← Chapters

ပြီးပြည့် စုံသော ပန်းချီကား။

Vol. 37 Ch. 515

ပြီးပြည့် စုံသော ပန်းချီကား။

Vol. 37 Ch. 515

ဂူတန်း တစ်ယောက်၊ ဒေါသ တကြီး ပြေးဝင် တိုက်ခိုက် တော့မည် အချိန်တွင်၊ မိုလင်းက ဟန့်တား လိုက်သည်။

“ ငြိမ် ငြိမ် နေစမ်း။ ”

ဂူတန်းကို ဟန့်တား လိုက်ပြီးနောက်၊ လင်းယွန်ထံ ကြည့်ကာ၊

“ မင်းမှာ အထိန်း အကွပ် မဲ့တဲ့၊ ပါးစပ် ရှိတယ်၊ ဒါပေမယ့် အဲဒီ လိုပဲ တကယ့် အရည် အချင်း ရှိလား ငါကြည့်မယ်၊ လာခဲ့ ... ငါ့ကို ကျေနပ်အောင် ရေး မပြ နိုင်ရင်၊ မယဉ် ကျေးတဲ့ အတွက် အပြစ် မတင်နဲ့။ ”

မိုလင်း ရွေးချယ် ထားသော တပည့် ရှစ်ယောက်က စင်မြင့် ပေါ်သို့၊ ဦးစွာ တက်ရောက် လာသည်။

ထို့ကြောင့် လေထုမှာ ရုတ်တရက် တင်းကြပ် လာ၏။ သေးငယ်သော ကိစ္စလေး မှသည်၊ သည်မျှ လေးနက် လာလိမ့် မည်ဟု မထင်ထား မိကြပေ။

ဦးစွာ လင်းယွန် အတွက် အခက် အခဲ ဖြစ်စေ လာရန် မိုလင်းက ကြိုးစား ခဲ့သည်။

ထို့ပြင် ဂူတန်းမှာ လင်းယွန်ကို လူရှေ့ သူရှေ့၌ လှောင်ပြောင် လိုက်၏။ သာမာန် တပည့် တစ်ယောက် အတွက်၊ နောက်ဆုတ် ရမည့် အခြေ အနေမျိုး ဖြစ်သော်လည်း၊ လင်းယွန်က မလုပ် ခဲ့ပေ။

ဂူတန်းကို ပြန်လည် အရှက် မခွဲမီ၊ မိုလင်း၏ ဖိတ်ခေါ် မှုအား လက်ခံ ခဲ့သည်။

မိုလင်းနှင့် ဂူတန်းတို့ နှစ်ယောက်လုံးမှာ၊ အပြစ် ပြုနိုင်သည့် လူမျိုး မဟုတ် သော်လည်း၊ လင်းယွန်က နှစ်ယောက် လုံးကို စော်ကား ခဲ့သည်။

ထို့ကြောင့် လူတိုင်းကို အံ့အား သင့်စေ ခဲ့သည်။ ဤအကျပ် အတည်းအား ဖြတ်ကျော် နိုင်ခြင်း မရှိ ခဲ့သော်၊ ကြီးမားသော ဒုက္ခ ရင်ဆိုင် ရပေ လိမ့်မည်။

“ မင်းမလာ သေးဖူးလား။ ”

မိုလင်းက လင်းယွန်ကို အေးစက်စွာ ကြည့် လိုက်သည်။

“ လာ ပြီ။ ”

လင်းယွန်က ပြုံးပြီး၊ စင်ပေါ် တက်လာ ခဲ့သည်။

“ ဂရုစိုက်ပါ အစ်ကိုလင်း။ ”

လင်းယွန်၏ ကျောပြင်ကို ငေးကြည့် ပြီးနောက်၊ ဘိုင်ရီက တိုးတိုးလေး ရေရွတ် လိုက်သည်။ အခြေ အနေမှာ အကောင်း ဘက်မှ မရှိကြောင်း သူမ သိသည်။

စင်မြင့် ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း နေသည့် တစ်လျှောက်လုံး၊ လူအုပ် ကြီး၏ လှောင်ပြောင် သံကို လင်းယွန် ကြားနေ ရသည်။

“ သူက တကယ် ရဲရင့်တယ်။ ”

“ အခုတော့ စိတ်ဝင် စားဖို့ ကောင်းလာပြီ ... ။ ”

“ ဒါက သူ့ အတွက် ပထမဆုံး အကြိမ် နားထောင် ဖူးတာ မဟုတ်လား၊ နောက်မှ ဘာလုပ် ရမှန်း မသိ ဖြစ်မှာ၊ မြင်ယောင် မိသေး တယ်။ ”

“ စီနီယာ အစ်မ မိုက၊ စိတ်ဆိုးခဲ တာကြောင့်၊ အလွန်ဆုံး ရှိလှ သူ့ကို သင်ခန်းစာ တစ်ခု သင်ပေး ရုံပါ၊ ဂူတန်း ကတော့ ဒီလောက်နဲ့ ရပ်တန့်မယ် မထင်ဘူး။ ”

“ ကဲ ... စောင့်ကြည့် ရအောင်။ ”

စင်မြင့် ပေါ်၌ အခြား တပည့် ရှစ်ယောက် နှင့်အတူ၊ လင်းယွန်က သွားရပ် လိုက်သည်။

သူတို့ တစ်ဦး စီတွင် ရေးဆွဲရန် အတွက် ကင်းဗတ် တစ်စနှင့် စုတ်တံ တစ်ချောင်းကို ထားရှိ ပေးထားသည်။

လင်းယွန်က စုတ်တံကို ကောက်ကိုင် လိုက်ပြီး ခေတ္တမျှ လှည့်ကစား လိုက်၏။ ယခင်က အသုံး ပြုခဲ့ ဖူးသော စုတ်တံ များထက်၊ လက်ရာ မြောက်သော ကြောင့်၊ ထိန်းချုပ်ရ ပိုမို လွယ်ကူ နိုင်မည်။

“ စုတ်တံနဲ့ ပြဿနာ ရှိလား။ ”

မိုလင်းက မျက်ခုံး ပင့်လျက် မေးလိုက် သည်။

“ မရှိဘူး၊ အဆင်ပြေ ပါတယ်။ ” လင်းယွန်က ပြုံးကာ ပြန်ဖြေသည်။

( အစ်မကြီး မင်းငါ့ကို တကယ် ဂရု စိုက်တာပဲ။ )

“ မင်းက တကယ် ယုံကြည်မှု ရှိနေ ပုံပဲ၊ ဘယ် အချိန်ထိ ဒီပုံစံကို ဆက်ထိန်းထား နိုင်မလဲ ငါ ကြည့်မယ်။ ”

အသက် ပြင်းပြင်း ရှူရှိုက် လိုက်ပြီး၊ အခြား သူများထံ ဝေ့ကြည့်ကာ မိုလင်းက၊

“ ကဲ စလိုက် ရအောင်။ ”

-ဟုဆို လိုက်သည်။

သူမက အဝေးသို့ လျှောက်သွား လိုက်ပြီး၊ သူတို့ ကိုးယောက်ကို ချန်ထား လိုက်၏။

ဂူတန်းနှင့် ကျန်သူ များက ကင်းဗတ်စ ကို လှန်ကာ၊ ဝိညာဉ် ရေးရာ ရူရ် များ ရေးထိုးရန် အတွက်၊ စုတ်တံ ထဲသို့ ၎င်းတို့၏ မူလ စွမ်းအင်များ၊ လောင်းထည့် လိုက်ကြသည်။

မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီ ကားနှင့် ပတ်သတ်၍၊ သူတို့တွင် အတွေ့ အကြုံ ရှိပြီး၊ စိမ်းသူများ မဟုတ်ကြောင်း၊ လူတိုင်း ပြောနိုင် သည်။

လင်းယွန်က လက်ထဲရှိ စုတ်တံကို စော့ကစား နေလျက်ဖြင့်၊ ကင်းဗတ်စအား ဖြည်ချ လိုက်သည်။ ပြီးနောက် မျက်စိ စုံမှိတ်လျက် ငြိမ်သက် သွား၏။

အချိန်များ လျင်မြန်စွာ ကုန်ဆုံး သွားပြီး၊ ဆယ့်ငါး မိနစ် ပြည့်လာသည်။ တပည့် ရှစ်ဦးမှာ အခြေခံ ရူရ်ပေါင်း ရာဂဏန်းခန့်၊ ရေးထိုး ထားနိုင် ခဲ့သည်။

ထို့ကြောင့် သူတို့ ပန်းချီကား များ ထံမှ၊ အပူ စွမ်းအင်များ တရွေ့ရွေ့ တိုးထွက် နေပေ၏။

ဂူတန်း အတွက်မူ ပထမတန်း ရူရ် ပေါင်း များစွာ၊ ပြီးမြောက် ခဲ့ပြီး ဖြစ်သည်။ အခြား သူများထက် ပို၍၊ သူ့ ပန်းချီကား ထံမှ မီး စွမ်းအင်များ တဖျပ်ဖျပ် တောက်ပ နေခဲ့၏။

ယင်ကို အဝေးမှ မြင်လိုက် ရသော၊ မိုလင်းက အသိ အမှတ် ပြုကြောင်း ခေါင်းညိတ်ပြ လိုက်သည်။ ဤရှစ် ယောက်တွင် ဂူတန်းမှာ အသန် မာဆုံး ဖြစ်သည်။

လင်းယွန် ကမူ မျက်လုံး စုံမှိတ်ပြီး၊ မတ်တပ် ရပ်နေမြဲ ပေပင်။

“ စီနီယာ အစ်ကို ဂူက၊ အရမ်း မြန် လွန်းတယ်။ ”

“ ကျန်တဲ့ သူတွေလည်း မဆိုး ပါဘူး၊ ဒါပေမယ့် စီနီယာ အစ်ကို ဂူကို ယှဉ် မရဘူး။ ”

“ အိုး ... အစ်ကို ဂူရဲ့၊ မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီမှာ၊ ဝိဉာဉ် ရေးရာ ကာရန် (၇၀%) ပါဝင်တယ်၊ လင်းယွန်က တကယ်ပဲ သူ့ သေမင်းကို သူ ဖိတ်ခေါ် မိခဲ့ပြီ။ ”

( ဝိညာဉ် ရေးရာ ကာရန်= ဝိညာဉ် စွမ်းအင် စီးဆင်းမှု။ )

“ ကြည့်စမ်း၊ လင်းယွန် ခုထိ မလှုပ် သေးဘူး၊ ဟား ဟား ဟား၊ သူ ကြောက်နေတာ ဖြစ်မယ်။ ”

လင်းယွန်ကို ကြည့်ပြီး၊ လူများ စွာက အပြုံး များဖြင့် ရယ်မော လာကြသည်။

ဂူတန်းက လင်းယွန်ကို မျက်လုံး ထောင့်ကပ် ကာ၊ ခေျာင်းကြည့် မိသည်။ လင်းယွန် မလှုပ်ရှား သည်ကို မြင်သော အခါတွင်၊ အထင် သေးသော အမူ အရာ များဖြင့်၊ နှာခေါင်းရှုံ့ သွားရ၏။

တခဏချင်း မှာပင် လင်းယွန်ကို အမှိုက် အဖြစ် မြင်ယောင် လာသည်။ အခုမှ ဆွဲလျှင်၊ လိပ် တစ်ကောင်ပင် ဆွဲ၍၊ ရတော့မည် မဟုတ်ပေ။

ထိုအတွေးကြောင့် ပြုံးရယ် လိုက်ပြီး၊ ပန်းချီ ကားဆီ သို့သာ အာရုံ ပြန်စိုက် မိသည်။ သူ့ ရည်ရွယ်ချက် အမှန်မှာ၊ မိုလင်း၏ အထင်ကြီး မှုကို ရယူ ရန်သာ ဖြစ်သည်။

သံသယ ဖြစ်စရာ မလိုဘဲ၊ လူတိုင်း၏ အာရုံမှာ သူ့ ဆီသို့၊ တဖြည်းဖြည်း ကျရောက် လာခဲ့ သည်။

ထိုအချိန်တွင် လင်းယွန်၏ မျက်လုံးများ ပြန်ဖွင့် လာသည်။ ယခင်က သတိ ပြုမိ ခဲ့သော ပြဿနာ အတွက်၊ အဖြေကို နောက်ဆုံးတွင် ရှာတွေ့ ခဲ့သည်။

ထို့ကြောင့် မျက်လုံး ဖွင့်လိုက်သော အခါတွင်၊ လေပြင်း တစ်ခု သူ့ကို ဖြတ်တိုက် သွားသည် ။ ယင်းကို မိုလင်း မှလွဲ၍ မည်သူမျှ သတိ မထား မိခဲ့ပေ။

ထို့ကြောင့် မိုလင်းမှာ အနည်းငယ် အံ့ဩ သွားကာ၊ မျက်ခုံး ပင့်လိုက် မိ၏။

“ စလိုက် ရအောင်။ ”

အာရုံ စူးစိုက် မှုကို ပြန်ရယူ ပြီးနောက်၊ လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။

အခြေခံ ရူရ်များ ရေးထိုးရန် အတွက်၊ မူလ စွမ်းအင်နှင့် အသက် စွမ်းအင်ကို စတင် ပေါင်းစပ် လေသည်။

ပထမဆုံး အကြိမ် ပန်းချီ ဆွဲခြင်း ဖြစ်သော် လည်း၊ မိုလင်း၏ ရေဟန် များမှာ၊ သူ့ စိတ်ထဲ စွဲထင် နေသည်။

ခဏ အတွင်း မှာပင်၊ အခြေခံ ရူရ်ပေါင်း (၁၀၈) လုံးကို ပြီးမြောက် ခဲ့သည်။ ကင်းဗတ်စ ပေါ်ရှိ ကောက်ကြောင်း များကို ကြည့်ကာ၊ ကျေနပ် သွား၏။

အတိတ်က နားလည် ထားသော အရာ အားလုံး အပေါ်၊ မေ့ပစ် ထားနိုင် ခဲ့သည်။

နောက်တစ်ဆင့်မှာ ပထမတန်း ဝိညာဉ် ရေးရာ ရူရ်များ ဖြစ်သည်။ မိုလင်း၏ လုပ်ဆောင် ချက်တိုင်း အပေါ်၊ အပြည့် အ၀ မှတ်သား ထားပြီး ဖြစ်ရာ၊ ၎င်းတို့ကို မည်သို့ ရေးဆွဲ ရမည်အား၊ နားလည် ထားသည်။

“ သူ့ ရေးဟန်ကို ရင်းနှီး နေပုံပဲ ...။ ”

မိုလင်းက လင်းယွန်ကို စိတ်ရှုပ် ထွေးစွာ လှမ်းကြည့် မိသည်။ ဤလူ၏ လှုပ်ရှား မှုများ အပေါ်၊ ရင်းနှီး သည်ဟု ခံစားမိ သော်လည်း၊ မမှတ် မိနိုင်ပေ။

သို့သော် တပည့်တိုင်း အတွက်မူ၊ မည်သူ မဆို လင်းယွန်၏ လှုပ်ရှား ဟန်မှာ၊ မိုလင်းနှင့် လုံးဝ တူညီကြောင်း ပြောနိုင်သည်။

ဤပန်းချီ ကားကို ပထမဆုံး အကြိမ် ရေးထိုးခြင်း ဖြစ်သော်လည်း၊ သူ့တွင် ဓာတ်ပုံ ရိုက်ယူ ထား သကဲ့သို့၊ စွဲထင် နေသော မိုလင်း၏ အမှတ် တရများ ရှိသည်။

ထို့အပြင်၊ ရူရ် များတွင် သူ၏ နားလည် မှုမှာ၊ သာမန် လူများထက် များစွာ သာလွန်၏။

ယခင်က ပန်းချီကား တစ်ချပ်ကို ရေးဆွဲ ခဲ့ပြီး ဖြစ်သော ကြောင့်၊ မိုလင်း၏ ပုံစံကို ကူးယူ ပြီးနောက်၊ အရာရာ လွယ်ကူ သွားသည်။

ထိုအချိန် မှာပင် ဂူတန်း ပန်းချီကား ထံမှ၊ မီးလျှံများ လင်းလက် တောက်ပ လာလေသည်။ စုတ်တံကို လှည့်ကစား လိုက်ပြီး၊ သူ့ ပန်းချီ ကားအား၊ သဘော ကျစွာ ပြန်ကြည့် လိုက်၏။

ပန်းချီကား ထဲတွင် (၈၀%) ဝိညာဉ် ရေးရာ ကာရန်များ၊ ပါရှိ နေပေသည်။

အခြား သူများက သူတို့ ပန်းချီကား များကို အပြီး သတ်ရန်၊ ဂူတန်းထက် အချိန် အနည်းငယ် ထပ်ယူ လိုက်ရ ၏။

နောက်ဆုံးတွင် လင်းယွန် တစ်ယောက်သာ ကျန်ရှိ ပေတော့ သည်။ လက်ရှိ အချိန်၌၊ ဒုတိယတန်း ဝိညာဉ် ရေးရာ ရူရ် များကို၊ ရေးထိုး နေသည်။

ပထမတန်း ဝိညာဉ် ရေးရာ ရူရ် များနှင့် နှိုင်းယှဉ် ပါက၊ ဒုတိယတန်း ဝိညာဉ် ရေးရာ ရူရ် များမှာ၊ ပို၍ ရှုပ်ထွေး ပေ၏။

သူတို့ အပေါ် စိတ်ရှည် ရပေမည်၊ သို့မဟုတ် ပါလျှင်၊ ပန်းချီကား ပျက်စီး သွားနိုင်သည်။

ပန်းချီကား အပေါ် အာရုံ စိုက်နေသော၊ လင်းယွန်ကို ကြည့်ကာ၊ ဂူတန်းက ရယ်မောချင် စိတ်ကို ထိန်းနေ ရသည်။

လင်းယွန်၏ ပန်းချီ ကားမှာ ရှုပ်ပွ နေပြီး အလှ တရား လုံးဝ မရှိပေ။ သူက ရယ်မော လိုက်ကာ၊

“ သင်းထောက်လင်း၊ ခွေး တစ်ကောင် သူ့ ခြေထောက်နဲ့ ကုပ်ခြစ် ထားသလို၊ ရေးထားတဲ့ မင်းရဲ့ တောင်ခြစ် မြောက်ခြစ် ပန်ချီ ကားကို ငါ အရမ်း သဘော ကျတယ်။ ”

အခြားသော တပည့်များ မှာလည်း လင်းယွန်၏ ပန်းချီ ကားကို လှမ်းကြည့် လိုက်သော အခါတွင် မရယ်ဘဲ၊ မနေ နိုင်ခဲ့ ကြပေ။

ယင်းကို ဝိညာဉ် ရေးရာ ပန်းချီ ကားဟု မည်သို့ ခေါ်ဆိုရ မည်နည်း။

စင်မြင့် ပေါ်ရှိ တပည့်များ ရယ်မော နေသည့် မြင်ကွင်းကြောင့်၊ စင်အောက်ရှိ တပည့် များက၊ စူးစမ်းချင် စိတ်များ ဖြစ်လာ ကြသည်။

“ လင်းယွန် ဘာလုပ် နေတာလဲ၊ သူတို့က ဘာလို့ ရယ်နေ ကြတာလဲ။ ”

“ ခွေး တစ်ကောင်လို၊ တောင်ခြစ် မြောက်ခြစ် ပါ ဆိုနေ မှတော့၊ မင်း မခန့်မှန်း နိုင်သေး ဖူးလား။ ”

“ အိုး ...၊ ဒီလိုလား ဟား ဟား ဟား။ ”

“ ဒါပေမယ့် သူဆွဲ တာကို ငါမြင်ချင် သေးတယ်။ ”

လင်းယွန်၏ ပန်းချီကားကို လူတိုင်းက စောင့်မျှော် နေကြ သဖြင့်၊ လေထု ထဲ၌ အငွေ့ အသက်များ၊ ရုတ်တရက် ရွှင်လန်း လာသည်။

“ အချိန် ပြည့်ပြီ။ ”

မိုလင်းက သူတို့ ကိုးယောက် အနား လျှောက်လှမ်း လာကာ၊

“ မင်းတို့ရဲ့ ပန်းချီကား တွေကို၊ လူတိုင်း မြင်အောင် ပြလိုက်ပါ။ ”

ဂူတန်း အပါအဝင် တပည့် ရှစ်ယောက် လုံးက၊ တံဆိပ်များ ဖန်တီးကာ၊ ပန်းချီ ကား များထံ ပို့လွှတ် လိုက်သည်။

ပန်းချီကား ရှစ်ချပ်မှာ စူးရှသော အလင်းများ တောက်ပ လာပြီး၊ ကောင်းကင် ပေါ်သို့ ပျံတက် သွား၏။

တပြိုင်နက် တည်း ထွက်ပေါ် လာသော မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီကား ရှစ်ချပ် ကြောင့်၊ လေထုမှာ ချက်ချင်း ပူလောင် လာလေ သည်။

“ (၈၀%) ဝိညာဉ် ရေးရာ ကာရန်များ။ ”

“ စီနီယာ အစ်ကို ဂူက တကယ်ကို အထင် ကြီး စရာပဲ၊ အတွင်း တပည့် တွေကြား ထဲမှာ၊ အသန်မာ ဆုံးသူ ဖြစ်ထိုက် ပါပေတယ်။ ”

“ ဒုတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦးသာ ဖြစ်ပေမဲ့၊ ဒီလို အောင်မြင်မှု မျိုးကို၊ စွမ်းဆောင် နိုင်နေပြီ။ ”

ဂူတန်း၏ ပန်းချီ ကားမှာ၊ အခြား သူ များထက် ထင်ရှားစွာ ပိုမို ကောင်းမွန် နေသော ကြောင့်၊ တပည့် များစွာက ချီးကျူး လိုက်ကြ သည်။

လူတိုင်း၏ ချီးမွမ်း သံကို ကြားသည်နှင့်၊ ဂူတန်းမှာ မာန်ဝင့် သွားသည်။ ထို့ကြောင့် လင်းယွန်ဘက် ဘက်လှည့်ပြီး၊ အထင် အမြင် သေးစွာဖြင့်၊

“ သင်းထောက်လင်း၊ မင်း မပြီးသေး ဖူးလား၊ မင်းရဲ့ ပန်းချီ ကားကို လူတိုင်း မြင်အောင် ဘာလို့ မပြ ရ တာလဲ။ ”

မိုလင်းက မျက်မှောင်ကြုတ် လိုက်သည်။ မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီမှာ၊ လင်းယွန် အတွက် ပထမ ဦးဆုံး ထိတွေ့မှု ဖြစ်ကြောင်း သူမ ပြောနိုင်သည်။

ပန်းချီ ကားမှာ ဆိုးရွား နိုင်သော်လည်း၊ ဝိညာဉ် ရေးရာ ရူရ် များက သေသပ် လှပေ သည်။

သို့သော် ပန်းချီကား တစ်ချပ် အဖြစ် ပေါင်းစပ် ခြင်းမှာ၊ လွယ်ကူသော အရာ မဟုတ် သောကြောင့်၊ နားလည် ပေးနိုင်သည်။

လင်းယွန်မှာ အမှန် တကယ်ပင် အရည် အချင်း ရှိသူ ဖြစ်သည်။

“ မလိုဘူး၊ ဒီနေ့ အတွက် ဂူတန်းက အနိုင် ရတယ်။ ”

လင်းယွန်၏ ဂုဏ် သိက္ခာကို ထိန်းသိမ်းရန်၊ မိုလင်းက ဝင်ရောက် ပြောကြား ခဲ့သည်။

“ ငါတော့ အဲ့လို မထင် ပါဘူး ... ။ ”

သို့သော် လင်းယွန်က မျက်ခုံး ပင့်ကာ ငြင်းဆန် လိုက်ပြီး၊ ပန်းချီ ကားကို လေထဲ ပစ်တင် လိုက်၏။

နောက်ဆုံးတွင် ရှုပ်ယှက် ခက်နေသော ဝိညာဉ် ရေးရာ ရူရ် များက၊ အသက်ဝင် လင်းလက် လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသော ရွှေရောင် အလင်း တန်းများ ထွက်ပေါ် လာသည်။

လင်းယွန် ရေးဆွဲ ပြီးစီး ခဲ့သော မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီ ကားမှာ၊ အရှိန် အဟုန်ဖြင့် မြင့်တက်လာ ခဲ့၏။

ဝိညာဉ် ရေးရာ ကာရန်၊ ၃၀% ...၊ ၄၀ % ...၊ ၅၀ % ...၊ ၆၀ % ...

အခြားသော ပန်းချီကား ရှစ်ချပ်မှာ၊ ရွှေရောင် အလင်း တန်းများ ဒဏ်ကို မခံ နိုင်တော့ဘဲ၊ ကွဲအက် သွားသည်။

ပန်းချီကား တစ်ချပ် တည်း သည်သာ ဘုရင် တစ်ပါး ကဲ့သို့၊ စင်မြင့် ပေါ်တွင် လွင့်ပျံ ကျန်ရစ် ခဲ့ပြီး၊ ဝိညာဉ် ရေးရာ ကာရန်များ၊ တရိပ်ရိပ် တိုးလာ နေပေ သည်။

“ ၁၀၀ % ဝိညာဉ် ရေးရာ ကာရန်။ ”

နောက်ဆုံးသော အလင်းကို ထုတ်ဖော် လိုက်ချိန် ၌၊ မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီ ကား အပေါ်၊ ငေးကြည့် နေမိသော၊ လူအုပ် ကြီးမှာ တုန်လှုပ် သွားကြ သည်။

နောက်ဆုံး အလင်းမှာ၊ ‘လေ’ ဟု ခေါ်ဆိုသော ရူရ် တစ်မျိုး ဖြစ်သည်။ ယင်းကို ပေါင်းစပ် လိုက်သည် နှင့်၊ ပန်ချီ ကားမှာ သက်ရှိ ဝိညာဉ် တစ်ကောင် ပူးကပ် သွား သကဲ့သို့၊ ဟိုဟို သည်သည် ရွေ့လျား ရုန်းကန် လာတော့၏။

ဝိညာဉ် ရေးရာ ရူရ် များကို၊ သူ့ကိုယ်ပိုင် နားလည်မှု အပေါ်၊ အခြေ ခံ၍ ပန်းချီ ကားတွင် ထည့်သွင်း ခဲ့ခြင်း ဖြစ်သည်။

အခြား တစ်ဖက်တွင်၊ ဂူတန်းမှာ မှင်တက် အံသြ သွားသည်။ ရှုပ်ယှက်ခတ် နေသော ပန်းချီ ကား တစ်ချပ်၊ ရုတ်တရက် အစွမ်းထက် လာသည့် အပေါ်၊ နားမလည် နိုင်ခဲ့ချေ။

“ တောင်းပန် ပါတယ် စီနီယာ အစ်မ မို၊ ဒါက ငါ့ရဲ့ ပထမဆုံး လက်ရာပါ။ ”

လင်းယွန်က ပြုံးပြီး ဆိုလိုက် သည်။ သူ့ ပန်ချီ ကားမှာ၊ မိုလင်း၏ မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီ ထက်၊ သာလွန် သောကြောင့်၊ အပြစ် ရှာနိုင်မည် မဟုတ်ကြောင်း သူ သိသည်။

ခန်းမ တစ်ခုလုံး တုန်လှုပ် စွာဖြင့် တိတ်ဆိတ် ကုန်ကြ လေသည်။ မိုလင်းက နှုတ်ခမ်းကို ကိုက်ကာ၊ အချိန် အတော်ကြာ စိုက်ကြည့် ပြီးနောက်၊

“ ဒါက မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီကို၊ မင်း ပထမဆုံး မြင်ဖူးတာ သေချာလား။ ”

“ သေချာ ပါတယ် ဒါက ပထမဆုံး အကြိမ် ပါပဲ၊ မဟုတ်ရင် ငါ့ အရည် အချင်းနဲ့၊ စီနီယာ အစ်မ မိုကို အရှက် ရအောင်၊ ဘယ်လိုလုပ် သတ္တိ ရှိမှာလဲ။ ”

လင်းယွန်က သူ့ပန်းချီ ကားကို ပြန်လည်ခေါ် ယူလိုက်ပြီး၊

“ ငါက ဒီမှာ အသစ် ဖြစ်တာမို့၊ စည်းမျဉ်း တွေနဲ့ အသား မကျ သေးတာ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်၊ ဒါပေမယ့် ငါက ကန့်လန့်တိုက် တက်သူ တစ်ယောက်တော့ မဟုတ် ပါဘူး။ ”

***

All Chapters