← Chapters

ဘယ်သူက ဘယ်သူ့ကို သင်ခန်းစာကို သင်ပေး မှာလဲ။

Vol. 37 Ch. 512

ဘယ်သူက ဘယ်သူ့ကို သင်ခန်းစာကို သင်ပေး မှာလဲ။

Vol. 37 Ch. 512

ယန်းရှောင်၏ မောက်မာသော လေသံ ကြောင့် ကြားရသူတိုင်း အတွက်၊ အားကိုး ရာမဲ့ ခံစား လာရ စေသည်။

လင်းယွန်ကို လုံးဝ ဂရု မစိုက်ချေ။ ကောင်းကင်က လေကို ရှူ နေသော လူ တစ်ယောက် ကဲ့သို့၊ ပြုမူ ပြနေ၏။

သည့်အတွက် ထူးဆန်း သလို ခံစား လိုက်ရ သည်။ ဤ 'နတ်ဘုရား' ကို မည်သည့် အချိန်က၊ ရန်စ မိခဲ့ သည်ကို သူ မသိချေိ။

သို့သော် လွန်ခဲ့သော သုံးရက် ခန့်က၊ သစ်သား စိတ်ဝိညာဉ် တောင်ကုန်းပေါ် တက်လာ ချိန်၌၊ စိုက်ကြည့် လာသော၊ မျက်ဝန်း တစ်စုံကို ပြန် သတိရ သွားသည်။

အမျိုး မျိုးသော အကြည့်များ ကြားတွင်၊ ကြောက်မက် ဖွယ်ရာ ဆန္ဒ တစ်စုံ ရှိခဲ့သည်။

ခန့်မှန်း ရပါလျှင် ထို အကြည့်မှာ၊ သူ့ရှေ့တွင် ရပ်နေသော ဤယန်းရှောင် ထံမှ ဖြစ်ပေမည်။

“ ကောင်းပြီ နားထောင်ပါ၊ အနာဂတ်မှာ လျူယွမ်ယန်နဲ့ ဝေးဝေး နေ၊ မင်းကို နောက်တစ်ခါ သူ့နားမှာ၊ ထပ်မတွေ့ ပါရ စေနဲ့၊ မဟုတ်ရင် အကယ် ဒမီမှာ၊ မင်းရဲ့ နေ့ရက် တွေက အကျည်းတန် သွားလိမ့်မယ်။ ”

ပြောပြီး သည်နှင့်၊ ယန်းရှောင်က လှည့်ထွက် သွားတော့သည်။ ပြဿနာ အရင်း အမြစ်ကို၊ အနည်းငယ် ခန့်မှန်း နိုင်သော်လည်း၊ ဤမျှ တိုက်ရိုက် ပြောဆို ကြိမ်းဝါး လိမ့်မည်ဟု မမျှော်လင့် ထားပေ။

လှမ်းခေါ် ချင်သော်လည်း၊ ယန်းရှောင်မှာ အဝေးသို့ ရောက်ရှိ သွားပြီ ဖြစ်သည်။ အဆုံးတွင် မသက် မသာ ပြုံးရုံသာ တက်နိုင် တော့၏။

အမှန် အတိုင်း ပြောရ ပါလျှင်၊ သူနှင့် လျူယွမ်ယန် ကြား၌ မည်သည့် ဆက်နွယ် မှုမှ မရှိချေ။ နားလည်မှု လွဲမှားကာ၊ ယန်းရေှာင် ကဲ့သို့သော လူ တစ်ဦး၏ ရန်လိုခြင်း ခံလိုက် ရသည်။

၎င်းသည် မလိုလား အပ်သော ဘေးဥပဒ် များ ဖြစ်ပေ၏။

“ သင်းထောက် လင်း။ ”

နောက်ထပ် လူငယ် တစ်ယောက်က ပြုံးလျက်၊ လင်းယွန် ဆီသို့ ထပ်မံ ရောက်ရှိ လာသည်။

“ ငါ့ကို မင်းသိ လို့လား။ ”

လင်းယွန်က ပြန်မေး လိုက်သည်။

“ ဧကရာဇ် သင်တန်း ခန်းမ ရှေ့က၊ မင်းနဲ့ မိုဖန်းရဲ့ တိုက်ပွဲကို တိုင်ဆိုင် စွာပဲ၊ ငါကြည့် လိုက်ရ တယ်၊ ... ”

“ ... ငါလည်း ဧည့်သင်းထောက် တစ်ယောက် ပါ၊ ငါ့နာမည် ဂေါင်မင်။ ”

-ဟု လူငယ်က ပြုံးကာ သူ့ကိုယ်သူ မိတ်ဆက် လာသည်။

သူတို့ နှစ်ယောက် လုံးမှာ၊ အကယ် ဒမီ၏ ဧည့် သင်းထောက်များ ဖြစ်သောကြောင့်၊ ရင်းနှီး လာကြ သည်။

“ မင်္ဂလာပါ သင်းထောက် ဂေါင်။ ”

လင်းယွန်က ပြန်လည် နှုတ်ဆက် လိုက်သည်။

“ ဒီလောက်လည်း ယဉ်ကျေး နေဖို့ မလို ပါဘူး၊ နောက်ဆုံးတော့၊ ငါတို့ နှစ်ယောက် လုံးက ဧည့်သည် တွေပဲ မဟုတ်လား၊ ... ”

“ ... မင်းကို အစ်ကိုလင်း လို့ပဲ၊ ငါ ခေါ်တော့ မယ်၊ မင်းက တကယ်ကို ငရှုပ် ကောင်ပဲ အစ်ကိုလင်း၊ မိုလင်းကို စော်ကား ရုံတင် မကဘူး၊ ယန်းရှောင် ကိုတောင် ရန်စ ခဲ့တယ်။ ”

ဂေါင်မင်က ပြုံးကာ ဆိုလိုက်သည်။

“ ... ယန်းရှောင်ရဲ့ ခွန်အားက ကြောက်စရာ ကောင်းပြီး၊ အမာခံ တပည့်တွေ ထဲမှာ၊ အဆင့် (၁၁) နေရာ ရှိတယ်။ ”

“ ဒီမှာ အမာခံ တပည့် ဘယ်လောက် ရှိလဲ။ ”

“ တစ်ရာလောက် ရှိမယ်၊ အကယ်ဒမီက ဝိညာဉ် ရေးရာ ရူရ် တေွကို အလေးပေး တာကြောင့်၊ တပည့် တွေက အခြား ဂိုဏ်းတွေ လို မြင့်မားတဲ့ ကျင့်ကြံ မှုတော့ မရှိဘူး၊ ... ”

“ ... ဒါပေမယ့် ဝိညာဉ် ရေးရာ ရူရ်တေွ အပေါ်၊ အသုံး ချနိုင်စွမ်း ကတော့ အရမ်း အစွမ်း ထက်တယ်။ ”

အကယ် ဒမီတွင် တပည့်ပေါင်း သောင်းနှင့်ချီ ရှိသော်လည်း၊ အမာခံ တပည့် အရေ အတွက် မှာ၊ တစ်ရာ ခန့်သာ ရှိသည်။

ထို့ကြောင့် ၎င်းတို့သည် အထက်တန်း လွှာများ ကြား၊ အထက် တန်းစားများ ဖြစ်ရ ပေမည်။

ဤသို့သော အထက် တန်းစား များ၏ ထိပ်ဆုံးတွင် ရပ်တည် ထားနိုင်သော ယန်းရှောင်မှာ၊ အထင်ကြီး စရာ ဖြစ်၏။

ကျားများ ကြားမှ နဂါး တစ်ကောင် ဖြစ်လေရာ၊ ဤမျှ မာနကြီး သည်မှာ မဆန်း တော့ပေ။

“ အဲဒီ လူက လျူယွမ်ယန်ကို စွဲလန်း နေတာ ကြာပြီ၊ သူကို လျူယွမ်ယန်က အကြိမ်ကြိမ် ငြင်းဆိုခဲ့ ပြီးသားပါ၊ ဒါပေမယ့် သူမနဲ့ ရင်းနှီးဖို့ ကြိုးစား သူတိုင်းကို၊ ရန်လို နေတုန်းပဲ၊ ... ”

“ ... လူတော်တော် များများက၊ သူ့ရဲ့ ကြောက်စရာ ကောင်းတဲ့ သင်ခန်း စာကို သင်ပေးတာ ခံခဲ့ရ ဖူးတယ်။ ”

ဂေါင်မင်က အလေး အနက် သတိ ပေးသည်။

“ သူ့ လုပ်ရပ်ကို ဘယ်သူ ကမှ အရေး မယူ ဖူးလား။ ”

လင်းယွန်က အံ့ဩစွာ မေးမိသည်။

“ ဒါနဲ့ ပတ်သက်ပြီး ဘယ်သူက ဘာများ လုပ်နိုင် မှာလဲ၊ ထိပ်ဆုံး ဆယ်ယောက်က လွဲရင် ဘယ်သူမှ သူ့ ပြိုင်ဘက် မဟုတ်ဘူး၊ ... ”

“ ... အကယ်ဒမီ ထဲက လူတိုင်း သူ့ကို ကြောက်ကြ တယ်၊ ဒါကြောင့် မင်းသတိ ထားရ မယ်၊ သူက အရမ်း ရက်စက် တက်တယ်။ ”

“ နား လည် ပြီ။ ”

လင်းယွန်က ပြုံးပြ လိုက်သည်။ သူ့ အနေဖြင့် ယန်းရှောင်ကို မကြောက်ချေ။ သူ့အား မနှောင့်ယှက် ပါက၊ မည်သူ့ ကိုမျှ စော်ကား မည် မဟုတ် ကြောင်း၊ ဂေါင်မင်ကို ပြောပြ ချင်သည်။

“ အစ်ကိုဂေါင်၊ မင်းက အကယ် ဒမီမှာ ငါ့ထက် အနေ ပိုကြာ နေပြီ ဆိုတော့၊ ဒီမှာ ရူရ် တွေကို လေ့လာ လို့ရလား။ ”

“ ညတိမ်ယံ ခန်းမမှာ သင်ယူ လို့ရတယ်၊ အဲ့ဒီမှာ တပည့် တွေကို၊ နေ့တိုင်း ဝိညာဉ် ရေးရာ ရူရ်တွေ အပေါ်၊ လမ်းညွှန် ပေးတဲ့ သူ တစ်ဦး အမြဲ ရှိတယ်၊ ... ”

“ ... အဲဒါကို ပြောရရင်၊ ငါ အခု သွားမို့ပဲ၊ မင်းစိတ် ၀င်စားရင် ငါတို့ အတူတူ သွားလို့ ရတယ်။ ”

“ ကောင်းပြီ ငါလိုက်မယ်။ ”

လင်းယွန်က ဂေါင်မင်၏ ကမ်းလှမ်း ချက်ကို ငြင်းဆိုခြင်း မရှိပေ။

အကယ်ဒမီသည် အတော်ပင်၊ အံဝင် ခွင်ကျ ရှိလှပြီး၊ အဆောက် အဦ များကို တိကျ သေချာစွာ အလှဆင် ထားသည်။

ဂေါင်မင်၏ ဦးဆောင် မှုအောက်တွင်၊ လမ်း တစ်လျှောက် ခမ်းနား လွန်းသော လက်ရာ များအား ငေးမော လာမိ၏။

များမကြာခင် ညတိမ်ယံ ခန်းမသို့ ရောက်ရှိ လာသည်။ ခန်းမ ထဲတွင် ကျယ်ဝန်းသော အခန်းလွတ် တစ်ခု ရှိ၏။

ထိုအခန်း ပတ်ပတ် လည်တွင် မည်သည့် အရာမျှ မရှိဘဲ၊ တပည့် များစွာက ဖျာများ ပေါ်တွင်၊ ထိုင်လျက် ရှိနေ ကြသည်။

သင်းကြားမည့် ဆရာများ အတွက်၊ အလယ် ဗဟိုတွင် ကျောက်စင်မြင့် တစ်ခု ရှိ၏။

“ ဒီမှာ လူတွေ တော်တော် များတာပဲ၊ ဒီနေ့ သင်ကြားမဲ့ သူက ဘယ်သူများ ပါလိမ့်။ ”

ဂေါင်မင်က အခန်းထဲရှိ လူအုပ်ကို ဝေ့ကြည့်ကာ ဆိုသည်။

“ နေရာ မြန်မြန် ရှာရအောင်။ ”

ထိုအချိန်တွင် ရွှင်မြူး နေသော အသံ တစ်သံက လင်းယွန် နာမည်အား လှမ်းခေါ် သည်။ လူမိုက် ကလေး ဘိုင်ရီ ပေပင်။

“ အစ်ကိုဂေါင်၊ ငါအရင် သွားနှင့် လိုက်မယ်။ ”

လင်းယွန်က ပြုံးကာ နှုတ်ဆက် လာသည် ကြောင့်၊ ဂေါင်မင် တစ်ယောက် ခေါင်းညိတ် ပြလိုက် ၏။

သို့သော် ရုတ်တရက် တစ်စုံ တစ်ရာ လွဲမှား နေသည်ကို၊ ခံစား မိသော ကြောင့်၊ ခေါင်းအား ချာခနဲ ပြန်လှည့် ကြည့်လိုက် သည်။

သူသာ မှန်ကန်စွာ မှတ်မိ ပါလျှင်၊ ထိုနေရာသည် အတွင်း တပည့် များကြား တွင်ပင်၊ ရက်စက် ကြမ်းကြုတ် လွန်းသော ဂူတန်း၏ နေရာ ဖြစ်၏။

သို့သော် လင်းယွန်အား သတိ ပေးခြင်း မပြု မီတွင်၊ လင်းယွန်က ထိုင်ချ နေပြီ ဖြစ်သည်။

အဆုံးတွင်၊ ဂူတန်း ယနေ့ မလာစေ ရန်သာ၊ ဂေါင်မင်က ဆုတောင်း လိုက်မိသည်။

သို့သော် လူများ စွာက၊ သနားသော မျက်ဝန်း များဖြင့်၊ လှည့်ကြည့် လာသော ကြောင့်၊ လင်းယွန် တစ်ယောက် ကံကောင်း တော့မည် မဟုတ် ကြောင်း၊ ခံစား လိုက်ရ သည်။

“ မင်း ... နေရာ မှားနေတယ်။ ”

ရုတ်တရက် တင်းမာသော အသံ ကြောင့်၊ လင်းယွန်က ခေါင်းမော့ ကြည့်လိုက်ရာ၊ ခရမ်း ရောင်ဝတ် လူငယ် တစ်ယောက်၊ အေးစက်စက် စိုက်ကြည့်လာ သည်ကို တွေ့လိုက် ရသည်။

“ အဲဒါ အတွက် တောင်းပန် ပါတယ်၊ ငါ ဖယ်ပေး ပါမယ်။ ”

ဤနေရာတွင် လူသစ် တစ်ဦးသာ ဖြစ်နေရာ၊ စည်းမျဉ်း များကို သဘာဝ အတိုင်း သူ မသိ ခဲ့ပေ။

“ မင်းဆန္ဒ ရှိတဲ့ အတိုင်း လာချင် သလိုလာ၊ သွားချင် သလို သွားလို့ ရတယ်လား၊ စိတ်ဝင် စား စရာပဲ၊ ငါ့နေရာမှာ ဘယ်သူမှ မထိုင် ရဲဘူး၊ မင်း ငါ့ဖျာကို ညစ်ပတ်အောင် လုပ်မိတဲ့ အတွက်၊ မင်းလျှာနဲ့ သန့်ရှင်းရေး ပြန်လုပ် ပေးသွားပါ။ ”

ခရမ်း ရောင်ဝတ် လူငယ်က အေးစက်စွာ အမိန့် ပေးလိုက် သည်။ လူငယ်၏ ရန်လိုသော အသွင်ကြောင့်၊ လင်းယွန် မျက်ဝန်းများ အေးစက်စွာ တောက်ပ လာ၏။

အကယ် ဒမီတွင် မည်သူမျှ သူ့ကို ခင်မင် ချင်ပုံ မပေါ် ချေ။ သူ့ကို အလွယ် တကူ၊ ဖိနှိပ် နိုင်သူ အဖြစ်၊ မြင်နေ ကြခေျပြီ။

“ အစ်ကိုဂူ၊ စိတ်မဆိုး ပါနဲ့၊ ဒါက လင်းယွန်ပါ သူက ဧည့် သင်းထောက် အသစ်ပဲ၊ ဒီက စည်းကမ်း တွေကို သူ မသိဘူး၊ ငါသူ့ကို အခုပဲ ခေါ်သွား လိုက်ပါမယ်။ ”

ဂေါင်မင်က အမြန်ပြေး လာပြီး၊ လင်းယွန် ဆွဲထုတ် လိုက်ကာ၊

“ အစ်ကိုလင်း၊ ဒီလူကို မစော် ကားနဲ့၊ ဂူတန်းက အမာခံ တပည့် အဖြစ် ရာထူး တိုးခံ ထားရတယ်၊ လက်ရှိ အင်အား အရ၊ အတွင်း တပည့် တွေကြား မှာတောင်၊ ရူရ်တွေ အပေါ် အမြင့် မားဆုံး အောင်မြင်မှု ရရှိ ထားတယ်၊ ... ”

“ ... ဒုတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်နေပြီ၊ သူ့ အစ်ကို ဂူဖန်း ဆိုတာ၊ အမာခံ တပည့် တစ်ယောက်ပဲ။ ”

“ ဒီမှာ ဘာလဲ ကြည့်စမ်း၊ မင်းလို အမှိုက်က စကား ဝင်ပြော နိုင်တဲ့၊ အနေ အထား ရှိှတယ် ထင်နေလား ... ဟမ် ။ ”

ဂူတန်း စကားကြောင့်၊ ဂေါင်မင် နှုတ်ခမ်းများ တုန်ယင် သွားကာ၊ မျက်နှာ ပျက်ယွင်း သွားလေသည်။

လူပုံ အလည် စော်ကား ခံရသည့် အတွက်၊ မကျေနပ် မိသော်လည်း၊ ဂူတန်း၏ ပုံရိပ်ကို ပြန်သတိ ရသွား ချိန်တွင်၊ ဒေါသ များအား မျိုချပစ် လိုက်မိသည်။

“ ထွက် သွား ... ငါ မင်းကို စိတ်မ၀င် စားဘူး။ ”

ဂူတန်းက အထွတ် အထိပ် ခွန်အားကို အပြည့် အဝ ထုတ်ဖော်ကာ၊ ဂေါင်မင်အား ပါးရိုက် ချလိုက်သည်။

အကယ်၍ ဤရိုက် ချက်ကို ဂရု မစိုက်ဘဲ၊ နေမိ ပါက၊ ဂေါင်မင် တစ်ယောက် ဆိုးရွားသော အခြေ အနေဖြင့်၊ အဆုံးသတ် သွားမည်မှာ သေချာ ပေသည်။

သို့သော် ဂူတန်း လက်မှာ၊ လေထဲတွင် တန်းလန်းကြီး ရပ်သွားသည်။ မည်မျှပင် ရုန်းကန် နေသော်လည်း၊ ဖမ်းဆုပ် ခံရ ခြင်းမှ မလွတ်မြောက် နိုင်ခဲ့ချေ။

“ မင်းက တကယ်ကို ရိုင်းတဲ့ ကောင်လေးပဲ၊ မင်းကို လောက နီတိ သင်ပေးမဲ့၊ မိဘတွေ မရှိ ဖူးလား။ ”

လင်းယွန်က အပြုံး မပျက်ဘဲ၊ ဆိုလိုက် သော်လည်း၊ သူ့ မျက်ဝန်း များမှာ၊ အေးစက် နေပေ သည်။

ဤမြင်ကွင်း အပေါ်၊ သတိထား မိသော လူတိုင်းက လင်းယွန်အား၊ မယုံ ကြည်နိုင်စွာ လှမ်းကြည့် လာ ကြသည်။

ဧည့်သင်းထောက် လူသစ် တစ်ဦးက၊ ဂူတန်းကို ‘မိ မဆုံးမ၊ ဖ မဆုံးမ’ အဖြစ်၊ လှောင်ပြောင် ခေါ်ဝေါ် နေပေသည်။

ဂူတန်းမှာ ကနဦး အထွတ် အထိပ် ယင် အဆင့်တွင် ရှိပြီး၊ ရူရ်များ အပေါ်၊ ဒုတိယတန်း အထိ၊ ဆုပ်ကိုင် ထားနိုင် သူ ဖြစ်သည်။

မကြာမီ အမာခံ တပည့် အဖြစ်၊ ရာထူး တိုးပေ တော့မည်။ ယခု အချိန်တွင် သူ့ အင်အား အရ၊ အတွင်း တပည့် များကြား၊ အသန် မာဆုံး ပုဂ္ဂိုလ် အဖြစ်၊ ရပ်တည် ထားနိုင် သည်။

အားကုန်ထုတ် ရုန်းကန် ခဲ့သော်လည်း၊ လင်းယွန် လက်မှ မလွတ်မြောက် နိုင်မှန်း၊ သိလိုက် ရသော ကြောင့် အံ့အား သင့်စွာ ပြုံးလိုက်ပြီး၊

“ မင်းက ငါ့ကို ပထမဆုံး လက်တုံ့ ပြန်လာတဲ့ သူပဲ၊ ကောင်းပြီ၊ အခု ငါတို့ အကြီး အကဲ တွေကို၊ ဘာ အတွက်မှ ရှင်းပြ နေစရာ မလို တော့ဘူး။ ”

ဤသည်မှာ သူ့ကို တိုက်ခိုက်ရန်၊ အကြောင်း ပြချက် ရှာခြင်း ဖြစ်ကြောင်း၊ လင်းယွန် သိသည်။

“ စီနီယာ အစ်ကို ဂူတန်း၊ အဲဒါကို သိပ် အဝေးကြီး မစဉ်းစား ပါနဲ့၊ ဖျာဆိုတာ လူတိုင်း ထိုင်ဖို့ပါ၊ မင်းအတွက် ပုံသေ သတ်မှတ် ထားတဲ့ နေရာ မရှိ ပါဘူး၊ အစ်ကို လင်းကို ထိဝံ့ရင် အစ်မကြီး ယွမ်ယန်က မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ ”

ဘိုင်ရီက ခေါင်းယမ်းလျက် ဆိုသည်။

“ လျူယွမ်ယန် လား၊ ဒီမှာ ဧည့် သင်းထောက် တစ်ယောက်က ဘာလို့များ၊ ဒီလောက် အထိ မောက်မာရဲ သလဲ တွေးမိ ပါတယ်၊ ဆိုတော့ လျူယွမ်ယန် ကြောင့်ပေါ့ ... ဟား ဟား ဟား၊ ဒါပေမယ့် လျူယွမ်ယန်ကို ငါဂရု မစိုက်ဘူး။ ”

ဂူတန်က ရယ်မော လိုက်ပြီး၊ မူလ စွမ်းအင်ကို ထုတ်လွှတ် တော့မည့်၊ အချိန် မှာပင် အေးစက်သော အငွေ့ အသက် များက ချက်ချင်း ပျံ့နှံ့ လာလေ သည်။

“ ရပ် စမ်း ....။ ”

ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ တစ်ခုက၊ အခန်း အတွင်း လွှမ်းခြုံ သွားကာ၊ လူတိုင်း၏ မျက်နှာများ ဖြူဖျော့ သွားစေ၏။

ယနေ့ ရောက်ရှိ လာသော၊ သင်ကြားရေး ဆရာမှာ၊ မည်မျှ သန်မာ မည်ကို သံသယ ဖြစ်စရာ မရှိပေ။

“ စီနီယာ အစ်မ မို။ ”

မိုလင်း ဆို သည်မှာ၊ အကယ် ဒမီတွင် ကျော်ကြား သည့်၊ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပြီး၊ မြင့်မြတ်သော စွမ်းရည်ကို ဆုပ်ကိုင်ထား သူ ဖြစ်သည်။

ထို့ကြောင့်၊ အကြီး အကဲ များစွာက၊ သူမ အပေါ် အလွန် အလေးထား ပေ၏။

လင်းယွန် အတွက်မူ မိုလင်းကို မြင်သည်နှင့်၊ ခါးသီးစွာ ပြုံးလိုက်သည်။ သူတို့ နှစ်ယောက်ကြား ဆက်ဆံ ရေးမှာ၊ ကောင်းမွန် အခြေ အနေမျိုး မဟုတ်ပေ။

သို့သော် ဂူတန်း၏ မျက်နှာ တွင်လည်း၊ အဆင် မပြေသော အသွင်ဖြင့်၊ ညည်းတွား လိုက်သည်။ မိုလင်းမှာ အချိန်မှား လာကြောင်း သိသာ နေပေသည်။

သူရှင်း ပြမည့် အရာ များကို၊ မိုလင်းက စိတ်၀င်စား ပုံမပြဘဲ၊ လင်းယွန်ကို အေးစက်စွာ လှမ်း ကြည့်ပြီး၊

“ သင်းထောက် လင်း၊ မင်းရဲ့ ဒေါသက အတော် လေးကို၊ အထင်ကြီး စရာပဲ၊ ငါ့ အကယ် ဒမီက အထက် တန်းစား တွေကို၊ သင်ခန်းစာ တစ်ခု သင်ပေး ဖို့၊ မင်းကြိုးစား နေတာလား၊ မင်းငါ့ကို လျစ်လျူရှု နေတာလား ဟမ်။ ”

***

All Chapters