← Chapters

မယုံသေး ဖူးလား။

Vol. 37 Ch. 509

မယုံသေး ဖူးလား။

Vol. 37 Ch. 509

“ ... ဧကရာဇ် သင်တန်း ခန်းမက သူလို လူကို၊ ဧည့် သင်းထောက် နေရာ ပေးလိမ့် မယ်လို့ ငါ မယုံဘူး။ ”

မိုဖန်းက အံကြိတ်လျက် တင်းမာစွာ ဆိုသည်။

“ မယုံ ဖူးလား၊ မင်းဘာကြောင့် မယုံ ရတာလဲ ဆိုတာ၊ ငါ့ကို ဘာလို့ တိုက်ရိုက် မပြော ရတာလဲ။ ”

မျက်ဝန်း များတွင် စူးရှသော၊ အလင်း တစ်စနှင့် အတူ၊ လင်းယွန်က ရုတ်တရက် စကား ဝင်ပြော လာခဲ့သည်။

လင်းယွန်၏ စကား များတွင် ပြဿနာ တစ်စုံ တစ်ရာ မရှိ သော်လည်း၊ သူ့ လေသံဖြင့် ဒေါသကြောင့် လူတိုင်းကို ထိတ်လန့် စေခဲ့ သည်။

မိုဖန်းကို စိန်ခေါ်ရန် အထိ၊ လင်းယွန် တစ်ယောက် ရဲရင့် လိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထားပေ။

မိုဖန်းပင် အံ့အားသင့် သွားပြီး၊

“ မင်း တခြား သူတွေကို ရန်စချင် ရင်တော့ မင်းရဲ့ ခွန်အားနဲ့ ဖြစ်နိုင် ပါလိမ့်မယ်၊ ဒါပေမယ့် ကြွားဝါ တက်တဲ့ သူ တစ်ယောက်က၊ ရှေ့မှာ အသုံး မဝင် ပါဘူး။ ”

ယင်းကို အကြီး အကဲ များစွာက၊ ခေါင်းညိတ် လက်ခံ ကြသည်။ ကျင့်ကြံခြင်း ကမ္ဘာတွင် လက်သီး များဖြင့် စကား ပြောသည်။ ထို့ကြောင့် သန်မာသူ များသာ ပေါ်လွင် နိုင်၏။

အကြီး အကဲများ အလယ်တွင် ထိုင်နေသော အကြီး အကဲ တန်ယုက၊ အကြံပြု ချက်ကို မကန့် ကွက်ပေ။

သူ့ စကားကို မည်သူမှ ငြင်းပယ် ခြင်း မရှိသောကြောင့်၊ မိုဖန်းက ပြုံးလိုက်ပြီး၊

“ မင်းကို ငါ အနိုင် ကျင့်နေ တယ်လို့တော့ မထင်နဲ့၊ ဧည့်သင်းထောက် ရာထူးက ဘယ်သူပဲ နိုင်နိုင် ပိုင်ဆိုင် နိုင်တယ်၊ ဒါပေမယ့် မင်းရှုံး ရင်တော့ ...၊ မင်းဘယ်က လာလာ မင်းကို ငါထပ် မတွေ့ ရစေနဲ့။ ”

မိုဖန်း၏ စကား များက အကြီးအကဲ များစွာကို ထိတ်လန့် စေသော်လည်း၊ မိုမျိုး နွယ်စုမှ ဆင်းသက် လာသော ကြောင့်၊ မိုဖန်းက မောက်မာမှု အပေါ်၊ အံ့ဩခြင်း မရှိပေ။

ထို့ကြောင့် မဟာချင် အင်ပါယာမှ၊ လူငယ် တစ်ဦးသည်၊ ဧည့် သင်းထောက် ရာထူး အတွက်၊ ယှဉ်ပြိုင် လာခြင်း အပေါ်၊ သဘာဝ အတိုင်း မပျော်ရွှင် နိုင်ချေ။

ယနေ့ လင်းယွန် အပေါ်၊ ရန်လို မိသည်မှာ၊ သဘာဝ ပေပင်။

“ ငါ သဘော တူတယ်။ ”

လင်းယွန်က ခေါင်းညိတ် လက်ခံ လိုက် သည်။

“ မင်းတို့ နှစ်ယောက် တိုက်ခိုက်ဖို့၊ သဘောတူ ခဲ့သလိုမျိုး၊ အတိတ် မှာလည်း အလားတူ ဥပမာတွေ ရှိတယ်။ ”

“ မှန်တယ် အားနည်း လွန်းရင်၊ ဘယ်သူ့ ကိုမှ အပြစ် တင်လို့ မရ ပါဘူး၊ နောက်ဆုံးတော့ မင်းက အရမ်း အားနည်းရင်၊ ငါတို့ အကယ် ဒမီကို အရှက်ရ စေလိမ့်မယ်။ ”

အကြီး အကဲ အသီးသီးက ခေါင်းညိတ် ကြသည်။ ၎င်းတို့ အလယ်တွင် ထိုင်နေ သည့်၊ အဘိုးအို တန်ယု ပင်လျှင်၊ အားကိုး ရာမဲ့သော အမူ အရာကို ပြသ လာသည်။

မဟာချင် အင်ပါယာမှ လာသော လင်းယွန်သည်၊ မို မိသားစု၏ အထက် တန်းစား တစ်ဦးကို၊ အနိုင်ယူ နိုင်မည့် နည်းလမ်း မရှိ နိုင်ကြောင်း၊ မြင်မိသည်။

“ ယွမ်ယန် မင်းရော ဘယ်လို ထင်လဲ။ ”

တန်ယုက လျူယွမ်ယန်ကို တစ်ချက် ကြည့်ကာ ဆိုသည်။ လျူယွမ်ယန်က ခေါင်းညိတ် လိုက်ပြီး၊

“ လင်းယွန်ရဲ့ သဘော ထားက၊ ငါ့အမြင် ပါပဲ။ ”

“ မိုလင်း မင်းဘယ်လို ထင်လဲ။ ”

တန်ယုက မိုလင်းကို ပြန်လှည့် ကြည့် လိုက်သည်။

“ သူ့ အဖြေကို လိုချင် သေးတယ်၊ ဒီရာထူး ကိုသာ စွန့်လွှတ် ပေးရင်၊ သူ့ကို လျော်ကြေး ပေးဖို့၊ ငါ့မှာ ဆန္ဒ ရှိပါတယ်၊ ... ”

“ ... ဒါပေမယ့် တိုက်ခိုက်ဖို့ ရွေးချယ် ခဲ့ရင်တော့၊ ငါ့ဝမ်းကွဲ မောင်က ကောင်းကောင်း မထိန်း နိုင်လို့၊ ဒီကောင်လေး ဒဏ်ရာ ရသွားရင် မကောင်း ပါဘူး။ ”

-ဟု မိုလင်းက ပြန်ဖြေ လိုက်သည်။ သူမ အမြင် ၌ပင် လင်းယွန် ဆုံးရှုံး ရမည်မှာ၊ သေချာ နေသည်။

ထို့ကြောင့် အားလုံးက လင်းယွန်ကို လှည့်ကြည့် လိုက်ကြ သည်။ နောက်ဆုံးတွင်၊ ၎င်းတို့၏ အမြင်၌ လင်းယွန်မှာ၊ အနိုင် ရရန် လမ်း မရှိချေ။

ထို့ကြောင့် လင်းယွန်သာ နောက်ပြန် ဆုတ်ရန် ဆန္ဒ ရှိပါက၊ မိုလင်းက လျော်ကြေး ပေးခြင်းဖြင့်၊ ခြေတစ်လှမ်း ဆုတ်ပေး နေပြီ ဖြစ်သည်။

“ လက်လျော့ ရမှာလား စိတ်ကူး မရှိဘူး၊ ဒါပေမယ့် မင်းရဲ့ ဝမ်းကွဲမောင် မပြောနဲ့၊ မင်းဆို ရင်တောင်၊ ငါနောက် ဆုတ်မှာ မဟုတ်ဘူး၊ လာပါ မင်းရဲ့ ဝမ်းကွဲ မောင်ရဲ့ ခွန်အားကို၊ ငါ စောင့်မျှော် နေပါတယ်။ ”

စကားဆုံး သည်နှင့်၊ လင်းယွန်က အေးစက်သော အရှိန် အဝါကို၊ စတင် ထုတ်လွှတ် လိုက်သည်။

လင်းယွန်၏ မောက်မာ မှုကြောင့်၊ အကြီး အကဲများ အားလုံး မျက်လုံးပြူး သွားကြ သည်။

မိုလင်းကို စိန်ခေါ် ခြင်းသည် ပညာ ရှိသော ရွေးချယ်မှု မဟုတ် သောကြောင့်၊ လျူယွမ်ယန်၏ မျက်နှာပင် ပြောင်းလဲ သွားခဲ့ သည်။

“ ဘယ်လောက်တောင် မာနကြီး လိုက်လဲ၊ ဒီလို ဆိုတော့ မင်းရဲ့ ဆန္ဒကို ငါတို့ ဖြည့်ဆည်း ပေးမယ်၊ မိုဖန်း ငါ့ကို အရှက် မခွဲနဲ့ ...။ ”

မိုလင်း၏ လေသံက ကြားရသူ အပေါင်းကို၊ ကေျာရိုး တစ်လျှောက် အေးစိမ့် လာစေသည်။

“ ဟဲဟဲ၊ စိတ်မပူ ပါနဲ့ သူ့ စကားတွေ အတွက်၊ နောင်တ ရစေ ရမယ်။ ”

မိုဖန်းက မထီ မဲ့မြင် ဟန်ဖြင့် လင်းယွန်ကို စိုက်ကြည့်ကာ၊ လှောင်ပြောင်သော အမူ အရာဖြင့် ဆိုလိုက် သည်။

တောသား တစ်ကောင်မှာ၊ သူ့ ပြိုင်ဘက် ဖြစ်လာ နိုင်စရာ နည်းလမ်း မရှိချေ။

ထို့ကြောင့် သူတို့ နှစ်ယောက်သား၊ ဧကရာဇ် သင်တန်း ခန်းမ ရှေ့၊ ရင်ပြင် ဆီသို့ လှမ်းထွက် လိုက်သည်။

အနီး နားရှိ တပည့် များပင် ကြည့်ရှုရန် အတွက်၊ ရပ်တန့် လာခဲ့ ကြသည်။ အမှန်တိုင်း ပြောရ ကြေးသာ ဆိုပါလျှင်၊ ဧကရာဇ် သင်တန်း ခန်းမ ရှေ့ရှိ၊ တိုက်ပွဲ မျိုးကို ကြည့်ရ ခဲ့ပေသည်။

“ နေသာ စီရင်စု ထဲမှာ ရှိတဲ့၊ နယ်မြေ သေးသေး လေး တွေက၊ ကျင့်ကြံသူ တော်တော် များများကို ငါ တွေ့ ဖူးတယ်၊ သူတို့က မင်းလိုပဲ မာနကြီး ကြတယ်၊ ... ”

“ ... ဒါပေမယ့် နောက်ဆုံးတော့ သူတို့ အားလုံးကို သင်ခန်းစာ တစ်ခု သင်ပေး နိုင်ခဲ့ တယ်၊ ငါတို့ ကြားက အခြေခံ အုတ်မြစ် ကွာဟ မှုကို၊ မင်း နားမလည် နိုင်ပါဘူး။ ”

မိုဖန်းက ရှည်လျားစွာ ပြောကြား လိုက်သည်။ ၎င်သည် သာမာန် သူများ အတွက်၊ မှန်နိုင် သော်လည်း လင်းယွန်မှာ မတူချေ။

ဓားသုတ္တန်ကို ကျင့်ကြံထား ခဲ့သူ ပေပင်။ ထို့ကြောင့် မိုဖန်း၏ အခြေခံ အုတ်မြစ်မှာ၊ သူနှင့် နှိုင်းယှဉ် နိုင်စရာ နည်းလမ်း မရှိပေ။

“ မင်းတို့ နှစ်ယောက် သဘော တူပြီး တဲ့နောက်တော့ အောင်နိုင် သူဟာ ၊ အတွင်း တပည့် တစ်ယောက်ရဲ့၊ အဆင့် အတန်းမျိုးကို ခံစား ရမဲ့၊ ဧည့်သင်းထောက် ရာထူးကို ပေးအပ် မယ်။ ”

တန်ယုက ပြတ်သားစွာ ကြေငြာ လိုက်သည်။

ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက် သည်နှင့် လင်းယွန်၏ ခရမ်းရောင် နန်းတော်က တုန်လှုပ် လာသည်။

တစ်ချိန်တည်း မှာပင်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်းတွင် ရှိိစဉ် ကထက်၊ အဆ များစွာ ပိုပြင်း ထန်သော အကန့် အသတ်မဲ့ ရောင်ဝါ များ စိမ့်ထွက် လာ၏။

“ မိုမိသားစုရဲ့ ကြယ်တာရာ ဖျက်ဆီးခြင်း လက်သီး။ ”

လင်းယွန်၏ အရှိန် အဝါကို ခံစား လိုက်ရ သည်နှင့်၊ မိုဖန်း၏ မျက်လုံး များက အေးစက်စွာ တောက်ပ လာသည်။

လျှပ်စီး လက်သလို လွင့်ထွက် သွားသော လက်သီးကို ပစ်လွှတ် လိုက်၏။ သူ့ လက်သီးမှာ လင်းယွန်ထံ ရောက်ရန်၊ စက္ကန့်ပိုင်း မျှပင် မကြာ ခဲ့ပေ။

လက်သီး ထဲတွင် ပါရှိသော မူလ စွမ်းအင်မှာ၊ အလွန် သိပ်သည်း လွန်းသော ကြောင့် ကြယ်ကြီး တစ်လုံး ကိုပင်၊ ဖျက်ဆီး နိုင်မည် ဖြစ်သည်။

“ ဘယ်လောက်တောင် မြန်လိုက်လဲ။ ”

အမှန် အတိုင်း ဝန်ခံ ရပါလျှင်၊ မိုဖန်းမှာ ပန်ယွဲ့နှင့် ဟန်ဖိန် တို့ထက် ပိုသန်မာသည်။

ဆိုလို သည်မှာ မို မိသားစုတွင်၊ နက်နဲသော အခြေခံ အုတ်မြစ် ရှိပြီး၊ ကနဦး ယင် အဆင့် ကျင့်ကြံ သူတိုင်းမှာ၊ ထိုလက်သီး ချက်ကြောင့် ရှုံးနိမ့် သွားနိုင်၏။

သို့သော် လင်းယွန်ထံ ပြေးဝင် မိခြင်းမှာ စိတ်မကောင်း စရာ ပေပင်။

လင်းယွန်၏ အမြင် အာရုံတွင် လက်သီးများ တရွေ့ရွေ့ ကြီးထွား လာသောကြောင့်၊ သူ့ လက်သီး များကို ဆုပ်ကိုင် လိုက်ပြီး၊ ဒရာကိုဖီ မီးတောက်အား အသက်သွင်း လိုက်သည်။

ပူပြင်းသော မီးတောက် များက၊ သူ့ခန္ဓာ ကိုယ်အနှံ့ ပျံ့နှံ့ လာသည်။ တစ်ချိန်တည်း မှာပင် သွေးများ မီးတောင် တစ်လုံးလို၊ ဆူပွက် လာတော့ ၏။

မီးလျှံများ တစ်ကိုယ်လုံး ဖုံးလွှမ်း သွား ချိန်တွင်၊ လက်သီး တစ်ချက်ကို ထုတ်ပစ် လိုက်သည်။

လေကို ခွဲသွား စဉ်မှာပင်၊ သူတော်စင် ဂီတ သံများ လိုက်ပါ လာခဲ့၏။

ဤအခိုက် အတန့်တွင် သူ့အရှိန် အဝါမှာ၊ ရှေးဟောင်း သားရဲ တစ်ကောင်၏ အသွင် အပြင်နှင့် တူနေ၏။

လက်သီး နှစ်လုံး ထိပ်တိုက် တွေ့ဆုံ မိသော အခါ၊ မိုဖန်း၏ နှုတ်ခမ်းများ နာကျင် မှုကြောင့်၊ လှုပ်ယမ်း သွားသည်။

ပြိုင်ဘက်၏ လက်သီး နောက်ကွယ်မှ အင်အားက၊ သူကို အံ့အားသင့် သွားစေသည်။ နာကျင်မှု ဒဏ်ကြောင့် အကျည်း တန်သော မျက်နှာဖြင့်၊ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက် ရ၏။

“ ဘယ်လို နေလဲ။ ”

လင်းယွန်က မေးလိုက်သည်။

“ ဘယ်လောက်တောင် မောက်မာ လိုက်လဲ၊ ဒါက ငါရဲ့ ပေါ့လျော့မှု ကြောင့်ပဲ၊ ထပ် လာမယ်။ ”

မိုဖန်းက ကောင်းကင်သို့ ခုန်တက်ကာ၊ လျှပ်ပြက်သွား သကဲ့သို့၊ အသက် တစ်ရှိုက်စာ အတွင်း လက်သီးပေါင်း ကိုးဆယ် ကျော်ကို ထိုးချ ပစ်လိုက် သည်။

ထိုလက်သီး များမှ ထွက်ပေါ် လာသော ရောင်ဝါမှာ၊ ရပ်ကြည့် နေသူ များကို၊ အသက်ရှူ ကြပ်သွား စေ၏။

“ မယုံ သေးဖူးလား ... ။ ”

လင်းယွန်က တံဆိပ် များကို စတင် ဖွဲ့စည်းစဉ် ပြုံးကာ မေးလိုက်သည်။ မူလ စွမ်းအင်ကို လက်ထဲသို့ လောင်းထည့် လိုက် သည်နှင့်၊ လွှမ်းမိုး ကြီးစိုး နိုင်လွန်းသော ရောင်ဝါများ စတင် တောက်ပ လာတော့သည်။

တံဆိပ်များ တစ်ခုပြီး တစ်ခု ဖြစ်ပေါ် လာပြီး၊ အရှိန် အဝါ သည်လည်း ပို၍ပင် ကြောက်စရာ ကောင်း လာ၏။

တံဆိပ် လေးခု ပေါင်းစပ် လိုက်ချိန်တွင်၊ ထိုရောင်ဝါမှာ ထိတ်လန့်ဖွယ် အဆင့်သို့၊ ရောက်ရှိ လာသည်။

အခြား တစ်ဖက်တွင်၊ မူလ စွမ်းအင် အားလုံးကို လက်သီးများ ထဲသို့ လောင်းထည့် လိုက်သော ကြောင့်၊ မိုဖန်း၏ မျက်နှာမှာ ပြောင်းလဲ နေသည်။

“ ကြယ်တာရာ ဖျက်ဆီးခြင်း လက်သီး၊ ကြယ်တာရာ ရွာကျခြင်း။ ”

မိုဖန်း၏ လက်သီးချက် များမှ၊ တောက်လောင် နေသော အပူများ ထွက်လာ သည်။

လင်းယွန် မျက်နှာမှာ၊ အပြောင်း အလဲ မရှိ ခဲ့ပေ။ ထိပ်တိုက် တွေ့ဆုံ မှုကြောင့်၊ မြေပြင် တစ်ခုလုံး တုန်ခါ လာသည်။

ဤကဲ့သို့ ပြင်းထန်သော သက်ရောက် မှုမျိုး၊ ရှိလာ လိမ့်မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားပေ။

သူတို့ ဆီမှ ထွက်လာသော ရောင်ဝါမှာ၊ ပို၍ ကြောက်စရာ ကောင်းလာ သောကြောင့်၊ အကြီး အကဲ အချို့က တိုက်ပွဲကို ရပ်သင့် သလား ဟုပင်၊ တွေးတော လာကြ သည်။

ရုတ်တရက် ငွေရောင် အလင်း တစ်စ ပြေးထွက် သွားပြီး၊ မိုဖန်းကို ထိမှန် ပေါက်ကွဲ သွား၏။

ပါးစပ် အပြည့် သွေးတစ်လုတ် အန်ချ လိုက်ရပြီး၊ မြေပြင် ပေါ် လဲကျ သွားသည်။

“ မင်း အခု ယုံပြီလား။ ”

မျက်နှာ တစ်ပြင်လုံး သွေးဆုတ် ဖြူရော် နေသော မိုဖန်းကို ပြုံးကြည့်ကာ၊ မေးလိုက် သည်။

“ မင်း ... သေချင် နေတာပဲ။ ”

မိုဖန်းမှာ အရှက် တရားကြောင့်၊ မထိန်း နိုင်တော့ဘဲ၊ အရှိန် အဝါ အားလုံးကို ထုတ်လွှတ် လိုက်လေသည်။

တစ်ဆက်တည်း မှာပင် ကောင်းကင်၌ တိမ်တိုက်များ အပြေး အလွှား စုရုန်း လာပြီး၊ လျှပ်စီးများ ပြိုးပြက် လာတော့၏။

“ ကောင်း တယ် ။ ”

လင်းယွန်က ရှေ့သို့ ခုန်တက် သွားပြီး၊ ပြုံးလိုက် သည်။ နှစ်ယောက်သား ကောင်းကင် ယံ၌၊ ထိပ်တိုက် ရင်ဆိုင် လိုက်ကြ၏။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ သူတို့ နှစ်ဦးက လက်သီး ချက်ပေါင်း ရာဂဏန်း ကျော် အထိ၊ အပြန် အလှန် ဖလှယ် လိုက်သည်။

ကြည့်ရှု သူများ အနေဖြင့် ၎င်းတို့၏ လက်ချက်ကြောင့် ပေါက်ကွဲ သံများ ကိုသာ ကြားနေ ရသည်။

များမကြာမီ လူရိပ် တစ်ရိပ် လွင့်စင် လာကာ၊ မြေပြင်ပေါ် ဒူးထောက် လျက်ဖြင့်၊ သွေးအန် သွားသည်။

ထိုလူရိပ်အား သဲသဲ ကွဲကွဲ မြင် လိုက် သည်နှင့်၊ လူတိုင်း၏ မျက်နှာမှာ၊ သိသိ သာသာ ပြောင်းလဲ ကုန်၏။

နောက်တစ်ကြိမ် ထိပ်တိုက် တွေ့ဆုံ မှု အပြီးတွင်၊ မိုဖန်းက တတိယ အကြိမ်မြောက် ရှုံးနိမ့် သွားပြန် သည်။

မိုဖန်းကို ထောက်ခံ ခဲ့သော အကြီးအကဲ များမှာ၊ ဆိုးရွားသော အမူ အရာများ ထုတ်ဖော် လာကြ သည်။ မိုလင်း မှာမူ ဆိုဖွယ် မရှိချေ။

“ သေစမ်း၊ ငါ မင်းကို အနိုင် မယူ နိုင်ဖူး ဆိုတာကို ငါ မယုံ နိုင်ဘူး။ ”

မိုဖန်းက ၎င်း၏ ဆက်တိုက် ရှုံးနိမ့် မှုကို၊ လက်မခံ နိုင်ခဲ့ချေ။ မို မိသားစု၏ တိုက်ရိုက် ဆင်းသက် လာသူ ဖြစ်သော်လည်း၊ မဟာချင် အင်ပါယာမှ အမှိုက် တစ်စ ကိုပင် အနိုင် မယူနိုင်။

“ ဒါဆို လုံလောက်ပြီ။ ”

လင်းယွန်က ဟိန်းဟောက် လိုက်သည်။ တစ်ချိန် တည်းမှာပင် သူ၏ ရှန်ရှင်း ဓားကို ထုတ်လွှတ် လိုက်၏။

အဆုံး မရှိသော ဓားရည်ရွယ် ချက်မှာ၊ မိုဖန်းကို နောက်တစ်ကြိမ် ပျံသန်း စေခဲ့သည်။

“ ရှန်ရှင်း ဓား ရည်ရွယ်ချက်။ ”

ယင်းကြောင့် အကြီးအကဲ များမှာ၊ အံ့အား သင့်သွား ကြသည်။ မိုလင်း၏ ပါးစပ် သည်ပင်၊ ထိတ်လန့်စွာ ပွင့်ထွက် လာ၏။

လျူယွမ်ယန် သာလျှင် အပြုံး မပျက်၊ လှမ်းကြည့် နေလေပြီ။

မတ်တပ် ပြန်ရပ်ရန် ရုန်းကန် နေသော မိုဖန်းကို ကြည့်ကာ၊

“ ရှန်ရှင်း ဓားကို အစ ကတည်းက သုံးခဲ့ရင်၊ ငါ့ရဲ့ လှုပ်ရှားမှု သုံးခု ကိုတောင်၊ မင်း ခံနိုင်မှာ မဟုတ်ဘူး၊ ... ”

“ ... ငါ မင်းကို လုံလောက်တဲ့ မျက်နှာသာ ပေးထား ပြီးပြီ၊ ဒါကိုမှ ခေါင်းမာ နေဦးမယ် ဆိုရင်၊ ငါ့ကို မယဉ်ကျေး ဖူးလို့ အပြစ် မတင်နဲ့။ ”

လင်းယွန်၏ စကား များက၊ မိုဖန်း ရင်ဘတ် ထဲသို့ ဓားတစ်လက်လို ထိုးဖောက် ဝင်ရောက်ကာ၊ သူ့ကို အရှက် ရစေ ခဲ့သည်။

အချိန် အတော်ကြာ ပြီးနောက် မိုဖန်း တစ်ယောက် အံကြိတ်ကာ၊

“ ငါ ရှုံး ပြီ။ ”

“ ဒါဆို ထွက်သွား၊ ကတိကို သတိ ရပါ၊ မင်းပြော သလိုပဲ မင်းကို ဘယ်တော့မှ ထပ်မတွေ့ ပါရ စေနဲ့။ ”

ရှန်ရှင်း ဓားကို ဖယ်ရှား လိုက်ပြီး၊ လင်းယွန်က ဆိုသည်။

ထိုစကားကို ကြားသော အခါ၊ မိုလင်းနှင့် မိုဖန်း၏ မျက်နှာများ မည်းမှောင် သွားလေ သည်။

***

All Chapters