက်ပင် မကြည့်ဘဲ၊ လှည့်ထွက် သွားတော့ သည်။
“ ဘယ်သွား မလို့လဲ။ ”
“ ပြန်လာ ခဲ့မယ် ခဏစောင့်။ ”
လင်းယွန်က ကောက်ကျစ်စွာ ပြုံးလိုက် သည်။ ပန်ယွဲ့နှင့် ဟန်ဖိန် တို့နှင့် ဆက်ဆံပြီး နောက်တွင်၊ သူ့အား စောင့်နေသော နောက်ထပ် လူတစ်ဦး ရှိနေ သေးသည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ပျောက်ကွယ် သွားသော လင်းယွန် နောက်ကျောကို ကြည့်ကာ၊ လျူယွမ်ယန်က ခေါင်းရမ်း လိုက်သည်။
မည်သည့် နေရာသို့ သွား သည်ကို ခန့်မှန်း နိုင် သဖြင့်၊ သက်ပြင်းချ လိုက်မိ သည်။ ပြိုင်ဘက်ရွေး မှားသွားသော လင်းရီ အတွက်၊ စိတ်မကောင်း မိချေ။
ဆယ်မိုင် အကွာ တောအုပ် အတွင်း တစ်နေရာ၌၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း အလုံး တစ်ထောင်ဖြင့်၊ အသက်သွင်း ထားသော အစီရင် တစ်ခု ရှိသည်။
ထိုအစီရင်၏ အလယ် ဗဟိုတွင် သံမဏိ ကြွက်သားရဲ များ၏ ဦးခေါင်း ခွံများ ရှိနေ၏။
ဦးခေါင်း ခွံများ နောက်၌ ထိုင်နေသော လင်းရီက၊ ရုတ်တရက် သွေးများ အန်ချ လိုက်ရ သည်။
မျက်နှာ တစ်ပြင်လုံး သွေးဆုတ် ဖြူလျော် နေပြီး၊ တောအုပ် အတွင်း လှမ်းကြည့်ကာ၊ ကျိန်ဆဲ လိုက်သည်။
“ လင်းယွန် ... ငါ မင်းကို သတ်မယ်။ ”
မျက်နှာဖုံး နောက်ကွယ်ရှိ သူ့မျက်ဝန်း များက၊ သတ်ဖြတ် လိုသော ရောင်ဝါများ တောက်ပ လာ၏။
သံမဏိ ကြွက် ဘုရင်ကို ထိန်းချုပ်ရန်၊ သူ့နှလုံး သွေးအား အသုံး ပြုရသည်။ ယင်းမှာ အလယ် အလတ် ယင် အဆင့် နတ်ဆိုး သားရဲကြီး တစ်ကောင် ဖြစ်၏။
ထို့ကြောင့် ကောင်းကင် ပြည်နယ် အကယ် ဒမီကို ခြိမ်းခြောက်ရန် အတွက်သာ အသုံးပြု လိုခြင်း ဖြစ်သော်လည်း၊ လင်းယွန်က တစ်ချက် တည်းဖြင့် သတ်ပစ် ခဲ့သည်။
လင်းယွန်၏ ခွန်အားကြောင့် သူ အမှန် တကယ် ထိတ်လန့် သွားရသည်။ ကြွက် ဘုရင် သေဆုံး ခြင်းသည်၊ သူ့အား ကူကယ်ရာ မဲ့လာ စေသည်။
ထို့ကြောင့် ဒဏ်ရာများ ပြန်လည် သက်သာ လာစေရန် မျက်လုံးများ မှိတ်ကာ၊ အမြန် ကုသ လိုက်ရသည်။ သည်နေရာမှ ဆုတ်ခွာဖို့ လိုပေြပီ။
များမကြာ ခင်မှာပင်၊ ပုံမှန် မဟုတ်သော လေြပင်း များကြောင့်၊ မျက်လုံးများ ပြန်ဖွင့် ကြည့်လိုက် မိသည်။
မဝေး ကွာသော အရပ် ဆီ၌ လူငယ် တစ်ယောက် ရပ်လျက် အနေ အထားဖြင့်၊ သူ့အား ပြုံးပြနေ သည်ကို တွေ့လိုက် ရသည်။
“ လင်း ယွန်။ ”
သည်မျှ မြန်မြန် ရှာတွေ့ လိမ့်မည်ဟု မမျှော်လင့် ထားသည်ကြောင့်၊ တုန်လှုပ် ချောက်ချား သွားသည်။
ပန်ယွဲ့နှင့် ဟန်ဖိန်မှာ အချိန် အနည်းငယ် မျှပင်၊ ဟန့်တား နိုင်ခြင်း မရှိချေ။
( ဒီအမှိုက်တွေ ဘာလုပ် နေတာလဲ .... ။ )
သည်အမှိုက်များ ဤသို့ အသုံး မကျမှန်း သိခဲ့သော်၊ ချက်ချင်း ထွက်ခွာရန် ကြိုးစား မိပေ မည်။
“ မင်း ဒီမှာ တကယ်ရှိ နေတုန်း ပဲကိုး၊ ကောင်းတယ် ... ဒါက ငါ့ကို အချိန်ကုန် သက်သာ စေတယ်။ ”
လင်းရီကို သတ်ပစ်ရန် ဆုံးဖြတ် ထားပြီ ဖြစ်ရာ၊ ထွက်ပြေး ခဲ့လျှင်ပင် အရေး မကြီး တော့ပေ။
ပန်ယွဲ့နှင့် ဟန်ဖိန် တို့ဖြင့် ယှဉ်သော်၊ လင်းရီတွင် နည်းလမ်း များစွာ ရှိသောကြောင့်၊ ရှင်သန်ခွင့် မပေးချင် သည်မှာ သဘာဝသာ ဖြစ်သည်။။
လင်းယွန် အသံ ကြားသည် နှင့်ပင်၊ ဒေါသကြောင့် လည်ပြွန်ဝ တစ်လျှောက်၊ ပူနွေးနွေး ပျစ်ချွဲချွဲ အရည်များ ပြို့တက် လာ၏။
“ ဘယ်လောက်တောင် မောက်မာ လိုက် သလဲ။ ”
လင်းရီ တက်ထိုင် ထားသော အစီရင်မှာ၊ ရုတ်တရက် ဟောက်သံ ထွက်လာပြီး၊ ဦးခေါင်းခွံ များက လင်းယွန် ဆီသို့ ပြေးဝင် သွားသည်။
လမ်းတစ်လျှောက် အနက်ရောင် မြူများ ချန်ရစ် ထားခဲ့၏။ သို့သော် လင်းယွန်က လက်ကို မြှောက်ကာ၊ လက်သီးဖြင့် ပြန်ထိုးချ လိုက်သည်။
ဤလက်သီးတွင် နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ်ကို၊ အားဖြည့်ပေး ထားသည်။
ရွှေရောင် အလင်း များက၊ ဦးခေါင်းခွံ များကို အပိုင်းပိုင်း ခွဲပစ် လိုက်သည်။
“ လင်းယွန် ... ငါတို့ ပြန်တွေ့မယ်၊ ဒီနေ့ အတွက် ငါမင်းကို မမေ့ဘူး၊ တစ်နေ့မှာ သေတာထက် ဆိုးတဲ့ အရသာကို၊ မြည်းစမ်းခွင့် ပေးမယ်လို့ ငါ ကတိ ပြုတယ် …။ ”
ထူးဆန်းသော ရယ်သံ နှင့်အတူ လင်းရီက ပျောက်ကွယ် သွားခဲ့သည်။
လင်းယွန် မျက်လုံး များတွင်၊ အေးစက်သော အလင်း တစ်စ လင်းလက် လာပြီး၊ ပန်း သင်္ချိုင်း ဓားကို ဆင့်ခေါ် ခုတ်ပိုင်း ချလိုက်၏။
ငွေရောင် အလင်း တန်းများ ပြေးထွက် သွားပြီး၊ ပျောက်ကွယ် သွားသော လင်းရီ နောက်သို့၊ လိုက်ပါ သွားတော့သည်။
အလင်းတန်း သွားရာ လမ်းတစ် လျှောက်ရှိ၊ သစ်ပင်များ အားလုံး ကွေးညွှတ် သွားကာ၊ ပန်း ဓားကို ရုတ်သိမ်း လိုက်မှ သာလျှင်၊ ပြန်လည် တည်မတ် ကုန်၏။
“ မင်းငါ့ကို သတ်ချင် နေတာလား၊ မင်းမှာ ဒီအခွင့် အရေး မရှိလို့၊ စိတ်မကောင်း ... ။ ”
စကား တစ်ဝက် တပြတ်ဖြင့်၊ ရပ်သွားပြီး ဖြစ်သော လင်းရီ အပေါ်၊ အာရုံ မထား တော့ဘဲ၊ အစီရင် ခင်းကျင်း ထားရှိ သည့်၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း များ ဆီသို့၊ လှမ်းကြည့် လိုက်၏။
သွေးရိုး တောင်တန်း အပြင် ဘက်တွင်၊ စောင့်နေသော ပန်ယွဲ့မှာ စိုးရိမ် လာပေသည်။ နောက်ဆုံးတွင် ဟန်ဖိန်က၊
“ လင်းရီ မလာသေး ဖူးလား၊ သူ သေတော့ မသေ သေးပါ ဖူးနော်။ ”
ပန်ယွဲ့ မျက်နှာမှာ မည်းကျ သွားသည်။ လင်းရီ ကြာနေရ ခြင်းမှာ၊ ဆိုလိုရင်း တစ်ခုသာ ရှိသည်။
အသတ်ခံ ရခြင်းမှ လွဲ၍၊ အခြား ဖြစ်နိုင်ခြေ မရှိပေ။ ပန်ယွဲ့က အံကြိတ် လိုက်ပြီး၊
“ လင်းယွန်က တိမ်မိစ္ဆာရဲ့ တပည့်ကို သတ်ဖို့ တကယ် ရဲရင့် တယ်လား၊ သေမှာ မကြောက်ဖူး ထင်တယ်။ ”
လင်းရီမှာ ကူညီရန်၊ ဖိတ်ခေါ် ထားသူ တစ်ဦး မျှသာ ဖြစ်ပြီး၊ တစ်ခုခု ဖြစ်ခဲ့သော် တိမ်မိစ္ဆာက သူ့ကို လွှတ်ထားမည် မဟုတ်ပေ။
“ အစ်ကိုပန်၊ လင်းရီ သေသလား မသေ ဖူးလား ဆိုတာ အရေး မကြီး ပါဘူး၊ တိမ်မိစ္ဆာရဲ့ အကျင့် စရိုက် အရ၊ လင်းယွန်ကို ဘယ်နည်း နဲ့မှ လွှတ်ထားမှာ မဟုတ်ဘူး။ ”
ဟန်ဖိန်က ကြေနပ်စွာ ပြုံးလိုက်သည်။ သူသာ လင်းယွန် ဆိုပါလျှင်၊ လင်းရီကို သတ်မည်မှာ သေချာသည်။
“ ဒီလောက် ဆုံးရှုံးမှု ကြီးကို ခံစား ရပြီး တာတာင် မင်းက ရယ်နိုင်သေး တာလား။ ”
ပြုံးရယ် နေသော ဟန်ဖိန်ကို အပြစ် တင်လိုက်ပြီး၊ ပန်ယွဲ့က ခေါင်းမော့လျက်၊ အဝေးသို့ မျှော်ကြည့် လိုက်သည်။
“ ဖျက်ဆီးခြင်း ဓားခန်းမက ဘာကြောင့်၊ ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒ မရှိ တာလဲ ဆိုတာ အခု ငါသိပြီ၊ ... ”
“ ငါတို့ အားလုံးက အမည်ခံ အုပ်စိုးရှင် တွေရဲ့ တပည့်တွေ ချည်းပါ၊ ဒါနဲ့တောင် လမ်းလွဲ ကျင့်ကြံ သူနဲ့၊ ပေါင်းပြီး လုယက် ခဲ့တယ်၊ ... ”
“ ... ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလိုက်လဲ၊ အဲဒါနဲ့ ပတ်သက်ပြီး ဘာလုပ် နိုင်တော့ မှာလဲ၊ ငါတို့ရဲ့ ဂိုဏ်းတွေ ဆီကနေ အကူ အညီ ရမယ် ထင်လား။ ”
အပြစ်တင် လာသော ပန်ယွဲ့ကို စိုက်ကြည့်ကာ၊ ဟန်ဖိန်က မေးခွန်း ထုတ် လိုက်သည်။
သူ့ အနေဖြင့် ဤမျှ အရှက် ရဖွယ် ဖြစ်ရပ်တွင်၊ ဂိုဏ်းက ကူညီမည် မဟုတ် သည်မှာ သဘာဝ ပေပင်။ အပြစ် မတင် လျှင်ပင် ကံကောင်း ပေမည်။
“ မင်းကတော့၊ တိမ်မိစ္ဆာကို ဘယ်လို ရှင်းပြ ရမလဲ စဉ်းစားပါ၊ အဲ့ဒီ လူအိုကြီးက ကျိုးကြောင်း ဆင်ခြင် နိုင်စွမ်း မရှိတဲ့ အခါ၊ အရူး တစ်ယောက်လို ပြုမူလာ လိမ့်မယ်။ ”
စကားဆုံး သည်နှင့်၊ သဏ္ဍာန် သုံးပါး စံအိမ် တပည့် များကို ဦးဆောင်ကာ၊ ဟန်ဖိန်က ထွက်ခွာ သွားတော့သည်။
“ သောက် ချေး ပဲ ...။ ”
ပန်ယွဲ့က ဒေါသကြောင့် တုန်ယင် လာသော် လည်း၊ ၎င်းနှင့် ပတ်သက်၍ သူဘာမျှ မတတ် နိုင်ပေ။
ကောင်းကင် ပြည်နယ် အကယ် ဒမီကို၊ လုယက်ရန် ကြိုးစား မိသော်လည်း၊ ပြန်လည် လုယက် ခံလိုက် ရသည်။
၎င်းနှင့် ပတ်သက်ပြီး၊ နောက်တစ်ကြိမ် အခွင့် အရေး ရှိခဲ့ ပါလျှင်၊ လင်းယွန်ကို ရန်စ မိမည် မဟုတ် သည်မှာ၊ သေချာသည်။
***
နဂါးမြစ် အတွင်း လှိုင်းတံပိုး များက ကြောက်စရာ ကောင်းလောက် အောင်ပင်၊ ပုတ်ရိုက် နေခဲ့၏။
ကြောက်တက် သူများ အတွက်၊ နဂါး တစ်ကောင် ဒေါသတကြီး သောင်းကျန်း နေသည်ဟု ယူဆ မိပေမည်။
လင်းယွန်က ကုန်းပတ် ပေါ်တွင် ရပ်ကာ၊ မြစ်ပြင်ကို ငေးကြည့် နေမိသည်။ သွေးရိုး တောင်တန်းမှ ထွက်ခွာ လာခဲ့ သည်မှာ၊ လေးရက် ရှိပြီ ဖြစ်သည်။
လွန်ခဲ့သည့် လေးရက် အတွင်း၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း တစ်ထောင်ကို အသုံး ပြုကာ၊ ကျင့်ကြံမှု တည်ငြိမ် စေရန် သန့်စင် နေခဲ့သည်။
ခရမ်းရောင် နန်းတော် တည်ငြိမ် လာပြီး နောက်၊ ခရမ်းရောင် ပန်းမှာ၊ ပွင့်ချပ် ခုနစ်ဆယ့် သုံးချပ် အထိ၊ ကြီးထွား လာသည်။
ဓားသုတ္တန်တွင် အောင်မြင်မှု ရလို ပါက၊ ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ရောက်ရှိရန် လိုအပ် နိုင်မည် ဟူသော၊ သူ၏ ထင်ကြေးမှာ မှန်ကန် ခဲ့သည်။
ခရမ်းရောင် ပန်းပွင့် အတွက်၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း တစ်ထောင် ဆိုသော ပမာဏမှာ၊ သူ့အတွက် ခေါင်းကိုက် စေခဲ့သည်။
ရှေးကျသော ကျင့်ကြံမှု နည်းစနစ် တစ်ခု ဖြစ်သော ကြောင့်၊ လိုအပ်သော အရင်း အမြစ် များမှာ၊ အခြားသော နည်းစနစ် များထက် သဘာဝ အားဖြင့်၊ ပိုမို မြင့်မား လေသည်။
“ နောက်ဆုံးတော့ မင်းထွက် လာပြီ၊ ငါတို့ နေသာ စီရင်စုကို မရောက် မချင်း၊ မင်း တံခါးပိတ် ကျင့်ကြံ နေလိမ့်မယ်၊ ငါထင် ထားတာ။ ”
လျူယွမ်ယန်က အနားရောက် လာပြီး၊ ပြုံးကာ ဆိုလိုက် သည်။
စောပိုင်း ကာလ များတွင် လျူယွမ်ယန်နှင့်၊ တူညီသော အတွေး မျိုးရှိ ခဲ့သော်လည်း၊ ဝိညာဉ်ရေး ကျောက်စိမ်းများ ကုန်ဆုံး သွားသော ကြောင့်၊ အခြား ရွေးချယ် စရာ မရှိ တော့ဘဲ၊ ထွက်လာ ရခြင်း ဖြစ်သည်။
“ မိန်းကလေး လျူ၊ ဧည့်သင်းထောက် တစ်ဦး အတွက်၊ အမာခံ တပည့် တစ်ဦးရဲ့ ထောက်ခံမှု အပြင်၊ အခြား ဘာလို အပ်သေးလဲ၊ စမ်းသပ်မှု တစ်ခု ရှိလိမ့်မယ် မဟုတ်လား။ ”
ဝိညာဉ် ရေးရာ ရူရ်များ အပေါ် နောက်တစ်ဆင့် ဆုပ်ကိုင် လိုသောကြောင့်၊ ဧည့်သင်းထောက် ရာထူးကို မျှော်လင့် မိသည်။
ထို့အပြင် နှင်းဆီ ပန်းချီ ကား၏ လျှို့ဝှက် ချက်ကို၊ ရှာဖွေ လိုသေး သည်ဖြစ်ရာ၊ အကယ်ဒမီ ထံမှ အကူ အညီ ရနိုင်မည် ထင်သည်။
“ အမာခံ တပည့် တစ်ယောက်က မထောက် ခံရင်၊ သဘာဝ အတိုင်း စမ်းသပ်မှု တစ်ခု ရှိပါ တယ်၊ ဒါပေမယ့် မင်းမှာ အမာခံ တပည့် တစ်ယောက်ရဲ့ ထောက်ခံမှု ရရင်၊ စာမေးပွဲ ဆိုတာ ကျင့်ဝတ် တစ်ခု ပါပဲ၊ ... ”
“ ... ဧည့် သင်းထောက် တွေကို အဆင့်ခွဲ ထားတယ်၊ မင်းရဲ့ တန်ဖိုးကို မပြ နိုင်ရင်၊ ရာထူး ကောင်းကောင်း ရနိုင်မှာ မဟုတ်ဘူး။ ”
လျူယွမ်ယန်က ပြန်ဖြေသည်။ တိမ်ပြာ ရေကန် ခရီးစဉ်၏ အတွေ့ အကြုံများ မှတဆင့်၊ သူတို့ နှစ်ဦး ဆက်ဆံ ရေးမှာ၊ တိုးတက် ကောင်းမွန် လာခဲ့သည်။
လင်းယွန်၏ အပြု အမူ များမှာ၊ သူမ အပေါ် လေးလေး နက်နက် စွဲထင် စေခဲ့သည်။
“ ငါ့ အရည် အချင်းကို ပြရမှာလား။ ”
ငြိမ်သက်သွား သော်လည်း၊ လင်းယွန် အနေဖြင့် မအံ့ဩ မိပေ။ အကယ်ဒမီ အတွက် အရည် အချင်းမှာ၊ အရေး ပါသည့် အရာ ဖြစ်ပြီး၊ သဘာဝ အတိုင်း ပြသ ရမည် ဖြစ်သည်။
“ မင်းရဲ့ အသက် အရွယ်နဲ့ ကျင့်ကြံမှု အရ၊ အကယ် ဒမီကို ဝင်ရောက်ဖို့၊ အရည် အချင်း ပြည့်မီ ပါတယ်၊ ဒါပေမယ့် မင်းက အဲဒီလို ဆန္ဒ ရှိမှာ မဟုတ် ဖူးလို့ ငါထင်တယ်။ ”
လင်းယွန်သာ ဆန္ဒရှိ ပါလျှင်၊ အကယ် ဒမီသို့ အလွယ် တကူ ဝင်ရောက် နိုင်မည် ဖြစ်သည်။
သို့သော် သူ့ဗီဇ အရ၊ ကန့်သတ် ချုပ်ခြယ် ခံရ ခြင်းကို၊ ကြိုက်မည် မဟုတ်ကြောင်း၊ သူမ ခန့်မှန်း နိုင်သည်။
ထို့အပြင်၊ 'သွေးစွန်းသော ဧည့်ခံပွဲ' မတိုင်ခင်၊ ဓားနန်းတော်ကို ထားခဲ့မည် မဟုတ်ပေ။
ဧည့် သင်းထောက် တစ်ဦးမှာ၊ လွတ်လပ်မှု ရှိသော် လည်း၊ ဂိုဏ်းတပည့် များထက် နိမ့်ကျသော အဆင့် အတန်း ၌သာ ရှိပေမည်။
ထို့ကြောင့် သဘာဝ အတိုင်း၊ လင်းယွန်မှာ အရည် အချင်းကို ပြသခြင်း ဖြင့်သာ၊ ရယူ နိုင်မည် ဖြစ်သည်။
ဥပမာ အားဖြင့် တိမ်မိစ္ဆာသည်၊ အမှောင် နည်းစနစ် များကို ကျင့်ကြံသူ ဖြစ်သော်လည်း၊ သူ့ ခွန်အား ကြောင့်၊ သွေးတောင်ပံ ခန်းမက လက်ခံ ခဲ့သည်။
“ မင်း ... ငါ့ကို ကောင်းကောင်း နားလည် နိုင်တယ်။ ”
လင်းယွန်က ပြုံးလိုက် သည်။ သွေးစွန်းသော ဧည့်ခံ ပွဲ၌၊ ဓားနန်းတော်၏ ပန်း သင်္ချိုင်း အဖြစ်သာ၊ အုပ်စိုးရှင် များကို ရိုက်နှက် ချင်မိ ပေသည်။
***