လျင်မြန်သော တိုးတက် မှုများ။
Vol. 38 Ch. 521
နောက်ထပ် ရက် အနည်းငယ် အကြာတွင်၊ မိုလင်း၏ သင်ကြားရေး နည်းဖြင့်၊ တဖြည်းဖြည်း ကျင့်သား ရလာပြီး၊ အံ့သြ စရာ ကောင်းလောက်အောင် စိတ် ဝိညာဉ်မှာ၊ ငြိမ်သက် သွားခဲ့သည်။
သုံးရက် ကုန်လွန် ပြီးနောက်၊ တစ်မနက် တည်းဖြင့်၊ ဝိညာဉ် ရေးရာ ရူရ်ပေါင်း သုံးထောင်ကို ရေးထိုး လာနိုင်သည် အထိ တိုးတက် လာ၏။
တစ်ချိန်တည်း မှာပင် သူ၏ စိတ်စွမ်းအင် များသည်လည်း၊ နေ့စဉ်နှင့် အမျှ တိုးတက်လာ လေသည်။
သို့သော် ထိုသို့သော အောင်မြင်များ ရရှိရန်၊ လေ့ကျင့် ရာတွင်၊ ရုပ်ပိုင်း ဆိုင်ရာ ပင်ပန်း နွမ်းနယ် ရုံသာ မက၊ စိတ်ပိုင်း ဆိုင်ရာ ကိုပင်၊ ပန်းလာ စေ၏။
နာကျင် မှုကြောင့် ခေါင်းကို ရိုက်ခွဲ ပစ်ချင် စိတ်များ၊ ဝင်ရောက် လာတက်သည်။
အကြိမ်ပေါင်း များစွာ လက်လျော့ရန် စဉ်းစားမိ သော်လည်း၊ မိုလင်း၏ မျက်လုံး များတွင်၊ အထင် အမြင် သေးခြင်းကို မြင်သည့် အခါ တိုင်း၌၊ အံကြိတ်ကာ ဆက်သွား နေမိသည်။
မည်သို့ပင် ဆိုစေ ကာမူ၊ ကျင့်ကြံ မှု၌၊ များစွာ အကျိုး ကျေးဇူး ရရှိ ခဲ့သည်။ မိုလင်း၏ သင်ကြား မှုသည်၊ ရူရ် များ အပေါ်၊ သူ့ အမြင်အား ချဲ့ထွင် ပေးပေသည်။
ဓားနန်းတော်တွင် ရှိစဉ်၌၊ ဆေးလုံးများ သန့်စင် ခြင်းနှင့်၊ အစီရင်များ ခင်းကျင်းခြင်း၊ စသည့် နေရာများ တွင်သာ၊ ရူရ် များကို အသုံး ပြုကြောင်း သိရှိ ထားသည်။
ဝိညာဉ် ရေးရာ ရူရ်များ၊ အသုံး ဝင်ပုံ အများကြီး ရှိသည်အား၊ သူ မသိ ခဲ့ချေ။
၎င်းတို့မှာ ရှေးဟောင်း ပစ္စည်းများ သန့်စင်ခြင်း၊ အစီရင်များ ခင်းကျင်းခြင်း၊ ဆေးလုံးများ သန့်စင်ခြင်း၊ တိုက်ခိုက်ရေး ပန်းချီ ကားများ ဖွဲ့စည်း ခြင်းနှင့်၊ ယန္တရား ရုပ်သေး ရုပ်များ ဖန်တီးခြင်း၊ စသည်တို့ ဖြစ်သည်။
ဝိညာဉ် ရေးရာ ရူရ် များမှာ၊ ကျင့်ကြံခြင်း လောကသို့၊ ထောင့်တိုင်းမှ စိမ့်ဝင် နေကြောင်း သက်သေပြ နေ၏။
တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်လာ ပါက၊ နှင်းဆီ ပန်းချီကား၏ လျှို့ဝှက်ချက် များကို၊ ရှာဖွေ နိုင်မည်ဟု ထင်သည်။
ဤမျှော်လင့် ချက်သည် သူ့အား တွန်းအား ဖြစ်လာ စေ၏။ ဒုတိယတန်း ဝိညာဉ် ရေးရာ၊ ရူရ်များ အပေါ်၊ ပို၍ ဆုပ်ကိုင် လာနိုင် သည်နှင့် အမျှ၊ နားလည် မှုမှာ၊ တဖြည်းဖြည်း ဖွံ့ဖြိုးလာ ခဲ့သည်။
ဝိညာဉ် ရေးရာ၊ ဆရာ သခင် များက၊ ရူရ်များ ရေးဆွဲ နေခြင်းမှာ၊ ကျင့်ကြံ သူများ နည်းစနစ် များကို လေ့ကျင့်ခြင်း နှင့် တူ၏။
ထို့ကြောင့် ဤပညာ ရပ်တွင်၊ နက်နဲစွာ နားလည် သဘော ပေါက်သွား ပါက၊ ပြီးပြည့် စုံသော ကျွမ်းကျင် မှုကို၊ ရရှိ စေမည် ဖြစ်သည်။
အကယ်၍ ဝိညာဉ် ရေးရာ ပန်းချီ ကားတွင်၊ အလားတူ အောင်မြင်မှု များ၊ လုပ်ဆောင် နိုင် ပါလျှင်၊ သူ၏ ခွန်အားကို များစွာ မြှင့်တင် နိုင်ပေမည်။
သိုင်းနည်း စနစ်များ ကဲ့သို့ပင်၊ ၎င်းတို့ကို သရုပ် ဖော်ခြင်း အဆင့်ထိ၊ တက်လှမ်း နိုင်မည်ဟု သူထင် သည်။
မိုလင်းကို ထိုအကြောင်းအား ပြောပြလိုက် ရာတွင်၊ သူမ၏ မျက်လုံး များ၌ အလင်း ရောင်များ တောက်ပ လာပြီး၊
“ ဒါကြောင့် မင်း အရင်က၊ မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီ ထဲကို၊ လေရူရ် ပေါင်းထည့် လိုက် တာလား။ ”
“ အဲ့ဒီလို ချည်ပဲတော့ မဟုတ် ပါဘူး၊ စိတ်ထဲမှာ ပန်းချီ ကားက၊ အားနည်း နေတယ် လို့ပဲ၊ ခံစား မိတဲ့ အတွက်၊ ပြီးအောင် ပြင်ချင်ရုံ လေးပါပဲ။ ”
လင်းယွန်က ပြုံးကာ ပြန်ဖြေသည်။ သူက မိုလင်းကို ကြည့်ပြီး ဆက်ရှင်းပြ လိုက်၏။
“ သရုပ်ဖော် အဆင့် ဆိုတာ၊ ကိုယ်ပိုင် နားလည် မှုကို၊ အဲဒီထဲ ပေါင်းထည့် ခြင်းပဲ၊ ဥပမာ ... မီးမြစ် နေရာမှာ၊ ငါ့ရဲ့ ဓားကို ရေးခြစ် ရမယ်၊ ဒါမှ မဟုတ် ပန်းချီကား ထဲမှာ၊ သိုင်းနည်း စနစ်တွေ ပေါင်းစပ်ပြီး၊ အဲဒါကို ငါ့ဓား အဖြစ် သန့်စင် လိုက်တာမျိုး ... ။ ”
ဤကဲ့သို့ ရဲရင့်သော အတွေး မျိုးကို၊ ပထမဆုံး အကြိမ် ကြားလိုက် ရခြင်း ဖြစ်သော ကြောင့်၊ မိုလင်းက အံ့ဩ သွားသည်။
အချိန် အတော်ကြာ ငြိမ်သက် နေ ပြီးနောက်၊ “ မင်းက ဓားသမား တစ်ယောက် ပီပီ၊ ဓားအပေါ် အရမ်း စွဲလန်း နေတာပဲ၊ ” ဟု၊ မှတ်ချက် ပြုလိုက်သည်။
မိုလင်း၏ အမြင်ကို လင်းယွန်က အပြုံး ဖြင့်သာ တုန့်ပြန် လိုက်သည်။ သူမ မမှားပေ။
ဝိညာဉ် ရေးရာ ရူရ်များ မည်မျှပင် သန်မာ လှ သော်လည်း၊ သူက ဓားသမား တစ်ဦးသာ ဖြစ်လေ သည်။
နောက်ဆုံးတွင် ဓားဖြင့်သာ အရာရာကို၊ အနိုင် ယူရန် ဆန္ဒ ရှိချေသည်။
မိုလင်းက လင်းယွန် ပေါ်ရှိ၊ အကြည့်ကို ပြန်ရုတ် လိုက်ပြီး၊
“ တကယ်တော့၊ မင်းက တတိယတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် ဖြစ်လာ ပြီးရင်၊ အသွင် ပြောင်းသွား လိမ့်မယ်၊ ... ”
“ ... အဲဒီ နောက်ပိုင်းမှာ လူအများ စုက၊ မင်းရဲ့ ကျင့်ကြံ မှုကို နားမလည် နိုင်တော့ဘူး၊ မင်းသာ စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာ ဖြစ်လာ ခဲ့ရင်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်က ကျွမ်းကျင်သူ တစ်ဦးနဲ့ ယှဉ်နိုင် လိမ့်မယ်၊ ... ”
“ ... စတုတ္ထ တန်းကို ကျော်လွန် ပြီးရင်တော့၊ ဒီကမ္ဘာ ကြီးကို ဖျက်ဆီး နိုင်တဲ့၊ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာပြီ။ ”
( စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာ သခင်က၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူကို ယှဉ်နိုင် တယ်လား။ )
မိုလင်း၏ စကား များကို ကြား ပြီးနောက်၊ လင်းယွန် တစ်ယောက် မှင်တက် သွားသည်။
သို့သော် ဝိညာဉ် ရေးရာ သခင် ဆရာ အဖြစ်၊ ဘဝအား အပြည့် အဝ မမြှုပ်နှံ နိုင်ကြောင်းကို၊ သူ သိသည်။ သူမ ထံ၌ မခံချင် စိတ်ကြောင့်သာ၊ သင်ယူ နေမိခြင်း ဖြစ်၏။
“ လင်ယွန်၊ မင်း ငါ့ဆီက သင်ယူ နေတာ၊ ဒီနေ့ဆို ဆယ်ရက် ပြည့်ပြီ။ ”
မိုလင်းက လင်းယွန်ကို ပြန်ကြည့်ကာ ဆိုသည်။
“ အင် ... ဆယ်ရက်ဆိုတဲ့ အချိန်က၊ မျက်စိ တစ်မှိတ် အတွင်း မှာပဲ၊ ကုန်သွားတယ်။ ”
ရုတ်တရက် လင်းယွန်က လက်များကို ဝေ့ရမ်း လိုက်ရာ၊ ဒုတိယတန်း ဝိညာဉ် ရေးရာ ရူရ်များ၊ သူ့ ပတ်ဝန်း ကျင်၌ ထွက်ပေါ် လာတော့၏။
“ အခု မင်းက ဒုတိယတန်း ရူရ် ရှစ်ရာ နီးပါးကို၊ ဆုပ်ကိုင် ထားပြီးပြီ၊ ဒီနေ့ မင်းကို ဝိညာဉ် ရေးရာ ပန်းချီကား တွေနဲ့၊ တိုက်ခိုက် နည်း ငါသင် ပေးမယ်။ ”
လေထု ထဲရှိ ရူရ် များကို မြင်သော အခါ၊ မိုလင်း တစ်ယောက် ထိတ်လန့်သွား သော်လည်း၊ သူမ မျက်နှာတွင် ပြောင်းလဲမှု တစ်စုံ တစ်ရာ မရှိ ခဲ့ပေ။
“ နောက်ဆုံးတော့ ငါတို့ စကြ ပြီပေါ့။ ”
လင်းယွန်က ပြုံးကာ ခေါင်းညိတ် လိုက်သည်။ လွန်ခဲ့သည့် ဆယ်ရက် လုံးလုံး၊ ညှဉ်းပန်း နှိပ်စက် ခံခဲ့ ရသော်လည်း၊ အဆုံး၌ ကောင်းမွန်သော အရာများ ဆီသို့၊ ရောက်ရှိ လာလေပြီ။
ထို့နောက်တွင်၊ ဝိညာဉ် ရေးရာ ရူရ် များဖြင့်၊ ရန်သူ များအား မည်သို့ ရင်ဆိုင် ရမည်ကို၊ လက်တွေ့ သင်ယူရန်၊ ဆန္ဒ ပြင်းပြ လာတော့ ၏။
အထူး အဖြင့် မိုးလင်း ထံမှ၊ သင်ယူ ရမည် ဖြစ်လေရာ၊ ပို၍ စိတ်ဝင် စားဖွယ် ကောင်းနိုင် ချေသည်။
“ အရင်ဆုံး မင်းကို တံဆိပ် တစ်ခု သင်ပေးမယ်၊ ဒီတံဆိပ်က အလွန် ရှေးကျပြီး ရှေးခေတ်က ဆင်းသက် လာခဲ့ တာပဲ။ ”
တံဆိပ် တစ်ခု ဖန်တီးရန်၊ သူမ၏ လက်များကို တွဲယှက် လိုက်ပြီးနောက်၊ လင်းယွန် ရှေ့တွင် ထိုင်ချ လိုက်သည်။
လက်ချောင်းများ လှုပ်ရှား လာသည်နှင့် အမျှ၊ သူမ၏ အရှိန် အဝါ သည်လည်း၊ မြင့်တက် လာ၏။
( ကောင်းကင်ဘုံ လျှို့ဝှက် တံဆိပ်။ )
ထိုအရာကို မြင်သော အခါ၊ လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။ ဤသည်မှာ ချင်ဇီအန် မှတ်တမ်းတွင် ပါရှိသော တံဆိပ် တစ်ခု ဖြစ်သည်။
သူ့ မှန်းဆချက် များ ကဲ့သို့ပင်၊ ဝိညာဉ် ရေးရာ ပန်းချီကား ချပ်များ အသုံးပြု ပုံမှာ၊ တစ်ချိန်က သူ အသုံးပြု ပုံနှင့်၊ အနည်းငယ် တူညီ နေပေသည်။
ထို့ကြောင့် မိုလင်း နှင့်အတူ၊ အလားတူ တံဆိပ် တစ်ခုအား စတင် ဖွဲ့စည်း မိသည်။ ယင်းက မိုလင်းကို အံ့အားသင့် လာစေပြီး၊ တံဆိပ် ဖန်တီးခြင်း လုပ်ငန်း စဉ်အား၊ ပို၍ အရှိန် မြှင့်တင် မိစေ၏။
တစ်ချိန်တည်း မှာပင် သူမ၏ အသွင် အပြင် သည်လည်း တိုးကာ၊ ခံ့ငြား လာသည်။
သူတို့ နှစ်ယောက်သား၊ ကောင်းကင်ဘုံ လျှို့ဝှက် တံဆိပ်ကို ပြီးမြောက်သော အချိန် တွင်၊ ဝိညာဉ် ရေးရာ ပုံကြမ်း တစ်ခု၊ ဦးစွာ ဖြစ်ပေါ် လာသည်။
မဟာချင် အင်ပါယာတွင်၊ လင်းယွန် သင်ယူ ခဲ့သော ‘ကျား လက်သည်း’ ပန်းချီ ကားက၊ မိုလင်း၏ ‘မိစ္ဆာ တောင်တန်းနှင့် ငရဲမြစ်’ ပန်းချီ ကားထက်၊ အနည်ငယ် နောက်ကျပြီး၊ ထွက်ပေါ် လာ၏။
မိစ္ဆာ တောင်တန်းနှင့် ငရဲမြစ် ပန်းချီ ကားချင်း တူသော်လည်း၊ မိုလင်း၏ ပန်းချီမှာ၊ ဂူတန်းထက် များစွာ အားကောင်း လေသည်။
မီးလျှံများ ဆီမှ ကမ္ဘာ မြေကြီး အက်ကွဲ လာ သကဲ့သို့၊ ဖျစ်ဖျစ် မြည်သံ များပင် ကြားနေ ရသည်။
ဝိညာဉ် ရေးရာ ပုံကြမ်း နှစ်ခု၊ ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ လင်းယွန်မှာ နောက်သို့ လွင့်စင် သွားလေသည်။
လျှံညီးသော မီးလျှံ များကြောင့်၊ ကျား လက်သည်း ကြီးမှာ၊ ကြေမွ သွားရ လေသည်။
၎င်းမှာ အဆုံးသတ် မဟုတ် သေးဘဲ၊ မီးလျှံ များက လင်းယွန် ဆီသို့၊ ဆက်လက် တိုးဝင် လာခဲ့ သည်။
ကျား လက်သည်း ကြီးကို ဖျက်ဆီး ပြီး နောက်တွင်၊ မီးလျှံ များက အားနည်း သွားသော် လည်း၊ ကြောက်မက်ဖွယ် ကောင်းနေ ပေသေး သည်။
သို့သော် ဤမြင်ကွင်းကို မြင်သည်နှင့်၊ လင်းယွန်က ပြုံးလိုက်သည်။ မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ဒုတိယတန်း ရူရ်ပေါင်း တစ်ရာ ကျော်ကို၊ လေထဲ၌ ရေးဆွဲ လိုက်၏။
ရုတ်ချည်းပင် မီးဝိညာဉ် ရူရ်များ ထွက်ပေါ် လာပြီး၊ မီးလျှံများ စီးဆင်း နေသော မြစ်ကြီး တစ်စင်း အဖြစ်၊ အတူ တကွ ချိတ်ဆက် လာ တော့သည်။
“ မိစ္ဆာ တောင်တန်းနှင့် ငရဲမြစ်။ ”
ကောင်းကင်ဘုံ လျှို့ဝှက် တံဆိပ်ကို ထုတ်ဖော် လိုက် ချိန်တွင်၊ ငရဲမြစ် ကြီးမှာ ထိန်းချုပ် ခံလိုက် သကဲ့သို့ ရုန်းကြွ လာပြီး၊ ပွက်ပွက် ဆူလာ တော့သည်။
ဤသည်မှာ လက်ရှိ ခွန်အား အရ၊ လင်းယွန် ဖန်တီး နိုင်သော ကန့်သတ်ချက် ဖြစ်သည်။ နဖူးတွင် ချွေးသီးများ ဖုံးလွှမ်း နေသဖြင့်၊ ပြင်းစွာ အားထုတ် ခဲ့ရကြောင်း ထင်ရှား ပေသည်။
ထို့နောက် အသစ် ဖြစ်ပေါ် လာသော၊ မိစ္ဆာ တောင်တန်းနှင့် ငရဲမြစ် ပန်းချီ ကားက၊ ရက်စက် ကြမ်းကြုတ်သော သားရဲကြီး တစ်ကောင် ကဲ့သို့၊ မိုလင်း၏ မီးလျှံ များကို တွန်းထုတ် ပစ်လိုက် တော့သည်။
မိုလင်း၏ ပန်းချီ ကားမှာ အနည်းငယ် တောင့်ခံ နေပြီးနောက်၊ ပြိုကွဲ သွားရ၏။ တစ်ဆက်တည်း မှာပင် မိစ္ဆာ တောင်တန်းနှင့် ငရဲမြစ် ပန်းချီ ကားက၊ သူမအား ဝါးမြို ချင်ဟန်၊ ဆက်လက် တိုးဝင် လာသည်။
သို့သော် မိုလင်းက ယပ်တောင်ကို ထုတ်ယူပြီး၊ ဖြန့်ကာ ရိုက်ချ လိုက်သည်။
မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ်အား ဖြိုခွင်း နိုင်သော၊ လေ အေးများ ထွက်ပေါ် လာတော့ သည်။
သို့သော် ထိုတိုက်ပွဲ၏ သက်ရောက်မှု လှိုင်းများက၊ သူမကို နောက်ဆုတ် ခိုင်းနေဆဲ ပေပင်။
နှစ်ယောက်သား စင်မြင့် ပေါ်မှ၊ လွင့်ထွက် သွားပြီး၊ မောပန်းစွာ အသက်ရှူ လိုက်ရသည်။
“ မင်းက ငါထင် ထားတဲ့ အတိုင်း၊ တကယ့်ကို ကြိုးစား ခဲ့ တာပဲ။ ”
မိုလင်းက လင်းယွန်ကို ကြည့်ကာ၊ လေးလေး နက်နက် ဆိုသည်။ မိစ္ဆာ တောင်တန်းနှင့် ငရဲမြစ် ပန်းချီကို၊ ဤမျှ မြန်မြန် ထုတ်ဖော် နိုင်ခြင်းမှာ၊ လေ့ကျင့်ရည် ပြည့်ဝ နေပြီဟု အဓိပ္ပါယ် ရပေသည်။
လက်ရှိ ပန်းချီကား ဖြင့်ပင်၊ အလယ် အလတ် ယင် အဆင့်ရှိ၊ တစ်စုံ တစ်ယောက်မှ၊ လင်းယွန်အား အန္တရာယ် မပေး နိုင်တော့ခေျ။
“ ဒါနဲ့ မင်းက ကောင်းကင်ဘုံ လျှို့ဝှက် တံဆိပ်ကို ဘယ်တုန်းက လေ့လာ ခဲ့တာလဲ။ ”
“ အကယ် ဒမီကို မဝင် ခင်ထဲက၊ ငါ ကံကောင်းပြီး ဆုပ်ကိုင် နိုင်ခဲ့ တာပါ။ ”
မိုလင်း၏ ခန့်မှန်း အတွေးက၊ မှန်ကန် သွား ခဲ့သည်။ လင်းယွန်သာ ကံကောင်းသော တွေ့ဆုံ မှုမျိုး မရှိခဲ့ ပါက၊ သူမ၏ မြင့်မြတ်သော စွမ်းရည်မှာ၊ အဓိပ္ပါယ်မဲ့ သွားပေ လိမ့်မည်။
“ ဒါဆို မနက်ဖြန် အတွက်၊ မင်း အနား ယူနိုင် ပါတယ်။ ”
“ တစ်ရက် အနား ပေးတာလား။ ”
မိုလင်း သင်ကြား ပေးမည့် အချိန်အား၊ စိတ်စော နေမိ သောကြောင့်၊ လင်းယွန်က မျက်ခုံး ပင့်ကာ ပြန်မေး လိုက်မိသည်။
“ မင်းရဲ့ တိုးတက် မှုက ငါထင်ထား တာထက် ပိုမြန်တယ်၊ အခု မင်းက အခြေခံကို ကျော်နိုင် ခဲ့ပြီ။ ”
ခေါင်းညိတ် လျက်ဖြင့်၊ မိုလင်းက အမှန် အတိုင်း ဆိုလာသည်။ လင်းယွန်သာ ပြင်းပြင်း ထန်ထန် မလေ့ကျင့် ခဲ့ ပါလျှင်၊ ရူရ် များကို ဤမျှ လွယ်လွယ်၊ ဖန်တီး နိုင်မည် မဟုတ်ပေ။
သို့သော် လင်းယွန်က ရုတ်တရက် တစ်ခု ခုကို တွေးမိ သွားပြီး၊
“ ငါ့ရဲ့ တိုးတက် မှုက မြန်တယ်လို့ မင်း ပြောချင် တာလား၊ ဒါပေမယ့် အရင်ကပြောခဲ့တာ အဲ့လို မဟုတ် ပါဘူး။ ”
လွန်ခဲ့သော ဆယ်ရက် ခန့်က မိုလင်း၏ လေသံမှာ၊ အထင် အမြင် သေးသော အမြင်များ ပြည့်နှက် နေပေသည်။
“ ငါ လိမ်ခဲ့တာ၊ တစ်မနက် တည်းနဲ့ ရူရ် တစ်သောင်းကို၊ ဘယ်လို ငရဲသား မျိုးက ရေးထိုး နိုင်မှာလဲ။ ”
ပြန်လှည့် သွားသော သူမ နှုတ်ခမ်း ထောင့်စွန်းတွင်၊ ရယ်မော လိုသော အပြုံးကို လှစ်ခနဲ လှမ်းမြင် လိုက်ရသည်။
“ ဒါက ငါ့ရဲ့ အဖြူရောင် ကေျာက်စိမ်း တံဆိပ် ပြားပဲ၊ ဒီတံဆိပ်နဲ့ အချို့သော နေရာ တွေကို ဝင်ရောက် နိုင်တယ်၊ မနက်ဖြန် သုံးဖို့ အတွက်၊ မင်းရဲ့ ဆုလာဘ် အဖြစ် မှတ်ယူပါ။ ”
လက်ခံ ယူလိုက် သည်နှင့်၊ အဖြူရောင် တံဆိပ်ပြား ထံမှ၊ အေးစက်သော အငွေ့ အသက်များ၊ ချက်ချင်း စီးဝင် လာ လေသည်။
တံဆိပ် ပြားတွင် မိုလင်း အမည်ကို၊ သေသပ်စွာ ရေးထိုး ထား၏။ လင်းယွန်က ခေါင်းပြန် မော့ကြည့် လိုက်သော အခါတွင်၊ မိုလင်းမှာ ရှိမနေ တော့ချေ။
အမာခံ တပည့်များ အတွက်သာ ဝင်ခွင့် ပေးထားသော ခန်းမများ။ ယင်းမှာ စိတ်ဝင် စားဖွယ် ကောင်းပေ၏။
ဂေါင်မင် အား ၎င်းနှင့် ပတ်သက်သည့် နောက်ထပ် အချက် အလက် များကို မေးမြန်း ရပေမည်။
***