← Chapters

မြင့်မြတ်သော စွမ်းရည်။

Vol. 37 Ch. 510

မြင့်မြတ်သော စွမ်းရည်။

Vol. 37 Ch. 510

ရလဒ်သည် လူတိုင်း မျှော်လင့်ထား သည်ထက် ကျော်လွန် သွားခဲ့ သည်။ မိုဖန်း ရှုံးမည်ဟု မထင် ခဲ့ချေ။

၎င်းမှာ မို မျိုးနွယ်မှ တိုက်ရိုက် ဆင်းသက် လာသူ ဖြစ်ပြီ၊ အထွတ် အထိပ် ကနဦး ယင် အဆင့်တွင် ရှိနေ သည်။

သို့သော် လင်းယွန်ကို အမှန် တကယ် အသာစီး မရ ခဲ့ပေ။ ရှန်ရှင်း ဓားကို ပြသ ပြီးနောက်တွင်၊ လူတိုင်းက သူ့ကို ထိတ်လန့်စွာ ကြည့်လာ ကြသည်။

ရှန်းရှင်း ဓား ရည်ရွယ် ချက်ကို ဆုပ်ကိုင် နိုင်စေရန် အတွက်၊ သူ၌ နက်ရှိုင်းသော နားလည်မှု ရှိရ ပေမည်။

နေသာ စီရင်စု မြို့တော် တွင်ပင်၊ သူကဲ့ သို့သော အရည် အချင်းရှိ သူမျိုး ရှားပေ၏။

သို့သော် လင်းယွန် ပြောသော နောက်ဆုံး စကားမှာ၊ အနည်းငယ် မာန ကြီး လွန်းသည်။

( ဒါဆို ထွက်သွား၊ ကတိကို သတိ ရပါ၊ မင်းပြော သလိုပဲ မင်းကို ဘယ်တော့မှ ထပ်မတွေ့ ပါရ စေနဲ့။ )

မိုလင်း ရှေ့၌ မိုဖန်းကို နေသာ စီရင်စုမှ ထွက်ခွာရန် ပြောရဲသော သတ္တိမှာ၊ အထင်ကြီး စရာ ကောင်းပေသည်။

လျူယွမ်ယန် သာလျှင် မထူးဆန်း သလို တည်ငြိမ် နေ၏။ ဤသည်မှာ လင်ယွန်သာ ဖြစ်သည်။ မိုဖန်း တစ်ယောက် သည့်ထက် ပို၍ တွန်းမ ပို့ခဲ့ သည်ကို ကျေးဇူး တင်ရ ပေမည်။

သို့မဟုတ် ပါက မိုလင်းပင် ကယ်နိုင်မည် မဟုတ် ချေ။

ဟန်ဖိန် တို့ကို ခရမ်းရောင် နန်းတော် တစ်ပိုင်း ခွန်အား ဖြင့်၊ လင်းယွန်က အနိုင်ယူ ခဲ့သည်။

မိုဖန်းမှာ မပျော့ညံ့ သော်လည်း၊ သူနှင့် လင်းယွန်ကြား ကွာဟ ချက်မှာ၊ အလွန် ကြီးမား လေသည်။

မို မိသားစု၏ ကြီးကျယ် ခမ်းနားသော ပါရမီရှင် တစ်ဦး သည်သာ၊ လင်းယွန်ကို ရင်ဆိုင်နိုင် သော်လည်း၊ မိုဖန်း ကဲ့သို့သော သာမန် တပည့် မဟုတ် သည်မှာ သေချာသည်။

မောက်မာမှုနှင့် ပတ်သက်၍ မိုဖန်းက လင်းယွန် အပေါ်၊ ဦးစွာ အရှက်ရ စေသော သူဖြစ်သည်။

ထို့ကြောင့် လက်တုံ့ပြန် ခြင်းမှာ၊ လင်းယွန် အတွက် သဘာဝ ကျ၏။

“ ဒီကောင်လေး …”

တန်ယု ဘေးတွင် ရပ်နေသော၊ အမာခံ အကြီး အကဲက အနည်းငယ် အံ့သြ သွား၏။

လင်းယွန်၏ ခွန်အားသည် သူတို့၏ အမြင်ကို ကျယ်စေ ခဲ့သည်။ ရှန်းရှင်း ဓားကို ရည်ရွယ်ချက် ရှိရှိ ဖုံးကွယ် ထားကာ၊ အကယ် ဒမီ၏ စည်းမျဉ်း များကို၊ ကစားရန် ကြိုးစား ခဲ့သည်။

ဧည့်သင်းထောက် အတွက် မည်သူမှာ၊ သင့်တော် သောသူ ဖြစ် မည်ကို၊ မြင်သာ စေသည်။

“ ငါ့ အရှုံးကို ဝန်ခံ ပါတယ်၊ ဒါပေမယ့် မင်း နည်းနည်းတော့ လွန်သွားပြီ မဟုတ်လား၊ ထွက်သွား ဆိုတာ ဘာကို ဆိုလို တာလဲ၊ အကယ် ဒမီက မင်းပိုင် တယ်လို့ ထင်နေလား။ ”

မိုဖန်းက အံကြိတ်လျက် ဆိုသည်။

“ အသက် ငယ်ငယ်နဲ့ ဒီလို မောက်မာ ဝံ့တဲ့၊ မင်းရဲ့ ဒေါသကို မြင်လိုက် ရတာ၊ ငါ့အတွက် အမြင် ကျယ်စေ ပါတယ်။ ”

လင်းယွန်ကို စိုက်ကြည့်ပြီး၊ မိုလင်းက မျက်ခုံး ပင့်လိုက် သည်။ တစ်ဆက်တည်း မှာပင် ကြောက်စရာ ကောင်းသော၊ အငွေ့ အသက်များ ထွက်ပေါ် လာလေသည်။

ဝိညာဉ် ရေးရာ ရူရ်များ ရောနှော ပါဝင် နေသော၊ အလယ် အလတ် ယင် အဆင့် အရှိန် အဝါကို ထုတ်ဖော်ကာ၊ လင်းယွန်အား ဖိအား ပေးခဲ့သည်။

ထိုအရှိန် အဝါကြောင့် လင်းယွန်က မျက်မှောင် ကြုတ်ကာ၊ တုန်လှုပ် သွားရသည်။

မိုလင်းမှာ အချိန် မရွေး အထွတ် အထိပ် ယင် အဆင့်သို့ ရောက်ရှိ နိုင်မည် ဖြစ်သည်။

ထို့အပြင်၊ သူမ၏ ဝိညာဉ် ရေးရာ ရူရ် များမှ၊ ထွက်လာသော အရှိန် အဝါက၊ သူ့ကို ကြောက်ရွံ့ ထိတ်လန့် သွားစေသည်။

“ ငါတို့ တွေ့ မယ်။ ”

မိုလင်း မထွက် ခွာမီ လင်းယွန်အား၊ လေးနက်စွာ တစ်ချက် စိုက်ကြည့် သွား၏။

“ ဝမ်းကွဲ အစ်မ၊ ငါတို့ ဒီကိစ္စကို ဒီအတိုင်း ထားတော့ မှာလား။ ”

မိုဖန်းက တုံ့ဆိုင်း စွာဖြင့် မေးလိုက်သည်။

“ ပိတ်ထား၊ အရှက် ရတာ၊ မလုံလောက် သေးဖူး လား။ ”

မိုလင်းက ငေါက်ကာ၊ လှည့် မကြည့်တမ်း ထွက်ခွာ သွားတော့သည်။

“ သေစမ်း။ ”

ကျိန်ဆဲ လိုက်ပြီး၊ မိုလင်းနောက် မိုဖန်းက ပြေးလိုက် သွား၏။

“ ဒီနေ့က စပြီး မင်းက အကယ် ဒမီရဲ့ ဧည့် သင်းထောက် ဖြစ်ပြီ၊ မင်းရဲ့ အဆင့် အတန်းက အတွင်း တပည့် တွေနဲ့ အတူတူပဲ၊ ... ”

“ ... အမာခံ တပည့်ရဲ့ အဆင့် အတန်းမျိုး လိုချင်ရင်၊ ဧည့် အကြီး အကဲ ဖြစ်ဖို့ လိုတယ်၊ ယွမ်ယန် ... သူ့ အတွက် 'သစ်သား စိတ်ဝိညာဉ် တောင်ကုန်း' မှာ၊ နေဖို့ စီစဉ် ပေးပါ။ ”

တန်ယုက အဖြူရောင် ကျောက်ပြား တစ်ခုကို၊ လင်းယွန် ဆီသို့ ပစ်ပေး လိုက်သည်။

အဖြူရောင် ကျောက်ပြားတွင် 'ဧည့် သင်းထောက်' ဟု၊ ရေးထိုး ထားသော ရူရ်များ ပါရှိ ပေသည်။ ယင်းမှာ အတု လုပ်ယူ၍ ရသော အရာ မဟုတ်ပေ။

“ ကျေးဇူးတင် ပါတယ်၊ စီနီယာ တန်။ ”

ထွက်ခွာ သွားသော တန်ယု နောက်ကျောကို ကြည့်ကာ၊ လင်းယွန်က လက်ဝှေ့ ရမ်းကာ၊ ဦးညွှတ် နှုတ်ဆက် လိုက်သည်။

ကျန်ရှိ နေသော အကြီး အကဲများ သည်လည်း၊ လင်းယွန်ကို မထွက် ခွာမီ တစ်ချက် ကြည့်သွား ကြသည်။

အားလုံး ထွက်သွား ပြီးနောက် လျူယွမ်ယန်က ရှက်ရွံ့စွာ ပြုံးလျက်၊

“ လင်းယွန် ... မင်းက တကယ်ကို ရဲရင့် ပါပေ တယ်၊ မင်းရဲ့ အကယ်ဒမီ ပထမဆုံး နေ့မှာပဲ၊ စီနီယာ အစ်မ မိုကို စော်ကား လိုက်ပြီ။ ”

“ မင်း ... ငါ့ဒေါသကို သိပါတယ်၊ ဘယ်သူမှ ငါ့ကို မနှောင့် ယှက်ရင်၊ ငါကလည်း နှောင့်ယှက် မှာ မဟုတ်ဘူး၊ ဘာလဲ မိုဖန်းကို ပြုံးပြ စေချင် တာလား။ ”

လင်းယွန်က ပြုံးကာ ဆိုလိုက် သည်။ မိုဖန်းတွင် အပြန် အလှန် လေးစား ရမည် ဟူသော၊ အသိ တရား မရှိ သည့်နောက်၊ သူ့တွင် ပြောစရာ မရှိပေ။

ထို့ပြင် မိုဖန်းမှာ သူ၏ တိုက်ခိုက်မှု သုံးခုကို၊ မခံ နိုင်သော အမှိုက် တစ်စ မျှသာ ဖြစ်သည်။

“ သွားကြ ရအောင်၊ မင်းရဲ့ နေအိမ်ကို ငါလိုက်ပို့ ပေးရင်း စကားပြော ကြမယ်။ ”

လျူယွန်ယန်က ‘သစ်သား စိတ်ဝိညာဉ် တောင်ကုန်း’ ကို၊ ဦးဆောင် ခေါ်လာ ခဲ့သည်။

“ စီနီယာ အစ်မ မိုလင်းရဲ့ ခွန်အားက၊ အမာခံ တပည့်တွေ ထဲမှာ၊ ထိပ်ဆုံး ငါးဦး စာရင်း ဝင်တယ်၊ ဝိညာဉ် ရေးရာ ရူရ်တွေ အပေါ်၊ သူ့ရဲ့ အောင်မြင် မှုက ပြိုင်ဘက် ကင်းပဲ၊ ... ”

“ သူက ငါတို့ အားလုံး အပေါ်၊ ဝိညာဉ် ရေးရာ ရူရ် အခေါ် အဝေါ် တွေကို အများ အားဖြင့်၊ သင်ကြား ပေးတဲ့ သူပဲ၊ အကယ် ဒမီမှာ ရှိတဲ့ အချို့သော အကြီး အကဲ တွေတောင်၊ သူမထက် နိမ့်ကျတယ်၊ ... ”

“ ... ဒါပေမယ့် ဒါက သူမကို ကြောက်စရာ ကောင်းစေတာ မဟုတ်ဘူး၊ ... ”

မိုလင်း အကြောင်း ပြောနေသော တစ်လျှောက် လုံးတွင်၊ လျူယွမ်ယန်၏ မျက်နှာမှာ လေးစားသည့်၊ အရိပ် အယောင်များ ပြည့်နှက် နေပေသည်။

“ ... ဘာက ကြောက်စရာ ကောင်းတာလဲ။ ”

“ လင်းယွန်၊ မြင့်မြတ်သော အရည် အသွေး ဆိုတာကို၊ မင်း ကြားဖူးလား။ ”

“ မြင့်မြတ်သော စွမ်းရည်၊ ဟင့်အင်း ငါမကြား ဖူးဘူး။ ”

“ ဒါဆို မင်းသူတို့ အကြောင်း မသိ ဖူးပေါ့၊ မင်းရဲ့ ဂိုဏ်းမှာ ဒုတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင်တွေ၊ များများ စားစား ရှိပုံ မရဘူး၊ ဒါကြောင့် မင်း မသိတာ ပုံမှန် ပါပဲ၊ … ”

“ … မြင့်မြတ်သော စွမ်းရည် ဆိုတာ၊ သိုင်းနည်း စနစ် တွေနဲ့ ပုံစံ ဆင်တယ်၊ ဒါပေမယ့် သူတို့က စိတ်ဝိညာဉ် ရူရ် တွေကို အသုံးပြု ရတာပဲ၊ အရမ်း အစွမ်း ထက်တယ်၊ … ”

“ … တစ်စုံ တစ်ယောက်က ကနဦး ယင် အဆင့်မှာ ရှိနေဦး၊ အညံ့ဆုံး မြင့်မြတ်သော စွမ်းရည် နဲ့တင်၊ ယန် အဆင့်က ကျွမ်းကျင် သူကို၊ အပြင်း အထန် ဒဏ်ရာ ရအောင် စွမ်း ဆောင် နိုင်တယ်။ ”

ဆိုလို သည်မှာ ကနဦး ယင် အဆင့်၊ ကျင့်ကြံ မှုတွင် မြင့်မြတ်သော စွမ်းရည် ရှိနေ ပါက၊ ယန် အဆင့် ကျင့်ကြံ သူကို၊ တိုက်ခိုက် နိုင်ပေမည်။

ထိုကြောင့် အံ့အား သင့် သွားသည်။ ယင်းမှာ အနည်းငယ် လွန်ကြူးရာ ရောက်ပေ၏။

သူ့ အနေဖြင့်၊ အလယ် အလတ် ယင် အဆင့်၊ သို့မဟုတ် သခင့်ဓား၏ မိုးကြိုး ဓားချက်ကို၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိ မှ သာလျှင်၊ ယန် အဆင့်ရှိ ကျွမ်းကျင် သူကို တိုက်ခိုက်ရန်၊ အနည်းငယ် မျှသာ မျှော်လင့် နိုင်မည်။

လက်ရှိ ခွန်အား အရ မဖြစ် နိုင်ပေ။ ထိုသို့ သော ကွျမ်းကျင် သူမျိုးနှင့် ဆုံရ ပါက၊ ဘဝ အတွက် ထွက်ပြေး ခြင်းသာ တက်နိုင် သည်။

“ မင်းပြောချင် တာက ... ၊ မင်းရဲ့ စီနီယာ အစ်မ မိုလင်းက …၊ ”

လင်းယွန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။

“ မှန်တယ်၊ သူက အခု ယန်အဆင့် ကျွမ်းကျင် သူ တစ်ဦးတောင်၊ ရန်မစ ဝံ့တဲ့ 'မြင့်မြတ်သော စွမ်းရည်' ပိုင်ရှင် တစ်ယောက်ပဲ။ ”

လျူယွမ်ယန်က လင်းယွန်ကို ရွှတ်နောက် နောက်ဖြင့်၊ ပြုံးကာ တုန့်ပြန် လိုက်သည်။

“ အလို ... ငါ နတ်ဘုရား တစ်ပါးကို၊ ရန်စမိ တာလား။ ”

လင်းယွန်က ထိန်လန့် ဟန်ဖြင့်၊ နှာခေါင်းကို လက်ညိုးဖြင့် ပွတ် လိုက်ပြီး၊ သက်ပြင်း ချကာ၊

“ ဘာလို့ ဒီအကြောင်းကို ကြိုမပြော ရတာလဲ၊ ကြည့်ရတာ ခုတော့ ငါရေတိမ် နစ်ပြီ ထင်တယ်၊ မင်းက တကယ် မယုံ ရဖူးပဲ။ ”

“ ဘာဖြစ်လဲ၊ မင်းဘယ် လောက်ထိ အံ့သြဖို့ ကောင်းခဲ့လဲ ဆိုတာ မင်းမမြင် ဖူးလား။ ”

လျူယွမ်ယန်က ညစ်ကျယ်ကျယ် ဆိုလိုက် သည်။ ကြိုသိ ခဲ့လျှင်ပင်၊ လင်းယွန် တစ်ယောက် အထိန်း အကွပ် ရှိလာမည် မဟုတ်ပေ။

သူ့ကို လင်းယွန်က နောက်ပြောင် နေမှန်း သိသော ကြောင့်၊ မဲ့ပြုံး ပြုံးကာ၊

“ အဲ့ဒီ လောက်ကြီးလည်း၊ အရမ်း စိုးရိမ် မနေ ပါနဲ့၊ စီနီယာ အစ်မက ဒီနေ့ စိတ်ဆိုး သွားပေမယ့်၊ မင်းကို အခက်တွေ့ စေမှာ မဟုတ် ပါဘူး၊ တပည့် အများစု ကသာ၊ မင်းကို စိတ် အနှောက် အယှက် ဖြစ်စေဖို့၊ နည်းနည်းတော့ အနိုင်ကျင့် ကြလိမ့် မယ်။ ”

လျူယွမ်ယန်က နှစ်သိမ့်သည်။ လင်းယွန်၏ ကံဆိုး မှုကြောင့်၊ သဘာဝ အတိုင်း ကြေနပ် နေမိ သည်။

“ ကောင်းပြီ၊ အဲဒါကို အခု ခဏ ထားလိုက် ရအောင်၊ မြင့်မြတ်သော စွမ်းရည် အကြောင်း၊ ငါ့ကို ဘာလို့ ထပ်မပြော ပြရ တာလဲ။ ”

နောက်ဆုံးတွင် လင်းယွန်က၊ ဤကိစ္စကို ဘေးဖယ် ထားရန် ကြိုးစား နိုင်ခဲ့သည်။ ပေါ့ပေါ့ ပါးပါး နေတက်သူ ပေမို့၊ သိပ် စိတ်မ၀င် စား တော့ချေ။ တစ်ဖက် တွင်မူ မြင့်မြတ်သော စွမ်းရည် များကို ပို၍ စိတ်ဝင်စား မိခဲ့သည်။

“ မြင့်မြတ်သော စွမ်းရည် ဆိုတာ၊ နတ်ဘုရား တွေမှာသာ ရှိတက်တဲ့ စွမ်းရည် မျိုးပဲ၊ ဆိုလို တာက ကောင်းကင်ဘုံ ကိုတောင် အံတု နိုင်တယ်၊ ... ”

“ တစ်ချိန် တုန်းက လူသား တွေက တာအို ရူရ် တွေကို ပေါက်မြောက် ခဲ့ပြီး၊ နတ်ဘုရား တွေကို ရန်စတဲ့ အထိ၊ အစွမ်း ထက်ခဲ့ ဖူးတယ် ဆိုတဲ့၊ ဒဏ္ဍာရီ တွေရှိခဲ့ ဖူးတယ်၊ ... ”

“ ... အဲ့ဒီ သူတွေရဲ့ နားလည် မှုကို မြင့်မြတ်သော စွမ်းရည် တွေလို့ သတ်မှတ် ထားတယ်၊ ... ”

“ ... မြင့်မြတ်သော စွမ်းရည်ကို 'ကနဦး'၊ 'သာလွန်'၊ 'အဓိ ပတိ' ဆိုပြီး အမျိုး အစား သုံးမျိုး ခွဲခြားတယ်၊ ... ”

“ ကမ္ဘာဦး ခေတ်တုန်း ကတော့၊ မြင့်မြတ်သော စွမ်းရည်ပေါင်း သောင်းနဲ့ ချီ ရှိခဲ့တယ်၊ ဒါပေမယ့် အခု တော်တော် များများ ပျောက်ကွယ် သွားပြီ၊ ... ”

“ ... အမျိုး မျိုးသော အင်အား စုတွေ လက် ထဲမှာ၊ ရှိတဲ့ မြင့်မြတ်သော စွမ်းရည် တွေက နိမ့်ပါး ကုန်ပြီ၊ ... ”

လျူယွမ်ယန်က စကား ဆက်မီ ခေတ္တ ရပ်လိုက်ပြီး၊

“ ကောင်းကင် ပြည်နယ် အကယ်ဒမီက၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခု လုံး မှာတောင်၊ အရမ်း နာမည် ကြီးတယ်၊ ဘာလို့လဲ ဆိုတော့ ... ”

“ ... ကနဦး မြင့်မြတ်သော စွမ်းရည် ဆယ်မျိုးကို ငါတို့က ပိုင်ဆိုင်ထား လို့ပဲ၊ ငါတို့ ထက် သာလွန်တဲ့၊ သာလွန် မြင့်မြတ်သော စွမ်းရည် မျိုးတွေက၊ အုပ်စိုးရှင် အင်အားစု တွေမှာတောင် မရှိ သလောက် ရှားပါးတယ်၊ ... ”

“ အဓိပတိ မြင့်မြတ်သော စွမ်းရည် ကိုတော့၊ ရှေးဟောင်း မြင့်မြတ် နယ်မြေတွေ၊ မှာသာ တွေ့နိုင် လိမ့်မယ်။ ”

လင်းယွန်မှာ မျက်စိ ပွင့်လာသည်။ ကြားလိုက် ရသော အချက် အလက် များက၊ အံ့အားသင့် စရာများ ပေပင်။

“ ... ဒါပေမယ့် ငါ့ သိထား တာ တွေက အပေါ်ယံ လေးပါ၊ စီနီယာ အစ်မ မိုက ငါ့ထက် ပိုသိတယ်။ ”

“ ဘာလဲ ... မင်းက၊ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင်၊ တစ်ဦး ဖြစ်တာ တောင်၊ သူနဲ့ ကွာဟ ချက်က အရမ်း ကြီးနေ သေးလား။ ”

ထိုမေးခွန်းကြောင့် လျူယွမ်ယန်က ခေါင်းကို လေးလေး နက်နက် ခါပြ လိုက်ပြီး၊

“ ဟုတ်တယ်၊ ငါက တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် ဆိုပေမယ့်၊ တတိယတန်း ရူရ် နှစ်ခု၊ သုံးခု ကိုပဲ၊ ဆုပ်ကိုင်နိုင် သေးတယ်၊ ... ”

“ ... စီနီယာ အစ်မ မိုကတော့၊ တတိယတန်း ဝိညာဉ် ရေးရာ ‘ရူရ်’ ဆယ်လုံး အထိ၊ ဆုပ်ကိုင် ထားနိုင် တယ်၊ ... ”

“ ... ဒီလိုမှ မဟုတ်ရင်၊ သူက ကနဦး မြင့်မြတ်သော စွမ်းရည်ကို ကျင့်ကြံဖို့၊ နည်းလမ်း မရှိ ပါဘူး၊ ... ”

“ ... ကနဦး မြင့်မြတ်သော စွမ်းရည်ကို ကျင့်ကြံ ရခြင်းက အလွန် ခက်ခဲတယ်၊ အကြီးအကဲ တွေတောင် ဆယ်စုနှစ် များစွာ ကျရှုံး ခဲ့ရတယ်၊ ... ”

“ ... ဒါကြောင့် မြင့်မြတ်သော စွမ်းရည်နဲ့၊ ဆုပ်ကိုင် ထားတဲ့ ဝိညာဉ် ရေးရာ ဆရာ သခင်က၊ ဘယ်လောက် အထိ ထိတ်လန့် စရာ ကောင်းတယ် ဆိုတာ၊ မြင်ယောင် ကြည့်နိုင် တယ်၊ ... ”

“ ... တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တွေကို၊ ဝိညာဉ် ရေးရာ ဆရာ သခင်လို့ ယူဆ နိုင်တယ်၊ သူ့အောက် အဆင့် ကိုတော့၊ ဝိညာဉ် ရေးရာ ဆရာ သခင် အဖြစ်၊ မသတ်မှတ် ကြဘူး။ ”

“ ဘာ လို့ လဲ ... ။ ”

“ ဝိညာဉ် ရေးရာ ဆရာ သခင်တွေ အတွက်၊ တတိယ အဆင့် ဆိုတာ ဝင်ပေါက် တစ်ခုပဲ၊ ဒါကြောင့် တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင်၊ ဖြစ်ဖို့ မလွယ် ကူဘူး၊ အချိန် အများကြီး ပေးဆပ် ရလိမ့်မယ်။ ”

လျူယွမ်ယန်က ထူးထူး ခြားခြား ပြုံးကာ ဆိုလိုက် သည်။

တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် များကို၊ အခြေခံ အဖြစ်သာ ယူဆ နေသည်။ ယင်းကြောင့် အကယ်ဒမီ အပေါ် ထားသော၊ မျှော်လင့် ချက်များက၊ များစွာ မြင့်မား လာခဲ့ သည်။

ဓားနန်းတော်တွင် ရှိခဲ့ စဉ်က သူ့ အမြင်မှာ၊ ကျဉ်းမြောင်း လွန်းခဲ့သည်။ ဝိညာဉ် ရေးရာ ရူရ် များ ကျင့်ကြံရန်၊ နည်းလမ်းပင် မရှိ ခဲ့ပေ။

ထို့ကြောင့် နှင်းဆီ ပန်းချီကားကို အဓိပ္ပါယ် ဖော်နိုင်ခြင်း မရှိခြင်း ဖြစ်သည်။

ဆိုလို သည်မှာ၊ ထိုစဉ်က ဝိညာဉ် ရေးရာ နယ်ပယ်တွင်၊ သူငယ် နှပ်စား အဆင့် ၌သာ ရှိနေ ပေ သေးသည်။ စကား ပြောရန် သင်ယူ နေသော ကလေးငယ် နှင့် တူ၏။

“ ဟိုမှာ သစ်သား စိတ်ဝိညာဉ် တောင်ကုန်း ပဲ၊ ဒါက ဝိညာဉ် စွမ်းအင်တွေ ပြည့်နှက် နေတဲ့၊ ရတနာ နယ်မြေ တစ်ခုပါ၊ သာမန် အတွင်း တပည့် တွေကို၊ ဝင်ခွင့် မပေး ထားဘူး၊ ... ”

“ ... ဧည့်သည် တွေနဲ့၊ အမာခံ တပည့်တွေ အတွက်သာ သီးသန့် ခွင့်ပြု ထားတယ်။ ”

ဝိညာဉ် စွမ်းအင် များက၊ မြူများ သဏ္ဍာန် ဖွဲ့တည် ဖုံးလွှမ်း နေသော၊ တောင်ကုန်း တစ်ခုကို ညွှန်ပြကာ ဆိုသည်။

“ တကယ် ကောင်းတဲ့ နေရာပဲ။ ”

အသက် ပြင်းပြင်း ရှူပြီး၊ လေထဲရှိ အသက်ဓာတ် များကို အာရုံ ခံလိုက်သည်။ ခန္ဓာ ကိုယ် တစ်ခုလုံး ပေါ့ပါး လန်းဆန်း သွား၏။

ဒါန်တမ် အတွင်းရှိ ခရမ်းရောင် နန်းတော် ပင်လျှင်၊ ဤနေရာရှိ ဝိညာဉ် စွမ်းအင် သိပ်သည်း ဆကြောင့်၊ အနည်းငယ် တုန်လှုပ် သွားသည်။

“ ဒါတော့ သေချာ ပါတယ်၊ မို မိသားစုရဲ့ ရတနာ နယ်မြေက၊ 'သစ်သား စိတ်ဝိညာဉ် တောင်ကုန်း' ကို မယှဉ် နိုင်ပါဘူး၊ ... ”

“ ... မိုဖန်းက ဧည့် သင်းထောက် ဘာလို့ ဖြစ်ချင်တယ် ထင်လဲ၊ သူက ဒီနေရာကို သိနေ တာမို့ ကောင်းကောင်း တန်ဖိုး ထားတယ်။ ”

လျူယွမ်ယန်က ပြုံးကာ ဆိုသည်။ သူသည်လည်း အမာခံ တပည့် ဖြစ်လာ တော့မည် ဖြစ်ရာ၊ အနာဂတ်တွင် ဤနေရာ၌ ကျင့်ကြံရန် အခွင့် အရေး ရှိပေသည်။

***

All Chapters