မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီ။
Vol. 37 Ch. 513
ဂူတန်း ရှင်းပြမည့် အရာ များကို၊ မိုလင်းက စိတ်၀င်စား ပုံမပြဘဲ၊ လင်းယွန်ကို အေးစက်စွာ လှမ်း ကြည့်ပြီး၊ မေးခွန်း ထုတ်လိုက် သည်။
အစောပိုင်း အဖြစ် အပျက် များကို၊ မိုလင်းက မမြင် ခဲ့ပေ။ ဂူတန်း၏ လက်ကောက် ဝတ်အား၊ တင်းမာစွာ ဆုပ်ကိုင် ထားသော လင်းယွန် ကိုသာ သူမ မြင်သည်။
ထို့ကြောင့် ဤစကား များကို သူမ ပြောခဲ့ခြင်း ဖြစ်သည်။ လင်းယွန်က ရှင်းပြချင် သော်လည်း၊ မိုလင်းမှာ ဒေါသ တောက်လောင် နေပုံ ရသည်။
ရှင်းပြ ဖို့ရန် ကြိုးစား မိပါက၊ အကြောင်း ပြချက် ရှာခြင်း၊ ဖြစ်မည်ဟု ထင်ခံရ ပေလိမ့် မည်။
ယင်ကို သတိ ထားခါမှ တော်ရာ ကျနိုင်၏၊ သို့ မဟုတ်သော် မိုလင်းဖြင့် ရန်ဖြစ် နိုင်ပေမည်။
“ စီနီယာ အစ်မ၊ မင်း နောက်နေ တာပဲ ဖြစ်ရမယ်၊ မင်းရဲ့ ဖြစ်တည် မှုကို လျစ်လျူ ရှုဖို့၊ ဘယ်သူက သတ္တိ ရှိမှာလဲ၊ ငါဒီမှာ ဂျူနီယာ ညီလေး ဂူတန်းနဲ့ ကစား နေတာပါ၊ ဟုတ်တယ် မလား။ ”
လက်ကောက် ဝတ်ကို ဆုပ်ကိုင် ထားလျက် ဖြင့်၊ လင်းယွန်က ပြုံးကာ ဆို လိုက်သည်။
ဂူတန်း၏ မျက်နှာမှာ ပျက်ယွင်း သွား၏။ လင်းယွန်က သူ့ကို သင်ခန်းစာ သင်ပေး နေသည်ဟု မည်သူမျှ မြင်မည် မဟုတ်ပေ။
မိုလင်းသာ မလာ သေး ပါက၊ သင်ခန်းစာ သင် ပေးမည့် သူမှာ၊ ဂူတန်း ဟူသော သူသာ ဖြစ်ပေ မည်။
သို့သော် မိုလင်းက ဤသို့ ဆိုပြီး ပြီမို့၊ မိုလင်းအား တုန့်ပြန် ရဲခြင်း မရှိ တော့ဘဲ၊ လင်းယွန် စကား အတိုင်း အလိုက် သင့်ဖြင့်၊
“ စီနီယာ အစ်မ မို၊ ငါတို့ နောက်ပြောင် နေတာ အမှန်ပါ။ ”
“ ကောင်းပြီ ... မင်းတို့ အားလုံး ထိုင်ကြ။ ”
မိုလင်းက အေးစက်စွာ အမိန့် ပေးလိုက်၏။ ဂူတန်းက ထိုင်ချကာ နီးတွင်၊ လင်းယွန် တစ်ယောက် သူ့ ဖျာပေါ်၊ ထိုင်ချ လိုက်သည်အား တွေ့လိုက်ရ သောကြောင့်၊ အိုးတိုး အန်းတမ်းဖြင့်၊ မျက်နှာ ပျက်ယွင်း သွားသည်။
“ တောင်းပန် ပါတယ်၊ အခုတော့ ဒီနေရာမှာ ထိုင်ဖို့၊ ငါဆန္ဒ ရှိသွားပြီ။ ”
ကုန်းကုန်း ကွကွ ဖြစ်နေသော ဂူတန်းကို ပြန်မော့ ကြည့်ကာ၊ လင်းယွန်က ပြုံးပြီး ဆိုလိုက်သည်။
“ မင်း စောင့်ကြည့် နေပါ။ ”
ဂူတန်းက လှည့်ပတ်ကြည့် လိုက်ပြီး၊ နောက်ထပ် ဖျာ တစ်ချပ်ကို ရှာလိုက်သည်။ လင်းယွန်မှာ ဤရန် ပွဲတွင် အောင်နိုင် ခဲ့ကြောင်း၊ ရှင်းလင်းစွာ သိမြင် လိုက်ရသည်။
ဧည့် သင်းထောက် တစ်ဦး အနေဖြင့်၊ ဂူတန်းကို လုံးဝ ဂရု မစိုက်ဘဲ၊ ဤမျှ မာန ကြီးလိမ့် မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားပေ။
သို့သော် မကြာခင် မှာပင် လူတိုင်း၏ အာရုံ စိုက်မှုက၊ မိုလင်းထံ ပြန်လည် ရောက်ရှိ သွားခဲ့ သည်။ မိုးလင်းမှ ဤသို့ သင်ကြား ခြင်းမှာ၊ ရှားပါးသော အခွင့် အရေး ဖြစ်သည်။
အားလုံး ငြိမ်သက် သွားချိန်၌၊ မိုလင်းက သင်ခန်း စာကို စလိုက်သည်။
“ ရူရ် တွေရဲ့ မူလ အစကို ရှင်းပြမယ်၊ တစ်ချိန် တုန်းက ကောင်းကင် တာအိုကို နားလည် ပြီး၊ လျှို့ဝှက် ဆန်းကြယ်တဲ့ တာအို ရူရ် တွေကို၊ ဖန်တီး တက်တဲ့ သူတော်စင် တစ်ပါး ရှိခဲ့တယ်၊ ... ”
“ ... တာအို ရူရ် တွေက စွမ်းအား ကြီးပြီး၊ သူတို့ ထဲက တစ်ခု နဲ့တင်၊ ကောင်းကင်နဲ့ မြေကြီးကို ပြောင်းလဲ ပစ်နိုင် တယ်လို့၊ ကောလာ ဟလတွေ ရှိခဲ့ ဖူးတယ်၊ ... ”
“ ... ဒါပေမယ့် တာအို ရူရ် တွေကို၊ လေ့ကျင့် ဖို့က ခက်ခဲပြီး၊ လိုအပ်တဲ့ အရည် အချင်း တွေက တွေးကြည့်လို့ မရ နိုင်ဘူး၊ ဒါကြောင့် လက်ဆင့် ကမ်းဖို့ ခက်ခဲ လာပြီး၊ တဖြည်း ဖြည်းနဲ့ ပျောက်ကွယ် ကုန်တဲ့ အထိပဲ၊ ... ”
“ ... ဒါပေမယ့် အဲ့ဒီ သူတော်စင် ကြီးက၊ တာအို ရူရ်တွေ ကနေ၊ မြင့်မြတ်သော ရူရ် တွေ ကို ဖန်တီး ခဲ့တယ်၊ ... ”
“ ... မြင့်မြတ်သော ရူရ် တွေက၊ တာအို ရူရ် တွေထက် အားနည်း တာကြောင့် ရိုးရှင်း တယ်၊ ဒါကြောင့် မကြာခင် မှာပဲ မြင့်မြတ်သော ရူရ် တွေက ပြန့်နှံ့ သွားခဲ့တယ်၊ ... ”
“ ... အဲ့ဒီနောက်၊ ကြောက်စရာ ကောင်းတဲ့ စစ်ပွဲကြီး တစ်ခု ဖြစ်ပွား လာပြီး၊ မြင့်မြတ်သော ရူရ် တွေရဲ့၊ အမွေ အနှစ် တွေကို ဖျက်ဆီး ခဲ့ တယ်၊ ... ”
“ ... ဒါကြောင့် မြင့်မြတ်သော ရူရ်တွေကို ရှာမတွေ့ နိုင်တော့ တာပဲ၊ ကံကောင်း ထောက်မ စွာနဲ့၊ ... ”
“ ... ငါတို့ရဲ့ နောင်တော် တွေက၊ ဆုပ်ကိုင်ရ လွယ်ကူတဲ့၊ ဝိညာဉ် ရေရာ ရူရ် တွေကို နားလည် သဘောပေါက် လာခဲ့တယ်၊ ရွှေခေတ် ပျက်စီး သွားတဲ့ တိုင်အောင်၊ အမွေ အနှစ်တွေ ချန်ထား နိုင်တယ်။ ”
တာအို ရူရ်၊ မြင့်မြတ်သော ရူရ်၊ ဝိညာဉ် ရေးရာ ရူရ် စသည်တို့ အနက်၊ ဝိညာဉ် ရူရ်များ အပေါ် လင်းယွန်မှာ၊ ရင်းနှီး ခဲ့သည်။
မိုလင်း၏ မျှဝေ မှုကြောင့်၊ သူ့အတွက် အရာ များစွာ ရှင်းလင်း သွား၏။ ဝိညာဉ် ရေးရာ ရူရ် များ အပေါ်၊ ပိုမို နက်ရှိုင်းစွာ၊ နားလည် လာခဲ့ သည်။
“ ယနေ့ ကမ္ဘာမှာ လက်နက်တွေ၊ ဆေးလုံး တွေနဲ့၊ ယန္တရား ရုပ်သေး တွေေကို သန့်စင်တဲ့ အခါမှာ၊ ဝိညာဉ် ရေးရာ ရူရ် တွေကို အသုံး ပြုနေ ဆဲပဲ၊ ... ”
“ ... ဝိညာဉ် ရေးရာ ရူရ် တွေမှာ၊ တာအို သဘော တရားတွေ ပါရှိတယ်၊ သူတို့က သိုင်းနည်း စနစ် တွေထက် အားနည်း တာ မဟုတ်ဘူး၊ ကိုယ့်ထက် ကျင့်ကြံမှု မြင့်မားတဲ့ တစ်စုံ တစ်ယောက် ကိုတောင်၊ သတ်နိုင် တယ်။ ”
မိုလင်းက ရှည်လျားစွာ၊ ရှင်းပြ လိုက်သည်။
“ အဲဒီ လောက်တောင်၊ အစွမ်းထက် သလား။ ”
လင်းယွန်က သူ့ကိုယ်သူ မေးဟန်ဖြင့်၊ ရေရွတ် လိုက်သည်။ ဝိညာဉ် ရေးရာ ရူရ် များသည် သိုင်းနည်း စနစ် များထက် အားနည်းမည် မဟုတ်ကြောင်း၊ သံသယ ဖြစ်ဖွယ် မရှိ သော်လည်း၊ တစ်စုံ တစ်ဦးအား သတ်ပစ် နိုင်ဟူသော အယူ အဆမှာ၊ အနည်းငယ် အံ့သြ စရာ ကောင်းလေသည်။
ညည်းတွား ရေရွတ် ခြင်းသာ ဖြစ် သော်လည်း၊ သူ့ စကားကို လူတိုင်း ကြားလိုက် ရသည်။ ထို့ကြောင့် အားလုံးက လင်းယွန်အား လှည့်ကြည့် လာကြ၏။
“ ကျောင်းသား လင်းယွန်၊ မင်း ငါ့စကားနဲ့ ပတ်သက်ပြီး သဘောထား မတူ တာတွေ ရှိနေ ပုံပဲ၊ အစွမ်းထက် သလား ဆိုတာကို ဘာလို့ မင်းကိုယ်တိုင် လာမစမ်း ကြည့်ရ တာလဲ။ ”
မိုလင်းက လင်းယွန်ကို ကြည့်ကာ ဆိုသည်။ သူ၏ စကားကြောင့် လင်းယွန်က ကူကယ် ရာမဲ့ ဟန်ဖြင့်၊ ပြုံးလိုက် သည်။
ယင်းသို့ မဆို လိုချေ။ သူ့တွင် သံသယ အနည်းငယ် ရှိရုံ သာပင်။ မိုလင်းဖြင့် တိုက်ခိုက် ရန်၊ စိုးရိမ်မှု အချို့ ရှိနေ သေးသည်။
နောက်ဆုံးတွင်၊ မိုလင်းမှာ အမာခံ တပည့်များ ထဲ၌၊ ထိပ်ဆုံး သုံးဦး နေရာ အတွင်း ရပ်တည် ထားနိုင်ပြီး၊ မြင့်မြတ်သော စွမ်းရည် ကိုပင် ဆုပ်ကိုင် ထားနိုင် ခဲ့သည်။
သို့သော် ယင်းမှာ ရှက်စရာ မဟုတ်ပေ။ သူတို့ နှစ်ဦးမှာ အသက် အရွယ် ကွာခြား ပေသည်။ ထို့အပြင် ၎င်းတို့၏ အခြေခံ အုတ်မြစ် မှာလည်း ကွဲပြားသည်။
မည်သို့ပင် ဆိုစေ ကာမူ၊ မိုလင်းက သင်ခန်းစာ တစ်ခုကို လူသိ ရှင်ကြား သင်ပေး ခဲ့သော်၊ ရှက်စရာ ဖြစ်ပေ လိမ့်မည်။
“ ငါ့မှာ မရှိ ပါဘူး၊ မင်းရဲ့ စကား တွေက ငါ့ကို အများကြီး အကျိုးရှိ စေပါတယ်။ ”
လင်းယွန်က ပြုံးကာ ပြန်ဖြေ လိုက်သည်။ ယခု အချိန်ထိ လင်းယွန်မှာ၊ သူ့အား ဆန့်ကျင်ရန် ဆန္ဒ မရှိ သဖြင့်၊ မိုလင်းက မျက်လုံး များကို ခဏမှိတ် ထားပြီးနောက် ဆက်လက်၍၊
“ တိုက်ခိုက်ရေး ရူရ် တွေကို၊ ငါက ကျွမ်းကျင် တယ်၊ ဒါကြောင့် တိုက်ပွဲဝင် ရူရ်တွေ အကြောင်း ပြောပြမယ်။ ”
ရှေးဟောင်း ပစ္စည်းများ၊ ဆေးလုံးများ၊ အစီရင် များနှင့် နှိုင်းယှဉ် ပါက၊ တိုက်ခိုက်ရန် ရူရ် များ အသုံး ပြုခြင်း သည်သာ၊ သူ့ အတွက် စိတ်ဝင် စားဖွယ် ကောင်းပေ သည်။
“ အစ်ကိုလင်း၊ မင်းက ... စီနီယာ အစ်မ မိုကို ကြောက်နေ ပုံပဲ။ ”
ငြိမ်သက် သွားသော လင်းယွန်ကို မြင်ရ သောကြောင့်၊ ဘိုင်ရီက ရယ်မော လိုက်သည်။
“ တိုးတိုး ပြောလို့ မရ ဖူးလား။ ”
ဘိုင်ရီ ခေါင်းကို ခေါက်ကာ၊ လင်းယွန်က ရှက်ရယ် ရယ်လိုက်၏။ သူ့ အနေဖြင့် ဆင်ခြင် မဲ့သူ တစ်ဦး မဟုတ်ပေ။
မိုလင်းမှာ မြင့်မြတ်သော စွမ်းရည်ကို၊ ဆုပ်ကိုင် ထားသူ တစ်ဦး ဖြစ်သော ကြောင့်၊ မာန ထောင်လွှား ရမည့် အချိန်နှင့်၊ အမြီး ကုပ်ထား ရမည့် အချိန်အား၊ သူ သိသည်။
“ ဝိညာဉ် ရေးရာ ရူရ် တွေနဲ့ တိုက်ခိုက်ဖို့ နည်းလမ်း များစွာ ရှိတယ်၊ အလွယ် ကူဆုံး နည်းလမ်း ကတော့၊ တိုက်ရိုက် တိုက်ခိုက်ဖို့ ပါပဲ။ ”
စကား ခဏ ရပ်ကာ၊ မိုလင်းက ရူရ် တစ်ခုကို ဖန်တီးရန်၊ သူမ၏ လက်ချောင်း များအား ခပ်ဖွဖွ ရွေ့လျား လိုက်သည်။
ထိုအခိုက် အတန့်တွင် လောင်ကျွမ်း နေသော၊ ဒုတိယတန်း မီး စွမ်းအင် တစ်စ တောက်ပ လာ၏။
“ မင်းက သူတို့ အပေါ်၊ ကျွမ်းကျွမ်း ကျင်ကျင် ပိုင်နိုင် နေရင်တော့၊ ကိုယ်ပိုင် အတွေး အမြင်တွေ ကိုတောင် ထည့်သွင်း ပေးနိုင် ပါတယ်၊ ဒီဥပမာ ...”
- ဟု ဆိုကာ မိုလင်းက သူမ၏ လက်ချောင်း များအား၊ ပုံသဏ္ဍာန် စတင် ပြောင်းလဲ လိုက်၏။
အတူ တကွ ပေါင်းစပ်ရန်၊ နောက်ထပ် မီး ဝိညာဉ် ရူရ် များစွာကို ဖန်တီး ပစ်သည်။
မီးဝိညာဉ် ရူရ် ကိုးခု ပေါင်းစည်း သွား ချိန်တွင်၊ ၎င်းတို့မှာ အလျား ဆယ်ပေ ရှိသော မီးနဂါး အဖြစ်သို့ ပြောင်းလဲ လာသည်။
မီးနဂါးက တောက်လောင် နေသော အပူကို ထုတ်လွှတ်ပြီး၊ လူတိုင်း၏ ဦးခေါင်း ထက်၌ ရပ်တန့် နေခဲ့၏။
မီးနဂါး တိုက်ခိုက် လာမည်အား၊ ကြောက်ရွံ့ ကုန်သော ကြောင့်၊ လူများ စွာက တုန်လှုပ် ကုန် လေသည်။
ထို့ကြောင့် အခန်း တစ်ခန်းလုံး ကမောက် ကမ ဖြစ်လာ ရ၏။ ဤမီးနဂါးသည် ကနဦး ယင် အဆင့် ကျင့်ကြံ သူအား၊ ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရစေ နိုင်သော ကြောင့်၊ လင်းယွန်မှာ အနည်းငယ် ထိတ်လန့် သွားသည်။
မိုလင်းက ပေါ့ပေါ့ ပါးပါး ဖန်တီး ထားသော မီးနဂါး တစ်ကောင်သာ ဖြစ်သည်။
“ ဒါမှ မဟုတ် ဒီလိုမျိုး ... ”
မိုလင်း၏ မျက်ဝန်း များမှ အလင်းများ တောက်ပ လာပြီး၊ အစွမ်း ထက်သော ရောင်ဝါ ကို ထုတ်ဖော် ခဲ့သည်။
လက်ဖြင့် တံဆိပ် များစွာ ဖွဲ့စည်း နေချိန်၌၊ ဒါဇင်နှင့် ချီသော ဝိညာဉ် ရေးရာ ရူရ် များက၊ သူမ နောက်တွင် ထွက်ပေါ် လာခဲ့သည်။
စက္ကန့်ပိုင်း အတွင်း ကောင်းကင် တစ်ခုလုံး မည်းမှောင် လာကာ၊ ပြင်းစွာသော လေပြင်းများ တိုက်ခတ် လာလေသည်။
လေပြင်း များကြောင့်၊ လူတိုင်း မျက်လုံး ဖွင့်ရန် ခက်ခဲ လာစေ၏။ မိုလင်း၏ မျက်နှာတွင် တောက်ပ အသက်ဝင် နေသော မီးတောက် များလည်း ရှိလာ ခဲ့သည်။
သဘာဝ ဖြစ်စဉ်တွင်၊ မတူ ညီသော ဒြပ်စင် လေးပါး ဖြစ်သည့်၊ လေ၊ မီး၊ မိုးကြိုးနှင့် တိမ်တို့ကို အသုံးပြု ထားခြင်း ဖြစ်သည်။
မိုလင်း နောက်ကွယ်ရှိ၊ ဝိညာဉ် ရေး သဏ္ဍာန် များကို၊ ရှင်းရှင်း လင်းလင်း မြင်လိုက် ရချိန်၌၊ လင်းယွန် တစ်ယောက် များစွာ ထိတ်လန့် သွားသည်။
ဤမိုလင်းမှာ မရိုးရှင်း သလို ပြသ ထားသော၊ နားလည် မှုများ အရ၊ အဘယ့်ကြောင့် စင်ပေါ်၌ ရပ်ခွင့်ရ သည်ကို နားလည် လိုက်မိသည်။
သူမကို စူးစူး ရဲရဲ စိုက်ကြည့် နေသော၊ တပည့် များစွာ၏ မျက်လုံးများ တောက်ပ လာသည်။ ဂူတန်းက သူ့ လက်သီး များကို တင်းကြပ်စွာ ဆုပ်ကိုင် ထား၏။
မိုလင်း၏ အစွမ်း သတ္တိကို လက်ခံ သွားဟန် ဖြင့် လင်းယွန်က၊
“ ချီးကျူး စရာပဲ၊ ”
-ဟု ဆိုမိသည်။
သူ့ အနေဖြင့် ဒုတိယတန်း ဝိညာဉ် ရေးရာ ရူရ်များကို ဖန်တီး နိုင်သော်လည်း၊ ဆေးလုံးများ သန့်စင်ခြင်း တွင်သာ အသုံးပြု နိုင်ပြီး၊ တိုက်ပွဲ အတွက် အသုံး မပြု နိုင်သေးပေ။
ထို့ကြောင့် ယနေ့ မြင်တွေ့ လိုက်ရသည့် အရာက သူသွား ရမည့် လမ်းခရီးမှာ၊ အဝေးကြီး ကျန်ရှိ နေသေး သည်ကို၊ သဘော ပေါက်သွား စေသည်။
“ စီနီယာ အစ်မက အစွမ်း ထက်တယ်။ ”
“ အိုး ... အကယ် ဒမီမှာ၊ အစ်မ မိုက တကယ်ကို အတော်ဆုံး ပါပဲ။ ”
သဘာဝ ဖြစ်စဉ်များ ပျောက်ကွယ် သွားသော အခါတွင်၊ တပည့် များက အားကျစွာ ချီးကျူး လာကြသည်။
မိုလင်းက လူတိုင်း၏ အာရုံကို ရရှိရန်၊ မလွယ် ကူသည် သိသော ကြောင့်၊ ပြန်လည် ပြုံးပြ ခဲ့သည်။
လင်းယွန်ကို ကြည့်လိုက်သော အခါ၊ အခြား သူများထက် ငြိမ်သက် နေသည်ကို၊ တွေ့လိုက် ရသည်။
ဤသည်မှာ ဟန်ဆောင် နေခြင်းသာ ဖြစ်ကြောင်း၊ သူမ သိသည်။ လွန်ခဲ့သည့် သုံးရက်က သူမ အပေါ်၊ လင်းယွန် မည်မျှ မာန ထောင်လွှား ခဲ့သည်ကို မမေ့နိုင် သေးပေ။
ထို့ကြောင့် ငုတ်တုတ် မေ့နေသော လင်းယွန်မှာ၊ အလေး အနက် ဆင်ခြင် နေခြင်း ဖြစ်ကြောင်း၊ သဘာဝ အတိုင်း မယုံ ခဲ့ခြင်း ဖြစ်သည်။
အကြည့် များကို ပြန်ရုတ်ကာ၊
“ ဒါတွေက အခြေခံ လေးပါ၊ တခြား သူတွေ ကလည်း သူတို့ အကြောင်းကို ပုံမှန် ပြောနေ ကြပဲ ဆိုတော့ ထပ်မပြော တော့ပါဘူး၊ ဒီနေ့ ... ”
“ ... ငါက ဝိညာဉ် ရေးရာ ဆရာ သခင် တွေရဲ့၊ စစ်မှန်တဲ့ စွမ်းအား ဖြစ်တဲ့၊ ပုံကြမ်း တွေကို မင်းတို့ကို ပြဖို့၊ ဒီမှာ ရှိနေ ရတာပဲ။ ”
သူမ၏ စကား တိုင်းက လူတိုင်းကို စိတ်လှုပ် ရှားစွာ မျက်ဝန်းများ တောက်ပ လေးနက် လာစေ သည်။
ဝိညာဉ် ရေးရာ ပုံကြမ်းများ ရေးဆွဲခြင်း အပေါ်၊ သူတို့ စိတ်ဝင်စား ကြသည်မှာ သိသာ လေသည်။
ဝိညာဉ် ရေးရာ ပုံကြမ်းများ။ မိုလင်းက သိုလှောင်အိတ် အတွင်းမှ ပန်းချီကား တစ်ချပ်ကို၊ ထုတ်ယူ လိုက်ပြီး၊ လူတိုင်း ရှေ့တွင် လှစ်ဟ ပြလိုက်သည်။
ပန်းချီကား ထဲတွင် အရာ အားလုံးကို လောင်ကျွမ်း ပြချ ပစ်နိုင်သော၊ မီးပင်လယ်ကြီး တစ်ခု ရေးဆွဲ ထားသည်။
ပန်းချီကားကို ကြည့်နေသော လင်းယွန် မျက်လုံးများ တောက်ပ လာ၏။ ဝိညာဉ် ရေးရာ ရူရ် များမှာ၊ အပြစ် အနာ အဆာ အားနည်းချက် မရှိဘဲ၊ လုံးလုံး လျားလျား ပေါင်းစပ် ရောယှက် နေကြောင်း သူပြော နိုင်သည်။
၎င်း၏ အသန် မာဆုံး ရူရ် များမှာ၊ ဒုတိယတန်း ရူရ် မျှသာ ဖြစ်သည်။
သို့သော် ယိုစိမ့် လာသော ရောင်ဝါ အရ၊ အလယ် အလတ် ယင်အဆင့် ကျွမ်းကျင်သူ ကိုပင် အန္တရာယ် ဖြစ်စေ နိုင်၏။
ဤသည်မှာ ကျား ခြေသည်း ကုပ်ချက်ကို၊ ဖန်တီး ထားသော တောင်တန်း ပေါ်ရှိ ပန်းချီ ကား၊ (ချင်ဇီအန် မှတ်တမ်း)
နှင့် ဆင်တူသည်။
ထိုပန်းချီ ကားကို ဆုပ်ကိုင်ရန် ကြိုးစား နေချိန်တွင်၊ နက်နဲ နယ်မြေရှိ ဒုတိယတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် တစ်ဦး မျှသာ ဖြစ်သေးသည်။
တစ်ဖက် တွင်မူ မိုလင်းမှာ၊ အထွတ် အထွပ် တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး ဖြစ်နေသည်။
ယင်းမှာ မိုလင်း ဖန်တီး ထားသော ပန်ချီကား တစ်ချပ်လည်း ဖြစ်နိုင်ချေ ရှိသည်။
“ ဒီနေ့၊ ငါတို့ အကယ် ဒမီရဲ့ နာမည်ကြီး၊ 'မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ်' ပန်းချီကို၊ ဘယ်လို ဆွဲရ မလဲ ဆိုတာ သင်ပေးမယ်။ ”
မိုလင်းက ပြုံးကာ လူအုပ်ထံ ဝေ့ကြည့် လိုက်သည်။
“ တစ်စုံ တစ်ယောက်က ဝိညာဉ် ရေးရာ ရူရ် တွေကို သတ်ဖို့ အသုံး ပြုနိုင်တယ် ဆိုတာကို သံသယ ဖြစ်နေ ပုံပဲ၊ ငါက နက်နဲ နယ်ပယ်မှာ ရှိစဉ်က၊ ဝိညာဉ် ရေးရာ ရူရ် တွေနဲ့၊ ခရမ်းရောင် နန်းတော် နယ်မြေက၊ အထက် တန်းစား တစ်ဦးကို သတ်ခဲ့ ဖူးတယ်၊ ... ”
“ ... ဒါကြောင့် ကောင်းကောင်း လေ့လာပါ၊ မင်းက ဒီပန်းချီ ကားရဲ့ အနှစ် သာရကို ဆုပ်ကိုင် ထား နိုင်ရင်၊ မင်းထက် ပိုသန်မာတဲ့ ပြိုင်ဘက် တွေကို သတ်ပစ် နိုင်တယ်။ ”
ကောင်းကင် ပြည်နယ် အကယ်ဒမီ အနေဖြင့်၊ နေသာ စီရင်စုတွင်၊ ၎င်းတို့၏ ဝိညာဉ် ရေးရာ ကျွမ်းကျင် မှုများကြောင့်၊ ကျော်ကြား ပေသည်။
သူတို့၏ ကျင့်ကြံ မှုမှာ၊ အခြားသော အမည်ခံ အုပ်စိုးရှင် ဂိုဏ်း များထက်၊ အားနည်း နေနိုင် သော်လည်း၊ မိုလင်း၏ စကား များက လူတိုင်းကို အားဖြစ် စေ၏။
“ ငါ့ရဲ့ ရှင်းပြ ချက်ကို၊ အာရုံ စိုက်ပါ၊ စိတ်မလွင့် စေနဲ့၊ သင်ခန်းစာ ပြီးရင် စင်မြင့်ပေါ် လူအချို့ကို ခေါ်ယူ ရလိမ့်မယ်၊ လုံလောက်အောင် စွမ်းဆောင် မပြ နိုင်ရင်၊ ငါ သူတို့ကို အပြစ် ပေးမယ်။ ”
လင်းယွန်ကို လှမ်းငုံ့ ကြည့်ပြီး၊ မိုလင်းက ပြုံးကာ ဆိုလိုက်သည်။
မိုလင်းမှာ သူ့ကို ပစ်မှတ်ထား နေပုံ ရသော ကြောင့်၊ လင်းယွန်မှာ ကူကယ် ရာမဲ့ ဟန်ဖြင့် ပြုံး မိသည်။
( စီနီယာ အစ်မမို၊ ဒီလောက် အချိန် တိုတို လေးနဲ့၊ မင်း ရင်ထဲ ငါရောက်သွား ပုံပါလား။ )
***