စိတ်မချ ရဘူး။
Vol. 37 Ch. 508
“ ယွမ်ယန်ရဲ့ အလေး ထားမှုကို၊ မင်းရရှိ ခဲ့တဲ့ အတွက်၊ မင်းဟာ ထူးထူး ခြားခြား ဖြစ်ရ မယ်၊ ဘိုင်ရီ သူ့ကို လွတ်နေတဲ့ အိမ် တစ်လုံးဆီ ခေါ်သွား လိုက် ... ။ ”
အကြီး အကဲယုက ပြုံးကာ၊ ဆိုလိုက်သည်။
“ ဟုတ်ကဲ့ ...။ ”
ဘိုင်ရီက ပြုံးလျက် ပြန်ဖြေ လိုက်သည်။ သို့သော် အကြီး အကဲ ယု၏ တုံ့ပြန် မှုတွင်၊ တစ်စုံ တစ်ရာ ထူးခြား သည်ဟု ခံစား မိသော ကြောင့်၊ လေးလေး နက်နက် တွေးတော မိသွားသည်။
“ အစ်ကိုလင်း၊ ဒီခြံဝင်းရဲ့ နာမည်က 'ရေမြူ ဆိုင်း နေသော ခန်းမ' လို့ ခေါ်တယ်၊ တစ်ချိန်က စီနီယာ အစ်မလျူ နေခဲ့တဲ့ နေရာပါ၊ ... ”
“ ... အတွင်း တပည့် တွေရဲ့၊ နေရာ ထိုင်ခင်းထက် မညံ့ ပါဘူး၊ ဒီနေ့ အတွက် ဒီမှာ အနား ယူနိုင် ပါတယ်၊ ... ”
“ ... မနက်ဖြန် ဧည့်သင်းထောက် ဖြစ်လာတဲ့ အခါ၊ အကြီး အကဲ တွေက မင်းကို နောက်ထပ် အိမ်တစ်လုံး ပေး ပါလိမ့်မယ်၊ ဒါပေမယ့် … ”
ခြံဝင်းကို ကြည့်ကာ၊ အကျပ်ရိုက် သွား ဟန်ဖြင့်၊ ဘိုင်ရီက နှုတ်ခမ်း ကိုက်လိုက် သည်။
“ ဘာလို့ လဲ။ ”
လင်းယွန်က ပြုံးကာ ပြန်မေး လိုက်သည်။
“ အစ်ကိုလင်း၊ မင်းရဲ့ ဧည့် သင်းထောက် ရာထူး ကို၊ ဆုံးရှုံး ရမှာ ငါကြောက် မိတယ်။ ”
ဟန်မဆောင် တက်သော ဘိုင်ရီ တစ်ယောက်၊ စိတ် မကောင်း စွာဖြင့်၊ ခေါင်းငုံ့ သွားမိသည်။
ဘိုင်ရီမှာ သူထင် သလောက် မမိုက်မဲ သောကြောင့်၊ လင်းယွန်က တဟားဟား အော်ရယ် လိုက်သည်။
“ အစ်ကိုလင်း မင်းဘာရယ် တာလဲ၊ ငါတကယ် ပြော တာပါ၊ ပုံမှန် အတိုင်းဆို မင်းက အစ်မလျူနဲ့၊ ‘ဧကရာဇ် သင်တန်း ခန်းမ’ ကို သွားသင့် တယ်၊ ဒါပေမယ့် အကြီး အကဲ ယုမှာ၊ စကား ပြောစရာ စကား ရှိနေ ပုံရတယ်။ ”
ဘိုင်ရီက မဝံ့ မရဲဖြင့် ဆိုသည်။
“ ငါ သိပါတယ်၊ ဒါပေမယ့် ငါ့ဆီ ကနေ၊ ဧည့် သင်းထောက် ရာထူးကို၊ လုယူ ဖို့က မလွယ် ပါဘူး။ ”
လင်းယွန်က ခေါင်းညိတ်ကာ ပြုံးလိုက် သည်။
“ အိုဟုတ် တာပေါ့၊ ငါ့ ခံစား ချက်ကို မင်း ဘယ်လိုမှ နားမလည် နိုင်ပါဘူး၊ အစ်ကိုလင်း ဒါဆို ငါ အနားယူ တော့မယ်၊ ငါက အဲ့ဒီမှာ နေတာမို့ မင်း တစ်ခုခု လိုရင်၊ လာရှာနိုင် ပါတယ်။ ”
မဝေး လှသော အခြား အဆောက် အအုံ တစ်လုံး ဆီသို့ ညွှန်ပြပြီး၊ ဘိုင်ရီက ပြန်လည် ဖြေကြား ခဲ့သည်။
“ ကောင်းပြီ။ ”
ဘိုင်ရီ ထွက်ခွာသွား ပြီးနောက်၊ လင်းယွန် မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ ပျောက်ကွယ် သွားပြီး၊
“ ဒုက္ခက အနံ့ ခံပြီး၊ လိုက်နေ သလို ပါပဲ။ ”
-ဟု ညည်းတွား ရေရွတ် လိုက် လေသည်။
အကယ်ဒမီက သူ့ကို မည်သို့ ကစားလာ မည်ကို ပို၍ သိချင် လာခဲ့သည်။ ပြဿနာ မှန်သမှှျကို ရှောင်ဖယ် ခြင်းမှာ၊ သူ့ပုံစံ မဟုတ်ပေ။
ခေတ္တ အနား ယူပြီးနောက် ဓားသေတ္တာကို ဖယ်ရှားကာ ဖွင့်ကြည့် လိုက်သည်။ ပန်း သင်္ချိုင်း ဓားကို ကောက်ယူ လိုက်ပြီး၊ ငွေရောင် ဓား စွမ်းအင်အား ဖြည်းညှင်းစွာ သွန်းလောင်း ကြည့် လိုက်၏။
ဓားထံမှ လေးနက်သော ဆက်သွယ် မှုကို ခံစား လိုက်ရသည်။
၎င်းကို လွှဲယမ်း လိုက်သည်နှင့်၊ သူ့ ခန္ဓာကိုယ် အတွင်းရှိ၊ စွမ်းအင်များ ပြောင်းလဲ သွား သည်။
တစ်ချိန်တည်း မှာပင် သူ၏ အရှိန်အဝါ သည်လည်း၊ အထွတ် အထိပ်သို့ ရောက်ရှိ သွားသည်။
ငွေရောင် ဓားစွမ်းအင် များက၊ ကြောက်မက် ဖွယ် ကောင်းသော အဟုန်ဖြင့်၊ ပျံ့နှံ့ လာပြီး အခန်း တစ်ခန်း လုံးအား၊ လင်းထိန် သွားစေ ၏။
ဆန္ဒ ရှိသည့် အတိုင်း၊ ထိုအရှိန် အဝါကို ထိန်းချုပ် ထားနိုင် သည်မို့၊ သူ့ အပေါ် လျှော့တွက် မိသူ များမှာ၊ နောက်တရ ပေလိမ့် မည်။
နောက်တစ်နေ့တွင် လျူယွမ်ယန်က၊ လင်းယွန်ထံ စောစီးစွာ ရောက်ရှိ လာခဲ့သည်။
“ မင်း အရမ်း စောပါလား၊ ကြည့်ရတာ ရလဒ် တစ်ခု ရှိပုံပဲ။ ”
လင်းယွန်က ပြုံးကာ၊ နှုတ်ဆက် လိုက်သည်။
“ ဒါက မျှော်လင့်ထား တာထက်၊ နည်းနည်း ကျော်လွန် သွားပေမယ့်၊ ငါရဲ့ အကြံ ပြုချက် ကိုတော့၊ တင်ပြပေး ထားပါတယ်၊ ကဲ ... ငါတို့ သွားရအောင်။ ”
လျူယွမ်ယန်က ခေါင်းညိတ်ပြီး ပြန်ဖြေ သည်။ ထို့နောက် နှစ်ဦးသား ‘ဧကရာဇ် သင်တန်း ခန်းမ’သို့၊ အတူ တကွ ထွက်လာ ခဲ့သည်။
လမ်း တစ်လျှောက်တွင် တပည့် များက၊ လျူယွမ်ယန်ကို လေးစားစွာ နှုတ်ဆက် လာကြ သည်။
အချို့သော နေရာ များတွင်၊ ကြမ်းခင်းပေါ် ထိုင်လျက်ဖြင့်၊ ဝိညာဉ် ရူရ် များ၏ နက်နဲသော သဘော တရား များကို၊ သင်ယူ ကြားနာ နေသူ များ စွာလည်း ရှိသည်။
“ ဝိညာဉ် ရေးရာ ရူရ် တွေက၊ ရှေးခေတ် ကတည်းက ဆင်းသက် လာတယ်၊ သူတို့ကို ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ အဖြစ် ခွဲခြား ထားတယ်၊ ... ”
“ ... ရွှေဆိုတာ ပြတ်သား မှုနဲ့၊ မာကျောမှုကို ကိုယ်စား ပြုတယ်၊ သူတို့ကို့ ရှေးဟောင်း ပစ္စည်းတွေ သန့်စင်ဖို့ အတွက်၊ အသုံး ပြုတယ်၊ ... ”
“ သစ်သားကို ယန္တရား ရုပ်သေးတွေ အတွက် သုံးတယ်၊ ရေကို ဆေးလုံးတွေ အတွက် သုံးတယ်၊ မီးကို အဖျက် စွမ်းအား အဖြစ် ဖန်တီး တယ်၊ နောက်ဆုံး ဒြပ်စင် ဖြစ်တဲ့ မြေကြီးကို အစီရင်တွေ ခင်းကျင်း ရာမှာ သုံးတယ်။ ”
သင်ကြားရေး အဖိုးအိုက စကား ခဏ ရပ်ကာ၊ တပည့်များ အပေါ်၊ စိတ်ဝင် စားခြင်း ရှိ မရှိ အကဲခတ် လိုက်သည်။
“ ဒါက အမြဲ တမ်းတော့ မှန်မနေ ပါဘူး၊ အဆင့်မြင့် ဝိညာဉ် ရေးရာ၊ ဆရာ သခင်တွေ အတွက် ကတော့၊ ရေ သဘာဝ ရူရ်တွေ နဲ့လည်း လူသတ် နိုင်တယ်၊ .... ”
“ ... မီးသဘာဝ နဲ့လည်း ဆေးလုံးတွေ သန့်စင် နိုင်တယ်၊ ဒီအမာခံ ရူရ်တွေ အပြင်၊ လေ၊ နှင်းနဲ့ လျှပ်စီး လိုမျိုး၊ မူကွဲတွေ အများကြီး ရှိတယ်၊ ... ”
“ ... သူတို့ ကလည်း မယုံနိုင် လောက်အောင် အစွမ်း ထက်တယ်၊ ဒါပေမယ့် ဒါကို ရေးထွင်း ဖို့က အရမ်း ရှုပ်ထွေး လွန်းတယ်။ ”
ထိုသင်ခန်း စာအား ကြားသော အခါတွင်၊ လင်းယွန်က သွားလက်စ ခြေလှမ်း များကို ခဏရပ် လိုက်သည်။
တစ်ဆက်တည်း မှာပင်၊ အတိတ်တွင် ဒုက္ခ ပေးခဲ့သော အတွေးပေါင်း များစွာအား၊ ရုတ်တရက် ရှင်းထုတ် နိုင်သွားသည်။
“ မင်းမှာ ရူရ်တွေနဲ့ ပတ်သတ်ပြီး၊ အချို့ကို ဆုပ်ကိုင် ထားပုံပဲ။ ”
လျူယွမ်ယန်က ပြုံးကာ ဆို သည်။
“ ငါ နည်းနည်းတော့ သိပါတယ်။ ”
ဒုတိယတန်း ဝိညာဉ် ရေးရာ ရူရ် များကို ဖန်တီး နိုင်သော်လည်း၊ ရူရ် များ၏ အခြေခံ ဒြပ်စင် များအပေါ်၊ နားမလည် ထားပေ။
( ရူရ် ဒြပ်စင် များကို၊ တနည်း အားဖြင့် အခြေခံ မှော်ဒြပ်စင်ဟု ယူဆ နိုင်သည်။ )
ဧကရာဇ် သင်တန်း ခန်းမကို ရောက်ရန်၊ အချိန် သိပ်မကြာ လိုက်ပေ။ ဧကရာဇ် သင်တန်း ခန်းမမှာ၊ အကြီးအကဲ ခန်းမနှင့် ဆင်တူပြီး အကယ်ဒမီ အတွက်၊ အရေးကြီးသော နေရာ တစ်ခု ဖြစ်သည်။
ခန်းမ အတွင်း၌ အကြီးအကဲ ဆယ်ဦးထက် မနည်း၊ စောင့်ဆိုင်း နေကြ၏။
၎င်းတို့ အားလုံး၏ အငွေ့ အသက်များ အရ၊ ယင်-ယန် နယ်ပယ်ကို လွန်ခဲ့သော နှစ်ပေါင်း များစွာ ကပင် ရောက်ရှိ ခဲ့ပြီး၊ အထွတ် အထိပ်သို့ တက်လှမ်း နိုင်ခဲ့သည့်၊ ကျွမ်းကျင် ပညာ ရှင်များ ဖြစ်သည်။
ကောင်းကင်ဘုံ ဝိညာဉ် နယ်မြေသို့ ရောက်ရှိ ရန်၊ ခြေတစ် လှမ်းသာ ကွာဝေး တော့သည်။
အကယ်၍ ကာကွယ်သူ မက်မွန်သာ ရှိနေ ပါက၊ သူ့အဆင့် အတန်းမှာ ဤလူအုပ်နှင့် အတူ၊ ရောနှော ပျောက်ကွယ် နေပေ မည်။
အကြီး အကဲများ အလယ်တွင် ထိုင်နေသော၊ အဖိုးအိုမှာ ကောင်းကင်ဘုံ ဝိညာဉ် နယ်မြေ အရှိန် အဝါအား၊ ထုတ်ဖော် ထားသည်။
လင်းယွန် အနေဖြင့်၊ ဤနေရာ၌ ကောင်းကင်ဘုံ ဝိညာဉ် နယ်မြေ ကျင့်ကြံသူ တစ်ဦး ရှိနေ လိမ့်မည်ဟု၊ မထင်ထား သောကြောင့် တုန်လှုပ် သွားသည်။
“ ကနဦး ယင် အဆင့် တဲ့လား။ ”
ဧည့် သင်းထောက် တစ်ယောက် အတွက်၊ အရည် အချင်း ရှိရန် လိုပေမည်။
“ သူ့ အသက်က နှစ်ဆယ်တောင် မပြည့် သေးဖူး ငယ်လွန်းတယ်။ ”
“ အရေးကြီး တာက သူ့အရှိန် အဝါပဲ၊ ခရမ်းရောင် နန်းတော် နယ်မြေ ထဲမှာ ရှိနေ ပေမယ့်၊ လွန်ခဲ့သော တစ်လခွဲ လောက်က၊ နက်နဲ နယ်မြေ မှာပဲ ရှိနေ သေးတယ်။ ”
“ သူ့ကို သင်းထောက် တစ်ယောက် အဖြစ်၊ ဘယ်သူမှ လက်မခံ ကြမှာ ငါကြောက် မိတယ်။ ”
“ တကယ် ပါပဲ၊ အမာခံ တပည့် တစ်ယောက်က၊ အကြံ ပြုတာ ဆိုပေမယ့်၊ ပေါ့ပေါ့ တန်တန် သဘောတူ လို့တော့ မရဘူး။ ”
“ ဝိညာဉ် ရေးရာ ရူရ်တွေ အပေါ် နားလည် နိုင်ရင်တော့၊ တပည့် အဖြစ် လက်ခံ ပေးလို့ ရတယ်၊ ဒါပေမယ့် ဧည့်သင်းထောက် ဖြစ်ဖို့က မသင့် တော်ဘူး။ ”
“ ဒါတော့ အမှန်ပဲ၊ ငယ်ငယ် ရွယ်ရွယ်နဲ့ အရည် အချင်းတွေ အရ၊ အတွင်း တပည့် တစ်ယောက် ဖြစ်လာ ဖို့က၊ သူ့ အတွက် မခက် ပါဘူး။ ”
သူဝင် လိုက်သည့် အခိုက်တွင်၊ အကြီး အကဲများ ထံမှ ဆွေးနွေး သံများကို ကြားလိုက် ရသည်။
သူတို့ မျက်ဝန်း များတွင်၊ စိတ်စော နေကြပြီး၊ လင်းယွန်၏ ကျင့်ကြံမှု အပေါ် သုံးသပ် လာကြ၏။
“ တိတ် ကြ စမ်း ...။ ”
အလယ်တွင် ထိုင်နေသော အဖိုးအိုက၊ အေးစက်စွာ အော်ဟစ် လိုက်ပြီး ဆွေးနွေးမှု များကို တိတ်စေ လိုက်သည်။
“ လင်းယွန်၊ ဒါက စီနီယာ တန်ယုပါ၊ ဧကရာဇ် သင်တန်း ခန်းမရဲ့၊ တာဝန်ခံပဲ။ ”
လျူယွမ်ယန်က တိုးတိုးလေး မိတ်ဆက်ပေး လိုက်သည်။
“ မဟာချင် အင်ပါယာ၊ ဓားနန်းတော်က လင်းယွန်က၊ စီနီယာ တန်ယုနဲ့ အကြီးအကဲ တေွကို နှုတ်ဆက် ပါတယ်။ ”
လင်းယွန်က ဉီးညွှတ်ကာ နှုတ်ဆက် လိုက်သည်။
“ ခွန်အားက ကျင့်ကြံမှု အဆင့်နဲ့ မညီဘူး၊ လျူယွမ်ယန်ကို အပြာရောင် မီးကြာပန်း ရအောင်၊ ကူညီ နိုင်ခဲ့တဲ့ အတွက်၊ မင်းမှာ ထူးခြားတာ တစ်ခု ခုတော့ ရှိမှာ အမှန်ပါ၊ ဒါပေမယ့် … ”
“ ... အကယ်ဒမီရဲ့ ဧည့်သင်းထောက် တစ်ယောက် ဖြစ်ဖို့ ဆိုတာ၊ မင်းထင် သလောက် မလွယ် ပါဘူး၊ နောက်တစ်ခုက နေရာ တစ်ခု လိုချင်လား ရတယ်၊ ... ”
“ ... ရှင်းရှင်း လေးပဲ၊ မင်းအတွက် ပေါ့ပေါ့ ပါးပါး အနေ အထားကို၊ ငါတို့ စီစဉ် ပေးနိုင် ပါတယ်။ ”
တန်ယုက ရှည်လျားစွာ ဆိုသည်။ သူ့ စကားများ အရ၊ အဓိပ္ပါယ်က ရှင်းနေ ပေသည်။
နေရာ တစ်နေရာ အတွက် တောင်းဆို လိုပါက၊ လျူယွမ်ယန် မျက်နှာဖြင့်၊ အလွယ် တကူ စီစဉ် ပေးနိုင်သည်။
သို့သော် မြင့်မားသော အဆင့် အတန်း ရယူ လိုပါက၊ သူ့ ခွန်အားဖြင့် သက်သေ ပြရ ပေမည်။ သို့မဟုတ် ပါလျှင် အကယ်ဒမီ အနေဖြင့်၊ မြင့်မားသော နေရာ ပေးနိုင်မည် မဟုတ်ပေ။
အနည်းငယ် စိမ်းသက် သည်ဟု ထင်ရ သော်လည်း၊ လင်းယွန် လက်ခံနိုင် လောက်သော ပေါင်အတွင်း ၌သာ၊ ရှိနေသေး ပေသည်။
“ မဟာချင် အင်ပါယာ လား၊ ဒီကို လာရဲ့တဲ့ အတွက် မင်းမှာ၊ ကြီးမားတဲ့ နောက်ခံ ရှိမယ်လို့ ငါထင် ခဲ့တာ၊ တကယ်တော့ မဟာချင် အင်ပါယာရဲ့၊ အမှိုက် တစ်စ ပါပဲလား။ ”
ခန်းမ အပြင် ဘက်မှ လှောင်ပြောင် နိမ့်ချသံ တစ်သံ နှင့်အတူ၊ လူရိပ်များ ဝင်ရောက် လာသည်။
လင်းယွန်နှင့် လျူယွမ်ယန်က လှည့်ကြည့် လိုက်သော အခါ၊ လူနှစ်ယောက် ဘေးချင်း ကပ်လျက်၊ လျှောက်ဝင် လာနေ သည်ကို တွေ့လိုက် ရသည်။
တစ်ဦးမှာ ခရမ်းရောင် ဝတ်ရုံကို ဆင်မြန်း ထားကာ၊ တင့်တယ် လွန်းသော အလှ တရား နှင့်၊ ပြည့်စုံသည့် အမျိုး သမီး တစ်ဦး ဖြစ်သည်။
သူမ၏ အသွင် အရ၊ စိတ်နေ စိတ်ထားမှာ၊ လျူယွမ်ယန် ထက် နိမ့်ကျမည် မဟုတ်ပေ။
သို့သော် အရှိန် အဝါ မှာမူ၊ လျူယွမ်ယန် ထက်မြင့်သော၊ အလယ် အလတ် ယင် အဆင့် တွင် ရှိနေသည်။
ခရမ်းရောင် နန်းတော် နယ်မြေ၏၊ ကနဦး နယ်ပယ်ကို ရောက်ရန် လွယ်ကူ သော်လည်း၊ အလယ် အလတ် ယင် အဆင့်သို့ တက်လှမ်း ရန်မှာ၊ ပင်ကိုယ် စွမ်းရည် သို့မဟုတ်၊ ကံကောင်း မှုမျိုး ရရှိဖို့ လိုအပ် ပေမည်။
သို့မဟုတ် ပါက မလွယ် ကူချေ။ ထိုအမျိုး သမီး အနားတွင် ရပ်နေသော လူငယ် သည်လည်း၊ ကနဦး အထွတ် အထိပ် ယင် အဆင့်၊ ကျင့်ကြံ မှုမျိုး ရှိနေ ပေသည်။
သူ၏ အသွင် အပြင် အရ အစွမ်း ထက်ပြီး၊ မြင့်မားသော မျိုးနွယ်စု တစ်ခုမှ ဖြစ်သည်ကို၊ သိသာ စေ၏။
ပန်ယွဲ့နှင့် ဟန်ဖိန်ပင် သူ့အား ယှဉ်နိုင် မည် မဟုတ်ပေ။ ထို့အပြင်၊ အလယ် အလတ် ယင် အဆင့်သို့၊ ထိုးဖောက် ဝင်ရောက် တော့မည့်၊ အရိပ် အယောင် များပင် ပြသ နေသည်။
လင်းယွန်အား လှောင်ပြောင် ပြောဆိုသော အသံမှာ၊ အဆိုပါ လူငယ် ထံမှ ဖြစ်သည်။
“ မိုလင်းနဲ့ မိုဖန်းက စီနီယာ တန်ယုနဲ့၊ အကြီး အကဲ အားလုံးကို နှုတ်ဆက် ပါတယ်။ ”
သူတို့ နှစ်ဦးက လင်းယွန်ထံ၊ အေးစက်စွာ တစ်ချက် ကြည့် ပြီးနောက်၊ အကြီး အကဲ များကို၊ နှုတ်ဆက် လိုက်သည်။
တစ်ဖက်တွင် လင်းယွန်မှာ သူတို့ နှစ်ဦးကို ကြည့်ကာ၊ အတွေးနက် သွားသည်။ ဤသည်က လျူယွမ်ယန် ပြောသော ဒုက္ခ ဖြစ်ပေမည်။
“ မိုလင်း လား။ ”
“ လျူယွမ်ယန်နဲ့ ယှဉ်ရင် မိုလင်း အကြံ ပြုထားတဲ့ ကောင်လေးက၊ ပိုအဆင် ပြေမယ် ထင်တယ်၊ သူတို့ တွေရဲ့ ကျင့်ကြံမှုက၊ သိသိ သာသာ ကွာခြားတယ်။ ”
“ ကနဦး ယင် အဆင့်မှာ ရှိတဲ့၊ တစ်စုံ တစ်ယောက် က၊ အထွတ် အထိပ် ယင် အဆင့်ကို ယှဉ်နိုင် စရာ နည်းလမ်း မရှိ ပါဘူး။ ”
“ နေသာ စီရင်စု မြို့တော်ရဲ့ မိုမျိုး နွယ်က၊ မဟာချင် အင်ပါယာထက် အများကြီး၊ ပိုအစွမ်း ထက်တယ်၊ သူတို့က ကျင့်ကြံမှု အဆင့်ခြင်း တူနေ ရင်တောင်၊ ဒီ မိုဖန်းကို လင်းယွန် တစ်ယောက်၊ ဘယ်လိုမှ ခုခံ နိုင်မှာ မဟုတ်ဘူး၊ ဆိုးဆိုး ရွားရွား ရှုံးလိမ့် မယ်။”
“ မို မိသားစုက ငါတို့ အကယ်ဒမီ နဲ့လည်း၊ နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိပါတယ်၊ ရွေးရမယ် ဆိုရင် မိုဖန်းက ပိုကောင်းတဲ့၊ ရွေးချယ်မှု ဆိုတာ ထင်ရှား တယ်။ ”
အကြီးအကဲ တိုင်းက မိုဖန်းအား ခေါင်းညိတ်ကာ လက်ခံ လိုက်ကြ သည်။
ထိုမှတ်ချက် များကြောင့် မိုဖန်း မျက်နှာမှာ ယုံကြည်မှု အပြည့်ဖြင့်၊ လင်းယွန်အား လျစ်လျူရှု ထားခဲ့ သည်။
သူ့ဘေးတွင် ရပ်နေသော မိုလင်း သည်သာ၊ လင်းယွန် အပေါ်၊ အနည်းငယ် စောင်းငဲ့ ကြည့်လိုက် သည်။
“ စီနီယာ တန်ယု၊ လင်းယွန်က မဟာချင် အင်ပါယာက လာတာ အမှန်ပါ၊ ဒါပေမယ့် မိုဖန်းထက် ပျော့ညံ့သူ မဟုတ် တာတော့ သေချာ ပါတယ်၊ ... ”
“ ... ငရဲလမ်း ကနေ တက်ပြီး၊ နဂါး တံခါး ပြိုင်ပွဲမှာ၊ ပန်းသင်္ချိုင်း ဓားသမား ဆိုတဲ့ ဘွဲ့ကို ရယူ ထား နိုင်ပါတယ်၊ ပြီးတော့ ... ”
“ ... ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေနဲ့၊ ဟန်ဖိန်တို့ အဖွဲ့ကို အနိုင်ယူ ခဲ့ပါတယ်။ ”
လျူယွမ်ယန်က လေးနက်သော အမူ အရာဖြင့် ပြောကြား ခဲ့သည်။
“ ပန်ယွဲ့ တို့ကိုလား၊ မဖြစ် နိုင်တာ၊ ... ”
“ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေနဲ့၊ ဟန်ဖိန်ကို အနိုင်ယူ နိုင်တယ် ဆိုတာ၊ အဓိပ္ပာယ် မရှိဘူး၊ ဒါပေမဲ့ အဲ့ဒါသာ အမှန်ဆို၊ သူက ဧည့် သင်းထောက် ဖြစ်ဖို့၊ အရည် အချင်း ပြည့်မီ နေပြီ။ ”
“ လျူယွမ်ယန် လိမ်သင့် ပါတယ်၊ အနည်း ဆုံးတော့ သူမက ကြာပန်း တွေကို ရခဲ့တယ် မဟုတ်လား။ ”
အကြီး အကဲများ မျက်နှာတွင်၊ သံသယများ ရှိနေ သော်လည်း၊ သူတို့၏ အမူ အရာ များမှာ၊ ယခင် ကထက် များစွာ ပိုကောင်း လာခဲ့သည်။
“ လျူယွမ်ယန် ဧည့် သင်းထောက် ရာထူး အတွက်နဲ့၊ မင်းက လိမ်ဖို့ လိုသလား၊ မဟာချင် အင်ပါယာက အမှိုက် တစ်စကို၊ မင်း ချီးကျူး လွန်းနေပြီ၊ ... ”
“ ... ဧကရာဇ် သင်တန်း ခန်းမက သူလို လူကို၊ ဧည့် သင်းထောက် နေရာ ပေးလိမ့် မယ်လို့ ငါ မယုံဘူး၊ မိုမိသားစု ကလည်း၊ ဒါကို ငြိမ်ခံ မနေမှာ သေချာတယ်။ ”
မိုဖန်းက အံကြိတ်လျက် တင်းမာစွာ ဆိုသည်။
“ မယုံ ဖူးလား၊ မင်းဘာကြောင့် မယုံ ရတာလဲ ဆိုတာ၊ ငါ့ကို ဘာလို့ တိုက်ရိုက် မပြော ရတာလဲ။ ”
လင်းယွန်၏ မျက်ဝန်း များတွင် စူးရှသော၊ အလင်း တစ်စနှင့် အတူ၊ ရုတ်တရက် စကား ဝင်ပြော လာခဲ့သည်။
***