အနှောက် အယှက်။
Vol. 37 Ch. 516
“ သေချာ ပါတယ် ဒါက ပထမဆုံး အကြိမ် ပါပဲ၊ မဟုတ်ရင် ငါ့ အရည် အချင်းနဲ့၊ စီနီယာ အစ်မ မိုကို အရှက် ရအောင်၊ ဘယ်လိုလုပ် လုပ်ဝံ့ မှာလဲ။ ”
လင်းယွန်၏ စကားကြောင့် လူတိုင်း အံ့အား သင့်သွား ကြသည်။
အကယ်၍ ဤသည်မှာ လင်းယွန် အတွက် ပထမ ဆုံးသော၊ မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီကား၊ ဆိုပါက အံ့ဩဖွယ် ပေပင်။
ပန်းချီ ကားမှာ ပြီးပြည့်စုံ ရုံတင် မကဘဲ လေ ရူရ် ကိုပင် ထည့်သွင်း နိုင်ခဲ့ သည်။ အကယ် ဒမီ၏ သမိုင်း တစ်လျှောက်တွင်၊ ဤမျှ အရည် အချင်း ရှိသူ ငါးဦးထက် မပို ခဲ့ပေ။
သို့သော ထိုပါရမီရှင် များသည်၊ မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီ ကား၏၊ ချို့ယွင်း ချက်ကို ပြောပြ နိုင်သော်လည်း၊ မည်သူမျှ ဖြည့်စွမ်း နိုင်ခြင်း မရှိပေ။
ပန်းချီ ကားတွင် ရာနှင့် ချီသော ဝိညာဉ် ရေးရာ ရူရ် များဖြင့်၊ ဖန်တီး ထားသည်။
ထို့ကြောင့် အနည်း ငယ်သော အမှား သည်ပင်၊ ပန်းချီ ကား၏ ရစ်သမ် (rhythm) အား၊ ပျက်စီး သွားစေ နိုင်သည်။
ထို့ကြောင့် ယင်းမှာ မယုံနိုင် စရာ အကြောင်းရင်း ဖြစ်ပေသည်။ ပထမဆုံး အကြိမ် မြင်ဖူး ခြင်းဖြင့်၊ ၎င်းကို ပြီးမြောက် နိုင်သည် ဟူသော၊ ရလာဒ် အပေါ် လက်မခံ လိုပေ။
စင်ပေါ်တွင် လင်းယွန်ကို အရှက် ခွဲရန်၊ ကြိုးစား မိသော ဂူတန်းမှာ၊ ပျက်ယွင်းသော မျက်နှာဖြင့် ငြိမ်သက် နေပေသည်။
ဤပန်းချီ ကားမှာ၊ သူ့ မျက်နှာကို ဖြတ်ရိုက် လာသော လင်းယွန် ထံမှ၊ လက်တစ်ဖက် ဖြစ်၏။
“ ဒါက ဘယ်လို လုပ် ဖြစ်နိုင် မှာလဲ၊ ဒါက သူ့ အတွက် ပထမဆုံး မဟုတ်တာ သေချာ တယ်။ ”
ဂူတန်းက လက်မခံ လိုဟန်ဖြင့်၊ ငြင်းဆန် လိုက်သည်။
“ ဒါဆို လုံလောက်ပြီ၊ ... ”
မိုလင်းက ဂူတန်ကို အေးစက်စွာ ကြည့်ပြီး၊
“ ဒါက မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီ ကို၊ သူ ပထမဆုံး မြင်ဖူးတယ် ဆိုတာ၊ ငါ ယုံတယ်၊ ပန်းသင်္ချိုင်း ...၊ မင်းကို ငါ တကယ် အထင်ကြီး မိပြီ။ ”
မိုလင်း၏ အတည်ပြု သံကြောင့်၊ လူတိုင်းက အသက်ရှူ ကြပ်သွား ကြသည်။ မယုံ နိုင်ဖွယ် ကောင်းလွန်း သော်လည်း၊ သူတို့၌ ရွေးချယ် စရာ မရှိပေ။
တပည့် များပင် မက၊ လင်းယွန် သည်လည်း၊ အနည်းငယ် အံ့သြ သွားသည်။ သူ့ အတွက် အခက် အခဲများ၊ ဖြစ်အောင် ကြိုးစား ခဲ့သော၊ သည်အမျိုး သမီးမှာ၊ ဤမျှ ရိုးသား လိမ့်မည်ဟု၊ မမျှော်လင့် ထားမိပေ။
“ ဒါဆို ဆုကြေး ကကော။ ”
“ ဒီမှာ ... ။ ”
မိုလင်းက သူမ၏ ပန်းချီ ကားကို လွှင့်ပစ်ချင် သော်လည်း၊ လင်းယွန် စကားကြောင့်၊ ကမ်းပေး လိုက်ရသည်။
“ အဲဒါကို မလို ချင်ဘူး။”
လင်းယွန်က မိုလင်းကို ပြုံးပြုံးလေး ပြန်ကြည့်ကာ၊ လက်နှစ်ဖက်ကို နောက်ပစ် လိုက်၏။
“ ဒီပန်းချီ ကားက ငါ့နဲ့ ယှဉ်နိုင် မယ်လို့၊ အစ်မကြီးက ထင်နေ တာလား။ ”
“ နင် .... ။ ”
ရက်စက် လွန်းသော စကား ကြောင့်၊ မိုလင်း မျက်နှာ မည်းမှောင် သွားသည်။ လူအများ ရှေ့တွင်၊ ပန်းချီကား အပေါ်၊ ငုံ့ကြည့် ခြင်းသည်၊ သူမအား စော်ကားခြင်း မည်၏။ ဒေါသများ ထွက်လာပြီး၊ ရင်ဘတ် တစ်ခုလုံး နာကျင် သွားရ သည်။
“ စီနီယာ အစ်မ၊ ငါ လိုချင်တယ်။ ”
ဂူတန်းက မျှော်လင့် ချက် အပြည့်ဖြင့်၊ အခွင့် အရေးကို အမိအရ ဆုပ်ကိုင် လိုက်သည်။
“ မင်းက အရည် အချင်း ရှိလို့လား။ ”
လင်းယွန်ကို မတုန့်ပြန် နိုင်သည့် နောက်၊ ဂူတန်းအား လှည့်ပင် မကြည့်ဘဲ၊ အော်ငေါက် လိုက်သည်။
မိုလင်း၏ စကားလုံး များက၊ ရက်စက်လွန်း လှသည် ဖြစ်ရာ၊ ဂူတန်း တစ်ယောက်၊ အဆင် မပြေ သော အနေ အထားဖြင့်၊ ငြိမ်သက် သွားရ သည်။
လူရှေ့ သူရှေ့တွင် နှိမ့်ချ ဆက်ဆံ လာသော မိုးလင်း အပေါ်၊ ဒေါသ မထွက်ရဲ သော်လည်း၊ အရာ အားလုံးမှာ ဧည့် သင်းထောက် တစ်ယောက် ကြောင့်၊ ဖြစ်ရ သည်ဟု ယူဆ လိုက်သည်။
ထို့ကြောင့် သတ်ဖြတ် လိုသော ဆန္ဒများ ဟုတ်ခနဲ ထတောက် လာပြီး၊ လင်းယွန်ကို လှမ်းကြည့် လိုက်သည်။
“ ဒါဆို မင်း မလို ချင်တဲ့ အတွက်၊ ငါမှာ ဘာဆုမှ မရှိဘူး၊ မင်းရဲ့ ပန်ချီကားကို ငါယူ သွားမယ်၊ မနက်ဖြန် ‘ညတိမ်ယံ ခန်းမ’ကို လာခဲ့ပါ၊ ဒါမှ မဟုတ် ရင်တော့ ... ”
မိုလင်းက သူ့ လက်ကို ဝှေ့ယမ်းကာ၊ လင်းယွန်အား ခြိမ်းခြောက်သော အရိပ် အယောင် လုပ်ပြ လိုက်သည်။
ထို့နောက် လင်းယွန်၏ ပန်းချီ ကားကို လှမ်းယူ ပြီး၊ လှည့်ထွက် သွားတော့၏။
ယင်းက ချက်ချင်းပင် လင်းယွန်ကို အောင့်သက်သက် ဖြစ်လာ စေသည်။ ဆုလာဘ် လွဲချော် သည်သာ မက၊ သူ၏ ပန်းချီကား ကိုပင် ဆုံးရှုံး ခဲ့သည်။
ဤသို့ ပြီးပြည့်စုံ သော ပန်းချီကား မျိုးကို၊ နောက်တစ်ကြိမ် ထပ်ရေး ဆွဲရန် သူ့အတွက် မသေ ချာချေ။
မိုလင်း ထွက်ခွာ သွားသော်လည်း၊ သူမ၏ စကား များက၊ လူတိုင်းအား တွေးတော မိလာ စေသည်။
မနက်ဖြန် တွေ့ဖို့ရန် လင်းယွန်ကို၊ အမိန့် ပေးသွား သည်။ ယင်းမှာ သူတို့ အတွက်၊ ပထမ ဆုံးသော မိုလင်း၏ ချိန်းဆို မှု ပေပင်။
“ သင်းထောက် လင်းက တကယ့်ကို အထင်ကြီး စရာ ပါပဲ၊ စီနီယာ အစ်မကို ဒီလို အနိုင်ယူ နိုင်မဲ့သူ မရှိ သေးဘူး။ ”
“ အမှန်ပဲ ... အရင်က သင်းထောက် လင်းရဲ့ ပန်းချီကားကို၊ ငါတို့ နားမလည် နိုင် ခဲ့ဘူး၊ သေချာ စဉ်စားကြည့် မိတော့ ဒီပေါင် အတွင်းက မထွက် နိုင်ဘဲ၊ လေ ရူရ်ကို ရေးထိုးဖို့ ဆိုတာ မဖြစ် နိုင်ပါဘူး၊ အဲဒီ အစား ငါတို့က မင်းကို လှောင်ရယ် မိခဲ့တယ်၊ ဘယ်လောက် တောင် ရှက်ဖို့ ကောင်းလိုက်လဲ။ ”
“ စောစောက ပြောခဲ့ တာတွေ အတွက် တောင်းပန် ပါတယ်။ ”
စင်မြင့် ပေါ်ရှိ အခြားသော တပည့် များက၊ လင်းယွန်ကို လာရောက် ဂုဏ်ပြု လိုက်ကြ သည်။
လင်းယွန်၏ အရည် အချင်းမှာ၊ သံသယ ဖြစ်ဖွယ် မလို အောင်ပင်၊ ထိတ်လန့် စရာ ကောင်းခဲ့ သည်။
ထို့ကြောင့် သူတို့ အနေဖြင့် လင်းယွန်နှင့် ကောင်းမွန်သော ဆက်ဆံ ရေးကို ဖန်တီး ခြင်းမှာ၊ သဘာဝ အားဖြင့် ပညာ ရှိသော ရွေးချယ်မှု ဖြစ်၏။
လင်းယွန် အတွက်မူ မှန်လို ကျင့်ကြံ တက်သူ ဖြစ်လေရာ၊ ၎င်း အကြောင်းကို သိပ်ပြီး မစဉ်းစား ခဲ့ပေ။
သူတို့က သူ့ကို ပြုံးပြ လာသည့် အတွက်၊ သဘာဝ အတိုင်း ပြန်လည် ပြုံးပြ မိပေမည်။
“ ပန်းသင်္ချိုင်း ... ၊ ဘယ်လောက်တောင် အထင် ကြီးစရာ ကောင်းလိုက်လဲ။ ”
အားလုံး ပြုံးနေကြ ချိန်တွင်၊ စူးရှ ရန်လိုသော အသံ တစ်သံ ထွက်ပေါ် လာသည်။
ထိုအသံ ရှင်မှာ လူတိုင်း မေ့သွားသော ဂူတန်း ထံမှ ဆင်းသက် လာခြင်း ဖြစ်သည်။ အံကြိတ် ထားသော သူ့ မျက်နှာမှာ၊ မည်းမှောင် နေပေ၏။
ယခု ချိန်၌ ဂူတန်း မည်မျှ ဒေါသထွက် နေမည်ကို မည်သူ မဆို တွေးကြည့် နိုင်သည်။ ထို့ကြောင့် လူအုပ် ကြီးမှာ တိတ်ဆိတ် သွားတော့ သည်။
အရှုံး သမား တစ်ယောက်၏ အတွေးများ အပေါ်၊ စိတ်မဝင် စားသော လင်းယွန်က၊ လှည့်ပင် မကြည့် ခဲ့ဘဲ၊ စင်မြင့် ပေါ်မှ ဆင်းရန် ပြင်လိုက် သည်။
“ ခွေး ကောင်လေး၊ ရပ် လိုက် စမ်း ...။ ”
ဂူတန်းက ကြမ်းကြုတ်သော အမူ အရာဖြင့်၊
“ စီနီယာ ညီမ မို ကသာ၊ ဝင် မစွက်ဖက် ဖူးဆိုရင် ငါမင်းကို ရိုက်နှက် ပြီးပြီ၊ ငါ့ကို အရှက် ခွဲပြီး မင်းက ထွက်သွား ချင်လား၊ နုံအ လိုက်တာ ... ဟမ်။ ”
ဂူတန်း၏ စကားကြောင့် နောက်ပြန်လှည့် လာသော လင်းယွန်၏ မျက်နှာမှာ၊ တင်းမာ အေးစက် သွားလေသည်။
သည့်နောက်တော့ အရာရာ တိုင်းမှာ၊ စိတ်ဝင် စားစရာ ကောင်းလာ တော့၏။ ဂူတန်း အနေဖြင့်၊ သူ့ကို ရိုက်နှက် နိုင်လိမ့် မည်ဟု၊ တကယ် ထင်နေ ခဲ့ပုံ ရသည်။
လင်းယွန်က အေးစက်သော ပြုံးဖြင့်၊
“ ကောင်းပြီ ဘယ်သူက နုံအ တဲ့ သူလဲ ဆိုတာ ကြည့်မယ်၊ ငါဒီမှာ ရပ်နေတယ်၊ မင်းငါ့ကို လာရိုက်ပါ။ ”
ကွာဟ ချက်ကို ပြသ ပြီးနောက်၊ ဂူတန်းမှာ လူမိုက် တစ်ယောက် ဖြစ်နေ လိမ့်ဦး မည်ဟု မမျှော်လင့် မိခဲ့ပေ။
သို့သော် အံ့သြ စရာ မဟုတ်ဘဲ၊ ဂူတန်း ကဲ့သို့ ရိုင်းစိုင်းသော သူမျိုးတွင်၊ အသိညာဏ် ရှိမည် မဟုတ်ကြောင်း သူ သိသည်။
အစောပိုင်း အချိန်၌၊ သူက မှားယွင်းခြင်း မရှိ သော်လည်း၊ ဖျာကို လျှာဖြင့် သန့်ရှင်း ပေးရန် တောင်ဆို ခဲ့သည်။
ယခု ယင်းအတွက် အကြွေး ပြန်ယူ ရပေမည်။ အလွယ် တကူ လွှတ်ပေးရန် ဆန္ဒ မရှိ တော့ချေ။
“ အခြေ အနေ မကောင်း တော့ဘူး၊ သင်းထောက် လင်းက ရူရ် တွေကို၊ ကျွမ်းကျင် ပေမယ့်၊ ခွန်အား အရာမှာ စီနီယာ အစ်ကို ဂူကို မယှဉ် နိုင်ဘူး၊ ဒုက္ခရောက် လိမ့်မယ်။ ”
“ တစ်ယောက်က ကနဦး ယင် အဆင့််၊ နောက် တစ်ယောက်က အထွတ် အထိပ် ယင် အဆင့်မှာ ရှိတယ်၊ သူတို့ ကြားက ကွာဟ ချက်က ကြီးမား လွန်းတယ်။ ”
“ ပြီးတော့ စီနီယာ အစ်ကို ဂူက ဒုတိယတန်း ဝိညာဉ်ရေးရာ ဆရာ သခင်ပဲ၊ လင်းယွန် ကတော့ ရူရ် တွေရဲ့၊ တိုက်ပွဲမှာ အသုံးပြု ပုံကို မသိ သေးဘူး။ ”
“ ဂူတန်းက နည်းနည်းလွန် လွန်းတယ်၊ သူက ရှုံးခဲ့ ပြီးပြီ ပဲကို။ ”
တပည့် များစွာက လင်းယွန် အတွက် စိတ်ပူစ ပြုလာ သည်။ လင်းယွန်မှာ အရည် အချင်း ရှိသော်လည်း၊ ဂူတန်း လက်၌ အန္တရာယ် ကျရောက် နေပြီ ဖြစ်သည်။
ဂူတန်းက လှောင်ပြုံး ပြုံးလိုက်ပြီး၊
“ ကျေးတောသား လူမိုက် ကလေး၊ မင်းက တကယ် မာန ကြီး တာပဲ၊ ထားပါ ... အမည်ခံ အုပ်စိုးရှင် တွေရဲ့၊ အခြေခံ အုတ်မြစ်ကို ငါပြ ပါရစေ။ ”
( အမည်ခံ အုပ်စိုးရှင် အင်အား စုရဲ့၊ အခြေခံ အုတ်မြစ် တဲ့လား။ )
လင်းယွန်က ကြိတ်ရယ် လိုက်သည်။ ဂူတန်းမှာ မိုလင်း၏ ဝမ်းကွဲ မောင်ထက် အနည်းငယ် အားကောင်း နိုင်သည်။
ထို့ကြောင့် ကျား- နဂါး လက်သီးဖြင့်၊ အဆင် မပြေ တော့ သည်ကို သူ သိသည်။ သို့သော် ၎င်းမှာ အရေး မကြီးချေ။
ထို့ထက် ပို၍ မတွေး နိုင်မီ ဂူတန်းက၊ ပြေးဝင် တိုက်ခိုက် လာပြီ ဖြစ်သည်။
“ တောင်ဖြို လက်သီး။ "
မူလ စွမ်းအင်ကို လက်သီး ထဲသို့ လောင်းထည့် လိုက်သည်နှင့်၊ တောင်ကြီး တစ်လုံးအား နှစ်ခြမ်း ခွဲပစ် နိုင်သော၊ နတ်ဘုရား လက်နက် တစ်ခုလို ထင်မြင် လာစေသည်။
ယင်းကို မြင်ချိန်တွင်၊ လင်းယွန်၏ မျက်ဝန်းများ တောက်ပ လာသည်။
တောင်ဖြို လက်သီးမှာ၊ သူနှင့် အနည်းငယ် ရင်းနှီး လှပြီး၊ ‘လက်သီးနှင့် ဓား၊ ပေါင်းစပ် မှု’ ဖြင့် ဆင်တူ သည်။
သို့သော် ဂူတန်း၏ လက်သီးမှာ၊ ရှေးဟောင်း နတ်ဘုရား များမှ ဆင်းသက် လာသော၊ ရှေးဟောင်း ရတနာ တစ်ခု ခုမှ ၊ နားလည် ရယူ ထားပုံ ရသည်။
ဓားဆွဲရန် အတွေး များကို၊ စွန့်လိုက်ပြီး၊ ပြိုင်ဆိုင် လိုသော စိတ်များ နိုးကြား လာလေ သည်။
နဂါးနှင့် ကျား ဟောက်သံများ ထွက်ပေါ် လာကာ၊ ဂူတန်း၏ လက်သီးဖြင့် ထိပ်တိုက် တွေ့ဆုံ ပေးလိုက် သည်။
နှစ်ယောက်သား ကောင်းကင် ယံတွင်၊ လက်သီး များကို ပြိုင်တူ ထုတ်ဖော်လျက်၊ ပြိုင်ဘက် အပေါ်၊ အားမနာ တမ်း ထိုနှက် ကုန် လေပြီ။
တဟုန်ထိုး ရိုက်ခတ် လာသော လှိုင်းများ ကြောင့်၊ မြေပြင် တစ်ခုလုံး တုန်ယင် နေခဲ့သည်။ လူအုပ် ကြီးမှာ အမြန် ဆုတ်ခွာ လိုက်ရပြီး၊ ကောင်းကင်ပေါ် ပြန်လည် မော့ကြည့် လာမိ၏။
နှစ်ဦး စလုံး၏ လက်သီး များမှာ၊ မြန်ဆန် လွန်းသော ကြောင့် လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။
ကြည့်နေဆဲ အခိုက် အတန့်တွင်၊ ပုံရိပ် တစ်ရိပ် အဝေးသို့ လွင့်စင် သွားသည်။ ထိုပုံ ရိပ်မှာ မြေပြင် ပေါ်သို့ ပြုတ်ကျ လာသည်နှင့်၊ သွေး တစ်လုတ်ကို အန်ချ လိုက်၏။
ပြီးနောက် သူ့ နှုတ်ခမ်းမှ သွေးစ များကို လက်ခုံဖြင့် သုတ်ယူ လိုက်ပြီး၊ ပြုံးလာ လေသည်။
ဂူတန်၏ အခြေခံ အုတ်မြစ်မှာ၊ အမှန် တကယ်ပင် အထင်ကြီး စရာ ကောင်းပေ၏။
“ မဆိုး ပါဘူး။ ”
လင်းယွန်က လက်ခုံ ပေါ်ရှိ သွေးစကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။
ဒဏ်ရာ မပြင်းထန် လှသော်လည်း၊ ကျား-နဂါး လက်သီးမှာ အားနည်း နေကြောင်း၊ ဝန်ခံ ရပေမည်။
“ မင်းက သေချင် နေတာပဲ။ ”
ဂူတန်း၏ မျက်လုံးများ၊ မှေးကျဉ်း သွား သည်။ လက်သီး အချက်ပေါင်း ငါးဆယ် ဖြင့်၊ အဝေးသို့ ထိုးလွှတ် လိုက် သော်လည်း၊ လင်းယွန်တွင် ပြန်လည် တိုက်ခိုက်ရန် ယုံကြည်ချက် ရှိနေ ပေသေးသည်။
ထို့ကြောင့် အရှိန် အဝါကို အထွတ် အထိပ်သို့ တွန်းပို့ လိုက်ကာ၊ လျှပ်စီး တစ်စလို ပြေးဝင် သွားပြီး ‘ဒူးထောက်’ ဟု ဆို လိုက်သည်။
နှစ်ယောက်သား ထိပ်တိုက် တွေ့ဆုံမှု များကြောင့်၊ ပတ်ဝန်း ကျင်မှာ ချက်ချင်းပင် ရုန်းရင်း ဆန်ခတ် ဖြစ်လာ ပြန်၏။
ဂူတန်း၏ တောင်ဖြို လက်သီးမှာ၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှု အထိ၊ ရောက်ရှိ နေပြီ ဖြစ်ရာ၊ အတွင်း တပည့်များ ကြားတွင်၊ အသန်မာ ဆုံးသူ ဖြစ်ထိုက် ပေသည်။
သို့သော် ထိုအချိန်တွင် လက်သီးဖြင့် ထိုးနှက်ရန် ပျံသန်း ဝင်ရောက် လာသော ဂူတန်း၏ မျက်ခုံး နှစ်ဖက် ကြားသို့၊ ဓားကို ဆွဲ ထုတ်ကာ၊ ထိုးညွှန် လိုက်ရသည်။
လင်းယွန်၏ လက်ထဲတွင် ပန်း သင်္ချိုင်း ဓားမှာ ရုတ်တရက် အော်မြည်သံ ပြုလာပြီး၊ မြွေဟောက် တစ်ကောင် သဏ္ဍာန် လှုပ်ရှား သွားသည်။
ပြောင်းလဲ လာသော ပြိုင်ဘက်၏ အငွေ့ အသက်ကြောင့် ဂူတန်းမှာ ထိတ်လန့် သွားသည်။
လင်းယွန် လက်ထဲ ဓား တစ်လက် ရောက်လာ သည်နှင့်၊ အသက်ကို ပေးအပ် လိုက်ရ သကဲ့သို့ ခံစား လာမိပြီး၊ တစ်ချိန် တည်း မှာပင်၊ သူ၏ အရှိန် အဝါများ မှာလည်း၊ ပုံမှန် မဟုတ်သော မြင်ကွင်းဖြင့်၊ ပြိုကျ လာတော့ သည်။
ပြိုင်ဘက် အနေဖြင့်၊ သူ၏ ဟာကွက်ကို တွေ့ရှိ သွားခဲ့ ကြောင်း၊ ဂူတန်း သိသည်။ လျင်မြန်စွာ ပြန်ဆုတ်ခွာ လိုက်ရပြီး၊ စိတ်ထဲမှ ကျိန်ဆဲ မိ၏။
သို့သော် မြေပြင်ပေါ် မဆင်းသက် ခင်မှာပင်၊ လျှပ်ပြက် သကဲ့သို့ ရှေ့ကို ပြန်လည် ပြေးဝင် ကာ၊ လက်သီးဖြင့် ထိုးချ လိုက်ပြန် သည်။
သို့သော် အလားတူ ဓား တစ်လက်မှာ၊ ထပ်မံ ထွက်ပေါ် လာမြဲ ဖြစ်ပြီး၊ ချဉ်းကပ် မိချိန် တွင်၊ အန္တရာယ် အငွေ့ အသက်အား၊ ပေးစွမ်း လာလေ သည်။
လက်သီးကို ခွန်အား အပြည့် ထုတ်ဖော် လိုသော်လည်း၊ အခွင့် အရေး လုံးဝ မရှိ ခဲ့ပေ။
ဤအရာက ဂူတန်း၏ နှလုံး ခုန်သံကို မြန်လာကာ၊ မျက်နှာ တစ်ပြင်လုံး နီမြန်း သွားစေ၏။
မျက်လုံး များရှိ သွေးကြောများ ယောင်ကိုင်း လာပြီး၊ တွန့်ဆုတ်ခြင်း များဖြင့် ပြည့်နှက် သွားသည်။ နောက်ဆုတ် ရန်မှ လွဲ၍၊ အခြား ရွေးချယ် စရာ မရှိ တော့ပေ။
သို့သော် လင်းယွန်၏ ရယ်မော လိုသော အကြည့်ကို မြင်လိုက် သည့် အချိန်တွင်၊ ဆုံးဖြတ်ချက် တစ်ခု ချကာ၊ လက်နှစ် ဖက်အား ဆန့် ထုတ်လျက်၊ လေထဲ၌ ကိုယ်ရှိန် သတ်လိုက် သည်။
တစ်ဆက်တည်း မှာပင် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါဖြင့်၊ သူ့ ပတ်ဝန်း ကျင်၌ ရူရ် များ စတင် အသက်ဝင် လာတော့သည်။
“ ဝိညာဉ် ရေးရာ ပန်းချီကား။ ”
ပန်း သင်္ချိုင်း ဓားမှာ စိတ်လှုပ်ရှား မှုကြောင့် တုန်ခါလာ သကဲ့သို့၊ လင်းယွန်၏ မျက်လုံး များတွင် လည်း၊ တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာလေသည်။
ကောင်းကင် ပြည်နယ် အကယ် ဒမီရှိ၊ တပည့် များ၏၊ ခွန်အား အစစ် အမှန်မှာ၊ ဝိညာဉ် ရေးရာ ရူရ် များဖြင့်၊ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ သူ သတိရ သွားသည်။
ယခု အချိန်၌ မြည်းစမ်း ခွင့်ရ ပေတော့မည်။ သူ့ကို ဤဂူတန်းမှ စိတ်မပျက် စေဖို့ရန်၊ မျှော်လင့် မိ၏။
မျက်ခုံး ပင့်ကာ အပြုံး တစ်ပွင့် နှင့် အတူ၊ ကောင်းကင်အား မော့ကြည့် လိုက်လေသည်။
***