ပထမ အစည်း အဝေး။
Vol. 37 Ch. 511
သစ်သား စိတ်ဝိညာဉ် တောင်ကုန်း ပေါ်သို့ တက်ရောက် သွားသော၊ လင်းယွန်တို့ နှစ်ယောက်ကို၊ ဧကရာဇ် သင်တန်း ခန်းမ အမိုးစွန်း ပေါ်မှ၊ လူနှစ် ယောက်က ရပ်ကြည့် နေခဲ့သည်။
ထိုလူရိပ် များမှာ တန်ယုနှင့်၊ လျူယွမ်ယန်၏ ဆရာ သခင် ယုမူ ဖြစ်၏။
“ စိတ်ဝင် စားဖို့ ကောင်းတယ်၊ ငါ့အထင် သူက ဆယ့်ရှစ် နှစ်ပဲ ရှိဦးမယ်။ ”
“ စီနီယာ အစ်ကိုတန်၊ မင်းဘာတွေ စဉ်းစား နေတာလဲ၊ ဒီကောင် လေးက မဟာချင် အင်ပါယာ ကပါ၊ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ရဲ့ အခြေခံ အုတ်မြစ်က၊ နည်းနည်းတော့ ချို့တဲ့ ဦးမယ် မဟုတ်လား။ ”
တန်ယု၏ မျက်ဝန်းများ မှေးကျဉ်း သွားကာ၊ ရုတ်တရက် ဆိုလိုက်သော စကားကြောင့်၊ ယုမူက အံ့သြလျက်၊ ပြန်လည် မေးမြန်း လိုက်ခြင်း ဖြစ်သည်။
“ ဘာမှ မဟုတ် ပါဘူး၊ ဒါပေမယ့် ဒီလင်းယွန်ကို သတိထား သင့်တယ်၊ ယုမူ ... မင်းက ဓားနန်းတော်ကို လျှော့တွက် နေမိ ပုံပဲ၊ ... ”
“ ... သေချာတာ ကတော့ ၊ သူတို့က မင်းထင် ထား သလောက် မရိုးရှင်း ပါဘူး၊ သူတို့ရဲ့ အချိန် တုန်းက အုပ်စိုးရှင် ကိုးပါး ကိုတောင်၊ မထီ မဲ့မြင် ပြုဝံ့တဲ့ တည်ရှိမှု မျိုးပဲ၊ ... ”
“ ... သူတို့က နိမ့်ကျ နေရင်တောင်၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ နှစ်ယောက် ရှိနေ သေးတယ်။ ”
-ဟုဆိုကာ တန်ယုက လေးလေး နက်နက် ပြုံး လိုက်သည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
ယုမူ တစ်ယောက် အံ့အားသင့် သွားသည်။ နေသာ စီရင်စု၏ ဒုတိယ တန်းစား အဖွဲ့ အစည်း အတွင်းရှိ၊ ဂိုဏ်းငယ် လေး တစ်ခုတွင်၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး ရှိ နေသည်။
ယင်းမှာ ချဲ့ကား ပြောဆို ခြင်းသာ ဖြစ်နိုင် မည်။ ကောင်းကင် ပြည်နယ် အကယ်ဒမီ တွင်ပင်၊ ၎င်းအဆင့် ကျွမ်းကျင် သူများကို၊ လက်ချိုး ရေပါက၊ လက်တစ်ဖက် မပြည့် နိုင်ပေ။
ဤသည်မှာ အကယ် ဒမီသည်၊ ရူရ် များကို အလေး ပေးသည့် အချက် ကြောင့်လည်း ဖြစ်သည်။
အခြားသော အမည်ခံ အုပ်စိုးရှင် ဂိုဏ်း များတွင်၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူများ ပိုများ၏။
ဖျက်ဆီးခြင်း ဓား ခန်းမတွင်၊ အများဆုံး ဖြစ်သည်။ သို့သော် ငြားလည်း၊ ၎င်းတို့ ၌ပင် လက်နှစ်ဖက် မပြည့်ပေ။
အုပ်စိုးရှင် ကိုးဦး အနက်မှ တစ်ဦး ဖြစ်သော တော်ဝင် ယန်နန်းတော် တွင်၊ မည်မျှ ရှိမည် ကိုမူ မခန့်မှန်း နိုင်ပေ။
ဤနှစ်များ အတွင်း တော်ဝင် ယန် နန်းတော်မှာ၊ ကျရိပ် သန်းလာ သော်လည်း၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ် ကျွမ်းကျင် ပညာရှင် အရေ အတွက်မှာ၊ အမည်ခံ အုပ်စိုးရှင် ငါးဦးကို နှိမ်နင်း နိုင်နေဆဲ ဖြစ်သည်။
“ ဘာလို့ မဖြစ် နိုင်ရ မှာလဲ၊ ဓားနန်းတော် အကြောင်း ပြန်ပြော ရမယ် ဆိုရင်၊ သူရဲ့ မူလက အုပ်စိုးရှင် ကိုးပါးထက် လုံးဝ အားမနည်း ခဲ့ဘူး။ ”
တန်ယုက သက်ပြင်းချ လိုက်ပြီး၊
“ ဘာပဲ ဖြစ်ဖြစ် ဒီလင်းယွန်က ငါတို့ရဲ့ အာရုံစိုက် မှုနဲ့ ထိုက်တန် ပါတယ်၊ သူ့ကို နောက်ကွယ် ကနေ ဂရုစိုက် ပေးပါ၊ ... ”
“ ... ငါတို့မှာ ဆုံးရှုံး စရာ၊ ဘာမှ မရှိတဲ့ အတွက်၊ ဒီအခွင့် အရေးကို လက်လွှတ် ခံလို့ မဖြစ်ဘူး။ ”
“ ဟုတ်ကဲ့ ။ ”
တန်ယု စကားကြောင့်၊ ယုမူ၏ မျက်လုံးများ မှိန်ဖျော့ သွားကာ၊ ပြန်ဖြေ လိုက်သည်။
“ ဒါက နည်းနည်းလေး ဂရုစိုက် ဖို့ပါပဲ၊ အရမ်းကြီး အာရုံစိုက် နေဖို့ မလို ပါဘူး၊ ဒီလူငယ် လေးရဲ့ အလား အလာကို၊ ငါ မြင်ချင် သေးတယ်။ ”
-ဟု တန်ယုက ရှင်းလင်းအောင် ထပ် သတိပေး လိုက်သည်။
“ နား လည် ပါပြီ။ ”
တန်ယုတို့ နှစ်ဦး ဤသို့ စကား စမြည် ပြောဆို နေစဉ်တွင်၊ လင်းယွန်နှင့် လျူယွမ်ယန် တို့မှာ၊ သစ်သား စိတ်ဝိဉာဉ် တောင်ကုန်း ပေါ်သို့ ခရီး ဆက်နေ ခဲ့ ကြသည်။
တောင်ထွတ် ဖြစ်သော်လည်း၊ ၎င်းတွင် ကြီးမား ကျယ်ပြန့်သော မြေပြန့် လွင်ပြင်ကြီး ရှိလေ သည်။
လူနေအိမ် တစ်လုံးနှင့် တစ်လုံး ကြားတွင် အတော်ပင် လှမ်းသော အကွာ အဝေး ထား နိုင်၏။ နှစ်ယောက်သား တောင်ထွတ်ကို ခြေချ လိုက် သည်နှင့်၊ မရေ မတွက် နိုင်သော အကြည့် များက သူတို့ ဆီသို့ ဦးတည် လာသည်။
သည်နယ် မြေ၌ တပည့် အရေ အတွက် အများကြီး မရှိပေ၊ သူတို့ အားလုံးမှာ တစ်ယောက်နှင့် တစ်ယောက် ရင်းနှီး ပြီးသား ပေပင်။
ထို့ကြောင့် တက်ရောက် လာသော လူသစ်များ အပေါ် အာရုံစိုက် မိသည်မှာ၊ သဘာဝ ကျပေ၏။
“ လျူယွမ်ယန် လား။ ”
“ သူ ... အမာခံ တပည့် ဖြစ်လာ ပြီလား၊ တိုးတက် မှုက မြန်လိုက်တာ၊ ငါသာ အမှတ် မမှားရင်၊ သူက အလယ် အလတ် ယင် အဆင့် ကိုတောင်၊ မရောက် သေးဖူး ထင်တယ်။ ”
“ သူရဲ့ ကျင့်ကြံ မှုက မမြင့်မား ပေမယ့်၊ တတိယတန်း ဝိညာဉ် ရေးရ ဆရာ သခင်၊ ဖြစ်နေ ပြီလို့ ငါကြား ထားတယ်၊ အဲ့ဒါ ဆိုရင်တော့ အမာခံ တပည့် ဖြစ်ဖို့၊ အရည် အချင်း ပြည့်မီ ပါတယ်။ ”
အကြည့် များစွာက လျူယွမ်ယန် အပေါ်၊ ကျရောက် ကုန်ကြသည်။ အကယ် ဒမီ၏ အဆိပ်ပန်း အနေဖြင့်၊ ထိုသို့သော အကြည့် များကို ရိုးအီ နေပြီ ဖြစ်သည်။
သို့သော် ထိုအကြည့်များ ထဲတွင်၊ ရူးသွပ် လုနီးပါး၊ ခံစား နေရသော မျက်ဝန်း တစ်စုံ ရှိနေသည်။
ထိုသူမှာ အနက်ဝတ် လူငယ် တစ်ဦး ဖြစ်ပြီး၊ ယေဘုယျ ဆန်သော အသွင် အပြင်ဖြင့်၊ ပိန်ပိန် ပါးပါး ခန္ဓာ ကိုယ်မျိုး ဖြစ်ပေသည်။
လင်းယွန်ကို ကြည့်နေသော သူ့ အကြည့် များက၊ အေးစက် လာပြီး၊
“ အဲဒီ ကောင်က ဘယ်သူလဲ။ ”
“ စီနီယာ အစ်ကိုယန်၊ မင်းက လျူယွမ်ယန်ကို အနိုင် ယူဖို့၊ စိတ်ကူး နေတုန်း ပဲလား၊ အဲဒီ ကောင်လေးက လင်းယွန်တဲ့၊ မဟာ ချင် အင်ပါယာက လာတဲ့၊ ဓားသမား တစ်ယောက်ပဲ၊ ... ”
“ ... လျူယွမ်ယန်ကို အမာခံ တပည့် ဖြစ်လာ အောင်၊ ကူညီ ပေးခဲ့ တယ်လို့ ကြားမိတယ်၊ နောက်ပြီး သူက မောက်မာတယ်၊ မိုဖန်းကို မိုလင်း ရှေ့မှာတင် အရှက် ခွဲရဲတယ်။ ”
သူ့ ဘေးတွင် ရပ်နေသော၊ မီးခိုး ရောင်ဝတ် လူငယ် လေးက ရယ်မောကာ၊ ရှင်းပြ လိုက် သည်။
“ အိုး ... ”
ထို ရှင်းပြ သံကြောင့်၊ အနက် ရောင်ဝတ် လူငယ်က ပြုံးသွားပြီး၊
“ စိတ်ဝင် စားဖို့ ကောင်းတယ်၊ သူ ငါ့ လမ်းမှာ ပိတ် မနေရင်၊ အကောင်းဆုံး ပါပဲ၊ မဟုတ်ရင် စီနီယာ အစ်မ မိုလောက်၊ ငါက ယဉ်ကျေး နိုင်မယ် မထင်ဘူး။ ”
သူ့ မျက်ဝန်း များတွင်၊ ကြမ်းကြုတ် သော အငွေ့ အသက်များ ထင်ဟပ် လာတော့၏။
မီးခိုး ရောင်ဝတ် လူငယ်က ထိုအငွေ့ အသက် ကြောင့်၊ အသက်ရှူ ကြပ် သွားသည်။
ဤလင်းယွန်မှာ ကံဆိုး ခြင်းများ သယ်ဆောင် တက်သော လူတစ်ယောက် ဖြစ်ပေမည်။ မိုလင်းကို စော်ကား ရုံသာ မက၊ လျူယွမ်ယန် ဖြင့်ပင်၊ အကြည်စိုက် နေခဲ့သည်။
ကောင်းကင် ပြည်နယ် အကယ် ဒမီရှိ၊ သူ၏ နေ့ရက် များမှာ၊ အေးချမ်း နိုင်တော့မည် မဟုတ်ပေ။
မြူခိုးများ ထူထပ်သော အရပ် ဆီသို့၊ အရောက်တွင် လျူယွမ်ယန်က ရပ်လိုက်ပြီး၊ “ ဒီမှာ ” ဟု၊ ပြုံးကာ ဆိုလိုက်သည်။
“ ရောက်ပြီ လား။ ”
ခြံဝင်း တစ်ခု၊ သို့မဟုတ် အဆောက် အဦး တစ်လုံး၏ အရိပ် အယောင် မျှပင်၊ မတွေ့ သောကြောင့် လင်းယွန်က အံ့အားသင့် သွား သည်။
“ မူလ စွမ်းအင်ကို၊ မင်းရဲ့ တံဆိပ် ပြားထဲ ထည့်လိုက်။ ”
လျူယွမ်ယန်က ပြုံးလျက်၊ ဧည့် သင်းထောက် အမှတ် အသား တံဆိပ် ပြားကို ထုတ်ယူ ရန်၊ လင်းယွန်အား အချက်ပြ လိုက်သည်။
ထို့ကြောင့် သင်းထောက် တံဆိပ် ပြားကို ထုတ်ယူကာ၊ လျူယွမ်ယန် ပြောသည့် အတိုင်း လုပ်ဆောင် လိုက်၏။
တစ်ဆက်တည်း မှာပင်၊ လေပြင်းများ တိုက်ခတ် လာပြီး၊ လှပသော လွင်ပြင် တစ်ခု သူ့ ရှေ့တွင် ဖြည်းညှင်းစွာ ပွင့်လာသည်။
ယင်းမှာ အမြင် အာရုံ များကို ပိတ်ဆို့ ထားသော ကြောင့်၊ ခြံဝင်းကို မမြင် နိုင်ခြင်း ဖြစ်ပေသည်။
“ ဧည့် သင်းထောက်နဲ့ အမာခံ တပည့် တွေရဲ့၊ ခြံဝင်း တိုင်းကို အစီရင်နဲ့ ခင်းကျင်း ကာကွယ် ထားတယ်၊ ဒါက လျှို့ဝှက်ပြီး အရမ်း လုံခြုံ ပါတယ်၊ ... ”
“ ... အိမ်ထဲမှာ ဘယ်လို လျှို့ဝှက် နည်းစနစ် မျိုးကို မဆို၊ လေ့ကျင့် နိုင်တယ်၊ ပေါက်ကွဲ မှုတွေ ဖြစ်ခဲ့ ရင်တောင်၊ ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ”
လျူယွမ်ယန်က ဂုဏ်ယူ စွာဖြင့် ရှင်းပြ လိုက်သည်။
“ မဆိုးဘူး။ ”
ဤနေအိမ် အပေါ်၊ ကာကွယ် ပေးထားသော စိတ်ကူးကို ကျေနပ်သွား သဖြင့်၊ လင်းယွန်က ခေါင်းညိတ်ကာ ဆိုလိုက်သည်။
“ မင်းရော ဘယ်မှာ နေလဲ၊ အားရင် ငါလည် မယ်။ ”
“ မိန်းမ တစ်ယောက်က၊ သူဘယ်မှာ နေတယ် ဆိုတာ ... ၊ ယောက်ျား တစ်ယောက်ကို ပြော စရာလား၊ ငါ စိတ်ကောင်း ဝင်ရင် မင်းဆီ လာ ခဲ့မယ်။ ”
ပြောပြီး လျူယွမ်ယန်က ပြုံးကာ၊ လှည့်ထွက် သွားသည်။ လင်းယွန်ကို ရှင်းပြ ဖို့ရန်၊ အခွင့် အရေးပင် မပေး ခဲ့ပေ။
ထို့ကြောင့် ခေါင်းကို အားကိုး ရာမဲ့ ခါယမ်း လိုက်ပြီး၊ ညည်းတွား လိုက်လေသည်။
“ ငါ့မှာ တခြား အတွေးတွေ မရှိဘူး၊ ဝိညာဉ် ရေးရာ ရူရ်တွေ အကြောင်း၊ သိဖို့ လိုလို့ပါ။ ”
သို့သော် လျူယွမ်ယန်က သူ့ကို နောက်ပြောင် သွားမှန်း သူသိ လေသည်။ သူမ နှလုံးသား ထဲတွင်၊ မြုံနေသော ဒဏ်ရာ တစ်ခု ရှိနေပြီး၊ အချစ် ရေးကို စိတ်မဝင် စားကြောင်း၊ သူပြော နိုင်သည်။
အတေွးစ များကို ဖြတ်ကာ၊ သူ့ခြံဝင်း ပတ်ပတ် လည်အား အကဲခတ် လိုက်သည်။
ပတ်ဝန်း ကျင်တွင် မြူခိုး များ၊ ပြန်လည် ဖုံးအုပ် ထား သော်လည်း၊ ကောင်းစွာမြင် နိုင်သည်။ ဤခြံဝင်းရှိ ဝိညာဉ် ရေးရာ ခင်းကျင်း မှုမှာ၊ အတော်ပင် စွဲမက်ဖွယ် ကောင်းလှ၏။
ထို့နောက် ပတ်ဝန်းကျင် အသစ်၌ အသား ကျရန်၊ ခြံဝင်းကို အသေးစိတ် လှည့်ပတ် ကြည့် မိသည်။ ခြံဝင်း အတွင်း အရာရာ၊ အစီ အစဉ် ကျကာ၊ အတော်လေး ပြည့်စုံ ၏။
လှုပ်ရှားမှု နည်းစနစ်များ လေ့ကျင့်ရန် အတွက်၊ ကွင်းငယ် တစ်ခုနှင့် ဝိညာဉ် ရေးရာ ရူရ်များ လေ့လာရန် အတွက်၊ အခန်းငယ် တစ်ခု ပါရှိိသည်။
ကျင့်ကြံ လိုပါက၊ ဝိညာဉ် စွမ်းအင်များ စုစည်း ပေးသော အစီရင် တစ်ခု ကိုလည်း၊ ခင်းကျင်း ပေးထား သည်။
လှည့်ပတ် ကြည့်ရှု ပြီးနောက်၊ စိတ်ဝိညာဉ် စုစည်းခြင်း အစီရင်ကို မြင်သည်နှင့်၊ မျက်ဝန်းများ တောက်ပ လာကာ၊ ခဏ ရပ်ကြည့် လိုက်မိသည်။
ဤနေရာရှိ ဝိညာဉ် စွမ်းအင် သိပ်သည်း ဆမှာ၊ သူ စိတ်ကူး နိုင်သည်ထက် ကျော်လွန် နေပေပြီ။
အစီရင် ထဲ၌ ကျင့်ကြံ ခြင်းသည် တတိယတန်း ဝိညာဉ် ကျောက်စိမ်း များကို အသုံးပြု ခြင်းနှင့် နှိုင်းယှဉ် နိုင်၏။
ထို့ကြောင့် မည်မျှ ထိတ်လန့် စရာ ကောင်းသည်ကို တွေးကြည့် နိုင်သည်။
ဤသည်မှာ တောင်ကုန်း၏ တစ်ဝက် မျှသာ ဖြစ်ပြီး၊ ၎င်းတောင်ထွတ် ဖျားတွင်၊ ဝိညာဉ် စွမ်းအင်များ မည်မျှ သိပ်သည်း နေမည်ကို တွေးကြည့် နိုင်သည်။
အကယ်ဒမီသည် ၎င်း၏ အခြေခံ အုတ်မြစ်ဖြင့်၊ အမည်ခံ အုပ်စိုးရှင် ဂိုဏ်း တစ်ဂိုဏ်း ဖြစ်ရန်၊ အမှန်တကယ် ထိုက်တန် ပေသည်။
ထို့နောက် ကျင့်ကြံရန် စတင် လိုက်သည်နှင့်၊ တင်ပျဉ်ခွေ ချိတ်ထိုင် နေသာ သူ့အောက်၌၊ ခရမ်းရောင် ပန်းတစ်ပွင့် ထွက်ပေါ် လာသည်။
အခင်း အကျင်းမှ စုစည်း ပေးလာသော၊ အကန့် အသတ်မဲ့ ဝိညာဉ် စွမ်းအင် များသည်၊ ခန္ဓာကိုယ် ထဲရှိ၊ ခရမ်းရောင် နန်းတော်နှင့်၊ ခရမ်းရောင် ပန်း ထံသို့ စီးဆင်း လာတော့၏။
တစ်ချိန် တည်းမှာ ပင်၊ ကမ္ဘာဦး ဖျက်ဆီးခြင်း ဝိညာဉ် နှစ်ကောင် သည်လည်း၊ ဝိညာဉ် စွမ်းအင်ကို လောဘ ကြီးစွာ စုပ်ယူ လိုက်လေ သည်။
အစီရင်၏ စုစည်းပေး လာသော ဝိညာဉ် စွမ်းအင်မှာ၊ ခရမ်းရောင် ပန်းနှင့်၊ သိုင်းဝိညာဉ် နှစ်ကောင်ကို ကျေနပ် စေနိုင်သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံး လာပြီး၊ သုံးရက် အကြာတွင်၊ လင်းယွန်၏ မျက်လုံးများ ပြန်ပွင့် လာ၏။
ဤနေရာတွင် နှစ်လကြာ တံခါးပိတ် ကျင့်ကြံ ရပါလျှင်၊ သာ၍ ကောင်းမည်ဟု ခံစားရ သောကြောင့်၊ သူ့ မျက်နှာတွင် အပြုံး တစ်ပွင့် ဖြစ်ပေါ် လာသည်။
အစီရင်၏ ဝိညာဉ် စွမ်းအင်မှာ၊ များပြား လွန်းသောကြောင့်၊ ဓားသုတ္တန်က သူ အလိုရှိ သ၍ စုပ်ယူ နိုင်သည်။
သူ့တွင် တတိယတန်း ဝိညာဉ် ကျောက်စိမ်း အမြောက် အများ ရှိနေ လျှင်ပင်၊ ဤသို့ အားရ ကြေနပ်စွာ စုပ်ယူ နိုင်ခြင်း၊ ရှိမည် မဟုတ်ပေ။
ဓားသုတ္တန်သည် လူကြီး တစ်ယောက် လက်နှင့် တူပြီး၊ အခြားသော နည်းစနစ် များမှာ၊ ကလေးငယ် လက်နှင့် တူ၏။
အရွယ်ရောက် ပြီးသူ တစ်ဦးသည်၊ သဘာဝ အတိုင်း ကလေးငယ် လက်ထက်၊ ပိုမို ဖမ်းဆုပ် နိုင်သော ကြောင့်၊ အစီရင် အတွင်း ကျင့်ကြံ ချိန်၌၊ ကွဲပြားစွာ သိသာ စေသည်။
ကွာခြား ချက်မှာ လမင်းကြီး နှင့် ယှဉ်လာ သော၊ ပိုးစုန်းကြူး ငယ် ကဲ့သို့ ကွာဟ လာနိုင် ပေမည်။
သုံးရက် အတွင်း မှာပင် ခရမ်းရောင် ပန်းပွင့် ပေါ်၌၊ ပွင့်ချပ် တစ်ချပ် ဖြစ်ပေါ် တော့မည်ဟု ခံစား မိသည်။
ထို့ကြောင့် အစီရင်ဖြင့် ပေါင်းစည်း ပေးထားသော ဝိညာဉ် စွမ်းအင် များကို ကြည့်ကာ၊ အတွေးနက် သွားသည်။
သူ၏ သိုင်းပညာရပ် များရှိ အခက် အခဲ များမှာ ကျင့်ကြံ သူတိုင်း အတွက်၊ ပုံမှန် ဖြစ်ရိုး ဖြစ်စဉ်သာ ဖြစ်သည်။ အရာ အားလုံး ချောမွေ့ သွားလျှင်၊ ထူးဆန်း နေပေ လိမ့်မည်။
လရောင် ရေစင် ဓားသည် သာလွန် ကောင်းမွန်သော ဝိညာဉ် အဆင့်၊ ပညာရပ် တစ်ခုသာ ဖြစ်ပြီး၊ ၎င်းကို သရုပ်ဖော် အဆင့်သို့၊ တက်လှမ်း ထားနိုင် ခဲ့သည်။
ရှန်ရှင်းဓား ရည်ရွယ် ချက်ဖြင့် အစွမ်းထက် လာသော၊ ‘ကောင်းကင်က တိမ်တိုက် တွေကို၊ ဖြိုခွင်းမယ်’ မှာ၊ ကြောက်မက်ဖွယ် စွမ်းအားကို ပြသ နိုင်ခဲ့ သည်။
နဂါး-ကျား လက်သီးမှာ၊ လုံးဝ နောက်ကျ ကျန်ခဲ့ပြီ ဖြစ်သည်။ ၎င်းကို သာမန် ပြိုင်ဘက် များနှင့်၊ ယှဉ်ပြိုင် နိုင်သော် လည်း မိုလင်း ကဲ့သို့၊ ကြီးကျယ် ခမ်းနားသော ပါရမီရှင် များ ကိုမူ၊ ရင်ဆိုင် နိုင်ခြင်း မရှိ တော့ချေ။
ထို့ကြောင့် မျက်စိ စုံမှိတ် မာနကြီး နေပါက၊ ကြောက်မက်ဖွယ် ကောင်းသော သေခြင်းဖြင့်၊ ကြုံတွေ့ ရနိုင်သည်။
တစ်ဖက်တွင်၊ မဟာလေ ဟုန်ကျမ်း၌ တိုးတက်ရန် အချို့ ကျန်ရှိ နေသေးသည်။
အကြီး မားဆုံး ဝှက်ဖဲမှာ၊ ယခု အချိန်တွင် မိုးကြိုး ဓားချက်သာ ရှိသည်။ ဤလှုပ်ရှား မှုသည် ကြောက်မက်ဖွယ် ကောင်းပြီး၊ ကနဦး ကျွမ်းကျင်မှု ဖြင့်ပင်၊ ထိုသို့သော စွမ်းရည်ကို ထုတ်လွှတ်နိုင် နေပြီ ဖြစ်သည်။
ထို့ကြောင့် ပို၍ မြင့်မားစွာ တိုးတက်လာ မည်ကို သံသယ ရှိဖွယ် မလိုပေ။ မိုးကြိုး ဓားမှ လွဲ၍ စစ်မှန်သော ဝှက်ဖဲမှာ၊ ‘စူးရှသော အလင်း ရွေ့လျားမှု’ ဖြစ်သည့်၊ ‘ငါ့ဓား၏ အမည်၌ ပန်းပွင့်လော့’၊ ဖြစ်သည်။
ဓားသုတ္တန်တွင် နဝမ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ လက်ရှိ ကျင့်ကြံ မှုထက် အဆ မတန် စွမ်းအင်ကို ထုတ်ဖော် နိုင်ရန်၊ ခရမ်းရောင် ပန်းအား၊ လှည့်နိုင်ပြီ ဖြစ်သည်။
ယင်းက သူ့ကို ထိဝံ့သည့်၊ မည်သူ မဆို အနိုင်ယူ နိုင်ခဲ့ လျှင်ပင်၊ ကြီးမားသော အဖိုး အခ၊ ပေးဆောင် ရမည်ဟု အဓိပ္ပါယ် ရပေသည်။
“ ကောင်းကင် ပြည်နယ် အကယ် ဒမီ မှာ၊ လက်သီး နည်းစနစ် တွေများ ရှိမလား မသိဘူး၊ ကျား- နးဂါး လက်သီးထက် သာလွန်တဲ့ အရာ တွေ့ရင် အရမ်း ကောင်းမှာပဲ။ ”
သို့သော် နှင်းဆီ ပန်းချီကို ပုံဖော်ရန် မျှော်လင့် ချက်ဖြင့်၊ ဝိညာဉ် ရေးရာ ရူရ်များ အပေါ် အာရုံ စိုက်ရန်သာ၊ ဆုံးဖြတ် ခဲ့သည်။
လက်သီး နည်းစနစ်ကို တွေ့ရှိရန် အတွက်၊ တိုက်ဆိုင်မှု အပေါ် မှာသာ၊ ပုံအပ်ထား တော့မည်။
အဘယ့်ကြောင့် ဆိုသော်၊ ကောင်းမွန်သော နည်းစနစ် တစ်ခု ရရန်၊ လွယ်ကူမည် မဟုတ် ပေ။
အတေွးများ ဖြတ်ကာ၊ အကယ်ဒမီ အတွင်း လှည့်ပါတ် ကြည့်ရှုရန်၊ ဆုံးဖြတ် လိုက်သည်။
လွန်ခဲ့သည့် သုံးရက် အတွင်း နေအိမ်၌ တံခါးပိတ် ကျင့်ကြံနေ မိသောကြောင့်၊ အကယ် ဒမီနှင့် စိမ်းသက် နေမြဲပင်။
သို့သော် ထွက်ခွာ တော့မည့် သူ့ခြေ လှမ်းမှာ၊ ချက်ချင်း ရပ်သွားပြီး၊ မျက်မှောင် ကြုတ် သွားသည်။
အနက် ရောင်ဝတ် လူငယ် တစ်ဦးသည်၊ နောက်ကျော ပေးလျက် အနေ အထားဖြင့်၊ ခြံဝ၌ ထိုင်နေ ခဲ့သည်။
ထိုသူမှာ မည်မျှ ကြာအောင် စောင့်နေခဲ့ သည်ကို သူ မသိ နိုင်ပေ။
“ နောက်ဆုံးတော့ မင်းထွက် လာပြီပေါ့၊ မင်းကို ငါစောင့် နေတာ သုံးရက် ရှိပြီ ... ”
အနက်ဝတ် လူငယ်က၊ ရုတ်တရက် လှည့်ကြည့်ပြီး ဆိုသည်။ သူ၏ ကျင့်ကြံ မှုမှာ အထွတ် အထိပ်၊ ယင် အဆင့်၌ ဖြစ်၏။
ဗီဇ အသိ အရ ဤလူငယ် ထံမှ၊ အန္တရာယ် အငွေ့ အသက်ကို ခံစား လိုက်ရ သည်။
ဆိုလို သည်မှာ မိုလင်း ကဲ့သို့၊ သန်မာ အားကောင်း သည်ဟု အဓိပ္ပါယ် ရပေသည်။
“ ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံ မှုမှာ၊ စိတ် အနှောင့် အယှက် ဖြစ်စေ မိတဲ့ အတွက်၊ တောင်းပန် ပါတယ်၊ ငါ့နာမည်က ယန်းရေှာင်ပါ၊ မင်းကို ပြောချင်တာ တစ်ခု ရှိတယ်၊ ”
ယန်းရှောင်က မျက်ခုံး ပင့်လျက် အေးစက်စွာ ဆိုလာ လေသည်။
***