မကျေနပ်ချက်။
Vol. 37 Ch. 517
ပြိုင်ဘက် ထံမှ ရယ်မော လိုသော အကြည့်ကို မြင်လိုက် သည့် အချိန်တွင်၊ ဆုံးဖြတ်ချက် တစ်ခု ချကာ၊ လက်နှစ် ဖက်အား ဆန့် ထုတ်လျက်၊ လေထဲ၌ ကိုယ်ရှိန် သတ်လိုက် သည်။
တစ်ဆက်တည်း မှာပင် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါဖြင့်၊ သူ့ ပတ်ဝန်း ကျင်၌ ရူရ် များ စတင် အသက်ဝင် လာတော့၏။
လေထဲတွင် ရပ်တန့် နေလျက်ဖြင့်၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် ကို၊ ဂူတန်းက စတင် ထုတ်လွှတ် လာသည်။
ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်သို့ မရောက်မီ၊ ကောင်းကင်၌ ပျံသန်း ဖို့ရန်၊ မဖြစ် နိုင်သော် လည်း၊ ဂူတန်းက ပျံဝဲ ပြလာ၏။
အကြောင်း ရင်းမှာ သူ့ပတ်ဝန်း ကျင်ရှိ ရူရ် များကြောင့် ဖြစ်ပေသည်။
ကောင်းကင် တွင် ရပ်နေသော ဂူတန်းက လင်းယွန်ကို ငုံ့ကြည့်ပြီး၊
“ ငါ့ကို ဒီလောက် အထိ တွန်းပို့ နိုင်ခဲ့တဲ့ အတွက်၊ မင်းမှာ အရည် အချင်း နည်းနည်း ရှိတာကို ဝန်ခံ ပါတယ်၊ ဒါပေမယ့် အမည်ခံ အုပ်စိုးရှင် အင်အား စုရဲ့၊ ခွန်အားကို မင်း နားမလည် သေးပါဘူး။ ”
ပြိုင်ဘက်၏ ဓားက သူ့ကို အကြိမ်ကြိမ် နောက်ဆုတ် စေခဲ့ သောကြောင့်၊ ဒေါသ ထွက် နေပြီ ဖြစ်သည်။
သူ့ လက်များ ပြောင်းလဲ လာသည်နှင့် အမျှ၊ ပတ်ဝန်း ကျင်ရှိ ရူရ် များမှာ၊ တဖြည်းဖြည်း မီးတောက် လာ တော့သည်။
“ ဒါက မိစ္ဆာ တောင်တန်း နှင့် ငရဲ မြစ် ပန်းချီ ကား ပဲ။ ”
တခြားသော တပည့် များက အော်ဟစ်ကာ၊ တိုက်ပွဲနှင့် ဝေးရာသို့ ထပ်မံ ဆုတ်ခွာ သွားသည်။
မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီ ကားမှာ၊ ဒုတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင်များ ကြား တွင်ပင်၊ အလွန် အစွမ်း ထက်သော တိုက်ခိုက်ရေး၊ ပန်းချီကား တစ်ချပ် ဖြစ်သည်။
မိုလင်းက နက်နဲ နယ်ပယ်၌ ရှိစဉ်တွင်၊ ခရမ်းရောင် နန်းတော် သိုင်းသမား တစ်ဦးကို၊ ၎င်းဖြင့် အနိုင်ယူ ခဲ့ဖူး ပေသည်။
“ ဒါက အဆုံး သတ်ပဲ ဟား ... ဟား ဟား ။ ”
နောက်ကေျာတွင် တဖြည်းဖြည်း ပုံပေါ် လာသော ပန်းချီကား တစ်ချပ် နှင့် အတူ၊ ဂူတန်းက ရယ်မော လိုက်သည်။
နောက်တစ်စက္ကန့် အတွင်း မှာပင်၊ ပေတစ်ရာကျော် ခန့်ရှိသော၊ မီးလျှံ မြစ်ကြီး တစ်စင်း လင်းယွန်ပေါ် ပြိုကျ လာလေသည်။
၎င်းမှ ထွက်ရှိ လာသော မီးစွမ်းအင် များမှာ၊ အလယ် အလတ် ယင် အဆင့်ရှိ၊ တစ်စုံ တစ်ဦး ကိုပင် ထိခိုက် စေနိုင်သည်။
ထို့ကြောင့် ဓား ရည်ရွယ်ချက် မရှိလျှင်၊ လင်းယွန် အနေဖြင့် ၎င်းကို ကိုင်တွယ်ရန်၊ ခက်ခဲ လာနိုင်မည်။
ဤသည်မှာ ဒုတိယတန်း ဝိညာဉ် ရေးရာ ပန်းချီကား တစ်ချပ်သာ ဖြစ်ပြီး၊ သူ့ နေရာ၌ တတိယတန်း ဝိညာဉ် ရေးရာ ပန်းချီကား တစ်ချပ် ဆိုပါက၊ မည်မျှ အစွမ်းထက် မည်ကို တွက်ဆ မရ နိုင်ပေ။
သို့ဆို ပါလျှင် မြင့်မြတ်သော စွမ်းရည် များအား ထပ်မံ ပေါင်းစပ် ခဲ့သော်။
ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ အခြေခံ အုတ်မြစ်သည်၊ အမှန်တကယ် နက်ရှိုင်း လှပြီး၊ ၎င်းတို့အား အမည်ခံ အုပ်စိုးရှင် များ အဖြစ်၊ သတ်မှတ် ထိုက်ပေသည်။
သို့သော် ဂူတန်း ဖန်တီး ထားသော၊ မိစ္ဆာ တောင်တန်း နှင့် ငရဲ မြစ် ပန်းချီ ကားမှာ၊ ချို့ယွင်း နေဆဲ ဖြစ်သည်။
မီးမိုးများ လင်းယွန်ကို ဝါးမြို တော့မည့် အချိန်တွင်၊ စူးရှသော ဓားသွား အော်သံများ၊ ရုတ်တရက် ထွက်ပေါ် လာသည်။
ယင်းကြောင့် လူတိုင်း ထိုင်နေရာမှ ထရပ် လိုက်မိ သည်။ ရှန်ရှင်း ဓားကို ၎င်းတို့ ပထမဆုံး အကြိမ်၊ မြင်တွေ့ ရခြင်း ဖြစ်၏။
ရှန်ရှင်း ဓား၏ စူးရှသော အလင်း များက၊ သူတို့အား မျက်စိ ကျိန်းလာ စေသည်။ ထို့ကြောင့် မည်သူမျှ လင်းယွန်အား တည့်တည့် မကြည့်နိုင် ခဲ့ကြချေ။
ဒါန်တမ် အတွင်းရှိ ခရမ်းရောင် နန်းတော် မှာ၊ တုန်ခါလျက် ခရမ်းရောင် ပန်းကို ပွင့်လာ စေလိုက် သည်။
ပန်းပွင့် လာသည် နှင့်၊ သူ့ခန္ဓာ ကိုယ်တွင် မူလ စွမ်းအင် များဖြင့်၊ ပြည့်နှက် သွားလေ သည်။
“ တိမ်မြူ ကင်းသော လမင်း။ ”
လင်းယွန်က အော်ငေါက် လိုက်ပြီး၊ ပန်းသင်္ချိုင်း ဓားဖြင့်၊ မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီ ကားကို၊ ခုတ်ချ လိုက်သည်။
ငွေရောင် အလင်းတန်း များက၊ တိမ်ညိုများ အတွင်းမှ ခွဲထွက် လာသော၊ လမင်း တစ်စင်း အဖြစ်၊ စုစည်း လာသည်။
ထိုသို့သော ဖြစ်စဉ် တစ်အား ဖန်တီးရန် ဓား တာအိုတွင်၊ ကြောက်မက်ဖွယ် ကောင်းသော စွမ်းရည်မျိုး ရှိရ ပေမည်။
ဤဓားချက် အောက်တွင် မီးလျှံ မြစ်ကြီးမှာ၊ ချက်ချင်း ပြိုကျ သွားတော့သည်။
“ ရှန်ရှင်း ဓား ရည်ရွယ်ချက်။ ”
ဂူတန် တစ်ယောက် လှုပ်ခြောက်ခြား စွာဖြင့်၊ မှင်တက် သွား သော်လည်း၊ ထပ်မံ တိုက်ခိုက် ရန်မူ မမေ့ ခဲ့ပေ။
“ ပေါင်း စပ် စမ်း ... ။ ”
အော်ဟစ် သံနှင့် အတူ၊ မီး ဝိညာဉ် ရေးရာ ရူရ် များ ပြန်လည် စုဝေး လာပြီး၊ မိစ္ဆာ တောင်တန်း နှင့် ငရဲ မြစ် ပန်းချီ ကားကို နောက်တဖန် ဖွဲ့စည်း လာပြန်သည်။
ဤတစ်ကြိမ်၌ ပန်းချီ ကားမှာ၊ ပို၍ အားကောင်း လာပုံ ရ၏။
“ အနန္တ နှင်းလွင်ပြင်။ ”
သို့သော် လင်းယွန်က သူ့ လက်ကောက် ဝတ်ကို ယမ်း လိုက်ပြီး၊ ဂူတန်းကို ပန်းသင်္ချိုင်း ဓားဖြင့်၊ ထိုးချ လိုက်သည်။
ပန်းသင်္ချိုင်း ဓားက၊ ကြောက်မက်ဖွယ် ကောင်းသော၊ အအေး ဓာတ်ကို ထုတ်လွှတ် လာပြီး၊ သူ့လမ်း ပေါ်ရှိိ အရာ တိုင်းအား၊ အေးခဲ ပစ်လိုက်သည်။
မီးဝိညာဉ် ရူရ် များ လုံးလုံး လျားလျား မစုဝေး နိုင်မီ၊ ၎င်းတို့ အားလုံး ရပ်တန့် အေးခဲ သွား ကုန်၏။
“ ဟိတ် .... ။ ”
နောက်ထပ် ဟောက်သံ တစ်သံ နှင့်အတူ၊ ပန်းသင်္ချိုင်း ဓားကို လင်းယွန်က ထပ်မံ ခုတ်ပိုင်း ချလိုက်၏။
ထိုဓား ထွက်ပေါ် လာချိန်တွင်၊ အေးခဲ နေသော မီးလျှံ ရူရ်များ ပြိုကျ သွားလေသည်။
ကောင်းကင်၌ ရပ်နေသည့် ဂူတန်း၏ မျက်နှာမှာ ဖြူဖျော့ လာပြီး၊ ပါးစပ် အပြည့် သွေးများ ထေွးချ လိုက်ရသည်။
လင်းယွန်၏ မျက်လုံး များတွင်၊ အထင် အမြင် သေးခြင်းကို၊ ထပ်မံ သတိ ထားမိ လိုက် ချိန်တွင်၊ ဒေါသ မီးများ တောက်လောင် လာပြီး၊
“ အောက် တန်း စား ကောင်... ။ ”
ဂူတန်း၏ မူလ စွမ်းအင် အတက် အကျမှာ ပြောင်းလဲ လာလျက်၊ မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လင်းယွန် ရှေ့သို့ ရောက်ရှိ လာခဲ့သည်။
သို့သော် လက်သီးကို မထုတ်လွှတ် နိုင်ခင်၊ ပြိုင်ဘက်က ဓားဖြင့် သူ့မျက်ခုံး အလယ်သို့ ချိန်ရွယ် လာပြန်၏။
ပန်းသင်္ချိုင်း ဓားကို အနည်းငယ် ပို၍ ရှေ့တိုး လိုက်ပါက၊ ခေါင်း ထဲသို့ ထိုးဖောက် ဝင်ရောက် သွားမည် ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် နောက်ပြန် ဆုတ်လိုက် ရပြန်သည်။
တတိယ အကြိမ်မြောက် ဓားဖြင့် ချိန်ရွယ် ပြခဲ့သော လင်းယွန်၏ လက်စကြောင့်၊ တပည့်များ အားလုံး အံ့သြ သွား ကြ၏။
အေးစက်သော မူလ စွမ်းအင်များ၊ ခန္ဓာကိုယ် အတွင်း စိမ့်ဝင် လာချိန်တွင်၊ ဂူတန်း၏ မျက်နှာ တစ်ပြင်လုံး၊ နီရဲ လာသည်။
သူ့ မျက်လုံး များတွင်၊ အရှုံး မပေး လိုသော အမူ အရာ များဖြင့်၊ သွေးများ စီးကျ လာလေ သည်။
“ မင်း လွတ်မြောက် နိုင်မယ် ထင်လား။ ”
လင်းယွန်က ပန်းသင်္ချိုင်း ဓားဖြင့်၊ ဂူတန်း မျက်နှာကို လွှဲရိုက်ပြီး၊ ပြုံးကာ ဆိုလိုက်သည်။ ကျယ်လောင်သော ပါးရိုက် သံနှင့် အတူ၊ ဂူတန်း တစ်ယောက် အကြိမ်ပေါင်း များစွာ လေထဲ လှည့်ပတ် သွားလျက်၊ မြေပြင် ပေါ်သို့ လဲကျ သွားသည်။
သွေးတစ်လုတ် ထွေးထုတ် လိုက်ပြီး၊ မတ်တပ် ထရပ်ရန် ကြိုးစား နေလျက်ဖြင့်၊ လင်းယွန်ကို မယုံကြည် နိုင်စွာ ပြန်လည် မော့ကြည့် လာသည်။
ဤအချိန်တွင် ယခင်လို မောက်မာမှု များ မရှိ တော့ပေ။ သူ့ကိုယ်သူ စိတ်ပျက် လက်ပျက်ဖြင့်၊
“ ဘယ်လို ဖြစ်ရ တာလဲ ... ချင်း အင်ပါယာက လာတဲ့ အမှိုက် တစ်စကို ငါတကယ် ရှုံးသွား တာပဲ။ ”
-ဟု ညည်းတွား လိုက်လေသည်။
“ အမည်ခံ အုပ်စိုးရှင် အင်အား စုရဲ့ အုတ်မြစ် တဲ့လား၊ ရယ်စရာ ကောင်းလိုက်တာ ... ။ ”
လင်းယွန်က ဓားကို ရုတ်သိမ်း လျက်ဖြင့်၊ လှောင်ပြောင် သရော် လိုက်သည်။ ဂူတန်းမှာ လင်းယွန်၏ ပါးရိုက် ခံရ ခြင်းနှင့် ထိုက်တန် ပေ၏။
မိုလင်း ထွက်သွားပြီး နောက်တွင် လင်းယွန်က သူ့ကို ဂရု မစိုက် ခဲ့သော်လည်း၊ ဂူတန်းက ရိုက်နှက် ခံရန် တိုးဝင် လာသည်။
ထို့ကြောင့် သနား ငဲ့ညှာရန်၊ စိတ်ကူး မရှိ သည်မှာ၊ သဘာဝ ပေပင်။
“ ကံကောင်း ပါစေ။ ”
လင်းယွန်က လှည့်ကြည့်ကာ ဆိုလိုက်သည်။
“ သေလိုက် .... မင်းသေလိုက်။ ”
ပြိုင်ဘက်၏ ငုံ့ကြည့်ခြင်း ခံလိုက် ရလေရာ၊ ဂူတန်း တစ်ယောက်၊ ဒေါသ တကြီး ကျိန်ဆဲ လိုက်လေသည်။
ဝိညာဉ် ရေးရာ ပန်းချီကားကို ထုတ်ပြ ပြီးသည့်တိုင် ဤမျှ ဆိုးရွားစွာ ရှုံးလိမ့် မည်ဟု မည်သူမျှ မမျှော်လင့် ထားသောကြောင့်၊ အားလုံး တိတ်ဆိတ် ကုန်ကြသည်။
သင်းထောက် လင်း၏ ဓားတာအို အပေါ် နားလည် နိုင်မှုမှာ အံ့အား သင့်စရာ ပေပင်။
ညတိမ်ယံ ခန်းမ အပြင် ဘက်တွင် ဂေါင်မင်နှင့် ဘိုင်ရီ တို့က လင်းယွန် နောက်သို့ ပြေးလိုက် လာကြသည်။
သူတို့ နှစ်ယောက် လုံးတွင်၊ မတူ ညီသော အမြင်များ ရှိကြသည်။ လင်းယွန်က ပြန်လှည့် ကြည့်လိုက်ပြီး၊
“ မင်းတို့ နှစ်ယောက် ဒီကိစ္စနဲ့၊ ပတ်သက် ရမှာကို မကြောက် ဖူးလား။ ”
ဂေါင်မင်က သူ့ ခေါင်းကို ကုတ်လျက်ဖြင့် ပြုံးရယ် ပြကာ၊
“ အစ်ကို လင်းရဲ့ ခွန်အားက ငါ့ကို အရမ်း တုန်လှုပ် စေတယ်၊ မင်းက မဟာချင် အင်ပါယာ ကနေ လာတယ် ဆိုတာ ငါမယုံဘူး၊ ဒါပေမယ့် ဂူတန်းရဲ့ အစ်ကို ကြီးကို မင်းသတိ ထားရမယ်။”
ဘိုင်ရီက ၎င်းကို ထောက်ခံကြောင်း ခေါင်းညိတ် ပြပြီး၊
“ အစ်ကို လင်း၊ ဂူဖန်းက ဂူတန်းကို အကာ အကွယ် ပေးလွန်း တယ်လို့၊ လွန်စွာ လူသိ များတယ်၊ အမာခံ တပည့်တွေ ကြားမှာ ရက်စက် ကြမ်းကြုတ်သူ အဖြစ်လည်း ကျော်ကြား ပါတယ်၊ ဒီကိစ္စကို စီနီယာ အစ်မ လျူနဲ့ ဆွေးနွေး ကြည့်ရ အောင်။ ”
“ အတွင်း တပည့် တွေထဲမှာ ဒီလောက် မောက်မာတဲ့ လုပ်ရပ်တွေ လုပ်ဖို့ သူ့မှာ ကျောထောက် နောက်ခံ ရှိရမယ် ဆိုတာ ငါ သိပါတယ်၊ ... ”
“ ... ဒါပေမယ့် ငါ သူ့ကို ရိုက်နှက်ဖို့ ဆုံးဖြတ် လိုက်ပြီ ဆို တည်းက၊ အဲဒီ အချက်ကို သဘာဝ ကျကျ စဉ်းစား ထားပြီး သားပါ၊ မင်းတို့ နှစ်ယောက် ငါ့အတွက် စိတ်ပူ နေစရာ မလို ပါဘူး။ ”
လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။ လူတိုင်းတွင် ဘဝ တစ်ခုသာ ရှိ၏။ မကြေနပ် ချက်များ ပြည့်နှက် နေသော ဘဝ မျိုးဖြင့်၊ သူ့ ရှင်သန် မှုကို မဖြတ်သန်း ချင်ပေ။
အနိုင်ကျင့် ခံရ သည့် အတွက်၊ သဘာဝ အတိုင်း ပြန်တိုက် ခဲ့ခြင်းသာ ဖြစ်သည်။
အဆိုးဆုံး ရလဒ် အနေဖြင့်၊ အကယ်ဒမီမှ ထုတ်ပယ် ခံရ ခြင်းမျိုးလည်း ဖြစ်နိုင်သည်။ သို့သော် ယင်းမှာ လင်းယွန် အတွက် သိပ်အရေး မကြီးချေ။
ပန်း သင်္ချိုင်း ဓားသည် ပန်းနှင့် လူတို့ကို မြှုပ်နှံ တက်သော ဓား တစ်လက် ဖြစ်သည်။ ဓားဆွဲ လိုက်သည့် အခိုက်တွင်၊ ဤရလာဒ်ကို ခန့်မှန်း ထားပြီး ဖြစ်၏။
ထို့ကြောင့် နာကျည်းမှု များနှင့်၊ ဘဝကို ဖြတ်သန်း ရသည်ထက်၊ သူ့ကိုယ်သူ မြှုပ်နှံ ပစ်ခြင်းမှာ ပိုကောင်း ပေမည်။
***