တိမ်နဂါး အဆင့် သတ်မှတ်ချက်။
Vol. 38 Ch. 519
“ ငါ သူ့ကို ရိုက်နှက်ဖို့ ဆုံးဖြတ် လိုက်ပြီ ဆို တည်းက၊ အဲဒီ အချက်ကို သဘာဝ ကျကျ စဉ်းစား ထားပြီး သားပါ၊ ငါ့အတွက် စိတ် ပူ မနေ ပါနဲ့။ ”
လင်းယွန်က ပြုံးကာ ဆိုလိုက် သည် ။ လူတိုင်းတွင် ဘဝ တစ်ခုသာ ရှိ၏။ မကြေနပ် ချက်များ ပြည့်နှက် နေသော ဘဝ မျိုးဖြင့်၊ သူ့ ရှင်သန် မှုကို မဖြတ်သန်း ချင်ပေ။
ဘိုင်ရီကို နှုတ်ဆက် ပြီးနောက်၊ လင်းယွန်နှင့် ဂေါင်မင် တို့မှာ၊ သစ်သား စိတ်ဝိညာဉ် တောင်ကုန်း ထံသို့ ပြန်လာ ခဲ့ကြသည်။
သူတို့ နှစ်ဦးမှာ ဧည့် သင်းထောက်များ ဖြစ်သော ကြောင့် ၊ ညတိမ်ယံ ခန်းမ၏ အဖြစ် အပျက်များ ပြီးနောက်တွင်၊ ပို၍ နီးကပ် လာသည်။
ဂူတန်း၏ 'သီးသန့်' နေရာတွင်၊ ဝင်ထိုင်မိ ချိန်၌ ဘိုင်ရီနှင့်၊ ဂေါင်မင် အပါအဝင်၊ လူတိုင်းက သူ့ကို ရယ်မော ကြသည်။
ယင်းတိုက် ပွဲတွင် အကျိုး ကျေးဇူး များစွာ ရရှိပြီး၊ ဂူတန်း၏ တောင်ဖြို လက်သီးကို ဖြိုခွဲ နိုင်ခဲ့သည်။
အမည်ခံ အုပ်စိုးရှင် များ၏ အခြေခံ အုတ်မြစ်မှာ၊ အမှန် တကယ် နက်ရှိုင်း လွန်းကာ၊ တောင်ဖြို လက်သီးသည် ကျား-နဂါး လက်သီး အား၊ ဖြိုခွင်း နိုင်ကြောင်း နားလည် လိုက်မိ သည်။
ဆိုလို သည်မှာ ၎င်းကို အမာခံ တပည့် တစ်ဦးသာ အသုံးပြု ပါက၊ လုံး၀ ဖိနှိပ် ခံရ မည်ဟု အဓိပ္ပါယ် ရသည်။
ကောင်းကင် ပြည်နယ် အကယ် ဒမီတွင် နက်နဲသော အုတ်မြစ် ရှိပြီး၊ အမာခံ တပည့် များ ရရှိသော အရင်း အမြစ် များမှာ၊ သူထင်ထား သည်ထက် ပို၍၊ ကြောက်စရာ ကောင်းလေ သည်။
ထို့ကြောင့် ၎င်းတို့သည် ဂူတန်းထက် များစွာ အားကောင်း နိုင်၏။
ကောင်းကင် ပြည်နယ် အကယ် ဒမီမှာ၊ အမည်ခံ အုပ်စိုး ရှင်များ ကြားတွင်၊ အားနည်းသော အင်အားစု တစ်ခု မျှသာ ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့ အထက်၌ ရှိသော ယန်နန်းတော်မှာ၊ မည်မျှ သန်မာ နိုင်မည်ကို တွေးမ ရချေ။
ဤအရာက လင်းယွန်အား ကမ္ဘာကြီး ကျယ်ပြော လှကြောင်း၊ ပြသရာ ရောက်ခဲ့သည်။ အုပ်စိုးရှင် အင်အားစု များအား ရိုက်နှက် လိုပါက၊ ပို၍ အာရုံ စိုက်ရ ပေမည်။
သွေးစွန်းသော ဧည့်ခံပွဲ မတိုင်ခင်၊ သူ့၌ တစ်နှစ် ကျန်ရှိ နေသေး သည်။
“ အစ်ကိုဂေါင်၊ နေသာ စီရင်စု မြို့တော်မှာ ရှိတဲ့၊ ကျွမ်းကျင် သူတွေ အကြောင်းကို၊ ပြောပြ ပေးနိုင် မလား။ ”
“ ရတာပေါ့ ... မြို့တော် ထဲမှာ ကျွမ်းကျင် သူတွေ အများကြီး ရှိတယ်၊ ဒါပေမယ့် တိမ်နဂါး အဆင့်က ပါရမီရှင် တွေသာ၊ မင်းရဲ့ အာရုံကို ဖမ်းစား နိုင်လိမ့်မယ်။ ”
ရုတ်တရက် မေးလာသော လင်းယွန်၏ မေးခွန်းကို ဂေါင်မင်က မျက်ခုံး ပင့်ကာ ပြန်ဖြေ သည်။
“ တိမ်နဂါး အဆင့် သတ်မှတ်ချက် တဲ့လား။ ”
“ အစ်ကိုလင်း၊ တိမ်နဂါး အဆင့် သတ်မှတ်ချက် အကြောင်း မင်း မသိဖူးလား၊ လေးနှစ် တစ်ကြိမ်သာ ကျင်းပတဲ့ သွေးစွန်းသော ဧည့်ခံ ပွဲကို အခြေ ခံပြီး၊ ဒါကို အဆင့် သတ်မှတ် ပေးထား တာပဲ၊ ... ”
“ ... တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရဲ့၊ အကောင်းဆုံး အယောက် တစ်ရာ ဆိုတော့ ...၊ ဘယ်လောက်တောင် ကြောက်စရာ ကောင်း လိုက် မလဲ၊ တွေး ကြည့် စမ်း ...။ ”
ဂေါင်မင်၏ မျက်ဝန်း များတွင်၊ ရိုသေ လေးစား မှုများ၊ ထင်ဟပ် လာလေသည်။
“ နေသာ စီရင်စု မြို့တော်မှာ၊ ပါရမီရှင် လေးပါး ရှိတယ်၊ သူတို့က သွေးတောင်ပံ ခန်းမရဲ့ လန်းဟွာယု၊ တိမ်နဂါး အဆင့် (၈၇)၊ ဖျက်ဆီးခြင်း ဓားခန်းမရဲ့ လုချန်းရီ၊ တိမ်နဂါး အဆင့် (၈၉)၊ .... ”
“ ... သဏ္ဍာန် သုံးပါး စံအိမ်က လင်းဇီယွမ်၊ တိမ်နဂါး အဆင့် (၉၃)နဲ့၊ ငါတို့ အကယ်ဒမီရဲ့ မိုလင်းက အဆင့် (၉၀) မှာ ရှိတယ်၊ ... ”
“ ... သူတို့ရဲ့ အဆင့် သတ်မှတ်ချက် တွေက၊ ကွာခြားမှု ရှိပေမယ့်၊ ခွန်အား အရာမှာတော့ မတိမ်း မယိမ်း ပါပဲ၊ တစ်ယောက်ကို တစ်ယောက် ကျော်ဖြတ်ဖို့၊ အမြဲ ချောင်းနေ ကြတယ်။ ”
ဂေါင်မင် အမြင်၌ ဤသူ များမှာ လေးစားဖွယ် ပုဂ္ဂိုလ် များသာ ဖြစ်ပေသည်။
“ သူတို့ လေးယောက်က စီရင်စု မြို့တော်ရဲ့ ပါရမီရှင် တွေပဲ၊ စီနီယာ အစ်မ မိုကို ခဏ ဖယ်ထား လိုက်ဦး၊ ကျန်တဲ့ သုံးယောက် လုံးက၊ အလယ် အလတ် ယန် အဆင့်မှာ ရှိတယ်၊ ”
“ ... စီနီယာ အစ်မ မိုက ကျင့်ကြံမှု နိမ့်ကျ ပေမယ့်၊ မြင့်မြတ်သော စွမ်းရည်ကို ဆုပ်ကိုင် ထားပြီး၊ တတိယတန်း အထွတ် အထိပ် ဝိညာဉ် ရေးရာ၊ ဆရာ သခင် တစ်ဦးပဲ။ ”
ထိုအမည် များကို နှုတ်တိုက် ရွတ်ဆို မှတ်သား ခဲ့ပြီး၊ ၎င်းတို့၏ ကျင့်ကြံ မှုမှာ၊ ယန် အဆင့်၌ ရောက်ရှိ နေသော ကြောင့်၊ လင်းယွန်က အံ့သြ သွားမိသည်။
သူ့အနေဖြင့် ကနဦး ယင်အဆင့် တွင်သာ ရှိသည် ဖြစ်ရာ၊ ၎င်းတို့ကြား ကြီးမားသော ကွာဟချက် အပေါ်၊ ထိတ်လန့် မိသည်။
ရုတ်တရက် လင်းယွန်က တစ်စုံ တစ်ရာကို သတိပြု မိလိုက်ပြီး၊
“ ယန် နန်းတော်ရဲ့ တပည့် တွေရော မပါ ဖူးလား။ ”
-ဟု မေးယူ မိလေသည်။
ဂေါင်မင်က ကူကယ် ရာမဲ့ ဟန်ဖြင့် ပြုံးကာ၊ သက်ပြင်း ချလိုက်၏။
“ ဒါက မပါတာ မဟုတ်ဘူး၊ သူက အရမ်း မြင့်လွန်းလို့ မော့တောင် မကြည့် နိုင်လို့ပါ၊ ယန် နန်းတော်ရဲ့ အမွေခံ တပည့် ရွှမ်းယီက၊ တိမ်နဂါး အဆင့် (၁၀)မှာ ရှိတယ်၊ .... ”
“... သူကို ဘယ်သူက ယှဉ်နိုင် မှာလဲ၊ ဒါကြောင့် နေသာ စီရင်စုရဲ့ ပါရမီ ရှင်တွေ အကြောင်း ပြောကြရင်၊ အမည်ခံ အုပ်စိုးရှင် တပည့် လေးယောက် ကိုပဲ ပြောလာ ကြလိမ့်မယ်၊ ပြီးတော့ ရွှမ်းယီက ဒီမြို့မှာ မနေဘူး။ ”
ကွာဟ ချက်မှာ ကြီးမား လွန်းသောကြောင့်၊ လင်းယွန်က အံ့ဩ သွားသည်။
“ ယန်နန်းတော်က နိမ့်ကျ လာပြီ ဆိုပေ မယ့်လည်း၊ အုပ်စိုးရှင် ကိုးပါး ထဲက တစ်ပါး ဖြစ်နေဆဲ ပါပဲ၊ သူတို့ရဲ့ သမိုင်းက နေသာ စီရင်စု မြို့တော် ထက်တောင် ပိုရှည်လျား တယ်၊ ... ”
“ ... အမည်ခံ အုပ်စိုးရှင် တေွနဲ့၊ အစစ် အမှန် အုပ်စိုးရှင် တွေကြားက၊ အကွာ အဝေးကို မင်းတွေး ကြည့်လို့ မရ နိုင်ဘူး၊ ... ”
ဂေါင်မင်က လင်းယွန် ပခုံးအား ပြုံးကာ ပုတ်လိုက်၏။ အုပ်စိုးရှင် အင်အား စုမှာ၊ သူ ထင်ထား သည်ထက်၊ ပိုမို အားကောင်း လှသော ကြောင့်၊ လင်းယွန် တစ်ယောက် များစွာ ထိတ်လန့် သွားရ သည်။
သူ့ နှာခေါင်းကို ရှက်ရွံ့စွာ ပွတ်သပ် မိပြီး၊
“ အံ့သြ စရာပဲ၊ အချက် အလက်တွေ အတွက် ကျေးဇူး တင်ပါတယ်။ ”
“ ဟား ဟား ဟား၊ မင်း အခု အရမ်း စဉ်းစား နေမိပြီ၊ တိမ်နဂါး အဆင့် သတ်မှတ် ချက်ထဲ ဝင်ဖို့၊ မင်းမှာ လေးနှစ် အချိန်ရှိ ပါသေး တယ်ဟ။ ”
“ အင်း ... ငါ အတွေးလွန် သွား တာတော့ သေချာ ပါတယ်။ ”
လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။ သူ့ စကား အဓိပ္ပါယ်၊ သူသာ သိပေသည်။ မိုးလင်း ကိုပင် ကြောက်လန့် နေရသော သူ့အတွက်၊ အုပ်စိုးရှင် အင်းအား စုကို ရိုက်နှက်ရန်၊ စိတ်ကူး ယဉ်နေမိ လေသည်။
ဂေါင်မင်က အလေး အနက် မထား တော့ဘဲ၊ လင်းယွန်ကို မျက်စိ အသာမှိတ် ပြပြီး၊
“ အစ်ကိုလင်း၊ မနက်ဖြန် စီနီယာ အစ်မ မိုနဲ့၊ ဘာဆက် လုပ်ရ မလဲ၊ စဉ်းစား သင့်တယ် ထင်တယ်၊ တကယ်လို့ မင်းသာ မသွားရင်၊ အကယ် ဒမီမှာ မင်းရဲ့ နေရက် တွေက၊ မငြိမ်းချမ်း တော့မှာ သေချာ တယ်။ ”
“ အိုး ... အဲဒါကို ငါ မေ့လု နီးပါး ပါပဲ။ ”
ထွက်ခွာ သွားသော အချိန်တွင်၊ မိုလင်း မျက်နှာ မည်မျှ ဆိုးရွားခဲ့ သည်ကို၊ ပြန် သတိ ရလိုက် မိသည်။
သို့သော် အိမ်သို့ ပြန်ရောက် သည်နှင့်၊ မိုလင်းကို ခေါင်းထဲက ထုတ်ကာ၊ ဓားသုတ္တန် အား စတင် လေ့ကျင့် တော့၏။
ဤနေရာတွင် တစ်ရက် ကျင့်ကြံ ခြင်းမှာ၊ သူ၏ ပုံမှန် ကျင့်ကြံမှု တစ်လနှင့်၊ ညီမျှ လေသည်။
အမည်ခံ အုပ်စိုးရှင် အင်းအား စုရှိ ပါရမီရှင် သုံးဦးမှာ၊ အဘယ်ကြောင့် ယန် အဆင့်တွင် ရှိနေ သည်ကို၊ ယခု နားလည် နိုင်ပြီ ဖြစ်သည်။ အချိန် အလုံ အလောက် ရှိပါလျှင်၊ ယင်-ယန် အဆင့် သို့ပင်၊ ရောက်နိုင် လေသည်။
အာရုဏ်ဦး ရောင်ခြည် ဝင်ရောက် လာချိန်၌၊ ကျင့်ကြံ ခြင်းကို ရပ်နားကာ၊ မျက်လုံးများ ပြန်ဖွင့် ကြည့်လိုက် သည်။
သူ့ခန္ဓာ ကိုယ်ကို ဖုံးအုပ် ထားသော ခရမ်းရောင် ပန်း ပွင့်ကြီးမှာ၊ ဒါန်တမ် အတွင်းသို့ ဖြည်းညှင်းစွာ၊ ပြန်လည် ဝင်ရောက် လာ၏။
မျက်ဝန်း များတွင် နက်နဲ မှုများ၊ အေးစက်စွာ တောက်ပ နေသည်။ ခရမ်းရောင် ပန်းတွင် ပွင့်ချပ် ခုနစ်ဆယ့် လေးချပ် အထိ၊ ကြီးထွား လာခဲ့ သည်။
တိုးတက် မှုမှာ သူမျှော်လင့် ထား သည်ထက် ပိုမို မြန်ဆန်သည်။ တစ်ညသာ ရှိသေး သော်လည်း၊ နောက်ထပ် ပွင့်ချပ် တစ်ချပ်ကို ရယူ နိုင်ခဲ့သည်။
ဖြစ်နိုင် ပါက တစ်လခန့် တံခါးပိတ် ကျင့်ကြံ ချင်ပေသည်။ သို့သော် မိုလင်း၏ ချိန်းဆို မှုကို မပျက်ကွက် ရဲချေ။
သူ့ ဘက်မှ မှားယွန်း သွားပါက၊ အကြီး အကဲ များပင် ကယ်နိုင်မည် မဟုတ်ကြောင်း သူ သိသည်။
“ ကောင်းပြီလေ၊ တိမ်နဂါး အဆင့် သတ်မှတ် ချက်က၊ တစ်စုံ တစ်ယောက်ရဲ့၊ ဂုဏ် သတင်းကို ကြည့်ရအောင်။ ”
မျက်နှာတွင် အပြုံး တစ်ပွင့် ဖြစ်ပေါ် လာသည်။ ကျား ခံတွင်း ထဲသို့ပင် ဝင်ဝံ့သည် ဖြစ်ရာ၊ ထိုမိန်းမကို ကြောက်ရွံ့ နေစရာ မရှိချေ။
ကိုယ်လက် သန့်စင် ပြီးနောက်၊ ညတိမ်ယံ ခန်းမ ဆီသို့ တစ်ဦးတည်း ထွက်လာ ခဲ့သည်။
လမ်းတစ် လျှောက်တွင် အတွင်း တပည့် များစွာက သူ့အား လက်ညှိုး ညွှန်လျက်၊ တီးတိုး ဆိုလာ ကြ၏။
သူတို့၏ အမူအရာ များတွင်၊ ရိုသေ လေးစားမှု များဖြင့် ပြည့်နှက် နေပေသည်။
ဂူတန်းကို အနိုင်ယူ နိုင်ပြီးနောက်၊ သူ ဂုဏ် သတင်းမှာ ကျော်ကြား လာခဲ့ပုံ ရသည်။
လက်နှစ်ဖက်ကို နောက်ပစ်ကာ၊ ပြုံးလိုက် မိ၏။ မည်သည့် အရပ်ကို ဦးတည် နေပါစေ၊ ခွန်အား သည်သာ အရာရာ ဖြစ်ပေသည်။
ညတိမ်ယံ ခန်းမနှင့် နီးကပ် သည်နှင့် အမျှ၊ သူ တွေ့သော တပည့် အရေ အတွက်မှာ၊ လျော့နည်း ကျ လာသည်။ နောက်ဆုံးတွင် တစ်ယောက် မျှပင် မတွေ့ ရ တော့ပေ။
ယမန် နေ့က ဤနေရာ၌ လူများစွာ စုရုန်း နေခဲ့သည် ဖြစ်ရာ၊ ၎င်းမှာ ပုံမှန် မဟုတ်ကြောင်း သတိထား မိလာသည်။
နောက်ကျ သွား၍ ပင်လော။ ခန်းမ ထဲသို့ လှမ်းဝင် လာနေစဉ်၊ အတွေးထဲ သံသယ အချို့ ဝင်ရောက် လာတော့၏။
ခန်းမ အတွင်း၌ လူတစ် ယောက်မျှ ရှိ မနေ ခဲ့ဘဲ၊ စင်မြင့် ပေါ်တွင် ထိုင်နေသည့် မိုလင်း တစ်ဦး တည်းသာ ရှိနေ လေသည်။
သူမ ခန္ဓာကိုယ် ပေါ်တွင် နေရောင်ခြည် ကဲ့သို့၊ အလင်းများ လင်းထိန် ဖြာထွက် နေ၏။
ယင်း မြင်ကွင်း ကြောင့်၊ အံ့အား သင့်စွာ ရပ်လိုက် မိချိန်တွင်၊ မိုလင်းက ရုတ်တရက် မျက်လုံးများ ဖွင့်ကြည့် လာသည်။
ပြီးနောက် သူ့ရှေ့က ဖျာကို ညွှန်ပြကာ၊ ‘ထိုင်’ ဟု တစ်ခွန်းတည်း ဆို၏။
သတိ မထား မိခင် မှာပင် ကောင်းကင်ပေါ် ခုန်တက်ပြီး၊ ဖျာပေါ်၌ ထိုင်ချ လိုက်မိသည်။
“ ဒီမှာ စောနေပုံ ရတယ်။ ”
အခန်းတွင်း လင်းယွန်က လှည့်ပါတ် ကြည့်ကာ၊ စကားစ လိုက်သည်။
“ ..... မဟုတ် ဘူး၊ ဒီနေ့က စပြီး မင်းကို၊ မနက်တိုင်း ဝိညာဉ် ရေးရာ ရူရ်တွေ သင်ပေး မို့ပဲ။ ”
-ဟု မိုလင်းက အေးစက်သော မျက်နှာဖြင့် လှမ်းပြော လာသည်။
“ ငါ့ တစ်ယောက် ထဲကိုလား။ ”
မယုံကြည် နိုင်စွာဖြင့်၊ မိုလင်းကို ပြန်ကြည့် လိုက်သည်။
“ ဘာဖြစ် တာလဲ၊ ငါက အရည် အချင်း မရှိ ဖူးလို့၊ မင်း ထင်နေ တာလား။ ”
မိုလင်းက ထီ မထင်သော လေသံဖြင့်၊ အေးစက်သော အရိပ် အငွေ့ အသက် များအား ထုတ်ဖော်ကာ၊ လင်းယွန်ထံ ဖုံးလွှမ်း ပစ်လိုက် သည်။
“ နေသာ စီရင်စုရဲ့ တစ်ဦး တည်းသော၊ ပါရမီရှင် အမျိုးသမီး ဆီကနေ၊ သင်ကြားခွင့် ရတာ ငါ့ အတွက် ဂုဏ်ယူယူ စရာပါ။ ”
ခေါင်းခါလျက် အလျင် အမြန်၊ ပြန်ဖြေ လိုက်ရ သည်။ သို့သော် မိုလင်း စကားကို သူ မယုံနိုင် သေးချေ။
သူ့ကို သင်ခန်းစာ တစ်ခု သင်ပေးရန်၊ မိုလင်းက ကြိုးစားနေ သည်ဟု၊ ထင်မြင် မိသည်။
“ မင်း ... ငါ့ကို စောင့်ကြည့်နေ တာလား၊ ဒီလို ဆိုမှတော့ ဆယ့်ငါးရက် တိုင်တိုင်၊ မနက်တိုင်း ဒီကို မင်း ... လာရ မယ်။ ”
“ ဆယ့်ငါးရက် ... အစ်မကြီး၊ မင်း ငါ့ကို နောက်နေ တာပဲ ဖြစ်ရမယ်။ ”
၎င်းမှာ ဟာသ တစ်ပုဒ် မဟုတ်ပေ။ နေ့စဉ် အရိုက် ခံရ ပါလျှင်၊ သူ့ဖျင် (တင်ပါး) စုတ်သွား ပေလိမ့် မည်။
ဤသို့ ဖြစ်လာ ပါက၊ သူလုပ် နိုင်သော အရာမှာ၊ အနာဂတ်တွင် လက်စားချေ ခြင်းသာ ဖြစ်သည်။ သို့သော် သူ၏ အချိန်မှာ၊ အလွန် တန်ဖိုး ရှိနေသည်။ သည်မျှပင် မဖြုန်းတီး နိုင်ချေ။
“ တောင်းပန် ပါတယ်၊ ဒါပေမယ့် ဒီကြမ္မာ မျိုးကို မခံစား နိုင်တော့ မှာကို၊ ငါ ကြောက်မိ တယ်၊ ငါ့မှာ လုပ်စရာ တွေ ရှိလို့၊ ငါအရင် သွားလိုက် ပါမယ် ... ။ ”
စကားဆုံး သည်နှင့်၊ လက်နှစ် ဖက်ကို ခွဲကာ၊ ကောင်းကင်သို့ ပျံတက် လိုက်သည်။ နောက်အခိုက် အတန့်တွင် ညတိမ်ယံ ခန်းမ အဝင် ဝသို့၊ ရောက်ရှိ သွား၏။
လှေခါးထစ် များထံ လှမ်းရန် ပြင်လိုက် ချိန်တွင်၊ သူ့ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲ သွားသည်။
ငွေရောင် ငှက်တောင် တစ်ချောင်းက၊ နဖူး အလယ် တည့်တည့် ဆီသို့၊ ချိန်ရွယ်လျက် လေထု ထဲတွင်၊ ရပ်တန့် ငြိမ်သက် နေပေသည်။
အဆိုပါ ငှက်တောင်တွင် ရှုပ်ထွေး ပွေလီသော၊ ဝိညာဉ် ရေးရာ ရူရ်များ ပါရှိ နေပေသည်။
သူ့အပေါ် ဖိအားများ ပေးကာ၊ ရှေ့သို့ လှမ်းတက် တော့မည့် ခြေလှမ်းကို၊ တားဆီး လာလေသည်။
ရှေ့တစ်လှမ်း တိုးရုံဖြင့်၊ ငှက်တောင်မှာ၊ သူ့ နဖူးအား ထိုးဖောက် လာမည်ဟု၊ ခံစား လိုက်ရ သည်။
ထို့ကြောင့် လေးနက်သော ခြေလှမ်း ခုနစ် လှမ်းဖြင့်၊ ရှောင်နိုင် ခြင်းရှိ မရှိကို၊ အမြန် တွက်ဆ နေမိ၏။ ၎င်းမှာ မသေချာ ချေ။ သူ့တွင် (၅၀%) သာ ယုံကြည် ချက် ရှိပေသည်။
ဆိုလို သည်မှာ၊ သေလျှင် သေနိုင်၏။ ရှင်လျှင်လည်း ရှင်နိုင်၏။ ထိုတွက်ဆ ချက်ကြောင့်၊ နဖူးတွင် ချွေးများ ဖုံးလွှမ်း လာသည်။
ငွေရောင် ငှက်တောင်က ရုတ်တရက် တုန်ခါ အသက် ဝင်လာပြီး၊ ရှေ့သို့ ပြေးတက် လာသည်။ ချက်ချင်းပင် လင်းယွန်က ခြေတစ်လှမ်း နောက်ပြန် ဆုတ်ခွာ လိုက်ရ၏။
ဤသို့ဖြင့် ပျံသန်း နေသော ငှက်တောင်ကို စိုက်ကြည့် လျက်ဖြင့်၊ လျင်မြန်စွာ ဆုတ်ခွာ ပေးနေ ရသည်။
သိပ် မကြာခင် မှာပင်၊ မိုလင်း ရှေ့သို့ ပြန်လည် ရောက်ရှိ လာပြီး၊ စင်မြင့်ပေါ် နောက်ပြန် နင်းတက် လိုက်မိ တော့သည်။
“ ဒီဘက် လှည့် ပါဦး။ ”
မိုလင်းက လက်ဖက် ရည် တစ်ခွက်ကို၊ မော့သောက် နေလျက်ဖြင့် ဆိုသည်။
အောင့်သက်သက် အပြုံးကို ထုတ်ဖော်ကာ၊ လင်းယွန်က ပြန်လှည့် ကြည့်လိုက် ချိန်တွင်၊ ငွေရောင် ငှက်တောင်မှာ၊ လေထဲ ပျံဝဲလျက် လိုက်ပါ လာသည်။
“ ထိုင် ...”
မိုလင်းက ငှက်တောင်ကို မရုတ်သိမ်း ပေးဘဲ၊ အမိန့်ပေး လိုက်သည်။
လင်းယွန် ထိုင်ပြီး ချိန်ထိ စောင့်ကာ၊ လက်ကို ဝှေ့ယမ်း လိုက်သည်နှင့်၊ သူ့လက် ထဲသို့ ငွေရောင် ငှက်တောင်မှာ၊ ယပ်တောင် တစ်လက် သဏ္ဍာန်၊ မှော်ဆန်စွာ ပြောင်းလဲ ရောက်ရှိ သွား လေသည်။
“ အဲ့ဒါ ဘာလဲ။ ”
လင်းယွန်က စိတ်သက် သာရာ ရသွားပြီး၊ မေးလိုက်၏။
“ အဆင့်မြင့် စကြာ ဝဠာ လက်နက် တစ်ခုပါ၊ ဒါပေမယ့် ငါတို့ အမြင် အရတော့၊ ဝိညာဉ် ရေးရာ ဆရာ သခင် တွေသာ အသုံးပြု နိုင်တဲ့၊ ဝိညာဉ် ရေးရာ ရှေးဟောင်း ပစ္စည်း တစ်ခုပဲ၊ ... ”
“ ... ကျင့်ကြံ သူတွေက သူတို့ကို လျှို့ဝှက် လက်နက်လို့ ခေါ်ကြတယ်၊ ... ဒါပေမယ့် ဝိညာဉ် ရေးရာ ဆရာ သခင် တွေရဲ့ အမြင်မှာ၊ လျှို့ဝှက်ချက် ဆိုတာ မရှိဘူး။ ”
-ဟု မိုလင်းက ဆိုသည်။
အဆင့်မြင့် စကြာ ဝဠာ လက်ရာ တစ်ခုကို၊ ထိန်းချုပ် ခြင်းမှာ မိုလင်း အတွက် လွယ်ကူ လွန်းနေသည်။
ယင်းသည် တိမ်နဂါး အဆင့် သတ်မှတ် ချက်ရှိ၊ ဘီလူး တစ်ကောင်၏ စွမ်းအားများ ပင်လော။
မိုလင်းသာ ဆန္ဒ ရှိပါက၊ အတွေး တစ်ချက် ဖြင့်၊ သူ့အား သတ်နိုင်သည်။ သို့သော် ဤသို့ ရည်ရွယ်ပုံ မရ သောကြောင့်၊ အနည်းငယ် စိတ်အေး သွားလေသည်။
( အစ်မကြီး ... မင်းနှလုံး သားက၊ မင်းထက် ပိုလှ တာတော့ အမှန်ပဲ။ )
***