အရှက်ကွဲခြင်း။
Vol. 37 Ch. 514
“ ငါ ကြေနပ်အောင် စွမ်းဆောင် မပြ နိုင်ရင်၊ ငါကိုယ်တိုင် အပြစ် ပေးမယ်။ ”
လင်းယွန်ကို လှမ်းငုံ့ ကြည့်ပြီး၊ မိုလင်းက ပြုံးကာ ဆိုလိုက်သည်။
မိုလင်းမှာ သူ့ကို ပစ်မှတ်ထား နေပုံ ရသော ကြောင့်၊ လင်းယွန်မှာ ကူကယ် ရာမဲ့ ဟန်ဖြင့် ပြုံး မိသည်။
ထို့ကြောင့် မိုလင်း၏ ရန်လိုမှု များကို မေ့ပြစ် ကာ၊ မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီ ကား အပေါ်၊ အာရုံစိုက် လိုက်သည်။
သူ့ အနေဖြင့် ဝိညာဉ် ရေးရာ ပုံကြမ်း များနှင့်၊ မစိမ်း လှပေ။
ချင်ဇီအန် မှတ်တမ်းတွင်၊ ဝိညာဉ် ရေးရာ ပန်ချီကား များဖြင့်၊ ပြည့်နှက် နေပြီး၊ ခန္ဓာကိုယ် အတွင်း ၌ပင်၊ ပန်းချီကား တစ်ချပ် ကိုလည်း၊ ဖန်တီး ထားနိုင် ခဲ့သည်။
၎င်း၏ အတွေ့ အကြုံမှာ၊ ပထမဆုံး ဖြစ်သော် လည်း၊ စွမ်းအားက ကြောက်မက်ဖွယ် ကောင်းပေသည်။
နက်နဲ နယ်မြေ၌ ရှိစဉ်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း ကျင့်ကြံ သူအား အနိုင် ယူနိုင် ခဲ့သော ကြောင့်၊ မိုလင်း ပြောခဲ့သည့် စကားပေါ် ယုံကြည် မိသည်။
'မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီကား' မဆိုနှင့်၊ သူ့ ပန်းချီကား ဖြင့်ပင် လုပ်နိုင် နေပေပြီ ဖြစ်သည်။
“ မိစ္ဆာ တောင်တန်းနှင့် ငရဲမြစ် ပန်းချီ ကားမှာ၊ မီးဒြပ်စင် အခြေခံ ရူရ် (၁၀၈) လုံး၊ ပထမတန်း ရူရ် (၆၈) လုံး၊ ဒုတိယတန်း ရူရ် (၁၈) လုံး တို့နဲ့ ဖွဲ့စည်း ထားတယ်၊ ... ”
“ ... ဒီပန်းချီ ကားက ရှုပ်ထွေးပြီး၊ ဝိညာဉ် ရေးရာ ပုံကြမ်း တွေရဲ့၊ ထိပ်ဆုံး တစ်ရာ အဆင့်၊ စာရင်း ဝင်တယ်။ ”
-ဟု မိုလင်းက ဂုဏ်ယူစွာ ရှင်းပြ လိုက်သည်။
သင်ကြား နေစဉ် တစ်လျှောက် မေးခွန်းများ ကိုလည်း၊ လက်ခံ ဖြေကြား ပေး ခဲ့သည်။
၎င်းတို့ အနေဖြင့်၊ ဝိညာဉ် ရေးရာ ပုံကြမ်း များကို၊ ပထမဆုံး အကြိမ် သင်ယူခြင်း မဟုတ် သောကြောင့် မေးခွန်း များမှာ၊ ပညာရှင် ဆန်ပေ သည်။
လူအများ စုက ၎င်းတို့၏၊ မျက်ဝန်း များကို မှိတ်ထား ကြသည်။
'မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ်' ပန်းချီ ကားကို ရေးဆွဲရန် မလွယ်ကူ သည်မှာ၊ ရှင်းပေ သည်။ မိုလင်း ရှင်းပြ သကဲ့သို့၊ ချက်ခြင်း အောင်မြင်ရန် မဖြစ် နိုင်ပေ။
ထိုအချိန်တွင် လင်းယွန် မှာမူ၊ သူ ထင်ထား သကဲ့သို့ ခက်ခဲပုံ မပေါ် သောကြောင့်၊ အတွေး နက်သွား ခဲ့သည်။
ပန်းချီကား တစ်ချပ် ဖန်တီး ရာတွင်၊ အတွေ့ အကြုံ ရှိထားပြီး ဖြစ်ရာ၊ လွယ်ကူစွာ နားလည် လာခြင်းလည်း ဖြစ်နိုင် ၏။
တစ်ခု တည်းသော အခက် အခဲမှာ၊ မီး ဒြပ်စင် ရူရ် များနှင့် မရင်း နှီးဘဲ၊ စိမ်းသက် နေခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့ကို မှတ်မိရန် အာရုံစိုက် မိသည်။
“ အခြေခံ ဝိညာဉ် ရေးရာ ရူရ် တွေကို မထီ မဲ့မြင် မပြု ပါနဲ့၊ မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီ ကားမှာ၊ စွမ်းအား အပြည့် ရှိဖို့က သူတို့ အပေါ် မူတည်တယ်၊ ... ”
“ ... မျဉ်းတိုင်းမှာ အသက် ရှိတယ်၊ အနှစ် သာရက အကြမ်း ဖက်မှု၊ လွှမ်းမိုး ချုပ်ကိုင်မှု မဟုတ်ဖူး၊ လွတ်လပ် မှုပဲ။ ”
မိုလင်း၏ ရှင်းပြ ချက်ကို၊ လင်းယွန်က အသိ အမှတ် ပြုသည်။ ဤပန်းချီ ကား၏ အနှစ် သာရမှာ၊ ကောင်းကင်ရှိ မီးမြစ်ကြီး တစ်စင်း ထဲမှ၊ မီးလျှံများ အဆက် မပြတ်၊ ရွာကျ စေရန် ဖြစ်သည်။
အတိုချုံး ရှင်းပြ ပြီးနောက်၊ မိုလင်းက ပန်းချီ ကားကို သိမ်းဆည်းပြီး၊ ကင်းဗတ်စ တစ်ချပ်နှင့် အတူ၊ စုတ်တံ တစ်ခေျာင်းကို ထုတ်ယူ သည်။
“ အခု၊ မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီကို၊ ဘယ်လို ဖန်တီး ရမလဲ ဆိုတာ သရုပ် ပြမယ်။ ”
ထို့နောက် မိုလင်းက ပန်းချီကို စတင် ရေးဆွဲ တော့သည်။ စုတ်တံကို ကိုင်လိုက်သော အခါတွင် သူမ၏ အသွင်မှာ၊ သိသိ သာသာ ပြောင်းလဲ သွားသည်။
သူမ၏ မူလ စွမ်းအင် ထံမှ၊ သဏ္ဍာန်မဲ့ ဖိအား တစ်ခု ထုတ်လွှတ် လာသည်။
စက္ကန့် ပိုင်း အတွင်း၊ (၁၀၈) လုံးသော အခြေခံ ရူရ် များကို အခက် အခဲ မရှိ၊ ချော့မွေ့စွာ ရေးဆွဲ သွားသည်။
တစ်ချိန်တည်း မှာပင်၊ အဆိုပါ ရူရ်များ ထံမှ၊ တောက်လောင် နေသော အပူ လှိုင်းများ၊ ခန်းမ အနှံ့ လွှမ်းခြုံ လာတော့၏။
မိုလင်း၏ စုတ်တံ ကိုင်တွယ် ရေးထိုး နေပုံကို အလွတ်ကျက် နေစဉ်၊ လင်းယွန် အမူ အရာမှာ၊ လေးနက် နေပေသည်။
အသက် ဆယ် ရှိုက်စာ အကြာတွင်၊ ပထမတန်း ရူရ် ( ၆၈) လုံးကို ပန်းချီ ကားတွင်း၊ ထပ်မံ ထည့် သွင်း ခဲ့သည်။
ရူရ် များ ရောယှက် လာပြီး၊ ပန်းချီကား ကောက်ကြောင်းမှာ၊ လူတိုင်း ရှေ့၌ ထွက်ပေါ် လာ၏။
ဖန်တီး နိုင်မှု အရှိန်က၊ မယုံနိုင် လောက်အောင် ဖြစ်သော ကြောင့်၊ တပည့်များ ထံမှ၊ အာမေဋိတ် သံများ ထွက်ကျ လာသည်။
လူတိုင်း အော်ဟစ် အားပေး နေကြ သော်လည်း၊ ပန်းချီ ကားတွင် တစ်စုံ တစ်ရာ ချို့ယွင်း နေသည်ကို သိလိုက် သောကြောင့်၊ လင်းယွန်က မျက်မှောင်ကြုတ် လိုက်မိသည်။
မိုလင်း၏ မကျွမ်းကျင် မှုကြောင့် မဟုတ်ဘဲ၊ ပန်းချီကား ကိုယ်တိုင်က တစ်ခုခု လွဲနေ ပေသည်။
ပြီးပြည့် စုံသော အရာ များကို သဘောကျ တက်သော၊ ပညာရှင် တစ်ယောက် ဖြစ်လေရာ၊ ဤရှာဖွေ တွေ့ရှိ မှု အပေါ်၊ စိတ်ထဲ၌ ကျလိ ကျလိ ဖြစ်လာ စေသည်။
သို့သော် ချို့ယွင်း ချက်က မည်သည့် နေရာ ၌ ရှိနေ မည်ကို မသိနိုင် သေးပေ။
ဆယ့်ငါး မိနစ် အကြာတွင်၊ မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီ ကားမှာ၊ လူတိုင်း ရှေ့၌ ဖြစ်ပေါ် လာ၏။
ပန်းချီကား ထံမှ ပြိုးပြက်သော အလင်းများ ဖြစ်ပေါ် လာပြီး၊ ရှေးဟောင်း သားရဲ တစ်ကောင် ကဲ့သို့၊ အရှိန် အဝါများ ထုတ်လွှတ် လာလေသည်။
အသေချာ စိုက်ကြည့် ပါက၊ ပန်းချီ ကားတွင် မြစ်ကဲ့သို့ စီးဆင်း နေသော မီးလျှံ များကို မြင်နိုင် သည်။
“ ဝိညာဉ် ရေးရာ ရူရ် တွေမှာ၊ မိုလင်းရဲ့ အောင်မြင်မှုက အနည်းငယ် တိုးတက် လာပုံပဲ။ ”
“ ဒါက မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီရဲ့ ကန့်သတ်ချက် ဖြစ်သင့်တယ်၊ ဒီပန်းချီ ကားကို ဖန်တီး ခဲ့တဲ့သူ တောင်မှ၊ ပိုပြင်း ထန်အောင် မဖန်တီး နိုင်ဖူးလို့၊ ငါ လောင်းကြေး ထပ်ရဲတယ်။
“ မိုလင်းက မြင့်မြတ်သော စွမ်းရည်ကို ဆုပ်ကိုင် ထားတဲ့၊ ပါရမီရှင် တစ်ဦး ဖြစ်ဖို့၊ အမှန် တကယ် ထိုက်တန် ပါပေတယ်။ ”
ဘေးမှ စောင့်ကြည့် နေသော အကြီး အကဲ များစွာက၊ ခေါင်းညိတ် လိုက်ကြသည်။
ပန်းချီကား ရှေ့တွင် မိုလင်းက ကျေနပ်စွာ ပြုံးပြ လိုက်သည်။ ပန်းချီ ကားကို သိမ်းဆည်းရန်၊ သူမ လက်အား ဝှေ့ယမ်း လိုက်ပြီး၊
“ အရင်က ပြောခဲ့ သလိုပဲ၊ ဒီပန်းချီ ကားကို ဆွဲပြဖို့ လူ တချို့ ငါ ရွေးမယ်၊ ဘယ်သူက ပေါ်လွင် ချင်လဲ ထွက်လာလို့ ရတယ်၊ ရလဒ် အဆိုးဆုံး သူ ကတော့ အပြစ်ပေး ခံရမယ်၊ ... ”
“ ... သဘာဝ အတိုင်း၊ အကောင်းဆုံး သူက ဆုလာဘ်ကို ရရှိ လိမ့်မယ်၊ ဆုကြေးနဲ့ ပတ်သက် လို့တော့၊ ငါ့လက် ထဲက ဒီပန်းချီ ကားပဲ။ ”
သူမ၏ စကား များက၊ ပတ်ဝန်းကျင် လေထုကို ပေျာ့ပြောင်း လာစေ၏။ မိုလင်း ကိုယ်တိုင် ရေးဆွဲ ခဲ့သော ပန်းချီကား တစ်ချပ်ကို ရရှိ ရန်မှာ မလွယ် ကူချေ။
သူမ နာမည် တစ်ခု တည်း သည်ပင်၊ ပန်းချီ ကားကို အရမ်း တန်ဖိုး ရှိစေမည်။
“ ကျွန်တော် စမ်းကြည့်ဖို့ ဆန္ဒ ရှိပါတယ်။ ”
ဂူတန်းက မတ်တပ် ထရပ်ပြီး၊ မိုလင်းကို ကြည့်ကာ၊ အလေး အနက် ဆိုလိုက်သည်။
“ စီနီယာ အစ်မ မိုက၊ အခွင့် အရေး ပေး မယ်လို့ မျှော်လင့် ပါတယ်။ ”
“ မင်းက မကြာ ခင်မှာ၊ အမာခံ တပည့် စစ်ဆေးပွဲ ဖြေတော့ မယ်လို့ ငါကြားတယ်၊ အဲဒီ အခါ ကျရင် မင်းကို စမ်းသပ်ဖို့၊ စစ်မေးသူ အဖြစ် ငါတာဝန် ယူပေးမယ်။ ”
မိုလင်းက ဂူတန်းကို သဘောကျ ဟန်ဖြင့်၊ ခေါင်းညိတ် လိုက်သည်။
“ ငါ မင်းကို စိတ်ပျက် စေမှာ မဟုတ် ပါဘူး။ ”
သူ၏ အရည် အချင်း များကို ပြသရန်၊ အခွင့် အရေး ဖြစ်သော ကြောင့်၊ ဂူတန်း မျက်နှာတွင် စိတ်လှုပ်ရှား မှုများ၊ တောက်ပ လာပေ သည်။
မိုလင်း၏ အထင်ကြီး မှုကို ရယူနိုင် ပါက၊ သာ၍ ကောင်း ပေမည်။ သို့မှသာ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်း နိုင်မည် ဖြစ်သည်။
ဂူတန်း ထံမှ သူမ၏ အကြည့်ကို ရွေ့ လိုက်ပြီး၊
“ နောက်ထပ် ဘယ်သူ ရှိဦး မလဲ။ ”
“ ရှိတယ်။ ”
“ ငါတို့ သုံးယောက်။ ”
“ စီနီယာ အစ်မ၊ ငါလည်း စမ်းကြည့် ချင်တယ်။ ”
မိုလင်း၏ အထင်ကြီးမှု ရစေရန်၊ လူများ စွာက ဆန္ဒ ရှိလာ ခဲ့ ကြသည်။
မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီ ကားမှာ၊ ခက်ခဲကောင်း ခက်ခဲ နိုင်သော်လည်း၊ ၎င်းသည် သူတို့ အတွက် ပထမဆုံး အကြိမ် မဟုတ်ပေ။
ထို့ကြောင့် ထုံးစံ အတိုင်း၊ သူတို့တွင် ယုံကြည်မှု အနည်းငယ် ရှိပေသည်။
ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသော သည်လူအုပ် ကြီးကြောင့်၊ လင်းယွန်က ပြုံးမိ သည်။
ဤပန်းချီ ကား၏ အပြစ် အနာ အဆာကို ရှာမတွေ့ ခဲ့ လျှင်ပင်၊ စင်မြင့် ပေါ်သို့ တက်ရန်၊ သူ့၌ စိတ်ကူး မရှိပေ။
မိုလင်းက လူရှစ်ဦးကို ရွေးရန် အချိန် အတော် ကြာခဲ့သည်။ ပတ်ဝန်း ကျင်မှာ နောက်ဆုံးတွင် ငြိမ်သက် သွားရသည်။
မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီ ကား ရေးဆွဲ ခြင်းမှာ၊ မလွယ်ကူ သကဲ့သို့၊ ညံ့ဖျင်း သွားလျှင်၊ အရှက်ရ ပေလိမ့်မည်။
ထို့အပြင်၊ သူတို့ အနေဖြင့် ဂူတန်းကို အနိုင်ယူ နိုင်မည် မဟုတ်ကြောင်း သိလေသည်။
“ မင်းက မင်းကိုယ်မင်း ဒီလောက် ယုံကြည်ချက် ပြင်းထန် နေတာကို ငါသိတယ်၊ မင်းဘာလို့ လာမစမ်း ကြည့်ရ တာလဲ။ ”
မိုလင်းက လင်းယွန်ကို လှမ်းကြည့်ကာ၊ ဆိုသည်။
“ ငါ လား ... ”
လင်းယွန်က သူ့ကိုယ်သူ လက်ညိုး ပြန်ထိုးပြီး၊ သေချာအောင်၊ မေးယူ လိုက်သည်။ ပြုံးနေသော မိုလင်း မျက်ဝန်း များကြောင့်၊ အောင့်သက်သက် ပြန်လည် ပြုံးပြ မိ၏။
“ အစ်မကြီး မင်း တကယ်ပဲ၊ ငါ့ကို စိတ်ထဲက မထုတ်နိုင် သေးဖူးပဲ။ ”
ဤသည်မှာ သူ့အတွက် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သူမ သိထား သော်လည်း၊ စင်မြင့် ပေါ် တက်လာ စေရန်၊ ကြိုးစား နေပေ သည်။
“ စီနီယာ အစ်မ၊ သင်းထောက်လင်း အတွက် အခက် အခဲတွေ ဖြစ်အောင် မလုပ် ပါနဲ့၊ နောက်ဆုံးတော့ သူက လိပ် တစ်ကောင်ပုံ ဆွဲမိရင် ရှက်စရာ ဖြစ်လိမ့်မယ်။ ”
ဂူတန်းက ပြုံးကာ ဆိုသည်။ သူ့စကား ကြောင့် ပတ်ဝန်း ကျင်တွင်၊ ရယ်မော သံများ ဆူညံ လာစေ၏။
“ အစ်မကြီး၊ မင်းငါ့ကို ခေါ်ချင်တာ သေချာလား။ ”
လင်းယွန် မှာမူ မိုးလင်းကို ကြည့်ကာ၊ တည်ငြိမ်စွာ ပြန်မေး လိုက် သည်။
“ သေချာ တာပေါ့၊ ငါ ဘယ်သူ့ကို ခေါ်မယ် ထင်လို့လဲ၊ ပန်း သင်္ချိုင်း ဆိုတဲ့ မင်းက၊ ထက်မြက် တယ် ဆိုတာ ငါကြား ထားတယ်၊ ဒါကြောင့် မင်းရဲ့ အရည် အချင်းကို၊ ဘာလို့ ကြည့်ခွင့် မပေး ရတာလဲ။ ”
မိုလင်းက လိမ္မာ ပါးနပ်သော စကား များဖြင့်၊ လူအုပ်၏ အာရုံကို လင်းယွန်ထံ လွှဲပြောင်း ပေးလိုက်သည်။
ဤချာတိတ်မှာ ပလွှား လွန်းပေ၏။ စင်မြင့် ပေါ်တွင် ပြုံးနိုင်ဦး မလားဟု၊ သိချင် မိသေး သည်။
တစ်ချိန် တည်း မှာပင် သူမ၏ စကား များကြောင့်၊ လူတိုင်းက ဟာသ တစ်ပုဒ်ကို မြင်ရ တော့မည် ကဲ့သို့၊ အပြု သဘော ဆောင်သည့်၊ အမူ အရာများ ပြသ လာသည်။
မိုလင်း၏ စကား များရှိ ဝှက်ထားသော အဓိပ္ပါယ်ကို သူတို့ အားလုံး မြင်နိုင်သည်။ သူမ အနေဖြင့် လင်းယွန် အပေါ်၊ ရန်ငြိုး ထားကာ လက်ရှိတွင်၊ လက်စား ချေရန် ကြိုးစား လာခြင်း ဖြစ်သည်။
ထို့ပြင် ဧည့် သင်းထောက်ငယ် တစ်ဦးမှာ၊ မိုလင်းကို အမှန် တကယ် စိတ်အနှောင့် အယှက် ဖြစ်စေခဲ့ သည့် အပေါ်၊ အံ့အားသင့် လာကြ ပြန်သည်။
သည်လင်းယွန်မှာ ယနေ့တွင် သေချာပေါက် ဒုက္ခ ရောက်တော့ မည်ကို၊ သူတို့ အားလုံး ပြောနိုင်သည်။
အဆုံးတွင်၊ အညံ့ဆုံး သူကို အပြစ်ပေး မည်ဟု မိုလင်းက ကြေငြာ ထားသည်။
ထို့ကြောင့် အားလုံးက လင်းယွန်ကို ကြည့်မိ လာကြ၏။ ဂူတန်းက ကြေနပ်စွာ ခေါင်းညိတ် လိုက်သည်။
လင်းယွန် တစ်ယောက်၊ ယနေ့ ဤအရှုပ် အထွေးမှ ရုန်းထွက်ရန်၊ မည်မျှ ခက်ခဲနေ မည်ကို သူ ပြောနိုင်သည်။
“ ကောင်းပြီ၊ ငါ မင်းကို အမြင် ကျယ်စေ လိုက်မယ်။ ”
လင်းယွန်က မတ်တပ်ရပ် လိုက်ပြီး ပြုံးလျက် ပြန်ဖြေ လိုက်သည်။ တစ်ယောက် ယောက်က နာမည်တပ် စိန်ခေါ် ပြီးတဲ့ နောက်၊ ခပ်ကုပ်ကုပ် နေခြင်းမှာ၊ သူ့ပုံစံ မဟုတ်ပေ။
ထိုသို့သော စကား များဖြင့်၊ မိုလင်းကို တုန့်ပြန် ခြင်းသည်၊ မာနကြီး လွန်းသည်ဟု အားလုံးက ခံစားမိ သောကြောင့်၊ လူတိုင်း နှုတ်ဆိတ် သွားကုန်သည်။
“ စီနီယာ အစ်မကို ဒီလို လေသံနဲ့၊ ပြောရအောင် မင်းကိုယ်မင်း ဘယ်သူ ထင်နေ လဲ။ ”
ဂူတန်းက အော်ဟစ် လိုက်သည်။
“ ငါ့ကိစ္စမှာ ဝင်စွက်ဖက် ရအောင်၊ မင်းက ဘယ်ငရဲက ခွေးလဲ။ ”
ဂူတန်ကို ကြည့်ပြီး လင်းယွန်က ပြန်မေး လိုက်သည်။ မိုလင်းက သူ့ကို အရှက် ခွဲရန် ကြိုးစား နေသည့် အတွက်၊ ဒေါသ မထွက် ရဲသော်လည်း၊ ဂူတန်း အတွက်မူ ထိုသို့ မဟုတ်ချေ။
မိုလင်းသာ အနည်းငယ် နောက်ကျ ခဲ့ပါက၊ အစောပိုင်း အချိန်ထဲ ကပင်၊ ဂူတန်းကို ရိုက်နှက်ပြီး ဖြစ်ပေ လိမ့်မည်။
လင်းယွန်၏ တုန့်ပြန် မှုကြောင့်၊ လူတိုင်း အသက် ရှူကြပ် သွားသည်။
“ မင်း ...။ ”
ဂူတန်းက လင်းယွန်ကို ဒေါသ တကြီး လက်ညိုး ထိုးလျက်၊ စကား မဆက် နိုင်တော့ ပေ။
သင်းထောက် တစ်ဦး မျှသာ ဖြစ်သော၊ ဤလူသည် သူ့အား စော်ကား လွန်းပေပြီ။ ယင်းကို သူ လက်မခံ နိုင်။
“ ဘာလို့လဲ ...၊ မင်းက မိုက်ရိုင်းတဲ့ ချာတိတ်လေး မဟုတ်လား၊ သူတောင် ဘာမှ မပြော ရသေးဖူး၊ မင်းက ခွေး တစ်ကောင်လို ပြေးထွက် လာတယ်၊ ... ”
“ ... ရွံစရာ ဖားပြုတ် တစ်ကောင်က၊ ငန်းမ လေးကို ဖမ်းနိုင် မယ်လို့ ထင်နေ တာလား၊ အိပ်မက် မက်နေ တာကို ရပ်လိုက်ပါ၊ မင်းလို မိုက်ရိုင်းတဲ့ ကလေး မျိုးက၊ သူ့ အတွက် စာဖွဲ့ စရာ မရှိဘူး။ ”
လင်းယွန်က နားမခံ သာအောင် လှောင်ပြောင် လိုက်သည်။ ဤ အချိန်၌ သူ့ ဒေါသကို ဖောက်ခွဲရန်၊ ကြားခံ လိုသည်။
မိုလင်းနှင့် ပတ်သက်၍၊ ဂူတန်းတွင် အကြံ အစည် များ ရှိသည်ကို၊ လူတိုင်း သိသော် လည်း၊ ထို အကြောင်းအား မည်သူမျှ မပြော ဝံ့ပေ။
သို့သော် လင်းယွန်က ထောက်ပြပြီး၊ လှောင်ပြောင် ခဲ့သည်။ ယင်းကြောင့် လူတိုင်းက သူတို့၏ ရယ်မောလို စိတ်ကို၊ ချက်ခြင်း ဖိနှိပ် လိုက်ရ သည်။
တစ်ချိန်တည်း မှာပင် လင်းယွင်ကို ကြည့်သော၊ သူတို့၏ အမြင်များ ပြောင်းလဲ သွား၏။
လင်းယွန်၏ ခွန်အား မည်သို့ပင် ရှိစေ ကာမူ၊ သူ့တွင် ထက်ရှ လွန်းသော 'လျှာ' ရှိသည်။ ဂူတန်းကို တစ်ကြိမ် တစ်ခါ မက၊ ထပ်ခါ ထပ်ခါ စော်ကား ဝံ့ခဲ့၏။
ဂူတန်း တစ်ယောက်၊ ဒေါသ တကြီး ပြေးဝင် တိုက်ခိုက် တော့မည် အချိန်တွင်၊ မိုလင်းက ဟန့်တား လိုက်သည်။
“ ငြိမ် ငြိမ် နေစမ်း။ ”
ဂူတန်းကို ဟန့်တား လိုက်ပြီးနောက်၊ လင်းယွန်ထံ ကြည့်ကာ၊
“ မင်းမှာ အထိန်း အကွပ် မဲ့တဲ့၊ ပါးစပ် ရှိတယ်၊ ဒါပေမယ့် အဲဒီ လိုပဲ တကယ့် အရည် အချင်း ရှိလား ငါကြည့်မယ်၊ လာခဲ့ ... ငါ့ကို ကျေနပ်အောင် ရေး မပြ နိုင်ရင်၊ မယဉ် ကျေးတဲ့ အတွက် အပြစ် မတင်နဲ့။ ”
“ စီနီယာ အစ်မမို ပြောတာ မှန်တယ်၊ ငါ မင်းကို စင်ပေါ်မှာ၊ ပွင့်ပွင့် လင်းလင်း အနိုင်ယူ ပြမယ်။ ”
ဂူတန်းက စကားဆုံး သည်နှင့်၊ စင်မြင့် ပေါ် ပျံသန်း သွားလေသည် ။
***