လှိုင်းထန်ခြင်း။
Vol. 37 Ch. 507
“ မင်း ... ငါ့ကို ကောင်းကောင်း နားလည် ပေးနိုင် တယ်။ ”
လင်းယွန်က ပြုံးလိုက် သည်။ သွေးစွန်းသော ဧည့်ခံ ပွဲ၌၊ ဓားနန်းတော်၏ ပန်း သင်္ချိုင်း အဖြစ်သာ၊ အုပ်စိုးရှင် များကို ရိုက်နှက် ချင်မိ ပေသည်။
လျူယွမ်ယန်က လင်းယွန်နှင့် ဘေးချင်း ယှဉ်ကာ ကုန်းပတ်တွင် ရပ်လိုက်သည်။
သူတို့ နှစ်ဦး စလုံး၏ အရှိန် အဝါမှာ၊ တစ်ဦးထက် တစ်ဦး နိမ့်ကျခြင်း မရှိချေ။
ပေါ့ပေါ့ ပါးပါး စကား စမြည် ပြောဆို နေဆဲမှ၊ သူတို့ နှစ်ဦး၏ ဆက်ဆံ ရေးမှာ၊ တဖြည်းဖြည်း တိုးတက် လာသည်။
“ မိန်းကလေးလျူ၊ မင်းက ဘာကြောင့် အမာခံ တပည့် ဖြစ်ဖို့ အပ်တယ် ဆိုတာ၊ မင်းငါ့ကို မပြော သေးဖူးနော်။ ”
လျူယွမ်ယန်၏ အမူ အရာများ အရ၊ ဇာတ်လမ်း တစ်ပုဒ် ရှိမည် ဖြစ်ကြောင်း၊ သူပြော နိုင်သည်။
သူမက အကျပ်ရိုက် သွားပြီး၊
“ နောက်မှ ဒီ အကြောင်း ပြောရအောင်၊ အမာခံ တပည့် အဆင့် အတန်းက၊ ငါ့အတွက် အရမ်း အဓိပ္ပာယ် ရှိပါတယ်၊ မင်းဒီ တစ်ကြိမ် ကူညီ ခဲ့တဲ့ ကျေးဇူးကို ငါမှတ်မိ နေမှာပါ။ ”
ထိုအကြောင်းကို ပြောချင် ပုံမရ သောကြောင့်၊ လင်းယွန်က ဆက် မမေး တော့ပေ။
ညမိုးချုပ်သော အခါတွင် နှစ်ယောက်သား နှုတ်ဆက် လိုက်ကြသည်။ တတိယတန်း ဝိညာဉ် ကျောက်စိမ်းကို ထုတ်ယူကာ၊ ကုတင် ပေါ်တွင် ကျင့်ကြံရန် ထိုင်ချ လိုက်၏။
ဓားသုတ္တန်အား ဖြန့်ကျက် လိုက်သည်နှင့်၊ အကန့် အသတ်မဲ့ ဝိညာဉ် စွမ်းအင်များ ခရမ်းရောင် နန်းတော် ထဲသို့ တိုးဝင် လာသည်။
အရည် ပျော်နေသော ဓားစွမ်းအင်မှာ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေတွင်၊ သူရှိနေ စဉ်က ရရှိ ခဲ့သော ဓားစွမ်းအင်ထက် များစွာ ပိုမို အားကောင်း နေသည်။
ဒါန်တမ် အလယ် ဗဟိုတွင် ခရမ်းရောင် ပန်း တစ်ပွင့် ရှိသည်။ ၎င်းဘေး၌ ကမ္ဘာဦး ဖျက်ဆီးခြင်း သိုင်းဝိညာဉ် နှစ်ကောင်က၊ ခရမ်းရောင် နန်းတော်အား အေးစက်စွာ စိုက်ကြည့် နေ၏။
သန့်စင် ထားသော ဝိညာဉ် စွမ်းအင် အများကို စုပ်ယူ ထားသော ကြောင့်၊ အသူရာ နဂါး၏ မျက်လုံး များမှာ၊ ယခင် ကထက် တောက်ပ နေခဲ့ သည်။
ကျားပျံ တွင်မူ ပြောင်းလဲမှု များစွာ မရှိ သော်လည်း၊ ၎င်းသည် အသူရာ နဂါး ထက် အားနည်းခြင်း မရှိပေ။
အဆိုပါ သိုင်းဝိညာဉ် များမှာ၊ ကျင့်ကြံ ရာ၌ အရင်း အမြစ် များစွာ လိုအပ်သည့် အကြောင်း ရင်းလည်း ဖြစ်သည်။
၎င်းတို့ နှစ်ကောင် မဆိုနှင့်၊ ဓားသုတ္တန် ဖြင့်ပင်၊ ခေါင်းကိုက် နေရပြီ ဖြစ်သည်။
ငါးရက် အကြာတွင် လှေကြီးမှာ၊ တူးမြောင်း တစ်ခု ထဲသို့ ဦးတည် တိုးဝင် သွားခဲ့သည်။
ကမ်းနဖူး နှစ်ဖက် ဘေးတွင်၊ လူများ စွာဖြင့် စည်ကား သိုက်မြိုက် နေပေ၏။
“ ရှေ့ဆို ...၊ စီရင်စု မြို့တော်ကို ရောက်ပြီ။ ”
မြို့တော်၏ အသွင်ကို လက်ညိုး ထိုးပြပြီး၊ လျူယွမ်ယန်က ဝမ်းသာ အားရ ဆိုသည်။ သူမ မျက်နှာ၌၊ အောင်ပွဲရ စစ်သူကြီး တစ်ယောက် ကဲ့သို့၊ ဂုဏ်ယူ ဝမ်းမြောက် မှုများ ရှိနေ ခဲ့သည်။
အကယ် ဒမီသို့ ရောက်ရန်၊ စိတ်စော နေပြီ ဖြစ်ကြောင်း လင်းယွန်က ပြောနိုင်သည်။
“ လျူယွမ်ယန် ... ။ ”
“ တကယ်ပဲ သူကိုး ... အရမ်း ကျက်သရေ ရှိ လိုက်တာ၊ ကောင်းကင် ပြည်နယ် အကယ်ဒမီရဲ့ အဆိပ်ပန်း ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန် ပါပေတယ်။ ”
“ ဒါပေမယ့် သူက အေးစက် လွန်း ပါတယ်၊ အပြာရောင် မီးကြာပန်း အတွက်၊ ခရီးထွက် ခဲ့တာလို့ ငါကြား ထားတယ်။ ”
“ ဒါဆို ရင်တော့ ... မလွယ် မှာကို ကြောက်မိ တယ်၊ အမည်ခံ အုပ်စိုးရှင် ဂိုဏ်းတွေ အားလုံးက၊ ဒါကို စိတ်ဝင် စားနေ ကြတာ ... ။ ”
“ သူ့ဘေး နားက လူငယ်ကို မမြင် ဖူးဘူး၊ သူ ... ဘယ်သူလဲ မင်းသိလား၊ သူတို့ နှစ်ယောက် တစ်ယောက် နဲ့ တစ်ယောက် တော်တော် ရင်းနှီးပုံ ရတယ်။ ”
စီရင်စု မြို့တော်တွင် သူမ၏ ကျော်ကြား မှုကြောင့်၊ သဘာဝ အတိုင်း အသိ အမှတ် ပြုခံ ရသည်။
ထို့ကြောင့် လူအုပ် ကြီးက အချင်းချင်း ဆွေးနွေး လာကြခြင်း ဖြစ်သည်။ ထိုစကား သံများ ကြောင့် လင်းယွန်က လျူယွမ်ယန်ကို ပြန်လှည့် ကြည့်လိုက်သည်။
ရှေ့တူရှု သို့သာ မျှော်ကြည့် လျက်၊ သူမ အပေါ် အာရုံ စူးစိုက်မှု အားလုံးကို၊ လျူယွမ်ယန်က ဥပေက္ခာ ထား၏။
ခမ်းနား ထည်ဝါသော မြို့တစ်မြို့ ထွက်ပေါ် လာရန် အချိန် သိပ်မကြာ လိုက်ချေ။
တောင်ပိုင်း ရေှးဟောင်း နယ်မြေကြီး တစ်ခုလုံးတွင် ဂိုဏ်းဂဏနှင့် အင်ပါယာပေါင်း ထောင်နှင့် ချီရှိသည်။
စီရင်စု ကိုးခုမှာ ရှေးခေတ် ကတည်းက တည်ရှိ ခဲ့သော နယ်မြေ ကြီးများ ဖြစ်သည်။
မဟာချင် အင်ပါယာ ပင်လျှင်၊ နေသာ စီရင်စု နယ်မြေ၏ နယ်နိမိတ် အစွန်း တွင်သာ တည်ရှိသည်။
စီရင်စု တစ်ခု စီတွင် စီရင်စု မြို့တော် တစ်ခု စီရှိပြီး၊ 'နေသာ စီရင်စု မြို့တော်' မှာ၊ ရှေ့တွင် ရှိနေသည်။
အဝေးမှ ကြည့်လျှင် ခမ်းနားသော မြို့တော်၏ တံတိုင်း ကြီးက၊ ပျံသန်း တော့မည့် နဂါး တစ်ကောင် အသွင် ဆောင်နေ၏။
လင်းယွန်က လေးလေး နက်နက် တွေးတောပြီး၊ မြို့တော်ကို လှမ်းကြည့် လိုက်သည်။
စီရင်စု ကိုးမြို့ကို နဂါး သွေးပြန် ကြောဖြင့် ကောင်းချီး ပေးထားကြောင်း၊ ကြားထား ဖူးသည်။
စီရင်စု မြို့တော်များ ကိုလည်း သွေးစွန်းသော မြို့အဖြစ် ရှုမြင် ကြသည်။ အတိ အကျ ဆိုရ ပါလျှင်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ အဖွံ့ဖြိုး ဆုံးသော မြို့ကိုးမြို့ ဖြစ်သည်။
မြို့တစ်မြို့ တည်းသည်ပင်၊ ကောင်ကင်ဘုံ ချင်နိုင်ငံ ထက် များစွာ ကျယ်သည်။
ဂိတ်ပေါက်ကို ဖြတ်ကျော် လိုက်ချိန်တွင်၊ လှေငယ်မှာ ခမ်းနား ထည်ဝါသော မြို့ရိုး များ ကြား၊ ဖောင်ငယ် တစ်စင်း ကဲ့သို့ သေးနုပ် သွား၏။
တူးမြောင်း အတိုင်း တရွေ့ရွေ့ မောင်းဝင် လာသည့် တစ်လျှောက်လုံး ကမ်းစပ်သို့ လှည့်ပတ် ကြည့်လာ မိသည်။
လမ်းများ အားလုံး ပေါ်တွင်၊ ရှန်ရှင်း နယ်ပယ် ကျင့်ကြံသူ များနှင့်၊ ပြည့်နှက် နေသည်။
အင်ပါယာ ချင် အင်ပါယာတွင်၊ အထက်တန်း လွှာများ အဖြစ် သတ်မှတ် ထားသော နက်နဲ ကျင့်ကြံ သူများ ကိုပင်၊ လမ်းများ ပေါ်၌ အလွယ် တကူ မြင်တွေ့ နိုင်၏။
ခရမ်းရောင် နန်းတော် ကျင့်ကြံသူ မည်မျှ ရှိသည်ကို၊ အခြေ ခံ၍ ဤနေရာတွင် အာဏာ အပေါ် ချုပ်ကိုင်၍ မရပေ။
မြို့တော် ထဲတွင် ကြောက်စရာ ကောင်းသော တည်ရှိမှု များစွာ ကိုပင် ခံစား နိုင်ခဲ့ပြီး အချို့မှာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ် အရှိန် အဝါ များရှိ ကြသည်။
၎င်သည်ပင် သူ၏ အမြင်ကို အလွန် ကျယ်ပြန့် စေ၏။ နေသာ စီရင်စု မြို့တော်သည် အမှန် တကယ်ပင် ပုန်းကွယ် နေသော နဂါး များနှင့်၊ ခေျာင်းမြောင်း နေသော ကျားများ ရှိရာ၊ အရပ် ဖြစ်သည်။
“ လင်းယွန်၊ သွားရအောင်။ ”
အခြား တပည့် များကို ဦးဆောင်ကာ၊ လျူယွမ်ယန်က လှေပေါ်မှ ခုန်ဆင်း သွားသည်။
သူ့ အကြည့်ကို ရုတ်ပြီး၊ ခြေထောက်အား ညင်သာစွာ ပုတ်လျက်၊ လျူယွမ်ယန် နောက်သို့ လိုက်ပါ သွားမိသည်။
ကောင်းကင် ပြည်နယ် အကယ် ဒမီသည်၊ တော်ဝင် ယန် နန်းတော်နှင့် မယှဉ် နိုင် သော်လည်း၊ အမည်ခံ အုပ်စိုးရှင် ဂိုဏ်း အဖြစ် ကျော်ကြား နေဆဲ ဖြစ်သည်။
အကယ် ဒမီတွင် ဝိညာဉ် ရေးရာ ရူရ် များကို၊ အထူးပြု သင်ကြား ပေးသည်။
ထို့ကြောင့် ၎င်းတို့မှာ၊ အခြားဂိုဏ်း များနှင့် ယှဉ်ပါလျှင်၊ ဝိညာဉ် ရေးရာ ရူရ်များ အပေါ် ပို၍ ကျွမ်းကျင် ကြသည်။
ဝိညာဉ် ရေးရာ ရူရ်များ သင်ယူ လိုသော်၊ အကယ် ဒမီကို ဦးစွာ ပြေးမြင် ကြမည် ဖြစ်သည်။
အခြားသော အမည်ခံ အုပ်စိုးရှင် ဂိုဏ်း များနှင့် နှိုင်းယှဉ် ပါက၊ ကောင်းကင် ပြည်နယ် အကယ် ဒမီသည် အနည်းငယ် အားနည်း နိုင်သော် လည်း၊ ၎င်းတို့၏ အခြေခံ အုတ်မြစ် မှာမူ နိမ့်ကျခြင်း မရှိချေ။
အကယ် ဒမီသည် အစီရင်များ ခင်းကျင်းခြင်း၊ ရှေးဟောင်း ပစ္စည်း များကို သန့်စင် ခြင်းနှင့်၊ ဆေးလုံးများ သန့်စင်ခြင်း တို့တွင် အထူး ကျွမ်းကျင် သည်။
သူတို့တွင် ကျယ်ပြန့် အဆက် အသွယ်များ ရှိသော ကြောင့်၊ မည်သူမျှ ပေါ့ပေါ့ တန်တန် မစော်ကား ဝံ့ကြ ချေ။
အကယ် ဒမီရှိ၊ အဆောက် အဦး များကို ကြည့်ကာ၊ သူ့စိတ်ကူး များဖြင့် အများကြီး ကွာခြား နေကြောင်း သိလိုက် ရသည်။
ဓားနန်းတော်မှာ ကောင်းကင် ပြည်နယ် အကယ် ဒမီထက် ကြီးကျယ် ခမ်းနား သော်လည်း၊ အကယ် ဒမီသည် ပို၍ သေသပ် လှသည်ဟု သူ မြင်သည်။
ရိုးရှင်းသော ၎င်းဗိသုကာ လက်ရာ၏ နက်နဲ မှုကို မည်သူ မဆို ခံစား နိုင်သည်။
ထိုအရှိန် အဝါကို ကျော်လွန်၍ အကယ် ဒမီ အပေါ်၊ စူးစမ်း လေ့လာ နေချိန်တွင်၊ သူ့ဆီသို့ စူးစူး ရဲရဲ တိုး လာသော ရောင်ဝါအား၊ ခံစား လိုက်ရ သည်။
အကယ်ဒမီ အ၀င် ဝတွင် ပန်းချီကား တစ်ချပ်ကို ပုံဖော် ထားသည့်၊ ဝိညာဉ် ရေးရာ ရူရ် များဖြင့်၊ ရေးထွင်း ထားသော ကျောက်ပြား တစ်ချပ် ရှိသည်။
၎င်းတို့ အားလုံးမှာ၊ တတိယတန်း ဝိညာဉ် ရေးရာ ရူရ်များ ဖြစ်ကြောင်း၊ သူပြော နိုင်သည်။
ယင်းတစ်ခု တည်းကပင် အကယ်ဒမီ၏ ဝိညာဉ် ရေးရာ ရူရ်များ အပေါ်၊ ယုံကြည် မှုကို ပြသရာ ရောက်နေ သည်။
အရေး အကြီး ဆုံးမှာ၊ ကျောက်ပြား ဗဟိုတွင် စိတ် အာရုံအား၊ မူးမေ့ စေနိုင်သော ဝိညာဉ် ရေးရာ ရူရ် တစ်ခု ရှိနေသည်။
ဤအရာက လင်းယွန်ကို စိတ်ဝင် စားမှု ပိုဖြစ်စေ ခဲ့သည်။ နေရာ မှန်ကို သူရောက် လာကြောင်း၊ သိလိုက် ရသည်။
နှင်းဆီ ပန်းချီကား ထဲရှိ၊ လျှို့ဝှက်ချက် များကို ရှာဖွေ ရာ၌၊ အထောက် အကူ ဖြစ်မည် ဟု ယုံကြည် သည်။
ထို့ကြောင့် ဧည့် သင်းထောက် ရာထူးကို၊ မဖြစ် မနေ ရယူရန် ဆုံးဖြတ် ထားသည်။
“ ယွမ်ယန် ... နောက်ဆုံးတော့ မင်းပြန် လာပြီ။ ”
အကြီးအကဲ အမျိုးသမီး တစ်ဦး၊ ဦးဆောင်သော တပည့် တစ်စု လျှောက်လှမ်း လာခဲ့ သည်။
“ အကြီး အကဲ ယု။ ”
လျူယွမ်ယန်က လက်ဝှေ့ ရမ်းကာ၊ နှုတ်ဆက် လိုက်၏။
“ မင်းရဲ့ တာဝန် ပြီးခဲ့ ပြီလား။ ”
“ ဟုတ်ကဲ့၊ ငါ အမိန့်အတိုင်း အပြာရောင် မီးကြာပန်း သုံးပွင့် ရခဲ့ ပါပြီ။ ”
“ မင်းအတွက် လွယ်ကူ ခဲ့မယ် မထင်ဘူး၊ ဖျက်ဆီးခြင်း ဓားခန်းမ၊ သွေးတောင်ပံ ခန်းမနဲ့ သဏ္ဍာန် သုံးပါး စံအိမ် တို့လည်း၊ ခရီးထွက် ခဲ့တယ် လို့၊ ငါကြား မိတယ်၊ ပြီးတော့ လမ်းလွှဲ သိုင်းသမား တွေရော ပဲ။ ”
အကြီး အကဲ ယု၏ မျက်နှာက၊ ရွှင်မြူး သွားသည်။ လျူယွမ်ယန်မှာ သူမ အတွက် ဂုဏ်ယူ ရသော၊ တပည့်မ တစ်ဦး ဖြစ်သည် ကြောင့်၊ အောင်မြင်မှု အပေါ် သဘာဝ အတိုင်း ကြေနပ်မိ ပေသည်။
“ ဒီလူငယ်နဲ့ သိပ်ရင်းနှီး ပုံ မရဘူး၊ သူက ဘယ်သူလဲ။ ”
လင်းယွန်ကို ကြည့်ကာ၊ အကြီး အကဲ ယုက မေးသည်။
“ သူက ငါ့ မိတ်ဆွေပါ၊ သူ့ကြောင့်ပဲ ကြာပန်းကို ရခဲ့ တာ၊ အမာခံ တပည့် ဖြစ်လာ ပြီးရင်၊ သူ့ကို ဧည့် အကြီးအကဲ အဖြစ်၊ အကြံပြု ပေးဖို့ ရည်ရွယ် ထားပါတယ်။ ”
သူမ စကားဆုံး သည်နှင့်၊ လင်းယွန်က ရှေ့တစ်လှမ်း တိုးကာ လက်ဝှေ့ ရမ်းပြီး၊ ဦးညွှတ် လိုက်သည်။
“ ယွမ်ယန်ရဲ့ အလေး ထားမှုကို၊ မင်းရရှိ ခဲ့တဲ့ အတွက်၊ မင်းဟာ ထူးထူး ခြားခြား ဖြစ်ရ မယ်၊ ဘိုင်ရီ သူ့ကို လွတ်နေတဲ့ အိမ် တစ်လုံးဆီ ခေါ်သွား လိုက် ... ။ ”
အကြီး အကဲယုက ပြုံးကာ၊ ဆိုလိုက်သည်။
“ ဟုတ်ကဲ့ ...။ ”
ဘိုင်ရီက ပြုံးလျက် ပြန်ဖြေ လိုက်သည်။ သို့သော် အကြီး အကဲ ယု၏ တုံ့ပြန် မှုတွင်၊ တစ်စုံ တစ်ရာ ထူးခြား သည်ဟု ခံစား မိသော ကြောင့်၊ လေးလေး နက်နက် တွေးတော မိသွားသည်။
“ အကြီး အကဲယု၊ လင်းယွန်နဲ့ ပြဿနာ ရှိလို့ လား။ ”
အကြီးအကဲယု စကား အသုံး အနှုန်းတွင်၊ ပုံမှန် မဟုတ် သည်ကို တွေ့ရှိခဲ့ သည်မှာ၊ ကြာပြီ ဖြစ်သည်။
“ ဧည့် သင်းထောက်တွေ ဆိုတာ အတွင်း တပည့် တွေနဲ့ အတူတူ ပါပဲ၊ ပြိုင်ဆိုင်မှု တွေက အမြဲတမ်း ပြင်းထန်တယ်၊ သာမာန် တပည့် တစ်ဦးက အကြံ ပြုတာ ဆိုရင်တော့ ငါတို့က စည်းကမ်း အတိုင်း ဖြတ်သန်း ခိုင်းရတယ်၊ ... ”
“ ... ဒါပေမယ့်် မိုလင်းလို တစ်စုံ တစ်ဦး အတွက်တော့ မတူဘူး၊ တိုက်ဆိုင် စွာပဲ သူ့ ဝမ်းကွဲမောင် တစ်ယောက်ကို အကြံပြု ထားတယ်။ ”
အကြီး အကဲယုက သက်ပြင်းချ လိုက်သည်။
“ စီနီယာ အစ်မ မိုလင်းလား ။ ”
ဤအမည်ကို ထုတ်ဖော် ပြောဆိုသည့်၊ အချိန်တွင် လျူယွမ်ယန်က မျက်မှောင်ကြုတ် လိုက်သည်။
မိုလင်းမှာ တပည့်များ ကြားတွင် ထိပ်ဆုံး အဆင့် သတ်မှတ် ခံထား ရပြီး၊ မိုမျိုးနွယ် စုမှ တိုက်ရိုက် ဆင်းသက် လာသူ ဖြစ်၏။
နေသာ စီရင်စု မြို့တော်တွင် မျိုးနွယ်စု များစွာ ရှိပြီး၊ ၎င်းတို့၏ အခြေခံ အုတ်မြစ်မှာ၊ ကောင်းကင် ပြည်နယ် အကယ် ဒမီထက် မနိမ့် ကျသော မျိုးနွယ်စု ဖြစ်သည်။
ထို့ကြောင့် မိုလင်း၏ စကား များက၊ သူ့ထက်ပင် အရာရောက် ပေသည်။
“ ဒါက ခက်လိမ့်မယ်…”
လျူယွမ်ယန်က ခေါင်းညိတ်ကာ ဆိုသည်။
“ မဖြစ် နိုင်ရင် မေ့ထား လိုက်ရအောင်၊ သူ့ကို တခြား နည်းနဲ့ လျော်ကြေး ပေးနိုင် ပါတယ်။ ”
-ဟု အကြီးအကဲ ယုက အကဲစမ်း လိုက်သည်။
“ တခြား နည်းလမ်း မရှိဘူး၊ ... ”
လျူယွမ်ယန် မျက်ဝန်း များတွင် ကူကယ် ရာမဲ့ ဟန်ဖြင့်၊
“ ဒီကိစ္စကို ငါ လျစ်လျူရှု လိုက်လို့ မရဘူး၊ အကြံ ပြုချက် ပေးမှ ရမယ်၊ ကျန်တာတော့ ဂိုဏ်းရဲ့ ဆုံးဖြတ်ချက် အတိုင်း ထားလိုက်မယ်။ ”
ဤသည်ကို မျှော်လင့် ပြီးသား ဖြစ်သော ကြောင့်၊ အကြီး အကဲ ယုက ခါးခါး သီးသီး ပြုံးကာ၊ မည်သည့် စကားမှ ထပ်မဆို တော့ပေ။
လျူယွမ်ယန်၏ ကိုယ်ရည် ကိုယ်သွေး အရ ဆုံးဖြတ်ပြီး သည်နှင့်၊ ပြောင်းလဲမည် မဟုတ် ကြောင်း သူ သိသည်။
သို့သော် မိုလင်းကို ရင်ဆိုင် ဝံ့သည့် အထိ၊ သူ့ တပည့်မ အပေါ်၊ တွန်းအား ပေးနိုင်သော လင်းယွန်၏ မူလအား၊ စူးစမ်းချင် စိတ်များ ဝင်လာ တော့သည်။
***