← Chapters

ဝိညာဉ် ရေးရာ ရူရ်များ လေ့ကျင့်ခြင်း။

Vol. 38 Ch. 520

ဝိညာဉ် ရေးရာ ရူရ်များ လေ့ကျင့်ခြင်း။

Vol. 38 Ch. 520

“ ဝိညာဉ် ရေးရာ ဆရာ သခင် တွေရဲ့ အမြင်မှာ၊ လျှို့ဝှက်ချက် ဆိုတာ မရှိဘူး။ ”

-ဟု မိုလင်းက ဆိုသည်။

အဆင့်မြင့် စကြာ ဝဠာ လက်ရာ တစ်ခုကို၊ ထိန်းချုပ် ခြင်းမှာ မိုလင်း အတွက် လွယ်ကူ လွန်းနေသည်။

မိုလင်းသာ ဆန္ဒ ရှိပါက၊ အတွေး တစ်ချက် ဖြင်ပင့်၊ သူ့အား သတ်ပစ် နိုင်သည်။ သို့သော် ဤသို့ ရည်ရွယ်ပုံ မရ သောကြောင့်၊ အနည်းငယ် စိတ်အေး သွားလေသည်။

“ ဒါကို ငါ ကြည့်လို့ ရမလား။ ”

“ ရ တာ ပေါ့။ ”

မိုလင်းက ငွေယပ်တောင်ကို ရက်ရက် ရောရောပင် ပေးအပ် လာ ခဲ့သည်။

ယပ်တောင်အား လှမ်းယူလိုက် ချိန်တွင်၊ မြင်သည် ထက် ပို၍ လေးနေကြောင်း၊ သိလိုက် ရသည်။

ဤရှေးဟောင်း ယပ်တောင်တွင် ငွေရောင် ငှက်တောင် သဏ္ဍာန်၊ ဓား (၃၆)လက် ပါရှိပြီး၊ တစ်လက် စီတွင် တူညီသော ရူရ် များ၊ ရေးထွင်း ထားသည်။

၎င်းမှာ ရိုးရှင်းပုံ ပေါက် သော်လည်း၊ အလွန် ပြေပြစ်၏။ မူလ စွမ်းအင်ကို ထည့်သွင်းရန် ကြိုးစား လိုက်သော အခါတွင်၊ အတွင်းမှ ကြောက်မက်ဖွယ် စွမ်းအင်ကို၊ နားမလည် နိုင်စွာ ခံစား လိုက်ရသည်။

၎င်းအား စွမ်းအား အပြည့် ထုတ်လွှတ် နိုင်သော်၊ ယင်-ယန် အဆင့်ရှိ ကျွမ်းကျင် သူကို၊ ဒဏ်ရာ ရစေ နိုင်သည်။

အဆင့်မြင့် စကြာ ဝဠာ လက်ရာ မျှသာ မကဘဲ၊ အထွတ် အထိပ် စကြာ ဝဠာ လက်ရာ တစ်ခုနှင့်၊ ယှဉ်နိုင်သည်။

ထို့ကြောင့် မိုလင်းက သူမ ဆန္ဒ အတိုင်း၊ ယင်းကို ထိန်းချုပ် နိုင်သည်မှာ၊ ထူးဆန်း နေ၏။

ကြက်သွေး မီးလျှံ စစ်ပွဲ အလံ ငယ်သည်၊ အလယ် အလတ် တန်းစား စကြာ ဝဠာ လက်ရာများ ထဲတွင်၊ အကောင်းဆုံး မျှသာ ဖြစ် သော်လည်း၊ ၎င်းကို သူ ထိန်းချုပ် နိုင်စွမ်း မရှိပေ။

“ ထူး ဆန်း တယ်။”

ထိုကြောင့် အံ့သြစွာ ရေရွတ် မိ၏။

“ အလယ် အလတ် ယန် အဆင့် မှာပဲ ရှိတဲ့၊ ငါက အဲဒါကို လွယ်လွယ်နဲ့ ထိန်းချုပ် နိုင်လို့၊ မင်း အံ့သြ နေတာလား၊ ရေှးဟောင်း စကြာဝဠာ လက်ရာ တွေကို၊ စကြာ ဝဠာ လက်နက်နဲ့၊ ရှေးဟောင်း လျှို့ဝှက် ပစ္စည်း ဆိုပြီး၊ ခွဲခြား ထားတယ်၊ ... ”

“ ... စကြာဝဠာ လက်နက် တွေကို၊ ကျင့်ကြံ သူတွေက လက်နက် အဖြစ်၊ အသုံး ပြုတယ်၊ လျှို့ဝှက် ပစ္စည်းတွေ ကိုတော့၊ ဝိညာဉ် ရေးရာ ဆရာ သခင် တွေက အသုံး ပြုတယ်။ ”

လင်းယွန် ကမ်းပေး လာသော ယပ်တောင်ကို၊ ပြန်ယူပြီး လက်ထဲ၌၊ လှည့်ပတ် ကစား လိုက်ကာ၊

“ ကျင့်ကြံသူ တွေက စကြာဝဠာ လက်နက် တွေကို၊ သဘာဝ အတိုင်း အလွယ် တကူ ထိန်းချုပ် နိုင်ပါတယ်၊ ဒါပေမယ့်၊ ဝိညာဉ် ရေးရာ လျှို့ဝှက် ပစ္စည်း တွေကို ထိန်းချုပ် ဖို့တော့၊ မလွယ် ကူဘူး၊ နှစ်ခု လုံးက စကြဝဠာ လက်ရာ တွေပဲ ဆိုပေမယ့်၊ ကွဲပြားတယ်။ ”

ရှေးဟောင်း လျှို့ဝှက် ပစ္စည်း များမှာ၊ ဝိညာဉ် ရေးရာ လျှို့ဝှက် ပစ္စည်း များဟု ဆိုပါက ...၊ နားခိုခြင်း ဘူးသီး ခြောက်ကို ရုတ်တရက် သတိရ သွားသည်။ ၎င်းကို သူ ထိန်းချုပ် မရပေ။

“ ဝိညာဉ် ရေးရာ ရူရ်တေွ အပေါ်၊ မင်းရဲ့ နားလည် မှုက မဆိုးဖူး ဆိုပေမယ့်၊ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် အဆင့် ရောက်ရင်တောင်၊ တံခါးဝ အဖြစ်သာ ယူဆ ကြတယ်၊ ... ”

“ ... တတိယတန်း ဆရာ သခင် အောက်မှာ ရှိတဲ့၊ လူတိုင်းက ဝိညာဉ် ရေးရာ ရူရ် တွေရဲ့ ကျက်သရေကို မထိန်း ချုပ်နိုင် သေးဘူး၊ မင်းက အရည် အချင်း ရှိပြီး၊ မင်းရဲ့ အခြေခံ အုတ်မြစ်က မဆိုး ပါဘူး၊ ... ”

“ ... နောက်ထပ် ဆယ့်ငါး ရက်လောက်၊ ငါ့ဆီ ကနေ သင်ယူ လိုက်ရင်၊ မင်း ... တတိယတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် ဖြစ်လာ နိုင်တယ်။ ”

မိုလင်းက လင်းယွန်အား တစ်ချက် ကြည့်ကာ၊ ဆိုသည်။

“ ငါတို့ရဲ့ ဝိညာဉ် ရေးရာ ရူရ်တွေ အတွက်၊ မင်းက အကယ် ဒမီကို လာခဲ့ပြီး၊ အခု ငါက မင်းကို သင်ပေးဖို့ ဆန္ဒ ရှိတယ်၊ ဘာလဲ ကြောက်နေ တာလား။ ”

မိုလင်းက မျက်ခုံး ပင့်ပြီး၊ စိန်ခေါ် နေချိန်တွင် သူမ၏ မျက်လုံး များ၌၊ အထင်အမြင် သေးခြင်း များဖြင့် ပြည့်နှက် လာလေသည်။

လှပသော အမျိုး သမီး တစ်ဦး၏၊ ငုံ့ကြည့် လာခြင်းကို၊ မည်သူမှ မခံယူ လိုပေ။ လင်းယွန်၏ နှလုံး ခုန်သံများ မြန်လာပြီး၊

“ မင်း နိုင်တာပဲ၊ ငြင်း နေစရာ အကြောင်း မရှိ ပါဘူး။ ”

“ ကောင်းပြီ၊ ငါမင်းကို နောက်ထပ် ဆယ့်ငါး ရက်လောက် သင်ပေးမယ်၊ ဒါပေမယ့် မင်းငါ့ကို အနိုင် မယူ နိုင်ရင်၊ ငါ လွှတ်ပေးမှာ မဟုတ်ဘူး။ ”

မိုလင်းက အေးစက်သော အမူ အရာဖြင့် ပြောလိုက် သည်။ သူမ လေသံမှာ လုံးဝ အလျော့ပေး မည့်ပုံ မရချေ။

ပင်လယ် ဓားပြများ ရှိရာ သင်္ဘော ပေါ်သို့၊ တက်ရောက် မိသလို ခံစား လိုက်ရ သဖြင့်၊ နှာခေါင်းကို ပွတ်သပ် လိုက်သည်။

သို့သော် သူ့ အနေဖြင့်၊ သွားရာ လမ်းရှိ ပြဿနာ များကို၊ ကိုင်တွယ် ဖြေရှင်း တက်သူ ဖြစ်သည်။ ထို့အပြင် သူ့ ကတိကို ပေးခဲ့ပြီး ဖြစ်သော ကြောင့်၊ ၎င်းအတွက် စိတ်မပူ တော့ချေ။

“ ငါတို့ ဘယ်ကနေ စကြ မှာလဲ။ ”

-ဟု မကြောက် မလန့် ပြန်မေး လိုက်သည်။

“ ဝိညာဉ် ရေးရာ ရူရ် နဲ့ပဲ၊ စကြ ရအောင်၊ မင်း ဆုပ်ကိုင် ထားတဲ့၊ ဒုတိယတန်း ဝိညာဉ် ရေးရာ ရူရ် တွေက အရမ်း နည်းနေ သေးတယ်၊ ... ”

“ ... ရွှေ၊ ထင်း၊ ရေ၊ မီး၊ မြေကြီး၊ ရေခဲ၊ မိုးကြိုး စတဲ့၊ တစ်ခုချင်း စီကို အနည်းဆုံး တစ်ရာလောက် ဆုပ်ကိုင် ထားဖို့ လိုတယ်၊ ... ”

“ ... အဲဒါ တွေကို ဖမ်းဆုပ်ပြီး၊ ပုံတူ ကူးယူ စရာ မလိုအောင် သန့်စင် နိုင်ရမယ်။ ”

လင်းယွန်ကို ကြည့်ပြီး၊ မိုလင်းက လေးနက်သော အသံဖြင့် ဆိုသည်။ ယင်းအပေါ် လင်းယွန်က၊ သိပ်အလေး ထားပုံ မရချေ။

သူ့တွင် ဓာတ်ပုံ ရိုက်ထား သကဲ့သို့၊ စွဲထင် နေသော မှတ်ဉာဏ် ရှိသည်။ တစ်ချက် ကြည့် ရုံဖြင့်၊ အရာ ရာကို ကူးယူ နိုင်၏။

သို့သော် သင်ကြားရေး စတင် လိုက်ချိန်တွင်၊ ကူကယ်ရာ မဲ့စွာဖြင့်၊ ပြုံးလိုက် ရတော့သည်။

ဒုတိယတန်း ဝိညာဉ် ရေးရာ ရူရ် များကို၊ တစ်မနက် တည်းနှင့်၊ အကြိမ် တစ်ရာ လေ့ကျင့်ရန် ခိုင်းစေ လာသည်။

ဆိုလို သည်မှာ ဝိညာဉ် ရေးရာ ရူရ်ပေါင်း၊ တစ်သောင်း တိတိ၊ ရေးဆွဲ ရမည်ဟု အဓိပ္ပါယ် ရလေသည်။ ၎င်းတို့ကို ရေးဆွဲ ရာ၌၊ အာရုံ အရမ်း စိုက်ရ၏။

နောက်ဆုံးတွင်၊ ဝိညာဉ် ရေးရာ ရူရ်များ ရေးထိုး ခြင်းသည်၊ သူ့အား ခေါင်းကိုက် စေ၏။

ရူရ် တစ်ခု စီသည်၊ သူ၏ စိတ် စွမ်းအင်ကို ကုန်ဆုံး စေမည် ဖြစ်ပြီး၊ တစ်သောင်း ရေးထိုး ခြင်းမှာ၊ ကြီးမားသော ‘ဝန်’ ဖြစ်လာသည်။

ရူရ် တစ်ရာခန့် ရေးဆွဲ ပြီးနောက်၊ သူ့ စိတ် ဝိညာဉ်များ ပေါက်ကွဲတော့ မတက်၊ ခံစား လိုက်ရ သည်။

မျက်ဝန်း များ ထဲရှိ သွေးကြောများ ပေါက်ထွက် လာပြီး၊ အမြင် အာရုံများ ဝေဝါး လာ၏။

စိတ်ရှုပ် ထွေးလာ သောကြောင့်၊ အမှား အယွင်း များစွာကို၊ ပြုလုပ် လာမိ တော့သည်။ ထို့ကြောင့် စုတ်ဖြဲ ထားသော ကင်းဗတ်စ များဖြင့်၊ ညတိမ်ယံ ခန်းမ တစ်ခုလုံး ရှုပ်ပွ ကုန်၏။

ခေါင်းမော့ကာ ခန်းမ အပြင် ဘက်ရှိ၊ နေရောင် ခြည်ကို လှမ်းကြည့် လိုက် ချိန်တွင်၊ မွန်လွဲချိန် ရောက်တော့မည် ဖြစ်ကြောင်း သတိပြု မိသည်။

မျက်လုံး များကို ပွတ်သတ်ကာ၊ ခဏမျှ အနား ယူခွင့် တောင်းဆိုရန်၊ မိုလင်းအား လည့်ကြည့် လိုက်သည်။

“ လူ တစ်ယောက်က၊ ဝိညာဉ် ရေးရာ ရူရ် တစ်သောင်းကို၊ တစ်မနက် တည်းနဲ့ ဆွဲနိုင် ပါ့မလား။ ”

“ အင်း ... ဆွဲ နိုင်တယ် ။ ”

မိုလင်းက တည်ငြိမ်စွာ ပြန်ဖြေသည်။ ပြီးနောက် လင်းယွန်ကို တစ်ချက် ကြည့်ကာ၊ မျက်နှာ လွှဲလိုက်ပြီး၊

“ ဝိညာဉ် ရေးရာ ရူရ် တွေမှာ၊ မင်းရဲ့ အရည် အချင်းက ငါထင်ထား သလောက် ကြီးကျယ် ခမ်းနားပုံ မပေါ်ဘူး၊ ... ”

“ ... ရူရ်ပေါင်း (၁၅၀၀) လောက်ပဲ ဆွဲနိုင် ခဲ့တယ်၊ အဲဒီ အထဲမှာ သုံးပုံ တစ်ပုံက အရိုင်းဆန် နေတုန်းပဲ၊ အတိ အကျ ပြောရရင် မင်းက (၈၀၀)ပဲ ရေးနိုင်တယ်။ ”

လင်းယွန်က သူ့ 'လက်ရာ' များကို ကြည့်ပြီး၊ မိုလင်း စကားများ အပေါ်၊ ပြန်လည် မချေပ နိုင်ချေ။ ရူရ် တော်တော် များများက၊ အဆင် မပြေ သည်ကို၊ သူ သိသည်။

“ မင်း အခု ပြန်လို့ ရပြီ၊ မနက် ဖြန်မှာ တိုးတက်မှု မရှိရင်၊ ပြန် စဉ်းစားမယ်။ ”

“ ဘာကို ပြန် စဉ်းစား မှာလဲ။ ”

“ လူရွေး မှားလား၊ မမှားလား ကိုပေါ့၊ အမှန်တော့၊ လူတိုင်းက ငါ့ရဲ့ လမ်းညွှန်မှုနဲ့ မထိုက် တန် လှဘူး။ ”

မိုလင်းက လျစ်လျူရှု ဟန်ဖြင့် ဆိုသည်။ သူမ အမူ အရာကြောင့်၊ လင်းယွန်၏ နှလုံးသား ထဲတွင်၊ ဒေါသ အငွေ့ အသက်များ ထွက်ပေါ် လာသည်။

သူမအား သွန်သင် ပေးရန်၊ သူက တောင်းဆို ခဲ့ခြင်း မဟုတ် သော်လည်း၊ ယင်းသို့ ဆိုနေ၏။

လိမ်ပြော နေမှန်း သိသော် လည်း၊ သူ့ မာနက လက်မခံ နိုင်ပေ။ တိတ်ဆိတ် စွာဖြင့်၊ လှည့်ထွက်လာ ခဲ့သည်။

သူထွက် သွားပြီး သိပ်မကြာ ခင် မှာပင်၊ အကြီး အကဲ ယုမူ တစ်ယောက်၊ ရုတ်တရက် ထွက်ပေါ် လာ၏။

ကြမ်းပြင် ပေါ်ရှိ၊ ဝိညာဉ် ရေးရာ ရူရ် များကို ကြည့်ကာ၊ သက်ပြင်းချ လိုက်ပြီး၊

“ တစ်မနက် ထဲနဲ့၊ ဝိညာဉ် ရေးရာ ရူရ် ပေါင်း (၁၅၀၀)ကို ပြီးမြောက် ခဲ့တယ်၊ သူက တကယ့် ဘီလူး တစ်ကောင်ပဲ။ ”

မိုလင်းက ခေါင်းညိတ် လိုက်ပြီး၊ ကြမ်းပြင် ပေါ်ရှိ ကင်းဗတ်စ များကို ကောက်ယူ လိုက်သည်။

“ ဒါက သူ့ ကန့်သတ်ချက် မဟုတ် သေးဘူး၊ အစပဲ ရှိသေးတယ်။ ”

“ မိုလင်း၊ မင်း နည်းနည်းတော့၊ ဆန္ဒစော နေတယ်လို့ မထင် ဖူးလား။ ”

အကြီး အကဲ ယုက မျက်မှောင် ကြုတ်ကာ၊ ဆိုလိုက် သည်။ တစ်မနက် တည်းဖြင့်၊ ရူရ်ပေါင်း တစ်သောင်း ရေးဆွဲ ခိုင်းခြင်း မျိုးမှာ၊ မည်မျှ ကြောက်စရာ ကောင်းသည်ကို၊ သူ သိ လေသည်။

သာမာန် တတိယတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် တစ်ယောက် ပင်လျှင်၊ လုပ်နိုင်မည် မဟုတ်ပေ။

“ အဲ့ဒီ လိုမှ မဟုတ်ရင်၊ သူ့ကို တတိယတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် ဖြစ်အောင် ဘယ်လို လုပ်ရ မလဲ၊ သူရဲ့ အခြေခံ အုတ်မြစ်က နိမ့်လွန်းတယ်၊ ... ”

“ ... တတိယတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် ဖြစ်လာဖို့ ဆိုတာ မလွယ်ဘူး၊ ဒါကြောင့် သူ့ကို အတင်း အကြပ် ဖိအား ပေးနိုင်ဖို့ အတွက်၊ ဒီလို ရက်စက်တဲ့ နည်းလမ်း ကိုပဲ သုံးလို့ ရမယ်။ ”

- ဟု မိုလင်းက တည်ငြိမ်စွာ ဆိုသည်။

အကြီးအကဲ ယုမူက ယင်း အကြောင်းကို အနည်းငယ် စဉ်းစား လိုက်ကာ၊ မိုလင်း ပြောသည့် စကားမှာ၊ အဓိပ္ပာယ် ရှိသောကြောင့် ငြိမ်သက် သွားရ သည်။

အခြား တစ်ဖက်တွင် စိတ်ဝိညာဉ် တောင်ကုန်းသို့၊ ပြန်ရာ လမ်း တစ်လျှောက် ခေါင်းကိုက် ခြင်းကြောင့်၊ လင်းယွန်မှာ ယိမ်းထိုး နေခဲ့သည်။

နေအိမ်သို့ ရောက် သည်နှင့်၊ စိတ်ကို လွှတ်ချ လိုက်ရာ၊ မေ့လဲ သွား တော့ ၏။

အချိန် အတော်ကြာ ပြီးနောက်၊ အနည်းငယ် သတိ ပြန်ဝင် လာပြီး၊ ဝိညာည် စုစည်းခြင်း အစီရင် ရှိရာသို့၊ ကုန်းရုန်း တွားသွား လိုက်သည်။

နောက်တစက္ကန့်တွင်၊ ပတ်ဝန်း ကျင်မှ ဝိညာဉ် စွမ်းအင်များ သူ့ ဆီ စီးဝင်လာ သဖြင့် ခရမ်းရောင် ပန်းက အရူးအမူး စုပ်ယူ လာတော့သည်။

များမကြာမီ ယိမ်းထိုး နေသော ခန္ဓာကိုယ် တစ်ခုလုံး ငြိမ်သက် သွား၏။

ဝိညာဉ် ရေးရာ ရူရ်ပေါင်း တစ်ထောင်ကျော် ရေးဆွဲ ခြင်းဖြင့်၊ သူ့ကိုယ်သူ ကန့်သတ် ချက်သို့ တွန်းပို့ နိုင်ခဲ့သည်။

သို့သော်၊ အခြား တစ်ဖက်တွင် သူ၏ ကျင့်ကြံမှုက၊ ပုံမှန်ထက် များစွာ တိုးတက် လာခဲ့သည်။ ယင်းမှာ အံ့သြ စရာ၊ ကောင်းလှ ပေ၏။

များမကြာမီ ပတ်ဝန်း ကျင်မှ ဝိညာဉ် စွမ်းအင်များ စီးဝင် လာသော ကြောင့်၊ သူ့စိတ် ဝိညာဉ်တွင် စွမ်းအင်များ တရိပ်ရိပ် တိုးလာ သည်။

ဓားသုတ္တန်ကို ဆယ်ကြိမ်ခန့် ဖြန့်ကျက် ပြီးနောက်၊ စိတ် စွမ်းအင်မှာ၊ အထွတ် အထိပ်သို့ ပြန်လည် ရောက်ရှိ သွား၏။

မျက်လုံးများ ဖွင့်ကြည့် လိုက် သည်နှင့်၊ အားအင်များ ပြည့်နှက် လာသည်ကို၊ ခံစား လိုက်ရသည်။

“ စိတ်ဝင် စားဖို့ ကောင်းတယ်၊ ဝိညာဉ် ရေးရာ ရူရ် ရေးထိုး တာက၊ ငါ့ရဲ့ စိတ် စွမ်းအင်ကို တိုးပွား လာစေပုံ ရတယ်။ ”

စိတ်စွမ်းအင်မှာ၊ မူလ စွမ်းအင်နှင့် မတူဘဲ၊ ၎င်းကို မမြင် နိုင်ပေ။ သို့သော် သူ့စိတ် စွမ်း အင်များ၊ အားကောင်း လာနေ ပြီကို သူ ခံစား နိုင်သည်။

ပြတင်း ပေါက်သို့ အရုဏ်ဦး ရောင်ခြည်များ ဝင်ရောက် လာချိန်တွင်၊ ကျင့်ကြံမှုကို ရပ်နား လိုက် ချိန်၌၊ မိုလင်း၏ အကြည့်အား ပြန်လည် သတိ ရလာ မိသည်။

“ ဒီနေ့တော့ ရူရ် နှစ်ထောင် လောက် ရေးထိုး ရမယ်၊ အဲဒီ အချိန် ကျရင်၊ ဒီ အမျိုး သမီး ဘယ်လို ဖြစ်သွား မလဲ၊ ကြည့်ရ သေးတာပေါ့။ ”

သူက ဓားသမား တစ်ယောက် ဖြစ်သော် လည်း၊ မာနကြီး သူလည်း ဖြစ်သည်။ နောက်ဆုံးတွင် မောင်းထုတ်ခံ ရသည် ဟူသော ရလာဒ်မှာ၊ ရှက်စရာ ကောင်းလွန်း လေသည်။

***

All Chapters