← Chapters

ငရဲ နယ်မြေ။

Vol. 38 Ch. 522

ငရဲ နယ်မြေ။

Vol. 38 Ch. 522

ကောင်းကင် ပြည်နယ် အကယ်ဒမီ၏ ဦးဆောင် ခန်းမသည်၊ တပည့်များ အလုပ် လက်ခံသည့် နေရာ ဖြစ်သည်။

ပထမ အထပ်နှင့် ဒုတိယ အထပ်မှာ၊ ပြင်ပ တပည့်များ အတွက် ဖြစ်ပြီး၊ တတိယ နှင့် စတုတ္ထ အလွှာ တို့သည်၊ အတွင်း တပည့်များ အတွက် ဖြစ်၏။ နောက်ဆုံး အထပ်မှာ၊ အမာခံ တပည့်များ အတွက်သာ ရည်ရွယ်သည်။

အနက်ရောင် ဝတ်ဆင် ထားသော လူငယ် တစ်ဦးက၊ ပဉ္စမ အဆင့် အဝင် ပေါက်သို့ လျှောက်လှမ်း လာ ခဲ့သည်။

သူ၏ ကျင့်ကြံ ခြင်းမှာ၊ ယင် အဆင့်တွင် အထွတ် အထိပ်သို့ ရောက်ရှိ နေပြီး၊ ထုတ်လွှတ် ထားသော ရောင်ဝါ အရ၊ အများသူ ငါထက် သန်မာကြောင်း သိလာ လှလေသည်။

သို့သော် သူ ဝင်ရောက် လာသည့် အခိုက်တွင်၊ ပဉ္စမ အထပ်ရှိ လေထုမှာ ထူဆန်း စွာဖြင့်၊ သူ့ အပေါ် ဖြတ်တိုက် သွားသည်။

ယင်း ခံစားချက်ကို နားမလည် နိုင်သည့် အတွက်၊ အနက်ဝတ် လူငယ်က မျက်မှောင် ကြုတ် မိသည်။

ပတ်ဝန်း ကျင်ကို ဝေ့ကြည့် လိုက်ရာ၊ ခရမ်း ရောင်ဝတ် လူငယ် တစ်ဦးအား လှမ်းတွေ့ လိုက် ရသည်။

ခရမ်း ရောင်ဝတ် လူငယ် မှာ၊ ယန် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်ရာ၊ နားမလည် နိုင်သော အရိပ် အယောင်များ၊ ထုတ်လွှတ် နေပေသည်။

အဆိုပါ လူငယ်ကို မြင်ချိန်၌၊ အနက် ရောင်ဝတ် လူငယ်က ပြုံးပြီး၊ နှုတ်ဆက် လိုက်သည်။

“ စီနီယာ အစ်ကိုဆီ ပြေးလာ မိလိမ့် မယ်လို့၊ မမျှော်လင့် ထားမိဘူး၊ ဒီတစ်ခါ ဘယ်လို မစ်ရှင် မျိုးကို၊ လက်ခံမှာ လဲလို့ တွေးမိတယ်၊ မင်းငါ့ကို ခေါ်သွား နိုင်မလား။ ”

အနက် ရောင်ဝတ် လူငယ် လေး၏ စကား များတွင်၊ မောက်မာ မှုများ ရှိမနေ ခဲ့ဘဲ၊ လေးစား မှုများ ပြည့်နှက် နေခဲ့သည်။

ခရမ်း ရောင်ဝတ် လူငယ်မှာ၊ မိန်ဇီယန် ဖြစ်ပြီး မိုလင်း ကဲ့သို့၊ ဒုတိယ အမာခံ တပည့် တစ်ဦး ဖြစ်သည်။ ကနဦး ယန် အဆင့်သို့ ရောက်နေ ခဲ့ သည်မှာ၊ ကြာမြင့် နေပြီ ဖြစ်၏။

ခရမ်းရောင် နန်းတော် နယ်မြေ၏။ အဆင့် တစ်ခု စီသည်၊ အသွင် ကူးပြောင်းမှု တစ်ခု ဖြစ်လာ ပေမည်။

အလယ် အလတ် ယင် အဆင့်ရှိ၊ တစ်စုံ တစ်ယောက်သည်၊ အထွတ် အထိပ် ယင် အဆင့်ကို၊ အနိုင် ယူရန် (၅၀%) အခွင့် အရေး ရှိပြီး၊ ကနဦး ယင် အဆင့်မှာ၊ (၂၀%)သာ၊ အခွင့် အရေး ရှိနိုင် ပေမည်။

အဆင့် နှစ်ဆင့် ကြားတွင် ကျယ်ပြန့်သော ပင်လယ်ကွေ့ တစ်ခု ရှိသောကြောင့်၊ အနက်ဝတ် လူငယ်က၊ အကျိုး ကျေးဇူး အချို့ ရရှိရန်၊ မိန်ဇီယန်၏ မစ်ရှင်၌ ပါဝင် နိုင်ခွင့်အား မျှော်လင့် ခဲ့သည်။

“ ဂူဖန်း ... မင်းက သဘောထား အရမ်းကြီး တာပဲ၊ မင်း ညီလေးက ညတိမ်ယံ ခန်းမမှာ ပါးရိုက်ခံ ထားရတယ်၊ ဒါကို မင်းက လျစ်လျူ ရှုပြီး ဒီမှာ အကြီးတန်း အစ်ကို မိန်နဲ့၊ မစ်ရှင် ထမ်းဆောင်ဖို့ စိတ်ကူး နေတာလား။ ”

တစ်စုံ တစ်ယောက်က လှောင်ပြောင် လိုဟန် ဖြင့်၊ ဂူဖန်းအား လာရောက် နှုတ်ဆက် လိုက် လေသည်။

“ အဲ့ဒီလို တကယ် ဖြစ်သွား တာလား။ ”

ဂူဖန်းဟု ခေါ်သော အနက်ဝတ် လူငယ်လေး မျက်နှာမှာ၊ ချက်ချင်း ပြောင်းလဲ သွားသည်။ တံခါးပိတ် ကျင့်ကြံ ခြင်းမှ ထွက်လာ ချိန်၌၊ ဂူတန်းက ပြောပြခြင်း မရှိ သောကြောင့်၊ သူ မသိ ခဲ့ချေ။

“ မင်း ... ဘယ်လို ထင်လို့လဲ။ ”

ထိုတပည့် လူငယ် ကပင်၊ ပြန်ဖြေသည်။

“ ကောင်းပြီ၊ ဂူဖန်းကို နောက်ပြောင် နေတာတွေ ရပ်လိုက် ရအောင်၊ ဂူဖန်း ... မင်းရဲ့ ညီငယ်ကို ရိုက်ခဲ့တဲ့ သူက၊ မဟာချင် အင်ပါယာ က လာတဲ့၊ ဧည့် သင်းထောက် အသစ် တစ်ယောက်ပဲ၊ သူ့ကိုယ်သူ ပန်း သင်္ချိုင်းလို့ နာမည် ပေးထားတယ်။ ”

ခဏ အကြာတွင်၊ ကိစ္စရပ် တစ်ခု လုံးကို နားလည် သွားပြီး၊ ဂူဖန်း မျက်နှာမှာ မည်းမှောင် သွားခဲ့သည်။

( မဟာချင် အင်ပါယာက ပုရွက်ဆိတ် တစ်ကောင်က၊ ငါ့ညီကို အနိုင် ကျင့်ဖို့ သတ္တိ ရှိတယ် တဲ့လား။ )

ဝင်ရောက် လာချိန်တွင်၊ လူတိုင်းက သူ့ကို ထူးထူး ခြားခြား ကြည့်နေ ကြခြင်း အပေါ်၊ အံ့သြ စရာ မရှိ တော့ချေ။

ဂူတန်း ပါးကို ရိုက်ခြင်းမှာ၊ သူ့အား ရိုက်ခြင်းနှင့် ညီမျှ ပေ၏။

“ ကျေးဇူးတင် ပါတယ်၊ ငါ အခု အနားယူ ဦးမယ်။ ”

ဤခန်းမ အတွင်း၌ ဆက်မနေချင် တော့သည် ကြောင့်၊ နှုတ်ဆက်ကာ လှည့် ထွက်လိုက် သည်။

“ ဟေ့ ... ဂူဖန်း၊ အဲ့ဒီ ကောင်လေးက မိုလင်းနဲ့၊ အတော်လေး ရင်းနှီး နေပုံပဲ၊ မင်း ... ငါ့ အကူ အညီ လိုသေးလား။ ”

မိန်ဇီယန်က ရုတ်တရက် လှမ်းပြော လိုက်သည်။

“ မဟာချင် အင်ပါယာ ထဲက၊ ငချွတ် တစ်ကောင်ကို ကိုင်တွယ်ဖို့၊ စီနီယာ အစ်ကိုမိန် ဆီမှာ၊ အကူ အညီတောင်း ရရင်၊ ငါ ရှက်လို့ သေရ လိမ့်မယ်။ ”

ဂူဖန်းက မိန်ဇီယန်၏ ကမ်းလှမ်း မှုကို၊ ငြင်းဆန်ပြီး ထွက်ခွာ သွားခဲ့သည်။

“ ဂူဖန်းက တကယ် ခေါင်းမာ တာပဲ။ ”

“ ဒါပဲလေ၊ ငါ့အကူ အညီကို သူ ဘယ်လို လုပ်ပြီး၊ လက်ခံ နိုင်မှာလဲ၊ ဘာမှ မလုပ်ရင် အမာခံ တပည့်တွေ ကြားမှာ၊ သူ့ဂုဏ် သိက္ခာ ဆုံးရှုံး ရလိမ့်မယ်။ ”

“ မှန်တယ်၊ ဒါပေမယ့် အဲဒီ ဧည့် သင်းထောက် က၊ ထက်မြက် တယ်လို့ ကြားမိ တယ်၊ ဂူဖန်းက သူ့ကို တစ်ခုခု လုပ် နိုင် မယ်လို့ မင်းထင်လား။

“ မင်း ... နည်းနည်း အတွေး လွန်နေပြီ၊ အဲ့ဒီ ကောင်လေးက ကနဦး ယင် အဆင့် မှာပဲ ရှိသေးတဲ့ ငချွတ် လေးပါ၊ မဟာချင် အင်ပါယာ ကနေ လာမှတော့၊ သူ့မှာ ဘယ်လို လုပ်ပြီး၊ အခြေခံ အုတ်မြစ် ရှိနိုင် မလဲ၊ ...”

“ ... ဂူဖန်းက အလယ် အလတ် ယင် အဆင့်မှာ ရှိပြီး၊ အရင်က အထွတ် အထိပ် ယင် အဆင့်မှာ ရှိတဲ့၊ လမ်းလွဲ ကျင့်ကြံသူ ကိုတောင် သတ်ပစ် နိုင်ခဲ့တယ်၊ အဲဒီ ဧည့် သင်းထောက်က ဒီတစ်ခါ ဒုက္ခ ရောက်ပြီ၊ ... ”

“ ... သူက ဧည့်သင်းထောက် တစ်ယောက် ပဲလေ၊ ဒီလို မောက်မာမှု အတွက်၊ သင်ခန်းစာ ယူသင့်တယ်။ ”

ခန်းမ အတွင်းရှိ အမာခံ တပည့် တိုင်းက၊ ဂူဖန်း အပေါ် ယုံကြည်မှု ရှိနေကြ သည်မို့၊ ယင်းကို သိပ်ဂရု မစိုက် ကြချေ။

သစ်သား စိတ်ဝိညာဉ် တောင်ကုန်း တွင် ဂေါင်မင်နှင့် အတူ ရှိနေသော လင်းယွန်က၊ ၎င်းဖြစ်ရပ် များကို မသိ ခဲ့ဘဲ၊ ဂူတန်းအား မေ့နေ မိသည်မှာ၊ ကြာပြီ ဖြစ်သည်။

“ စီနီယာ အစ်မ မိုက မင်းကို ဒီတံဆိပ်ပြား၊ တကယ် ပေးခဲ့ တာလား။ ”

ဂေါင်မင်က တံဆိပ်ပြားကို လှည့်ပတ် ကြည့်နေ လျက်ဖြင့်၊ ထိတ်လန့်စွာ မေးလိုက် သည်။

“ ငါ ခိုးလာတယ် ထင်နေ လို့လား။ ”

လင်းယွန်က ပြုံးကာ ဆိုသည်။ ဂေါင်မင်က တံဆိပ် ပြားကို ပြန်ပေးကာ၊

“ စီနီယာ အစ်မ မိုက မင်းကို၊ ရူရ်တွေ ကိုယ်တိုင် ကိုယ်ကျ သင်ပေးတာ၊ ငါ အံ့ဩ မဆုံးဘူး၊ ပြီးတော့ အခု ဒီတံဆိပ် ပြားကိုတောင် ပေးလိုက် သေးတယ် ...။ ”

“ တစ်ရက်တည်း ငှားတာပါ၊ ငါ ဘယ်ကို သွားသင့်လဲ ဆိုတာ မင်းသိလား။ ”

လင်းယွန်က ပြန်လည် ဖြေရှင်း ပြလိုက် သည်။ ဓားနန်းတော်တွင် ရတနာ နယ်မြေကြီး လေးခု ရှိလေရာ၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ ၌လည်း၊ ဤသို့ ရှိရ မည်ဟု ယူဆ ထားသည်။

“ ဒါ ပေါ့၊ ဥပမာ အားဖြင့် စိတ်ဝိညာဉ် တောင်ကုန်း ထိပ်က လိုမျိုး၊ အမာခံ တပည့်တွေ အတွက်ပဲ ဝင်ခွင့် ပြုထားတဲ့၊ ရတနာ နယ်မြေ တွေ အကယ် ဒမီမှာ၊ အများကြီး ရှိတယ်၊ ။ ”

“ သစ်သား စိတ်ဝိညာဉ် တောင်ကုန်း ထိပ်မှာ၊ ဘာရှိ လို့လဲ။ ”

လင်းယွန်က စူးစမ်း လိုက်သည်။ သူ၏ ကျင့်ကြံ မှုမှာ ဤနေရာ ဖြင့်ပင်၊ လျင်မြန်စွာ တိုးတက် နေပြီ ဖြစ်ရာ၊ တောင်ထိပ် နေရာ တွင်မူ၊ မည်မျှ မြန်မြန် တိုးတက် နိုင်မည်ကို တွေးဆ မရ နိုင်ပေ။

“ တောင်ထိပ်မှာ ဝိညာဉ် ရေကန် တစ်ကန် ရှိတယ်၊ ယင် အဆင့်က ကျင့်ကြံ သူတွေ အတွက် အလွန် အသုံး ဝင်တဲ့၊ ဝိညာဉ် အဆီ အနှစ်ကို၊ သုံးလ တစ်ကြိမ် ထုတ်လုပ် ပေးလိမ့် မယ်၊ ... ”

“ ... ပြီးတော့ အဲ့ဒီ နေ့မှာပဲ၊ ‘မြင့်မြတ်သော ယင်ပန်း’ ကိုလည်း၊ ဖွားမြင် ပေးမယ်၊ ဒါက တပည့် အပေါင်းကို ပြိုင်ဆိုင် လိုစိတ် ဖြစ်လာ စေတယ်။ ”

ဂေါင်မင် စကားကြောင့်၊ ဝိညာဉ် ရေကန်၏ သွေးဆောင် မှုကို၊ လင်းယွန် ခံလိုက် ရသည်။

အတိတ် ကာလများ ဆီ၌၊ ဝိညာဉ် ရေကန် တစ်ကန်နှင့် ထိတွေ့ ဖူးပြီး၊ သူ၏ ရိတ်သိမ်း နိုင်မှုမှာ အလွန် ကောင်းမွန် ခဲ့သည်။

ရေကန်မှ ထုတ်ပေးသော အရာ နှစ်ခုသည် ယင် အဆင့် ကျင့်ကြံ သူများ အတွက်၊ များစွာ အကျိုး ရှိပုံ ထောက်သော်၊ အကယ် ဒမီ၏ ဝိညာဉ် ရေကန်မှာ၊ ပိုမို မြင့်မားသော အဆင့် တွင်၊ ရှိမည် ဖြစ်သည်။

“ ရေကန် တစ်ကန် လုံးက ဖြစ်လာတဲ့ ပန်းက၊ တစ်ပွင့်တည်း ဆိုမှတော့ လူတိုင်းက ရုန်းကန် ရမှာ သဘာဝ ပါပဲ၊ အများ စုကို အမာခံ တပည့် တွေသာ၊ ရရှိ တက်ကြတယ်။ ”

“ အမာခံ တပည့် တွေတောင်၊ ပါဝင် တာလား။ ”

“ ဟုတ်တယ်၊ ထိပ်ဆုံး ဆယ်ယောက်က လွဲရင် အားလုံးပဲ၊ ထိပ်ဆုံး ဆယ်ယောက် မပါ ရတဲ့ အကြောင်း ရင်းက၊ တစ်ချိန် တုန်းက သူတို့ ရထား ပြီးသား မို့ပါ၊ သူတို့ အတွက် မလို အပ်တော့ လို့ပဲ။ ”

“ ဒါဆို ဒီတံဆိပ်နဲ့၊ အဲဒီကို သွားကြည့် လို့ရ မလား။ ”

စိတ်အား တက်ကြွ လာသော လင်းယွန်ကို၊ ဂေါင်မင်က လက်ဝှေ့ယမ်း ပြပြီး၊

“ ဒီတံဆိပ် ပြားကို၊ အသုံး ပြုခွင့်က မင်းမှာ၊ တစ်ရက်ပဲ ရှိတယ်၊ ဒါကြောင့် ဝိညာဉ် အဆီ အနှစ် မရှိဖူး ဆိုရင်၊ အလကား ဖြစ်သွား နိုင်တယ်၊ ... ”

“ ... ဝိညာဉ် ရေကန်က အခုမှ စပြီး၊ ဆယ်ရက် နေရင် ဖွင့်လှစ် ပေးလိမ့်မယ်၊ အဲ့ဒီ အချိန်ဆို တံဆိပ် မရှိလည်း မင်း သွားနိုင်တယ်။ ”

“ အဲ့လို လား။ ”

“ အင်း ...၊ တကယ်တော့ မင်း ဘာလိုချင် တာလဲ ဆိုတာသာ၊ ငါ့ကို ပြောပါ၊ မင်းအတွက် ငါ စစ်ထုတ် ပေးမယ်၊ တစ်ရက်တည်း အသုံး ပြုခွင့် ရတာ ဆိုတော့ သဘာဝ အားဖြင့်၊ အကောင်းဆုံး အသုံး ချဖို့ လိုတယ်။ ”

ဂေါင်မင်က ယင်းကိစ္စ အပေါ် လေးလေး နက်နက် တွေးတော လာခဲ့သည်။ လူတိုင်းက မိုလင်း၏ တံဆိပ်ကို ထိနိုင် ကြသည် မဟုတ်ပေ။

ထို့ကြောင့် ဤသည်မှာ၊ ရှားပါးသော အခွင့် အရေး တစ်ရပ် ဖြစ်လေသည်။

“ အကယ် ဒမီမှာ ကျင့်ကြံဖို့၊ သင့်တော်တဲ့ နေရာတွေ ရှိလား။ ”

ဆိုင်းတွခြင်း မရှိဘဲ၊ လင်းယွန်က မေးလိုက် သည်။ ဆယ်ရက် ကြာပြီးနောက် သူ၏ ကျင့်ကြံမှု အရှိန်မှာ၊ တဖြည်းဖြည်း နှေးကွေး လာပြီး၊ ခရမ်းရောင် ပန်းတွင် (၇၈) ချပ်၌ ပိတ်မိ နေခဲ့ လေပြီ။

နဝမ အဆင့် အထွတ် အထိပ်သို့ ရောက်ရှိရန်၊ ပွင့်ချပ် သုံးချပ်သာ လိုပေ တော့သည်။

“ ကျင့်ကြံဖို့ နေရာလား၊ ... ”

ဂေါင်မင်က ပြုံးပြီး၊

“ မင်းငါ့ကို ယုံရင် ငရဲ နယ်မြေမှာ စမ်းကြည့်လို့ ရတယ်၊ အမာခံ တပည့် တွေတောင်၊ ခြောက်လ တစ်ကြိမ်ပဲ ဝင်ခွင့် ရှိတယ်၊ အပူ စွမ်းအင် ကျင့်ကြံတဲ့ နည်းစနစ် တွေ အတွက်၊ အကျိုး ထူးမယ်။ ”

“ ဒါဆို အစ်ကို ဂေါင်က အဲဒီကို လိုက်ပို့ ပေးပါလား၊ အချိန် ပိုရင် မင်းကို ဒီတံဆိပ်ပြား အသုံး ပြုခွင့် ပေးနိုင် ပါတယ်။ ”

အချိန်ပို နေပါက၊ ဂေါင်မင်ကို ပေးကမ်းရန် တွန့်တိုခြင်း ရှိမည် မဟုတ်ချေ။ ထိုကမ်းလှမ်း မှုကြောင့်၊ ဂေါင်မင် စိတ်များ တက်ကြွ လာပြီး၊

“ တကယ် ပြောတာလား။ ”

“ ဒါပေါ့ အလကား ရတဲ့ နေ့လည် စာကို၊ နှမေျာ နေစရာလား။ ”

စိတ်လှုပ်ရှား နေသော ဂေါင်မင်ကို ကြည့်ကာ၊ လင်းယွန်က အံ့သြလျက် ပြန်ဖြေ သည်။

ဂေါင်မင်း အရည် အချင်းဖြင့် ထိုနယ်မြေ များသို့၊ ဝင်ရောက် နိုင်ခြင်း မရှိ သည်ကို လင်းယွန် မသိပေ။

ထို့ကြောင့် လင်းယွန်က သူ့အား အခွင့် အရေး ပေးသည့် အတွက်၊ သဘာဝ အတိုင်း ဂေါင်မင်မှာ ပျော်ရွှင် လာခြင်း ဖြစ်သည်။

နာရီဝက် အကြာတွင် နှစ်ဦးသာ ရှေးဟောင်း ရင်ပြင် တစ်နေ ရာ၌၊ ပြန်လည် ထွက်ပေါ် လာ၏။

၎င်းရင်ပြင်တွင် မီးစွမ်းအင် များဖြင့် ပြည့်နှက် နေပြီး၊ မြေပြင်မှာ ရဲရဲနီ နေခဲ့ သည်။

ငရဲ နယ်မြေသည် လူတိုင်း ဝင်နိုင်သော အရပ်မျိုး မဟုတ်ပေ။

“ အစ်ကိုလင်း၊ ဝင်ပေါက်က အဲဒီ ဘက်မှာပဲ။ ”

ဦးတည်ရာ တစ်ရပ် ဆီသို့၊ လက်ညှိုး ထိုးပြသည့် လမ်းကြောင်း အတိုင်း၊ လင်းယွန်က လှမ်းကြည့် လိုက်သည်။

ရင်ပြင် တစ်နေရာတွင် မီးတောက် များနှင့် အတူ၊ ရှေးဟောင်း အရှိန် အဝါ တစ်မျိုး ထွက်ပေါ် နေသည်။

တစ်ချိန်တည်း မှာပင်၊ ခရမ်းရောင် ပန်း ထံမှ စိတ်လှုပ်ရှား လာသော ခံစားချက် များကို ရရှိ လိုက်သည်။

ထို့ကြောင့် နေရာ မှန်ကို ရောက်ရှိ လာကြောင်း ချက်ချင်း သိလိုက် ရ၏။

***

All Chapters